Smoke Weed Bros? Smoke Weed?

02/01/2025
ဘော်ဒါတို့ ကျွန်တော်တို့ သောက်တဲ့ W**d မှာ Sativa,Indica and Hybrid ဆိုပြီးတော့ အမျိုးအစား သုံးမျိုးရှိတယ်။ ဒီအကြောင်းကိ...
28/12/2024

ဘော်ဒါတို့ ကျွန်တော်တို့ သောက်တဲ့ W**d မှာ Sativa,Indica and Hybrid ဆိုပြီးတော့ အမျိုးအစား သုံးမျိုးရှိတယ်။

ဒီအကြောင်းကို ဘာလို့ပြောချင်တာလည်းဆိုတော့ တစ်ချို့တွေက ကိုယ်တိုင်သောက်ဖူးတာ ဘယ်အမျိုးအစားမှန်း မသိကြဘဲ နားလည်မှုလွဲတတ်ကြတာမျိုးတွေရှိနေတာကြောင့်ပါ။

ဘော်ဒါတို့ သောက်တဲ့ item က ဘာအမျိုးအစားလည်းဆိုတာတွေကို ဘော်ဒါတို့ကိုယ်တိုင်လည်း သိအောင်လုပ်ပြီး ဘယ်အမျိုးအစားတွေက ဘာအတွက်ကောင်းတာမျိုးတွေရယ်။ ဘယ်လိုအချိန်တွေမှာ သောက်ရင် ပိုပြီး အဆင်ပြေနိုင်မလည်းဆိုတာကို သိရအောင် မျှဝေပေးတာပါ။

1. Sativa

Sativa က စိတ်နှင့်စိတ်ဓာတ်မြင့်တင်မှုအတွက် အထူးသင့်တော်ပြီး စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ခြင်း နှင့် အာရုံစူးစိုက်မှုတိုးတက်စေခြင်း အတွက် ထောက်ပံ့ပေးပါတယ်။
အာနိသင်များ:
• စိတ်ဝင်တစားဖြစ်စေသည် (Energizing)
• ဖန်တီးမှုစွမ်းရည်များ တိုးတက်စေသည် (Boosts Creativity)
• စိတ်ကျစရာတွေအတွက် စိတ်ဓာတ်ကို မြှင့်တင်နိုင်သည် (Elevates Mood)
သင့်တော်သောအချိန်:
နေ့ဘက် အလုပ်လုပ်ချိန်မှာ သို့မဟုတ် ဖန်တီးမှုလိုအပ်တဲ့အချိန်တွင် သုံးဖို့သင့်တော်သည်။

2.Indica

Indica သည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာအနားယူမှုကို အမြင့်မားဆုံးခံစားနိုင်စေခြင်း အတွက် အသုံးဝင်ပြီး ငြိမ်းချမ်းမှုနှင့် အနားယူမှုကို ထောက်ပံ့ပေးပါတယ်။
အာနိသင်များ:
• ခန္ဓာကိုယ်အနားယူစေသည် (Relaxing the Body)
• ညအိပ်စက်ခြင်းကို အထောက်အကူပြုသည် (Improves Sleep)
• နာကျင်မှုသက်သာစေပြီး စိတ်ဖိစီးမှုကို လျော့ချပေးသည် (Pain Relief and Stress Reduction)
သင့်တော်သောအချိန်:
ညဘက်အနားယူချိန် သို့မဟုတ် အိပ်စက်ရန်အချိန်များတွင် သုံးဖို့ သင့်တော်သည်။

3. Hybrid

Hybrid သည် Sativa နှင့် Indica အမျိုးအစားနှစ်ခုကိုပေါင်းစပ်ထားသောကြောင့် အာနိသင်နှစ်မျိုးစလုံး ရနိုင်ပါတယ်။ သင့်တော်သောအကျိုးကျေးဇူး ကိုပေါင်းစပ်ထားသည့်အတွက် အမျိုးအစားလိုက် ပိုမိုထူးခြားမှုများ ရှိနိုင်ပါတယ်။
အာနိသင်များ:
• Sativa နှင့် Indica ကို ပေါင်းစပ်ထားသည်။
• သတ်မှတ်ထားသော သက်ဆိုင်ရာရည်ရွယ်ချက်အတွက် သင့်တော်သော အာနိသင်ပေးနိုင်သည်။
သင့်တော်သောအချိန်:
နေ့ဘက်၊ ညဘက်အချိန်မရွေး သုံးနိုင်သည် (သို့သော် Hybrid အမျိုးအစားပေါ်မူတည်ပါတယ်။)

01/11/2023

🍁





24/10/2023

🍁

**dbros ?

27/09/2023

Gaw🔥

တချိန်ကတော့ ကိုယ်လည် Stoner ပေါက်စပဲ..အဖူး သောက်ရတာလား မသိ ရွက်သောက်ရတာလား မသိပဲ...သောက်ရင် စိတ်အေးချမ်းတယ် ဆိုတဲ့ အချက်...
28/03/2023

တချိန်ကတော့ ကိုယ်လည် Stoner ပေါက်စပဲ..

အဖူး သောက်ရတာလား မသိ ရွက်သောက်ရတာလား မသိပဲ...

သောက်ရင် စိတ်အေးချမ်းတယ် ဆိုတဲ့
အချက်ကလေးနဲ သောက်လာတာ..
မသောက်ရရင် စိတ်သိပ် မကြည်ဘူး ဒေါသလေး ထွက်လွယ်တယ်..

ဒါကတော့ ပုံမှန် သောက် သုံးသူဘဝ ပေါ့...

ဒီလိုနဲ နေ့ရောညရော
တရေးနိုး အိပ်ရာဝင်ရော
သောက်လာလိုက်တာ ..

Lemon , Bob သောက်လည်း စိတ် ကကြည်ဓာတ်ကမရချင်ဘူး ...
ဆေးခြောက်ဆိုတာ နောက်ပိုင်းကျရင်
အမြဲ သောက်ရင် အကြည်ဓာတ် မရတော့ဘူးဆိုတဲ့ အမြင်တွေ ဝင်လာခဲ့ဖူးတယ်

တကယ်တော့ ကိုယ့် Limit တွေ တတ်လာတာ ကိုယ် မသိဘူး
Low Quality တွေကို 24/7 သောက်နေလည်း ..
မရေတာ့ဘူး

တဖြည်းဖြည်းနဲ Heavy Doseသမား ဖြစ်မှန်းမသိဖြစ်လာတော့တယ် ...

Stoner လောကမှာ 4:20 ဆိုတာ အလကားပေါ်လာတာမဟုတ်ဘူး ဆိုတာတွေ ကိုလေးလေး နက်နက် သဘောပေါက်လာတယ်

Madical Ma*****na ဆိုပြီး ခွင့်ပြုထားတဲ့ နိုင်ငံတွေမှာ တရားဝင် စိုက်ပျိုး ရောင်းချနေတဲ့ ဆေးခြောက်တွေ
ထဲက Quality ကောင်းတဲ့ Strain တွေကို လွယ်ကူစွာရွေးသောက် နိုင်ရင်တော့ ကောင်းမယ်

တစ်ဖွာ နှစ်ဖွာနဲ တနေကုန် အဆင်ပြေနေရောပဲ ...

Medical Ma*****na ဆိုတာ အရမ်းပြင်းတဲ့ဆေးခြောက်ဘာလို့ဖြစ်နေတာလဲဆိုတာ
တဖြည်းဖြည်းနာလည်လာ ခဲ့တယ်

Stoner အရမ်းစစ်သွားရင်
တစ်ဖွာနှစ်ဖွာနဲ High မှကိုလက်ခံတာ

အမြဲHigh ဖို့ အများကြီးသောက်ရမယ်ဆိုတာကြီးကမဟုတ်သေးဘူးလေ

Stoner မှန်ရင်တော့ Hight Quality w**d ဆိုတဲ့ လမ်းကြောင်း ကိုအမြဲ ရှာရတာပါပဲ ...

wifcalifa ကြီး ဆေးခြောက်ကောင်း တစ်လိပ်တိုက်ရင် Show ပွဲ အလကားဆိုပေးတယ် ဆိုတာ ပုံပြင်မဟုတ်ဘူး

သူတို့နိုင်ငံမှာတောင်မှ Shop တွေမှာ မရတဲ့ Quality တွေရှိသေးတယ်

အဓိကက Indoor Grower ကောင်းကောင်း နဲချိတ်မိထားဖို့ပဲ..

Indoor ဆိုတာ

Og Kush ချင်းတူရင်တောင်
Grower ရဲ့ အပင်ပြုစုပုံပေါ်မူတည်ပြီး
အဖူးတွေ Crystal တွေ အနံတွေ အရောင်တွေ ပြောင်းလဲသွားနိုင်ပါသေးတယ်..

Indoor ဆိုတာ အခန်းထဲ မှာ စိုက်ပျိုးပြီးတော့ သဘာဝအတိုင်းဖြစ်စေရန်
အပူချိန် ထိန်းညှီပေးခြင်း
ပန်ကာဖြင့်လေတိုက်ပေးခြင်း
အပင်ကြွးထွားမယ့်အရွယ်မှာ
အပင်ကို 18နာရီ 80/40လင်းပေး..
အဖူးအရွယ် မှာ 12 နာရီ 40/80 အလင်ပေးခြင်း

အနံ အတွက် ဆေး
အဖူး အတွက်ဆေး
များ အသုံးပြုခြင်း

ရိတ်သိမ်းပြီး အရောင် အနံများ မပြောင်းလဲအောင်
အခြောက်ခံနည်လမ်းများ အဆင့်ဆင့် ပြုလုပ်ရပါတယ်

ထိုမှသာအရည်သွေးမြင့်ဆေးခြောက်များရနိုင်ပါသည်

ဆေးခြောက်က ကောင်းတာတွေ ဝယ်သောက်တာပဲ ..
စိတ် က အရင်လို ခံစားမှု မရတာ့ဘူး ပြောနေတဲ့ ညီငယ်တို့ အတွက် ပြောချင်တာက

အဲဒီထက် ကောင်းတာတွေ ရှာသောက်ပါ ...

Quality ကောင်းတဲ့ ဆေးခြောက် တွေ ဆိုတာကလည်း
Grower ကောင်းလက်ကထွက်ပါမှ

ပြဲပြဲနဲ ပျင်းလို့ရှောက်ရေးခြင်းဖြစ်သည်ဆရာကြီးမဟုတ်ပါ..

Crd... Htet Myat (GW)
*****naInMyanmar

04/03/2023

🍁

ဖက်ကြမ်းရဲ့မူလ ဘူတက အိန္ဒိယနိုင်ငံက Tamil Nadu ပြည်နယ်က စတာပါ အဲ့ကနေမှ မြန်မာပြည်ကို ရောက်ခဲ့ဟန်တူပါတယ် ( ဂန်ဂျာဆိုတာက ဆ...
20/02/2023

ဖက်ကြမ်းရဲ့မူလ ဘူတက အိန္ဒိယနိုင်ငံက Tamil Nadu ပြည်နယ်က စတာပါ
အဲ့ကနေမှ မြန်မာပြည်ကို ရောက်ခဲ့ဟန်တူပါတယ် ( ဂန်ဂျာဆိုတာက ဆေးခြောက်ကို ဟင်ဒီဘာသာလိုပြောတာပါ ၊ indica မျိုးကလဲ Hindu kush ကနေစခဲ့တာမို့ အိန္ဒိယ ဟာ အခရာကျပါတယ်)

အခုပြောမှာက ဖက်ကြမ်းပါ
အိန္ဒိယကစပေမယ့် ဖက်ကြမ်းယဉ်ကျေးမှုက မြန်မာမှာ အောင်မြင်ထွန်းကားပါတယ်

ကျွန်တော်တို့ရွှေမြန်မာစတုန်နာဘိုးအေတွေ စတင်ခဲ့တဲ့ ဖက်ကြမ်းထဲ၀ိထည့်သောက်တဲ့ဓလေ့က (ဘယ်ဘိုးအေစခဲ့လဲတော့မသိဘူး)
အခုခေတ်ထိ အစဉ်အလာပါပဲ
မြန်မာမှန်ရင် ဖက်ကြမ်းနဲ့‌ သောက်ဖူးရပါမယ်

ခုနောက်ပိုင်း နိုင်ငံခြားယဉ်ကျေးမှုတွေ လွမ်းမိုးလာတာရယ်
အရင်ကထက် နိုင်ငံတကာနဲ့ကုန်သွယ်မှု ‌လွယ်ကူလာတာရယ်
အွန်လိုင်းခေတ်ဖြစ်လာတာရယ်
Cheroot တို့လို shopတွေဖြစ်ပေါ်‌လာတာကြောင့်
Rolling paperတွေဘာတွေ၀ယ်လာလို့ရပါတယ်
သူတို့ကျေးဇူးကြောင့်လဲ ကျနော်တို့ raw တွေဘာ‌တွေသုံးရတာပါ
ခုဆို မြန်မာတံဆိပ်တွေပါ ထုတ်လာတာမြင်ရတော့ ၀မ်းသာပါတယ်

(တခုပဲ
ဖက်ကြမ်း ဆိုတော့ ဖက်ကြမ်းရောင်းရမှာပေါ့ဗျာ
ဖက်ကြမ်း တံဆိပ် ပေပါဆိုတော့ နည်းနည်း ရှုပ်တာပေါ့ ပြောရတာ)

အောက်ကပုံတွေက အ‌မေရိကန် ကယ်လီဖိုးနီးယားကထုတ်တဲ့ KING PALM ဆိုတဲ့ ဖက်ကြမ်း warp productပါ။ blunt လိုကိုယ့်ဟာကိုယ်ရိုက်သောက်ရတာပါ
သူက Palm leaf ဆိုပေမယ့် ပုံစံက မြန်မာ့ဖက်ကြမ်းလိုပါပဲ
ပြောင်းဖူးဖင်စီခံလဲသုံးထားတယ်
စိတ်၀င်စားရင် kingpalm.com မှာကြည့်လို့ရပါတယ်

ကျ‌ေနာ် ဆိုလိုချင်တာက ကျွန်တော်တို့ ရွှေမြန်မာတွေ ပေပါ‌‌နဲ့လိပ်သောက်ပြီး ဘိုဆန်နေချိန်မှာ
ဘို‌တွေက ဖက်ကြမ်းလေးခဲနေလေရဲ့
သူတို့ယဉ်ကျေးမှုလိုလိုဖြစ်သွားတာပေါ့ဗျာ

*ဘာနဲ့ပဲသောက်သောက် ဝါးပဲစားစားပါ
စတုန်နာတွေရည်ရွယ်ချက်က တခုတည်းပါပဲ
ကောင်းနေဖို့ပါပဲ အားလုံးငြိမ်းချမ်းပါစေ

- crd TheG***aDiary

ကမ္ဘာကခေါ်တာက  W**d / G***a / Ma*****na / Cannabis ဗမာအခေါ်က ဆေးခြောက် (မုန်းဖို့ကောင်းလိုက်တာဗျာ)Q : အဲ့ဒါကြီးက မူးယစ်ဆ...
17/11/2022

ကမ္ဘာကခေါ်တာက W**d / G***a / Ma*****na / Cannabis
ဗမာအခေါ်က ဆေးခြောက် (မုန်းဖို့ကောင်းလိုက်တာဗျာ)

Q : အဲ့ဒါကြီးက မူးယစ်ဆေးဝါး မလား။ စွဲမှာပေါ့... ရုပ်ရှင်တွေထဲမှာလေ ဆေးစွဲပြီး အိမ်ကပစ္စည်းတွေရောင်းသုံး ဆေးချ ပြီးရင် လမ်းဘေးမှာ ပိုးစိုးပက်စက်သေတာလေ .. blah blah

A: (၁) အဲဒါက မူးယစ်ဆေးမဟုတ်ဘူး။
(၂) မစွဲဘူး။ မသောက်ရလည်း ဘာမှမဖြစ်ဘူး။
(၃) ဗမာကားသိပ်မကြည့်နဲ့။ ကျပ်မပြည့်ဦးဏှောက်တွေနဲ့ ပြည်သူတွေကိုမှိုင်းတိုက်တာ ဒီကောင်တွေလည်း တဖက်တလမ်းကပါ၀င်နေတာ။

Q : ကြာကြာသောက်ရင် သေမှာပဲမလား?

A: ကမ္ဘာစစ်တမ်းအရ တစ်ရက်ချင်းမှာသေဆုံးနေတဲ့ လူတန်းစားအရေအတွက်
- စီးကရက်သောက်လို့သေတဲ့အရေအတွက် - 435,000
- diet လုပ်ပြီးသေတဲ့အရေအတွက် - 365,000
- အရက်သောက်ပြီးသေတဲ့အရေအတွက် - 85,000
- ကား/ ဆိုင်ကယ်တိုက်ပြီးသေတဲ့အရေအတွက် - 26,347
- လူသတ်မှုဖြစ်ပြီးသေတဲ့အရေအတွက် - 20,308
- Aspirin ကြောင့်သေတဲ့အရေအတွက် - 7600
- မြေပဲကြောင့် သေတဲ့အရေအတွက် - 100
- ဆေးခြောက် (Ma*****na) ကြောင့် သေတဲ့အရေအတွက် - 0

(ကဲ .. မြေပဲလောက်တောင် side effect မရှိတဲ့အရာကို မတရားဝါးလုံးချီးသုတ်ရမ်းသန်းစွပ်စွဲနေတဲ့ ချီးဘရိန်းတွေကို ဆေးခြောက်ဘက်ကရှေ့နေ့လိုက်ပြီးတောင် တရားစွဲပစ်ချင်တာ)

ထပ်ပေါင်းထည့်ပြီးပြောရရင်
- ကိုယ်ရော စိတ်ရော နူးညံ့ပျော့ပြောင်းစေတယ်။
- စိတ်တည်ငြိမ်တယ်။
- စကားနည်းတယ်။
- ဦးဏှောက်မှတ်ဥာဏ်မြင့်မားစေတယ်။
- Streess တွေ ပြေပျောက်စေတယ်။ (Stressful ဖြစ်ပြီး su***de လုပ်သွားတဲ့မသာတွေ မသောက်ဖူးလို့ပဲနေမှာ)
- ကင်ဆာရောဂါကိုတောင် ကာကွယ်နိုင်တယ်။
- ကြမ်းတမ်း ရမ်း ဆိုးသွမ်းတဲ့လူတွေကိုကြောက်တယ် (ကိုယ်တိုင်လုပ်ဖို့ဆိုတာ အဝေးကြီး)
- အစားအသောက် စားလို့ပိုကောင်းတယ် အရသာပိုရှိတယ် အရသာပိုသိတယ်။ (နလန်ထ နာတာရှည်သမားတွေဆို ငေါက်ခနဲ ထထိုင်ပြီး ထမင်းစားနိုင်တယ်)
- Sexual ပိုင်းမှာဆိုရင် အရင်ကအကောင်းဆုံးလို့ သိခဲ့တဲ့အရာတွေထက် အဆမတန်ပိုကောင်းတဲ့အရသာကို ရရှိတယ်။ (အိမ်ထောင်ကွဲခါနီး လင်မယားတွေ စုံတွဲတွေသောက်သင့်တာပေါ့)

အဲ့ထက်ကောင်းတာတွေရှိအုန်းမယ်။ ဒါတောင်ပြည့်စုံနေပြီ။
ဒီလောက်အစွမ်းထက်ပြီး လူတွေအတွက် ဥပါဒ်မပေးတဲ့ သဘာ၀အရွက်ကလေးတစ်ရွက် ကို ဘောက်မဲ့ကြောင့် မူးယစ်ဆေးလို့ စွပ်စွဲရတာတုန်း သောက်ရူးချီးဘရိန်း တွေရယ် ....

Written : Gabriella Pann

‘Jack Herer ’ဒဏ္ဍာရီလာ တက်ကြွလှုပ်ရှားသူတစ်ဦး၏ အမှတ်တရJH", "The Jack", "Premium Jack" နှင့် "Platinum Jack" ဟုလည်းလူသိမျ...
22/09/2022

‘Jack Herer ’
ဒဏ္ဍာရီလာ တက်ကြွလှုပ်ရှားသူတစ်ဦး၏ အမှတ်တရ
JH", "The Jack", "Premium Jack" နှင့် "Platinum Jack" ဟုလည်းလူသိများသော Jack Herer သည် အလွန်ကျော်ကြားသော Sativa လွှမ်းမိုးထားသောမျိုးကွဲဖြစ်ပြီး အမေရိကမှာ လူသိအများဆုံး strainတစ်ခုဖြစ်ပါတယ်။
Jack Herer ဆိုတာ Shiva Skunk x Northern Lights #5 နဲ့ Haze (Indica 50% နဲ့ Sativa 50%) အကြား crossbreed (Hybrid) ဖြင့် ရောစပ်ထားတဲ့ မျိုးကို Sensi Seeds မှတီထွင်ခဲ့ပြီး ဤမျိုးကို နယ်သာလန်တွင် 1990 ခုနှစ်များနှောင်းပိုင်းတွင် စတင်မိတ်ဆက်ခဲ့သည်။ ဤမျိုးစိတ်တွင် အာမခံဆု ၉ ဆုရှိပါသည်။

နာမည်ကြီးပြီး ဆေးဖက်ဝင်တဲ့ ဒီဆေးပန်းဖူးပင်ရဲ့နာမည်ကိုတော့ ဒဏ္ဍာရီလာ ဆေးပန်းဖူး တက်ကြွလှုပ်ရှားသူ Jack Herer ကို ဂုဏ်ပြုသောအားဖြင့် ၎င်း၏ မျိုးရိုးအမည် ' Jack Herer ' ဟုပေးခဲ့သည်။ သူသည် ဆေးပန်းဖူးပင်များကို အမျိုးအစား ခွဲခြားခြင်းနှင့် မျိုးစပ်ခြင်းကို ကြိုးစားခဲ့သူ ဖြစ်သည်။ အမေရိကတွင် ဆေးနှင့်စက်မှုလုပ်ငန်း နှစ်ခုလုံးတွင် ၎င်းကို အသုံးပြုရန် အားပေးခံခဲ့ရပါတယ်။


Jack Herr ဟာ ၁၉၈၅ ခုနှစ်က The Emperor Wears No Clothes ကို ရေးသားခဲ့ပြီး လက်ရှိ ဆေးခြောက်ကို ရာဇဝတ်မှု လျော့ချရေးနဲ့ တရားဝင် ခွင့်ပြုခြင်းအတွက် ဆောင်ရွက်ရာမှာ လွှမ်းမိုးတဲ့ စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။
Jack Herer ကို outdoor စိုက်တဲ့အခါ မှာ နေ့အပူချိန် ၂၂.၂ ကနေ ၂၆.၆ ဒီဂရီဆဲလ်စီးယပ်စ်ကြားအထိ ရှိရမှာဖြစ်ပြီး ၇ ပတ်မှ ၁၀ ပတ်အတွင်း ရိတ်သိမ်းပေးနိုင်ပါတယ်။ အကောင်းဆုံး ရိတ်သိမ်းချိန်သည် အောက်တိုဘာလလယ်မှ နှောင်းပိုင်းဖြစ်သည်။
Indoor စိုက်ပျိုးသူများ အနေနှင့် Jack Hererer ကို Topping လုပ်ပီး စိုက်ပျိုးပါသည်။ Jack Hererer ကို Indoor စိုက်ရင် ရက် ၅၀ ကနေ ၇၀ အတွင်းအဖူးရရှိနိုင်ပါတယ်။
ဤမျိုးစိတ်များ၏ အထူးခြားဆုံးသော လက္ခဏာမှာ အစိမ်းဖျော့ဖျော့ ပန်းပွင့်များပေါ်တွင် ပြန့်ကျဲနေသော လိမ္မော်ရောင် အမျှင် အလိပ်များ ဖြစ်ပီး တောက်ပပြီး ကြည်လင်သော trichome များသည် သောက်သုံးသူများအတွက် ထင်းရှူးရနံ၊ ဟင်းခတ်အမွှေးအကြိုင်များ၏ ဆွဲဆောင်မှုရှိသော ရနံ့နှင့် သစ်သီးရနံ တို့ကို ရရှိစေပါတယ်။
Jack Herer ၏ ဆွဲဆောင်မှုရှိသော အရသာနှင့် ချိုမြသောအကျိုးသက်ရောက်မှုများသည် ဆေးဘက်ဆိုင်ရာနှင့် အပန်းဖြေမှုဆိုင်ရာ ဆေးပန်းဖူး သုံးစွဲသူများအကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားလာခဲ့သည်။ ၎င်းတွင် 15 မှ 24% THC အကြားရှိပြီး အနိမ့်ဆုံး CBD ပါဝင်မှုရှိသောကြောင့် လက်ခံသူကို ပျော်ရွှင်စေကြောင်း တွေ့ရှိခဲ့သည်။ စိတ်အေးလက်အေး ဖြစ်သလို စွဲလန်းမှုလည်း ခံစားရစေပါတယ်။
. ထို့ကြောင့် Jack Herer ကို နာတာရှည် ရောဂါ ၊ ပင်ပန်းနွမ်းနယ်မှု ရောဂါ ၊ စိတ်ကျ ဝေဒနာရှင်များကို ကုသရာတွင် သုံးစွဲကြသည်။ စိတ်ကျရောဂါရှိသူများ အပြင် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အာရုံကြောစနစ် ချို့ယွင်းသူတွေ၊ ခေါင်းတစ်ခြမ်းကိုက်သူတွေ၊ PTSD နဲ့ ADHD အပါအဝင် လူနာတွေအတွက် ကုသရာတွငိ ထိရောက်မှုရှိပါတယ်။

Jack Herer ဆေးပန်းဖူးမှရရှိနိုင်သောအကျိုးသက်ရောက်မှာများမှာ
.
စိတ်ခံစားချက်
50% ပေါ့ပါးပြီး သက်တောင့်သက်သာရှိသည်။
53% က ပျော်တယ်၊ ရီတယ် ( ဘော်ဒါတွေနဲ့ဆို ရယ်ရတယ် )
45% တက်တက်ကြွကြွ အလုပ်လုပ်ချင်လာတယ်

အလွန်အကျွံသောက်ခြင်းဖြင့် ရရှိသော အကျိုးသက်ရောက်မှု
24% ပါးစပ်ခြောက်တယ်။( ရေများများဆာတယ် ရေသောက်နည်းသူအတွက် good တယ် ။ ရေများများသောက်ဖြစ်တယ်။ )
14% မျက်လုံးခြောက်တယ်။သာမန်ထက်နည်းနည်းပိုပီး မျက်တောင်ခတ်ဖြစ်တယ်


ဒီရောဂါ လက္ခဏာများကို သက်သာစေသည်။
27% က စိတ်ဓာတ်ကျရောဂါသက်သာ
၃၄% က စိတ်ဖိစီးမှုကို လျော့ကျပီး စိတ်ကိုပေါ့ပါးစေတယ်
27% က စိုးရိမ်သောကလက္ခဏာတွေကို ဖယ်ရှားပေးပီး အလုပ်လုပ်ရာတွင် စဉ်းစားရာတွင် အထောက်အပံဖြစ်စေပါတယ်

Local, Auto, Photoperiod, Feminized, Regular အထက်ဖော်ပြပါ အသုံးနှုန်းတွေကို Cannabis အကြောင်းစတင်လေ့လာနေတဲ့ စတင်စိုက်ပျိ...
10/09/2022

Local, Auto, Photoperiod, Feminized, Regular

အထက်ဖော်ပြပါ အသုံးနှုန်းတွေကို Cannabis အကြောင်းစတင်လေ့လာနေတဲ့ စတင်စိုက်ပျိုးမယ့် Beginner grower တွေအများဆုံး ရောထွေးတတ်ကြပါတယ်။ အဲ့ရောထွေးနေတာ‌က တချို့ချို့သော စိုက်ဖူးတဲ့သူတွေမှာပါ ရောထွေးနေတတ်ပါတယ်။
ကျွန်တော် အဲ့အပိုင်းလေးကို နည်းနည်းလေး နားလည်သလောက် ရှင်းပြပေးပါမယ်။
*စာလည်း နည်းနည်းလေးရှည်ချင်ရှည်သွားပါမယ် စာရှည်လို့ မဖတ်ဖူးဆိုတဲ့ ညိုကီတို့ကိုလည်း လာမေးရင် ဒီ post ကိုပဲ Link လုပ်ပြီး ပြန်ပို့မှာပါ
ဟဲ ဟဲ :3

1. Local
Local ဆိုတာ ဘာကိုခေါ်တာလဲ။ Local ဆိုတာ ဒေသတစ်ခု နိုင်ငံတစ်ခုမှာ ပေါက်ရောက်တဲ့ Domestic Strain or Landrace strain တစ်ခုကိုပြောတာပါ။ ကျွန်တော်တို့နိုင်ငံက သမပိုင်းဇုန်အတွင်းမှာ ‌တည်ရှိတဲ့နိုင်ငံဖြစ်တာနဲ့အညီ ရာသီဥတုက ပူနွေးပါတယ်။ အဲ့လိုပူနွေးတဲ့ နိုင်ငံတွေမှာ Quality ကောင်းတဲ့ ဒေသမျိုးရင်း Sativa တွေရှင်သန်ပေါက်ရောက်ကြပါတယ်။ ကျွန်တော်တို့ မြန်မာမှာဆို ကျောက်၊ သရက်၊ ရှမ်း အစရှိသဖြင့်ခေါ်နေတဲ့ မျိုးတွေပေါ့။ BoB ဆိုတာကတော့ Bay of Bengal ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်ဘက်တွေမှာ ပေါက်တဲ့ Sativa အပင်တွေပါ။ တခြားနိုင်ငံရဲ့ Local တွေဆိုရင် ထိုင်းဆို Thai Sativa၊ Hindu Kush ဆိုရင် ပါကစ္စတန်နဲ့ အာဖဂန်ကြားမှာ‌ပေါက်တဲ့ ရှားပါး Rare Indica Landrace ၊ အာဖဂန်နစ္စတန်မှာဆိုရင် Afghani အစရှိသဖြင့်ပေါ့။ သူတို့တွေဟာ သူတို့နိုင်ငံတွေရဲ့ Local တွေပါပဲ။

2. Auto or Automatic Flowering
Auto ဆိုတာကတော့ စိုက်ပျိုးချိန်တိုတောင်းပြီး အလိုအလျောက်ပန်းပွင့်နိုင်တဲ့ Cannabis အမျိုးအစားပါ။ အလင်းဘယ်လောက်ပဲ ရနေပါစေ သူ့ရဲ့ အပင်သက်တမ်းရောက်ရှိရင် ဖူးလာကြတဲ့အပင်မျိုးတွေပါ။ ရာသီစက်ဝန်းကို လုံးဝမမှီခိုတဲ့ အပင်တွေဖြစ်ပါတယ်။ ရာသီအချိန်မရွေးစိုက်ပျိုးနိုင်ပါတယ်။
Indoor မှာစိုက်ပျိုးမယ်ဆိုရင် 9 weeks to 12 weeks အတွင်းမှာ Harvest လုပ်လို့ရပါတယ်။ Outdoor မှာစိုက်မယ်ဆိုရင်တော့ အပင်ရဲ့ အိုးအရွယ်အစားနဲ့ စိုက်ပျိုးသူပေါ်မှာမူတည်ပြီး 12 weeks ကနေ 16 weeks လောက်ထိကြာနိုင်ပါတယ်။ Cannabis Ma*****na သုံးမျိုးဖြစ်တဲ့ Sativa, Indica and Ruderalis ဒီသုံးမျိုးမှာ Cannabis Ruderalis တစ်ခုထဲမှာပဲ Automatic Flowering type ဖြစ်ပါတယ်။ Sativa and Indica တွေကို Auto Type ဖြစ်ချင်ရင် Ruderalis နဲ့မျိုးဖောက်ရပါတယ်။

3. Photoperiod
Photoperiod အပင်တွေဆိုတာကတော့ ရာသီစက်ဝန်းနဲ့ နေ့အလင်း၊ ညအမှောင်ရရှိမှုအပေါ်မှာ အပြည့်အဝမှီခိုပြီး ပန်းပွင့်ကြတဲ့အပင်မျိုးတွေပါ။ ရုရှားနိုင်ငံနဲ့ အာရှအလယ်ပိုင်းမှာ ပေါက်တဲ့ Cannabis Ruderalis တွေကလွဲရင် ကျန်တဲ့မျိုးရင်း Local cannabis တွေအားလုံးဟာ Photoperiod အပင်အမျိုးအစားတွေပါ။ သူတို့တွေကို Outdoor မှာစိုက်မယ်ဆိုရင် ရိတ်သိမ်းဖို့အတွက် 6 လကနေ 8 လကြားကြာနိုင်ပါတယ်။ Photoperiod အပင်တွေဟာအဖူးဖူးဖို့ရာ ရာသီစက်ဝန်းနဲ့ အလင်းအမှောင်ရရှိမှု ပမာဏာကို မှီခိုတဲ့အတွက် နေ့တာတိုပြီး ညတာရှည်တဲ့ ရာသီဥတုဖြစ်တဲ့ ဆောင်းတွင်းရောက်မှ ဖူးပါတယ်။ အဲ့တာကြောင့် Local Photo ပင်ကိုစိုက်ထားတဲ့ ညိုကီတို့အမေးများသော မေးခွန်းဖြစ်တဲ့ 1 လပိုင်းထဲက စိုက်ထားတာ အခုထိမဖူးသေးဆိုတဲ့မေးခွန်းရဲ့ အဖြေကတော့ ဆောင်းထိစောင့်ပါ။

4. Feminized
လာပါပြီ အဓိက ဇာတ်လိုက်တွေထဲက တစ်ကောင်။Feminized ဆိုတဲ့ အသုံးအနှုန်းကို Premium seed bank တွေက ထုတ်တဲ့ Seed တွေကို စိုက်ချင်လို့ စုံစမ်းတဲ့အခါ Seed ရောင်းတဲ့ Page တွေမှာ အများဆုံးမြင်ဖူးပါလိမ့်မယ်။ အလားတူ Seed bank တွေရဲ့ Website တွေမှာပါပဲ။ Feminized ဆိုတာဟာ Female ဆိုတာသေချာ‌တဲ့ Female ဖြစ်အောင်လုပ်ပေးထားတဲ့ အစေ့တွေကို ဆိုလိုတာပါ။ ဒီမှာ နှစ်ခု ထပ်ကွဲပါတယ်။ Auto Feminized နဲ့ Photoperiod Feminized နဲ့ဆိုပြီးပါ။
Auto Feminized ဆိုတာကတော့ No.2 မှာရေးထားတဲ့ Auto ပင်တွေကို Breeder တွေက မျိုးစပ် မျိုးဖောက်တာတွေလုပ်ပြီး Female ပင်ဖြစ်အောင်လုပ်ထားတဲ့ Seed ပါ။ Photo Feminized ဆိုတာကတော့ No.3 မှာရေးထားတဲ့ Photo အပင်အမျိုးအစားတွေကို Breeder တွေက မျိုးစပ် မျိုးဖောက်တာတွေလုပ်ပြီးတဲ့အခါမှာ Female ပင်ဖြစ်အောင်လုပ်ထားတဲ့ Seed ပါ။
*** ဒီမှာ ရောသွားတတ်တာက Seed page တွေမှာ ရေးထားတတ်တဲ့ Auto/ Feminized ပါ။ Auto လို့ တစ်လုံးထဲ ရေးထားရင် အဲ့တာ Auto flower Feminized ပါ။
Feminized ပဲရေးထားတယ်ဆိုရင်တော့ အဲ့တာ Photoperiod Feminized ပါ။ ***

5. Regular
နောက်ထပ် ဇာတ်ကောင်တစ်ခုပါပဲ။
Regular ဆိုတာဘာလဲ။ Regular ဆိုတာ Cannabis Seed တစ်ခုကို Male or Female မခွဲခြားထားတဲ့ အမျိုးစားပါ။ စိုက်လိုက်လို့ ပေါက်လာတဲ့အခါ အဖိုပင်ဖြစ်ချင်ဖြစ်မယ် အမပင်ဖြစ်ချင်ဖြစ်မယ်။ ဒီနေရာမှာ Feminized တွေလိုပဲ နှစ်ခုထပ်ကွဲပါမယ်။ Auto regular and Photo regular !!! Auto Regular တွေဆိုတာ Auto ပင်တွေကိုမှ အဖို အမ မခွဲထားတဲ့ Seed တွေဖြစ်ပါတယ်။ တချို့သော Seed bank ကြီးတွေက Regular seed ထုတ်မရောင်းပါဘူး။ တချို့ကတော့ ထုတ်ရောင်းပါတယ် (eg. Ethos Genetic)။ Regular seed စိုက်ပြီး အဖိုပင်ပေါက်လာတဲ့အခါ သာမန်စိုက်ပျိုးသူတွေအတွက် အဖူးမရလို့ စိတ်ညစ်တတ်ကြပေမယ့် Breeder တွေအတွက်ကတော့ အပျော်ကြီးပျော်ကြတာပါ။ Genetic တည်ငြိမ်ပြီးသား Strain တစ်ခုရဲ့ Male pollen ဟာ Breeding လုပ်တဲ့အပိုင်းမှာ တန်ဖိုးကြီးပါတယ်။ Photo Regular ကလည်း အပေါ်ကနဲ့ အကြောင်းအရာ အတူတူပဲမို့လို့ ထပ်မရေးတော့ပါဘူး။
:3

တစ်ခုဖြည့်စွက်ပြီးပြောချင်တာကတော့ Group တွေထဲမှာ ရောင်းနေတဲ့ F1, F2 ဆိုတာတွေသည် Strain တစ်ခုရဲ့ Breeding လုပ်ထားသော မျိုးဆက်အဆင့် Generation 1 and 2 ဆိုတာတွေကို ရည်ညွှန်းတာပါ။ Auto ဖြစ်သည် မဖြစ်သည်ကို မရည်ညွှန်းပါဘူး။ Auto male + Auto Female ကို breeding လိုက်တဲ့အခါမှာ True breeding ဖြစ်တဲ့အတွက် Auto F1 regular seed ရပါတယ်။ အဲ့ဒီ F1 သည် အဖိုအမ မခွဲခြားနိုင်တဲ့ Auto F1 ဖြစ်ပါတယ်။ Auto + Photo Breed တာတွေက True Breeding မဖြစ်တဲ့အတွက် ရလာတဲ့ seed ကလည်း F1 အဆင့်မှာ Auto မဖြစ်ပါဘူး။ Auto+Photo breeding လုပ်တာက‌နေ Auto ပြန်ရဖို့အတွက် မျိုးဆက် သုံးဆက်ထိ အနည်းဆုံး ဖောက်ဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်ဝယ်လိုက်တဲ့ F1, F2 တွေသည် Auto ဖြစ်တယ် မဖြစ်ဘူးဆိုတာ Breeder နဲ့သာဆိုင်ပါတယ်။ Colloidal Silver ဆေးရည်သုံးပြီး မျိုးယူထားတဲ့ F1 တွေကတော့ Feminized တွေဖြစ်ပါတယ်။

အားလုံးပဲ အဆင်ပြေကြမယ်လို့ထင်ပါတယ်
မပြေလည်း ပြေလိုက်တော့ လက်ညောင်းတယ်ဟ။

- crd Myanmar Herb Knowlege

'OG Kush'    ဒဏ္ဍာရီလာ အကောင်းဆုံးမျိုးရိုး  .  "Premium OG Kush" ဟုလည်းလူသိများသော OG Kush သည် ကမ္ဘာကျော်မျိုးကွဲတစ်မျိ...
03/09/2022

'OG Kush'
ဒဏ္ဍာရီလာ အကောင်းဆုံးမျိုးရိုး

.
"Premium OG Kush" ဟုလည်းလူသိများသော OG Kush သည် ကမ္ဘာကျော်မျိုးကွဲတစ်မျိုးဖြစ်ပီး အချိန်တိုင်း၏ အကောင်းဆုံး မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရသည်။
.
OG Kush သည် 2020 W**dmaps March Madness တွင် နံပါတ် 1 ရှိသည်။
.
OG Kush ကို Matt Berger မှ 90 ရာစုနှစ် အစောပိုင်းတွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါတွင် စတင်စိုက်ပျိုးခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါမျိုးကွဲကို လော့စ်အိန်ဂျလိစ်ရှိ Josh Del Rosso (ခေါ်) Josh D ထံ လွှဲပြောင်းပေးခဲ့ပီး OG Kush Growth Improver ကို Los Angeles မှ ဟုလည်း လူသိများသည်။
.
OG Kush၏ မူလ ဇာစ်မြစ်သည် ပဟေဠိဖြစ်နေဆဲဖြစ်ပီး စိုက်ပျိုးသူ အများအပြားမှာ hybrid ဖြစ်လား မဖြစ်လား ဆွေးနွေးငြင်းခုံနေကြဆဲဖြစ်သည်။ ဒါပေမယ့် အများစုက Chemdawg x Lemon Thai နဲ့ Hindu Kush (Indica 75% နဲ့ Sativa 25%) တို့ကဲ့သို့ မျိုးစပ်တစ်ခုလို့ ယုံကြည်ကြပါတယ်။
.
OG Kush မှာထူးခြားသော terpene ပုံစံရှိသော မျိုးစပ်မျိုးကွဲဖြစ်ပီး ၎င်းတွင် ကြွယ်ဝသော၊ တစ်မူထူးခြားသော၊ အလွန်စေးသော၊ သံပုရာထင်းရှူး၊ အသီးနံ ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် လောင်စာကဲ့သို့ အနံ့ရှိပီး THC မှာလည်း စပ်မျိုးနှင့် ရာသီဥတု ၊ nutrient ပေါ်မူတည်၍ 20% မှ 25% ကြားရှိသည်။
.
OG Kush သည် ယေဘုယျအားဖြင့် အရပ် 90-160 စင်တီမီတာခန့်ရှိသည်။ အရွက်များသည် အဝါရောင် အစိမ်းရောင်ရှိပီး အရိုးမှာ ခရမ်းစပ်အရောင် ထွက်တတ်သည်။ ပန်းပွင့်များသည် အလယ်အလတ်လည်းရှိသလို အချို့မျိုးများတွင် ကြီးမားနေသည်။ ပန်းပွင့်အရောင် သည် သံပုရာသီးစိမ်းရောင်ရှိပြီး အစေးများစွာဖြင့် ဖုံးအုပ်ထားသည်။ အောက်အဖူးလေးများတွင် သိပ်သည်းသောဖွဲ့စည်းပုံရှိပီးအဖြူရောင်၊ ငွေရောင် အမျှင်စလေးများ ပါတတ်ပါတယ်။
.
OG Kush သည် အလင်းနှင့် အာဟာရအပေါ်မူတည်ပီး ကြီးထွားမှု နှင့် အရောင် အဆင့်ပြောင်းလဲမှုများ ဖြစ်ပေါ်ကာ အမြင့်မားသောအာရုံခံနိုင်စွမ်းနှင့် အလင်းအပေါ်အခြေခံသောကြောင့် ကြီးထွားရန်ခက်ခဲသည်။ OG Kush အစေ့ကို indoor ရော outdoor ရော စိုက်ပျိုးနိုင်ပါတယ်။
.
outdoor စိုက်ပျိုးမယ်ဆိုရင် GO Kush ကို အပူချိန် 23.8°C ရှိ ပတ်ဝန်းကျင်မှာ စိုက်ပျိုးနိုင်ပီး ရိတ်သိမ်းချိန်မှာ အောက်တိုဘာလဆန်း – အောက်တိုဘာလလယ်အတွင်း ကောင်းစွာ ရိတ်သိမ်းနိုင်သည်။ ယေဘုယျအားဖြင့် Indoor orGreenhouse ထဲတွင် အမြင့် 70-100 စင်တီမီတာဖြစ်ပြီး 55 ရက်ခန့် (သို့မဟုတ် 2 လခန့်) အဖူးရနိုင်ပါတယ်။
.
ဆေးပညာအရ OG Kush သည် စိတ်ကျရောဂါအတွက် အထူး ကောင်းမွန်ပီး စိုးရိမ်ပူပန်မှု ဝေဒနာနှင့် ပျို့အန်ခြင်းတို့ကို လျော့ကျအောင် ကူညီပေးနိုင်သည်။ OG Kush ကို အယ်လ်ဇိုင်းမားရောဂါ ကုသရာတွင်လည်း အသုံးပြုပါသည်။ သို့သော် ၎င်း၏ဆိုးကျိုးများမှာ အလွန်အကျွံ ( တစ်ရက် ၅ gram ကျော် ) သုံးလျှင် ရေငတ်ခြင်းနှင့် မျက်လုံးခြောက်ခြင်းအပြင် ခေါင်းကိုက်ခြင်းနှင့် အကြောက်လွန်ခြင်း တို့ဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည်။
.
OG Kush ရဲ့ ကောင်းကျိုးတွေကတော့
56% စိတ်ပျော်လာတယ်
52% သည် အနားယူရန် ကူညီပေးသည်။
အစာစားချင်စိတ် 30% တိုးလာတယ်။
27% နာကျင်မှု လျော့ချပီး
37%က စိတ်ဖိစီးမှုကင်းအောင် ကူညီပေးတယ်။
28% က စိုးရိမ်သောကလက္ခဏာတွေကို လျှော့ချပေးတယ်။

အလွန်အကျွံသောက်ရင်တော့

အကျိုးသက်ရောက်မှုက
34% ပါးစပ်ခြောက်တယ်။
20% မျက်လုံးခြောက်တယ်။
7% အကြောက်လွန်မှု့တွေ ဖြစ်တာတတ်ပါတယ်။


အရင်းအမြစ်
https://www.leafly.com/strains/og-kush
https://www.wikileaf.com/strain/og-kush/
https://w**dmaps.com/strains/og-kush

Myanmar_Herb_Knowledge

သိသူဖော်စား မသိသူ သိအောင်ညွှန်ပြ (အပိုင်း-၁)=========+==========+==============ဆေးခြောက်လို့ပြောလိုက်တာနဲ့ မြန်မာလူမျိုး...
31/08/2022

သိသူဖော်စား မသိသူ သိအောင်ညွှန်ပြ (အပိုင်း-၁)
=========+==========+==============

ဆေးခြောက်လို့ပြောလိုက်တာနဲ့
မြန်မာလူမျိုးတွေရဲ့
အရိုးစွဲနေတဲ့ အသိဟာ မူးယစ်ဆေးပဲလို့တန်းကနဲသတ်မှတ်
လိုက်ကြတာပဲ ဒါပေမယ့် ဘယ်ဟာကို
ဆေးခြောက်လို့ခေါ်တာလဲ ဘာအဓိပ္ပာယ်နဲ့
ခေါ်တာလဲကိုတော့ တိတိပပနားမလည်ကြပဲ
အာဏာရှင်ပညာရေးစနစ်ရဲ့ရိုက်သွင်းခဲ့မှုတွေ
အပေါ်မှာပဲ အတည်ပြုကြတာများတယ်

တစ်ကယ်တော့
ဆေးခြောက်ဆိုတာ ဘယ်လိုဆေးဖက်ဝင်အပင်မျိုး
ကိုမဆို ခြောက်သွေ့အောင်လုပ်ပြီးအသုံးပြုမယ်ဆို
အဲဒါကို ဆေးခြောက်လို့ခေါ်တယ်

(တိုင်းရင်းဆေးဝါးသမားတော်ကြီးတွေထံမှာ
မေးမြန်းစုံစမ်းပါ ဒါမှမဟုတ် မြန်မာစာဖြင့်ရေး
သားထားသောဆေးကျမ်းတွေထဲမှာလေ့လာပါ)

အင်္ဂလိပ်လို Cannabis မြန်မာလို နတ်ဆေးဂမုန်း
ဆိုတဲ့အပင်ကို ဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ်သုံးစွဲ
လာကြတာ တရုတ်နဲ့အိန္ဒိယတို့မှာဆို နှစ်ထောင်ချီရှိ
နေပြီး လက်တင်အမေရိက နိုင်ငံအချို့နဲ့အာဖရိကမှာ
တော့ နှစ်ပေါင်းသောင်းချီသက်တမ်းရှိတဲ့ဆေးကြမ်း
ကြီးတွေမှာပါ မှတ်တမ်းများတွေ့ရှိထားပါတယ်

ဒီအပင်တွေမှာ မျိုးရိုးဗီဇပေါင်းမြောက်များစွာရှိပြီး
ဓာတ်ခွဲစမ်းသပ်ချက်များအရ THC နဲ့ CBD ဆိုတဲ့
ဓာတ်နှစ်မျိုးကိုအခြေခံထားတယ်ဆိုတာတွေ့ရှိရပါ
တယ် THC ဆိုတာကတော့ အကြမ်းဖျင်းပြောရင်
မော်ဖင်တို့ ဒါရိုက်စီဗင်တို့ အေတီဗန်တို့လိုမျိုး
အိပ်ဆေးတွေမှာအသုံးပြုပြီ း ထုံဆေး မေ့ဆေးတွေ
မှာပါ လိုအပ်တဲ့ပမာဏထည့်သွင်းအသုံးပြုနိုင်ပါတယ်

CBD ကတော့ ရောဂါဘယအမျိုးအစားပေါင်းများစွာ
ကို ကုသနိုင်တဲ့အစွမ်းထက်ဆေးဝါးပါ အောက်ဖော်ပြ
ပါ ရောဂါများအတွက်အကျိုးပြုပါတယ်

ကင်ဆာဆဲလ်တွေကိုသတ်ပစ်နိုင်စွမ်းနဲ့ပေါက်ပွားမှု
ကိုတန့်ထားစေနိုင်စွမ်း

အာရုံကြောသေရောဂါနဲ့ဦးနှောက်အာရုံကြောရောဂါ
များကိုပျောက်ကင်းအောင်ကုသနိုင်စွမ်း

ဝမ်းတွင်းကလီစာများကိုသန့်စင်ခြင်းနှင့်ပြုပြင်နိုင်စွမ်း

စိတ်ရောဂါအမျိုးမျိုးအတွက် ပြုပြင်ထိန်းကျောင်းနိုင်စွမ်း

အရိုး အကြောများရောင်ရမ်းနာကျဉ်မှုကိုသက်သာစေ
နိုင်စွမ်း တို့ပဲဖြစ်ပါတယ်

ဒါဆိုဘာလို့ တရားမဝင်မူးယစ်ဆေးအဖြစ်သတ်မှတ်
ထားတာလဲ ?

အချက်ကနှစ်ချက်ရှိပါတယ် ပထမအချက်ကတော့
တန်ဆေး လွန်ဘေးဆိုတဲ့စည်းကမ်းကိုမလိုက်နာ
ကြတဲ့ လူ့လောဘတွေကြောင့်ပါ

နောက်တစ်ချက်ကတော့ အဲဒီလူ့လောဘတွေအပေါ်
မှာ ခေါင်းပုံဖြတ်အမြတ်ထူတ်ချင်ကြတဲ့လူတစ်ချို့
ကြောင့်ပါပဲ

Cannabis ကိုတရားမဝင်လုပ်ထားတာ တို့တိုင်းပြည်
တစ်ခုထဲလားဆိုတော့မဟုတ်ပါဘူး တိုင်းပြည်အတော်
များများမှာတရားမဝင်ပါဘူး ဒါပေမယ့် ပညာတတ်တိုင်း
ပြည်ကြီးတွေမှာတော့ စည်းကမ်းတကျ medical
use only ဆိုပြီး စ်ုက်ပျိုးခွင့် အသုံးပြုနေကြတာ
ရာစုနှစ်ပေါင်းများစွာကြာခဲ့ပါပြီ

အပိုင်း -၂

ဟုတ်ပါတယ် ကမ္ဘာမှာ ဘိန်း စိတ်ကြွဆေးနဲ့
မူးယစ်ဆေးအဖြစ်အသုံးပြုနိုင်အောင်စိုက်ပျိုး
ထားတဲ့ (THC ပမာဏအများကြီးပါဝင်တဲ့)
W**d တွေကို အာဖဂန်နစ္စတန်ပြီးရင် မြန်မာဟာ
စိုက်ပျိုးထုတ်လုပ်ရောင်းချမှုအများဆုံးဆိုတဲ့ ဂုဏ်ပုဒ်
ဝိသေသထူးကို ပိုင်ဆိုင်လာတာ စစ်အစိုးရတစ်သက်
ပါပဲ အခုထိအဆင့်မကျသွားသေးပါ

ဒီတော့ အခန်း - ၁မှာတင်ပြခဲ့ပြီးတဲ့ ဆေးဖက်ဝင်
သဘာဝဆေးဂမုန်းပင် ကိုမူးယစ်ဆေးဝါးအဖြစ်
အသွင်ပြောင်းခဲ့ကြတဲ့ တရားခံတွေကိုသိရှိလောက်ပြီ
လို့ယူဆပါတယ်

မျက်မှောက်ခေတ် ကမ္ဘာပေါ်မှာအတိုးတက်ဆုံးလို့
ပြောရမယ်နိုင်ငံကြီးတွေမှာ cannabis ကိုလုံးဝ
ဆေးဖြစ်ဝါးဖြစ်အသုံးချနိုင်အောင် ဥပဒေတွေကို
စနစ်တကျရေးဆွဲပြီး တစ်ကိုယ်စာ စိုက်ပျိုးသောက်သုံးခွင့်
နဲ့ ဆေးဝါးထုတ်လုပ်မှုအတွက် စိုက်ပျိုးခွင့်တွေပေး
ထားကြပါပြီ သုံးစွဲသူဥပဒေတွေကိုလည်း အမှန်တစ်
ကယ် လိုအပ်တဲ့သူတွေကို လိုအပ်တဲ့ပမာဏရောင်းချ
ပေးပြီး တိုင်းပြည်ကိုအခွန်ရရှိစေပါတယ်
အမေရိကန်နိုင်ငံရဲ့ ၂၀၁၆ ခုနှစ် အခွန်ရရှိမှုမှာ
ဆေးခြောက်ဟာ ၂၂.၀၅ သန်းကျော်ရှိစေခဲ့ပါတယ်
တရားမဝင်စိုက်ပျိုးရောင်းချမှုမှန်သမျှကိုလည်းပြင်း
ထန်တဲ့အပြစ်ဒဏ်တွေချမှတ်ထားပါတယ် စည်းနဲ့
ကမ်းနဲ့ပါ

ဒါဆို တို့တိုင်းပြည်မှာကော အဲဒီလိုစည်းနဲ့ကမ်းနဲ့
မလုပ်ပေးနိုင်ဘူးလားဆိုတော့ ရပါတယ် ဒါပေမယ့်
က်ုယ်စီပြောင်းလဲကြဖို့တော့ လိုပါလိမ့်မယ်
လက်မဲကြီးတွေကလည်းပြောင်းလဲပေးရမယ်
ခေတ်အဆက်ဆက်မြေစာပင်ဖြစ်ခဲ့တဲ့သောက်သုံး
သူတွေအနေနဲ့ကလည်း မူးယစ်ဆေးအဖြစ်မှတ်ယူ
သုံးစွဲလာတဲ့အရာကို ဆေးဝါးတစ်ခုအနေနဲ့သုံးနိုင်
ရမယ် အာဏာပိုင်တွေကလည်း legal ပေးပြီဆို
ကတည်းက သေချာစီစစ်တော့မှာ ဒီလူတစ်ယောက်
မှာ ဒီဆေးဝါးကိုအမှန်တစ်ကယ်လိုအပ်မလား
ဆိုတာ

နောက်တစ်ခုက legal ဖြစ်တဲ့တိုင်းပြည်တွေမှာ
ကြည့်ရင် စနစ်တကျ high quality ကိုရအောင်
စိုက်ပျိုးပြီးမှရောင်းချကြရတယ် ဒါစည်းကမ်းပဲ
လူကိုဘေးဥပဒ်ဖြစ်စေမယ့် ဓာတ်ကြွင်းအာနိသင်
တွေလုံးဝမပါတဲ့ w**d တွေကိုသာ ခွင့်ပြုတယ်
သောက်တဲ့သူတွေကလည်း စိတ်ချလက်ချသောက်
သုံးနိုင်မယ် စျေးကတော့ကြီးပါတယ် ဒါလည်းတစ်
ကယ်တော့ကိစ္စမရှိပါဘူး စျေးကြီးတဲ့အတွက်
တရားလွန်မလုပ်မိစေတော့ဘူးပေါ့

အထူးခြားဆုံးတစ်ချက်ပြောပါမယ် အဲဒါကတော့
ခင်ဗျားတို့မယုံရင်လည်း လေ့လာပါစူးစမ်းပါ
ဆေးခြောက်သောက်လို့သေတဲ့မသာဆိုတာ
ယနေ့ချိန်ထိ ကမ္ဘာမှာမှတ်တမ်းမရှိသေးပါဘူး
မြန်မာမှာလည်း မှတ်တမ်းမရှိပါဘူး အဖိုးတွေအဖွား
တွေ အဖေအမေတွေကိုမေးကြည့်ပါ ဆေးရွက်ကြီး
ကြောင့် ကမ္ဘာမှာ့ယနေ့ တစ်နှစ်ကို လူငါးသန်းကျော်
သေးဆုံးပါတယ် ဆေးလိပ်နဲ့ဆေးရွက်ကြီးတွေဟာ
ကင်ဆာရောဂါအမျိုးမျိုးကိုဖြစ်ပေါ်စေပြီး ကင်ဆာဆဲလ်
တွေကိုသတ်ပစ်နိုင်တန့်ပစ်နိုင်တဲ့ ဒီဆေးဂမုန်းပင်ကျ
တော့ မူးယစ်ဆေးစာရင်းသွင်း အမှောင်တိုက်ထား
တာကတော့ အဆိုးဝါးဆုံးမသမာမှုပါပဲလို့ပြောရင်း

Green Wave

ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Smoke Weed Bros?ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์