Chit beyond coast

Chit beyond coast သတင်းကောင်း

အမှန်တရားတွေအလိုလိုမေးမိန်လာတယ်😞
18/06/2022

အမှန်တရားတွေအလိုလိုမေးမိန်လာတယ်😞

"မြန်မာပြည်တဲ့"တချို့တွေနေနိုင်လွန်းတယ်တချို့တွေပျော်နိုင်လွန်းတယ်တချို့တွေ မြန်မာပြည်သူတွေ၊သူတို့ရဲ့ထမင်းရှင်တွေ ဒုက္ခရေ...
24/05/2022

"မြန်မာပြည်တဲ့"

တချို့တွေနေနိုင်လွန်းတယ်

တချို့တွေပျော်နိုင်လွန်းတယ်

တချို့တွေ မြန်မာပြည်သူတွေ၊သူတို့ရဲ့ထမင်းရှင်တွေ ဒုက္ခရောက်နေတာကို မသိချင်ယောင်ဆောင်ပြီး ဖျော်ဖြေရေးတွေနဲ့ အောင်မြင်ဖို့ လုပ်နေကြတယ်။

အများကြီးမလိုပါဘူး
လူသားချင်းစာနာထောက်ထားတဲ့စိတ်ထားလေးဘဲ ဝင်ကြည့်လိုက်ပါ။
crd

ဘဝဆိုတာဟာကိုယ်သတ်မှတ်ထားတဲ့နေရာမျိုး ရောက်ချင်မှရောက်တာ...ဒါပေမဲ့ ရောက်အောင်ကြိုးစားမယ် ဆိုတဲ့စိတ်ဓာတ်ကောင်း ခွန်အားကောင...
17/05/2022

ဘဝဆိုတာဟာ
ကိုယ်သတ်မှတ်ထားတဲ့
နေရာမျိုး ရောက်ချင်မှ
ရောက်တာ...

ဒါပေမဲ့ ရောက်အောင်
ကြိုးစားမယ် ဆိုတဲ့
စိတ်ဓာတ်ကောင်း
ခွန်အားကောင်းလေးတွေတော့
ရှိဖို့လိုမယ်ပေါ့ ။

ဘဝဆိုတာဟာ
ကိုယ်သတ်မှတ်ထားတဲ့
ခေါင်းစဉ်နဲ့တော့ ညီချင်မှ
ညီတတ်ကြတာ....

ဒါပေမဲ့ ဘယ္လို
ဇာတ်ဝင်အခန်း တစ်ခုမှာပဲဖြစ်ဖြစ်
အလွပ အပီပြင်ဆုံးဖြစ်အောင်
ကြိုးစားရမှာပေါ့ ။

ဘဝမွာ တောင်းတမူ့တိုင်းတော့
ဘယ်ရရှိနိုင်ပါ့ မလဲ
တစ်ခါတရံမှာ ဖြေတွေးလေးတွေနဲ့
ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်မူ့လေးတွေနဲ့
နှစ်သိမ့်နိုင်အောင်လဲ ကြိုးစားရမှာပေါ့ ။

လောကရဲ့ ဇာတ္ခုံမွာ
ကကြိုးစုံအောင် ကခဲ့ပြီးပြီပဲ
ကိုယ့်ကိုယ်ကိုယ် ပြိုလဲမသွားဖို့
အသိညာဏ်ကိုဆင့် ရှေ့ဆက်ပြီး
တင့်တယ်လှပစေဖို့ အကောင်းမွန်ဆုံး
စိတ်ထားလေးတွေနဲ့ အလွပဆုံး
နေ့ညတွေဖြစ်အောင် ကြိုးစားရမှာပေါ့ ။

အမြဲတမ်းသည်းခံနေတဲ့လူတစ်ယောက်ပေါက်ကွဲသွားတဲ့အခါဒီလောက်လေးနဲ့ အဲ့လောက်ဖြစ်စရာမလိုပါဘူးဆိုတဲ့စကားတွေနဲ့အပြစ်တွေ တင်တတ်ကြတယ...
17/05/2022

အမြဲတမ်းသည်းခံနေတဲ့လူတစ်ယောက်
ပေါက်ကွဲသွားတဲ့အခါ
ဒီလောက်လေးနဲ့ အဲ့လောက်ဖြစ်စရာမလိုပါဘူးဆိုတဲ့
စကားတွေနဲ့
အပြစ်တွေ တင်တတ်ကြတယ် ။

အမြဲတမ်း နားလည်ပေးနေတဲ့လူတစ်ယောက်က
နားလည်မပေးတော့တဲ့အခါ
ဒီလောက်လေးတောင် နားလည်မပေးနိုင်ဘူးလားဆိုတဲ့
စကားတွေနဲ့
စကားနာထိုးတတ်ကြတယ် ။

ဘယ်အရာမဆို
အတိုင်းအတာ ဆိုတာရှိတယ်ဆိုတာမှန်း
လူတိုင်းက နားမလည်တတ်ကြဘူး

သူတို့မွ မနာကျင်ဖူးရင်
သူတို့မွ မနစ်နာဖူးရင်
သူတို့ ဖြစ်တာမှ မဟုတ်ရင်
ဒဏ်ရာဆိုတာကို
သူ့တို့က ဟာသလို့ပဲ ထင်ကြတာ ။

အမေကပြောတယ်ဘဝမွာ မာနမထားသင့်တဲ့နေရာမှာမာနထားမိရင် ရသင့်ရထိုက်တဲ့အခွင့်အလမ်းတွေကို ဆုံးရှုံးရတတ်တယ်။မာနထားသင့်တဲ့ နေရာမှာ...
17/05/2022

အမေကပြောတယ်

ဘဝမွာ မာနမထားသင့်တဲ့နေရာမှာ
မာနထားမိရင် ရသင့်ရထိုက်တဲ့
အခွင့်အလမ်းတွေကို ဆုံးရှုံးရတတ်တယ်။

မာနထားသင့်တဲ့ နေရာမှာ မထားဘဲခေါင်းငုတ်နေမိရင်...အတတ်နှင်းခံရတတ်တယ်။

ဒါကြောင့်
ဘယ်လိုအချိန်မှာ ထားရမယ်နဲ့
ဘယ်လိုနေရာမှာ ခါချနိုင်ရမယ်ဆိုတာ
ကိုယ့်ကိုယ်ကိုအတွက်
အဓိကနဲ့ သာမညကို
ခွဲခြားတွေးခေါ်နိုင်ဖို့လိုတယ်။

ခွဲခြားတွေးခေါ်နိုင်ဖို့အတွက်ကတော့
စာဖတ်ဖို့လိုတယ် ဒါကြောင့် နေတိုင်း
စာဖတ်ပါ တဲ့...။

မေတ္တာများစွာဖြင့်

စဉ်းစားတက်လာပြီ********************အရင်တုန်းက တစ်ခုခုဒေါသထွက်ရင်ချက်ချင်းမစဉ်းစားပဲ ပြန်ပြော ပြန်လုပ်တက်ပေမဲ့အခုတော့ နှု...
17/05/2022

စဉ်းစားတက်လာပြီ
********************
အရင်တုန်းက တစ်ခုခုဒေါသထွက်ရင်
ချက်ချင်းမစဉ်းစားပဲ ပြန်ပြော ပြန်လုပ်တက်ပေမဲ့
အခုတော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့
ပေါက်ထွက်တော့မယ့် ဒေါသတွေကို
အချိန်မီ ပြန်မျိုချတက်လာတယ်.....

အရင်တုန်းကတော့ သူများဝေဖန်ရင်
အိပ်ရေးပျက်တဲ့အထိ ခံစားတက်ပေမယ့်
အခုတော့ တစ်ဖက်နားကဝင်ပြီး
အျခားတစ္ဖက္က ပြန်ထွက်သွားတယ်....

အရင်တုန်းက လူတစ်ယောက်ကို
လြယ္လြယ္ကူကူ ယုံကြည်တက်ပေမယ့်
အခုတော့ အချိန်အတိုင်းအတာ တစ္ခုထိ
စောင့်ကြည့်ပြီးမှ ယုံတက်လာတယ်......

အရင်တုန်းကတော့ ချစ်ရင် ချစ်တယ်
မုန်းရင် မုန်းတယ် နေလို့ရခဲ့ပေမယ့်
အခုတော့ မုန်းတဲ့လူကို ပြုံးပြပြီး ချစ်တဲ့လူကို
ဥပေက္ခာပြုတဲ့ အလေ့အကျင့်တွေလည်း ပိုင်ဆိုင်လာတယ်..

အမှန်တိုင်းပြောရရင် ငယ်စဉ်က
စိတ်ထဲရှိသလို နေရတဲ့ဘဝလေးကို သတိရတယ်......

ဒါပေမယ့် ရောမ ရောက်ရင် ရောမလို ကျင့်ရတယ်ဆိုတဲ့
စကားပုံအတိုင်း အသက်အရွယ်နဲ့အတူ
ပြောင်းလဲလာရတယ်......

အမွားတစ္ခုစီက သင်ခန်းစာတွေ ပေးခဲ့တယ်
တစ်ချို့အမှားတွေက ပြင်းထန်လွန်းလို့
အမာရွတ်တွေ ကျန်ခဲ့တယ်....

ဒါပေမယ့် အဲ့ဒီအမာရွတ်တွေကို ဆုတံဆိပ်တွေအဖြစ်
ဂုဏ်ယူစွာ တပ်ဆင်ထားတယ်.....
ခက်ခက်ခဲခဲနဲ့ တိုက်ခိုက်ခဲ့ပြီး
ဒီအခြေနေထိရောက်လာတယ် ဆိုတာကို
ဖော်ပြနေတဲ့ အမှတ်အသားတွေမို့ တန်ဖိုးထားတယ်...

အသက်ကြီးလို့ လူကြီးဖြစ်နေတာထက်
အသိကြီးလို့ လူကြီးဖြစ်တာကို ပိုသဘောကျတယ်
ပိုပြီးမြတ်နိုးတယ် ပိုပြီးတန်ဖိုးထားတယ်...

c.k.k

လူတချို့ရဲ့ ဘဝဟာ     အမြဲတမ်း အေးချမ်းသာယာ     ပြီးပြည့်စုံ မေနသလို... လူတချို့ရဲ့ ဘဝဟာလည်း     အျမဲတေစ ပူလောင်မနေပါဘူး။...
16/05/2022

လူတချို့ရဲ့ ဘဝဟာ
အမြဲတမ်း အေးချမ်းသာယာ
ပြီးပြည့်စုံ မေနသလို...

လူတချို့ရဲ့ ဘဝဟာလည်း
အျမဲတေစ ပူလောင်မနေပါဘူး။

ဒါကြောင့်မို့...

အေးချမ်းနေတဲ့ အချိန်လေးမှာ
စိတ်ချမ်းသာအောင် နေပြီး
မမော်ကြွား မိဖို့နဲ့...

ပူလောင်နေတဲ့ အချိန်မှာ
စိတ်ဆင်းရဲပြီး ဘဝကို
အရွုံးမေပးဖို့ လိုပါတယ်။

ပြောင်းလဲနေတဲ့ အချိန်တွေကြားမှာ
ကံကြမ္မာကို ကြိုမမြင်နိုင်ဘူးလေ။

ဒီနေ့ စိတ်ဆင်းရဲနေရပေမယ့်
မနက်ဖြန် စိတ်ချမ်းသာနိုင်ပါတယ်။

မနက်ဖြန်အတွက်ကို တွေးပြီး
ဒီနေ့ ပူပန်နေရပေမယ့်..

ဒီနေ့လေးကြောင့် မနက်ဖြန်ဟာ
လှပလာနိုင်ပါတယ်။

ဘယ်လိုကံတရားနဲ့ပဲ ကြုံရကြုံရ
ကိုယ့်ရဲ့စိတ်သာ အဓိကပါပဲ။

ဒါကြောင့်မို့...
ဘယ်လောက်ပဲ လောကဓံကြီးက
ပူလိုက်၊ အေးလိုက်ဖြစ်နေပါစေ
ကိုယ်ကနေတတ်ဖို့တော့ လိုပါတယ်။

မူရင်းရေးသူကို Credit ပေးပါတယ်။
#မေတ္တာများစွာဖြင့်

https://youtube.com/channel/UCT712PaWAy29uXazTM4Eu9g

https://youtube.com/channel/UCT712PaWAy29uXazTM4Eu9g

https://youtube.com/channel/UCvDFlChyW_M699I_o61L35Q

https://youtube.com/channel/UCN2qbEqTrHZSeNybvZg9a4w

မိတ်ဆွေ
16/05/2022

မိတ်ဆွေ

အားမငယ်လိုက်ပါနဲ့.... ရိုးသားမူရွိတဲ့သူက ပိုပြီး အတတ်နှင်းခံရတတ်တယ်။ နားလည်မူပေးတဲ့သူက ပိုပြီး လိမ်လည်လှည့်ဖျားမူတွေခံရတ...
16/05/2022

အားမငယ်လိုက်ပါနဲ့....

ရိုးသားမူရွိတဲ့သူက
ပိုပြီး အတတ်နှင်းခံရတတ်တယ်။

နားလည်မူပေးတဲ့သူက
ပိုပြီး လိမ်လည်လှည့်ဖျားမူတွေခံရတတ်တယ်။

မိသားစုမွာ သိတတ်တဲ့သူတွေက
ပိုပြီး ပင်ပန်းခံရတတ်တယ်။

သူငယ်ချင်းအပေါင်းအသင်းကြားမှာ
အလိုက်သိတဲ့သူတွေက
ပိုပြီး အနစ်နာခံရတတ်တယ်။

ဖြူဖြူစင်စင်နဲ့ ကြိုးစားတဲ့သူက
ပိုပြီး ခက်ခဲနေတတ်တယ်။

လက်တွေ့နစ်နာ ခံဖူးတဲ့သူတွေက
ဒီခံစားခ်က္ကို ကောင်းကောင်းသိပေမယ့်
သာမာန်လူတွေက နားမလည်နိုင်ကြဘူး။

ရှေ့ဆက်ပြီးတော့လည်း ရှိနေအုံးမှာဘဲ။
မရိုးသားတဲ့လူက မရိုးမသား လုပ်နေအုံးမှာပဲ။
ရိုးသားတဲ့သူက ဘယ်နေရာရောက်ရောက် ရိုးသားနေကြအုံးမှာပဲ။

ချစ်တတ်တဲ့သူက ချစ်နေအုံးမှာပဲ။
မုန်းတတ်တဲသူလည်း မုန်းနေအုံးမှာပဲ။
မကြိုးစားတတ်သူက အပြစ်တွေမြင်နေအုံးမှာပဲ။
ကြိုးစားတတ်တဲ့သူက နစ်နာပင်ပန်းပါစေ ကြိုးစားသွားအုံးမှာပဲ။

သူကဒီလို ငါကဒီလိုဆိုတာတွေကို
အချိန်ကုန်ခံပြောနေစရာ မလိုပါဘူး။

သူလျှောက်တဲ့လမ်း သူရောက်
ကိုယ်လျှောက်တဲ့လမ်း ကိုယ်ရောက်နေစမြဲ။

သူငယ်ချင်းရေ ဘဝမွာ
ပိုနာကျင်ခံရတဲ့အခါ။
ပိုနစ္နာခံရတဲ့အခါ။
ပိုပင်ပန်းခံရတဲ့အခါမှာ
အားမငယ်လိုက်ပါနဲ့
မင်းဟာ သူများထက်
ပိုတော် ပိုအရည်အချင်းရှိနေလို့ပါပဲ.....

" သင်ခန်းစာ ယူပါ အလုပ်တွေ အဆင်မပြေတဲ့အချိန်  !!ငွေကြေး အဆင်မပြေတဲ့အချိန်  !!မိသားစုရေး အဆင်မပြေတဲ့အချိန်   !!အချစ်ရေး အဆ...
16/05/2022

" သင်ခန်းစာ ယူပါ

အလုပ်တွေ အဆင်မပြေတဲ့အချိန် !!
ငွေကြေး အဆင်မပြေတဲ့အချိန် !!
မိသားစုရေး အဆင်မပြေတဲ့အချိန် !!
အချစ်ရေး အဆင်မပြေတဲ့အချိန် !!

စတဲ့အခက်အခဲများစွာ ရင်ဆိုင်ရတဲ့အချိန်မှာ -
ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင်ထိ -
လူတိုင်း စိတ်ညစ်ဖူးကြပါလိမ့်မယ် !!

ဘာကိုမွ မတွေးနိုင်ဘဲ -
စိတ်ထဲမှာ ဒီအကြောင်းတွေပဲ -
အက်ကြောင်း ထပ်နေပါလိမ့်မယ် !!

ဖြေရှင်းနိုင်မည့် နည်းလမ်းထက် -
သင့်စိတ်ဓာတ်ကို ကျစေမည့် -
ဖိအားတွေကသာ နေရာယူထားပြီး ၊
အေတြးကို လွန်ကဲစေမိမှာပါ !!

ဒီချိန်မှာ သင်တွေးရမှာက
ဒိလို အခက်အခဲတိုင်းဟာ လူတိုင်းမှာလည်း -
ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ !!

သင် အသက်ရှင်နေသမျှ ကာလပတ္လုံး -
အခက်ခဲ ဒုက္ခပြဿနာ ပေါင်းစုံက -
တစ္ခု မဟုတ် တစ္ခု ရှိနေတယ်ဆိုတာ မမေ့ပါနဲ့ !!

ဖြစ်လာတဲ့ ပြဿနာတိုင်းကို -
ခေါင်းအေးအေးနဲ့ အချိန်ပေးစဉ်းစားပါ !!
ဘယ်အရာကိုမှ တွေးကြောက် မနေပါနဲ့ !!

လူတိုင်းက အကြောင်းအမျိုးမျိုးကြောင့် -
ဒုက္ခမျိုးစုံ ရင်ဆိုင်နေရတာပါ !!
သင် တစ်ယောက်တည်း -
မဟုတ္ဘူးဆိုတာ သိထားလိုက်ပါ !!

ဘယ်လိုအခက်အခဲ ရှိနေပါစေ -
ရင်ဆိုင်ပါ !!
တွေဝေနေခြင်းက -
သင့်အတွက် ရှုံးနိမ့်ခြင်းပါပဲ !!

အခက်ခဲ ဒုက္ခ ပြဿနာတွေကို -
တွေးကြောက်ရမှာထက် ၊
သင့်ရဲ့ အတွေးနဲ့ စိတ်ဓာတ်တွေ -
က် မသြားဖို့သာ အရေးကြီးပါတယ် !!

ဆာလောင်နေတဲ့ဗိုက် !
ငွေမရှိတဲ့ ပိုက်ဆံအိတ်နဲ့ !
ကျိုးပဲ့နေတဲ့ နှလုံးသားဟာ -----

ဘဝရဲ့ အကောင်းဆုံး
သင်ခန်းစာတွေကို သင်ကြားပေးနိုင်ပါတယ် !!
______________________________
#မေတ္တာများစွာဖြင့်


https://youtube.com/channel/UCT712PaWAy29uXazTM4Eu9g

https://youtube.com/channel/UCT712PaWAy29uXazTM4Eu9g

https://youtube.com/channel/UCvDFlChyW_M699I_o61L35Q

https://youtube.com/channel/UCN2qbEqTrHZSeNybvZg9a4w

 # # #ဒဏ်ရာတွေ မရွိမွပျော်စရာတွေရှိတာ မဟုတ္ဘူးနေတတ်တဲ့စိတ်ကသာနေပျော်တဲ့ဘဝကို ဖန်တီးပေးမှာပါ။ # # #လောကမှာ အရာအားလုံးကအချိ...
16/05/2022

# # #ဒဏ်ရာတွေ မရွိမွ
ပျော်စရာတွေရှိတာ မဟုတ္ဘူး
နေတတ်တဲ့စိတ်ကသာ
နေပျော်တဲ့ဘဝကို ဖန်တီးပေးမှာပါ။

# # #လောကမှာ အရာအားလုံးက
အချိန်တန် တဲ့အခါ
တွေ့ဆုံခြင်းနဲ့အတူ ခွဲခွာခြင်းတွေနဲ့ အဆုံးသတ် သွားကြ ရတာပါပဲ။

# # #အချိန်တန်လာရင်
မခြဲ ချင်လည်း ခွဲရမယ်
မဝေးချင်ဘူး ဆိုလည်း
ဝေးကြရတာပါပဲ.... မမြဲတဲ့လောကကြီးမှာ
ပျော်စရာဆိုတာလည်း အခိုက်အတန့် တစ်ခုလေးပါ...။

# # #အစွဲမထားရင် ဒုက္ခ ဆိုတာ ကလည်း
အခိုက်အတန့် လေးပါပဲ။

# # #ဘဝဆိုတာကလည်း
ဘယ်လောက်ပဲ ပြည့်စုံနေပါစေ
အမြဲတမ်း မချိုမြိန်နေတတ်ပါဘူး
ဒါကြောင့် ကိုယ်ရတဲ့ဘဝလေးမှာနေတတ်အောင်ကြိုးစားရမှာပေါ့... ။

လေးစားစွာဖြင့်
MayHsu(ရာမညမြေ)

လူ့ပါးစပ်ဘယ်လိုနေနေ မင်းကိုအပြစ်ပြောကဲ့ရဲ့ကြမဲ့သူတွေ က များတယ် အဲ့ဒီတော့ ရှင်သန်နေတဲ့လက်ရှိဘဝလေးမှာကိုယ်ဘဝကိုပျော်ရွှင်အေ...
15/05/2022

လူ့ပါးစပ်

ဘယ်လိုနေနေ မင်းကိုအပြစ်ပြောကဲ့ရဲ့ကြမဲ့

သူတွေ က များတယ်

အဲ့ဒီတော့ ရှင်သန်နေတဲ့လက်ရှိဘဝလေးမှာ

ကိုယ်ဘဝကိုပျော်ရွှင်အောင် ရိုးရိုးသားသား

ကြိုးစားနေထိုင်ပါ

နေတက်ဖို့ကအဓိကပါပဲ

ဧကရာဇ်

သူ့တန်ဖိုးနဲ့သူလူတိုင်း လူတိုင်း ဟာ သူ့တန်ဖိုးနဲ့သူ ရှိကြတယ်အသုံးမဝင်တဲ့ လူဆိုတာ လူ့လောက မွာ မရွိသလောက်ရှားတယ်ဧကရာဇ်
15/05/2022

သူ့တန်ဖိုးနဲ့သူ

လူတိုင်း လူတိုင်း ဟာ သူ့တန်ဖိုးနဲ့သူ ရှိကြတယ်

အသုံးမဝင်တဲ့ လူဆိုတာ လူ့လောက မွာ မရွိသလောက်ရှားတယ်

ဧကရာဇ်

15/05/2022
အဲငွေကြောင့်ဘဲ့
15/05/2022

အဲငွေကြောင့်ဘဲ့

Address

Kong Ronang
Kon Tum Province

Website

Alerts

Be the first to know and let us send you an email when Chit beyond coast posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category