Wetty Online Shopping

Wetty Online Shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wetty Online Shopping, Animal Shelter, Yangon.
(3)

Wetty Wet Tissue 8's , 10's , 30 's and 80's from Malaysia made
04/02/2018

Wetty Wet Tissue 8's , 10's , 30 's and 80's from Malaysia made

မင်္ဂလာပါမေမေတို့ရေ💞သယ်သွားသယ်လာလွယ်ကူတဲ့ခလေးရောလူကြီးရောသုံးလို့ရတဲ့ချစ်စရာအိတ်ဆောင်mini wipes လေးတွေရောင်းပြစေရှင်😊🌸အခြာ...
22/12/2017

မင်္ဂလာပါ
မေမေတို့ရေ💞သယ်သွားသယ်လာလွယ်ကူတဲ့ခလေးရောလူကြီးရောသုံးလို့ရတဲ့ချစ်စရာအိတ်ဆောင်mini wipes လေးတွေရောင်းပြစေရှင်😊

🌸အခြားသောwipesတွေနဲ့မတူသောထူးခြားချက်မှာပင်လယ်ရေအောက်တွင်းမှရရှိသောအရည်တစ်မျိုးကိုအဓိကထား၍ထည့်သွင်းထားသောကြောင့်အေးမြမှုကိုပို၍ရရှိစေပါသည်🌸

🌸နူးညံ့ထူထဲသောချည်သားစစ်စစ်ကိုခောတ်မှီနည်းပညာဖြင့်ပိုးသတ်သန့်ကာထုတ်လုပ်ထားပါသည်🌸

🌸အညစ်အကြေးကိုသန့်စင်ရလွယ်ကူစေရန်ပျားအုံပုံစံကဲ့သို့အချိုင့်အထစ်လေးများဖြင့်ထုတ်လုပ်ထားသောကြောင့်သုတ်ရတာလွယ်ကူပါတယ်ရှင်🌸

🌸ရှားစောင်းလက်ပါတ်တွင်အဓိကပါဝင်သည့်အေးမြခြင်းနှင့်အမာရွတ်များကိုသက်သာပျောက်ကင်းစေသောအကျိုးအာနိသင်ရှိသည့်အဆီကိုအဓိကထုတ်ယူပြီးအခြားဆေးဖက်ဝင်အပင်များနှင့်ပေါင်းစပ်ကာထုတ်လုပ်ထားပါခြင်းဖြစ်ပါသည်🌸
🌸အယ်ကိုဟောလုံးဝမပါပါဘူးနော်🌸

🌱ရနံ့အနေနဲ့ကတော့အနံ့မပါတာနဲ့Rose🌹Apple🍏ဆိုပြီးသုံးမျိုးရှိပါတယ်🌱
တရုတ်မိတ်မဟုတ်ပါဘူးနော်
မလေးကနေတိုက်ရိုက်သွင်းတာပါရှင်

🏡စမ်းချောင်းအနီးတစ်ဝိုက်ပို့ခမယူပါဘူးနော်
ကျန်မြို့နယ်များdeliခအများဆုံးကျသင့်ငွေ၁၀၀၀မှ၂၀၀၀ဝန်းကျင်သာကျသင့်ပါ့မယ်ရှင်🏡
💰ရောင်းဈေးကတော့ ၁၂ထုတ်ကို၃၀၀၀ပါရှင်
ပြန်လည်ရောင်းချလိုသူများလက်ကားဈေးသပ်သပ်ရှိပါတယ်နော်💰

17/04/2017

(၃) လ မှ (၁) နှစ်အရွယ် ကလေးငယ်တွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ကြမလဲ
==============
(၁) စာဖတ်ပြခြင်း

ကလေးငယ်တွေဟာ မတူညီတဲ့ ပုံစံတွေနဲ့ တောက်ပတဲ့ အရောင်တွေကို ကြည့်ရတာ အင်မတန်မှ သဘောကျနှစ်ခြိုက်တဲ့အတွက် အရောင်အသွေး စုံလင်စွာပါတဲ့ ရုပ်ပုံကားချပ်စာအုပ်လေးတွေကို ဖတ်ပြခြင်းအားဖြင် သင့်ကလေးငယ် ဦးနှောက်ဖွံ့ဖြိုးစေမှာ အသေချာပါပဲ

(၂) ကလေးငယ်နှင့် စကားပြောခြင်း

ကလေးငယ်လေးတွေကို မွေးသည့်နေ့ က စပြီး စကားပုံမှန်ပြောပေးဖို့ လိုအပ်ပါတယ်…စကားပြောတဲ့အခါလည်း မျက်လုံးချင်းစုံပြီး ပြောဖို့မမေ့နဲ့နော်……..

(၃)ကလေးငယ်ရဲ့အရပ်နဲ့ သင့်တော်တဲ့ မှန်ကို ချိတ်ထားပေးပါနော်

ကလေးငယ်တွေ သူတို့ရဲ့ မျက်နှာတွေ လှုပ်ရှားမှုတွေကို မြင်နိုင်ဖို့ မကွဲနိုင်တဲ့မှန်တွေကို သူတို့လေးတွေရဲ့ ပုခက် ဒါမှမဟုတ် အနီးဆုံးနေရာမှာ ချိတ်ထားပေးသင့်ပါတယ်။ဒါမှမဟုတ် သူတို့ဆော့နေရင်းလဲ မြင်နိုင်အောင် မှန်အကြီးကြီးတွေကို နံရံနဲ့ကပ်ပြီး ချိတ်ထားပေးရင်လည်း အဆင်ပြေပါတယ်...သင့်ကလေးငယ်ကတော့ မှန်ထဲမှာ လှုပ်ရှားနေတာ သူဆိုတာ နားမလည်နိုင်ပေမဲ့ လက်ကလေးတွေ လှုပ်ရှားနေပြီး သူ့ကို မှန်ထဲမှာ ပြုံးပြနေတာကို ကြည့်ရတာ နှစ်သက်ကြပါတယ်

(၄) အသံထွက်တဲ့ အရုပ်လေးတွေ နဲ့ ဆော့ကစားစေခြင်း

ကလေးငယ်တွေကို ထိလိုက်တိုင်း ဂီတသံ သို့မဟုတ် မတူညီတဲ့ အသံမျိုးစုံထွက်နိုင်တဲ့ အရုပ်လေးတွေ ပေးထားခြင်းဟာ…. သာယာချိုမြိန်တဲ့ အသံလေးတွေ ကြားရတယ်ဆိုတာမျိုး ၊ အရုပ်လေးကို သွားထိရတယ်ဆိုတဲ့ သဘောတရားကို သူတို့ကိုယ်တိုင်ပဲ အလွယ်တကူ လေ့လာတွေ့ရှိနိုင်မှာပဲ ဖြစ်ပါတယ်

(၅) မတူညီတဲ့ အသံလေးတွေနဲ့လဲ မိတ်ဆက်ပေးခြင်း

မတူညီတဲ့ အရာဝတ္ထုတွေကနေ ကွဲပြားတဲ့ အသံတွေရှိတယ်ဆိုတာ နားလည်အောင်လို့ ခေါင်းလောင်း တီးရင် ဒီအသံထွက်တယ် ဗုံကို တီးရင် ဒီသံထွက်တယ် စသဖြင့် ပစ္စည်းလေးတွေ ရဲ့ ခြားနားချက်ကို လက်တွေ့ပြပြီး ရှင်းပြခြင်းဟာ ဦးနှောက်ဖွံ့ဖြိုးဖို့ ကို အထောက်အကူပြုစေပါတယ်

(၆)အထိအတွေ့ အသစ်တွေကို ခံစားခိုင်းခြင်း

ကလေးငယ်တွေကို မတူညီတဲ့ အထိအတွေ့ကို ခံစားစေနိုင်ဖို့ သန့်ရှင်းရလွယ်ကူပြီး ပါးစပ်ထဲထည့်လို့ရတဲ့ ပစ္စည်းတွေကို စီစဉ်ပေးထား ခြင်းဟာလဲ ဦးနှောက်နဲ့ ခံစားချက် ကို အလုပ်လုပ်စေပါတယ်
------------------------
Olympians LearningHub ဆိုတာ သင့်ကလေးရဲ့ လက်ယာဘက်ဦးနှောက်ဖွံ့ဖြိုးဖို့ အတွက် အတွေ့အကြုံရှိတဲ့ ဆရာ/ဆရာမတွေနဲ့ သင်ကြားပေးနေတဲ့ နေရာတစ်ခုပါ။ လက်ယာဘက်ဦးနှောက်ဖွံ့ဖြိုးမှု့ ဆိုတာ ဘယ်လိုအကျိုးရှိတယ်ဆိုတာ အောက်က link တွေက ကလေးမိဘတွေရဲ့ စကားတွေ ဖတ်ကြည့်နိုင်ပါတယ်

How can you help your 3 months to 1 year old baby develop their brain ?
===============
1. Reading books
Read books which include colorful pictures can help to develop your baby's brain and he will also love looking at different picture types and bright colors.

2. Talking to them
You can talk to your baby regularly starting from the moment they are born. Don't forget to establish eye contact with your baby too!

3. Placing a mirror at their height
In order to your baby's face and body movements, you can consider hanging a safe designed mirror near your baby's play area or cot. You can also consider placing a bigger mirror on the wall in order to be in constant view when they are playing. Although they may not understand that the person in the mirror is themselves, they will love seeing the smiling face in the mirror.

4.Playing with noisy toys
Let your baby play with toys which can produce sound or music when they touch it or play with it. This can stimulate their senses while they are learning and playing by themselves.

5.Introduce different sounds
Your baby can understand the different sounds made from different things by testing them through hands-on experience such as ringing a bell or using a drum as this can help to develop the brain of your baby.

6.Experiment with different textures (touch sensation)
Allow your baby things to touch objects with different textures and which can be cleaned easily. Safely designed toys that are designed for a child to put into their mouths can also let a baby feel different textures through their tongues, and thus provide more brain stimulation.

Olympians Learning Hub is a place to help your children develop their Right Brain through our experienced teachers. Please click on the following links to see how our students' parents have benefited from our Right Brain Learning (tm) method:

http://on.fb.me/1YJCK7F Sai Wai Yan Hein Khant
http://on.fb.me/1KOaIyn Moe Pwint Cho
http://on.fb.me/1OOdSHp Khant Min Thant
http://on.fb.me/1hMYk9D Thon Nay Ye Naing
http://on.fb.me/1ToRUuF Shin Thant Thu
http://on.fb.me/1IIePLL Myat Htet Htet Kyaw
http://on.fb.me/1Z7mRXS Shoon Yati Than Oo

29/03/2017

ချက်ကြွေခြင်း
------------

• မွေးပြီးတာနဲ့ ကလေးချက်ကို သားဖွားဆရာမက
ပလပ်စတစ်ညှပ် ကလေးနဲ့ ညှပ်လိုက်ပါတယ်။

• ၂-၃ ရက်မြောက်မှာ ချက်ဖူးကလေးက ခြောက်ပြီး
ပိတ်သွားပါပြီ။ အဲဒီအချိန်မှာ ညှပ်ကို ဖြုတ်လို့ ရပါပြီ။

• အဲဒီချက်ဖူးကလေးက တဖြည်းဖြည်း မဲလာပြီး
ကျုံ့လာပါလိမ့်မယ်။

• ၁-၂ ပတ်အတွင်း အဲဒီချက်ဖူးကလေးက ကြွေသွား
ပါလိမ့်မယ်။

• ၂ ပတ်ကျော်လို့မှ မကြွေသေးရင် သားဖွား
ဆရာမ(သို့) ဆရာဝန်နှင့်ပြပါ။

• ချက်ကြွေပြီးလျှင် အရည်ကြည်လေး စို့နေတာကို
တွေ့ရတတ်ပါတယ်။ အဲဒီ အရည်က အနည်းငယ်
စီးကပ်ခြင်း। အညိုရောင်သန်းခြင်း। အနည်းငယ် အနံ့
ထွက်ခြင်း တို့ဖြစ်နိုင်ပါသည်။ အဲဒါပုံမှန်ပါပဲ။

• ပုံမှန်မဟုတ်တာက ချက်အရေပြား နီရဲခြင်း। ပြည်ထွက်ခြင်းတို့ ဖြစ်ပါတယ်။ ပိုးဝင်သွားတဲ့ လက္ခဏာပါ။ ကလေးဆရာဝန်နဲ့ အမြန်ပြသရန် လိုအပ်ပါတယ်။

ပိုးမဝင်အောင် ဘယ်လိုလုပ်ကြမလဲ?
-------------------------------
• မကြွေသေးသော ကလေးချက်ဖူးကို မလိုအပ်ပဲ မထိ
ပါနဲ့။

• ထိရန်အကြောင်း ရှိလျှင်လည်း လက်ဆေးပြီးမှ ထိပါ။

• ချက်ဖူးနေရာ မသန့်ရှင်းပါက-
ဆူအောင်ပြုတ်ထားသော ရေနွေးကို အအေး
ခံပြီး ဆေးပေးနိုင်သည်။ ဆပ်ပြာ। ပိုးသတ်ဆေး।
ဘီတာဒင်း। အရက်ပြန် ဘာမှသုံးစရာမလိုပါ။ ပတ်
တီးလည်း အုပ်စရာမလိုပါ။

• ကလေးရေချိုးပေးပြီလျှင် ချက်ဖူးကလေး( မကြွေ
သေးပါက) ကိုခြောက်အောင်ပြုလုပ်ပေးပါ။ လေသ
လပ်( air-dry) မကြာခဏ လုပ်ပေးလျှင် အခြောက်
မြန်ပါသည်။ ဒါကြောင့် ချက်ဖူးကို ဘောင်းဘီ।
nappy। diaper များဖြင့် မအုပ်မိပါစေနှင့်။

• အကယ်၍ ချက်ဖူးပေါ်သို့ ကလေး၏ ဆီးနှင့်ဝမ်းများ
ပေသွားပါက ဆပ်ပြာနှင့်ရေဖြင့် ဆေးရန် လိုအပ်
သည်။ ရေကလည်းသန့်ဖို့ လိုသလို। ဆပ်ပြာက
လည်း မပြင်းဖို့လိုပါသည်။ ကလေး၏ မစင်တွင်
အဆီများသောကြောင့် ရေတခုတည်းဖြင့် ဆေးလျှင်
မပြောင်ပါ။

• ချက်ဖူးကလေး ကြွေပြီး အရည်စိုနေတာက ၁-ပတ်
ကျော်လာလျှင် ဆရာဝန်နှင့် ပြသပါ။

---------

စိုးမိုးကျော် ( Child Health Myanmar Page )

Address

Yangon

Alerts

Be the first to know and let us send you an email when Wetty Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category


Other Animal Shelters in Yangon

Show All