ဘီလူးကျွန်းဌာနေ ရာမညမြေ

  • Home
  • ဘီလူးကျွန်းဌာနေ ရာမညမြေ

ဘီလူးကျွန်းဌာနေ  ရာမညမြေ မွန်ပြည်နယ်ဘီလူးကျွန်းမြို့နယ်ကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်
(2)

မော်လမြိုင် သံလွင်မြစ်ထဲ ဆင်းသွားသည့် ကောင်မလေးအား အသက်ရှင်လျှက် ဆယ်ယူရရှိ 21.12.2022 ည (7:00)Pm မော်လမြိုင် ကမ်းနားလမ်း...
21/12/2022

မော်လမြိုင် သံလွင်မြစ်ထဲ ဆင်းသွားသည့်
ကောင်မလေးအား အသက်ရှင်လျှက် ဆယ်ယူရရှိ

21.12.2022 ည (7:00)Pm မော်လမြိုင် ကမ်းနားလမ်း သံလွင်မြစ်အတွင်း အမျိုးသမီးတစ်ဦး မြစ်အတွင်း ခုန်
ဆင်းသွားသည့် သတင်းအရ

မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့၊
ရာမည Diving Team၊ မြို့ပေါ်ရှိ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှမြစ်အတွင်း ၀ိုင်းရှာဖွေရာ ည(7:30)ကျော်ကျော်လောက်မှာ အသက်ရှင်လျှက် ပြန်လည်ဆယ်ယူ
ရရှိခဲ့ကြောင်းသိရပါတယ်။

ဖြစ်စဥ်ကို မီးသတ်တပ်ဖွဲ့မှ တာ၀န်ရှိသူကို မေးမြန်း
ချက်အရ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေကြစဥ်
ကောင်မလေးဟာ သံလွင်စျေးဆိပ်တံတားတိုင်ကို
ဖက်ထားလျှက် နေနေတာကို ဓါတ်မီးထိုးတွေ့ရှိရတဲ့
အတွက် အသက်ရှင်လျှက် အမြန်ဆုံး ပြန်လည်ကယ်
ယူနိုင်ခဲ့တာလို့ သိရပါတယ်။

"ကောင်မလေးက ရေကူးတတ်လို့ထင်တယ်။ တံတား
ကနေ မြစ်ထဲဆင်းရင်း ဓါတ်မီးထိုးလိုက်တာ သူ့ကို
တံတားတိုင်ကို ဖက်ထားပြီးနေတာကို တွေ့ရှိရတယ်။
အဲဒါနဲ့ လူတွေက ခဏက ခုန်ဆင်းသွားတဲ့ကောင်မလေး
လို့ ပြောတဲ့အတွက်ကြောင့် အမြန်ဆုံးပြန်လည် ဆယ်ယူ
နိုင်ခဲ့တယ်လို့" ဆိုပါတယ်။

လောလောဆယ်တော့ ကောင်မလေးကို ဆေးရုံပို့ထားပြီး
ဘယ်သူဘယ်၀ါမှန်း၊ ဘာအတွက်ကြောင့် ဒီလိုမျိုးမြစ်
ထဲဆင်းသွားတာတော့ မသိရသေးပါဘူး။

Edit - ကောင်မလေးနာမည် ငယ်ငယ် (၃၃)နှစ်လို့
ထပ်သိရပါတယ်။ ဘယ်မှာနေမှန်း မသိသေးလို့
သိတဲ့သူတွေ အကြောင်းကြားပေးလိုက်ကြပါ။
မော်လမြိုင် ဆေးရုံကြီးမှာပါ။

21.12.2022

21.12.2022 ည (7:00)Pm မော်လမြိုင် ကမ်းနားလမ်း သံလွင်မြစ်အတွင်း အမျိုးသမီးတစ်ဦး မြစ်အတွင်း ခုန်ချသွားဟုသိရ လက်ရှိတော့ ရာ...
21/12/2022

21.12.2022 ည (7:00)Pm
မော်လမြိုင် ကမ်းနားလမ်း သံလွင်မြစ်အတွင်း အမျိုးသမီးတစ်ဦး မြစ်အတွင်း ခုန်ချသွားဟုသိရ

လက်ရှိတော့ ရာမည အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ
ခုန်ချသွားသည့် အမျိုးသမီးကို မြစ်အတွင်း ရှာဖွေပေး
ဖို့ ကြိုးစားနေကြပါတယ်။

နေရာကတော့ ကမ်းနားလမ် သံလွင်စျေးဘောတံတားအနီးမှာပါ။

ခုန်ချသွားတဲ့ကောင်မလေးက ဘယ်သူဘယ်၀ါမှန်း
တော့မသိရပေမဲ့ ဖိနပ်တော့ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ညပိုင်းကြီး မြစ်ထဲဆင်းပြီး ရေငုပ်ရှာရတာ သိပ်မလွယ်
လောက်ဘူးထင်ပါတယ်။

ဘာတွေ ဘယ်လောက်များ စိတ်ညစ်ပြီး ထွက်ပေါက်
ရှာကြတာလဲကွယ်။

21.12.2022

မြဝတီ အာရှလမ်း ကွမ်းသီးတော အဆင်းပွင့်နေခြည် ဇာတ်ကား တိမ်းမှောက်သေဆုံးသူများရှိ
05/10/2022

မြဝတီ အာရှလမ်း ကွမ်းသီးတော အဆင်း

ပွင့်နေခြည် ဇာတ်ကား တိမ်းမှောက်

သေဆုံးသူများရှိ

ဘီလူးကျွန်း ဒေါင်းဥ တောင်စွန်း ရွာချင်းဆက်လမ်း ရေကျော်Edit ရေပြန်ကျနေပါပြီး(17/8/2022)Credit # #
17/08/2022

ဘီလူးကျွန်း ဒေါင်းဥ တောင်စွန်း ရွာချင်းဆက်လမ်း ရေကျော်

Edit ရေပြန်ကျနေပါပြီး
(17/8/2022)
Credit # #

ဘီလူးကျွန်း ကွမ်ရိုက်ရွာ ဝေဠုဝန်ကျောင်း အနောက် တောင်နံရံ မြေပြိုကျမှု မြင်ကွင်း။ (17/8/2022)
17/08/2022

ဘီလူးကျွန်း ကွမ်ရိုက်ရွာ ဝေဠုဝန်ကျောင်း အနောက်
တောင်နံရံ မြေပြိုကျမှု မြင်ကွင်း။

(17/8/2022)

လက်ရှိ ရွာရဲ့အခြေနေ😢😢မိုးရယ်သိပ့်ပ့တော့😭😭😭
17/08/2022

လက်ရှိ ရွာရဲ့အခြေနေ😢😢မိုးရယ်သိပ့်ပ့တော့😭😭😭

ဘီလူးကျွန်း ကဒါကျေးရွာ မြေပြိုမှုဖြစ်စဉ်လူနေအိမ်နှစ်လုံးပျက်စီးဆုံးရှုံးပြီး အသက်ဆူံးရူံးမှု မရှိပါဘေးဝန်းကျင်မိသားစုဝင်...
17/08/2022

ဘီလူးကျွန်း ကဒါကျေးရွာ မြေပြိုမှုဖြစ်စဉ်

လူနေအိမ်နှစ်လုံးပျက်စီးဆုံးရှုံးပြီး အသက်ဆူံးရူံးမှု မရှိပါ

ဘေးဝန်းကျင်မိသားစုဝင်များအား ဘေးလွတ်ရာသို့ပြောင်းရွှေ့နေထိုင်လျက်ရှိပါသည်။

(၁၇.၈.၂၀၂၂)

16/08/2022

မိုးရော လေရောကြမ်းနေတယ် အားလုံးဘေးကင်းကြပါစေ

အပြိုင် ကျေးရွာ ချောင်းဆုံမြို့တွင်မြေပြိုကျမှုဖြစ်Pho crd
16/08/2022

အပြိုင် ကျေးရွာ ချောင်းဆုံမြို့တွင်မြေပြိုကျမှုဖြစ်
Pho crd

မွန်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်၊ ရေဘေးသင့်ပြည်သူတွေ ကိုယ်ထူကိုယ်ထ ပြောင်းရွေ့နေရ...
16/08/2022

မွန်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်၊ ရေဘေးသင့်ပြည်သူတွေ ကိုယ်ထူကိုယ်ထ ပြောင်းရွေ့နေရ

၊ ဩဂုတ် ၁၆

မွန်ပြည်နယ်မှာ ဩဂုတ်လ (၁၅)ရက်နေ့ ညပိုင်းကစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြို့နယ် တချို့မှာ ရေကြီးရေလျှံမှုတွေ စတင် ဖြစ်ပေါ် နေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။

လက်ရှိမှာတော့ ပြည်နယ်အတွင်းက မြို့နယ်တွေ ဖြစ်တဲ့ မော်လမြိုင်၊ ပေါင်၊ ကျိုက်မရောနဲ့ မုဒုံ မြို့နယ်တွေမှာတော့ ကားလမ်းရေကျော်တာတွေ၊ ရပ်ကွက်တချို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်တာတွေနဲ့ မြေနိမ့်ပိုင်း နေအိမ်တွေထဲ ရေဝင်ရောက်တာတွေ ဖြစ်ပေါ်နေတာပါ။

မော်လမြိုင်မြို့နယ်မှာ‌တော့ မြေနိမ့်ပိုင်း ရပ်ကွက်တွေ ဖြစ်တဲ့ သာယာအေး၊ သီရိမြိုင်၊ ဇေယျာမြိုင်၊ ရွှေပြည်အေးနဲ့ ဇေယျာသီရိ ရပ်ကွက်တွေမှာ ရေနစ်မြုပ်နေသလို နေအိမ်တချို့လည်း ရေဝင်ရောက်လာတာကြောင့် နီးစပ်ရာကို ရွေ့ပြောင်းနေရပါတယ်။

ပေါင်မြို့နယ်ရှိ ဇင်ကျိုက်မြို့မှာလည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတာကြောင့် လမ်းမကြီးအပိုင်း တချို့ ရေနစ်မြုပ်နေပြီး ကား၊ ဆိုင်ကယ် သွားလာရာမှာ အခက်အခဲ မရှိစေဖို့ ကူညီ ဆောင်ရွက် ပေးနေရတယ်လို့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။

ကျိုက်မရောမြို့နယ်မှာလည်း အတ္ထရံမြစ်ဘေးရှိ ကျေးရွာတချို့မှာ ရေစတင် ဝင်ရောက်လာတာကြောင့် ကျေးရွာနေ ပြည်သူတွေအနေနဲ့ အမြင့်ပိုင်းရှိ ဘေးလွတ်ရာနေရာတွေမှာ ရေဘေးရှောင် နေရသလို မြို့အတွင်းရှိ ရပ်ကွက် တချို့မှာလည်း ရေဝင်ရောက်မှု ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုဒုံမြို့နယ်မှာတော့ မုဒုံ-သံဖြူဇရပ် လမ်းပိုင်းရှိ နှီးပဒေါ ကျေးရွာ အနီးမှာ ကားလမ်းမ ရေကျော်မှု ဖြစ်ပေါ် နေတာကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သလို ကမာဝက်မြို့ရှိ ရပ်ကွက် တချို့မှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကူညီဆောင်ရွက် ပေးနေတဲ့ ပရဟိတ အဖွဲ့တွေက ပြောပါတယ်။

ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတဲ့ နေရာတွေက ရေဘေးသင့် ပြည်သူတွေဟာ ကိုယ့်အစီအစဉ်နဲ့ကို နီးစပ်ရာ နေရာတွေကို ရွေ့ပြောင်းနေထိုင် နေရပြီး ပရဟိတအဖွဲ့တွေက စားသောက်စရာတွေ ကူညီဆောင်ရွက်ပေးတာ ရှိတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်ဟာ မိုးတွင်း ကာလမှာ မိုးရေချိန် မြင့်မားတာကြောင့် နှစ်စဉ်နီးပါး ရေကြီးရေလျှံမှုတွေ တောင်ပြို မြေပြိုမှုတွေနဲ့ လေပြင်း တိုက်ခတ်တာတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေတာကြောင့် ပြည်သူတွေ အနေနဲ့ သတိထား နေထိုင်ကြဖို့ ပရဟိတ အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

မိုးသည်းထန်စွာဆက်တ်ိုက်ရွာသွန်းပြီးယနေ့ဇင်းကျိုက်ရေတံခွန်အခြေအနေ😳
16/08/2022

မိုးသည်းထန်စွာဆက်တ်ိုက်ရွာသွန်းပြီး

ယနေ့ဇင်းကျိုက်ရေတံခွန်အခြေအနေ😳

ယနေ့မနက် ရေအဆမတန်တိုးလာခြင်းကြောင့်  #ရေးမြို့နယ်_ဟံဂံကျေးရွာ ရေလွှမ်းမိုးခြင်းအခြေအနေ (12/8/2022)
12/08/2022

ယနေ့မနက် ရေအဆမတန်တိုးလာခြင်းကြောင့် #ရေးမြို့နယ်_ဟံဂံကျေးရွာ ရေလွှမ်းမိုးခြင်းအခြေအနေ (12/8/2022)

 #ဇင်းကျိုက်အခြေအနေ12-8-2022ဖလပ်ရပ်ကွက် ရေတံခွန်လမ်းဝအနီးကားလမ်းရေအနည်းငယ်ကျော်ဖလပ်ရပ်ကွက် ဘူတာလမ်းဝနှင့် ရထားလမ်းကူးတံတ...
12/08/2022

#ဇင်းကျိုက်အခြေအနေ

12-8-2022

ဖလပ်ရပ်ကွက် ရေတံခွန်လမ်းဝအနီး
ကားလမ်းရေအနည်းငယ်ကျော်

ဖလပ်ရပ်ကွက် ဘူတာလမ်းဝနှင့် ရထားလမ်းကူး
တံတားအနီး ကားလမ်းရေကျော်

ခလောက်အင်း စာသင်ကျောင်းအနီး ကားလမ်း
ရေအနည်းငယ်ကျော်

ဇင်းကျိုက်ရပ်ကွက် ကန်ကြီးရေလျှံ ကားလမ်း
ရေကျော် နဲနဲများပါတယ်

လက်ရှိအခြေနေအထိ အဝေးပြေးလမ်းမကြီး
ကားများသွားလာနေပါတယ်

10/08/2022

ဘီဘူးကျွန်းမှာအတော်ဆိုးနေပြီးကွာ
ညဘက် တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်စစ်နေပြီး
ညနေ ၆နာရီထိုးတာနဲ့ တံခါးပိတ်အိပ်ကြတော့

ရေးမြို့နယ် ဟံဂံကျေးရွာ ရေလွှမ်းမိုးမှု လက်ရှိအခြေအနေ (16:20 )နာရီ 8/8/2022Crd
08/08/2022

ရေးမြို့နယ် ဟံဂံကျေးရွာ ရေလွှမ်းမိုးမှု လက်ရှိအခြေအနေ (16:20 )နာရီ 8/8/2022

Crd

08/08/2022
 #ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာအုပ်စုတွင် မိုးရွာသွန်းမှုကြောင့် တောင်မြေပြိုကာ နေအိမ်တစ်လုံးပျက်စီးချောင်းဆုံ    ...
06/08/2022

#ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာအုပ်စုတွင် မိုးရွာသွန်းမှုကြောင့် တောင်မြေပြိုကာ နေအိမ်တစ်လုံးပျက်စီး

ချောင်းဆုံ ဩဂုတ် ၆

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ် ညောင်လမ်းကျေးရွာတွင် ဩဂုတ် ၆ ရက်နေ့ နံနက် (၆:၄၅)နာရီ အချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်မြေပြိုကျကာ ညောင်လမ်းကျေးရွာအုပ်စု အကွက်အမှတ် (၈)ရှိ နေအိမ်တစ်လုံးပျက်စီးပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းသိရသည်။

မော်လမြိုင်မှာ အထက ၅ စာသင်ကျောင်း အုတ်တံတိုင်း ပြိုကျမှုကြောင့် ၅ ဦး သေဆုံးမော်လမြိုင်၊ဇူလိုင် ၂၂မွန်ပြည်နယ်၊ မော်လမြိုင...
22/07/2022

မော်လမြိုင်မှာ အထက ၅ စာသင်ကျောင်း အုတ်တံတိုင်း ပြိုကျမှုကြောင့် ၅ ဦး သေဆုံး

မော်လမြိုင်၊ဇူလိုင် ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်က အထက(၅) စာသင်ကျောင်း အုတ်တံတိုင်းပြိုကျမှုကြောင့် ၅ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အထက(၅) စာသင်ကျောင်း အုတ်တံတိုင်းဟာ ဒီကနေ့ ဇူလိုင် ၂၂ ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ် လောက်မှာ ပြိုကျခဲ့တာ ဖြစ်ပြီး အဲဒီအုတ်တံတိုင်းဟာ ကျောင်းဘေး မာလာဝင်းရှိ ဈေးဆိုင်တန်းအပေါ် ပြိုကျခဲ့တာပါ။

အုတ်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးကတော့ အသက်ရှင်လျက် ပြန်လည် ကယ်ဆယ်နိုင်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အုတ်တံတိုင်းပြိုကျမှုကြောင့် သေဆုံးသွားတဲ့သူတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။

လတ်တလောမှာ အုတ်တံတိုင်းပြိုကျခဲ့တဲ့ နေရာကို အသွားအလာ ကန့်သတ်ထားပါတယ်။

မွန်ပြည်နယ် ဇင်းကျိုက်ရေတံခွန် ဝါဆိုလပြည့်နေ့ မြင်ကွင်း...ဇူလိုင် - ၁၂ ၊ ၂၀၂၂
13/07/2022

မွန်ပြည်နယ် ဇင်းကျိုက်ရေတံခွန် ဝါဆိုလပြည့်နေ့ မြင်ကွင်း...

ဇူလိုင် - ၁၂ ၊ ၂၀၂၂

မိစန္ဒီ ဘဝရဲ့ ရင်အခုန်ရဆုံး နေ့တွေထဲကတစ်ရက်ကို ချစ်ရတဲ့ ပရိတ်သတ်တွေကို ဝေမျှရင်း အမှတ်တရလေးတွေ မှတ်တမ်းတင် သိမ်းဆည်း ထား...
26/06/2022

မိစန္ဒီ ဘဝရဲ့ ရင်အခုန်ရဆုံး နေ့တွေထဲကတစ်ရက်ကို ချစ်ရတဲ့ ပရိတ်သတ်တွေကို ဝေမျှရင်း အမှတ်တရလေးတွေ မှတ်တမ်းတင် သိမ်းဆည်း ထားပါရစေနော် 🥰🙏🙈
သူအိမ်မှာ လာပြီးတောင်းရမ်းတဲ့နေ့❤️
မနက်အစောကြီးနိုးနေပြီး တစ်ညလုံး ကောင်းကောင်း အိပ်မပျော်.. 🫠🥰
သူ အိမ်မှာ စျေးဗန်းလာသိမ်းတာကို ရင်တွေခုန်ပြီး စိတ်တွေလှုပ်ရှားတာပေါ့နော် ဟီး 😝🙈

 #ကျိုက်မရောမြို့က သာယာလှပေသည် 🧡🌴🌳🧡မွန်မလေးတွေ လှတယ်ဟုတ် 🧡
25/06/2022

#ကျိုက်မရောမြို့က သာယာလှပေသည် 🧡🌴🌳🧡
မွန်မလေးတွေ လှတယ်ဟုတ် 🧡

မော်လမြိုင် မီးပွိုင့် အခြေအနေသွားတော့ သွားလိုက်တာဘဲ လာတိုက်တော့ နင်တို့လျော်ပေါ့🤣
20/06/2022

မော်လမြိုင် မီးပွိုင့် အခြေအနေ

သွားတော့ သွားလိုက်တာဘဲ လာတိုက်တော့ နင်တို့လျော်ပေါ့🤣

17/06/2022

ခုခေတ်ကလေးတွေ
တော်တော်‌ တော်တယ် 🤣
ကျောင်း ၅ လထဲတက်ပြီး
ဂုဏ်ထူးတွေနဲ့ 🥲

17/06/2022

မြန်မာတနိုင်ငံလုံးမှာ မွန်ပြည်နယ်က အောင်ချက်အကောင်းဆုံးပြည်နယ်တခုဖြစ်ခဲ့ပါတယ် ဝင်ရောက်ဖြေဆိုသူ ၁၁၂၁၂ ဦးရှိတဲ့အထဲ ၆၄၁၄ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၅၇.၂၁ ရှိ။

မော်လမြိုင်မြို့ သက်တမ်းက မန္တလေး ထက် နှစ် ၃၀ ပိုကြီးပါတယ်။မန္တလေးက မြန်မာဘုရင်တည်ခဲ့တာဖြစ်ပြီးမော်လမြိုင်ကတော့ အင်္ဂလိပ...
16/06/2022

မော်လမြိုင်မြို့ သက်တမ်းက
မန္တလေး ထက် နှစ် ၃၀ ပိုကြီးပါတယ်။

မန္တလေးက မြန်မာဘုရင်တည်ခဲ့တာဖြစ်ပြီး
မော်လမြိုင်ကတော့ အင်္ဂလိပ် ၀န်ရှင်တော်မင်းကြီး
မိန်းဂေး က(1829) မှာကျိုက္ခမီ မှ မော်လမြိုင်ကို
တိုင်းရုံး ပြောင်းပြီးစိုက်ခဲ့တာပါ။

ထူးဆန်းမူ့ တခုက တော့ ရှေးလူကြီးတွေက
မော်လမြိုင်မြို့ ကရပ်ကွက်များကို နာမည်ဆန်းဆန်းနှင့် န၀င်းကြေအောင် ပေးသွားခဲ့ ကြပါတယ်။

ကုန်း(၉)ကုန်း
ချောင်(၉)ချောင်
တန်း(၉)တန်း ဆိုပြီး
မော်လမြိုင် ရက်ကွက်တွေကို အမည်ပေးခဲ့ကြပါတယ်။

ကုန်း(၉)ကုန်းမှာ
၁။ရှမ်းကုန်း
၂။ဇီးကုန်း
၃။ဇော်ကုန်း
၄။ထန်းပင်ကုန်း
၅။သာယာကုန်း (မွန်သူကြီးဦးသာယာ နေထိုင်အုပ်ချုပ်ခဲ့
သည်ကို အစွဲ ပြု၍ )
၆။စစ်ကဲကုန်း (စစ်ကဲကြီး ဦးထော်လေး နေထိုင်ခဲ့ သည်
ကို အစွဲပြု၍)
၇။မရမ်းကုန်း (မရမ်းပင်များ ပေါက်ရောက်ရာ ကို အစွဲပြု၍)
၈။ဖိုးစောကုန်း (မွန်သူကြီးဦးဖိုးစော နေထိုင်အုပ်ချုပ်ခဲ့သည်
ကို အစွဲ ပြု၍ )
၉။ဘိုကုန်း (ဥရောပတိုက်သားများ စုဝေးနေထိုင်ခဲ့ သည်
ကိုအစွဲပြု၍)

ချောင်(၉)ချောင်မှာ
၁။ပဲခူးချောင်
၂။သရက်ချောင်
၃။ရေကန်ချောင်
၄။ခရုချောင်
၅။ပူတူးချောင်
၆။နတ်ကြီးချောင်
၇။ပတ္တလားချောင်
၈။ဘီလိူင်ချောင်
၉။ငှက်ဆိုးချောင် (ယခု ဒေါင်းမင်းရပ်)

တန်း(၉)တန်းမှာ

၁။လမုတန်း
၂။လှည်းတန်း
၃။စက်တန်း
၄။ပျဉ်ထောင်တန်း
၅။တရုပ်တန်း
၆။ဖက်တန်း
(သနပ်ဖက်များ ရောင်း၀ယ်ရာရပ်ကွက်ကို အစွဲပြု၍)
၇။တောင်ပေါ်တန်း
၈။ ၂၈ အိမ်တန်း
၉။ နတ်မှော်တန်း တို့ ဖြစ်သည်။

နောက်ထပ်ရပ်ကွက်အမည် များ
သမိုင်းနှင့် တကွဖြစ်ပေါ်လာပုံကိုလည်း
ပြောပြချင်ပါသေးတယ်

သမိုင်း၀င် နန်းစဉ် ပတ္တမြားငမောက် ကို
မလိမ့်တပတ်နှင့် အပျောက်ရိုက်သွားခဲ့သော
ဒုဗိုလ်မူးကြီးစလေဒင် မော်လမြိုင်၌
အရေးပိုင်အဖြစ် တာ၀န်ထမ်းဆောင်စဉ်
နေထိုင်သွားခဲ့သော အရပ်ကို ယနေ့ ထိတိုင်
အရေးပိုင်ကုန်း ဟု ခေါ်ဝေါ်နေသေးသည်။

မုပွန်မှာ မွန်ဘာသာဖြင့် (မုဟ်ပန်)
အငူအစွန်း ဟု အဓိပါယ်ရသည်။

မွန်သူကြီးဖိုးမောင်ငံ အုပ်ချုပ်ခဲ့သော အရပ်ကို
မောင်ငံရပ်။

ဓမ္မစေတီမင်း လှူဒါန်းခဲ့သော သိမ်ရှိရာအရပ်ကို
သိမ်ကုန်းရပ်။

ပန်းပဲသမားများပန်းပဲဖိုများ
ဓားလက်နက်ထုတ်လုပ်ရာအရပ် ကို ပန်းပဲတန်း။

ပန်းပဲတန်း ရပ်မှပန်းပဲဖိုမှထွက်သော ဓားများကိုအရောင်းအဝယ်ပြုလုပ်သောအရပ်ကို ထားဝယ်စုအရပ်

ပြင်သစ်သင်္ဘောတစ်စီး လဲပြိုနစ်မြုပ်ခဲ့သောအရပ်ကို
သင်္ဘောလဲရပ်။

ပြည်မြို့အနီးရွှေတောင်မှ ပြောင်ရွေ့ အခြေချသူများ
နေထိုင်ရာအရပ်ကို ရွှေတောင်ရပ်။

ဗဒုံမင်းလက်ထက် ထား၀ယ်မှပုန်းကန်သူများကို
နှိမ်းနင်းခဲသော ဒိုင်း၀န်မင်းကြီး၏ တပ်များ တစ်လခန့်
စခန်းချခဲ့သော ကွင်းကို ဒိုင်း၀န်ကွင်း အရပ်ဟု
အမည်နာမများ ခေါ်တွင်ခဲ့ပါသည်။

မှတ်ချက်။ ။မော်မြိုင်မြို့ကရှေးမွန်ဘုရင်တွေလက်ထက်
ကတည်းကရှိပါတယ်။
ကိုလိုနီခတ်မှ မြို့ကြီးအဖြစ်ပြောင်းလဲလာတဲ့အချိန်ကို
စာရေးသူ ဆိုလိုဟန်ရှိပါတယ်။
လိုအပ်သည်များကိုဖြည့်စွက်ပေးကြပါနော်။

#မွန်သမိုင်း #အမှိုက်လေး_ထန်းပင်ကုန်း)

မွန်ပြည်နယ်❤️View Point (Zin Gyike)နေရာအသစ်လေးတွေမှာ ပုံလှလှလေးတွေကို ရိုက်ချင်တဲ့သူတွေအတွက် View Point (Zin Gyike)ကိုလှ...
08/06/2022

မွန်ပြည်နယ်❤️

View Point (Zin Gyike)

နေရာအသစ်လေးတွေမှာ ပုံလှလှလေးတွေကို ရိုက်ချင်တဲ့သူတွေအတွက် View Point (Zin Gyike)ကိုလှမ်းခဲ့နော်😍

​ဒီနေရာလေးကတော့ ဇင်းကျိုက်မြို့ရဲ့ ကုလားမတောင်ပေါ်ကားလမ်းနားမှာတည်ရှိပါတယ်

တောင်ပေါ်လို့ပြောလိုက်တာနဲ့ ခက်ခက်ခဲခဲသွားရမယ်လို့တော့မထင်လိုက်ပါနဲ့နော်😍

ဒီနေရာလေးက ဇင်းကျိုက်ရေတံခွန် သွားတဲ့လမ်းကနေ

တည့်တည့်ဝင်လာပြီး ကုလားမတောင် သို့ဆိုတဲ့လမ်းခွဲလေးကနေ သွားရပါတယ်

View Point ရှိတဲ့နေရာကိုတော့ တောင်အောက်ကနေ တောင်ပေါ်ကို (၃)မိနစ် သာသွားရပါတယ်

View Point ကိုရောက်ပီဆိုတာနဲ့ သဘာဝရဲ့အလှတရားကို စခံစားရမှာပါ ​စမ်းချောင်းလေးရဲ့ ရေစီးသံ ငြိမ့်ငြိမ့်လေးနဲ့

သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကိုလည်း ခံစားနိုင်မှာပါ☺️

​ရေတွေကလည်း စိမ်းလဲပြီးအေးမြတာတွေ့ရမှာပါ💧💦

​စမ်းရေ အေးအေးလေးမာ ရေစိမ်ချင်တဲ့ သူတွေအတွက်ရေကန်လုပ်ပေးထားတယ်😍

💧 ကဲ အခုဆိုရင်တော့ မိုးရာသီလဲ ရောက်ပြီဖြစ်လို့ View Point (Zin Gyike) လေးမှာ ရေတွေ ကျနေပါပြီနော်ချစ်တို့😍

🚗 နောက်ပြီး ခရီးဝေးက လာတဲ့ ဧည့်သည်များအတွက် ညအိပ်ညနေ တည်းခိုရန်

🏡 မွန်ရိုးရာအိမ်တစ်အိမ်ရယ် 🏡 ကရင်ရိုးရာအိမ်တစ်အိမ် ဆောက်လုပ်ထားတဲ့ အတွက် ဘောဒါတွေနဲ့ ညလုံးပေါက် chill နိုင်ပါပြီနော်

💧အခုလို မိုးရာသီလေးမှာသူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် မိသားစုနဲ့ဖြစ်ဖြစ် စမ်းချောင်းရေသံ ငြိမ့်ငြိမ့်လေးနဲ့ သဘာဝ အလှ ကို အပြည့်အဝ ခံစားချင်တဲ့သူတွေအတွက် ViewPointZinGyike လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်

https://www.facebook.com/groups/3891431280967279/?ref=share

30/05/2022

သံလွင်တံတားမော်လမြိုင်ဘက်ခြမ်းတွင်စည်းကမ်းမဲ့ယာဥ် စတင်ဖမ်းဆီးနေပီးနော်
ကျန်သာမိမိတာ၀န်သာ😥

Address


Website

Alerts

Be the first to know and let us send you an email when ဘီလူးကျွန်းဌာနေ ရာမညမြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share