Ci Ci & Di Di Cat Collection

  • Home
  • Ci Ci & Di Di Cat Collection

Ci Ci & Di Di Cat Collection Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ci Ci & Di Di Cat Collection, Petting zoo, .

👉Persian အထီး၊ အဖြူမျက်လုံးပြာ၊ 4လ ၊ အမွှေးရှည် ၊ အမွှေးအရမ်းနု၊ နုနုထူထူလေး ၊အရမ်းကိုင်လို့ကောင်း၊ လူလာရင် လိုက်ပြီးပွတ...
10/09/2022

👉Persian အထီး၊ အဖြူမျက်လုံးပြာ၊ 4လ ၊ အမွှေးရှည် ၊ အမွှေးအရမ်းနု၊ နုနုထူထူလေး ၊အရမ်းကိုင်လို့ကောင်း၊ လူလာရင် လိုက်ပြီးပွတ်ကပ်တတ် ၊ကာကွယ်စျေးအကုန်ထိုးပြီး၊သန်ချပြီး။ စျေး-350000ks

👉Persian ထိုင်းImport အထီး၊ အဝါအဖြူအရော လည်ပင်းအဖြူစပ်၊ 10လ ၊ အမွှေးရှည်၊ လူယဥ်ကြောင်တိုင်းနဲ့တဲ့ ရန်မဖြစ်တတ်၊ အရမ်းလိမ္မာ၊ သန်းချပြီး၊ ကာကွယ်ဆေးထိုးပြီး ထိုင်းမှာတခါ မြန်မာနိုင်ငံမှာတခါ ထိုးပြီး၊ သန်ချပြီး။
သားဖောက်ချင်တဲ့အိမ် ချက်ချင်းဖောက်လို့ရပြီနော်။
စျေး- 280000ks

မန်းလေးမြို့ကပါရှင့်။ အကုန်လုံး အိမ်မွှေးတွေပါ၊
အကုန်လုံးစည်းကမ်းရှိပြီး သဲဗန်းအကုန်ကျင့်ပြီးထားပါရှင့်။
ကျန်းမာရေး အားလုံး ကောင်းမွန်။
မန်းလေးကဘဲဦးစားပေးရောင်းပေးမယ်နော်။
ကျေးဇူးတင်ပါတယ်ရှင့်။

ကြောင်စာကျွေးခြင်း အယူအဆအမှားများကြောင်စာတွေအကြောင်းရေးရင်း အလွဲတွေတွေ့ရပါများလာလို့ သတိထားမိသလောက် စုစည်းရေးသားလိုက်ရပါ...
30/03/2022

ကြောင်စာကျွေးခြင်း အယူအဆအမှားများ
ကြောင်စာတွေအကြောင်းရေးရင်း အလွဲတွေတွေ့ရပါများလာလို့ သတိထားမိသလောက် စုစည်းရေးသားလိုက်ရပါတယ်။

ကြောင်က နဲနဲပဲစားတယ်
ဟုတ်ပါတယ် အစာအိမ်သေးလို့ နဲနဲပဲစားပေမယ့် ခဏ ခဏ ဆာတတ်တာမို့ မကြာခဏစားပါတယ်။ လူတွေလို့ တစ်ခါစားပြီး တနေကုန်ဝနေတတ်တဲ့ သတ္တဝါမျိုးမဟုတ်လို့ ဗိုက်ဆာတဲ့အချိန် အသင့်စားနိုင်ဖို့ ပြင်ထားပေးသင့်ပါတယ်။

သောက်ရေခွက်မထားပေးခြင်း
ကြောင်တွေလည်း ရေသောက်ဖို့လိုပါတယ်။ အထူးသဖြင့် ကြောင်စာခြောက်ကျွေးရင် ပိုတောင်များများသောက်ဖို့လိုပါတယ်။ မဟုတ်ရင် ကျောက်ကပ်ထိခိုက်ပါတယ်။ အလွယ်တကူသောက်နိုင်ဖို့ သောက်ရေသန့်သန့်ကို ခွက်နဲ့ သေချာလေးထားပေးဖို့လိုပါတယ်။

ထမင်းနဲ့ အသားနယ်ကျွေးခြင်း
အကုန်အကျသက်သာသလို မြန်မာပြည်မှာ အမြဲကျွေးလေ့ရှိပါတယ်။ တကယ်တော့ ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲ စတာတွေမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်က ကြောင်တွေအတွက်မလိုအပ်တာကြောင့် ထမင်းစားရတဲ့အခါ ကြောင်က ဗိုက်ဝသွားတာပဲရှိပြီး ထင်သလောက် အာဟာရမဖြစ်ပါဘူး။

ထမင်းကျွေးပြီး ကြောင်စာကို တခါတလေကျွေးတယ်
ကြောင်စာက ကြောင်တွေ နေ့စဉ်စားဖို့ထုတ်ထားတာဖြစ်ပြီး ထမင်းနဲ့ ရောကျွေးစရာ ဖြည့်စွက်စာမဟုတ်ပါဘူး။ ကြောင်စာကို သူအတိုင်းသီးသန့်ပဲကျွေးရမှာပါ။

အစာခြောက်တွေက ကျောက်ကပ်ထိတယ်
အစာခြောက်တွေမှာ အဲ့လို သိသာတဲ့ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ အဲ့လိုဖြစ်တဲ့ကြောင်တွေက သောက်ရေလုံလောက်စွာမရလို့၊ ရေသောက်နည်းလို့သာဖြစ်ရခြင်းပါ။ အစာခြောက်ကျွေးမယ်ဆို ကြောင်အတွက် သောက်ရေ မပြတ်ထားရှိပေးရပါမယ်။

ကြောင်တွေက ငါးကြိုက်တယ်
တကယ်တော့ ကြောင်က ငါးနဲနဲပဲစားဖို့လိုအပ်ပါတယ်။ ကြောင်တွေ ငါးစားတာဟာ အနံ့ကြောင့်သာဖြစ်ပြီး ငါးတွေမှာ အများအပြားပါတဲ့ သိုင်ယာမင်းနိစ်ဓာတ်က ကြောင်တွေကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။ ချက်ပြုတ်လိုက်ရင်တော့ အတော်သင့်လျော့နဲသွားတာ ကြောင်တွေအတွက် ကံကောင်းတယ်လို့ပဲဆိုရမှာပေါ့။

ကြောင်တွေက အချိုကြိုက်တယ်
ကြောင်တွေမှာ ချိုတဲ့အရသာကို ခံစားနိုင်စွမ်းမရှိပါဘူး။

ကြောင်တွေက နွားနို့ကြိုက်တယ်
ကြောင်ကနွားနို့သောက်ပါတယ်။ အစာစားဖို့ကို အနံ့နဲ့ဆုံးဖြတ်တာဖြစ်လို့ နွားနို့အနံ့က ကြောင်အတွက်သောက်ချင်စရာမို့ သောက်တာပါ။ ဒါပေမယ့် နွားနို့မှာပါတဲ့ သကြားဓာတ်ကို ချေဖျက်ဖို့ရာ လိုအပ်တဲ့ ဓာတ်ပစ္စည်းမရှိတာကြောင့် နွားနို့ဟာ ကြောင်တွေရဲ့ အစာခြေစနစ်နဲ့ အစာအိမ်၊ အူလမ်းကြောင်းကို ကောင်းကောင်း ဒုက္ခပေးပါတယ်။

ကြောင်တွေက ပျားရည်ကြိုက်တယ်
နွားနို့လိုတူတူပါပဲ။ ပျားရည်မှာပါတဲ့ သကြားဓာတ်က ကြောင်တွေကို ဒုက္ခကြီးကြီးပေးနိုင်ပြီးတော့ နွားနို့ထက်ဆိုးတာက လက်ဘရည်ဇွန်း တစ်ဇွန်းစာဆိုရင်ပဲ ကြောင်တစ်ကောင်အတွက် အင်မတန်များပြားတဲ့ ပမာဏဖြစ်နေပါပြီ။

တခြားအချက်တွေလည်း ရှိပါသေးတယ်။ နောက်များမှာ ကြုံရင် ထပ်ရေးပါဦးမယ်။

# CatFood

ကြောင်လေးတွေအတွက် သဘာဝဆေးဖတ်ဝင်ကြောင်ဆေးပင် အကြောင်း 🌿🌿🌿ကြောင်ဆေးပင် (ခေါ်) ကြောင်ရိုသေပင် အပင်ရဲ့အမည်က(Acalypha indica ...
30/01/2022

ကြောင်လေးတွေအတွက် သဘာဝဆေးဖတ်ဝင်
ကြောင်ဆေးပင် အကြောင်း 🌿🌿🌿

ကြောင်ဆေးပင် (ခေါ်) ကြောင်ရိုသေပင်
အပင်ရဲ့အမည်က(Acalypha indica plant)လို့ခေါ်ပါတယ်။

ကြောင်တွေအတွက်အသက်ကယ်ပင်၁မျိုးဖြစ်ပါတယ်

လမ်းဘေးတွင် အလေ့ကျပေါက်ပင်တမျိုးဖြစ်ပြီး ထို အပင်၏ အနံ့ကိုရပါက ကြောင်များ အလွန်နှစ်သက်ကျ ပါတယ်၊၊ တယ်။

ဒီအပင်ဟာ ကြောင်တွေအတွက် ဆေးဖက်ဝင်အပင်တစ်မျိုးပါ။

ကြောင်တွေမှာ ဖြစ်တတ်တဲ့ ရောဂါဟူသမျှကို ကာကွယ်တားဆီးပေးသည့်အပြင် လူသားအတွက်လည်း များစွာဆေးဖက်ဝင်ပါတယ်။

ကြောင်များသည် ထိုအပင်ရဲ့အမြစ်ကိုသာ စားသုံးတတ်ကျကြောင်း တွေ့ရပါတယ်၊၊ ရှေးရိုးရာ အယူအဆ အရ ကြောင်များအတွက် အသက်ကယ်ဆေးပင် ဖြစ်သောကြောင့် ကြောင်ရိုသေပင်လို့ခေါ်ကျ ပါတယ်၊၊ ၊

ရှေးဦးစွာ ကြောင်ရိုသေပင် အကြောင်းကို လေ့လာကြည့်လျှင်

ရုက္ခဗေဒ အမည်မှာ - Acalypha indica Linn . ဖြစ်ပြီး EUPHORBIACEAE မျိုးရင်း၀င် ဖြစ်ပါတယ်၊၊
မြန်မာလို ကြောင်ရိုသေပင် (သို့) ကြောင်ဆေးပင်လို့ခေါ်ဝေါ်ပါတယ်၊၊ အင်္ဂလိပ်အမည်မှာ Indian Acalypha
ဖြစ်ကာ ဟိန္ဒူ အမည်မှာ Kuppi ၊ သက္ကတ လို Haritamanjari ဖြစ်ကြောင်း သိရပါတယ်၊၊

အပင်ပံုံသဏ္ဍာန်

အပင်ဟာ တနှစ်ခံ ပင်ပျော့ မျိုး ဖြစ်ကာ အမြင့် ၁ ပေ မှ ၃ ပေ အထိ ရှိကြောင်းတွေ့ရပါတယ်၊၊ အရွက် ပုံသဏ္ဍန် မှာ အဝိုင်းပုံ ဖြစ်ပြီး ၁လက်မ မှ ၂ လက်မ ခွဲ အထိရှိပါတယ် ၊၊ ရွက်ထိပ်ဖျား တွန့်လေးများ ပါ၀င်ပါ တယ်၊၊ အပွင့် သေးလေးများ အဆုပ်လိုက်ပွင့်ပါတယ် ၊၊ အသီးလေးများသီး ကာ အစေ့လေးများ ဟာ ကြေမွ လွယ်တတ်ပါတယ်၊၊
သိပ္ပံနည်းကျ ဓါတ်ခွဲ လေ့လာပါ - B sitoterol, stigmasterol, စသည့် ဒြပ်ပေါင်းများ ပါ၀င်ပါတယ်၊၊
မြန်မာနိုင်ငံမှာ အလွန်အေးသော တောင်ပေါ် ဒေသမှ လွဲ၍ အနှံ့အပြား သဘာ၀ အလျောက် အလေ့ ကျ ပေါက်ရောက် ခြင်းတွေ့ရပါတယ် ၊၊
အရွက်၊ပင်စည်၊ အမြစ်၊ အသီး အပွင့် ဆိုသော ပဉ္စငါးပါးလုံးကို ဆေး အဖြစ် သုံးစွဲ ကျကြောင်း တွေ့ရပါတယ် ၊၊

အလေ့ကျပေါက်ရောက်ပြီး ကြောင်များ နှစ်သက်သော ကြောင်ရိုသေပင် (ခေါ် )
ကြောင်ဆေးပင်သည် ကြောင်လေးများ အတွက် အလွန် အသုံးဝင်သော သဘာဝကပေးတဲ့ ဆေးတစ်မျိုးပဲ ဖြစ်ပါတယ် ။

#ကြောင်ဆေးပင်
#ကြောင်ဆေးပင်
#ကြောင်ရိုသေပင်
#ကြောင်ရိုသေပင်

#ကြောင်ရိုသေပင်
#ကြောင်
#ကြောင်ဆေး

# Krystal Mon မှ ကူးယူဖော်ပြပါသည်။

Seasonal Snuggle Change 🥰Cat and me is 👇👇
28/01/2022

Seasonal Snuggle Change 🥰
Cat and me is 👇👇

ကြောင်လေးတွေကိုပွေ့ချီနည်းအမှား❌နဲ့အမှန်☑️😾😻
18/01/2022

ကြောင်လေးတွေကိုပွေ့ချီနည်းအမှား❌နဲ့အမှန်☑️😾😻

ကြောင်ချစ်သူများသိထားသင့်သော ကြောင်နှင့်မတည့်သောအစားအစာများ...... 1. ပါရာစီတမော ( သေတတ်သည် )2. ကြက်ဥစိမ်း ၊ ဘဲဥအစိမ်း ( ...
13/01/2022

ကြောင်ချစ်သူများသိထားသင့်သော
ကြောင်နှင့်မတည့်သောအစားအစာများ......

1. ပါရာစီတမော ( သေတတ်သည် )

2. ကြက်ဥစိမ်း ၊ ဘဲဥအစိမ်း ( ကြက်ဥတွင်ပါဝင်သော ပရိုတိမ်း
ဓာတ်သည် လူသားများအတွက် အဟာရဖြစ်သော်လည်း ကြောင်နှင့်မတည့်ပါ။
အရေပြားရောဂါဖြစ်နိုင်သည်။ အမွှေးများစွာကျွတ်နိုင်သည်။ )

3. စပျစ်သီး နှင့် စပျစ်ခြောက်

4. ချော့ကလက်

5 . အရက်၊ ဘီယာ

6. လက်ဖက်ရည်၊ ကော်ဖီနှင့်အခြားကဖိန်းဓာတ်ပါသော
အစားအစာများ ။

7. နွားနို့ ( ကြောင်၏အစာအိမ်သည် နွားနို့ကိုသိပ်မခြေဖျက်
နိုင်ပါ။ စားမိလျှင်ကြောင်များဝမ်းသွားနိုင်သည်။
အရွယ်ရောက်ပီးကြောင်တွင်မသိသာသော်လည်း
မွေးကင်းစကြောင်ပေါက်ကို နွားနို့တိုက်ပါက
သေနိုင်သည်။ )

8. ကြက်သွန်ဖြူ၊ ကြက်သွန်နီ

9. ချိုချဥ်သကြားလုံး

10. အခွံမာပဲစံများ

11. ဆား ( ဆားပါသောအစားအစာများ ) ။

မှတ်ချက်။ ။ လူသားသည် အသီးအရွက်စားသတ္တဝါဖြစ်ပြီး
ကြောင်သည် အသားစားသတ္တဝါဖြစ်သည်။
လူနှင့်အဟာရဖြစ်သောအစားအစာအချို့သည်
ကြောင်အတွက်ဘေးဖြစ်နိုင်သည်။

ကုပ်မိတာဆောရီးဆေးထည့်ပေးမယ်။တခြားသူတွေကိုလည်း လျှောက်ပြောမနေနဲ့အုံး ကြားလားဟူးမန်း?ကြောက်လို့တော့မဟုတ်ဘူး အလကားနေ နာမည်ပ...
13/01/2022

ကုပ်မိတာဆောရီး
ဆေးထည့်ပေးမယ်။

တခြားသူတွေကိုလည်း လျှောက်ပြောမနေနဲ့အုံး ကြားလားဟူးမန်း?

ကြောက်လို့တော့မဟုတ်ဘူး
အလကားနေ နာမည်ပျက်မခံချင်လို့

Address


Website

Alerts

Be the first to know and let us send you an email when Ci Ci & Di Di Cat Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share