Mochi, the Syrian Hamster

  • Home
  • Mochi, the Syrian Hamster

Mochi, the Syrian Hamster To keep a record of my very first pet “Mochi”, a Syrian hamster and I nag here a lot as well �

မွေးနေ့ကအစ ကဗျာဆန်နေလိုက်တာမျိုး 🥹
11/02/2023

မွေးနေ့ကအစ ကဗျာဆန်နေလိုက်တာမျိုး 🥹

တွေ့ဖူးသမျှထဲ ဒီအသင်းက အတော်လေး မှန်မှန်ကန်ကန် ပြောဆိုလုပ်ကိုင်ပါတယ်။ တစ်လောကလည်း အစ်မရီး ဗစ်တိုးရီးယားနဲ့ ဆက်မနာလို လုပ...
28/01/2023

တွေ့ဖူးသမျှထဲ ဒီအသင်းက အတော်လေး မှန်မှန်ကန်ကန် ပြောဆိုလုပ်ကိုင်ပါတယ်။ တစ်လောကလည်း အစ်မရီး ဗစ်တိုးရီးယားနဲ့ ဆက်မနာလို လုပ်သေးတယ်။

First world နဲ့ Third world ကွာခြားတာလည်း ထည့်စဉ်းစားလို့မရတာမို့၊ ချွတ်စွတ်ကြီး တူတာမျိုး မရနိုင်ပေမယ့်၊ စီရုပ်မကို စံနမူနာထားထာထက် စာရင်၊ ဒီ group လေးကို စံထားရင်တော့ အတော်အလုပ်ဖြစ်မှာပါ။

သူက comment ချင်ရင် သေချာပြန်ဖြေပေးတတ်တယ်။ မေးတာမြန်းတာလည်း အလကားလုပ်လို့ရတာပေါ့ရှင်။

Hey hamster lovers, let's talk unsuitable enclosures!

Unfortunately, the majority of commercially available enclosures are too small or even dangerous because of the platforms, tubes and unsuitable wheels, hides and toys that come with them.

Our minimum enclosure sizes are based off guidance from the Blue Cross, RSPCA, RVC, along with personal experience. Enclosures for hamsters should not:
- Have multiple platforms for the hamster to travel vertically - they could fall from a height and hurt themselves as they have poor balance.
- Mesh/wire platforms - walking along these can cause bumble foot, or limbs and toes can get caught and twist or break, which can lead to needing amputations.
- Plastic tubes attached to the outside of the enclosure - these can break or get knocked off causing the hamster to escape. Tubes should be minimum 5cm entrance for dwarves/Chinese/roborovski hamsters, and 7cm for Syrian hamsters, and should be horizontal as hamsters could fall suddenly and injure themselves.
- Broken floor space i.e. two small enclosures attached via a tube, and multi-tier enclosures, as they break up space that should be allowed for 8in+ deep bedding, and all other accessories.

Every hamster should be housed in an enclosure that can fit:
- A 28cm wheel
- A large sand bath
- 8in deep bedding
- Multiple large hides
- A large dig box
- Natural accessories i.e. cork logs, bamboo roots, driftwood
- Chew toys, forage mix and seed sprays

It's not appropriate for hamsters to be housed in too small enclosures, even if they have access to free roam for a lot of the night, or because 'they don't like large spaces'. Hamsters like large, cluttered spaces. They cannot thrive in tiny enclosures, nor in large, open spaces.

At Happy Hamsters UK, we will not adopt any hamster into any enclosure below the bare minimum or with unsuitable items.

24/01/2023

Pet Shop လည်း မဟုတ်ပဲ၊ ဘာကြောင့် အိမ်မှာ မွေးထားတဲ့ Hamster ကို သားဖောက်သလဲဆိုတာကို နားကို မလည်နိုင်ပါဘူး။

မနက်စောစောစီးစီး၊ ရုတ်တရက်ကြီး ထငြီးတာမို့၊ ဒီ page ကို ပိတ်ထားမယ်ပြောပြီး၊ ကတိမတည်ပဲ ပေါပေါပန်းပန်း ပေါက်ပန်းလေးဆယ်စာတွေ ရေးနေပြန်ပြီးလို့ တွေးမိတဲ့သူလည်း ရှိမှာပါ 😅

လက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် မွေးတာရော၊ တခြားဘာညာကိစ္စတွေကို တစ်ခုဆို တစ်ခုမှ မလုပ်နိုင်ပေမယ့် ဝါဿနာအရ ကားစီးနေရတဲ့အချိန်တို့၊ ငုတ်တုတ်ထိုင်နေရတဲ့အချိန်တို့ဆို Group တွေထဲက Post တွေကို ထိုင်ထိုင်ဖတ်ပါတယ်။ အာ့မှာ Hamster အမေက ကလေးတွေကို စားလို့ ရင်ထုမနာ ဖြစ်နေတဲ့ Post တွေက ဒီရက်ပိုင်း အတော်လေး ရက်ဆက်လာတယ်ရယ်။ လူများလာတာကြောင့် အရင် post ဟောင်းတွေက မြှပ်နေတာလည်း ဖြစ်နိုင်သလို၊ ဒီနောက်ပိုင်း group တွေထဲမှာ ကလေးတွေအကြောင်း သေချာမသိသေးပဲနဲ့၊ ကောက်ကာ ငင်ကာမွေးပြီး လက်ထဲရောက်ကာမှ ပြဿနာတက်နေတာကြောင့် အကူအညီတောင်းတဲ့ Post တွေ အများကြီး update ကြပါတယ်။ တော်တော်များများပို့စ်တွေမှာ human ကိုယ်တိုင် အထင်ကြီး လေးစားတဲ့သူတွေက မှန်ကန်တဲ့ insight တွေ ကြိုပေးထားနှင့်ပြီမို့၊ ဒီအတိုင်း ကျော်ကြည့်သွားပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာများပါတယ်။ အခုကျ သူတို့တွေလည်း မပေးနိုင်တော့ဘူးထင်ပါတယ်။ တစ်နေ့လာလည်း ဒီအကြောင်း၊ နောက်တစ်နေ့လာလည်း ဒီအကြောင်းဆိုတော့ human လည်း ကိုယ်ချင်းစာပါတယ်။ အက်ကြောင်းထပ်နေတဲ့ အကြောင်းအရာကို ဘယ်သူက ထပ်ထပ်ပြီး ပြောချင်မှာလဲပေါ့။

Hamster အစ်မတစ်ကောင်ကို အိမ်မှာ မွေးမယ်ဆိုရင်၊ သားဖောက်စရာ အကြောင်းကို မရှိပါဘူး။ ဟဲ့ ငါမွေးထားတဲ့ ကလေးကို ငါသားဖောက်တာ ဘာဖြစ်သလဲဆိုရင် အကြောင်းပြချက်က ဘယ်လောက်ပဲ ချမ်းသာနေတဲ့ သူဌေးဖြစ်ဖြစ် မွေးလာတဲ့ ကလေးတွေအကုန်လုံးကို ရေရှည်မကျွေးမွေးနိုင်လို့ပါ။ Hamster တစ်ခါ သားကျရင် ၄၊၅ကောင် အနည်းဆုံးပါပါတယ်။ ချစ်လွန်းလို့ မွေးသမျှအကုန်လုံးကို သက်စေ့ဘယ်ပိုင်ရှင်မှ မစောင့်ရှောက်နိုင်ပါဘူး 🙂 ဟိုပေး၊ ဒီရောင်းနဲ့ ဆက်တွဲ ပြဿနာတွေက အသံတိတ်ကို တတ်ပါတယ်။ စစချင်း enclosure set up က ၁သိန်း၊ ၂သိန်း ကုန်ကိုကုန်ပြီး တစ်လကို basic needs က ၄၊ ၅ သောင်းပတ်ချာလည် ကုန်ပါတယ်။ နောက်ပြီး အချိန်ပေးရတယ်။ တစ်ကောင်နဲ့တောင် အတော်လေး အလုပ်ရှုပ်နေတဲ့အချိန်မှာ ၄၊၅ ကောင်ကို ပိုက်ဆံတတ်နိုင်ရင်တောင် အချိန်မပေးနိုင်ပါဘူး။ အိမ်မှာ maids တွေ ခေါ်ထားရင်တော့လည်း တစ်မျိုးပေါ့ 😁

တစ်လကို ၁သောင်းတည်းနဲ့ ရအောင် မွေးလို့ရပါတယ်လို့ ငြင်းလာရင်၊ မွေးလို့ရတာမဟုတ်ပါဘူး၊ မွေးလို့ရပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်လေ၊ ကိုယ့်ဟာကိုယ်တောင် financial independent မဖြစ်တာကို ဘယ်နှယ့် တခြား အသက်တစ်ချောင်းကို တကူးတက ခေါ်ပြီး ဝဋ်ခံခိုင်းတာလဲပေါ့။ ပြီးကျ hamster မို့ hamster ရဲ့ natural instinct အရ ထားကို ထားဖို့ လိုတာမို့၊ Human ကတော့ သက်သက်ကြီး ဝဋ်ကြွေးရှာတယ်လို့ပဲ ယူဆပါတယ်။ လူတွေတောင်မှ ကျောတစ်ခင်းစာနဲ့ အသက်ရှင်ကြတဲ့သူတွေရှိသလို၊ နေရာကျယ်ကျယ်မှာ နေကြတဲ့သူတွေလည်း ရှိတာမို့ hamster ကို လည်း နေရာပေးခြင်း၊ မပေးခြင်းက ကိုယ့်ရွေးချယ်မှုပဲပေါ့လေ 🤷‍♀️

အခု အမေက ကလေးတွေကို စားတဲ့ကိစ္စဆီကို ဆက်မယ်ရော်။ အမေက ကလေးတွေကို စားတဲ့ကိစ္စကို ဒီက human က 100% support ပါတယ်။ ဟယ် ရက်စက်လိုက်တာ၊ ဘယ်လိုလုပ်ကြည့်နေနိုင်သလဲဆိုပြီး တစ်လွဲမတွေးပါနဲ့ဦး။

ဒီကိစ္စက psycho thriller လူအမေက သားသမီးကို စားတဲ့ ဇာတ်လမ်းကို ကြိုက်တယ်လို့ ပြောတယ်မဟုတ်ပါဘူး။ သဘာဝတရားရဲ့ တိရစ္ဆာန်တွေရဲ့ cycle of life မှာကိုက မပြည့်မစုံ၊ ချူခြာတဲ့ ကလေးကို စားတာက ပုံမှန်ပါပဲ။ မမေ့ပါနဲ့။ ဆေးရုံက သားဖွားဌာနက ကိစ္စကို မဟုတ်ဘူး၊ အခုက တိရစ္ဆာန်တွေအကြောင်း ပြောနေတာပါ။

Hamster အမေက သားသမီးတွေကို စားတာ မြန်မာပြည်မှ ဖြစ်နိုင်တာက အကြောင်းအရင်း နှစ်မျိုးပဲ ရှိတာရယ်။ malnutrition လို့ခေါ်တဲ့ အာဟာရချို့တဲ့မှု ဖြစ်နေလို့၊ ဒါမှမဟုတ် ဖွံ့ဖြိုးမှု ပုံမှန်မရှိတဲ့ ကလေးမွေးလာလို့ရယ်ပါ။
အများစုက ဈေးကြီးတဲ့ protein source တွေအပြင် နေတဲ့နိုင်ငံအားသာချက်ကြောင့် တခြား protein options တွေပါ ဖောဖောသီသီကျွေးနိုင်တာကြောင့် malnutrition မဖြစ်ဖို့က များပါတယ်။ ဒါကလည်း generally ပြောတာပါ။ တကယ်တမ်း ကျွေးမကျွေးက ကိုယ်တိုင်ပဲ ပိုသိမှာပေါ့။

အဖြစ်နိုင်ဆုံးကတော့ genetically failure မို့ အမေက စားလိုက်တာပါ။ အရောင်လှဖို့နဲ့၊ family tree နီးနီးနားနားတွေကို ရည်ရွယ်ပြီး ဖြစ်စေ၊ မရည်ရွယ်ပြီး ဖြစ်စေ လွယ်လွယ်ကူကူသားဖောက်တာမို့ inbreeding အများစုနဲ့ genetically failure ဖြစ်တာက မဆန်းပါဘူး။ တကယ်တမ်း ဘာမှ အမျိုးမတော်၊ တစ်ခုတစ်လေမှ မပတ်သက်ရင်တောင် အဖြူရောင်တစ်မျိုးနဲ့ နောက်ထပ် အဖြူရောင်တစ်မျိုးကို အချင်းချင်း သားဖောက်လို့ မရဘူးလို့ research paper တစ်ခုကို skimming လုပ်ရင်း တစ်ခါတွေ့ဖူးပါတယ်။ Human ကိုယ်တိုင်လည်း professional breeder လုပ်ဖို့ အတွေးမရှိသလို၊ အဲဒီအပိုင်းကို ကိုယ်တိုင်မွေးတဲ့အခါ မျိုးကောင်းတဲ့ hamster ကို ဘယ်လိုရှာရမလဲ take note ချင်တာမို့ သာမန်ကာ၊ လျှံကာဖတ်ထားတာမို့ သေချာသိချင်ရင် academia မှာ research paper တွေ အများကြီး ကွကိုယ် free dig in လုပ်လို့ရပါတယ်။ ပြောချင်တာက ဟိုကောင်လေးနဲ့ ဒီကောင်လေးနဲ့ စပ်လိုက်လို့ ပြောမကောင်းဆိုမကောင်း တစ်လွဲတွေကြားထဲမှာ အရောင်လှတာလေး တစ်ကောင်တစ်လေ ပါလာရင်တောင် အဲဒီဟာလေးက ကြပ်မပြည့်ဖို့ များပါတယ်။ မြန်မာဟေ့၊ တို့မြန်မာမှာက ဒီနောက်ပိုင်း တော်တော်များများ ဟိုဆီရုပ်မရဲ့ video တွေထဲကလို အကောင်အသစ်တွေကို ဖောဖောသီသီဝယ်လို့ရနေပြီမို့ gene ကိစ္စကတော့ အထူးတလည်ပြောနေစရာမလိုတော့ပါဘူး။ originality သေချာမသိတဲ့ဆီက ဝယ်တာဖြစ်ဖြစ်၊ ယူလာတာဖြစ်ဖြစ်၊ ကိုယ့်လက်ထဲမှာ ၁နှစ်ခွဲကျော်ပြီးတဲ့အထိ မသေသေးဘူးဆိုရင် ဘုရားကယ်တာ သေချာပြီပဲ 😅

အဲဒီအချက်တွေမို့ ဒီနောက်ပိုင်းမှာ အမေအများစုက ကလေးတွေကို ပိုပြီး ပြန်ပြန်စားမှာပါ။ လူစကားနဲ့ပြောရင် မွေးရကြိုးမနပ်လို့ အမွေပြတ်စွန့်လွတ်တယ်ပေါ့။ အဲဒီ cycle of life ဖြစ်စဉ်မှာ လူက ဝင်ပါပြီး၊ ကလေးတွေကို ဆိတ်နို့နဲ့ တိုက်ပြီး ရှင်အောင် လုပ်တယ်ဆိုတာမျိုး ဖတ်မိရင် လားလားလား ... အဲဒီ လူဆီက မဝယ်မိအောင် ရှောင်ပေတော့ပဲ။ စောစောစီးစီးထဲကတည်းက genetically failure နေတဲ့ ကလေးကို နင်းကန်အသက်ဆန့်ထားပြီး၊ တခြားများဆို သားပါဖောက်ရင်‌တော့ သူ့ဆီကနေ ဆက်လာတဲ့ မျိုးရိုးက သေချာပေါက် တစ်လွဲလေးတွေပဲ ဆက်လာမှာပါ။ ကိုယ်က ဆရာဝန်မဟုတ်တာ မမေ့ပါနဲ့ 😅

နောက်ပြီး Hamster အစ်မတစ်ကောင်ကို သားတင်သည်ဖြစ်စေ၊ မတင်သည် ဖြစ်စေ တစ်သက်လုံးမှာ ၂ခါပဲ breeding လုပ်လို့ရပါတယ်။ ထပ်မွေးခိုင်းလို့ရတာပဲဆို ... ဟုတ်တယ် ရပါတယ်၊ ဒါပေမယ့် litters တွေက ကွာလတီနှိမ့်သွားပြီး အပြစ်၊အနာအဆာတွေပဲ ရာခိုင်နှုန်းတော်တော်များများ ပါလာပါတော့တယ်။

ကြပ်မပြည့်ဘူးလို့ လွယ်လွယ်ကူကူခေါ်လိုက်တဲ့ hamster တွေက တော်ရုံ ရာသီဥတုအပြောင်းအလဲလည်း မခံနိုင်ပါဘူး၊ ကျန်းမာရေးချို့ယွင်းချက် အတော်တော်များများနဲ့ အသေစောပါတယ်။ မီယမ်မာပြည်ရဲ့ hamster လောကကြီးက သက်သက်မဲ့ မျိုးမကောင်းတာတွေနဲ့ မရောစေပါနဲ့ပေါ့။

Hamster အမေက ကလေးတွေကို အာဟာရပြည့်အောင် ထားထားလျှက်နဲ့ စားတယ်ဆိုရင် ပေးစားလိုက်ပါ။ တစ်ကောင်မှ မကျန်ဘူးဆိုလည်း အကုန်ပေးစားလိုက်ပါ။ တစ်ကောင်ကျန်တယ်ဆိုလည်း တစ်ကောင်ကျန်တယ် မှတ်ပါ။ အဲဒါပြီးရင်တော့ နောက်ထပ် လုံးဝလုံးဝ သားထပ်မဖောက်ပါနဲ့တော့။ လူတောင်မှ ခွဲခြားဆက်ဆံတဲ့ ကိစ္စတွေက ဘယ်လိုပယ်ပယ် ဖယ်မရတာမို့၊ ကျန်းမာရေးမကောင်း၊ ရုပ်ထွက်မလှတဲ့ hamster ကလည်း လွယ်လွယ်ကူကူ ရောင်းမရပါဘူး။

အကောင်းဆုံးကတော့ သားကို အရှင်းမဖောက်တာပါပဲ။

ကဲကဲ ... ငြီးလို့ဝပြီမို့ human အိပ်ပီ 🥹

Well it's happening now 🤠 မီမာပြည်တွင် ရနိုင်ပါပြီ။
17/12/2022

Well it's happening now 🤠 မီမာပြည်တွင် ရနိုင်ပါပြီ။

“Farewell Post”Human နင့်မှာ ကလေးဘယ်နှစ်ယောက်တောင်ရှိတာလဲ။တစ်ကောင်တည်း။ ဒါပေမယ့် ကျား 😅——လကုန် flight မို့ Human ဒီကြားထ...
05/08/2022

“Farewell Post”

Human နင့်မှာ ကလေးဘယ်နှစ်ယောက်တောင်ရှိတာလဲ။

တစ်ကောင်တည်း။ ဒါပေမယ့် ကျား 😅

——
လကုန် flight မို့ Human ဒီကြားထဲမှာ အိမ်သိပ်ကပ်ဖို့ မရှိတော့ဘူးရယ်။ အမေ မွေးခဲ့တဲ့ အရပ်ကို ပြန်မရောက်မချင်း Human ကလေးအသစ် ထပ်မွေးဖို့လည်း အစီအစဉ် မရှိသေးတာမို့၊ ဒီကြားထဲ ၂နှစ်၃နှစ်မှာ ဒီpage လေးက ဘာ activities မှ မရှိပဲ သေနေမှာပါ။

ကလေးအသစ်ရပြီးတဲ့အခါလည်း ဒီ page မှာပဲ Human digital footprint ကို ဆက်လုပ်ဖို့ ရည်ရွယ်ထားတဲ့အတွက်၊ အခုအတောအတွင်းမှာ Mochi ကို ဝ်ုင်းချစ်ပေးတဲ့ သူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။

 #ကုန် Mochi အတွက် အထုတ်လိုက် ဝယ်ပြီး၊ လိုသလောက် ခွဲယူပြီးပြီမို့ ပိုတာတွေကို expire ကုန်မယ့် အတူတူ၊ လိုချင်တဲ့ ၃ယောက်ကိ...
23/07/2022

#ကုန် Mochi အတွက် အထုတ်လိုက် ဝယ်ပြီး၊ လိုသလောက် ခွဲယူပြီးပြီမို့ ပိုတာတွေကို expire ကုန်မယ့် အတူတူ၊ လိုချင်တဲ့ ၃ယောက်ကို ခွဲပေးပါ့မယ်ရှင်။

အရေးကြီးတာက

* လက်ဆောင်ပေးတာဆိုပေမယ့်၊ အစာကုန်နေတဲ့ သူတွေကိုတော့ မယူစေချင်ပါဘူးရှင့်။ oxbow essentials သည် အချုပ်အားဖြင့် hay ဦးစားပေးတွေမို့ hamster အူလမ်းကြောင်းတစ်လျှောက် အဝင်လွယ်၊ အထွက်လွယ်ပြီး ဘာအာဟာရမှ မရှိတဲ့ fibres အမျိုးအစားမို့ တစ်မျိုးတည်း ကျွေးလျှင် malnutrition ဖြစ်ပြီး ကလေးက ဗိုက်အရမ်းဆာနေပြီး၊ သေပါမယ်ရှင်။ တခြား nutrition intake တွေ အကုန်ပြည့်နေပြီးကာမှ fibre အနေနဲ့ mixed ထဲမှာ add on အနေနဲ့ 2 to 3 pieces ပဲရပါမယ်။ (Mochi ကို ၂ရက်တစ်ခါ အစာကျွေးတဲ့အပြင်၊ တစ်ခါတစ်လေ အစာခွက်ထဲမှာ အစာကုန်တဲ့အထိ ၃ ရက်စောင့်လေ့ရှိတာမို့ အဲဒီအချိန်တွေမှာ ထည့်မလို့ plan ထားပါတယ်။)

*mochi ကို နောက်ပိုင်း fresh vege မကျွေးတော့ပဲ paste တွေချည်းပဲ ကျွေးနေတာမို့ အခုယူမယ့် သူတွေ ထဲမှာ အခြား liquid intake ရှိနေနိုင်မယ့် သူမျိုးဆို ကလေးရဲ့ diet plan ပေါ် မူတည်ပြီး အချိုးအစားကို ပြန်မျှစေချင်ပါတယ်ရှင်။

* ငယ်လွန်း၊ အိုလွန်းတဲ့ ကလေးတွေကို recommend မပေးပဲ သက်လတ်ပိုင်းကလေးတွေအတွက် ယူစေချင်ပါတယ်ရှင်။

*တစ်ဦးကို တစ်ထုတ်ခွဲစီ မျှပေးချင်တာမို့ ၂လကနေ ၃ လအထိ ကျွေးနိုင်မှာပါရှင့်။ Mochi မေမေက ဗိုလ်တစ်ထောင်မှာပါ။ ကြိုတောင်းပန်ချင်တာက ဒီတစ်လော ကိစ္စတွေနဲ့ အတော်လည်း ဗျာများပြီး အိမ်နဲ့အပြင် ဝင်ချည်၊ ထွက်ချည် ဖြစ်နေတာမို့ လိုချင်တဲ့သူအတွက် လုံခြုံရေးမှာ အထုတ်ကို အပ်ထားခဲ့ပေးမှာမို့ လာယူနိုင်မယ့် သူပဲ အဆင်ပြေပါ့မယ်ရှင့်။

*ထပ်ဆင့် အသိပေးတာပါရှင်။ အစာကုန်နေလို့ပါ ဆိုတဲ့သူတွေကို မယူစေချင်ပါဘူးရှင်။ ဒါတစ်မျ်ုးတည်းကျွေးရင် အာဟာရပြတ်၊ ဗိုက်ဆာလွန်ပြီး ကလေး သေနိုင်ပါမယ်ရှင်။

ပုံနဲ့ စာနဲ့က လားလားမှ မဆိုင်နေတာမို့ အရင်တောင်းပန်ပါတယ် 🥹Mochi ကလေ စစချင်းမှာ human ကိုကိုက်တယ်။ Hamster ဆိုတာမျိုးက တိ...
18/07/2022

ပုံနဲ့ စာနဲ့က လားလားမှ မဆိုင်နေတာမို့ အရင်တောင်းပန်ပါတယ် 🥹

Mochi ကလေ စစချင်းမှာ human ကိုကိုက်တယ်။

Hamster ဆိုတာမျိုးက တိရစ္ဆာန်ကိုမှ prey ဆိုပြီး ဇာတ်တူမျိုးနွယ်ဝင်တွေထဲမှာ အစာအဖြစ် သတ်မှတ်ခံရတာမို့ သူ့တို့ natural instinct ကိုအရ ပြေးကိုက်ဖို့ သဘာဝတရားအရ ပုံသွင်းခြင်း ခံထားရတာပါ။ ကံဆိုးချင်တော့ သွားနဲ့ ကိုက်သာကိုက်တတ်ပြီး အဆိပ်မရှိတဲ့ exotic animal ပေမို့အစွမ်းထက်တဲ့ မျိုးနွယ်ဝင်ထဲမှာ အမွှေးစုတ်ဖွားလေးတွေ ခင်မျာ မပါနိုင်ဘူးရယ် 🫠

ကိုယ်ပိုင်အမြင်အရတော့ ကိုက်တတ်တဲ့ Hamster မျိုးက natural instinct ရှိတာမို့ သဘာဝနဲ့ ပိုနီးစပ်တယ်လို့ သတ်မှတ်နိုင်တဲ့ အတွက် ပိုသဘောကျပါတယ်။ ဟိုးရှေးစကားပုံလိုမျိုး “နာနာရိုက်တဲ့အိုး ပိုကောင်းတယ်” ဆိုကြ သလိုမျိုး၊ မွေးမှမွေး gene အစစ်နဲ့ ဥာဏ်ရည် ပြည့်ပြီး ကျန်းမာတဲ့အကောင်ကို ရွေးသဘောကျတာပါ။ ကိုက်ရမယ့် အကောင်က၊ မကိုက်ပဲနဲ့ တစ်မျိုးလေးဆိုရင်တော့ သေချာတာက ကလေးက ပုံမှန်မဟုတ်ဘူးလို့ ခေါင်းစဉ်တပ်လို့ရတာပေါ့ 😅

တစ်ချို့ကရှိတယ်။ “ရောင်းလိုက်တဲ့သူဆီမှာ မကိုက်ပဲ၊ လူရင်နေပြီး၊ ကိုယ့်ဆီရောက်ကာမှ လသားကလေးက ရှယ်ကိုက်တာ” တို့ဘာတို့တွေ ရေးတာ ကြားဖူး၊ မြင်ဖူးကြမှာပါ။

Hamster သည် အနံ့အာရုံကို လူတွေအမြင်လို အသုံးချတတ်တဲ့ တိရစ္ဆာန်ပေမို့ အနံ့ကို ယဉ်လာအောင် ကျင့်ပေးဖို့ လိုပါတယ်။

ကိုယ့်အနံ့ကို သိလာအောင် ကျင့်လို့ရတဲ့ နည်းတွေကို ဖတ်ဖူးသလောက်ကတော့_

🏷 လက်ဆေးပြီးပြီးချင်းမှာ ကလေးကို ကိုင်တာမျိုးကို ရှောင်တာမျိုး။ ( လက်ထဲက အနံ့ကုန်ပြီး ဆပ်ပြာနံ့က ဖုံးသွားတာမို့ပါ)

🏷 သူ့ bedding တွေ (အထူးသဖြင့် paper) တွေကို ကိုယ့်လက်နဲ့ လက်သုတ်သလို သုတ်လိုက်ပြီးကာမှ enclosure ထဲမှာ ထားထားတာ။

🏷အားရင်အားသလို ကိုယ့်လက်ကို သူ့အနားမှာ သွားသွားချကြည့်တာမျိုး။ (ဒါတောင် mochi နဲ့တုန်းက လက်ကို သူ့အနားသွားထားရင် ကြက်လို လန့်လန့်ခုန်တာ 🙃။ သူ့အသားကို Human လုံးဝ မထိတာနော်)

🏷 နောက် မုန့်တွေ၊ အစာတွေကို လက်နဲ့ တင်တင်ပြီး ကျွေးတာပါ။ human ကတော့ မုန့်ကို ပိုသဘောကျပါတယ်။ Paste ဆိုလဲ ဘယ်လက်က သူ့ကို ကိုင်ပြီး၊ ညာလက်နဲ့ ညှစ်ကျွေးပါတယ်။ အစာကျ ဗိုက်ပြည့်နေရင် အိမ်ကသခင်ကြီးက အဖက်ကို လှည့်မလို့တာ။ နင်ကျွေးတာ ဘာထူးလဲ၊ ငါ့ငါ ခွက်ထဲက ယူစားလို့ရတယ်ဆိုတဲ့ ဒိဇိုင်းကာလာ အနေအထားနဲ့။

အဓိကက ကိုယ့်အနံ့ကို သူမှတ်မိနေဖို့ လိုပါမယ်။ ကလေးကလည်းလန့်၊ ကိုယ်ကလည်း ပြန်လန့်နေတဲ့ အစောပိုင်း ကာလမျိုးကို ကိုင်တာကို ရှောင်တာကတော့ အကောင်းဆုံးပါပဲ။ worst scenario က သူကလန့်လို့ကိုက်လိုက်ပြီး၊ ရုတ်တရက်ဆိုတော့ ကိုယ်ကနာလို့ဆိုပြီး လက်ကိုသိမ်းလိုက်မိရင်၊ ကလေးပြုတ်ကျသွားပီး ကျိုးကုန်တာ၊ သေကုန်တာ ဖြစ်မှာစိုးလို့ပါ။

တစ်ကောင်နဲ့တစ်ကောင် မတူကြပါဘူး။ တစ်ချို့များ ၂ ပတ်လောက်နဲ့ bonding ဖြစိသွားတာနော်။ ကုသိုလ်ကံကောင်းတဲ့ human တွေပေါ့။ အိမ်ကသခင်ကြီးနဲ့ ဟောဒီက ငယ်ကျွန် human တို့ကတော့ အိမ်ရောက်ပြီး ၃၊၄ လအထိ လန့်လို့ကောင်းနေတုန်းပါပဲ။ တစ်ခါတစ်လေများဆို မီးဖွင့်ပြီး သူ့enclosure အနား သွားမိရင်ကို ကြက်လို ထထခုန်ပါတယ် 🫠

လက်ရှိအနေအထားကတော့ human လက်ကို လက်လို့ မမြင်တော့ပဲ၊ ကန်ထဲမုန့်ထည့်ကျွေးတဲ့ equipment လို့ Mochi ယူဆထားပါတယ် 🥹 ဒင်းမုန့်စားနေတုန်း လက်အိစိအိစိကို အသည်းယားပြီး ညှစ်ကြည့်လည်း ပေးညစ်ပါတယ်။ ❤️ တစ်ခုခုစားနေရင်း လက်ထဲမှာ တူတူးပုန်းတမ်းဆော့လည်း ငြိမ်ခံနေပါပြီ။

အာမို့ စိတ်ရှည်ကြည့်ပါနော်။ အဆင်ပြေမှာပါ ❤️

မနေ့ညက မဟန်နီနဲ့ စကားပြောဖြစ်ရင်း ဒီပုံပြတော့ “ဟင် … မိုချီက အာ့လိုလဲ အိပ်တာပဲလား” တဲ့။မောင်မိုချီက ညဘက် ၉၊၁၀ လောက်ဆို ဘ...
12/07/2022

မနေ့ညက မဟန်နီနဲ့ စကားပြောဖြစ်ရင်း ဒီပုံပြတော့ “ဟင် … မိုချီက အာ့လိုလဲ အိပ်တာပဲလား” တဲ့။

မောင်မိုချီက ညဘက် ၉၊၁၀ လောက်ဆို ဘရိတ်ဖက် ထစားတယ်။ နောက်ပြီး ရှူးပေါက်၊ ရေသောက်မယ်၊ ပြီးရင် အာ့လို ကွေးကွေးလေး တစ်ရေး ပြန်အိပ်ပါတယ်။ သူ့human လိုပဲလေ၊ တော်ရုံကို မနိုးနိုင်ဘူး 🙃 သူစနိုးမယ့် ၉ခွဲ၊ ၁၀နာရီလောက်ကနေ စပြီး Human က အခန်းမီး ပိတ်ထားရတာ၊ မဟုတ်ရင် စားပွဲအောက်မှာပဲ ငုတ်တုတ်လေး ထိုင်စောင့်နေတဲ့အမျိုး။

ဒီရက်ပိုင်း ၁၁၊ ၁၂ နာရီလောက်ဆို ဒုံးကနဲ့ ကန်ထဲကနေ အသံတစ်ခုကို ကြားကြားနေရတာ။ အသံက မကျယ်ပါဘူး။ ဒီအတိုင်း paper beddingပေါ် တစ်ခုခု ပြုတ်ကျပြီး ကန် နည်းနည်းလေး တုန်တုန်သွားတဲ့ အသံလိုမျိုး။

ပထမဦးဆုံးတစ်ရက်က ဟဲ့ဟဲ့ ဘာဖြစ်တာလဲ ထကြည့်တော့၊ သခင်ကြီး အိပ်နေရင်း စားပွဲပေါ်ကနေ လွန်ပြီး အောက်ပြုတ်ကျတာဟေ့။ Human လည်း ထအကြည့်၊ သူကလဲ သွသူ ပြုတ်ကျပြီး သွသူဘာလား ပြန်ဖြစ်နေတဲ့ ရုပ်နဲ့။ bedding ကလည်း အဲဒီအောက်မယ် ထူတဲ့အပြင်၊ သူ့ကို စစ်ကြည့်တော့လည်း ဘာမှ မဖြစ်နေတာနဲ့ အဲဒီလိုပဲ ထားလိုက်ပါတယ်။

အရင်က အသံတစ်ခါမှ မကြားဖူးတာမို့၊ အဲဒီအပေါ် တက်မအိပ်ဘူးနေမယ်။ ဒီနောက်ပိုင်းမှ အဲဒီလို တစ်ရေးနိုး ထပြုတ်ကျတဲ့ အသံက ၂ရက်ခြား တစ်ခါလောက် ပုံမှန် ကြားနေရတာ 🫠

သေချာမသိသူများ မြင်မိရင် ကလေးနှယ်၊ အိပ်စရာနေရာ မရှိတဲ့ အထိ ကန်ကကျဉ်းတာလားဖြစ်ဦးမယ် 🤡

Human သား ကိုလူချော မောင်မိုချီ ပါဟေ့ ✨ကလေးဟာ အတော်ချော။(ဘယ်သူဘာပြောပြော၊ ကွကိုယ်ရိုက်ပြီး၊ ကွကိုယ်ပြန်ချော၊ ဟုတ်နေတာပဲ ...
11/07/2022

Human သား
ကိုလူချော မောင်မိုချီ ပါဟေ့ ✨
ကလေးဟာ အတော်ချော။
(ဘယ်သူဘာပြောပြော၊
ကွကိုယ်ရိုက်ပြီး၊ ကွကိုယ်ပြန်ချော၊ ဟုတ်နေတာပဲ 😅)

ခုမှ tiny friends farm ကို Tiffodမှာတွေ့လို့။Mochi က မဖောက်ရသေးတဲ့ bunny nature တစ်ထုတ် ကျန်နေသေးတာမို့ စိတ်ကိုလျော့လိုက...
11/07/2022

ခုမှ tiny friends farm ကို Tiffodမှာတွေ့လို့။

Mochi က မဖောက်ရသေးတဲ့ bunny nature တစ်ထုတ် ကျန်နေသေးတာမို့ စိတ်ကိုလျော့လိုက်ပါတယ် ဟီး၊ ဒါမဲ့ ဒီရှေ့ကနှစ်ခုလည်း human ရှာနေတဲ့ အထဲမှာ ပါတယ်။

အရင် ကအာ့မျိုးတွေ ရှားရှားပါးပါး Instock ရောင်းတာ တစ်ဆိုင်ရှိတယ်။ ခုကျ အာ့ဆိုင်က page ပါ နာမည်ပြောင်းလိုက်ပီ 😅

တကယ်ပါ။ ကလေးတွေက ပစ္စည်းကောင်းကောင်းတွေချည်း သီးသန့်ရွေးကျွေးလေ၊ ရုပ်ရည်သွင်ပြင်က အရောင်ပိုထွက်လေပဲ။

Skincareတင်မဟုတ်ပါဘူး၊ ကလေးတွေကလည်း ရင်းရင်ရင်းသလောက် ပြန်ကိုရပါတယ်လို့။

စပ်စလူးက ရူးခါနေအောင်ထနေတာမို့ focus က မပြတ်နေတော့ဘူး။ဆောရီး၊ ခုတော့ ပြန်အိပ်သွားပီ ✨
11/07/2022

စပ်စလူးက ရူးခါနေအောင်
ထနေတာမို့ focus က
မပြတ်နေတော့ဘူး။
ဆောရီး၊ ခုတော့ ပြန်အိပ်သွားပီ ✨

ထူးထူးဆန်းဆန်း၊ ဒီအချိန် ရှူးထပေါက်ရင်း ချက်ချင်းပြန်မအိပ်ပဲ၊ လမ်းကြုံစည်ပင်ကလို ကောက်သိမ်းနေတဲ့ အိမ်က သခင်ကြီးဟေ့။ Moch...
08/07/2022

ထူးထူးဆန်းဆန်း၊ ဒီအချိန် ရှူးထပေါက်ရင်း ချက်ချင်းပြန်မအိပ်ပဲ၊ လမ်းကြုံစည်ပင်ကလို ကောက်သိမ်းနေတဲ့ အိမ်က သခင်ကြီးဟေ့။

Mochi က အကြိမ်ရေ အားလုံးနီးပါးကို သဲကန်ထဲမှာပဲ ပေါက်ပါတယ်။

မရည်ရွယ်ပဲ အမွှေးရှည်လာတဲ့ ကိုMochi“မှာလိုက်တာက တစ်မျိုး၊ တကယ်တမ်း အိမ်ရောက်လာတာက နောက်တစ်မျိုး” ဇာတ်လမ်းနဲ့ အစချီခဲ့တဲ့...
07/07/2022

မရည်ရွယ်ပဲ အမွှေးရှည်လာတဲ့ ကိုMochi

“မှာလိုက်တာက တစ်မျိုး၊ တကယ်တမ်း အိမ်ရောက်လာတာက နောက်တစ်မျိုး” ဇာတ်လမ်းနဲ့ အစချီခဲ့တဲ့ Human နဲ့ Mochi တို့ ဇာတ်လမ်းဟာ အစပိုင်းမှာတင် လွဲခဲ့တာ မဟုတ်ဘူးရယ်။

Mochi အိမ်ရောက်လာပြီး ၂လ၊ ၃လနေတော့ အမွှေးတွေက သိသိသာသာ စရှည်လာပါတယ်။ အစက တစ်ချိန်မှာ ရပ်သွားမလားဆိုပြီး Teddy Bear Hamster ရယ်လို့ သဘောခွေ့နေတဲ့ Human ဟာ ဗိုက်ဘေးနှစ်ဖက်ကနေ ပြူးထွက်နေတဲ့ အမွှေးနှစ်ချောင်းကို သိပ်သဘောမတွေ့နေဘူး။

ညှပ်ရင်တိုမလားဆိုပြီး၊ ကြံရာမရတဲ့အဆုံးမှာ တစ်ခါ ဒင်းအိပ်ပျော်နေတုန်း ကောက်ညှပ်လိုက်သေးတယ်။ မကြာပါဘူး။ ပြန်ရှည်တာပါပဲ။

နောက်ဆုံးတော့လည်း မျိုးရိုးကိုလိမ်မရပဲ တစ်ကိုယ်လုံး အညီအမျှ လိုက်ရှည်လာပါလေရော။ ကြည့်ရတာ မျိုးရိုးတစ်လျှောက်မှာ အမွှေးစုတ်ဖွါး တစ်ခါညှပ်ခဲ့တယ်နေမယ်၊ ရုပ်ပျက်ဆင်းပျက် မရှည်ပေမယ့် မြင်တဲ့အတိုင်း ဖွါလန်ကြဲကို ရှည်နေတာပဲ။

ရေရှည်မှာ ကျွေးတဲ့ diet ကြောင့်လဲ တစိတ်တပိုင်း ပါပါမယ်၊ အမွှေးတွေက အရောင်အစင်းရှိပေမယ့် grooming လုပ်ပြီး တံတွေးတွေနဲ့ လူးပြီးကာစဆို မြင်လို့ကို မကောင်းဘူး။ တကယ့် ကြွက်ရေစိုတယ်ဆိုတဲ့ အတိုင်းပဲ။

ကိုယ့်သားကိုယ် ရုပ်အပျက် မခံနိုင်တဲ့အဆုံးမှာ ဟိုရှာဒီရှာ ဖတ်ကြည့်တော့ hamster ဖီးတဲ့ ဘီးရှိသတဲ့။ အာ့တုန်းက အခုလို ဘီးတွေ domestically မရောင်းသေးဘူး။ Logistic ဖိုးနဲ့ ငါမွဲမှာပဲ တွေးနေရင်နောက်ဆုံး အကြံရသွားပါတယ်။ အဲဒီနေ့ကစပြီး ဒင်းကို extra soft သွားတိုက်တံနဲ့ စဖြီးတာပဲ 😂

စစချင်းသူက သွားတိုက်တံကို ပြန်ကိုက်တာ။ Human ကဖြီး၊ သူကလှမ်းကိုက်နဲ့ သံသရာကိုလည်နေတာပဲ။ နောက်ကျ ဖြီးပေါင်းများလို့ပဲလား၊ ဘာလား သေချာမသိပေမယ့် သခင်ကြီးက ငယ်ကျွန်ဖြီးလိုက်တိုင်း ငြိမ်ခံလာတယ်ဟေ့။

တစ်ခါက သွားတိုက်တံစုတ်နေလို့ဆိုပြီး ရေနဲ့ဆေးပြီး ပြန်ဖြီးပြန်တော့ အစကလို ပြန်ကိုက်ပြန်တာပဲ။ အဲဒီနဲ့ အခု အဲဒီသွားတိုက်တံကို လဲတာမလုပ်၊ ဆေးတာလဲ မလုပ်ပဲ၊ ဒီအတိုင်း စုတ်စုတ်ပြတ်ပြတ်ထားပြီး ဖြီးပေးပါတယ်။

ပုံတွေက သွားတိုက်တံနဲ့ ဖြီးပြီးကာစ အမွှေးတွေ ကားယားနေပုံ 😂

28/06/2022

Mochi snack တွေအကုန် human စားဖူးပါတယ်။

Dried flowers and herbs လည်း စားဖူးပါတယ် 🙃မုန်လာဥကိုလည်း လျှာနဲ့လျှက်ဖူးပါတယ်။ ဂျယ်လီလဲ စားဖူးပါတယ်။ tuna ချောင်း ဘာညာကျ human လဲ မကြိုက်လို့ သူ့လဲမကျွေးပါဘူး။ အချိုမှုန့်နဲ့ လူးထားတဲ့ ရေညှိခြောက်တော့ human ကြိုက်ပါတယ်။ အာ့ကျ Mochi စားမရဘူးဆိုလို့ မကျွေးလိုက်ပါဘူး။

လူစားတဲ့ အသီးအရွက်တွေကတော့ ထွေထွေထူးထူးပြောစရာမလိုအောင် သူတစ်ကိုက်၊ ကိုယ်တစ်ကိုက်ပါပဲ။

မစားဖူးတာဆိုလို့ Paste တွေပဲရှိပါတယ်။ Paste တွေကတော့ အထဲမှာ အစိမ်းတွေလဲ ပါတာမို့ မြိုမကျတာနဲ့ Human မစားဖူးဘူးပါဘူး။ အားနောက်ပြီး daily mix တွေရှိပါတယ်။ အကောင်ပလောင်တွေနဲ့မို့ Human မစားပါဘူး။

အတွေ့အကြုံအရ
_ တစ်ချို့ဟာတွေကတော့ စားပြီးရင် အော်ဂလီဆန်ပြီး အိမ်သာထဲမှာ တန်းအန်ပါတယ်။
_ တစ်ချို့များမယ် ပါးစပ်ထဲ ခါးပြီး စွဲကျန်ခဲ့ပါတယ်။
_ Cookie အများစုက တစ်ကိုက်နဲ့တင် အစာမကြေဖြစ်ပြီး တစ်နေကုန် မအီမသာ ဖြစ်ပါတယ်။

Human အကြိုက်ဆုံးကတော့ tofu ပါ။ အရမ်းကောင်းပါတယ်။ တစ်ကိုက်ကို တစ်ကိုက်ဆိုသလို ဇွတ်ကို ဆိမ့်နေပြီး ရှယ်ကောင်းပါတယ်။ မယုံရင်စားကြည့်ပါ။ Mochi လည်း ကြိုက်ပါတယ်၊ Human လည်း ကြိုက်ပါတယ်။ အမေကတော့ အခုလို ဝေစား၊မျှစားတာ မြင်ရင်ဆဲပါတယ်။ ဂျပန်ကလာတဲ့ dried tofu ဆိုတာမျိုးလည်း တစ်ခါမြင်ဖူးပါသေးတယ်။ သူက tofu ထဲမှာ အသီးတွေဘာညာ ပါ ထပ်ရောထားတာမို့ အခု tofu ထက် ပိုအရသာကောင်းမှာ သေချာပါတယ်။

Human ပြောချင်တာက အာ့လို tofu တွေ့ရင်လည်း ဝယ်သာဝယ်ပါ။ တကယ်စားကောင်းတာပါ။ မယုံရင် ဝယ်စားကြည့်ပါ။ ကိုယ့်ကလေး စားတာမစားတာ တစ်ပိုင်းပေါ့။ Human တွေကတော့ သေချာပေါက်ကြိုက်ကျမှာပါ။

Adoptive parent လုပ်ပေးနိုင်မယ့် ရန်ကုန်သူ အစ်မတစ်ယောက်နဲ့ ဆက်သွယ်မိသွားပါပြီရှင်။ လောလောဆယ် အနေထားကတော့ မြင်တဲ့အတိုင်း ...
28/06/2022

Adoptive parent လုပ်ပေးနိုင်မယ့် ရန်ကုန်သူ အစ်မတစ်ယောက်နဲ့ ဆက်သွယ်မိသွားပါပြီရှင်။

လောလောဆယ် အနေထားကတော့ မြင်တဲ့အတိုင်း humanရဲ့ အထုတ်တွေလဲထုတ်၊ Mochi အထုတ်တွေလည်း ထုတ်ရင်း သားအမိနှစ်ယောက် အထုတ်ထုတ်တာ ပြိုင်နေကြတာပါ။

When I say a lot, I literally mean a lot ပါ 😅 ဒါတွေက ပုံမှန်ဖွင့်ပြီး၊ သုံးတာတွေ မဟုတ်လို့ တိတ်ပိတ်လိုက်ပါပြီ။ Human ကိုယ်စား လက်ခံပေးတဲ့အစ်မကြီးကလည်း၊ သူနေတဲ့ နေရာနဲ့ human နေရာနှစ်ခုက နီးတာမို့ ပစ္စည်းများတာ စိတ်မပူဖို့ အားပေးပါတယ်။

နောက်ပြီး ဒီPage လေးကို like မလုပ်နဲ့တော့လေကွယ် 🥹 (ရင်ဘတ်ထဲက အောင့်ပါတယ်ဆိုမှ ပိုအောင့်အောင် လုပ်နေကြဒယ်)၊ ကြားထဲမှာ ဒီpage လေးက သေနေမှာပါ။ ပြန်ရောက်လာတဲ့ အချိန်ကျရင်တော့ နောက်ထပ်ကလေး ထပ်မွေးဦးမှာမလို့ ဒီ page မှာပဲ နောက်မွေးမယ့် ကလေးကို လူသိရှင်ကြား ကြော်ငြာမယ်လို့ စဉ်းစားထားပါတယ်။

အဲဒီအခါကျ အမေ့သားအကြီးဆုံး၊ နင့်အစ်ကိုကြီး Mochi လေးကို အတုယူပြီး နေထိုင်စမ်းပါပေါ့ 🥹

Adoption Needed _ မွေးစားမိဘတစ်ဦး အလိုရှိပါတယ်ရှင်။အဖြူနိုင်ငံက ကျောင်းတစ်ခုမှာ Master တန်းတစ်ခုတက်မလို့ မမျှော်လင့်ပဲ H...
24/06/2022

Adoption Needed _ မွေးစားမိဘတစ်ဦး အလိုရှိပါတယ်ရှင်။

အဖြူနိုင်ငံက ကျောင်းတစ်ခုမှာ Master တန်းတစ်ခုတက်မလို့ မမျှော်လင့်ပဲ Human Scholarship တစ်ခု ရလိုက်ပါတယ်ရှင်။ Master တန်းမို့ ၁နှစ်ကြာပြီး fellowship ထပ်လျှောက်ရမှာမို့ ဘွဲ့နောက်ပိုင်းမှာ အလုပ်ကို ၁နှစ်ကနေ၂နှစ်ပြန်လုပ်ပေးဖို့ အကြောင်းဖန်နေတဲ့အတွက် Human အနေနဲ့ ဒီနိုင်ငံကနေ ၂ခွဲနီးပါး ခွဲဖို့ဖြစ်လာပါတယ်။

Community based project တွေနဲ့ career development ထားသူမို့ human သေချာပေါက်ပြန်လာပေမယ့်၊ ကြားထဲမှာ mochi လေးက အသက် ၁နှစ်နီးပါး ရှိနေပြီမို့ လွန်ရော၊ ကျွံရော နောက်ထပ် တစ်နှစ်ခွဲ၊ တစ်နှစ် စောင့်ရှောက်ပေးနိုင်မယ့် ရန်ကုန်မှာရှိနေနိုင်မယ့် forever home လေးလိုအပ်နေပါတယ်ရှင်။ လောလောဆယ် Tiffod House ကပါ ကူရှာပေးနေတာမို့ အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ အဲဒီအစ်ကိုရဲ့ consideration ကို ဦးစားပေးယူပြီး adoptive parent လေးကို စိတ်ချလက်ချ အပ်ခဲ့ချင်ပါတယ်ရှင်။

initial planning တုန်းက၊ အကောင်လေးကလည်း သေးသေးလေးမို့ ယူသွားဖို့ စီစဉ်ပေမယ့် transit များမယ့် human flight ကလည်း ၃၆နာရီကြာမယ့်အပြင် သံရုံးကလည်း လက်မခံဘူးဆိုတဲ့အတွက် ဒီ option ကို စဉ်းစားလိုက်ရတာပါ။

Human က August လအကုန်မှာ ထွက်သွားဖို့ ပြင်နေပါတယ်။ အဲဒီမတိုင်ခင် လာယူပေးနိုင်မယ့် ရန်ကုန်မှာရှိတဲ့ သူမျိုးဆို အဆင်ပြေပါတယ်ရှင်။ ဒီကြားထဲမှာ ဝါဿနာအရ တခြားမှာထားတာတွေလည်း ရှိနေသေးတာမို့ တစ်ပါတည်း ထည့်ပေးလိုက်ချင်တဲ့အတွက် အစောဆုံးဆိုရင် July အကုန်လောက် Human ဆီမှာ လာသယ်ပေးနိုင့်သူမျိုးဆို အဆင်ပြေပါမယ်ရှင်။

ဖြစ်နိုင်ရင်တော့ တခြားမောင်နှမမရှိပဲ၊ Mochi တစ်ဦးတည်းမွေးမယ့် သူမျိုဆို အဆင်ပြေပါတယ်ရှင်။ ဝါဿနာအရမွေးထားတာမို့ ရောက်သွားခဲ့ရင်တောင် ကြားထဲမှာ နှင်းတွေနဲ့ အဲဒီနိုင်ငံက ပစ္စည်းတွေကို ဒီကို ပြန်လှမ်းပို့ဖို့အထိကို ရောဂါထနေတဲ့ သူတစ်ဦးပါရှင့် 😅

ဒီPage ထဲမှာလည်း မကြာမကြာ မြင်နေကြအတိုင်း Human က bulk buying လုပ်တတ်တာမို့ အခုလည်း သယ်စရာ ပစ္စည်းတွေ အတော်များပါမယ်။ Bedding, Snacks, Herbs etc တွေကို ဂိုထောင်လို လှောင်ထားတာမို့ Mochi လေးတစ်ယောက်တည်းဆိုရင် နောင် ၄၊၅လ လောက်ထိက ဘာဆို၊ ဘာမှ ဝယ်စရာ မလိုဘူးရှင့်😁တစ်လကို ၁သောင်းလောက်ပဲ ပုံမှန်ထည့်ရင် အဆင်ပြေသွားပေမယ့်၊ ဖြစ်နိုင်ရင်တော့ တစ်ဦးတည်းသော သားလိုမျိုး တကယ်စေတနာ ထားပေးနိုင်မယ့် Adoptive Parent ကို ရှာနေတာမို့ စိတ်ဝင်စားသူများရှိရင် Human ကို ဆက်သွယ်ပေးပါရှင်။

အသက်ကြီးလာပြီမို့ :Protein လေး လျော့ပြီး၊ fiber ကို မသိမသာလေး တိုးပါမယ်ရှင်❤️ Ref: https://www.hamstersociety.sg/hamster...
22/06/2022

အသက်ကြီးလာပြီမို့ :

Protein လေး လျော့ပြီး၊ fiber ကို မသိမသာလေး တိုးပါမယ်ရှင်❤️

Ref: https://www.hamstersociety.sg/hamster-care-blog/2019/8/13/hamster-diet-pt-1-all-about-nutrition-variety-and-quality & https://fivelittlehams.wixsite.com/correcthamstercare/blank-1/2020/05/05/choosing-an-appropriate-hamster-food?fbclid=IwAR2gFhKR4Jj46P5JRNL-JAG-dX_5tJm1WItt4CPl512dbz-pT19ErsYxCBc

19/06/2022

အားလဲ နာပါတယ်၊ တောင်းလဲ ပန်ပါတယ်။ ဒါမဲ့ Mochi Human ကိုလေ DM ကနေ မေးခွန်းတွေ မမေးနဲ့လေနော် 🥹

Human မှာ life conflict တစ်ချို့နဲ့ အတော်လေး ဂယက်ဖြစ်နေပြီ နဂိုကတည်းက စာအရှည်ကြီးတွေ ရေးတတ်တဲ့ ဒီ Human က တစ်ယောက်ချင်းစီကို tailoring answer မဖြေပေးနိုင်လို့ပါ။

နောက်ပြီး online shop တွေက daily mix ပုံကြီးတွေ ပြပြီး “ဒါကောင်းလားဟင်” ဆိုတဲ့ မေးခွန်းလိုမျိုးတွေက အတော် ချောင်ပိတ်ရိုက်ပါတယ် 😅

Human က digital literacy ကို curriculum ရေးဖူး ပါတယ်။ (ကြားဖြတ် နင်ကြွား 🫠) “အာ့ရီးက ဒီလို နောက်ဆက်တွဲဖြစ်တယ်၊ ဒါတွေ ပါလို့ ကျွေးမရဘူး” ပြောလိုက်ပြီး အဲဒီ Human Reply ကို ရောင်းတဲ့ ဆိုင်က SS ကို တွေ့ခဲ့လို့ negatively respond လာရင် digital medium မှာ human အနေနဲ့ professionally မဟုတ်ပဲ ethics မရှိတဲ့ intentions မျိုးဖြစ်စေခဲ့တာမို့ human အမှား ဖြစ်သွားမှာပါ။

နောက်ပြီးဟိုလူက weibo က post မှာ ဟိုလိုတင်ထားလို့ ဘာလို့ human ကျ မကောင်းဘူးပြောတာလဲဆို ပိုလို့တောင်ဆိုး 😭 အဖြူရူး၊ ကော်ကေးရှင်းရူး ရူးနေတယ်ပြောလဲ မတတ်နိုင်ပေမယ့် အမှန်အတိုင်းပြောရရင် weibo က ဟာတွေရော၊ Weibo အခွဲ YouTube channel က ဟာတွေရော အထင်ကို မကြီးတာပါ။

Human ဖတ်မိသလောက် အဖြူတို့မြေက ကျင့်ကြံတဲ့ နည်းတွေနဲ့ သူတို့မြေက ကျင့်ကြံတဲ့ နည်းတွေက တကယ့်ကို မိုးနဲ့မြေလို လွဲနေတာကို ဒီကhuman တော်တော်များများလဲ သတိထားမိမှာပါ။ aesthetically pleasing စရာမလိုပါဘူး။ ကျန်းမာတဲ့ hamster မွေးဖို့က ဦးစားပေး အရေးကြီးဆုံးပါ။

ဥပမာ သူတို့မြေမှာ animal tested မလုပ်ထားတဲ့ cosmetics skincare တွေကို shelf ပေါ်တင်ရောင်းရင် တရားစွဲတာ၊ ဒဏ်ရိုက်တာ၊ ထောင်ချတဲ့ အထိ ပြင်းပြင်းထန်ထန်လုပ်ပါတယ်။ ဒါမဲ့ ထူးဆန်းတာက cruelty free ကို branding လုပ်ပြီး proudly awareness raised နေတဲ့ နာမည်ကြီး brands တစ်ချို့က ဆိုင်ခန်းကြီးဖွင့်ပြီး ရောင်းလို့ရနေတာပါ 🙃 ( I don’t know how the heck they run the state or any facts about their zero corruption campaigns but actually it’s not my freaking business at all ✌🏻) Human ကို Weibo မှာကျ ဒီလိုရေးတယ်ဆိုပြီး လာမပြပါနဲ့။ ရေလည် အသည်းပေါက်လို့ပါ။

Message ကို မတော်တဆ နှိပ်လိုက်မိလို့ seen ဖြစ်သွားပေမယ့် Human စာမပြန်ပါဘူး။ daily mix တွေ၊ စားသင့် မစားသင့်တာတွေကို ဒီနောက်ပိုင်းမှာ reliable ဖြစ်တဲ့ဆိုင်တွေ awareness post တွေက မကြာခဏ၊ အသေးစိတ်ကို ရေးတင်တာမို့ ဖတ်ကြည့်လို့ရပါတယ်။ Customised မေးခွန်းတွေကို Human သိသလောက် let’s healthy hamsters မှာမေးလို့ရပါတယ်။ https://www.facebook.com/Lets-get-healthy-Hamsters-100563875935368/

တစ်ခုပဲ။ human ကို Weibo မှာ ဒီလိုရေးတယ်ရော်တွေ မပို့ပါနဲ့လို့။ တကယ်ကို မကြိုက်လို့ပါ။ တော်ကြာ Mochi Human က weibo ss မကြိုက်လို့ “state controlled media” labelled Facebook Account က SS တွေလည်း လာမပို့နေနဲ့ ဦး😐

'Our Tiny Family Member'

ကိုယို့ကားယား pose
14/06/2022

ကိုယို့ကားယား pose

မှာလိုက်တာက နောက်က နှစ်ခုပဲရယ်။ ဒါမဲ့ ဒါရီးက အစ်မ Honey Ho Ney ဆီက အပိုပါလာတာရော် 😅လုံခြုံရေးဆီက အခုမှ အထုတ်သွားသယ်တာမို...
23/05/2022

မှာလိုက်တာက နောက်က နှစ်ခုပဲရယ်။ ဒါမဲ့ ဒါရီးက အစ်မ Honey Ho Ney ဆီက အပိုပါလာတာရော် 😅

လုံခြုံရေးဆီက အခုမှ အထုတ်သွားသယ်တာမို့၊ အခုမှ ကျေးဇူးတင်ရပါတယ် အစ်မရေ❤️

16/05/2022

Bedding တွေ ရွေးတဲ့အခါ ကလေးတွေရဲ့ burrowing လုပ်တဲ့ အကျင့်လေးကို အထောက်အကူပြုတဲ့ဟာမျိုး ထည့် စဉ်းစားဖို့လည်း လိုအပ်မယ်လို့ ထင်ပါတယ်။

၁) ဦးဆုံး တူး၊ ယက်ပြီး တွင်းလုပ်ဖို့ အတွက် မအိကျ၊ မပိကျ၊ မပြိုကျတဲ့ main beddingလိုပါမယ်။

၂) အချို့များကတော့ main bedding မှာ burrowing လုပ်တဲ့အခါ ပိုခိုင်အောင် hay တွေ ရောသုံးကြပါတယ်။ hay တွေဟာ လူအိမ်တွေမှာ ဘိလပ်မြေလို အလားတူ သူတို့ bedding လုပ်တဲ့ အခါ ပိုမိုခိုင်ခံစေပါတယ်။ ကလေးလဲ စိတ်ချမ်းသာ၊ ကိုယ်ကြည့်ရင်လည်း အမြင် အတော်လှတဲ့အပြင် မြန်မာပြည်မှာ ရွေးစရာ hay bedding တွေလဲ ဖောဖော သောသောရှိလာတာက ဂုဏ်ယူစရာပါ။

၃) Topping အနေနဲ့ dried flowers and herbs တွေကို scatter လို့ခေါ်တဲ့ ကျဲကျဲပြီး ထားပေးတာမျိုး လုပ်လို့ရပါတယ်။

Budget အလိုက် ၁) တစ်မျိုးတည်း သွားလို့ရသလို၊ ၁)၂) လည်း ရပါတယ်။ ၁)၂)၃) လည်း ရပါတယ်။ တစ်ခုရှိတာက အဆင့်ကျော်တာ၊ အဆင့်လွဲတာမျိုး မလုပ်ဖို့ပါပဲ။

မြန်မာပြည်မှာ နာမည်ကြီးတဲ့ စီရုတ်မရဲ့ လုပ်ဆောင်ပုံ တော်တော်များများက ကြောက်ဖို့ကောင်းအောင် လွဲနေပါတယ်။ ဘာတွေ ဘယ်လိုမွေးပြီး၊ ဘယ်နှစ်ကောင် ရှင်သလဲ သေချာမသိပေမယ့်၊ အကောင်သစ် unboxing video တွေလည်း မကြာမကြာတက်တာရယ် 😅 သူ့ YouTube အောက်မှာလဲ အင်းလိပ်တွေ ဝင်ဝင်ရေးရင် delete ပြစ်တာပါ။ ဒေဝဒတ်ကို ဆရာ ‘မတင် မိစေဖို့ပါရှင် 🥹

ဒါမျိုးကွ 🔥
24/04/2022

ဒါမျိုးကွ 🔥

အရေးကြီးခရီးသွားပေါ်လာလို့အိမ်ကsmall petလေးတွေကိုထားခဲ့ဖို့လည်းစိတ်မချ ခေါ်သွားဖို့လည်းအဆင်မပြေဖြစ်နေပြီး စဉ်းစားရခတ်နေတယ်ဆိုရင်"MR.HAMMY Small Pet House"ရှိပါတယ်ဗျ

MR.HAMMYကနေကလေးတွေရောဟူးမန်းတို့ရောအဆင်ပြေစေလိုတဲ့ရည်ရွယ်ချက်နဲ့Small Pet Houseလေး
အနေနဲ့စတင်serviceပေးသွားမှာဖြစ်ပါတယ်ဗျ။

မဖြစ်မနေခရီးသွားရမှာမလို့ ကလေးတွေကိုခေါ်သွားဖို့လဲအဆင်မပြေအိမ်မှာပဲထားခဲ့ဖို့ကျလည်းအသေးစိတ်ဂရုစိုက်ပေးမယ့်သူမရှိတဲ့ဟူးမန်းတို့အတွက်အထူးအဆင်ပြေစေမှာပါဗျ။

MR.HAMMY Small Pet House မှာဆိုရင် small petလေးတွေဖြစ်တဲ့ ဟမ်းစတား,ကြွက်,ယုန်,ပူး,ဖြူး, etc... စတဲ့ကလေးတွေကိုလက်ခံပေးသွားမှာဖြစ်ပါတယ်ဗျ။

MR.HAMMY pageဟာ"Small Pet House"စမလုပ်ခင်ထဲကကလေးတွေကိုပိုးမွေးသလိုဂရုတစိုက်သေချာပြုစုပြီးမွေးတာမလို့ ကလေးတွေအတွက်အထူးစိတ်ချရပါတယ်ဗျ pageထဲမှလည်းဝင်ရောက်လေ့လာနိုင်ပါတယ်ဗျ။

~ကလေးတွေကိုအပ်နှံတဲ့အခါမှာလိုအပ်ချက်လေးတွေနဲ့အသိသတိပေးချက်လေးတွေရှိပါတယ်ဗျ~

-MR.HAMMYမှာကလေးတွေကိုအပ်နှံဖို့ cage/ကန်,ရေဘူး,အညစ်ကြေးစွန့်ခွက် ပါရှိရပါမယ်။

-ကလေးတွေရဲ့အပြုအမူ စားသောက်ချိန် လိုအပ်ချက်လေးတွေကိုပြောပြပေးဖို့လိုအပ်ပါမယ်ဗျ။

-ဟမ်းစတား,ကြွက်လေးတွေအတွက်တော့ လိုအပ်တဲ့အစာကအဆင့်သင့်ရှိတာကြောင့် အကယ်၍အစာကိုMR.HAMMY Small Pet Houseကနေပဲကျွေးဖို့အပ်ခဲ့ရင်လည်းရပါတယ်ဗျ။

-ဟမ်းစတားတွေအတွက်သခင်ဟူးမန်းစီကနေအခင်းနဲ့သဲတော့ပါရပါမယ်ဗျ၊အကယ်၍မပါဘူးadminတို့စီကပဲထည့်ပေးရမယ်ဆိုရင်တော့1000ထပ်တိုးကောက်ပါမယ်ဗျ။နောက်တစ်မျိုးကတော့ဆိုင်ကနေဝယ်ပြီးထားခဲ့ပေးလည်းရပါတယ်ဗျ။ရက်ရှည် 7ရက်အထက်တည်းမယ့်ဟမ်းဟမ်းလေးတွေအတွက်ကတော့တစ်ရက်ကိုပုံမှန်အခင်းနှင့်သဲပါတဲ့ စျေးနှုန်းအတိုင်းပဲကျသင့်ပါမယ်ဗျ~

-ယုန်,ပူး,ဖြူးလေးတွေအတွက်တော့လိုအပ်တဲ့အစာအပြည့်အစုံမရှိတာကြောင့် အပ်နှံမယ့်ဟူးမန်းတို့က လိုအပ်တဲ့အစာအပ်ခဲ့တာ ဒါမမဟုတ် feeding guide ပေးခဲ့တာမျိုးလုပ်ပေးရပါမယ်ဗျ။

ကလေးတွေရဲ့1day(24hours)feesအနေနဲ့ကတော့-

For 1 Hamster - 3000mmk(သခင်စီမှသဲနှင့်အခင်းပါ)
For 1 Hamster - 4000mmk(သခင်စီမှသဲနှင့်အခင်းမပါ)
+free[daily food+treats]

For 1 Rat - 3000mmk(သခင်စီမှအစာခြောက်ပါ)
For 1 Rat - 4000mmk(သခင်စီမှအစာခြောက်မပါ)
+free treats

[*အောက်ပါကလေးများအတွက်Feeding guide အတွင်းအသီးအရွက်နှင့်အသားပြုတ်များပါပါကဈေးနှုန်းပြောင်းလဲမှုရှိသွားပါမယ်ဗျ*]

For 1 rabbit - 3000mmk
(သခင်စီမှအစာ ခြောက်နှင့် feeding guideအပါ)
+free treats

For 1 hedgehog -3000mmk
(သခင်စီမှအစာခြောက်နှင့် feeding guideအပါ)
+free treats

For 1 guinea pig -3000mmk
(သခင်စီမှအစာခြောက်နှင့် feeding guideအပါ)
+free treats

[*ဟမ်း/ကြွက်လေးတွေအတွက် အစာကိုတော့ ကျွန်တော်တို့စီမှာကျွေးဖို့အပ်ခဲ့မယ်ဆိုရင်တော့ origins,purr,h1/h2,complete,mazuri lab block,crispy,oat,veggies & etc....တွေအပြင်တခြားအကောင်းစားအစာတွေ စားသင့်တဲ့အစာတွေကိုရွေးချယ်ပြီး သင့်တင့်မျှတတဲ့အစာတစ်ခွက်ဖြစ်အောင်ကျွေးပေးပါတယ်ဗျ ကလေးတွေကျန်းမာရေးအတွက်ထိခိုက်စေမယ့် ဆိုးဆေးလွန်ကဲတဲ့အစာတွေ အဆီများတဲ့အစာတွေ မသင့်တော်တဲ့အစာတွေကိုလုံးဝမကျွေးတာမလို့ကလေးတွေရဲ့အစားအသောက်ကအစစိတ်ချရပါတယ်ဗျ*]

[*ကလေးတွေလက်ခံတဲ့နေရာမှာlimitရှိတာမလို့ ကလေးတွေမအပ်နှံခင်ဖုန်းဆက်စုံစမ်းပေးဖို့တောင်းဆိုချင်ပါတယ်ဗျ*]

[*Vetနှင့်ရက်ချိန်းရှိသောကလေးများ Vetနှင့်အမြဲထိတွေ့နေရသောကလေးများ ကျန်းမားရေးလွန်စွာချို့ယွင်းနေသောကလေးများအတွက်တော့လောလောဆယ်အပ်နှံလို့မရနိုင်သေးပါဘူးဗျ သာမာန်basicကျန်းမာရေးလောက်ပဲသိပြီးvetတွေလောက်ကျွမ်းကျင်ပိုင်နိုင်မှုမရှိတာကြောင့်ကလေးကိုတစ်ခုခုဖြစ်မှာဆိုးတာကြောင့်ပါဗျ*]

ဖုန်း- 09781002557 / 0977579213

လိပ်စာ-No.20,ထီးတန်း(၄)လမ်း,ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်မြို့။

(adminတို့လမ်းက One Wayလမ်းဖြစ်တာကြောင့်ကန္နားလမ်းဘက်ကဝင်ရပါမယ်ဗျ လမ်းထိပ်မျက်စောင်းထိုးမှာထီးတန်းဆိပ်ကမ်းရှိပြီး လမ်းထိပ်မှာ ထိုက်ထိုက်လျှပ်စစ်နှင့်ကုန်မာစတိုးဆိုင် ရှိပါတယ်ဗျ)

ဘယ်လိုပဲ ဥကြီးတွေ ပြူးနေပါစေHumanမ ကတော့ ပန်းရောင်ပစ္စည်းတွေနဲ့ ပန်းခင်းထဲမှာချည်း ဇွတ်ကို၊ အားနဲ့ နေခိုင်းတာမျိုး 😑
23/04/2022

ဘယ်လိုပဲ ဥကြီးတွေ ပြူးနေပါစေ
Humanမ ကတော့
ပန်းရောင်ပစ္စည်းတွေနဲ့
ပန်းခင်းထဲမှာချည်း
ဇွတ်ကို၊ အားနဲ့ နေခိုင်းတာမျိုး 😑

21/04/2022

Mochi be like “ကြိုက်တယ် human ရေ၊ ကြိုက်တယ်ဟဲ့၊ ကကျွတ်ကကျွတ်နဲ့ လတ်တယ်နော်”

Bunny Nature က Hamster Dream Expert, Syrian အတွက် စမ်းကျွေးတာ … အာ့မှာ နင်းကန်တွေ ဝါး 🔥

✨တို့သားအမိနှစ်ယောက်ပါ ✨
19/04/2022

✨တို့သားအမိနှစ်ယောက်ပါ ✨

Happy Myanmar New Year & a New Snack today! Tiffod  House ကနေ စောင့်စရာမလို၊ အင်စတော့ကို ဝယ်ချလာတာ။ ခုတော့ ရမရ မသိဝူး 😅ဒ...
17/04/2022

Happy Myanmar New Year & a New Snack today!

Tiffod House ကနေ စောင့်စရာမလို၊ အင်စတော့ကို ဝယ်ချလာတာ။ ခုတော့ ရမရ မသိဝူး 😅

ဒီနေ့ bunny nature က အထုတ်သစ်ကလေး ဖောက်တယ်ကွယ် 🦋

Edited: ဈေးတွေ မမှတ်မိတော့ 🥲 ဆိုင်နာမည်လေး ပြောထားတာမို့ ကွကိုယ်ပဲ ဈေးသွားမေးပေးကြပါနော် 😅

My little sweet heart ခေါင်းစဉ်အောက်က red berries တွေမို့ သူ့ ကွက်တီလေးက မဆိုသလောက်လေး နီနေတာ။ ပုံထဲမှာ သေချာ မတွေ့ရဘူး။

Red berries ရွေးဖြစ်တာက အာ့အသီးတွေက ဒီဘက်မှာ ရှားတယ်လေ။ အာ့မို့ Mochi အတွက် forest fruits တို့ wild berries တို့ ဘာညာများတွေ့မိရင် ဒီ human အရမ်းတွေ လျှောက်ဝယ်မိရော။ လာခဲ့တဲ့ ဇစ်မြစ်အရ Chinese Hamster မဟုတ်တာရော သူ့ natural instinct လေးကိုလည်း တယုတယလေး ပြန်ပေါ်စေချင်တာပါ။ အများရီး မမွေးနိုင်ပေမယ့် ဒီhuman လက်ထဲမှာတော့ ကံလာဆုံရှာတဲ့ Mochi ကို စိတ်ချမ်းသာစေချင်တာပေါ့လေ။

Packaging နဲ့ ingredients ကြောင့်နေမယ် အခု snack vibe လေးက Bonne Maman က berries and cheery ယိုလေးနဲ့တောင် ခပ်ဆင်ဆင် ❤️

Bunny Nature မို့ 100% quality guarantee ပါ 🔥 no sugar ကိုမှ အထဲမှာ forest fruit လို့ ခေါင်းစဉ် တပ်ထားပေမယ့် တကယ်တမ်း rosehip peel နဲ့ hibiscus ပါ ပါပါတယ်။

အိပ်နေတုန်းမှာတင် လှမ်းပေးတော့ ပါးစပ်ထဲ တစ်ခုလုံး ငြုံပြီး အိပ်အိပ်ရင်း ဝါးနေတာမို့ Mochi Approved! ပါ။

Address


Website

Alerts

Be the first to know and let us send you an email when Mochi, the Syrian Hamster posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share