Golden Sea Aquarium & Pet Shop

Golden Sea Aquarium & Pet Shop အိမ်မွေးတိရစ္ဆာန်လေးများအတွက် ဆက်စပ်ပစ္စည်းများကိုဈေးနှုန်းချိုသာစွာဖြင့်ရရှိနိုင်ပါသည်။

Lego Betta Tank လေးတွေရောက်ပါတယ်ခင်ဗျာ အရောင်ကတော့ အနီ၊အဖြူ၊အပြာ၊အမဲ ဆိုပြီး၄ရောင်ရပါမယ်ခင် Betta သာမက လိပ်၊ခရု၊ပင်ကူအပြ...
07/06/2024

Lego Betta Tank လေးတွေရောက်ပါတယ်ခင်ဗျာ အရောင်ကတော့ အနီ၊အဖြူ၊အပြာ၊အမဲ ဆိုပြီး၄ရောင်ရပါမယ်ခင် Betta သာမက လိပ်၊ခရု၊ပင်ကူအပြင်တခြား ကိုစိတ်ကူးတည့်ရာ အရုပ်ကလေးတွေထည့်ပြီး မိမိတို့ရဲ့ရုံးခန်း၊အိပ်ယာ ဘေးမှာအလှထားလို့လဲရပါတယ်ခင်ဗျာ😁ဪ ကျန်သေးတယ် ဗျာ GUPPY ဆရာကြီးတွေအတွက်လဲ Photo tank လုပ်လို့ရတယ်ဗျာ😁

Price: Betta Tank ကန်သီးသန့် မီးမပါ (16cm)=10000ks
Betta Tank with Led lamp ကန်+မီး=18000ks

Size အသေးပိစိလေးမဟုတ်ပဲ ဖိုက်တာတစ်ကောင်အဆင်ပြေပြေနေလို့ရတဲ့ 16cm*10.5cm*13.5cmH size အကြီးပါခင်ဗျ

ကန်တစ်ခုနဲ့တစ်ခုလဲအလွယ်တကူဆင့်ထားလို့ရပါတယ်

မှန်မဟုတ်ပဲ ပလပ်စတစ်သားမို့ ပေါ့ပါးအကြမ်းခံပါတယ်

သူ့အတွက်မီးကလဲ အရောင် 7ရောင် remote နဲ့ ပြောင်းလို့ရတော့ ငါးနဲ့ကိုက်တဲ့အရောင် ထားလို့ရပါတယ်ဆိုတော့မိုက်ပြီးသားဘဲဗျာ 👍
ကဲ့လိုအပ်ရင်တော့ ဆက်သွယ်မှာယူနိုင်ပါတယ် 09791063872 ကိုဆက်သွယ်လို့လဲရသလို Page Cb ကနေလဲဆက်သွယ်လို့ရပါတယ် မြန်မာပြည်အနှံပို့ဆောင်ပေးပါတယ်ခင်ဗျာ😍

23/05/2024

ဈေးမေးပြီးမဝယ်လို့တဲ့ဗျာ

ပူလောင်အိုက်စပ်နေတဲ့ရာသီမှာ ဘေဘီလေးတွေအတွက် အေးအောင်ထားမယ်😊
06/05/2024

ပူလောင်အိုက်စပ်နေတဲ့ရာသီမှာ ဘေဘီလေးတွေအတွက် အေးအောင်ထားမယ်😊

SOBO AC/DC Air pump လေးတွေရောက်ပါတယ်
02/12/2023

SOBO AC/DC Air pump လေးတွေရောက်ပါတယ်

FlowerHorn အတွက်ငါးစာအသစ်လိပ်ကလေးတွေအတွက် လိပ်စာအသစ်တွေရောက်ပါတယ်ခင်ဗျာ
02/12/2023

FlowerHorn အတွက်ငါးစာအသစ်
လိပ်ကလေးတွေအတွက် လိပ်စာအသစ်တွေရောက်ပါတယ်ခင်ဗျာ

မျိုးသုဉ်းသွားပြီလို့ယူဆခဲ့ပြီးနောက် နှစ် ၁၀၀ အကြာမှ ပြန်လည်တွေ့ရှိခဲ့တဲ့ Golden Mole တွေမျိုးသုဉ်းသွားပြီလို့ယူဆရတဲ့ ရှ...
02/12/2023

မျိုးသုဉ်းသွားပြီလို့ယူဆခဲ့ပြီးနောက် နှစ် ၁၀၀ အကြာမှ ပြန်လည်တွေ့ရှိခဲ့တဲ့ Golden Mole တွေ

မျိုးသုဉ်းသွားပြီလို့ယူဆရတဲ့ ရှားပါး Golden Mole တစ်ကောင်ကို ခွေးတစ်ကောင်က မမျှော်လင့်ဘဲ ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်ပညာရှင်တွေက Golden Mole တွေဟာ ထာဝရပျောက်ကွယ်သွားပြီဖြစ်ကြောင်း ပြောကြားပြီးနောက် နှစ်ပေါင်း 100 အကြာတွင် သဲထဲတွင်ကူးခတ်နေတဲ့ Golden Mole တစ်ကောင်ကို တွေ့ရှိခဲ့ကြတာပါ။ De Winton’s golden mole လို့ခေါ်တဲ့ မျိုးစိတ်အား တောင်အာဖရိက အနောက်မြောက်ကမ်းရိုးတန်းရှိ ကမ်းခြေများတွင် ထပ်မံတွေ့ရှိခြင်းမပြုမီ 1936 ခုနှစ်တွင် နောက်ဆုံးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ EWT ရဲ့ အကြီးတန်းထိန်းသိမ်းစောင့်ရှောက်ရေးမန်နေဂျာ Cobus Theron က “De Winton’s golden mole တကယ်ရှိနေတာကို လူတော်တော်များများက သံသယရှိကြပေမဲ့ မျိုးစိတ်တွေ မျိုးသုဉ်းခြင်းမရှိသေးဘူးလို့ ကျွန်တော်ယုံကြည်ထားပါတယ် မှန်ကန်တဲ့ထောက်လှမ်းမှုနည်းလမ်း၊ မှန်ကန်တဲ့အချိန်နဲ့ ရှာဖွေဖို့ စိတ်အားထက်သန်တဲ့ အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်မယ်လို့ ကျွန်တော်ယုံကြည်ခဲ့တယ်” ဟု ဆိုပါတယ်။

သူကဆက်လက်ပြီး “2023 မှာ ဒီမျိုးစိတ်ကို ပြန်ရှာတွေ့နိုင်သေးတာ အရမ်းကောင်းတယ်လို့ ထင်ပါတယ် ကျွန်တော်တို့မှာပြောပြဖို့ အခွင့်အရေးရှိလာခဲ့ပြီး အပြောင်းအလဲလုပ်ဖို့ အခွင့်အလမ်းတွေရှိလာပါတယ်” ဟု ပြောပြခဲ့ပါတယ်။ မျိုးသုဉ်းသွားပြီလို့ယူဆရတဲ့ ဒီတိရစ္ဆာန်လေးကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းက တကယ့်ကိုကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပြီး သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုကိုလည်း ချီးကျူးထိုက်ပါတယ်။

Shwemom
photos from globalwildlife

ငှက်ခြင်းအထူသား  batterfly တံဆိပ်၊ဆိုဒ် 18x14x13၊အရောင်သုံးရောင်ရောက်ပါတယ်။20000ks
13/11/2023

ငှက်ခြင်းအထူသား batterfly တံဆိပ်၊ဆိုဒ် 18x14x13၊အရောင်သုံးရောင်ရောက်ပါတယ်။
20000ks

ရောက်ရှိ
10/11/2023

ရောက်ရှိ

ဗုံးချိတ်လေးတွေရမယ်
21/09/2023

ဗုံးချိတ်လေးတွေရမယ်

လက်ကမကျသေးဘူးဘဲ😁 ဈေးကတော့ရှယ်ဘဲ အားပေးတဲ့ညီလေးရောတကူးတကလာအပ်ပေးတဲ့ညီလေးရော ကျေးဇူးပါဗျာ🙏 16x12x3to5 အဖုံးလေး
03/09/2023

လက်ကမကျသေးဘူးဘဲ😁 ဈေးကတော့ရှယ်ဘဲ အားပေးတဲ့ညီလေးရောတကူးတကလာအပ်ပေးတဲ့ညီလေးရော ကျေးဇူးပါဗျာ🙏 16x12x3to5 အဖုံးလေး

ကန်တွေနဲ့စဉ်တွဲရက်ရောင်းမည် အတွဲလိုက်ယူရင်မီးလိုင်းပါဖျက်ထည့်‌‌ေပးမည်မီး‌ေချာင်း၊မီးပလတ်ခုံများ၊ငါးကန်ဆိုဒ်36x18x18(6),2...
22/07/2023

ကန်တွေနဲ့စဉ်တွဲရက်ရောင်းမည် အတွဲလိုက်ယူရင်မီးလိုင်းပါဖျက်ထည့်‌‌ေပးမည်မီး‌ေချာင်း၊မီးပလတ်ခုံများ၊ငါးကန်ဆိုဒ်36x18x18(6),24x18x16(4),18x18x16(1),ဖော့ချပ်အထူခံထား1လက်မထု၊ကန်တိုင်းရေသန့်စက်ပါမည်။ရှေ PP boat နဲ့တံခါးလုပ်ထားသည် တစ်တွဲ 4သိန်းအတိ ဆိုင်ပြန်ဖွင့်မဲ့သူများ တန်းပြီးဆိုင်ဖွင်နိုင်သည်။အားလုံး ၂တွဲနဲ့တခြမ်းရှိသည်။

https://t.me/goldensea1/17ဇူးဇူးကိုကြောက်လို telegram မှာလဲ channel လေးကို join ပြီးအားပေးလိုရတယ်နော်
25/04/2023

https://t.me/goldensea1/17
ဇူးဇူးကိုကြောက်လို telegram မှာလဲ channel လေးကို join ပြီးအားပေးလိုရတယ်နော်

25/04/2023

Pet Supply

ဇူးဇူးရဲ့ရန်ကတနေတခြားများများလာတော့ telegram channel လေးလုပ်ထားတယ်ခင်ဗျာ join ပေးကျပါအုန်း အဲ့မှာကျပြည်ပြည်စုံစုံပိုတင်လ...
25/04/2023

ဇူးဇူးရဲ့ရန်ကတနေတခြားများများလာတော့ telegram channel လေးလုပ်ထားတယ်ခင်ဗျာ join ပေးကျပါအုန်း အဲ့မှာကျပြည်ပြည်စုံစုံပိုတင်လို့ရလို့ပါတယ်ခင်ဗျာ

Pet Supply

အခုတော့ အလုအယက် အပိုင်သိမ်းနေကျပြီး လူတွေတောင် ပန်ကာတို့ air cooler တို့နဲ့အပူရှောင်သေးတာဗျာ ဟူမန်းတို့လဲဟန်းဟန်းတို့ကို...
20/04/2023

အခုတော့ အလုအယက် အပိုင်သိမ်းနေကျပြီး လူတွေတောင် ပန်ကာတို့ air cooler တို့နဲ့အပူရှောင်သေးတာဗျာ ဟူမန်းတို့လဲဟန်းဟန်းတို့ကိုဝယ်ပေးသင့်တယ်နော်
Cooler House လေးတွေရောက်ပြီးခင်ဗျာ ရန်ကုန်မြို့မကတနိုင်ငံလုံးပို့ပေးပါတယ်ခင်ဗျာ

Gerbil Fattail Mouse 🐁
18/04/2023

Gerbil Fattail Mouse 🐁

အခုံးကန်လေးတွေလဲရောက်ပါတယ်
02/04/2023

အခုံးကန်လေးတွေလဲရောက်ပါတယ်

Lego LED ကန်လေးတွေရောက်ပါတယ်ခင်ဗျာ အရောင်၆မျိုးရပါမယ် White,Blue,Light Blue,Red, Yellow ရပါမယ်ခင်ဗျာ ပုံတောင်အများကြီးတင...
02/04/2023

Lego LED ကန်လေးတွေရောက်ပါတယ်ခင်ဗျာ အရောင်၆မျိုးရပါမယ် White,Blue,Light Blue,Red, Yellow ရပါမယ်ခင်ဗျာ ပုံတောင်အများကြီးတင်မရတာခွင့်လွှတ်ကျပါဗျာ😁

28/01/2023

မွေးချင်နေပါပြီး🥰
Credit AT Entertainment

လက်ဖဝါးပေါ် တင်ထားနိုင်လောက်အောင် သေးငယ်တဲ့ ကမ္ဘာ့အရှားပါးဆုံး ယုန်မျိုးစိတ်ကမ္ဘာပေါ်မှာ အသေးဆုံးနဲ့ အရှားပါးဆုံး ယုန်မျ...
13/01/2023

လက်ဖဝါးပေါ် တင်ထားနိုင်လောက်အောင် သေးငယ်တဲ့ ကမ္ဘာ့အရှားပါးဆုံး ယုန်မျိုးစိတ်

ကမ္ဘာပေါ်မှာ အသေးဆုံးနဲ့ အရှားပါးဆုံး ယုန်မျိုးစိတ်ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၊ ကိုလံဘီယာမြစ်ဝှမ်းဒေသမှာ ကျက်စားတဲ့ Columbia Basin Pigmy Rabbit ပါပဲ။ လက်ဖဝါးပေါ်မှာ တင်ထားနိုင်လောက်တဲ့ အရွယ်အစားရှိပြီး အလျား ၉.၃ လက်မကနေ ၁၁.၆ လက်မကြား၊ ခန္ဓာကိုယ်အလေးချိန်က ၃၇၅ ဂရမ်ကနေ ၅၀၀ ဂရမ်ကြားပဲ ရှိပါတယ်။ ယုန်အမတွေကတော့ ယုန်အထီးတွေထက် အနည်းငယ် ပိုကြီးထွားကြပါတယ်။

၂၀၀၁ ခုနှစ်က နောက်ဆုံးကျန်ရစ်တဲ့ Columbia Basin Pigmy Rabbit ယုန်မျိုးစိတ် ၁၄ ကောင်ကို မူလကျက်စားရာဌာနေကနေ သားဖောက်စီမံကိန်းအတွက် ရွှေ့ပြောင်းခေါ်ဆောင်ခဲ့ပေမဲ့ မျှော်မှန်းသလောက် သားဖောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ ၂၀၀၈ ခုနှစ်မှာတော့ Columbia Basin Pigmy Rabbit ယုန်မျိုးစိတ်စစ်စစ် ယုန်ထီးလေး သေဆုံးသွားခဲ့ပါတယ်။ Columbia Basin Pigmy Rabbit ယုန်မျိုးစိတ်စစ်စစ် ပျောက်ကွယ်သွားပေမဲ့ သားရဲတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေက Idaho pygmy rabbit ယုန်မျိုးစိတ်နဲ့ မျိုးစပ်ပြီး Columbia Basin Pigmy Rabbit ယုန်မျိုးစိတ် မပျောက်ကွယ်သွားအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Ref: The World’s Smallest Rabbit Breed Fits in the Palm of Your Hand
Credit
Team ( ရိုးရာလေး)

Dark side ကြီးရဲ့ကြမ်းချက်🤮တိန်
11/12/2022

Dark side ကြီးရဲ့ကြမ်းချက်🤮
တိန်

South Asian Pye Dog / Indian Pariah Dog( မြန်မာအခေါ် - ဗမာခွေးလေးများ )တွေ့တာများတော့ သတိမမူမိသလိုနေ့တိုင်းတွေ့နေကျ လမ်း...
09/10/2022

South Asian Pye Dog /
Indian Pariah Dog
( မြန်မာအခေါ် - ဗမာခွေးလေးများ )

တွေ့တာများတော့ သတိမမူမိသလို
နေ့တိုင်းတွေ့နေကျ လမ်းဘေးခွေးလေးတွေဟာ ဘယ်က ဆင်းသက်လာတဲ့ အမျိုးလေးတွေဆိုတာကို သတိမထားမိတတ်ကြပါဘူး။

ခွေးချစ်တတ်လာတာ သူတို့ကြောင့် ဖြစ်သလို၊ စပြီး သေချာကိုင်တွယ်ပြီး အစာကျွေးဖူးခဲ့တာကလည်း လမ်းဘေးခွေးလေးတွေဖြစ်ပါတယ်။ ခုထိလည်း လမ်းမှာတွေ့ရင် စလိုက် နောက်လိုက်နဲ့ သူတို့ကို ကြည့်ပြီး အမောပြေရစမြဲပါ။

ကျွန်တော်တို့ဆီမှာတော့ လမ်းဘေးခွေးလေးတွေကို ဗမာခွေးလေးတွေ ၊ လမ်းခွေးလေးတွေလို့ အလွယ်ခေါ်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ မျိုးရင်းက India က လာတာဖြစ်ပါတယ်။

Indian Pariah dog လို့ ခေါ်သလို South Asian Pye dog , Desi dog လို့လည်း ခေါ်ပါတယ်။ နာမည်အတိုင်းပဲ အထူးသဖြင့် တောင်အာရှနိုင်ငံများမှာ ပေါက်ပွားနေထိုင်ကြပါတယ်။

အမြင့် ၂၀-၂၅ လက်မ
ကိုယ်အလေးချိန် ၂၈-၄၅ ပေါင်
သက်တမ်း ၁၂-၁၆ နှစ် ( လမ်းပေါ်က ခွေးလေးတွေကတော့ ၄-၆ နှစ် ဝန်းကျင်ပဲ သက်တမ်းရှိကြပါတယ်)

ခွေးလေးတွေရဲ့ အမှတ်အသားက နားရွက်ထောင်မယ် ၊ တြိဂံပုံ ခေါင်း ၊ နှုတ်သီးချွန်ချွန် ၊ အမြီးကောက်ကောက်လေးတွေ ဖြစ်ပါတယ်။ မျက်လုံးက အညိုရောင်ဖြစ်ပြီး အမွေးကလည်း အညိုရောင်ကနေ အမည်းရောင်အထိ အမျိုးမျိုးရှိကြပါတယ်။ စပ်ကြားအရောင်များလည်း ရှိကြပါတယ်။

ခွေးလေးတွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယ၊ ပါကစ္စတန် ၊ ဘင်္ဂလားဒေ့ရှ် ၊ သီရိလင်္ကာ အပါအဝင် တောင်အာရှ နိုင်ငံများမှာ စတင်ပေါက်ဖွားခဲ့တာဖြစ်ပါတယ်။ ထိုနိုင်ငံများသည် ကိုလိုနီဖြစ်ခဲ့သည့်အလျောက် အခြားနိုင်ငံများမှ အခြေချနေထိုင်သူများထံမှ တဆင့် ကမ္ဘာအနှံ့ကိုလည်း မျိုးပြန့်သွားခဲ့ပါတယ်။ South Asian Pye Dog တွေရဲ့ ခေါင်းခွံ ကျောက်ဖြစ်ရုပ်ကြွင်းကို အိန္ဒိယ ရှေးဟောင်း တူးဖော်မှုတစ်ခုမှာ တွေ့ခဲ့ရသလို၊ သမိုင်းမတင်မီ လှိုဏ်ဂူ နံရံဆေးရေးပန်းချီတွေမှာလည်း သူတို့ကို ရေးဆွဲထားတာကို တွေ့ရပါတယ်။ သြစတြေးလျက Dingo ခွေးမျိုး ၊ နယူးဂီနီက Singing ခွေးမျိုးတွေရဲ့ ဘိုးဘေးမျိုးရင်း ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အဆိုပါ Pye dog လေးတွေဟာ သစ္စာရှိခြင်း ၊ ထိန်းကျောင်းရ လွယ်ကူခြင်း ၊ အသိဥာဏ် မြင့်မားခြင်းတို့ကြောင့် နာမည်ကျော်ခဲ့ပေမယ့် တိုင်းတပါးက ကိုလိုနီများရောက်ရှိလာချိန်မှာ နိုင်ငံခြားခွေးမျိုးများက ဖုံးလွှမ်းသွားခဲ့ပြီး လမ်းဘေးခွေးလေးတွေ အဖြစ် ရောက်ရှိသွားကြပါတော့တယ်။

စိတ်နေစိတ်ထားကို ကြည့်မယ်ဆိုရင် အမြဲတမ်း ဖျတ်လတ်နေပြီး အပေါင်းအသင်းမင်တဲ့ အမျိုးအစားလေးတွေပါ။ သူတို့ရဲ့ ပိုင်နက်အပေါ် ကာကွယ်လိုစိတ်ကြီးမားခြင်းကြောင့် အစောင့်ခွေး ၊ ရဲခွေးများအဖြစ်လည်း အသုံးချလေ့ရှိပါတယ်။ တိရိစ္ဆာန်ကု ဆရာဝန်များရဲ့ လေ့လာချက်အရ အဆိုပါခွေးလေးတွေဟာ အချို့သော တန်ဖိုးကြီး ခွေးများထက်တောင် ပိုပြီး အသိဥာဏ်ရှိတတ်ကြတာကို တွေ့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ နာမည်ကြီးတဲ့ ကောင်းသတင်းနောက်တစ်ခုက အကြမ်းခံနိုင်ခြင်းပဲဖြစ်ပါတယ်။ သဘာဝအတိုင်း ပေါက်ပွားတဲ့မျိုးရိုးဖြစ်တာကြောင့် ဒူပေဒဏ်ပေခံနိုင်လှပြီး ကျန်းမာရေးပြဿနာများ နည်းပါးလှပါတယ်။ အစာငတ်ဒဏ်ကို ခံနိုင်ရည်ရှိကြပြီး တော်ရုံရာသီဥတုကို မမှုပါဘူး။ အမွေးတွေကို တယုတယ ထိန်းသိမ်းပေးဖို့ မလိုသလို သူတို့ဟာသူတို့ သန့်ရှင်းရေးလုပ်နိုင်ကြပါတယ်။ ဖောက်ထားတဲ့ မျိုးရိုးမဟုတ်ခြင်းကြောင့် မွေးရာပါ ကျန်းမာရေး ချို့ယွင်းမှုများ မရှိသလောက်ရှားပါတယ်။ ကာကွယ်ဆေး သေချာထိုးပေးပြီး ဂရုသာစိုက်ပေးပါက တိကုဆရာဝန်ထံ မရောက်သလောက်ဖြစ်မယ့် ခွေးမျိုးလေးတွေ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့လေးတွေ သေဆုံးရခြင်း အဓိကအကြောင်းရင်းတွေမှာ ရထား ၊ ကား တိုက်ခံရခြင်း ၊ အစာငတ်ပြတ်မှု ၊ သောက်ရေသန့် မရရှိခြင်း ၊ ခန္ဓာကိုယ်မှာ ကင်ဆာအကြိတ်များ ဖြစ်လာခြင်း ၊ မြွေကိုက်ခြင်း နှင့် လူတွေက ရိုက်နှက်ခြင်းများကြောင့် သေဆုံးကြရပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ သက်ဆိုင်ရာနိုင်ငံများမှ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းများသည် အဆိုပါ South Asian Pye Dog လေးများ ပေါက်ပွားမှု များလာခြင်းကို ပတ်ဝန်းကျင်အတွက် ကျန်းမာရေးအန္တရာယ်များ ရှိလာနိုင်ကြောင်း တင်ပြလာကြပါတယ်။ မျိုးပေါက်မှုနှုန်းကို ထိန်းဖို့ ကြိုးစားလာကြသလို ရှိရင်းစွဲ ခွေးကောင်ရေများကိုလည်း ထိန်းသိမ်းနိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားနေကြပြီဖြစ်ပါတယ်။
Credit Ko Kyaw Thu Ya
Ref: AKC

ပျောက်ကွယ်လုဆဲဆဲ Burmese Bamboo Sharksမြန်မာ့ရေပြင်မှာ ကျက်စားနေထိုင်ခဲ့ဖူးပြီး မျိုးသုန်းဖို့ အခြေအနေတွေကြုံတွေ့‌နေရတဲ့...
28/09/2022

ပျောက်ကွယ်လုဆဲဆဲ Burmese Bamboo Sharks

မြန်မာ့ရေပြင်မှာ ကျက်စားနေထိုင်ခဲ့ဖူးပြီး မျိုးသုန်းဖို့ အခြေအနေတွေကြုံတွေ့‌နေရတဲ့ ရေသတ္တဝါတွေထဲကမှ လူသိနည်းတဲ့ ငါးမန်းအသေးစားတစ်မျိုးပဲဖြစ်ပါတယ်။
1963 ခုနှစ် ရန်ကုန်မြို့အနီး ကမ်းရိုးတန်းမှာ‌တော့ 57cm ရှည်တဲ့ အထီးတစ်ကောင်ကို ဖမ်းမိခဲ့ဖူးပြီး Washington DC က National Museum of Natural History မှာ ထိန်းသိမ်းထားခဲ့ပါတယ်။ ရေအနက် 29m ကနေ 33m အတွင်းမှာဖမ်းမိခဲ့တာပါ။ လူသားတွေကို အန္တရယ်မပြုကြတဲ့ ဒီငါးမန်း‌လေး‌တွေဟာ မြန်မာနိုင်ငံရဲ့အပူပိုင်းရေပြင်တွေမှာ ကျက်စားနေထိုင်ခဲ့ပြီး အခုအခါမှာတော့ မျိုးသုန်းမယ့်အခြေအနေမှာရှိနေပြီး နိုင်ငံတကာကထိန်းသိမ်းစောင့်ရှောက်သူတွေကပါ "extremely rare" လို့ပြောရတဲ့အခြေအနေရောက်နေပါပြီ။

Science name - Chiloscyllium burmensis
Family - Hemiscylliidae

အသွင်အပြင် - Burmese Bamboo shark တွေမှာ ရှည်လျား ထင်ရှားတဲ့နှာယောင်ရှိပါတယ်။ ပါးလွှာတဲ့ ရေယက်တွေရှိပြီး ထင်ရှားတဲ့ color pattern မရှိပါဘူး။ တခြားငါးမန်းတွေနည်းတူ ကြီးမားတဲ့ ပါးဟပ်တွေရှိပါတယ်။ သူတို့ရဲ့ခေါင်းပေါ်မှာ cirri လို့ခေါ်တဲ့ သေးငယ်တဲ့ အသား‌ပြားလေးတွေရှိပါတယ်။ cirri တွေဟာ Burmese Bamboo Sharks တွေ ပုန်းကွယ်ရာမှာ‌အထောက်အကူပေးပါတယ်။

Habitats - Burmese Bamboo shark တွေဟာ အများဆုံး 23 လက်မခန့်သာကြီးနိုင်ပြီး သိပ် active မဖြစ်ကြပါဘူး။ အများအာ့ဖြင့် ရေနက်ပိုင်း သိုမဟုတ် ပင်လယ်ကြမ်းပြင်မှာသာနေတတ်ပါတယ်။ သူတို့အရွယ်အစားကြောင့် အစာအများကြီးမစားတတ်ပဲ ပုစွန်၊ ငါးသေး စတဲ့ အသေးစားအစာတွေကိုပဲ အမဲလိုက်လေ့ရှိပါတယ်။ Burmese Bamboo Sharks တွေရဲ့ social behavior ကိုတော့ ထဲထဲ၀င်၀င်မလေ့လာနိုင်သေးပေမယ့် သေချာတာကတော့ အုပ်စုလိုက်မနေတတ်ကြပဲ တစ်ကောင်ချင်းသီးသန့်နေတတ်ကြပါတယ်။

ရှားပါးမျိုးစိတ်ဖြစ်တဲ့နည်းတူ Burmese Bamboo Sharks တွေနဲ့ပတ်သက်တဲ့အချက်အလက်ဟာ နည်းပါးလှပါတယ်။ ကျနော်တို့အနေနဲ့ ဒီထက်ပို လေ့လာရမှာဖြစ်ပြီး ဒီထက်ပို ထိန်းသိမ်းစောင့်ရှောက်ရမှာလည်းဖြစ်ပါတယ်။ ဒီနေ့ content ကတော့ ဒီလောက်ပါပဲ။ အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်တယ် ဆိုပေမယ့် မျိုးရင်းလေးတွေကိုထိန်းသိမ်းစောင့်ရှောက်ပေးရင် ပိုပြီးကျေးဇူးတင်မိမှာပါ။
Crd

07/09/2022

သခင်ကြီးတို့ရဲ့ မဟာထွင်လုံးများ😁

ဖောက်ထွင်းမြင်ရတဲ့ ဦးခေါင်းနဲ့ ပင်လယ်ငါးဖောက်ထွင်းမြင်ရတဲ့ ဦးခေါင်းနဲ့ ငါးကို မြင်ဖူးကြလား။ အဲဒီလိုငါးမျိုးကို ပင်လယ်ရေန...
07/09/2022

ဖောက်ထွင်းမြင်ရတဲ့ ဦးခေါင်းနဲ့ ပင်လယ်ငါး

ဖောက်ထွင်းမြင်ရတဲ့ ဦးခေါင်းနဲ့ ငါးကို မြင်ဖူးကြလား။ အဲဒီလိုငါးမျိုးကို ပင်လယ်ရေနက်ပိုင်းမှာ မြင်တွေ့ရနိုင်ပြီး the barreleye ငါး (သိပ္ပံနာမည် Macropinna microstoma) လို့ ခေါ်ပါတယ်။ ဦးခေါင်းအတွင်းမှာ စူထွက်နေတဲ့ အစိမ်းရောင်မျက်လုံးတစ်စုံကို အထင်သားမြင်နေရတာပါ။

ထူးခြားတဲ့ပုံသဏ္ဌန်နဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ဒီငါးက ပင်လယ်ပြင်အောက် အနက် မီတာ ၆၀၀ - ၈၀၀ မှာ ကျင်လည်ကျက်စားကြပါတယ်။ ဒီငါးက နေရောင်နဲ့ ဇီဝဖြာထွက်မှုအကြား ခွဲခြားသိနိုင်ပါတယ်။ အဲဒါကြောင့်ပဲ ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ တိရစ္ဆာန်အားလုံးရဲ့အရိပ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ the Monterey Bay Aquarium Research Institute ရဲ့ပင်လယ်ရေနက်ပိုင်းဇီဝဗေဒပညာရှင် ဘရု ရိုဘီဆန်က ဆိုပါတယ်။

ရိုဘီဆန်တို့ရဲ့အဖွဲ့က အဲဒီငါးဟာ မျက်လုံးတွေလှည့်နိုင်တယ်ဆိုတာကိုလည်း အဝေးထိန်းယာဉ်ရဲ့ကင်မရာကတဆင့် စောင့်ကြည့်ရင်းတွေ့ရှိခဲ့ရပါတယ်။ မျက်လုံးတွေလှည့်နိုင်တာကြောင့် ရေထဲက သားကောင်တွေကို သူ့ရဲ့ပါးစပ်ရှေ့နားရောက်တဲ့အထိ ခြေရာခံနိုင်ပါတယ်။ ဒီငါးမျိုးကို မြင်တွေ့ရဖို့ ခဲယဉ်းပါတယ်။ ရိုဘီဆန်က သူ့လုပ်သက် နှစ် ၃၀ အတွင်း the barreleye ငါးကို (၈) ခါလောက်ပဲ မြင်ဖူးခဲ့ပါတယ်။

Ref: This Stunning Deep Sea Fish Has A Transparent Head
Crd
Team ( ရိုးရာလေး )

သခင်ကြီးတို့ရဲ့ နားပါးချက်😁😁😁
26/08/2022

သခင်ကြီးတို့ရဲ့ နားပါးချက်😁😁😁

သားကြီး မင်းငါးမွေးတာဘယ်လောက်ဝါသနာပါလဲ?Me 😁Photo Crd
01/08/2022

သားကြီး မင်းငါးမွေးတာဘယ်လောက်ဝါသနာပါလဲ?
Me 😁
Photo Crd

Zorro နဲ့တူတယ်ဆိုပြီး အင်တာနက်ပေါ်တွင် ရေပန်းစားလာခဲ့တဲ့ ထူးခြားတဲ့အသွင်အပြင်နဲ့ ကြောင်လေးအသက် 50 အရွယ် အင်ဒိုနီးရှားနို...
30/07/2022

Zorro နဲ့တူတယ်ဆိုပြီး အင်တာနက်ပေါ်တွင် ရေပန်းစားလာခဲ့တဲ့ ထူးခြားတဲ့အသွင်အပြင်နဲ့ ကြောင်လေး

အသက် 50 အရွယ် အင်ဒိုနီးရှားနိုင်ငံသား Indraini Wahyudin Noor ဟာ သူ့ရဲ့အိမ်မှာကြောင်တွေအများကြီးရှိပေမယ့်လို့ ကြောင်လေးတစ်ကောင်ကတော့ အားလုံးထဲမှာ အချစ်အခံရဆုံးပဲဖြစ်ပါတယ်။ ပိုင်ရှင်ဖြစ်သူရဲ့အချစ်တွေကို သိမ်းပိုက်ထားခဲ့တဲ့ ဒီကြောင်လေးက ဦးထုပ်ဆောင်းကာ မျက်နှာဖုံးတပ်ထားတဲ့ပုံစံမျိုး အသွင်အပြင်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။
ဒီကြောင်လေးဟာ ဇာတ်ကောင် Zorro နဲ့အရမ်းကိုဆင်တူတာဖြစ်ကာ ပိုင်ရှင်ဖြစ်သူကတော့ သူ့ကိုရိုးရိုးရှင်းရှင်းပဲ Boy ဟု အမည်ပေးထားတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကြောင်လေး Boy ဟာ ဖခင်တစ်ယောက်ဖြစ်နေခဲ့ပြီဖြစ်ပြီး သူ့ရဲ့သားဖြစ်သူ ကြောင်ပေါက်လေးတွင်လည်း သူ့လိုမျိုးတစ်ပုံစံတည်း ဦးထုပ်နဲ့ မျက်နှာဖုံးပုံစံပါလာခဲ့တာပါ။ ဒီ့အတွက် Boy ကတော့ ဂုဏ်ယူနေမယ်လို့ ထင်ပါတယ်။ ကြောင်အသေးလေးကိုတော့ Bandit ဟု အမည်ပေးခဲ့ပါတယ်။

လမ်းသွားလမ်းလာတွေနဲ့ အင်တာနက်သုံးစွဲသူတွေက Zorro နဲ့ဆင်တူတဲ့ ကြောင်လေး Boy ကို အရမ်းစိတ်ဝင်စားကြတာဖြစ်ပါတယ်။ သူ့ရဲ့မျက်နှာဖုံးပုံစံကို တွေ့လိုက်တာနဲ့ သူ့ရဲ့နာမည်ပြောင်ကို ဒီနာမည်ဘာလို့ပေးရလဲဆိုတာ ရှင်းပါတယ်။ ဦးထုပ်နဲ့တူတဲ့ ခေါင်းပေါ်တွင် အနက်ရောင်အကွက်တစ်ခုပါရှိပြီး မျက်လုံးနားတစ်ဝိုက်မှာတော့ မျက်နှာဖုံးတပ်ထားသလို အမည်းအဝိုင်းလေးပါရှိနေတာပါ။

ဒီထူးခြားတဲ့ကြောင်လေးက အင်တာနက်ပေါ်တွင် လူတွေရဲ့အာရုံစူးစိုက်မှုကို ချက်ချင်းဖမ်းယူသွားနိုင်ပြီး သူ့ရဲ့ဗီဒီယိုဟာ TikTok ပေါ်တွင် ရေပန်းအစားဆုံးဗီဒီယိုဖြစ်လာခဲ့ပါတယ်။ မကြာသေးမီက Zorro ရဲ့ဘေးတွင် Bandit အမည်ရှိ ကြောင်ပေါက်လေးတွေ့မြင်ရပြီး မျက်နှာဖုံးတပ်ထားတဲ့ သားအဖနှစ်ယောက်က အင်တာနက်ပေါ်တွင် လူတိုင်းရဲ့အသည်းနှလုံးကို ဖမ်းယူလှုပ်ခတ်စေခဲ့တာပဲ ဖြစ်ပါတယ်။

SHWEMOM
Photos from iwhy_75's instagram

Credit​​                        မြန်မာနိုင်ငံ ဧရာဝတီမြစ်တွင် Puliculidae ငါးအမျိုးအစားသစ်ကို တွေ့ရှိ--------------------...
29/07/2022

Credit​​
မြန်မာနိုင်ငံ ဧရာဝတီမြစ်တွင် Puliculidae ငါးအမျိုးအစားသစ်ကို တွေ့ရှိ
-----------------------
Puliculidae ငါးသည် Cypriniformes of the class Spofinfish အမျိုးအစားတွင် အကျုံးဝင်ပြီး စီးဆင်းမှုရှိသော ရေပတ်ဝန်းကျင် မြစ်အောက်တွင်နေသော အသေးစားငါးတစ်မျိုး ဖြစ်ကြောင်း၊ ယခုလ ၂၄ ရက်နေ့က တရုတ်သိပ္ပံပညာ တံခွန်အသင်းကြီး ကူမင်း တိရစ္ဆာန်သုတေသနဌာနမှ သတင်းအရ ယင်းဌာန၏ အရှေ့တောင် အာရှ တောရိုင်းတိရစ္ဆာန်များ မျိုးစုံမျိုးကွဲတည်ရှိရေး သုတေသနအဖွဲ့သည် စင်ကာပူ အစိုးရတက္ကသိုလ်၊ မြန်မာနိုင်ငံ သစ်တောသုတေသနဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဧရာဝတီ မြစ်ဝှမ်းတွင် Puliculidae ငါးမျိုး ဖြစ်သော Misgurnus yangi ငါးကိုတွေ့ရှိခဲ့ကြောင်း သိရပါသည်။
Burmese border loach catfish နဲ့ လဲ တူပါတယ်။😊

Address

Golden Sea Aquarium & Pet Shop
Yangon
11031

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959421091744

Alerts

Be the first to know and let us send you an email when Golden Sea Aquarium & Pet Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Sea Aquarium & Pet Shop:

Videos

Share

Golden Sea Aquarium & Pet Shop


ချစ်​စရာ​ကောင်​း​သော အလှ​မွေးငါးအမျိုးမျိုးနှင်​့အိမ်​​မွေးတိရစ္ဆာန်​​လေးများ ရောင်းဝယ်ရေး