Harry Pone Pone

Harry Pone Pone Healthy And Happy For Your Pet

19/05/2023

သိပ်တတ်နေတယ်ပေါ့ 🐶

Justice For Marshall And Millions  💔
18/05/2023

Justice For Marshall And Millions

💔

သဘာဝဘေးအန္တရာယ် မုန်တိုင်းကြား သားသားမီးမီးတို့အားလုံး မေတ္တာတရားများ ရကြပါစေ၊ ဘေးကင်းကြပါစေ။
13/05/2023

သဘာဝဘေးအန္တရာယ် မုန်တိုင်းကြား သားသားမီးမီးတို့အားလုံး မေတ္တာတရားများ ရကြပါစေ၊ ဘေးကင်းကြပါစေ။



07/05/2023

သြော်.. အေးအေး 🐔

ယခုလို ပူအိုက်တဲ့ရာသီမှာ ရန်ကုန်မြို့က Pet Friendly Hotel တစ်ခုဖြစ်တဲ့ Inya Lake Hotel ကို သားသားမီးမီးတို့နဲ့အတူ Stayca...
26/04/2023

ယခုလို ပူအိုက်တဲ့ရာသီမှာ ရန်ကုန်မြို့က Pet Friendly Hotel တစ်ခုဖြစ်တဲ့ Inya Lake Hotel ကို သားသားမီးမီးတို့နဲ့အတူ Staycation သွားကြဖို့ အကြံပြုပါရစေခင်ဗျာ။

🐾📣𝐍𝐄𝐖 𝐏𝐄𝐓 𝐏𝐎𝐋𝐈𝐂𝐘 𝐔𝐏𝐃𝐀𝐓𝐄𝐒 𝐀𝐋𝐄𝐑𝐓! 📣🐾

အင်းယားလိတ်ဟိုတယ်ဟာဆိုရင် ရန်ကုန်မြို့ထဲ ကိုယ့်ရဲ့ချစ်ရတဲ့ အိမ်မွေး Pet လေးတွေနဲ့အတူ အနားယူ အပန်းဖြေလို့ရတဲ့ Pet-friendly ဟိုတယ်တစ်ခုဖြစ်တာနှင့်အညီ ဧပြီလ (၁၈) ရက်နေ့မှ စတင်ပြီး Pet Policy အပြောင်းအလဲ ထုတ်ပြန်ချက်ကို ဧည့်သည်တော်များ သိရှိစေရန် ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

📌ဧည့်သည်တော်များမှ တစ်ခန်းလျှင် pet (၂) ကောင်ထိ ခေါ်ယူခွင့်ရှိပြီးတော့ တစ်ကောင်/တစ်ညလျှင် မြန်မာကျပ် ၂၀,၀၀၀ ကျပ် Non-Refundable Pet Fee ကို ကောက်ခံသွားမှာဖြစ်ပါတယ်ခင်ဗျာ။

Pet Policy အသေးစိတ်ကြည့်ရှုရန် >>> https://bit.ly/41cS8P4

FURRY FRIENDS ARE WELCOME AT INYA LAKE HOTEL YANGON!

Kindly be informed that starting on April 18th, 2023, guests may bring up to two (2) pets per room, and a non-refundable pet fee of 20,000 Myanmar Kyats per pet/night will be charged upon arrival.

ANNOUNCEMENT OF PET POLICY UPDATES - https://bit.ly/41cS8P4

24/04/2023

နွေရာသီကို ဘယ်လိုဖြတ်သန်းလဲ သားရီး
me- 😎

ယနေ့ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ ဖေဖေမေမေ သားသားမီးမီးတို့နှင့်တကွ ပြည်သူပြည်သားအားလုံး ကျန်းမာအေးချမ်းသာယာသော...
17/04/2023

ယနေ့ကျရောက်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ ဖေဖေမေမေ သားသားမီးမီးတို့နှင့်တကွ ပြည်သူပြည်သားအားလုံး ကျန်းမာအေးချမ်းသာယာသော နှစ်သစ်မင်္ဂလာ အခါသမယလေးဖြစ်ပါစေကြောင်း Harry Pone Pone မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။

13/04/2023

မာမီမားသားက ဒီနှစ်သင်္ကြန် ဘယ်မဏ္ဍပ်မှမသွားရဟု အမိန့်ထုတ်ထားသောအခါ 🐶

08/04/2023

ရှင်နော်.. ရှင် မယုတ်မာနဲ့နော် 😻

အာဝုလေးတွေကို ခွင့်ပြုသည့် မြန်မာနိုင်ငံတစ်ဝန်းမှ Hotel များငွေဆောင်-Emerald Seaငွေဆောင်-Luxငွေဆောင်-Ocean Bluငွေဆောင်-R...
07/04/2023

အာဝုလေးတွေကို ခွင့်ပြုသည့် မြန်မာနိုင်ငံတစ်ဝန်းမှ Hotel များ

ငွေဆောင်-Emerald Sea
ငွေဆောင်-Lux
ငွေဆောင်-Ocean Blu
ငွေဆောင်-Ria resort
ငွေဆောင်-Silver coast
ငွေဆောင်- The sea
ငွေဆောင်-ယမုံနာဦး
ချောင်းသာ-ရွှေသောင်ယံဟိုတယ်
ချောင်းသာ-Akariz Resort(fees charge)
ချောင်းသာ-Diamond hotel
ချောင်းသာ - Amazing Hotel ( Fees charge - only small )
ချောင်းသာ - Coral view ( ဖိုးကုလားကျွန်း )
ချောင်းသာ - Golden Beach
ငပလီ-Silver Beach Hotel
ထားဝယ်-မောင်းမကန်ဟိုတယ်
ထားဝယ်-Star Hotel
ကျိုက်ထို-Golden Bliss Hotel
ကျိုက်ထို-သုဝဏ္ဏဘူမိ
ကျိုက်ထို-Shwe Hin Tha Hotel
ကျိုက်ထီးရိုး-ရိုးရိုးလေး
ကျိုက်ထီးရိုး-ကျိုက်ထိုဟိုတယ်
ဘားအံ-Hpa-An Breeze Hotel
မော်လမြိုင်/စက်စဲ-21 Paradise Hotel
မော်လမြိုင်/စက်စဲ-ထွန်း Guesthouse
မော်လမြိုင်-ဆဝါဒီ ဟိုတယ်
ပုဂံ-ခရေ တည်းခိုရိပ်သာ(ရွှေစည်းခုံဘုရားနား)
ပုဂံ-မြပြည့်စုံ
ပုဂံ-လွင် ပုဂံ မိုတယ်
ပုဂံ-We Stay Bagan Lotus Hotel(ကျောက်ပန်းတောင်းလမ်း)
ပုဂံ - မြရတနာ ဟိုတယ်
ပုဂံ-Fortune Bagan Hotel
ပုဂံ - Hotel Amazing
ပုဂံ- Thiri Mingalar Hotel Naung U
ပုပ်ပါး-Hotel King
ရန်ကုန်-Reallink Hotel
ရန်ကုန်-383Villa(မြောက်ဒဂုံ)
ပုသိမ် - Hotel Naung Yoe
ပုသိမ် - Pathein Hotel
ပုသိမ် - New PanPawaddy
က​လော-Seint Hotel
ကလော-Hill Lodge
မန္တလေး-Kyi Tin hotel
မန္တလေး - Oasis Inn Hotel
မန္တလေး-Power Hotel (ခွေးသေး Only)
မန္တလေး - Hotel 78 ( Training small pet များသာ )
ပြင်ဦးလွင်-မောင်တို့ချယ်ရီမြေ
ပြင်ဦးလွင်-Agga Tiny House
ပြင်ဦးလွင်-Tiger Hotel
ပြင်ဦးလွင် - Royal Reward Resort
ပြင်ဦးလွင်-Mount Strawberry
ပြင်ဦးလွင် - white rose hotel
ပြင်ဦးလွင် - Pyin Oo Lwin Triplet Hotel
တောင်ကြီး - Hotel La Vista ( Fees charge)
ပြည်-Golden Dragon HotelCharge ပေးရပါတယ်)
ပြည်-Sweet golden land hotel
ဇလွန်က တည်းခိုရိပ်သာ၂ ခုလုံးတည်းခိုလို့ရပါတယ်
တောင်ငူ-Hotel Amazing
ဂေါ်ရန်ဂျီကျွန်း-Adventure Paradise Hotel
အင်းလေး- weaver’s Boutique Homestay
မြစ်ကြီးနား- Plam spring resort
သီပေါ- Hsipaw resort
ချင်း-Sor long cbt community lodge

Credit ©May Thiri Khin

03/04/2023

Monday again 🐶

31/03/2023

Let's go to 'Harry Pone Pone' Pet Store 🐶

29/03/2023

အားကစားသမားလေး ဝု 🐶

28/03/2023

ဖိုက်တာ ဖြစ်သော်လည်း မိန်းမမှ ကလေးထိန်းခိုင်းသောအခါ 🦊

27/03/2023

ကိုကြီးကို ဘယ်လိုချွဲလဲ မေး 💕

နွေရာသီနှင့် အသက်အန္တရာယ်ဆောင်းရာသီကနေ နွေရာသီဘက်ကို သိသိသာသာ ကူးပြောင်းလာတာနှင့်အမျှ ရာသီဥတုလည်း ပိုပြင်းလာသလို ရောဂါတွ...
26/03/2023

နွေရာသီနှင့် အသက်အန္တရာယ်

ဆောင်းရာသီကနေ နွေရာသီဘက်ကို သိသိသာသာ ကူးပြောင်းလာတာနှင့်အမျှ ရာသီဥတုလည်း ပိုပြင်းလာသလို ရောဂါတွေလည်း ပိုများလာတယ်လို့ဆိုရမှာပဲ။
ဒီနေ့ ကျွန်တော်တင်ပြမဲ့ အကြောင်းအရာကတော့ နွေရာသီမှာ ခွေးလေးတွေ အဓိကကြုံတွေရတဲ့ ပြသနာတစ်ခုဖြစ်တဲ့ ကိုယ်အပူချိန်လွန်ကဲပြီး အပူလေဖြတ်တာ (Heatstroke ) အကြောင်းပါပဲ။
လူတွေအနေနှင့် နေပူရင် အရိပ်အဝါသ အေးမြတဲ့နေရာ မိမိစိုက်ကြိုက်ရွေးချယ်ပိုင်ခွင့် ရှိပေမဲ့ သနားစရာ တိလေးတွေကတော့ ကျွန်တော်တို့ပြုသမျှ ခံရတာပါ။ ဒါကြောင့် နွေရာသီမှာ မိမိတို့ရဲ့အချစ်လေးတွေကို ဘယ်လိုပြုစု စောက်ရှောက်ပေးရမလဲဆိုတာပါ တင်ပြပေးသွားမှာဖြစ်ပါတယ်။

ကိုယ်အပူချိန်လွန်ကဲခြင်း
ပုံမှန်အားဖြင့် ခွေးလေးတွေမှာ ချွေးပေါက်ဟာ ခြေဖဝါးလေးတွေမှာပဲ အနည်းငယ်ပါပါတယ်။ များသောအားဖြင့် တယ်ကိုလုံးကိုအမွှေးနှင့် ဖုံးအုပ်ထားတာကြောင့် သူတို့ရဲ့ ခန္ဓာကိုယ် အပူချိန်များလာတဲ့အချိန်မှာ လျော့ကျအောင်လုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ပါးစပ်ဟပြီး လျှာကြီးရှေ့ထုတ်ကာ အသက်ရှုတာပါ။ ဒါကြောင့် သတိထားကြည့်မယ်ဆိုရင် နေ့လည်နေ့ခင်းဘက် အပူများတဲ့အချိန်တွေဆိုရင် ခွေးလေးတွေက ပါးစပ်ကြီးဟပြီး သရေတများများနှင့် မောသလိုဖြစ်နေတတ်ပါတယ်။ဒါဟာ သူတို့ခန္ဓာကိုယ်အရမ်းပူနေတဲ့ အတွက်ကြောင့် ကိုယ်အပူချိန်ကျသွားအောင်လုပ်နေတာပဲ ဖြစ်ပါတယ်။
ကိုယ်အပူချိန်အားဖြင့် ၁၀၃ ဒီဂရီ F အထက်ဆိုရင် စတင်ပြီး သတိထားရမဲ့ အခြေအနေလို့ပြောရပါမယ်။တကယ်လို့ ကိုယ်အပူချိန်ဟာ ၁၀၆ ဒီဂရီ F နှင့် အထက်ကိုရောက်ရှိလာရင်တော့ အန္တရာယ် ရှိတဲ့အခြေအနေမို့ နီးစပ်ရာ ဆေးရုံ ဆေးခန်းကိုအမြန်ဆုံးဆက်သွယ်သင့်ပါတယ်။

အန္တရာယ်အချက်ပြ လက္ခဏာများ
ပါးစပ်ကြီးဟပြီး လျှာထုတ်အသက်ရှုတယ်ဆိုတာ အပူချိန်လွန်ကဲနေပြီဆိုတာကို ပြတဲ့ ပထမဦးဆုံး လက္ခဏာပါ တဖြည်းဖြည်း ဂရုမစိုက်ပေးလိုက်ရင် အကြောဆွဲတာ၊ တက်တာ၊ တုန်တာ၊ အန်တာ၊ ဝမ်းလျှော စတဲ့ရောဂါလက္ခဏာတွေနှင့် သွားဖုံးတွေ လျှာတွေက အပြာရောင် သို့မဟုတ် အနီရင့်ရောင်ဖက်ကို ပြောင်းလာပါလိမ့်မယ်။

အပူလွန်ကဲမူဖြစ်စေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ။
ခွေးတိုင်းကတော့ အပူချိန်လွန်ကဲတဲ့ပြသနာကို ခံစားရတာပါပဲ ဒီအထဲက နှာတိုတဲ့ ခွေးအမျိုးအစားတွေ ဖြစ်တဲ့ Pug, English Bulldogs, Boxers, Pekingese စတဲ့ခွေးလေးတွေက အဖြစ်များပါတယ်။ အရမ်းဝတဲ့ ခွေးတွေ၊နှလုံးမကောင်းတဲ့ ခွေးတွေမှာလည်း ဒီလိုပြသနာတွေကြုံနိုင်ပါသေးတယ်။
ထို့အတူပါပဲ အရမ်းဆော့တဲ့ ခွေးလေးတွေ မှာလည်း အပူဒဏ်ခံစားရတဲ့ ပြသနာပိုများပါတယ် ဥပမာ၊ Sepherds, Retrievers, Spaniels ။ ဒါကြောင့် အပူပြင်းတဲ့ ရာသီဥတုမျိုးမှာဆိုရင် ဒီလိုကလေးတွေကို အရိပ်ရပြီး အေးမြတဲ့နေရာမှာ ထားဖို့အရေးကြီးပါတယ်။
ပတ်ဝန်းကျင်အပူချိန်ဟာလည်း ခွေးလေးတွေအတွက် အရမ်းအရေးပါတာမို့ သူတို့ရဲ့ ပတ်ဝန်းကျင်တွေကို နွေရာသီလိုအချိန်မျိုးမှာဆိုရင် ရေဖြန်းပေးထားတာ၊ အရိပ်အဝါသ ရအောင်လုပ်ပေးတာ စသဖြင့် အပူချိန်လျော့ကျအောင် လုပ်ပေးထားဖို့ အရေးကြီးပါတယ်။

ခန္ဓာကိုယ် အပူချိန်လွန်ကဲနေတဲ့ ခွေးလေးတွေကို ဘာလုပ်ပေးကြမလဲ။
ခွေးလေးတွေ ခန္ဓာကိုယ် အပူချိန်အရမ်းလွန်ကဲနေပြီဆိုတာနှင့် အောက်ပါအချက်တွေ လုပ်ဆောင်ပေးဖို့လိုပါတယ်။

၁။ အေးမြတဲ့နေရာ ချက်ချင်းရွှေ့ပေးပါ၊ အဲကွန်းအခန်း သို့မဟုတ် ပန်ကာအောက်

၂။ တကယ်လို့ အနီးအနားမှာ ရေကန်တို့၊ ရေအိုင်တို့ရှိရင် ခွေးလေးတွေကို ဖြည်းဖြည်းချင်း ရေစိမ်ပေးပါ။ ဒါမှမဟုတ် ရေစိုအဝတ်ကို လည်ပင်း၊ခေါင်းနှင့် ကျောပေါ်မှာ အုပ်ပေးပါ ။နားရွက်တွေ ခြေထောက်တွေကိုလည်း ရေနှင့်ဆွတ်ပြီး အေးအောင်လုပ်ပေးလို့ ရပါသေးတယ်။ အရပ်စကားနှင့်ပြောရင် ရေပတ်တိုက်သလို လုပ်ခိုင်းတာပါ။

၃။ အေးမြပြီး သန်ရှင်းတဲ့ ရေကို အချိန်ပြည့်သောက်လို့ရအောင် ဖန်တီးပေးထားပါ။ သူ့တို့မသောက်ချင်တော့ အတင်းမတိုက်ပါနှင့် သို့သော် သူတို့လျှာကိုတော့ရေဆွတ်ပေးလို့တော့ရပါတယ်။ အထူးသတိထား ရမှာက ရေခဲရေ၊ ရေခဲတုံးကို အပူကလာပြီး တန်းမကျွေးရ မတိုက်ရပါ အပူချိန်အပြောင်းအလဲကြောင့် လျော့ခ် ရသွားနိုင်ပါတယ် ။

၄။ နီးစပ်ရာ ဆရာဝန် ကိုအမြန်ဆုံးဆက်သွယ်ပါ။

အပူလွန်ကဲမူ ဘယ်လိုကာကွယ်ကြမလဲ။
အမွှေးရှည်တဲ့ ခွေးအမျိုးအစားတွေမှာ နွေရာသီရောက်ရင် အမွှေးတိုသွားအောင် ညှပ်ပေးထားခြင်းဖြင့် ခန္ဓာကိုယ် အပူချိန်လွန်ကဲမူကို အထိုက်အလျှောက် တားဆီးနိုင်ပါတယ်။
အမွှေးညှပ်ပေးတယ်ဆိုတဲ့ နေရာမှာ ကတုံး တုံးသလိုမျိုး တစ်ကိုယ်လုံး အမွှေးရိတ်တာကိုမဆိုလိုပါ။ အမွှေးတွေက အပူဒဏ်ကိုလည်း ကာကွယ်ပေးသေးတာကြောင့် အနည်းငယ်တော့ ထားရပါမယ်။

ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ သဘောသဘာဝအရ အစာစားပြီးရင် အပူထွက်လာပါတယ်။ နွေရာသီ ရောက်ရင် လူရော ခွေးပါ အစားပျက်တတ်ပါတယ် ဒါဟာခန္ဓာကိုယ်မှာ အပူချိန်များနေတာကြောင့် အစာစားလိုက်ရင် ထပ်ပြီးပူလာမှာကို တားဆီးတဲ့ အနေနှင့် အစားပျက်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အစာကျွေးတဲ့အချိန်ကိုလည်း မနက်စောစောနှင့် ညနေ အေးတဲ့အချိန်မှာ များများကျွေးပြီး နေ့လည်ပိုင်းကို အစာလျှော့တာ သို့မဟုတ် အရမ်းပူတဲ့အချိန်ဆို အစာဖြတ်ရပါမယ်။
မြို့ပေါ်က တိရစ္ဆာန် ချစ်တတ်တဲ့သူတွေအနေနှင့် အထူးသတိထားရမှာ ခွေးလေးတွေကို အပြင်ခေါ်သွားတဲ့အခါ အရိပ်ရတဲ့နေရာမှာပဲ ကားရပ်တာ၊ မှန်တံခါးချပေးခဲ့တာ ရေဘူးချိတ်ထားတာတွေ လုပ်ပေးရပါမယ်။
တကယ်လို့ နေ့လည်ပိုင်း လမ်းလျှောက်ထွက်ရင် နွေရာသီမှာ မြေကြီးတွေ လမ်းတွေပါ ပူနေတာမို့ သူတို့ရဲ့ ခြေဖဝါးလေးတွေကို အပူလောင်သွားစေနိုင်တယ် ဆိုတာလည်း သတိထားသင့်ပါတယ်။
နွေရာသီရောက်လို့ လမ်းလျှောက်ထွက်ရင်တော့ ခွေးလေးတွေကို ခဏခဏ နားပေးတာ ရေဘူးဆောင်သွားပြီး ရေတိုက်ပေးတာတို့ လုပ်ပေးရပါမယ်။

ဒေါက်တာဇီဝက

Heat Stroke ခွေးလေးတွေကို ဘယ်လိုပြုစုပေးကြမလဲ။ပထမဦးစွာ စာရေးသူအနေနှင့် "နွေရာသီနှင့်အသက်အန္တရာယ် " ဆိုတဲ့ ဆောင်းပါးမှာ h...
25/03/2023

Heat Stroke ခွေးလေးတွေကို ဘယ်လိုပြုစုပေးကြမလဲ။

ပထမဦးစွာ စာရေးသူအနေနှင့် "နွေရာသီနှင့်အသက်အန္တရာယ် " ဆိုတဲ့ ဆောင်းပါးမှာ heat stroke နှင့်ပက်သက်ပြီး ရောဂါလက္ခဏာ အကျယ်တဝင့် ရှင်းလင်းရေးထားပြီး ဖြစ်ပါတယ်။ အခု ဒီတစ်ပတ်ဆောင်းပါးမှာ အဓိက ထားရေးချင်တာက Heat Stroke ဖြစ်လာပြီဆိုရင် ဗျာမများသွားစေပဲ ကလေးတွေ စနစ်တကျ အသက်အန္တရာယ်ကနေ ကယ်တင်နိုင်အောင် ရေးပေးသွားမှာဖြစ်ပါတယ်။

၁။ နေရာရွှေ့ခြင်း
ပထမဦးဆုံးအနေနှင့် ခွေးလေးတွေ heat stroke လကဏ္ခါပြနေပြီဆိုရင် အေးမြတဲ့ နေရာ၊ အရိပ်အဝါသ ရတဲ့နေရာ သို့မဟုတ် ဖြစ်နိုင်ရင် အဲယားကွန်း ခန်းထဲပြောင်းရွေ့ပေးရပါမယ်။
ခွေးလေးတွေ heat stroke လက္ခဏာ စနေပြီမို့ ဖြစ်နိုင်ရင် သူတို့ကို လမ်းမရှောက်ခိုင်း မလှုပ်ရှားခိုင်းပဲ လူကြီးမင်းတို့ကိုယ်မချီပြီး အေးတဲ့နေရာ ရွှေ့ပေးဖို့က heat stoke ရဲ့အရေးအကြီးဆုံးအချက်ပါ။

၂။ အေးမြသန့်ရှင်းတဲ့ရေတိုက်ပေးပါ
ခွေးလေးတွေ အေးတဲ့နေရာရောက်လာပြီဆိုရင် သူတို့ကို ရေခွက်ထဲ ရေထဲပြီး တိုက်ပါ ။သူတို့ဟာ သူတို့သောက်ဖို့ပဲ ပြောပေးပါ ။တကယ်လို့ မသောက်ခဲ့ဘူးဆိုရင်လည်း အလောကြီးပြီး အတင်းမတိုက်ပါနှင့် အဲဒီအစား ပါးစပ် ၊သွားဖုံး ၊လျှာ စတဲ့နေ ကိုရေလေးဆွတ်ပေးတာ လုပ်ပါ။
ဒီနေရာမှာ တစ်ခုသတိထားရမှာက သူတို့က လူတွေနှင့်မတူတာမို့လို့ လူတွေသောက်တဲ့ အချိုရေ(sport drink)တွေ မတိုက်ပါနှင့် တစ်ခါတစ်ရံ မှာ sport drinkတွေမှာ ကလေးတွေနှင့် မတည့်တဲ့ caffineတွေ ပါတတ်ပါတယ်။
သူတို့ကို တိုက်လို့ရတာက Petme Lye ခွေးဓာတ်ဆား တိုက်လို့ရပါမယ် ၊ကြက်သားပြုတ် သို့မဟုတ် အရိုးပြုတ်ရည် (အဆီ ၊ဆား ) မပါတဲ့ အရိုးပြုတ်ရည် တိုက်ပါ။

၃။ ရေဖျန်းပေးပါ သို့မဟုတ် ရေချိုးပေးပါ
လူကြီးမင်းတို့အနေနှင့် သတိထားရမှာ ခွေးလေးတွေ အရမ်းအပူများနေတယ်ဆိုပြီး ချက်ချင်းအေးသွားအောင် ရေလောင်းတာ ၊ရေခဲရေ နှင့်ရေချိုးပေးတာ မလုပ်ရပါ ဒါကနောက်ဆက်တွဲ ပြသနာတွေဖြစ်စေနိုင်ပါတယ်။
ခွေးလေးတွေကို ပထမဦးစွာ ခြေဖဝါး ၊လက်ဖဝါးလေးတွေ ပုံမှန် ရိုးရိုးရေလေးနှင့် အရင်လောင်းပေးပါ ၊ပြီးမှ တဆင့်ချင်း အမြီးကိုရေလောင်းပါ ၊ဒါမှတစ်ဆင့် ခေါင်းကိုလောင်းပါ ပြီးရင် ပေါင်ကိုရေပတ်တိုက်ပါ ၊ထို့အတူ လက်နှင့်ရင်အုံကြားရေပတ်တိုက်ပြီးမှ တစ်ကိုယ်လုံး ရေသွန်ပါ။
တကယ်လို့လူကြီးမင်းကသာ ရေပိုက်နှင့် ရေချိုးပေးမယ်ဆိုရင် ရေပိုကလာတဲ့ ရေဟာ ပူမနေစေဖို့နှင့် ရေအားမပြင်းစေဖို့လည်း သတိထားရပါမယ် ။

၄ ။ နီးစပ်ရာဆေးရုံ ဆေးခန်းကို အမြန်ဆုံး ဆက်သွယ်ပါ
ဆေးခန်းကိုသွားဖို့မကြိုးစားပါနှင့် ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် လမ်းခရီးမှာ ကားအဲယားကွင်းမနိုင်ပူလာရင် hear strokeကို ပိုဆိုးဝါးသွားစေနိုင်ပါတယ်။ ထို့အတူ အဲယားကွင်းမပါတဲ့ ကား၊ဆိုင်ကယ်နှင့်သွားရင်လည်း လမ်းခရီးမှာတင် အပူချိန်ကြောင့် ကလေးအသက်အန္တာရယ်ရှိပါတယ်။
ဒါကြောင့်လူကြီးမင်းတို့ အနေနှင့် ခွေးလေးက ရှေ့ကတဆင့်ချင်းလုပ်ပေးလို့ကလေးက အပူချိန်ပုံမှန်ရောက်သွားရင်တောင် Heat stroke ကိုကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်ရောင်ရမ်း ပျက်စီးစေတာမို့လို့ မလိုလားအပ်တဲလ ပြသနာတွေ မဖြစ်အောင် ဆရာဝန်တော့ ခေါ်ပြသင့်ပါတယ်။

၅ ။အရက်ပျံနှင့် ခြေဖဝါလေးတွေကိုသုတ်ပေးပါ
ခွေးလေးတွေရဲ့ တစ်ကိုယ်လုံးမှာ ချွေးထွက်သည့်နေရာသည် ခြေဖဝါးမှာပဲ ရှိတာမို့ ခြေဖဝါးလက်ဖဝါးတွေကို (alchol pad) အရက်ပျံဖြင့် ပွတ်ပေးပါ သတိထားရမှာ အရက်ပျံများများပွတ်မိတာကို ကလေးက လျှက်မိရင် အန္တရာယ် ရှိပါတယ် ။

၆။ ခွေးလေးတွေကို လှောင်ပိတ်မထားပါနှင့်
ခွေးလေးတွေကို ရေစိုအဝတ်နှင့် ပွတ်ပေးလို့ရပါတယ် သို့သော် အဝတ်စနှင့် ပတ်ထားတာ မလုပ်ရပါ အဲတာက ခွေးလေးတွေရဲ့ ခန္ဓာကိုယ်က အပူတွေကို အပြင်ကိုမထွက်အောင် ပိတ်ထားသလို ဖြစ်စေပါတယ်။

ထို့အတူ အခန်းအလုံပိတ်ထဲလည်း မထားသင့်ပါ လေဝင်လေထွက်ကောင်းတဲ့နေရာမှာပဲထားပါ ဖြစ်နိုရင် ပင်ကာလေးတော့ဖွင့်ထားပေးလိုက်ပါ။
(စကားချပ် ခွေးလေးတွေ heat stroke ဖြစ်မဖြစ် ဘယ်လိုသိမလဲ ၊ကိုယ်အပူချိန် ဘယ်လိုတိုင်းမလဲ၊ heat stroke ရောဂါလက္ခက ဘယ်လိုတွေလဲဆိုတာက စာရေးသူရှေ့က ဆောင်းပါးရေးတင်ပြီး ဖြစ်ပါတယ် ပြန်လည်ဝင်ရောက် လေ့လာနိုင်ပါတယ်)
{ဤဆောင်ပါးသည် wikiHow ဆိုတဲ့ နိုင်ငံခြား websiteမှ ဆောင်ပါးကို ဆီလျှော်သလို ကျွန်တော့်အတွေ့အကြုံများနှင့် ပေါင်းပြီး ဘာသာပြန်ပေးထားခြင်း ဖြစ်ပါသည် }
အားလုံးကျန်းမာချမ်းသာပြီး မင်္ဂလာရှိသော နှစ်သစ်ကူးဖြစ်ကြပါစေ။

ဒေါက်တာဇီဝက

“ ခွေး၊ ကြောင် သန်ကောင် ဝေးဝေးရှောင် “ #တိချစ်သူများ_သတိပြုရန်၁။ မွေးပြီး ၁၄ရက်မှစ၍ ၂ပတ်ခြားဖြင့် အသက်(၃)လ အထိကို ခွေးလေ...
24/03/2023

“ ခွေး၊ ကြောင် သန်ကောင် ဝေးဝေးရှောင် “
#တိချစ်သူများ_သတိပြုရန်
၁။ မွေးပြီး ၁၄ရက်မှစ၍ ၂ပတ်ခြားဖြင့် အသက်(၃)လ အထိကို ခွေးလေးများ၏ ကိုယ်အလေးချိန် အတိအကျပေါ်မူတည်၍ သန်ချ ရပါမည်။
၂။ အသက် (၄၅)ရက်သား - သို့မဟုတ် (၆)ပတ်သားမှစတင်၍ 5in (or) 6in ကာကွယ်ဆေးကို (၃)ပတ်ခြား (၃)ကြိမ်ထိုးရပါမည် ။
(နေမကောင်းဖျားနာနေစဉ်နှင့် အိမ်ရောက်ပြီး(၁)ပတ် မပြည့်မချင်း ကာကွယ်ဆေးမထိုးရပါ။)
၃။ ကာကွယ်ဆေး (၃)ကြိမ်မပြီးမချင်း ရေမချိုးသင့်ပါ။ အသက်(၃)လ ပြည့်မှသာ ရေချိုးသင့်ပါသည် ။
၄။ အသက်(၃ )လပြည့်ပြီး ကျန်းမာသန်စွမ်းသော ကလေးများကိုသာ ခွေးရူးပြန်ကာကွယ်ဆေးထိုးပါ။
၅။ အသက်(၃)လမှ(၆)လအထိ တစ်လတစ်ကြိမ် ပုံမှန်သန်ချပါ။
၆။ အသက်(၆ )လနောက်ပိုင်း ခြင်ကိုက်လျှင် တစ်လတစ်ကြိမ် နှစ်လုံး သန်ချဆေးတိုက်ပါ ။
ခြင်မကိုက်လျှင် (၃ )လတစ်ကြိမ် အူလမ်းကြောင်းသန်ချဆေးတိုက်ကျွေးပေးပါ ။

တိရိ စ္ဆာန်များမှတစ်ဆင့် လူတို့အား ဒုက္ခများကို ပေးဆောင်သောရောဂါများစွာရှိပါသည်။ ဥပမာအားဖြင့် ပြဆိုရပါလျှင် ကြောင်၊ ခွေး၊ အလှေးအမွေးတို့မှ ရရှိသော ပန်းနာရင်ကျပ်ရောဂါ၊ ကြွက်၏ ကျင်ငယ်မှတစ်ဆင့်ကူးစက်သော လက်ပံကို စပိုင်းရာ အသည်းရောင်အသားဝါ၊ ကြွက်မှ တစ်ဆင့်ဖြစ်သော ပလိပ်ရောဂါ၊ ကြက်ငှက်တုပ်ကွေး စသည်ဖြင့် မြောက်မြားစွာ ရှိပါသည်။ အထူးသဖြင့် ကလေးငယ်တို့သည် အိမ်မွေးတိရိစ္ဆာန်များဖြစ်သည့် ခွေးကြောင်တို့နှင့် ဖက်လဲတကင်း ချစ်ခင်စွာ နေထိုင်တတ်ကြသည်ဖြစ်ရာ တိရိစ္ဆာန်များမှတစ်ဆင့် ပေးဆောင်နိုင်သော ရောဂါတို့သည်လည်း ကလေးများထံသို့ ရောက်ရှိရန်ပို၍ လွယ်ကူရခြင်း ဖြစ်ပါသည်။

#ခွေးကြောင် သန်ကောင်ထူးခြားချက်
ခွေးကလေး၊ ကြောင်ကလေးများတွင်ဖြစ်သော သန်ကောင် Toxocara canic သည် လူတွင်ဖြစ်သော သန်ကောင်နှင့် ဆွေမျိုးရင်းချာ တော်စပ်ပသည်။ ထိုသန်ကောင်တို့ အဓိက ခိုနားလေ့ရှိသော တိရိစ္ဆာန်များမှာ ခွေးကလေးများနှင့် မြေခွေးများ ဖြစ်ကြပါသည်။ ထိုသန်ကောင်တို့သည် လူသန်ကောင်တို့ကဲ့သို့ပင် ခွေး၏ အူလမ်းကြောင်းတွင် သံသရာလည်ရင်း၊ သားလောင်းဘဝမှ သန်ကောင်ကြီးဘဝသို့ ရောက်ရှိရခြင်း ဖြစ်ပါသည်။ သို့ရာတွင် ခွေး၏ အူတွင်း၌ သံသရာလည်သော သန်ကောင်တို့အတွက်ထူးခြားချက်မှာ ခွေးသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ရောဂါကို ခုခံနိုင်သည့်အင်အား ရရှိပြီး၊ ခွေးအသက် ခြောက်လခန့်တွင် ထိုအင်အားကို ရရှိခြင်းဖြစ်ပါသည်။ ထိုအင်အားကြောင့် ခွေးသည် သန်ကောင်များကို မိမိကိုယ်တွင်းမှ ထုတ်ပစ်နိုင်စွမ်းရှိပါသည်။ ဤသည်မှာ လူနှင့်မတူသည့် ထူးခြားချက်ပင် ဖြစ်ပါသည်။ သန်ကောင်ကို ထုတ်ပစ်နိုင်စွမ်းအားသည် ခွေးမကြီး ကိုယ်ဝန်ရှိချိန်တွင် ဆုံးရှုံးသွားခြင်းပင်ဖြစ်ပါသည်။

#မည်သို့ ဆက်လက်ဖြစ်ပေါ်ပါသနည်း
သန်ကောင်ကို ကိုယ်တွင်းမှ ထုတ်ပစ်နိုင်စွမ်း၊ ဆုံးရှုံးသွားရှာသော ကိုယ်ဝန်ဆောင် ခွေးမကြီးခမျာ၊ သားလောင်သန်ကောင်၏ ထပ်ဆင်းထပ်ဆင့် တက်တက်ကြွကြွ တိုက်ခိုက်ခြင်းကို ခံရရှာပါတော့သည်။ ထို့ပြင် ထိုသားလောင်းထံသို့ပါရောက်ရှိပြီး၊ ခွေးကလည်းသည်လည်း သူ၏ ကိုယ်တွင်း၌ သန်ကောင်ကိုသယ်ဆောင်လျက် မွေးဖွားလာရှာပါတော့သည်။

#လူကလေးများထံသို
ကလေးများထံသို့ ထိုခွေးသန်ကောင်လေးများ ရောက်ရှိနိုင်ပုံမှာ ရောဂါရှိသော ခွေး၏ မစင်မှတစ်ဆင့်သော်လည်းကောင်း၊ ခွေးပေါက်စ သို့မဟုတ် နို့တိုက်ခွေးမများထံမှ တိုက်ရိုက်သော်လည်းကောင်း ရောက်ရှိသွားနိုင်ပါသည်။ ကလေးများသည် ခွေးငယ်ကလေးများနှင့် ဆော့ကစား၍ လက်မဆေးဘဲ အစားအစာများ စားသောက်ရာမှ ခွေးငယ်လေးများ၏ မစင်မှ သန်ဥလေးများသည် အစားအသောက်နှင့်အတူ အစာအူလမ်းကြောင်းသို့ ရောက်ရှိရပါသည်။

သန်ဥလေးများမှ အသားလောင်းဘဝသို့ ရောက်သောအခါ လူ၏ အူနံရံကို ဖောက်ထွင်း၍ ထွက်လာပြီးနောက် လမ်းကြောင်းပျောက်သွားပြီး အမှန်တကယ် သွားရမည့် အဆုတ်သို့ မရောက်တော့ပေ။ ဦးတည်ရာမဲ့ပြီး ရည်မှန်းချက်ပျောက်ကင်းနေရှာသော သားလောင်းလေးများသည် သူတို့ အမှန်တကယ်နေထိုင်ရမည့် အိမ်ရှင်မ မဟုတ်သော လူသား၏ ခန္ဓာကိုယ်တွင်းဝယ် သူစိမ်းပမာဖြစ်နေရှာပါသည်။

စင်စစ် အဆုတ်သို့ ရောက်ပြီး အဆုတ်မှတစ်ဆင့် အသက်ရှူလမ်းကြောင်းအတိုင်း အထက်သို့ဆန်တက်၍ လည်ချောင်းဝအရောက်တွင် ပြန်မျိုချရမည်ဖြစ်ပါသည်။ ဤနည်းဖြင့် ဒုတိယအကြိမ် အူလမ်းကြောင်းသို့ ပြန်ရောက်ပြီးမှ သားလောင်းဘဝမှ သန်ကောင်ကြီးဘဝသို့ ရောက်ရှိရမည် ဖြစ်ပါသည်။

#လမ်းမှားသို့ရောက်
ယခုကား ဤသို့မဟုတ်၊ အူနံရံကို ဖောက်ထွက်ပြီးနောက် ဆိုခဲ့ပြီးသည့်အတိုင်း လမ်းကြောင်းမှန်ဖြစ်သော အဆုတ်တွင်းသို့ မရောက်ရှိဘဲ မှားယွင်းသော ဦးတည်ချက်ဖြင့် ရည်ရွယ်ချက် ကင်းမဲ့စွာ ဝေဝေဝါးဝါး လမ်းသလားနေရှာပါတော့သည်။ ဤသို့ဖြင့် အူလမ်းကြောင်းသို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိခြင်းမရှိ၊ အူလမ်းကြောင်းအစား မရောက်သင့်သော အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ကြွက်သား၊ ဦးနှောက်၊ မျက်စိစသည်တို့ကို ရောက်ရှိသွားပြီး၊ သားလောင်းခမျာ အရည်အိတ်ကလေးအတွင်းတွင် အကျဉ်းသားလေးပမာ နေရရှာပါတော့သည်။

မည်သို့သော လက္ခဏာများ
ထိုရောဂါရရှိသော ကလေးများသည် အများအားဖြင့် အသက်တစ်နှစ်နှင့် ငါးနှစ်အရွယ်ကြားတွင် ဖြစ်ပါသည်။ ကလေးသည် လွန်စွာသေးကွေးနေကြောင်း တွေ့ရှိရပါသည်။ ထိုရောဂါပိုင်ရှင်ကလေးများသည် မစားအပ်သော အရာဝတ္ထုများကို နှစ်သက်ခုံမင်စွာ စားသောက်တတ်သော အကျင့် (Pica) ရှိကြပါသည်။ ဥပမာ မြေကြီးခဲ၊ ရွံ့၊ ကျောက်ခဲ စသည်တို့ ဖြစ်ကြပါသည်။ သွေးအားနည်းခြင်း၊ ကိုယ်ပူချိန်တက်ခြင်း အသည်းနဲ့ ဘေလုံးကြီးခြင်းတို့လည်း ဖြစ်လာနိုင်ပါသည်။ အဆုတ်တွင်းသို့ ရောက်ရှိသွားလျှင်လည်း ချောင်းဆိုးခြင်း၊ လေပြွန်ကျုံ့ခြင်း စသည်တို့လည်း ဖြစ်ပေါ်နိုင်ပါသည်။ အဆုတ်သို့ ရောက်လျှင်လည်း ပုံမှန်လမ်းအတိုင်း လေပြွန်သို့ ဆန်တက်၍ အူလမ်းကြောင်းတွင်း ပြန်မဝင်ဘဲ အဆုတ်အတွင်းမှာသာ ဆက်လက်တည်ရှိပြီး ဒုက္ခပေးနေခြင်း ဖြစ်ပါသည်။

#အင်္ဂါတစ်ခု၌သာ
လူ၏ကိုယ်ခန္ဓာ အတွင်း၌ အင်္ဂါတစ်ခုတည်းအတွင်း၌လည်း တည်ရှိနေနိုင်ပြီး ထိအင်္ဂါထိခိုက်ပျက်ယွင်းသော လက္ခဏာများ ပြပါသည်။ ဥပမာ အဆုတ်အတွင်း၌ နစ်မြုပ်နေသဖြင့် ချောင်းဆိုး၊ ရင်ကျပ်၊ မောပန်းခြင်း၊ စသည့်လက္ခဏာများ ပြသပါသည်။ နာတာရှည်အသွင်ဖြင့် ရံခါ နှစ်နှင့်ချီ၍ ထိုအင်္ဂါထဲတွင် နေသွားတတ်ပါသည်။

#မျက်စိအတွင်း၌
ရံခါ မျက်စိသည် သားလောင်သန်ကောင်၏ တစ်ခုတည်းသော နားခိုရာအဖြစ် နေတတ်ကြပါသည်။ ကျောင်းသားအရွယ်၊ အသက်ခုနှစ်နှစ်၊ ရှစ်နှစ်ခန့်တွင် အများဆုံုး တွေ့ရှိရတတ်ပါသည်။ ထိုသားလောင်းနေထိုင်ရာမျက်စိသည် ကွယ်သွားတတ်ပြီး မျက်စိတစ်ဖက်တည်း၌သာလျှင် ဖြစ်တတ်ကြောင်း ကံကောင်းစွာတွေ့ရှိရပါသည်။ မျက်စိ အမြင်လွှာ Retina ရောင်ခြင်း၊ ကွာကျခြင်းတို့ဖြစ်ပြီး မျက်စိကွယ်ရခြင်း ဖြစ်ပါသည်။

#ကိုယ်ဝန်ဆောင်မိခင်မှ တစ်ဆင့်
ကိုယ်ဝန်ဆောင် ခွေးမကြီးမှ သန္ဓေသားခွေးငယ်လေးထံသို့ ချက်ကြိုးမှတစ်ဆင့် ထိုရောဂါကူးစက်ပါက မျက်စိကို ထိခိုက်၍ မွေးဖွားလာသည်ဟု အဆိုရှိပါသည်။ ထိုနည်းတူပင် ရောဂါရှိသော ကိုယ်ဝန်ဆောင် မိခင်မှတစ်ဆင့် သန္ဓေသားတို့ ကူးစက်နိုင်ပြီး ထိုကလေးငယ်သည်လည်း မွေးရာပါအမြင် အာရုံချို့တဲ့၍ မွေးဖွားလာနိုင်ပါသည်။ ဤအဆိုမှန်ကန်ပါက ကိုယ်ဝန်ဆောင် မိခင်တို့သည် ထိုသန်ကောင်ရောဂါမရအောင် အထူးသတိပြု၍နေထိုင်ရမည်ဖြစ်ကြောင်း သတိပေးရမည်း ဖြစ်ပါသည်။ ကြောင်များတွင်လည်း အလားတူဖြစ်ရပ် ဖြစ်ပေါ်နိုင်ပါသည်။

#ကာကွယ်၍ ရပါသလော
ထိုတိရိစ္ဆာန်ကလေးများကို မှန်မှန်သန်ချပေးရန် မမေ့လျော့သင့်ပါ။ အထူးသဖြင့် ခွေးပေါက်စလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ မိမိတို့၏ အချစ်တော် အိမ်မွေးတိရိစ္ဆာန်များကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစင်ကြယ်စွာ ဆေးကြောရန် ပညာပေးရပါမည်။ ခွေးများ မိမိ၏မျက်နှာကို လျှာဖြင့် လျက်ခြင်းကိုလည်း ခွင့်မပြုသင့်ပါ။ ခွေးများ ကြောင်များ မစင်စွန့်ခြင်းကိုလည်း စည်းကမ်းချမှတ် ပေးထားသဖြင့် ကလေးများကစားသော နေရာများတွင် လုံးဝမပြုလုပ်နိုင်ရန် ကာကွယ်ရမည်ဖြစ်ကြောင်း အသိပေးလိုက်ရပါသည်။

ဒေါက်တာယုဇနစောမြင့်

24/03/2023

🐶

22/03/2023

Nice to meet you.. 😻

Address

Dawbon
Yangon
11241

Telephone

+959457726227

Website

Alerts

Be the first to know and let us send you an email when Harry Pone Pone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Pet Stores in Yangon

Show All