05/12/2024
နှလုံးသန်ကောင်ရောဂါ
ဒီတခေါက် ညီမတို့ page လေးမှာမျှဝေသွားမဲ့အကြောင်းရာလေးကတော့ ခွေးလေးတွေအတွက် အထူးသတိပြုရမဲ့ အသက်အန္တရာယ်ထိရောက်နိုင်တဲ့ နှလုံးသန်ရောဂါအကြောင်းဖစ်ပါတယ်ရှင်
နှလုံးသန်ကောင်ရောဂါဟာ ခွေးလေးတွေကို ခြင်ကိုက်ရာကနေတဆင့် အချင်းချင်း ကူးစက်နိုင်တဲ့ရောဂါတမျိုးဖစ်ပါတယ်ရှင်
နှလုံးသန်ကောင် ကူးစက်ခံရပီ စတင်ဖစ်ပေါ်ပီဆိုရင် ပြတက်တဲ့ လက္ခဏာလေးတွေကို ဖေဖေမေမေတို့ ဗဟုသုတရအောင် ပြန်လည်မျှဝေပေးသွားပါမယ်ရှင်
ခွေးလေးတွေဟာ အလိုလိုနေရင်း မောပန်းနေမယ်
အစားစားရဲ့သားနဲ့ ပိန်ချုံးချိနဲ့ပီး အားအင်လျော့နည်းလာမယ်
အကြောင်းမဲ့ ချောင်းခြောက်တွေတအားဆိုးလားမယ်
ပိုဆိုးတဲ့အခြေနေအထိဆိုရင်တော့ ရေဖျင်းဆွဲတာမျိုးထိ ဖြစ်တတ်ပါတယ်ရှင်
နှလုံးသန်ရောဂါဟာ သေစေနိုင်တဲ့ ရောဂါဖြစ်လို့ အထူးသတိပြု ဂရုစိုက်ရမယ့် ရောဂါဖြစ်ပါတယ်ရှင်
နှလုံးသန်ကောင် မဖြစ်အောင် ကြိုတင်ကာကွယ် နည်းတွေလည်း ရှိပါတယ်ရှင် ခုမှစမွေးမယ့် ဖေဖေမေမေတို့ရော ကာကွယ်ဆေး မတိုက်ရသေးတဲ့ ဖေဖေမေမေတို့အတွက် အကျိုးရှိစေဖို့ရည်ရွယ်ပါတယ်ရှင်
ခွေးလေးအသက် ၆လမပြည့်ခင်ကထဲက နှလုံးသန်ချဆေးတွေကိုယ် တလတခါ တိုက်ကျွေးသွားရမှာ ဖြစ်ပါတယ်ရှင်
နောက်ထပ်သတိပြုရမယ့် တစ်ခုက နှလုံးသန်ချဆေးနဲ့ ရိုးရိုးသန်ချဆေးနဲ့က လုံးဝလုံးဝ မတူပါဘူးရှင်
အသက် ၆လကျော်မှ နှလုံးသန်ချဆေးကို စတိုက်မယ်ဆိုရင်တော့ နှလုံးသန် ရှိ/မရှိကို ဆေးခန်းမှာသွားရောက်စစ်ပီးမှ တိုက်သင့်ပါတယ်ရှင်
နှလုံးသန်ချဆေးအတွက်ဆိုရင် Diroheart နှလုံးသန်ချဆေးလေးကိုယ် တိုက်ကျွေးဖို့ အကြံပြုပရစေရှင် pet shop တော်တော်များများမှာလည်း ဝယ်ယူနိုင်သလို ညီမတို့ Pets Gallery Pet Shop မှာလည်း ဝယ်ယူနိုင်ပါတယ်ရှင်
နောင်လည်း ဗဟုသုတ ရစရာတွေအများကြီး တင်ပေးအုံးမှာမို့ ညီမတို့ Pets Gallery Pet Shop Fb page လေးကိုယ် like & Follow လေးလုပ်ထားဖို့မမေ့ပါနဲ့နော်
ပိုစ့်ပိုင်ရှင်ကို Crdပေးပါတယ် မျှဝေပေးလိုကျေးဇူးတင်ပါတယ်