ဒိုဒိုး - Doe Doe

  • Home
  • ဒိုဒိုး - Doe Doe

ဒိုဒိုး - Doe Doe Kittens are angels with whiskers �

မေမေ့ချစ်မဝလေး ချွဲစိန် ဒိုဒိုး - Doe Doe ❤️😽
16/01/2024

မေမေ့ချစ်မဝလေး ချွဲစိန် ဒိုဒိုး - Doe Doe ❤️😽

Design ဆွဲမယ့်အဖွဲ့
19/01/2023

Design ဆွဲမယ့်အဖွဲ့

What greater gift than the love of a cats.-Charles Dicknes
28/11/2022

What greater gift than the love of a cats.

-Charles Dicknes

-FAMILY-
14/10/2022

-FAMILY-

09/06/2022

ကြောင်တုပ်ကွေး
********************

ဒီလို ရာသီ အကူးအပြောင်းမှာ ခွေးကြောင်လေးတွေ တုပ်ကွေးဖြစ်ကြတာ အရမ်းများပါတယ် ...အချိန်မီ သိရင် ကယ်နိုင်ပေမယ့် နဲနဲလေး နောက်ကျသွားတာနဲ့ အသက်ပေးရတတ်ပါတယ်

တုပ်ကွေး လက္ခဏာတွေ ပြောပြပေးပါမယ်
၁. ခလေးက အစားမစားဘဲ မှိုင်မယ် . မဆော့ဘူး .
၂. ရေရှိတဲ့နေရာ သို့မဟုတ် အေးတဲ့နေရာသွားအိပ်နေမယ်
၃. အန်မယ် . အဖြူမြှုပ်သို့မဟုတ် အဝါရောင် ခပ်ပျစ်ပျစ် အရည် အန်တာပါ
၄. မျက်စိထဲမှာ မျက်ချေးတွေပိတ်နေမယ်. မျက်ရည်ပူတေ ကျနေမယ်
ဒီလက္ခဏာတွေဆိုရင် ၉၀% ကြောင်တုပ်ကွေးပါဘဲ
ဆေးခန်းနီးတဲ့ သွားနိုင်လာနိုင်သူတေဆို ပိုးသတ်ဆေးထိုးလို့ရပေမဲ့ ဆေးခန်း မရှိတဲ့နေရာ တို့ ဆေးခန်းသွားပြဘို့ အခက်အခဲရှိသူတွေဆို အိမ်တွင်း ကုထုံးတွေနဲ့ဘဲ အသက်ဆက်ကြရပါတယ် . ဒါ့ကြောင့် ကုသနည်းနဲ့ အစာကျွေးနည်းလေးတွေ ခပ်တိုတိုဘဲ ရေးပေးပါ့မယ်

ကုသနည်း
၁. ခလေးသောက်တဲ့ အမောက်စလင်မှုန့် 250mg ကို တနှစ်အောက် 1 cc ( လက်ဖက်ရည်ဇွန်းတဝက် ) တနှစ်အထက်ဆိုရင် 1.5cc ( လက်ဖက်ရည်ဇွန်း ပြည့်ခါနီး )
၂. ပျားရည် စစ်စစ် ( Fame က ထုတ်တဲ့ပျားရည် လည်းရပါတယ် ) လက်ဖက်စား တဇွန်း
၃. သံဓါတ်ပါသော အားဆေးအရည် Haemomaxx သို့မဟုတ် Iroheart သို့မဟုတ် Folic Acid ( 2 cc )
၄. Glucose Powder လက်ဖက်စားတဇွန်း ( ဆေးဆိုင်မှာ Cal D Glucose Powder ) လို့မေးဝယ်ပါ
၅. Cetrizine တခြမ်းကို အမှုန့်ကြိတ် ( နှာမစေးရင်လဲ ထည့်ပါ . )
ဒီ ၅ - မျိုးအရောကို အရျွ်း အခြေအနေ ဆိုးနေရင် ၈ နာရီခြားတကြိမ် . သိပ်မဆိုးရင် ၁၂ နာရီခြား တကြိမ် တိုက်ပေးပါ

အစားကျွေးရန်
၁. အစားမဝင်ရင် အစာမာတာတွေ အတင်း မကျွေးပါနဲ့ . ကြက်ပြုတ်ရည် သို့မဟုတ် ကြက်ပေါင်းရည်လောက်ပဲ ဝင်အောင်တိုက်ပေးပါ
၂. အရေးကြီးဆုံးက သံဓါတ်ပါတဲ့ အားဆေးရည်ပါ . အဲ့တာ ဝင်အောင်တိုက်ပါ 2 cc တနေ့ ၂ ကြိမ်
ဆေး ၂ ကြိမ်လောက် ဝင်ရင်ကို အစားတောင်းပါလိမ့်မယ် . အဲ့တော့မှ ကျွေးပေးပါ

အန်နေတဲ့ ခလေးတွေ အတွက်
*** အအန်ရပ်ဆေး အရင်တိုက်ပေးရပါမယ် . Antacil Gel လက်ဖက်စားတဇွန်း . Air X တခြမ်း ကို ပျားရည် လက်ဖက်စားတဇွန်းနဲ့ရောပီး တိုက်ပါ . တနာရီလောက်နေမှ အဖျားဆေးတိုက်ပေးပါ

ဒီလိုရာသီမှာ သခင်က မိမိ ခလေးတွေကို အစားမစားတာနဲ့ တန်းပီးဆေးတိုက်မှ အချိန်မီပါတယ် . အခု တုပ်ကွေးက လူတွေကိုဗစ်လိုဘဲ တအားကို မြန်ပါတယ် . ၂ - ရက်ဆို သွားတာပါဘဲနော် .. အချိန်မီ အစားမဝင်တာနဲ့ ဒီနည်းတွေ တန်းလုပ်ပေးပါ . ဆေးခန်း သွားတဲ့သူတွေလဲ အစားသေချာ ဂရုစိုက်ကျွေးဘို့နဲ့ အားဆေးတိုက်ဖို့လိုပါတယ်နော် . ဆေးခန်းက ပိုးသတ်ဆေးဘဲ ပေးတာပါ . ခလေး အသက်က သခင်လက်ထဲမှာပါ

ခလေးတိုင်း ကြောင်တုပ်ကွေးရန်မှ ဝေးပါစေ ❤️🙏

Credit...

၂။ Candy 😘😘 အသက်က ၃နှစ်လောက်ရှိပြီ....စိတ်ထားလေးနူးညံ့တယ်။ သူ့နာမည်သူသိပ်သိ ခေါ်လိုက်ရင်လဲ စကားလေးတပြောပြောနဲ့ ပြန်ထူးတယ...
21/05/2022

၂။ Candy 😘😘 အသက်က ၃နှစ်လောက်ရှိပြီ....

စိတ်ထားလေးနူးညံ့တယ်။ သူ့နာမည်သူသိပ်သိ ခေါ်လိုက်ရင်လဲ စကားလေးတပြောပြောနဲ့ ပြန်ထူးတယ် ❤️ ကြောင်​ပျောက်ရင် သူပဲရှေ့က လိုက်ရှာပေးတာ 🥰🥰 သူပြောပြချင်တာကို အမူအရာနဲ့ လုပ်ပြတတ်တာကအသက် 😘
တသားမွေးရင် တစိတ်ပြောင်းတတ်တယ် 😂 ဒီတစ်ခါ မွေးတဲ့ ကလေး ၂ကောင်ကို အရမ်းချစ်ပြီး တချိန်လုံး နို့ချိုတွေခေါ်ခေါ်တိုက်နေတာ... နေမကောင်းတဲ့ကလေးလေး ချောစုခင်ကိုလဲ သူ့သွေးသားမဟုတ်ပေမယ့် စောင့်ရှောက်ပေးတယ် နို့လဲတိုက်တယ်... ပြသနာက သဘောကောင်းလွန်းတော့ ကျန်တဲ့ကြောင်ထီးအကြီးကောင်တွေပါ ချိုချိုဝင်စို့တော့ နာမှာစိုးလို့ လိုက်လိုက်မောင်းထုတ်ပေးနေရတယ် 😅
စကားတအားနားလည်ပြီး အကောင်တွေရှာကျွေးတာ... တခါဆို အကောင်တွေကြီးခုတ်မလာနဲ့ အသားလေးဘာလေးယူလာလို့ ပြောထားမိတာကို နောက်နေ့ကျ အမဲသားတွဲကြီး ၂တွဲ (၁ပိသာလောက်ရှိမယ်) ချီယူလာပီး ဟင်းစားရှာလာတာ... လူမိရင် ငါ့သမီးလေး အရိုက်ခံရလိမ့်မယ် နောက်မယူလာနဲ့တော့နော်လို့ ချော့ပြောလိုက်တဲ့နေ့ကစပြီး ကြွက်နဲ့ခိုလောက်ပဲ အပြင်ကခုတ်ပီး လာပေးတယ် 🤣🧡 ကိုကိုလီယိုရဲ့ အချစ်ဆုံးမိန်းမ သူကလဲ Leo ကိုဆို သိပ်ချစ်တာ 💞

#ကန်ဒီ

ကလေးတွေ တစ်ယောက်ချင်းစီရဲ့ character လေးတွေ**************************************************၁။ ဒီကလေးနာမည်က ကိုကိုLeoလေ...
19/05/2022

ကလေးတွေ တစ်ယောက်ချင်းစီရဲ့ character လေးတွေ
**************************************************

၁။ ဒီကလေးနာမည်က ကိုကိုLeoလေး 😘😘 အသက်က ၃နှစ်ကျော်ပြီ 💜
ငယ်ငယ်ထဲက သူ့ကိုပဲ အစာသီးသန့်ကျွေးရတယ်။ တခြားကလေးတွေလာစားရင် လှည့်ထွက်ပြီး စိတ်ကောက်ပြတယ် မစားတော့ဘူး အချစ်လဲအရမ်းခံချင် စကားအပြောနိုင်ဆုံးသားကြီး 😂 ထမင်း ချော့ကျွေးရင်တော့ စားတယ် အချော့ကြိုက်တာ။ အရွယ်လေးရောက်လာတော့ မဘက်လိုက်ပြီး လည်ယာပြန်စားရေးတွေလုပ်... အချိန်တန်လို့ ပြန်မလာရင် ဒီမေမေမှာ စိတ်တွေပူ လမ်းထိပ်ထိဟိုလူ့မေး ဒီလူ့မေး လိုက်ရှာရ... ရန်ဖြစ်လာရင်လဲ ခံဖက်ကကြီးပဲ သိုင်းမကျွမ်းဘူး 🤣🤣 အိမ်မှာရှိသမျှ ကြောင်မလေးတွေ အလွတ်မပေး အကုန်ကြိတ်ချင်တဲ့ ဆရာကောင်ကြီး 😘 အခု မင်းကွတ်သီးလေး ဖြုတ်ပေးလိုက်တော့ အိမ်ကပ် စားလိုက်အိပ်လိုက်နဲ့ ကလေးလိုပြန်ချွဲ ပြန်ဗိုလ်ကျပေါ့ ❤️❤️ အဲ့လိုလိမ္မာမယ်မှန်းသိရင် အစောထဲကဖြုတ်ပေးလိုက်ပါတယ် သနားလို့စောင့်ရင်း စောင့်ရင်းနဲ့ အခုမှပဲ အကောင်အထည်ဖော်ဖြစ်တော့တယ် 😊
#ကိုကိုလီယို 🐈

ဒိုဒိုးလေး အိပ်တဲ့ စတိုင်ပေါင်းစုံ 😘😘
04/05/2022

ဒိုဒိုးလေး အိပ်တဲ့ စတိုင်ပေါင်းစုံ 😘😘

စိတ်ကောက်နေတဲ့ ဆရာမ ဒိုဒိုး 🧡🧡🧡
04/04/2022

စိတ်ကောက်နေတဲ့ ဆရာမ ဒိုဒိုး 🧡🧡🧡

ငါလဲအိပ်ချင်ပီးးးး နင်လဲအိပ်တော့လေ 😽😽
23/03/2022

ငါလဲအိပ်ချင်ပီးးးး နင်လဲအိပ်တော့လေ 😽😽

ကြွက်ရုပ်ကလေး လက်ဆောင်ရလို့တဲ့ ဖြူလုံးလေး ဆော့ချက်က ကမ်းကုန်နေရော... ဘယ်သူ့မှလဲ ပေးမဆော့ဖူး 😂😂နောက်ဆုံးကျ အလစ်မှာ လာဖျက်...
12/03/2022

ကြွက်ရုပ်ကလေး လက်ဆောင်ရလို့တဲ့ ဖြူလုံးလေး ဆော့ချက်က ကမ်းကုန်နေရော... ဘယ်သူ့မှလဲ ပေးမဆော့ဖူး 😂😂
နောက်ဆုံးကျ အလစ်မှာ လာဖျက်ဆီးသွားတဲ့ တရားခံကို လက်ပူးလက်ကြပ်ဖမ်းမိ 🤣🤣🤣

သားသားနာမည် ဆနွင်းပါခမျာ ❤️❤️❤️သားသားကိုချစ်ရင် like and share လေး လုပ်ပေးကြပါနော် 😘😘 ဖုန်းဘေလ် အလှူအနေနဲ့ မဲဖောက်ပေးပါမ...
28/02/2022

သားသားနာမည် ဆနွင်းပါခမျာ ❤️❤️❤️
သားသားကိုချစ်ရင် like and share လေး လုပ်ပေးကြပါနော် 😘😘 ဖုန်းဘေလ် အလှူအနေနဲ့ မဲဖောက်ပေးပါမယ်ဗျ 🥰

လေကြောင်းအချက်ပေး ဥဩသံတွေ ဆူညံနေတဲ့ ယူကရိန်းမြို့ကြီးတွေမှာ အားလုံးက ကိုယ့်အိမ်ကို ဒီအတိုင်းပစ်ထားပြီး ဘေးလွတ်ရာကို ထွက်...
25/02/2022

လေကြောင်းအချက်ပေး ဥဩသံတွေ ဆူညံနေတဲ့ ယူကရိန်းမြို့ကြီးတွေမှာ အားလုံးက ကိုယ့်အိမ်ကို ဒီအတိုင်းပစ်ထားပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ဒီလိုမျိုး ထွက်ပြေးကြတဲ့အခါ ကိုယ့်ရဲ့အချစ်တော် ခွေးလေး ကြောင်လေးတွေကိုလည်း ချန်မထားရက်ဘဲ တပါတည်း ကြိုးစားခေါ်ဆောင်နေကြတာကို ရင်နင့်စဖွယ် မြင်တွေ့ရပါတယ်။

ဒါကြောင့် ခွေးလေးတွေနဲ့အတူ ထွက်ပြေးလာကြသူတွေကို ကူညီဖို့ ရိုမေးနီးယား၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံတွေက တိဂေဟာတွေ အဆင်သင့် စောင့်ကြိုနေကြပါပြီ။

ယူကရိန်းနိုင်ငံတွင်းက တိဂေဟာတွေရဲ့ ဝန်ထမ်းတွေကတော့ ဘယ်ကိုမှ မသွားဘဲ ဂေဟာမှာ ရှိနေတဲ့ ကလေးတွေနဲ့အတူ နောက်ဆုံးအချိန်ထိ အတူတူနေဖို့ ဆုံးဖြတ်ထားကြပါတယ်။

ဒါ့အပြင် ကိုယ့်ခွေးလေးတွေကို တပါတည်း ခေါ်ဆောင်မသွားနိုင်မယ့် သူတွေအ​နေနဲ့ သူတို့ဆီမှာ လာရောက်အပ်နှံပေးကြဖို့လည်း ဖိတ်ခေါ်လျက် ရှိပါတယ်။

တိလေးတွေရော ပြည်သူအားလုံးရော ဘေးအန္တရာယ်ကင်းရှင်းစေနိုင်ဖို့ ဆုတောင်းပေးကြရအောင်နော် 🙏💫

မေတ္တာလက်နက်နဲ့ အစွမ်းကုန် တိုက်ပွဲဝင်နေကြတဲ့ အဲဒီသူရဲကောင်းတွေအတွက် ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်နော် 🙏

Credits

မနက် မိုးလင်းပီးဆို ခြင်ထောင်အပြင်ကနေ ချွဲလိုက်ရမှ ❤️🥰
16/02/2022

မနက် မိုးလင်းပီးဆို ခြင်ထောင်အပြင်ကနေ
ချွဲလိုက်ရမှ ❤️🥰

Edit - သတင်းအမှားဆိုလို့ပျော်လိုက်ရတာ ကလေးရေ 😍😍😍RIP တိုက်ချီဒို 💔💔💔အနှစ်နှစ်ဆယ်ကြာပြီးမှ သားဆီကပထမဆုံးရတဲ့လက်ဆောင်က စိန်...
10/02/2022

Edit - သတင်းအမှားဆိုလို့ပျော်လိုက်ရတာ ကလေးရေ 😍😍😍

RIP တိုက်ချီဒို 💔💔💔

အနှစ်နှစ်ဆယ်ကြာပြီးမှ သားဆီကပထမဆုံးရတဲ့
လက်ဆောင်က စိန်တဆင်စာလဲမဟုတ်သလို
တခြားတန်ဖိုးမြင့်မားတဲ့ အရာတွေလဲ မဟုတ်ခဲ့ပါဘူး။

သူ့ကိုယ်စားအနားမှာ အဖော်ပြုပေးဖို့၊ ပင်ပန်းချိန်တိုင်းအတူရှိပေးဖို့၊ ရင်ဖွင့်ချင်တဲ့အခါ နားထောင်ပေးဖို့ ခွေးလေးတစ်ကောင်တည်းရယ်ပါ။

သားကိုယ်စား မြေးတွေကိုယ်စား အဖော်ပြုပြီးနေလာခဲ့ရတာ အရမ်းလဲတွယ်တာသလို အရမ်းလဲလိမ္မာလို့ ချစ်ရပါတယ်။ သူမဖို့ တန်ဖိုးထား ပိုင်ဆိုင်ရတာကြီးကြီးမားမားဆိုလို့ တိုက်ချီဒိုလေးပဲရှိခဲ့တာ။

ဘဝတစ်လျှောက်လုံး သူမချစ်တဲ့သူတွေနဲ့က
သေကွဲနဲ့ ရှင်ကွဲတွေပဲ ရခဲ့ရတဲ့သူမအဖို့တော့
ဝဋ်ကြွေးတွေရှိလဲ ကျေပါစေတော့လို့
ဆုတောင်းပေးနိုင်ရုံကလွဲပြီး
အားပေးစကားတွေလဲ ပျောက်ဆုံးရပါတယ်....

အချုပ်အနှောင်ကာလမှာ လူကိုယ်တိုင်တောင်အနေဆင်းရဲ အစားဆင်းရဲဖြစ်နေချိန်မှာ သူမ ချစ်တဲ့ကလေးလဲ သခင်နဲ့အတူ အစားအသောက်ချို့တဲ့ပြီး လွမ်းတဲ့ဒဏ်ခံခဲ့ရမှာပါ။
သူအကောင်းဆုံး အဖော်လုပ်ပေးသွားခဲ့ပါတယ်။
အခုတော့သူလဲ စိတ်ချလက်ချ သူမကိုထားသွားခဲ့ပါပြီ။

တိုက်ချီဒိုလေး ကောင်းရာမွန်ရာရောက်နိုင်ပါစေ.... 🙏

10/02/2022
10/02/2022

Address


Website

Alerts

Be the first to know and let us send you an email when ဒိုဒိုး - Doe Doe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဒိုဒိုး - Doe Doe:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share