18/12/2023
နေကြာစိုက်ပျိုးနည်း
===========
ဆီကြိတ်လို့လည်းရ ၊အစေ့စားလို့လည်းရ နေကြာစိုက်ကြ
မလား
နေကြာက အရိုင်းနဲ့ အယဉ်ဆိုပြီးတော့ ၂မျိုးရှိပါတယ် ။
အရိုင်းပင်က နှစ်ရှည်ခံအပင်ဖြစ်ပြီး နေကြာအယဉ်ကတော့ တစ်နှစ်ခံပင်ပဲဖြစ်ပါတယ် ။
တစ်နှစ်ခံနေကြာမှာလည်း ဆီစားနေကြာနဲ့ အစေ့စားနေကြာဆိုပြီးတော့ ၂မျိုးရှိပါတယ် ။
နေကြာပန်းပင်က ကိုင်းများစွာထွက်လေ့မရှိကြပဲနဲ့တစ်ပင်ကို ပန်းပွင့် ၁ပွင့်သာပွင့်လေ့ရှိကြပါတယ် ။
ဒါကြောင့် နေကြာ၁ဧကထွက်နှုန်းကတော့၁ဧကမှာရှိတဲ့
အပင်နဲ့ အောင်မြင်တဲ့ပန်းခိုင်တို့က အဓိကကျပါတယ် ။
တစ်ဧကလုံးအတွက် အထွက်နှုန်းကောင်းရန်အတွက်
ပန်းပွင့်ရန် အသင့်တော်ဆုံး အပင်ဦးရေများများရရှိရန်
အတွက်ဖြစ်ပြီးတော့ ......ပန်းပွင့်ရန်အတွက်ကလည်း
အောင်မြင်တဲ့အစေ့များ ရရှိရမှာဖြစ်ပါတယ် ။
အစေ့များကလည်း အလေးချိန်စီးရမှာ ဖြစ်ပါတယ် ။
နေကြာပင်ကတော့ မြေဩဇာထက်သန်မှုကို ကြိုက်နှစ်သက်ပါတယ် ။
ရေဝပ်ခြင်းကိုတော့ လုံးဝမနှစ်သက်ပါဘူး ။
နုန်းမြေ ၊ သဲနုန်းမြေ ၊ နုန်းမြေဆွေးတို့မှာ နေကြာက
ကောင်းစွာဖြစ်ထွန်းပါတယ် ။
သဲမြေသန့်သန့် ရွှံ့ဆွေးမြေနဲ့ ကျောက်စရစ်မြေတွေမှာ
ဆိုရင်တော့ နေကြာကို မစိုက်ပျိုးသင့်ပါဘူး ။
နေကြာပင်ဟာ မိုးခေါင်တာကို ခံနိုင်ပြီးတော့ မိုးများပြီး
ရေဝပ်တဲ့ဒဏ်ကို မခံနိုင်တဲ့အတွက်မိုးများတဲ့ဒေသတွေ
မှာဆိုရင် မိုးလယ်နဲ့ ဆောင်းဦးကိုစိုက်ပျိုးသင့်ပါတယ် ။
အကောင်းဆုံးကတော့ မိုးနှောင်းပိုင်းမှာ စိုက်ပျိုးတာပဲ
ဖြစ်ပါတယ် ။
နေကြာပန်းပင်စိုက်ပျိုးမဲ့ မြေကိုတော့ သုံးသွားလင်ဗန်းထယ်နဲ့ထိုးပေးပြီး ၁၆သွားထွန်နဲ့ ၂စပ်၃စပ် မွှေပေးရမှာပါ ။
စိုက်ဘောင်များကိုဖော်ပြီးတော့ မျိုးစေ့များကို မြေအနက်
၂လက်မအထက် ပို၍ မနက်စေပဲ မျိုးစေ့ချပေးရမှာ
ဖြစ်ပါတယ် ။
၁ကျင်းကိုတော့ အစေ့ ၄စေ့၅စေ့ ချပေးရမှာဖြစ်ပြီး
လေးငါးရက်အတွင်းမှာ အပင်ပေါက်ကလေးများ
ထွက်လာမှာပဲဖြစ်ပါတယ် ။
အရွက်များထွက်လာတဲ့အခါမှာတော့ အကောင်းဆုံးအပင်ကို ချန်ထားပြီးတော့ ကျန်အပင်တွေကို နှုတ်ပေးရမှာဖြစ်ပါတယ် ။
အသက် ရက် ၃၀ကနေ ၃၅ရက်သားမှာတော့ အဖူးအကင်း
လေးများ စဝင်နေချိန်ဖြစ်ပြီး ပေါင်းလိုက်ခြင်း ၊ဘောင်တင်
ခြင်းတို့ကို ပြုလုပ်ပေးရမှာပါ ။
ပိုးမွှားအန္တရာယ်နှိမ်နှင်းမှုကိုတော့ စောစောပြုလုပ်ရမှာဖြစ်ပြီး
ပန်းပွင့် ပွင့်တဲ့အချိန်ရောက်မှ ပိုးသတ်ဆေးဖျန်းခြင်းကိုတော့
မပြုလုပ်ရပါဘူး ။
နေကြာကို မထွန်ယက်မီ ၁ဧကကို နွားချေး တင်း ၁၀၀
ဒါမှမဟုတ် တင်း ၂၀၀ချပေးရမှာဖြစ်ပါတယ် ။
ပုလဲက ၂၃ပိဿ ၊တီစူပါ ၃၀ပိဿ ၊ပိုတက် ၇ပိသာ
စတာတွေကို ထွန်ယက်တဲ့အချိန်မှာထည့်ပေးရမှာဖြစ်
ပါတယ် ။
၄၀ရက်သားခန့်ရှိပြီဆိုရင်တော့ ပုလဲ ၅ပိဿ ကနေ ၂၃ပိဿအထိ ထည့်ပေးရမှာလည်းဖြစ်ပါတယ် ။
၂လသားအရွယ်မှာ ပန်းခိုင်များပွင့်ပြီးတော့ ရက်ပေါင်း၉၀
ဒါမှမဟုတ် ၁၀၀ကြားမှာ ခူးဆွတ်နိုင်မှာပဲ ဖြစ်ပါတယ် ။
ရက်၁၀၀မှာရ်ှတဲ့ ပုံသဏ္ဍာန်မှာ ပန်းပွင့်တွေဟာ ညိုဝါရောင်
ဖြစ်လာတဲ့အခါမှာတော့ အစေ့များ အောင်မြင်ပြီပဲဖြစ်ပါ
တယ် ။ ဒါကြောင့် ပန်းပွင့်အုံရဲ့အောက် ၄လက်မခန့်ခွာပြီး
ခုတ်သိမ်းပေးရမှာလည်း ဖြစ်ပါတယ် ။
နေကြာပင်မှာ ကျရောက်တတ်တဲ့ရောဂါတွေကတော့
နေကြာပင်ရင်းပုပ်ရောဂါ ၊ နေကြာပင်မဲရွက်ပျောက်ရောဂါ
နေကြာသံချေးတက်ရောဂါ ၊ နေကြာအပွင့်ပုပ်ရောဂါတို့ပဲ
ဖြစ်ပါတယ် ။
#သဘာဝရွက်ဖြန်းအားတိုးဆေး