26/12/2020
https://www.facebook.com/186473428596211/posts/841202586456622/
ဒီအပတ်မှာတော့ ပိုင်ရှင် အများစု မေး ကြလေ့ ရှိတဲ့ ခွေးလေးတွေ ကိုယ်ဝန် ရှိ /မရှိ နဲ့ ကိုယ်ဝန် ရှိ ရင် ပိုင်ရှင်အနေနဲ့ သတိထား မိ ပီး , ဂရု စိုက် ရမယ့် အချက် လေးတွေ ကို ပြောပြပေးသွားပါ့မယ်။
အောက်မှာ ပြထားတဲ့ ပုံလေးမှာ ပါတဲ့ သင်္ကေတ လေးတွေ ကို သတိထားပီး တွဲကြည့်ပေးဖို့ လိုအပ်ပါတယ်။( အပြာ အဝိုင်း , အပြာ မျဉ်းကြောင်းရှည် , အနီ မျဉ်းကြောင်း ရှည် , နံပါတ်ပါတဲ့ လေးထောင့် ပုံ အမှတ်အသား)
ခွေးအမလေးတွေဟာ Heat လာပီး အောင်မြင်စွာ သားတင် ပီးပီ ဆိုတာနဲ့ .....
၁။ သားစတင်တဲ့ အချိန် ကနေ ၃ ပတ်မြောက် ရောက်တဲ့ အခါမှာ သိသိသာသာ ခန္ဓာ ကိုယ် အလေး ချိန် တိုးလာတာကိုတွေ့ရပါမယ်။
၂။ ၃ ပတ်မြောက်နဲ့ ၄ ပတ် ကြားထဲမှာ Morning sickness လို့ခေါ်တဲ့ လူတွေ လို အနည်း ငယ် ပြို့ခြင်း , အန်ခြင်း , အစားအသောက် ပျက်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ( အခု လို ဖြစ်တာဟာ ရက် ပိုင်း မျှ ကြာတတ်ပီး အစာ ကို သေချာ Nutrition ပြည့် ဝတဲ့ blended special food လေးတွေ ကို သေချာ ကျွေး သင့်ပါတယ် ။)
၃။ ၄ ပတ် မြောက်နဲ့ ၅ ပတ်မြောက် ကြားထဲမှာ Special food ကလေးနဲ့ အမေ အတွက် စပီး စဉ်းစားပီး အာဟာရဓါတ် ပြည့်ဝတဲ့ အစာတွေ ကို ရွေး ချယ် ပီး ကျွေးသင့်ပါတယ်။ ဥပမာ Mother and Baby အတွက် ထုတ်ထားတဲ့ အစာတွေ ကျွေး ခြင်း , ကိုယ်ဝန် အားဆေး တိုက်ကျွေး ခြင်း တို့ကို ပြုလုပ်ပေးသင့်ပါတယ်။
၄။ ၅ ပတ်မြောက် ရောက်တဲ့ အခါ မှာ ဆရာဝန် ဆီ ကို သွားရောက် ပီး လို အပ်တဲ့ ကျန်းမာရေး စစ်ဆေး ခြင်း တွေ ကိုယ်ဝန် ကို စမ်းသပ် ခြင်းတွေ ကို လုပ်ပေးသင့်ပါတယ်။ ( ဒီချိန် ရောက်တဲ့ ပခါ တချို့သော အကောင်သေး ခွေး လေးတွေ မှာ သားအိမ်ကို လက်ဖြင့် စမ်း မိ နိုင်သလို တချို့သော အကောင်ကြီး မျိုး , ဝ တဲ့ ခွေးငယ်လေးတွေ မှာတော့ စမ်းသပ်လို့ မရတာတွေ ဖြစ်တတ်ပါတယ် ။ Ultrasound ဖြင့်သာ ကိုယ်ဝန်ဆောင်ချိန် ၃၅ ရက် နောက်ပိုင်း ဒီ အချိန် မှာ မြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ )
၅။ ၅ ပတ် မြောက်နဲ့ ၆ ပတ် မြောက် ကြားမှာ ခွေးလေးတွေရဲ့ ဝမ်း ဗိုက် ဆိုဒ် ဟာ သိသိ သာသာ ကြီး ထွား လာပီး နို့အုံ အရွယ် အစားနဲ့ နို့သီးခေါင်းကို ညှစ် လိုက်တဲ့ အခါ မှာ နို့ ရည် အနည်းငယ် ထွက် လာ တာ ကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
၆။ ၆ ပတ် မြောက်ကနေ ၉ ပတ်မြောက် ကြား ထဲ မှာတော့ ကိုယ်ဝန်ရှိတဲ့ ခွေးလေးတွေဟာ အထ အထိုင် နှေးလာခြင်း , လှုပ်ရှား မှု နည်း လာခြင်း , အအိပ် များလာခြင်း တို့ဖြစ်တတ်ပါတယ်။
၇ ။ ကိုယ်ဝန် ဆောင်ချိန် ပြည့်ဖို့ တစ်ပတ် အလို လောက်မှာတော့ (၉) ပတ်မြောက် မရောက်ခင် တစ်ပတ် အလိုလောက် အတွင်မှာ ခွေးလေးတွေဟာ မွေးဖို့အတွက် နေရာရှာခြင်း , ဂဏာ မငြိမ်ခြင်း , မှောင်တဲ့နေရာများ တိုးနေခြင်း , လက်သည်းဖြင့် ကြမ်းပြင်ကို ခြစ်ခြင်း , ရန်လို ခြင်း , တအီအီ အော်ခြင်း စတဲ့ မွေးဖို့ နေရာရှာခြင်း Nesting Behaviour တွေ ကို တွေ့ရမှာဖြစ်ပါတယ်။
၈။ ၉ ပတ်ပြည့်တဲ့ အချိန် ပျန်းမျှ ရက် ၆၀ - ၆၃ ရက် ရောက်ပီး ကိုယ်ဝန်ဆောင်ကာလ ပြည့်ရင် မွေးမယ့် တစ်ရက် ၂ ရက်အတွင်းမှာ ခွေးလေးတွေဟာ အစာ လုံးဝမစားတော့ ခြင်း အစာစားနည်း ခြင်းတွေ ရန်လိုခြင်း ဂဏာ မငြိမ်ခြင်းတွေ ဖြစ်ပီး ၂၄ နာရီ အတွင်း မွေး မည့် အချိန်ကိုရောက်မှာ ဖြစ်ပါတယ်။ ( တချို့ ခွေးလေးတွေဟာ ရက်ပေါင်း ၅၆ ရက် ၆၆ ရက် အတွင်း မှာ ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်ပါတယ် ) ၆၆ ရက် ကျော် ပီး အချိန် အတော်ကြာ ထိ မမွေး ဖွားပါတာ အန္တာရယ် ရှိတဲ့ အချိန် ကိုရောက်ရှိနိုင်သည့် အတွက် ဆရာဝန် ထံ သို့ အမြန် သွားရောက် ပေး ဖို့ တိုက်တွန်းပါရစေ...
ဖြည့်စွက်အနေနဲ့ အကြံပေးချင်တာကတော့ မွေးတဲ့ အချိန် မှာ ပိုင်ရှင်အနေနဲ့ ပင်ပန်း ခံ ပီး မိမိတို့ရဲ့ ခွေးလေးတွေ ကို သေချာ ပြုစု ကူညီ ဖို့ လိုအပ်ပါတယ် .. ညှစ်နေတဲ့ အချိန် ခွေးပေါက်လေးတွေ စပီး အပြင်ကို ထွက် လာတဲ့ အချိန်မှာ ခွေး အမေ ညှစ်တဲ့ အချိန် အပြင်ကနေ ဖြည်းဖြည်း ခြင်း ကူဆွဲပေးခြင်း , အဟာရရှိတဲ့ ကြက်ပြုတ်ရည် သကြားရည် , ဓါတ်ဆားရည် များ ခွေး အမေ ကို တိုက်ပေးခြင်း , မွေး လာတဲ့ ချက်ကြိုး တန်းလန်းနဲ့ ခွေးလေးကို ခွေး အမေက ချက်ကြိုး ဖြတ်တဲ့ အခါ ချက်ကြိုးဖြတ်ခြင်း မလွန်စေရန် ပိုင်ရှင်က ကြည့်ပေး ခြင်း , မွေးကင်းစ အလေး ရဲ့ ခန္ဓာကိုယ်က အရည် , အချွဲ များကို သုတ်ခြင်း, နွေးထွေး အောင်ထားပေးခြင်း , အမေရဲ့ နို့ဦးရည် ကို ဝင်ရောက် တိုက်ပေးခြင်း , ကလေးများ နို့စို့ နိုင်ဖို့အတွက် ကူညီပေးခြင်း စတာတွေ ကို ပါ တစ်ပါတည်း လုပ်ဆောင်ပေး နိုင်ဖို့ လိုအပ်ပါတယ်။
တချို့သော ခွေးတွေ မှာ လည်း ဟော်မုန်းကြောင့် ကိုယ်ဝန် အတု ဆောင်ခြင်း ( Pseudo pregnancy ) လို့ ေခါ်တဲ့ အမှန်တကယ် ကိုယ်ဝန်ရှိခြင်း မဟုတ်ဘဲ ယုံမှာ ကိုယ်ဝန် အတု ဆောင်ခြင်း မျိုး ကြုံရတတ်ပါတယ် ။
ကိုယ်ဝန် တု ဆောင်ခြင်း ဟာ ကိုယ်ဝန် အမှန်တကယ် ရှိ သလို ပုံစံ ဖြစ်တတ်ပီး ၂ ပတ် ၃ ပတ်နေရင် ပုံမှန် မူလကိုယ်ဝန်မရှိတဲ့ အတိုင်း ပုံစံ ကို ပြန် ဖြစ်သွားပါတယ် ။ ( အာ့လိုဖြစ် လာရင် ကိုယ်ဝန် အမှန်တကယ် ရှိတဲ့ လက္ခဏာ တွေ ဖြစ်တတ်ပါတယ်)
ဖော်ပြပါ ကိုယ်ဝန်ဆောင်ခြင်း ကာလ အချိန် နဲ့ လက္ခဏာများဟာ ကြောင်လေးတွေ မှာ လည်း အတူတူ ပင်ဖြစ်ပါတယ် အနည်းငယ်သာ ကွာခြားပါတယ်။
စေတနာဖြင့်