EM အက်ိဳးျပဳအဏုုဇီဝ

EM အက်ိဳးျပဳအဏုုဇီဝ စိုက်ပျိုး မွေးမြူရေး အသိပညာ မျှဝေရန်

❌တခုခုတော့မှားနေတယ်🔴စပါးစိုက်ပျိုးရေးမှာအော်စတေးလျ နဲ့ အီဂျစ်နိင်ငံ ကတဟက်တာကို စပါးအထွက်နုန်း၁၀-၁၂ တန်ထွက်ရှိအောင်စိုက်န...
21/12/2023

❌တခုခုတော့မှားနေတယ်

🔴စပါးစိုက်ပျိုးရေးမှာ

အော်စတေးလျ နဲ့ အီဂျစ်နိင်ငံ က
တဟက်တာကို စပါးအထွက်နုန်း

၁၀-၁၂ တန်ထွက်ရှိအောင်
စိုက်နိင်နေပါပြီ

အာရှနိင်ငံအများစုမှာက
တဟက်တာကို

၃-၆ တန် ထွက်အောင် ကြိုးစားနေကြဆဲပါ

၁၂ တန်နုန်းဆိုတာ
တဧက ကို ၂၁၇ တင်းနုန်းထွက်တာပါ
တတင်းကို ပေါင်၅၀ နဲ့တွက်ထားတာပါ

ဆည်ရေသောက်ဆိုရင်
တဧက တင်း ၃၀၀ နုန်းထိထွက်ပါတယ်
❌❌❌အဓိက ကတော့
ဓါတ်မြေဩဇာ အလွန်အကျွံသုံးစွဲခြင်းနဲ့

ပေါင်းသတ်ဆေး သုံးဆွဲခြင်းများကြောင့်

လယ်မြေပျက်စီးပြီး
နှစ်စဉ် အထွက်လျော့ကျခြင်း
ဖြစ်တယ်လို့ ယူဆပါတယ်

အိန္ဒိယ နိင်ငံမှာ
စပါးအထွက်ဆုံးဆုကို

တဧက တင် ၄၀၀ ကျော်နဲ့
ဆုရခဲ့ဘူးပါတယ်

အမှားတွေပြင်နိင်တဲ့တနေ့
crd ဆရာဦး Maung Soe

🌶🥕🌱ကျွန်တော်တို့အားလုံးရဲ့စိုက်ပျိုးမြေတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေတယ်👉ဒါကြောင့် အီးအမ်ဖြင့် ပြန်လည်ထိမ်းသ...
18/12/2023

🌶🥕🌱ကျွန်တော်တို့အားလုံးရဲ့
စိုက်ပျိုးမြေတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေတယ်

👉ဒါကြောင့် အီးအမ်ဖြင့် ပြန်လည်ထိမ်းသိမ်းပေးရခြင်း ဖြစ်ပါတယ်
#စိုက်ပျိုးရေး #မွေးမြူရေး

 #ကိုရီးယားအလုပ်အကိုင်👉ကို း ရီး ယာ းနိုင်ငံသို့ #စိုက်ပျိုးရေး အလုပ်ဖြင့် သွားရောက်လိုသူများအတွက်၁။လစာကောင်း၂။အချိန်တို...
17/12/2023

#ကိုရီးယားအလုပ်အကိုင်
👉ကို း ရီး ယာ းနိုင်ငံသို့
#စိုက်ပျိုးရေး အလုပ်ဖြင့် သွားရောက်လိုသူများအတွက်
၁။လစာကောင်း
၂။အချိန်တိုအတွင်းသွား၍ရ
၃။ကုန်ကျစရိတ်သက်သာ
အသက် ၂၅ မှ ၄၅ အတွင်း သွားရောက်လုပ်ကိုလိုသူများ
comment တွင်ဖုန်းနံပတ်ပေးထားပါတယ်

🌿🌿🌿N P K💯စိုက်ပျိုးရေးမှာ အဓိကလိုအပ်တဲ့ ဓာတ်တွေကတော့   ပါ🍒စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ဓာတ်တွေကို စဥ်းစားတဲ့အခါ အချက် ၂ ခ...
16/12/2023

🌿🌿🌿N P K
💯စိုက်ပျိုးရေးမှာ အဓိကလိုအပ်တဲ့ ဓာတ်တွေကတော့ ပါ
🍒စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ဓာတ်တွေကို စဥ်းစားတဲ့အခါ အချက် ၂ ချက်နဲ့စဥ်းစားရပါမယ်
၁။ မြေဆီတွေမှာ ပါဝင်တဲ့ % နဲ့ ၂။ အပင်ကစားသုံးနိုင်တဲ့ % ပါ
⛔လက်ရှိမှာ စိုက်ပျိုးရေး တောင်သူတွေဟာ မြေဆီမှာပါဝင်တဲ့ % တစ်ခုတည်းကိုပဲ ကြည့်ပြီးအသုံးပြုနေကြတာ ဖြစ်ပါတယ်
⛔အပင်က စားသုံးနိုင်တဲ့ % ကို မကြည့်ကြတော့ အကျိုးဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းဘူး ဖြစ်နေကြပါတယ်
❗❗❗💯အရေးကြီးတဲ့ အချက်ကတော့ မိမိထည့်လိုက်တဲ့ မြေဆီဟာ အပင်နဲ့မြေကြီးအတွက် ဘယ်လောက်အကျိုးရှိသွားသလဲ သိဘို့လိုအပ်ပါတယ်
ဥပမာ ကယ်မီကယ်​မြေဆီ တအိတ်မှာ ၁၅ ပတ်လည် ဆိုကြပါစီု့
N P K 15%စီပါတယ်ပေါ့ ထိုမြေဆီကို အပင်နဲ့ မြေကြီးက တကယ်စားနိုင်တာက ၁၀ % ထက်မပိုပါဘူး
⛔ဒါဆိုရင် ၁၅ ပတ်လည်ထည့်လိူက်တဲ့မြေဆီဟာ 1.5 % ပဲအပင်နဲ့ မြေကြီးကရမှာပါ ကျန်တဲ့ 13.5 % စီဟာ အလဟသ ဖြစ်သွားတဲ့အပြင် စိုက်ပျိုးမြေကို ဆိုးကျိုးပြန်ဖြစ်စေမှာပါ
💯သဘာဝကရတဲ့ ပစ္စည်းတွေမှာတော့ NPK အချိုးနည့်းပေမယ့််အပင်ကအကုန်စုပ်ယူနိုင်သည့်အတွက် ပါဝင်သည့် % နည်းသော်လည်း အပင်နဲ့မြေကြီးအတွက် အကျိုးဖြစ်ထွန်းစေပါတယ် ဒါ့အပြင် စိုက်ပျိုးမြေကိုလည်း ဆိုးကျိုးမဖြစ်စေပါ
⛔အနှစ်ချုပ်ပြန်ပြောရရင် ကယ်မီကယ်ဆေးများဟာ ၁၅ ပတ်လည်ထည့်ပေမယ့် အပင်က ၁ လောက်သာရမှာပါ ကျန်တဲ့ဓာတ်တွေကလည်း မြေကြီးကိုပျက်စီးစေဦးမှာပါ
⛔သဘာဝပစ္စည်းကရတဲ့ ဓာတ်တွေက % နည်းပေမယ့် အပင်နဲ့မြေကြီးကို ရေရှည်အကျိုး ဖြစ်ထွန်းမှုကိုပေးမှာ ဖြစ်ပါတယ်
👉သည့်အတွက်ကြောင့် #အီးအမ် #ငါးအမိုင်နို #ဘိုကာရှီ တို့ကိုသုံးစွဲဘို့ အကြံပြုနေရခြင်း ဖြစ်ပါတယ်

စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ဒုက္ခပေးနေတဲ့ ပိုးများအကြောင်း  #ဖျက်ပိုး 🚫ပထမဦးစွာ သိထားရမှာက ဖျက်ပိုးတွေကို လုံးဝအမြစ်ပြ...
06/12/2023

စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ဒုက္ခပေးနေတဲ့ ပိုးများအကြောင်း #ဖျက်ပိုး
🚫ပထမဦးစွာ သိထားရမှာက ဖျက်ပိုးတွေကို လုံးဝအမြစ်ပြတ်သွားအောင် မသတ်နိုင်ဘူး ဆိုတာ သိထားရမှာပါ
👿မိတ်ဆွေတို့ သတ်နေတဲ့ ဖျက်ပိုးတွေဟာ ဘယ်လောက်ပြင်းတဲ့ ဆေးတွေနဲ့သတ်သတ် ၃ ကြိမ် ၄ ကြိမ်ခန့် သတ်ပြီးရင်တော့ ထိုဆေးကို ခံနိုင်ရည် ရှိလာသော မျိုးစိပ်သစ်တွေ ပေါ်ပေါက်လာပါတယ်
👿ဒါဆိုရင် အဲ့ဒီပိုးတွေကို ဘာနဲ့သတ်မှာလဲ စိုက်ပျိုးရေးဆေး ကုမ္ပဏီတွေက ထပ်မံစမ်းသပ်ပြီး #ပိုးဆေး တွေထပ်ထုတ်ပါလိမ့်မယ်
👿အဲ့ပိုးဆေးတွေနဲ့ သတ်ပြီးပြန်ရင်လည်း ၃ ကြိမ် ၄ ကြိမ်သတ်ပြီးရင် မျိုးစိတ်သစ်တွေ ထပ်ပေါ်လာမှာပါ
👿ဒါဆိုရင် မိတ်ဆွေတို့သုံးနေတဲ့ ဆေးတွေဟာ ဖျက်ပိုးတွေကို ကာကွယ်ပေးကောင်း ပေးနိုင်မှာပါ သို့သော် မျိုးစိတ်သစ်တွေ ပေါ်လာတိုင်းမှာ လိမ့်နေအောင် ခံရမှာက တောင်သူတွေပါ
👿နောက်ထပ်ဆိုးကျိုးက စိုက်ပျိုးမြေတွေ ပျက်စီးခြင်းပါ
#စိုက်ပျိုးမြေ ဆိုတာဖျက်ပိုးတွေကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ရမှာဖြစ်ပါတယ်
💯ဒီလိုဆိုးကျိုးသံသရာ လည်နေတဲ့ အရာကို ကာကွယ်ပေးနိုင်တာကတော့ အီးအမ်နဲ့ အခြားသော #အော်ဂဲနစ် ပစ္စည်းတွေပါပဲ
💯ဒါကြောင့် မိတ်ဆွေတို့ရဲ့ စိုက်ခင်းတွေမှာ တကယ်လိုအပ်နေတာကတော့ အကျိုးပြုပိုးများ ဖြစ်တယ်ဆိုတာ သဘောပေါက်ကြမှာ ဖြစ်ပါတယ်
👉သဘောပေါက်ပြီးရင်တော့ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေတဲ့ အရာတွေကို ဖက်တွယ်ထားမလား ရေရှည်အကျိုးရှိမယ့် အရာကို ရွေးချယ်အသုံးပြုမှာလား ဆိုတာ မိတ်ဆွေတို့ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်
ပညာရှင်တွေရဲ့ ပြောစကားကတော့
👇👇👇👇👇
Your choice your life ပဲဖြစ်ပါတယ်
မိမိရွေးချယ်မှုဟာ မိမိဘဝဖြစ်လာမှာပါ

အီးအမ် အသုံးပြုမည့်သူများအတွက်⬆⬆⬆ကုန်စျေးနှုံးတွေ အဖက်ဖက်က တက်လာသည့်အတွက် မကြာခင် ရက်ပိုင်းအတွင်းမှာ အီးအမ်တွေ စျေးတက်ဘိ...
05/12/2023

အီးအမ် အသုံးပြုမည့်သူများအတွက်
⬆⬆⬆ကုန်စျေးနှုံးတွေ အဖက်ဖက်က တက်လာသည့်အတွက် မကြာခင် ရက်ပိုင်းအတွင်းမှာ အီးအမ်တွေ စျေးတက်ဘို့ ရှိပါတယ်
❗ဒါကြောင့် လိုအပ်သူများ ဒီရက်ပိုင်း ဝယ်ထားကြစေလိုပါတယ်
❗နောက် ၂ လ ၃ လမှ အသုံးပြုဘို့ လိုသူများလည်း ဝယ်ပြီး သိမ်းထားလို့ရပါတယ်
❗ကုန်စျေးနှုံးတွေက အစိုးမရပါဘူးနော်

❗❗❗သစ်ပင်နှင့်အီးအမ်တို့၏ ဆက်သွယ်ချက်❗❗❗💯သစ်ပင်မရှိရင် အီးအမ်မနေပါဘူး အီးအမ်မရှိပြန်ရင်လည်း သစ်ပင်မပေါက်ပါဘူး👉ဒါကြောင့်က...
04/12/2023

❗❗❗
သစ်ပင်နှင့်အီးအမ်တို့၏ ဆက်သွယ်ချက်❗❗❗
💯သစ်ပင်မရှိရင် အီးအမ်မနေပါဘူး အီးအမ်မရှိပြန်ရင်လည်း သစ်ပင်မပေါက်ပါဘူး
👉ဒါကြောင့်ကန္တာရတွေကို #အီးအမ် နည်းပညာဖြင့် အပင်များစိုက်ပျိုးနိုင်လျှင် စားနပ်ရိက္ခာတွေ လိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်မည်ဟု ပညာရှင်တွေ ပြောကြတာဖြစ်ပါတယ်
#စားနပ်ရိက္ခာ #စိုက်ပျိုးရေး

***မနိုင်ဝန်ထမ်းနေရသော စိုက်ပျိုးမြေများ***🌴ကျွန်တော်တို့ရဲ့ စိုက်ပျိုးမြေတွေဟာ ကယ်မီကယ်ဆေးတွေနဲ့(ကယ်မီကယ်ဆေးတွေကိုသာ အမ...
03/12/2023

***မနိုင်ဝန်ထမ်းနေရသော စိုက်ပျိုးမြေများ***
🌴ကျွန်တော်တို့ရဲ့ စိုက်ပျိုးမြေတွေဟာ ကယ်မီကယ်ဆေးတွေနဲ့(ကယ်မီကယ်ဆေးတွေကိုသာ အမြဲသုံးစွဲနေခြင်း) ဖိအားပေး မောင်းနှင်ပြီး စိုက်ပျိုးထုတ်လုပ်ခိုင်းခြင်းကို ခံနေရပါတယ်
🚫ဘာနဲ့တူသလဲဆိုရင် မြင်းဆေးစားပြီး အလုပ်လုပ်နေတဲ့သူနဲ့ တူနေပါတယ်
မြင်းဆေးစားထားရင် အလုပ်လုပ်နိုင်မယ် မစားရရင် ဘာမှမလုပ်နိုင်တော့ဘူး
🚫ကျွန်တော်တို့ရဲ့ လယ်ယာမြေတွေဟာလည်း ကယ်မီကယ်ဆေးတွေရဲ့ ထောက်ပံမှုသာ မရရင် အထွက်နှုံးတွေ ဘယ်လောက်ထိ ကျဆင်းလာမလဲ
💯ဒါတွေကို ကုစားပေးဘို့ဟာ အလွန်အရေးကြီးပါတယ်
🚫dead soil လို့ခေါ်တဲ့ မြေသေဘဝထိ မရောက်ခင်မှာ မိမိတို့ကို လုပ်ကျွေးနေတဲ့ ကျေးးဇူးရှင် လယ်ယာမြေတွေကို သားသမီးသဖွယ် ဂရုတစိုက် ပြုစုစောင့်ရှောက်ကြရမယ် ဆိုတာကိုလည်း အားလုံးနားလည်ထားပြီးသား ဖြစ်မှာပါ
💯ထိုလည်ယာ​မြေတွေကို ပြန်လည်ပြုပြင် ပေးဘို့ရာမှာလည်း #အီးအမ် နဲ့ အခြားသော သဘာဝထုတ်ကုန်တွေဟာ မရှိမဖြစ် သုံးစွဲပေးကြရမယ်ဆိုတာ နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်
🚫မိမိတို့ရဲ့ လယ်ယာမြေကို သိလျက်ဖြစ်စေ မသိလျက်ဖြစ်စေ ဖျက်ဆီးနေကြခြင်းကို ရှောင်ကြဉ်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်

ပျက်စီးနေသော စိုက်ပျိုးမြေများကို ပြန်လည်ပြုပြင် ပေးနိုင်သော တစ်ခုတည်းသောအရာ  #အီးအမ်  💯မိမိတို့ရဲ့ ပျက်စီးနေသော(ကယ်မီကယ...
01/12/2023

ပျက်စီးနေသော စိုက်ပျိုးမြေများကို ပြန်လည်ပြုပြင် ပေးနိုင်သော တစ်ခုတည်းသောအရာ #အီးအမ်
💯မိမိတို့ရဲ့ ပျက်စီးနေသော(ကယ်မီကယ်အသုံးများတဲ့ စိုက်ပျိုးမြေတိုင်းဟာ အနည်းနဲ့အများ ပျက်စီးနေပါတယ်) မြေများကို ပြန်လည်ပြုပြင် လိုလျင်တော့ အီးအမ်ကိုပုံမှန် အသုံးပြုပေးဘို့ လိုတယ်ဆိုတာ စိုက်ပျိုးရေးပညာရှင်တိုင်းရဲ့ အကြံပြုချက်ပဲ ဖြစ်ပါတယ်

မြေဆွေးကဲ့သို့ အကျိုးများသော  ပြုလုပ်နည်း🥕compost tea ၏အားသာချက်ကတော့ မြေဆွေးကို အများအပြား ပွားများသွားစေခြင်း🍒မြေဆွေးက...
26/11/2023

မြေဆွေးကဲ့သို့ အကျိုးများသော
ပြုလုပ်နည်း
🥕compost tea ၏အားသာချက်ကတော့ မြေဆွေးကို အများအပြား ပွားများသွားစေခြင်း
🍒မြေဆွေးကို မြေကြီးထဲထည့်လျင် အကြောင်းအမျိုးမျိုးကြောင့် အပင်သို့ အာဟာရ ရောက်ရှိမှု နည်းပါးတတ်ပါတယ်
🌶compost tea ကတော့ အပင်မှ အာဟာရ ရရှိမှု ပိုများပါတယ် အပင်လေပေါက်ပွင့်ချိန်မှာ ဖြန်းပေးလျင် ပိုထိရောက်ပါတယ်
❗❗❗ပြုလုပ်ပုံ ❗❗❗
✴ပုံး၏ ၅ပုံ ၁ပုံကို မြေဆွေးထည့်ပါ
ကျန်သည့်အပိုင်းကို ရေထည့်ပါ
ထန်းလျက်/တင်လဲရည် /သကြား /တစ်မျိုးမျိုး အနည်းငယ်ထည့်ပါ
✴✴✴ပုံးကို အောက်စီဂျင် ပေးထားပါ အောက်စီဂျင်မပေးနိုင်လျင် မကြာခဏ မွှေ​ေပးပါ ၃ ရက်ထားပြီးလျင် အရည်စစ်ပီး အသုံးပြု နိုင်ပါပြီ(တချို့ နည်းစနစ်တွေမှာ ၂၄ နာရီမှ ၄၈ နာရီဆို အသုံးပြုနိုင်တယ်လို့ တေ​ွ့ရပါတယ်)
💯အဓိကအချက်သည် အောက်စီဂျင် ပေးနိုင်ဘို့ ဖြစ်ပါတယ် အဏုဇီဝပိုးကို လေဖြင့်ပွားများယူသည့် အတွက်ကြောင့် ဖြစ်ပါတယ်
🌿ဒါဆိုရင်တော့ မိတ်ဆွေတို့အတွက် မြေဆွေးအနည်းငယ်ဖြင့် မြေဆွေးအမြောက်အများပွားပြီး စိုက်ပျိုးမြေများကို ပြုပြင်ပေးခြင်း အာဟာရဓာတ်များ ထည့်ပေးခြင်းဖြင့် မိမိစိုက်ပျိုးရေးလုပ်ငန်းကို အကျိုးရှိရှိ အသုံးချနိုင်ပြီ ဖြစ်ပါတယ်

🌿ရိုးပြတ်များ အမြန်ဆွေးမြေ့စေရန် လုပ်ဆောင်နည်း🌿ပုလဲ ၅ ပြည် (ကျွန်တော်ကတော့ ကယ်မီကယ် မကြိုက်တဲ့သူဆိုတော့ ပုလဲထည့်တာ သဘောမ...
22/11/2023

🌿ရိုးပြတ်များ အမြန်ဆွေးမြေ့စေရန် လုပ်ဆောင်နည်း
🌿ပုလဲ ၅ ပြည် (ကျွန်တော်ကတော့ ကယ်မီကယ် မကြိုက်တဲ့သူဆိုတော့ ပုလဲထည့်တာ သဘောမကျပါ)
🌿ဖွဲနု ၃ ပိဿာမှ ၅ ပိဿာ
အီးအမ် ၂ လီတာမှ ၄ လီတာ
အချိုရည် တစ်မျိုးမျိုးထည့်ပေးနိုင်လျင် ပိုကောင်းပါတယ်
🌿ပုလဲနင့် ဖွဲကိုရောမွှေပြီး ရိုး​​ပြတ်ခင်းထဲအနှံ ကျဲပက်ပါ
ပုလဲမထည့်လျင် ဖွဲကိုလယ်ကွင်းအနှံကျဲပက်ပါ
🌿အီးအမ်နင့် ရေကိုရောပြီး ရိုးပြတ်ကွင်းထဲထည့်ပါ လယ်ကွင်းကို ရေပြန်မထွက်စေရန် ပြုလုပ်ပါ
🌿ရိုးပြတ်များ ရေမြုပ်သည်ထိ ရေထည့်ပါ
နွား သို့မဟုတ် စက်ဖြင့် ရိုးပြတ်များကို ရေတွင်မြုပ်သွားစေရန် ဖိပေးပါ
တပတ် ၁၀ ရက်ခန့်အကြာတွင် ရိုးပြတ်များ ဆွေးသွားပြီး ထိုလယ်မြေတွင် သီးနှံများ ပြန်လည် စိုက်ပျိုးနိုင်ပါပြီ
🌿မိမိလယ်ကွင်းသည် မိမိအတွက် မြေသြဇာ ပြန်လုပ်ပေးနိုင်ရင် ကုန်ကျစရိတ် အလွန်သက်သာမယ် ဆိုတာ မိတ်ဆွေတို့အားလုံးသိကြမှာပါ

 #စိုက်ပျိုးရေး🍏စိုက်ပျိုးရေး လုပ်သူတိုင်းဟာ ကယ်မီကယ်ဆေးတွေနဲ့ မကင်းကြသူ များပါတယ်🌱အထွက်နှုံးတွေကောင်းဘို့ ကယ်မီကယ်ဆေးတွ...
19/11/2023

#စိုက်ပျိုးရေး
🍏စိုက်ပျိုးရေး လုပ်သူတိုင်းဟာ ကယ်မီကယ်ဆေးတွေနဲ့ မကင်းကြသူ များပါတယ်
🌱အထွက်နှုံးတွေကောင်းဘို့ ကယ်မီကယ်ဆေးတွေကို မသုံးမဖြစ်သုံးနေရတာလည်း ဖြစ်ပါတယ်
🥕ပီးတော့ ကယ်မီးကယ်ဆေးတွေကြောင့်ပဲ ကျွန်တော်တို့တွေရဲ့ စိုက်ပျိုးမြေတွေ ပျက်စီးလာတာကို လူတိုင်းလည်း သိကြမှာပါ
🌶ဒါဆိုရင် စိုက်ပျိုးရေးလုပ်သူတိုင်းဟာ အထွက်နှုံးကောင်းဘို့ ကယ်မီကယ်ဆေးတွေ သုံးနေရသလို ၊
🍒ကယ်မီကယ်ဆေးတွေ ရာသီဥတုအခြေအနေတွေကြောင့် ပျက်စီးလာနေတဲ့ မြေကိုလည်း ပြန်လည်ပြုပြင်ပေးဘို့ လိုတယ်ဆိုတာကို အားလုံးသိရှိကြမှာပါ
💯မြေပြင်တော့မယ်ဆိုရင် သဘာဝပစ္စည်းတွေနဲ့သာ ပြင်ကြရမှာပါ
💯သဘာဝပစ္စည်းတွေထဲမှာမှ #အီးအမ် သည် မပါမအဖြစ် မသုံးမဖြစ် ဆိုတာကို ဘယ်နိုင်ငံက ပညာရှင်တွေကိုပဲ မေးကြည့်မေးကြည့် ``YES´´လို့ဖြေကြမှာပါ
👍ဒါကြောင့် သဘာဝပစ္စည်းများဖြင့် မြေပြင်ကြပါလို့ ချစ်ခြင်းများစွာဖြင့်

15/11/2023

#မှိုသမားများ
အားဆေးအနေနဲ့
ငါးအမိုင်နို
သုံးကြပါတယ်
မသုံးစွဲရသေးသူများ
စမ်းသပ်သုံးစွဲ ကြည့်ကြပါ
***အီးအမ်ဝယ်နေကြ***
မှိုမျိုးထုပ်ရောင်းချရေး လုပ်ငန်းမှ

တကမ္ဘာလုံး အီးအမ်သုံး #အီးအမ် မသုံးစွဲခြင်းဟာ မိမိအတွက် ဘယ်လောက် နစ်နာသလဲဆိုတာ တဖြည်းဖြည်းနဲ့ သိလာမှာပါ  #အီးအမ်နည်းပညာ
13/11/2023

တကမ္ဘာလုံး အီးအမ်သုံး
#အီးအမ် မသုံးစွဲခြင်းဟာ မိမိအတွက် ဘယ်လောက် နစ်နာသလဲဆိုတာ တဖြည်းဖြည်းနဲ့ သိလာမှာပါ
#အီးအမ်နည်းပညာ

မကြာခင် ထပ်မံဖြန့်ချီတော့မဲ့  #အီးအမ်အခဲ မိမိရဲ့ ကျေးဇူးရှင် စိုက်ပျိုးမြေတွေကို ကယ်မီကယ်ဆေးတွေပဲ ကျွေးနေပြီး ပြန်လည်မပြ...
10/11/2023

မကြာခင် ထပ်မံဖြန့်ချီတော့မဲ့
#အီးအမ်အခဲ
မိမိရဲ့ ကျေးဇူးရှင် စိုက်ပျိုးမြေတွေကို ကယ်မီကယ်ဆေးတွေပဲ ကျွေးနေပြီး ပြန်လည်မပြုပြင်ပေးရင် ဆေးကုမ္ပဏီတွေကိုပဲ လုပ်ကျွေးနေတယ်ဆိုတာ အားလုံးလည်း သိကြမှာပါ

 #မိလ္လာ နှင့်  #အီးအမ် ✔မိမိအိမ်ရှိ မိလ္လာထဲသို့ အီးအမ်ကို ပုံမှန်ထည့်ပေးခြင်းဖြင့် အနံ့အသက်ကင်းစင်စေပြီး မိလ္လာထုထည်ကိ...
03/11/2023

#မိလ္လာ နှင့် #အီးအမ်
✔မိမိအိမ်ရှိ မိလ္လာထဲသို့ အီးအမ်ကို ပုံမှန်ထည့်ပေးခြင်းဖြင့် အနံ့အသက်ကင်းစင်စေပြီး မိလ္လာထုထည်ကို ၈၀ ရာခိုင်နှုံးအထိ လျော့ကျစေပါသည်
#စားသောက်ဆိုင် များ
#အများသုံးအိမ်သာ များအမြဲသုံးပေးခြင်းဖြင့် မကောင်းသောအနံ့အသက် ကင်းဝေးစေပြီး မိလ္လာစုပ်ထုတ်ရမည့် အခြေအနေမှ ကာကွယ်ပေးပါသည်
ကျွန်တော်ဆိုလျင် ပတ်ဝန်းကျင်မှ အိမ်များကို ပေးသုံးခြင်းဖြင့် သုံးစွဲရတဲ့အကျိုးကျေးဇူးကို သိရှိလာကြပြီဖြစ်ပါတယ်
တချို့တွေဆိုလျင် ဝယ်ယူသုံးစွဲ လာကြပြီ ဖြစ်ပါတယ်
အိးအမ်ကို မိမိတို့ရဲ့နေ့စဥ်ဘဝတွင် ပုံစံမျိုးစုံဖြင့် အသုံးပြုနိုင်ပါတယ်
ပုံတွေကတော့ ဘေးအိမ်တွေကို လက်ဆောင်ပေးဘို့ လုပ်ထားတာပါ

 #စပါး ပင် ရိုးပြတ်များကို အမြန်ဆွေးစေဘို့ #အီးအမ် ကို သုံးစွဲပေးခြင်းဟာ မိမိရဲ့ စိုက်ပျိုးမြေများ ပျက်စီးနေမှုကိုပါ ကာက...
31/10/2023

#စပါး ပင် ရိုးပြတ်များကို အမြန်ဆွေးစေဘို့
#အီးအမ် ကို သုံးစွဲပေးခြင်းဟာ မိမိရဲ့ စိုက်ပျိုးမြေများ ပျက်စီးနေမှုကိုပါ ကာကွယ်ပေးရာရောက်ပါတယ်
မှာယူအားပေးကြပါသော သက္ကလမှ မိတ်ဆွေများ အစစအရာရာ တိုးတက်အဆင်ပြေကြပါစေ

 #စိုက်ပျိုးရေး  #မွေးမြူရေး နှင့်မကင်းသူများ သေသေချာချာ ဖတ်ကြည့်ကြပါဆရာမကြီး အဏ္ဏာဝါဇီဝပညာရှင် လူစီကာဆန် ရေသားခဲ့သော``င...
28/10/2023

#စိုက်ပျိုးရေး #မွေးမြူရေး နှင့်မကင်းသူများ သေသေချာချာ ဖတ်ကြည့်ကြပါ
ဆရာမကြီး အဏ္ဏာဝါဇီဝပညာရှင် လူစီကာဆန် ရေသားခဲ့သော
``ငြိမ်သက်သွားသော ဆောင်းဦးရာသီ´´
စာအုပ်ဖြစ်ပါတယ်
⛔သူမ၏သုတေသနအရ ဆောင်းတွင်းကာလတွင် ကျေးငှက်တိရစ္ဆာန် ကလေးများ ဆောင်းခို၍ ငြိမ်သက်လျက်ရှိပါသည် ဆောင်အကုန် နွေအကူး ဆောင်းဦးရာသီတွင် ခိုအောင်းနေရာမှ ထွက်လာကြပြီး မြူတူးပျော်ရွှင်စွာဖြင့် သာယာသော အသံများကိုကြားရပါသည်
⛔သုတေသန၏ နောက်ပိုင်းနှစ်များတွင် ကျေးငှက်တိရစ္ဆာန် ကလေးများ၏ အသံများ ပျောက်ကွယ်လာသည်ကို တွေ့ရှိလာရပါသည် ကျေးငှက်တိရစ္ဆာန်များအပြင် သမင် ဒရယ်များကိုလည်း မတွေ့ရတော့သည်ကို တွေ့ရှိရပြီး မြစ်ချောင်းအင်းအိုင်ထဲမှ ငါး ပုဇွန်များပါ နည်းပါးလာသည်ကို တွေ့ရပါသည်
⛔အကြောင်းရင်းကို သေသေချာချာ လေ့လာလိုက်သောအခါ အနီးရှိ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် အသုံးပြုနေသော ဓာတုဆေးများ အလွန်အကျွံ သုးစွဲနေခြင်းကြောင့် ဖြစ်သည်ကို အမေရိကန်သမ္မတအား တင်ပြခဲ့ပါသည်
⛔အမေရိကန်သမ္မတာက နိုင်ငံအတွင်းရှိ နာမည်ကြီးတက္ကသိုလ်ကြီးများကို သူမ၏တင်ပြချက်များ မှန်မမှန်ကို စမ်းသပ်စစ်ဆေးစေခဲ့ပါသည် စိတ်ဝင်စားစရာ ကောင်းသည်မှာ သုတေသနပြုခဲ့ကြသည့် တက္ကသိုလ်များအားလုံးက သူမ၏တင်ပြချက်မှန်ကန်ကြောင်း အစီရင်ခံကြပါသည်
⛔ဓာတုဆေးများကြောင့် တိရစ္ဆာန်များသာမက လူတို့၏ကျန်းမာရေးကိုပါ ထိခိုက်ကြောင်းကိုပါ တင်ပြခဲ့ကြပါသည်
⛔သို့အတွက်ကြောင့် နောက်ပိုင်းတွင် ဓာတုသုံးစွဲမှု ဓာတုသုံးစွဲမှုကို ကန့်သတ်သည့် ဥပဒေများပင် သတ်မှတ်ကျင့်သုံးလာခဲ့ကြရပါသည်
⛔ဆရာမကြီး မသေမီတွင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းဘို့နှင့် အဆိပ်သင့်နေသော သဘာဝပတ်ဝန်းကျင်ကို မထားခဲ့ဘို့၊ လူသားများကျန်းမာရေးအတွက် ဓာတုဆေးများ မသုံးကြဘို့ ၊သဘာဝနည်းစနစ်ဖြင့်သာ စိုက်ပျိုးကြဘို့ မှာကြားသွားပါသည်
❗❗❗စိုက်ပျိုးရေး တောင်သူများအနေဖြင့်လည်း မိမိအပါအဝင် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်ပျက်စီးစေသော ၊ဂေဟစနစ်ကို ပျက်စီးစေသော ဓာတုပစ္စည်းများကို နည်းနိုင်သမျှနည်းအောင် သုံးစွဲကြဘို့ လိုပါသည်
❗❗❗မေွးမြူရေး သမားများသည်လည်း မွေးမြူရေး လုပ်ငန်းတွင်(ဥပမာ ငါးကန်ဆိုလျင် ကန်ကိုညစ်ညမ်းစေပြီး ငါးပုဇွန်များကို ထိခိုက်ပျက်စီးစေတတ်သော ဓာတုဆေးများကို လျော့နိုင်သလောက် လျော့ချရမှာဖြစ်ပါတယ်
👍ယနေ့ခေတ်မှာ ဓာတုဆေးတွေကို ယှဥ်နိုင်သော သဘာဝဆေးများကို စျေးနှုံးသက်သာစွာဖြင့် အသုံးပြု၍ ရနေပြီဖြစ်သဖြင့်
မိမိတို့ကို ဘက်ပေါင်းစုံမှ ဆိုးကျိုးဖြစ်စေသော ဓာတုဆေးတွေကို လျော့သုံးခြင်း သို့မဟုတ် သဘာဝဆေးများကိုသာ အသုံးပြုသင့်ကြောင်း တင်ပြလိုက်ရပါတယ်

 #စိုက်ပျိုးရေး လုပ်နေသူတိုင်းအတွက် မြေကောင်းအောင် ပြုပြင်ပေးခြင်းဟာ တခြားလုပ်ရမှာတွေထက် ပိုအရေးကြီးပါတယ် #မွေးမြူရေး လု...
19/10/2023

#စိုက်ပျိုးရေး လုပ်နေသူတိုင်းအတွက် မြေကောင်းအောင် ပြုပြင်ပေးခြင်းဟာ တခြားလုပ်ရမှာတွေထက် ပိုအရေးကြီးပါတယ်
#မွေးမြူရေး လုပ်သူတွေအတွက်
ဥပမာ ငါးဆိုရင် ငါးကန်သန့်ရှင်းရေ၊ ကြက် ဝက် လိုအကောင်မျိုးဆိုရင် ပတ်ဝန်းကျင် သန့်ရှင်းအောင် လုပ်ပေးရေးဟာ အလွန်အရေးကြီးတဲ့အလုပ်ပါ
⁉လုပ်သင့်တဲ့ အလုပ်တွေ မလုပ်မိရင် မိတ်ဆွေတို့ရဲ့ စီးပွားရေးမှာ ထိခိုက်နိုင်တယ်ဆိုတာ မိတ်ဆွေတို့ပိုသိကြမှာပါ

❗❗❗ပဲဲခူးရေကြီးမှု⛔ပဲခူးရေကြီးမှုကြောင့် စိုက်ပျိုးမြေ ဧကပေါင်း ထောင်နဲ့ချီ ဆုံးရှုံးမှု ဖြစ်သွားပါတယ်⛔မိတ်ဆွေတစ်ယောက်လည...
17/10/2023

❗❗❗ပဲဲခူးရေကြီးမှု
⛔ပဲခူးရေကြီးမှုကြောင့် စိုက်ပျိုးမြေ ဧကပေါင်း ထောင်နဲ့ချီ ဆုံးရှုံးမှု ဖြစ်သွားပါတယ်
⛔မိတ်ဆွေတစ်ယောက်လည်း လယ်၃ဧက စိုက်ပျိုးထားတာ အကုန်ကုန်သွားပါတယ်
⛔လယ် ၃ဧကအတွက် ကုန်ကျစရိတ်က ၂၅ သိန်းခန့် ကုန်ပါတယ်
⛔ဒီနေရာမှာ သိလိုက်ရတာက ကယ်မီကယ်သွင်းအားစုတွေရဲ့ ကုန်ကျစရိတ်ဟာ အလွန်များပါတယ်
⛔ကယ်မီကယ်သွင်းအားစုတွေရဲ့ နေရာမှာ တခြားသွင်းအားစုတွေကို မသုံးတတ်တာလား သုံးရမှာမသိတာလား ကယ်မီကယ်တွေလောက် အကျိုးမဖြစ်ထွန်းမှာ စိုးရိမ်နေတာလားတော့ မပြောတတ်တော့ပါဘူး
😤ရေမြုပ်လို့ ဆုံးရှုံးကြရတဲ့အထဲ သွင်းအားစု ကုန်ကျစရိတ်အကြောင်း ထပ်မံကြားသိလိုက်ရတာ တကယ်ကိုထပ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်
#အီးအမ် #ငါးအမိုင်နိအက်ဆစ် #ထရိုင်ကိုဒါးမား #ပိုးပြေးဆေး #ခိုက်တိုစန် #စပါးခွံပေါင်းခံရည် နှင့် အခြားသော သဘာဝ သွင်းအားစုများဟာ ကယ်မီကယ် သွင်းအားစုများထက်ပင် အကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတာကို ကမ္ဘာမှာလည်း လက်တွေ့မြင်တွေ့နေရတာ ဖြစ်တာကြောင့် သွင်းအားစုထည့်တဲ့စနစ်ကို ပြုပြင်သင့်ပြီဆိုတာ မိတ်ဆွေတို့အားလုံး သိနေလောက်ပြီလို့ထင်ပါတယ်
⛔မိတ်ဆွေတို့ သိတဲ့အတိုင်း သဘာဝသွင်းအားစုတွေဟာ စိုက်ပျိုး မွေးမြူရေး လုပ်ငန်း လုပ်သူများအတွက် ပိုမိုတွက်ခြေကိုက်ပြီး အကျိုးအမြတ်ပိုမို ရရှိစေတယ်ဆိုတာ

 #စိုက်ပျိုးရေး #မွေးမြူရေး လုပ်သူများအတွက်⛔ကျွန်တော်တို့ဟာ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေ လုပ်နေကြတယ်⛔မိမိလုပ်ငန်...
05/10/2023

#စိုက်ပျိုးရေး
#မွေးမြူရေး လုပ်သူများအတွက်
⛔ကျွန်တော်တို့ဟာ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေ လုပ်နေကြတယ်
⛔မိမိလုပ်ငန်းကနေ အမြတ်အစွန်း များများလည်း လိုချင်ကြတယ်ဆိုရင်
⛔ဓာတုဆေးတွေသုံးရင် ပိုအကျိုးများမလား❗
⛔သဘာဝပစ္စည်းတွေသုံးရင် ပိုအကျိုးများမလား❗
⛔သို့တည်းမဟုတ် တွဲသုံးရင် ပိုအကျိုးများမလား❗ဆိုတာကို သေသေချာချာစဥ်းစာပြီး အသုံးပြုကြဘို့ လိုပါတယ်
⛔ကျွန်တော်တို့အားလုံး သိကြတဲ့အတိုင်းပဲ လုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာ အကျိုးအမြတ် များများရရှိဘို့ လိုတယ်ဆိုတာ

မြေကြီးတွင်ရှိသော ပိုးအုပ်စု ၃ မျိုးနှင့် ၎င်းပိုးတို့၏ လုပ်ဆောင်ချက်များ⛔အကျိုးပြုပိုး ၎င်းပိုးသည် မြေကြီးကို ကျန်းမာသန...
21/09/2023

မြေကြီးတွင်ရှိသော ပိုးအုပ်စု ၃ မျိုး
နှင့် ၎င်းပိုးတို့၏ လုပ်ဆောင်ချက်များ
⛔အကျိုးပြုပိုး
၎င်းပိုးသည် မြေကြီးကို ကျန်းမာသန်စွမ်းစေပြီး အပင်များကို ကောင်းကျိုးဖြစ်ထွန်းစေပါတယ်
🚫ဆိုးကျိုးပြုပိုး
ဤပိုးကတော့ ကျွန်တော်တို့ရဲ့ အပင်တွေကို ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်
❗❗❗ကြားနေပိုး
ဤပိုးကတော့ မြေကြီးထဲမှာ အများဆုံး ရှိနေတဲ့ပိုးပါ သူရဲ့လုပ်ဆောင်ချက်ကတော့ အပေါ်က ပိုးနှစ်မျိုးနဲ့ဆက်စပ်ပြီး အလုပ်လုပ်ပါတယ်
⛔မြေကြီးထဲမှာ အကျိုးပြုပိုးများလျင် မြေကြီးနှင့် အပင်ကို ကောင်းကျိုးပြုတဲ့ အလုပ်ကိုလုပ်ပြီး
⛔ဆိုးကျိုးပြုပိုးများနေလျင် မြေကြီးနှင့်အပင်ကို ဆိုးကျိုးတွေ ဖြစ်အောင်ပြုလုပ်ပါတယ်
💯ဒါကြောင့် ကျွန်တော်တို့ရဲ့မြေကြီးမှာ ကောင်းကျိုးပြုပိုး များနေအောင် လုပ်​ပေးခြင်းဟာ စိုက်ပျိုးရေးလုပ်သူများရဲ့ အလွန်အရေးကြီးတဲ့ အလုပ်ဖြစ်ပါတယ်
👉ယနေ့ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးစနစ်ဟာ အကျိုးပြုပိုးများကို သေကြေပျက်စီးမှုများစေသော စနစ်ဖြစ်ပါတယ် အကျိုးပြုပိုးဆုံးရှုံးမှု ဘယ်လောက်များသလဲဆိုရင် တီကောင်များရှားပါးလာခြင်းကို ကြည့်၍သိနိုင်ပါတယ်
👉မြေကြီးကို မြေဖုံးပင် သို့မဟုတ် မြေဖုံးပစ္စည်း မထားပေးခြင်းဟာလည်း အဏုဇီဝပိုးများကို သေကြေစေပါတယ်
💯ဒါကြောင့် စိုက်ပျိုးရေးလုပ်သူများရဲ့ အရေးကြီးတဲ့ အလုပ်ဖြစ်သော မိမိစိုက်ကွင်းမှာ အကျိုးပြုပိုးများ အရေအတွက် များများရှိစေရန် ဂရုစိုက် လုပ်ဆောင်ပေးကြဘို့ တိုက်တွန်းချင်ပါတယ်

 #မှိုစိုက်ပျိုးရေး 👉ဒီရက်ထဲ မှိုသမားတွေ အီးအမ်ဝယ်ယူမှုများလာပါတယ်👉မသုံးဖူးသေးတဲ့ မသုံးသေးတဲ့  #မှိုသမား များစမ်းသပ်သုံး...
16/09/2023

#မှိုစိုက်ပျိုးရေး
👉ဒီရက်ထဲ မှိုသမားတွေ အီးအမ်ဝယ်ယူမှုများလာပါတယ်

👉မသုံးဖူးသေးတဲ့ မသုံးသေးတဲ့ #မှိုသမား များစမ်းသပ်သုံးစွဲကြည့်ဘို့ အကြံပေးလိုပါတယ်
👉အကျိုးရှိတယ် အထွက်နှုံးကောင်းတယ်ဆိုရင် မိတ်ဆွေတို့အတွက် ရေရှည်အကျိုးအမြတ်ရမှာပါ

💯ဆေးဖက်ဝင် အီးအမ်👉ဒါကတော့ တိုင်းရင်းဆေး ဆရာမကြီး တစ်ယောက်ရဲ့ အော်ဒါပါ #အစာအိမ် နှင့်  #အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါမျ...
22/08/2023

💯ဆေးဖက်ဝင် အီးအမ်
👉ဒါကတော့ တိုင်းရင်းဆေး ဆရာမကြီး တစ်ယောက်ရဲ့ အော်ဒါပါ
#အစာအိမ် နှင့် #အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါများ
#သွေးတိုး #ဆီးချို သမားများ သောက်ကြည့်ပါ ရက်ပိုင်းအတွင်း ရောဂါသက်သာလာပါလိမ့်မယ်

#ပရိုဘိုင်ရောတစ်

   #ငါးအမိုင်နိုပလပ်  #ထရိုင်ကိုဒါးမား စျေးမတက်သေးခင် ဝယ်ထားကြပါနော်👉တချို့က တာဝန်ချိန်ပီးဆုံးတော့မယ်တချို့က ခုမှ တာဝန်စ...
17/08/2023

#ငါးအမိုင်နိုပလပ် #ထရိုင်ကိုဒါးမား စျေးမတက်သေးခင် ဝယ်ထားကြပါနော်
👉တချို့က တာဝန်ချိန်ပီးဆုံးတော့မယ်

တချို့က ခုမှ တာဝန်စတယ်
👉တချို့က ပိုင်ရှင်သစ်လက်ထဲကို ထည့်ပေးရတော့မယ်ဲ

15/08/2023

#ငါးအမိုင်နိုအက်ဆစ် ၏ကောင်းကျိုးအချို့
💯ငါးအမိုင်နိုဖြင့် စိုက်ပျိုးထားသော အသီးအနှံများသည် ဓာတုမြေသြဇာများဖြင့် စိုက်ပျိုးထားသော အသီးအနှံများထက်
⛔အနံ့ အရသာ ပိုမိုကောင်းမွန်ခြင်း
အသီးအနှံများ၏ တကယ့်အနံ့အရသာကို ခံစားရခြင်း
⛔ပိုမို၍ တာရှည်အထားခံခြင်း ပန်းကဲ့သို့သော အပင်များတွင် တာရှည်အထားခံသဖြင့် ရောင်းပန်းလှပြီး တွက်ခြေကိုက်ခြင်း
(ဥပမာ ဓာတုမြေသြဇာဖြင့် စိုက်ပျိုးထားသော ဆန်များသည် အသိုးမြန်ခြင်း)
❗❗❗❗❗❗❗❗❗
👉 ကျွန်ုပ်တို့ ရောင်းချနေသော ငါးအမိုင်နိုအက်ဆစ်တွင် သီးနှံအထွက်တိုးစေသော အာဟာရဓာတ်များ ပေါင်းထည့်ထားပါသဖြင့် အထွက်နှုံးပိုမို ကောင်းစေပါသည် အစေ့အဆံအောင်နှုံး ပိုမိုကောင်းမွန်စေပါသည်

  ပြုလုပ်ခြင်း
07/08/2023

ပြုလုပ်ခြင်း

01/08/2023

မြေပြင်ဘို့နှင့်
မြေကြီးထဲမှ ဓာတ်ကြွင်းတွေ ဖယ်ရှားဖို့ အတွက်
အီးအမ်ဟာ မသုံးမဖြစ်တဲ့ ပစ္စည်းပါ

ငါးအမိုင်နိုအက်ဆစ်+🍎🍏🍒🥕🌱🍏🍉🍍🥝🍋🍌ငါးအမိုင်နိုနှင့် ပိုသီး ပိုကြီး ပိုကိတ်စေသော ပိုတက်ဆီယမ် ပေါင်းစပ်ဆေးရည်💯ငါးအမိုင်နိုသည် ...
23/07/2023

ငါးအမိုင်နိုအက်ဆစ်+
🍎🍏🍒🥕🌱🍏🍉🍍🥝🍋🍌
ငါးအမိုင်နိုနှင့် ပိုသီး ပိုကြီး ပိုကိတ်စေသော ပိုတက်ဆီယမ် ပေါင်းစပ်ဆေးရည်
💯ငါးအမိုင်နိုသည် နိုက်ထရိုဂျင်ဓာတ် အလွန်ကြွယ်ဝသဖြင့်
💯ပင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု့ကောင်းစေခြင်း
👉ရေတွင်အလွယ်တကူမပျော်ဝင်နိူင်သော ဖော့စဖော့ရပ်(phosphorous)ဓါတ်ကိုအပင်က
အလွယ်တကူရရှိနိူင်သည့်အတွက် ပန်းပွင့်စေမှု့ကိုအထောက်အကူပြုစေခြင်း
👉အခြားအဟာရဒြပ်စင်များ ဗီတာဗင်များ ဟော်မုန်းများနှင့် အင်ဇိုင်များ ပါဝင်သောကြောင့်
အပင်ကိုအကျိုးဖြစ်ထွန်းစေခြင်း
👉အရွက်စားအပင်များတွင် အရွက်များ စိမ်းစိုလန်းဆန်းခြင်း
👉ပန်းပင်များတွင် ပန်း၏အရောင်အသွေးလှပါစေခြင်း
👉စပါး ကဲ့သို့အပင်များတွင် အပင်ရင့်မှည့်ချိန်ထိ ပင်စည်စိမ်းနေခြင်း စပါးလေ့လွင့်မှုနည်းခြင်း
💯ပိုတက်ဆီယမ် ပါဝင်ခြင်းကြောင့် အသီးအနှံအောင်နှုံး ပိုကောင်းလားခြင်း
💯💯💯အလေးချိန်စီးပြီး အထွက်နှုံး ပိုကောင်းလားခြင်း
အထက်ပါ အကျိုးကျေးဇူးများသည်
ငါးအမိုင်နို+ ကိုသုံးစွဲလျင် ရရှိမည့် အကျိုးကျေးဇူးများ ဖြစ်ပါတယ်
#စိုက်ပျိုးရေး
#စိုက်ပျိုးရေးဆေး
#သဘာဝဆေး
#ပုလဲအစားထိုးဆေး

တချိန်ချိန်မှာ အသုံးဝင်လာမှာပါယခုလက်ရှိတော့ ရမရမသိပါလူသိနည်း အရနည်း နေကြသော Agriculture Development Grant နဲ့ SME Develo...
22/07/2023

တချိန်ချိန်မှာ အသုံးဝင်လာမှာပါ
ယခုလက်ရှိတော့ ရမရမသိပါ

လူသိနည်း အရနည်း နေကြသော Agriculture Development Grant နဲ့ SME Development Loan

ကမ္ဘာ့ဘဏ် နဲ့ အခြား အလှုရှင်များ နဲ့ နိုင်ငံတော် အစိုးရ ထည့်ဝင်ငွေ များဖြင့် မတည် ထားတဲ့ ဧကနည်း တောင်သူတွေ အတွက် Development Grant တွေ Loan တွေ ရှိပါတယ်

ရယူနည်းက တစ်ဧက ပိုင် small land holder တောင်သူတွေ ၁၀ ဦးစု၊ တောင်သူ လယ်သမား အစု အဖွဲ့ အဖြစ် မြို့နယ် သမဝါယမဌာန သို့ လယ်ယာ ဌာန မှာ မှတ်ပုံတင် လိုက်ရင်၊ Development Fund ကနေ သိန်း ၅၀ grant လျှောက်ထား လို့ရပါတယ်၊

အဲဒီ ၁၀ ဦးကပဲ Saving and Loan Group လုပ်၊ တစ်ဦး တစ်သိန်းထည့် ၁၀ သိန်း မတည်၊ အဖွဲ့ အတွင်း ၁ ကြိမ် လည်ပတ် ပြရင် Development Fund ကပဲ နောက်ထပ် သိန်း ၅၀ grant ထည့်ပေး ပါတယ်၊

စနစ်တကျ စာရွက် စာတမ်း နဲ့ လုပ်ရင် နိုင်ငံတော် ထည့်ဝင်ငွေ သိန်း ၁၀၀ အလကား ရမှာကို တော်တော် များများ က မသိကြ မလုပ်တတ် ကြပါ၊

အဲဒီ အဖွဲ့ကပဲ SME group ထောင်၊ အသေးစား လုပ်ငန်း လုပ်မယ်၊ ဥပမာ ထွန်စက်ဝယ် ဌားစားမယ် ဆိုပြီး SME loan လျှောက်ထားရင် ချေးငွေ သိန်း ၂၀၀ အထိ လျှောက်ထားလွို ရသေးတယ်၊ (တစ်နှစ် ၁၅ ကျပ် တိုး နဲ့)၊

လုပ်တတ်ရင် သိန်း ၁၀၀ grant၊ သိန်း ၂၀၀ loan ရနိုင်တာကို မလုပ်တတ် ကြပါ၊ အစုအဖွဲ့ ဖြစ်သွားရင် နည်းပညာတွေ input တွေ ပါ ထပ်ရမှာပါ

လုပ်ကြပါ၊ ယူကြပါဗျ

Microfinance တို့ အပြင်ကြွေး တို့ မယူကြပါနဲ့ဦး အတိုးများလို့ပါ

ကိုယ်တိုင် မလုပ်တတ်ကြရင် ဝန်ဆောင်ခ နည်းနည်း နဲ့ ကူညီလုပ်ကိုင်ပေး Grant တွေ Loan တွေ ရယူပေး နေတဲ့ DRI ဆိုတဲ့ အဖွဲ့ ကို အကူအညီ တောင်းပါ

DRI is a knowledge-based enterprise with a mission to promote economic and social development in Myanmar and other developing countries. We respond to needs of our clients and partners through strategy and policy analysis and downstream solutions through implementation, training and social business.

 #စိုက်ခင်း များအတွင်းသို့ အီးအမ်ထည့်ပေးခြင်း✔✔✔ပထမအကြိမ် သီးနှံမစိုက်မီ ရိုးပြတ်ပေါ်သို့ ပက်ဖြန်း၍ ထယ်ထိုးခြင်း (ကောက်ရ...
16/07/2023

#စိုက်ခင်း များအတွင်းသို့ အီးအမ်ထည့်ပေးခြင်း
✔✔✔ပထမအကြိမ် သီးနှံမစိုက်မီ ရိုးပြတ်ပေါ်သို့ ပက်ဖြန်း၍ ထယ်ထိုးခြင်း (ကောက်ရိုး ရိုးပြတ်များ လျင်မြန်စွာ ပုပ်ဆွေးရန်၊ ပေါင်းစေ့များ အပင်ပေါက်မှု မြန်စေရန်၊ ရောဂါဖြစ်စေသော မှို ဘက်တီးရီးယားများကို နှိမ်နင်းပေးရန်)
✔✔✔ဒုတိယအကြိမ် ထွန် ၂ စပ်ခန့်မွှေပြီးချိန် ပက်ဖြန်း၍ထွန်မွှေခြင်း(ကျန်ရှိသော ပေါင်းစေ့များ အပင်ပေါက်မှုမြန်စေပြီး ပေါင်းနှိမ်နင်းပေးရန်၊ မလိုလားအပ်သောအဆိပ်သင့်ဓာတ်ပေါင်းများ ထွက်မလာစေရန်၊ နီတိုရောဂါမဖြစ်စေရန်၊ မြေကြီးမှသမန်းပုပ်နံရသောအခါ အီးအမ်ပိုထည့်ပါ)
✔✔✔တတိယအကြိမ် ကြမ်းမရိုက်မီ ပက်ဖြန်းခြင်း(ကောက်လှန်ရက်စောပြီး စိုက်ပြီးပျိုးပင် ဝါမသွားစေရန်၊မြေတွင်ထည့်သွင်းထားသော မြေဆီများအား အပင်စားသုံးနိုင်သည့် အဆင့်သို့ရောက်ရှိစေရန်)
✔✔✔စတုတ္ထအကြိမ် စိုက်ပြီး ၁၅ ရက်(အပင်ကြီးထွားမှုညီညာ၍ အပင်ပွားစည်းမှု အပင်ဖြစ်ထွန်းမှု အစာချက်လုပ်မှု ကောင်းစေရန်)
✔✔✔ပဥ္စမအကြိမ် စိုက်ပြီး ၄၂ ရက်(အစေ့အဆန်ပြည့်၍ ရင့်မှည့်မှုညီညာစေရန်၊ အဖျင်းနည်း၍ ရင့်မှည့်ချိန်အထိ အသီးညှာ အလံရွက် စိမ်းနေ၍ အသီးကြွေမှု အလေအလွင့် နည်းပါးစေရန်)
အီးအမ်ထည့်ပေးခြင်းသည် စိုက်ခင်းများ၏ ပျက်စီးမှုကို ကာကွယ်ပေးခြင်း ဖြစ်ပါသည်
✴✴✴ကုန်ကျစရိတ်ကိုလည်း သက်သာစေပါသည်✴✴✴

 #စပါး ပျိုးခင်းအတွက် အီးအမ်အသုံးပြုပုံ🌿🌿🌿မျိုးစေ့ကို အီးအမ်ဖြင့် နာရီဝက်ခန့်စိမ်ပြီး အညှောက်ဖောက်လျင် မျိုးစေ့ အပင်ပေါက...
15/07/2023

#စပါး ပျိုးခင်းအတွက် အီးအမ်အသုံးပြုပုံ
🌿🌿🌿မျိုးစေ့ကို အီးအမ်ဖြင့် နာရီဝက်ခန့်စိမ်ပြီး အညှောက်ဖောက်လျင် မျိုးစေ့ အပင်ပေါက်မှု အားကောင်းစေပြီး မျိုးစေ့ဆောင်ပိုးရောဂါများ ကင်းစင်စေပါသည်
🌿🌿🌿ပထမအကြိမ် ပျိုးခင်းမြေပြင်ချိန် ပျိုးသက် (၁၄)ရက်သား ပျိုးမနုတ်မီ (၃-၄)ရက်အလို ရေအဆ ၂၀၀ ဖြင့်ရောဖြန်းပါ
❗❗❗ပျိုးပင်သန်စွမ်းစေသည်၊ ပျိုးနုတ်ရလွယ်ကူစေသည်၊ ပျိုးချေးနည်းပြီး အမြစ်ထွက်ရှိမှု အားကောင်းစေပါသည်
#စပါးအထွက်တိုးရေး

 #ဝက်မွေးမြူရေး  #ကြက်မွေးမြူရေး တွင်  #အီးအမ် ကို အသုံးပြုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ👉ဝက်ရေချိုးရန်နှင့် ဝက်န...
09/07/2023

#ဝက်မွေးမြူရေး
#ကြက်မွေးမြူရေး တွင် #အီးအမ် ကို အသုံးပြုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ
👉ဝက်ရေချိုးရန်နှင့် ဝက်နေသောကြမ်းပြင် နံရံများကို အီးအမ်(၁:၅၀၀) ရောစပ်အသုံးပြုရပါမည်
👉တစ်ပတ်လျင် တစ်ကြိမ်ကျ အသုံးပြုပေးခြင်းဖြင့် အနံ့ဆိုးများပပျောက်စေပြီး ဝက်ကျန်းမာရေးကောင်းစေပါသည် အစာစာနှုံးလည်း ကောင်းစေပါသည်
👉ကြက်သောက်သောရေထဲတွင် (၁:၅၀၀) နှုံးဖြင့်ထည့်တိုက်ပေးလျင် ကြက်ကျန်းမာရေး ပိုမိုကောင်းလာပြီး ဥဥနှုံး အသားထွက်နှုံးပါ ကောင်းလာစေပါသည်
👉ကြက်ခြံပတ်ဝန်းကျင်ကို ပုံမှန်ဖြန်းပေးလျင် ကြက်ခြံပတ်ဝန်းကျင် အနံ့အသက်ကင်းစေပြီး ကြက်များရောဂါကူးစက်မှုမှ ကာကွယ်ပေးပါသည်
မိတ်ဆွေတို့ရဲ့ မွေးမြူရေး လုပ်ငန်းများ တိုးတက်အောင်မြင်ကြပါစေ
မိသားစု

စိုက်/မေွး လုပ်ငန်းလုပ်သူများ အမြတ်များများ ရရှိနိုင်ဘို့ #သွင်းအားစု များကို လျော့ချနိုင်ဘို့ နည်းလမ်းများကို စဥ်းစားသင...
02/07/2023

စိုက်/မေွး လုပ်ငန်းလုပ်သူများ
အမြတ်များများ ရရှိနိုင်ဘို့
#သွင်းအားစု များကို လျော့ချနိုင်ဘို့ နည်းလမ်းများကို စဥ်းစားသင့်ပါတယ်
ဥပမာ-ငါးအမိုင်နိုလုပ်သုံးလျင် ပုလဲသုံးရတာထက် စရိတ်အများကြီး အကုန်အကျသက်သာမည်(ပုလဲနှင့်တွဲသုံးလျင်လည်း ကုန်ကျစရိတ် သက်သာမည်)
နှင့်ပေါင်းသတ်လျင် ပေါင်းသတ်စရိတ်အပြင် မြေဆီစရိတ်ပါ သက်သာမည် စသည်ဖြင့် စဥ်းစားကြစေချင်ပါတယ်
#မွေးမြူရေး #အစာ လုပ်သုံးနိုင်လျင် အမြတ်များများကျန်မည် တွဲသုံးလျင်လည်း စရိတ်သက်သာမည်
#ပေါင်းသတ်ဆေး
#မြေဆီ
#မှိုသတ်ဆေး

အီးအမ်ကို  #ပတ်ဝန်းကျင်ထိန်းသိမ်းရေး တွင် အသုံးပြုခြင်းအီးအမ်ကို👇👇👇💯ရေအဆ ၁၀၀မှ ၅၀၀ ကြားရောစပ်ပြီး အမှိုက်ပုံကို ဖြန်းပေး...
29/06/2023

အီးအမ်ကို #ပတ်ဝန်းကျင်ထိန်းသိမ်းရေး တွင် အသုံးပြုခြင်း
အီးအမ်ကို👇👇👇
💯ရေအဆ ၁၀၀မှ ၅၀၀ ကြားရောစပ်ပြီး အမှိုက်ပုံကို ဖြန်းပေးလျင် အနံဆိုးများသက်သာပျောက်ကင်းပြီး ယင်ကောင်များလည်း လျော့နည်းသွားပါမည်

💯ရေဆိုးမြောင်း၊မိလ္လာကန်ထဲသို့ အရည်ထုထည်၏ ၁% ထည့်ပေးခြင်းဖြင့် အနံ့ဆိုးများပျောက်ကင်းပြီး မိလ္လာထုထည်လျော့ကျခြင်း ရောဂါပိုမွှားများကို သေစေခြင်း

💯လယ်ကွင်းထဲထည့်ပေးခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်ခြင်းကို လျော့ချနိုင်သဖြင့် ကမ္ဘာကြီး ပူနွေးလာမှုကို လျော့ချနိုင်ပါသည်

💯စက်ရုံအလုပ်ရုံများမှထွက်သော ရေဆိုးများကိုလည်း သန့်စင်အောင် လုပ်နိုင်ပါတယ်
ရေဆိုးပမာဏ၏ ၀.၀၁%မှ ၀.၁% ထိနေ့စဥ်ထည့်ပေးရန် လိုအပ်ပါသည်

💯ကန်ရေများသန့်အောင် ဆောင်ရွက်ရာတွင် ကန်အောက်ခြေသို့ အီးအမ်ရောက်ရှိရန် လိုအပ်သဖြင့် em mudball ကိုထည့်ပေးခြင်းက ပို၍ကောင်းပါသည်

အီးအမ်ဖြင့် စိုက်/မေွး လုပ်ငန်းများ တိုးတက်စေရန်နှင့် ကမ္ဘာကြီး သန့်ရှင်းအောင် ပြုလုပ်နိုင်သဖြင့် ကျွုပ်တို့အတွက် အလွန်တရာအရေးပါသော ပစ္စည်း ဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်

 #ထရိုင်ကိုဒါးမား✔✔✔မိမိစိုက်ခင်းထဲက မှိုရောဂါတွေကို ပျောက်ကင်းစေပြီ✔✔✔အထွက်နှုံး ပါကောင်းစေမယ့်ထရိုင်ကိုဒါးမား ခေါ် မှိ...
22/06/2023

#ထရိုင်ကိုဒါးမား
✔✔✔မိမိစိုက်ခင်းထဲက မှိုရောဂါတွေကို ပျောက်ကင်းစေပြီ
✔✔✔အထွက်နှုံး ပါကောင်းစေမယ့်
ထရိုင်ကိုဒါးမား ခေါ် မှိုဘုရင်ကို မိမိစိုက်ခင်းမှာ ထည့်ပြီးကြပြီလား
⛔မထည့်ဖြစ်ဘူးဆိုလျင် ဆုံးရှုံးမှု ဘယ်လောက်များမလဲဆိုတာ စဥ်းစား
ကြည့်ပြီးကြပြီလား❓❓❓

❗❗❗❗❗စိုက်ပျိုးရေး မွေးမြူရေး  လုပ်ကိုင်သူတို့အတွက် မကြာခင်မှာ စိုက်ပျိုးရေး မွေးမြူရေး ဆေးများ စျေးတက်လာနိုင်ပါတယ်(တက်မ...
21/06/2023

❗❗❗❗❗
စိုက်ပျိုးရေး မွေးမြူရေး လုပ်ကိုင်သူတို့အတွက်
မကြာခင်မှာ စိုက်ပျိုးရေး မွေးမြူရေး ဆေးများ စျေးတက်လာနိုင်ပါတယ်(တက်မှာပါ)
ပစ္စည်းပြတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်
ဒါကြောင့် မိမိလုပ်ငန်းအတွက် လိုအပ်တဲ့ ဆေးများကို မိမိကိုယ်တိုင်လည်း လုပ်သုံးဘို့ ပြင်ဆင်ထားသင့်ပါတယ်❗❗❗

12/06/2023

စိုက်ပျိုးရာသီ စတော့မည့် သူများအတွက်
#ငါးအမိုင်နိုအက်ဆစ်
#အီးအမ်
#ထရိုင်ကိုဒါးမား တို့ကို စတင်သုံးစွဲသင့်ပါပြီ
ဒါမှသာ ရောဂါကင်းပြီး အထွက်နှုံးကောင်းသည့် အကျိုးကိုခံစားကြရမှာပါ

စပါးစိုက်ရာသီရောက်လာရင် ဘာလုပ်မလဲ❓❓❓❓❓အီးအမ်ကို ကြိုတင်ဖျန်းထားခြင်းအားဖြင့် ပေါင်းခဏခဏ ရှင်းရတဲ့ ဒုက္ခက ကင်းဝေးစေပါတယ် ...
04/06/2023

စပါးစိုက်ရာသီရောက်လာရင် ဘာလုပ်မလဲ❓❓❓❓❓
အီးအမ်ကို ကြိုတင်ဖျန်းထားခြင်းအားဖြင့် ပေါင်းခဏခဏ ရှင်းရတဲ့ ဒုက္ခက ကင်းဝေးစေပါတယ်
#ပေါင်းနှိမ်နင်းဆေး
#သဘာဝဆေး

Address

Yangon
11021

Telephone

09778552523

Website

Alerts

Be the first to know and let us send you an email when EM အကျိုးပြုအဏုဇီဝ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EM အကျိုးပြုအဏုဇီဝ:

Videos

Share


Other Animal Rescue Service in Yangon

Show All