Rocky King & Chocolate Prince

  • Home
  • Rocky King & Chocolate Prince

Rocky King & Chocolate Prince Pawsonal page of two brothers, namely Rocky King the Beagle and Chocolate Prince the Poodle. 🐶 🐩🤎

💝 2024 ပထမ နှစ်လကိုတော့ ရိုးရိုးသားသားလေး အိပ်လိုက်၊ စားလိုက်နဲ့ ဖြတ်သန်းပြီးပါပြီ ခင်ဗျား။ 💝 ပုံလေး (၂)ပုံလုံးကတော့ Roc...
01/03/2024

💝 2024 ပထမ နှစ်လကိုတော့ ရိုးရိုးသားသားလေး အိပ်လိုက်၊ စားလိုက်နဲ့ ဖြတ်သန်းပြီးပါပြီ ခင်ဗျား။

💝 ပုံလေး (၂)ပုံလုံးကတော့ Rocky ဦးဦးက ဟူးမန်မ အလုပ်သွားနေချိန် ပို့ပေးတာပါ။ (Lunch time ဆို I miss Rocky and Chocolate ဆိုပြီး စာပို့ပို့ဖြစ်နေတော့ ကြုံရင် ကြုံသလို live ပုံလေးတွေ ပို့ပေးတယ်။)

💝ကျန်တဲ့ (၁၀)လမှာလည်း ဝင်ငွေတိုးပွား၊ ကျန်းမာချမ်းသာစွာ ​Rocky and Chocolate furmily နဲ့ ချစ်သူများ ဖြတ်သန်းရကြပါစေသား။

မောင် Chocolate ရဲ့ 29-Feb-2024 အမှတ်တရ 🥰
29/02/2024

မောင် Chocolate ရဲ့ 29-Feb-2024 အမှတ်တရ 🥰

📣📣 Mandalay Please help 🙏🏼 🩸
28/02/2024

📣📣 Mandalay Please help 🙏🏼 🩸

❤️ အလှုရှင် ရသွားပါပြီရှင့် ❤️

ဒီကလေးလေး အတွက် သွေးအလှုရှင် လိုအပ်နေပါတယ်။

မန်းလေး မေတ္တာဆေးခန်း မှာပါ။ 09955780613 ကိုဆက်သွယ်ပေး ပါနော်။

အသက် တစ်နှစ်အထက် ကျန်းမာသန်စွမ်းပြီး အလေးချိန်
25kg ရှိတဲ့၊ ကာကွယ်ဆေး အပြည့်အစုံ ထိုးထားတဲ့၊ သွေးတွင်းကပ်ပါး ရောဂါ မရှိရင် လှုပေးလို့ ရပါတယ်။

2️⃣0️⃣2️⃣1️⃣ Baby Chocolate 🐻Vs2️⃣3️⃣2️⃣4️⃣ ကိုကို Chocolate 🐻‍❄️(Baby ပိိစိပုံလေးတွေ မန့်ပါဦး။ 👇🏼)
26/02/2024

2️⃣0️⃣2️⃣1️⃣ Baby Chocolate 🐻
Vs
2️⃣3️⃣2️⃣4️⃣ ကိုကို Chocolate 🐻‍❄️

(Baby ပိိစိပုံလေးတွေ မန့်ပါဦး။ 👇🏼)

အခုလေးတင် ဖွားက "ဒီဖြတ်ပိုင်း အခုမှ သေချာကြည့်မိတယ်"ဆိုပြီး ဖြတ်ပိုင်းလေးပြပါတယ်။ ဟူးမန်းမက ယူကြည့်လိုက်တော့ ဖြတ်ပိုင်းမ...
22/02/2024

အခုလေးတင် ဖွားက "ဒီဖြတ်ပိုင်း အခုမှ သေချာကြည့်မိတယ်"ဆိုပြီး ဖြတ်ပိုင်းလေးပြပါတယ်။

ဟူးမန်းမက ယူကြည့်လိုက်တော့ ဖြတ်ပိုင်းမှာ ဝယ်သူအမည်ကိုတွေ့တော့ သဘောကျရယ်မိပါရဲ...။ 😍

အဲ့ဒါနဲ့ ဝယ်သူအမည်မှာပါတဲ့သူကို ပြလိုက်ပြီး ဒီစာရင်း ဘယ်လိုရှင်းပေးမှာလဲလို့ ပြပြီး မေးလိုက်ပါတယ်။ ပုံကိုသာရှုပါ။ 😂🤣

မှာတုံးကလည်း Rocky တို့အိမ်ကပါလို့ မှာရတယ်။ အဲ့လိုဆို လိပ်စာပြောမစရာမလိုတော့ပါဘူး။
---
ဟူးမန်းတွေက ဒီပတ်ဝန်းကျင်မှာနေတာ နှစ်ချီပေမဲ့ မိတ်ဆွေ သူငယ်ချင်း အများကြီး မတိုးသေးဘူး။ နာမည်တွေလည်း မသိဘူး။ Rocky and Chocolate ကတော့ လူရော၊ ဝုနဲ့ပါသူငယ်ချင်းတွေ ဘော်ဒါတွေဖြစ်လို့...။

အိမ်ရှေ့က ကားနဲ့ဖြတ်ပြီး Rocky, Chocolate လို့ အော်သွားသူနဲ့၊ ညနေ သူတို့ လမ်းလျှောက်ရင် ကားရပ်ပြီး နှုတ်ဆက်သူနဲ့၊ ပြေးတာရပ်ပြီး နှုတ်ဆက်သူနဲ့ သူတို့ကို snacks ကျွေးသူနဲ့ သူတို့ fan တွေ ဟုတ်နေကြတာ။

🥰 ဘဝမှာ ကြည်နူးရတဲ့ အခိုက်အတန့်လေးတွေ အများကြီးကို နေ့စဉ်ဖန်တီးပေးတဲ့သူတွေထဲမှာ ကလေးတွေက ထိပ်ဆုံးကပဲနော်...။ 🍉 ပုံမှန်ဆိ...
21/02/2024

🥰 ဘဝမှာ ကြည်နူးရတဲ့ အခိုက်အတန့်လေးတွေ အများကြီးကို နေ့စဉ်ဖန်တီးပေးတဲ့သူတွေထဲမှာ ကလေးတွေက ထိပ်ဆုံးကပဲနော်...။

🍉 ပုံမှန်ဆို Rocky ရော Chocolate ပါ ဖရဲသီး မစားကြပါဘူး။ မစားကြပေမဲ့... ဟူးမန်းတွေ ဖရဲသီးစားပြီဆိုလည်း လာလာမျှော်နေကြဆဲပါပဲ။ ဒီနေ့လည်း လာမျှော်နေတော့ သေးသေးလေးဖဲ့ကျွေးတော့ Rockyက ထူးထူးဆန်းဆန်း စားတယ်။ Chocolate က ပြန်ထွေးထုတ်တယ်။ ဒါပေမဲ့... အနားက မခွာသွားဘဲ ထိုင်မျှော်နေတုံး။

🍉 အရင်ကမစားတဲ့ Rockက ဒီနေ့စားတော့ ဟူးမန်းမလည်း အားတက်သွားပြီး သူဝါးလို့အဆင်ပြေအောင် အတုံးသေးလေးလုပ်ပြီး ထပ်ကျွေးကြည့်တော့ ထပ်စားပါတယ်။ တတိယအကြိမ်ခွံ့ကျွေးတော့လည်း ထပ်စားတယ်။ ဘေးက မျှော်နေဆဲ Chocolateကိုလည်း အတုံးပိစိလေး ကျွေးကြည့်တဲ့အခါ... သူကပါစားပါတယ်။ (အရင်ကတောင် ရေးဖူးပါတယ်၊ Chocolate က အကုန်စားပေမဲ့ အအေးစာဖြစ်တဲ့ သခွားသီးတို့၊ ဖရဲသီးတို့ မစားဘူးဆိုတာ။ ဒီနေ့တော့ Rock က အရည်ရွှမ်းရွှမ်းနဲ့ ဘေးက စားပြနေတော့ E ယောင်ဝါးလုပ်ပြီး လိုက်စားရင်း အရသာသိသွားပုံပါပဲ။)

🍉 ဒီနေ့တော့... ညီအစ်ကိုနှစ်ကောင်ရဲ့ ပထမဆုံး ဖရဲသီးစားခြင်း အမှတ်တရပါပဲ။ Rock ကတော့ ခန့်မှန်းရခက်ပါတယ်။ သူကဒီတစ်ခါစားပေမဲ့... နောက်တစ်ခါ စားချင်မှ စားတဲ့သူမျိုး။ Chocolate ကတော့ ဘေးက အစ်ကိုစားရင် လိုက်စားမှာပါ။ သူတို့လေးတွေစားတာကြည့်ပြီးနောက် ကျွေးပြီးနောက် စိတ်ထဲကနေလည်း ကြည်နူးသလို ကောင်းတဲ့ခံစားချက်လေးရရှိလို့... ဪ ဘဝမှာ ဒီလို ဘာရယ်မဟုတ် small little thing တွေကလည်း အရေးပါ လိုအပ်တာပါပဲလို့...။

⚠️ မကြာခင် နွေရာသီလည်း ရောက်တော့မယ်ဆိုတော့... ဝုကလေးတွေကို ရေဓါတ်များပြီး ဗီတာမင် A, B6, C နဲ့ ပိုတက်ဆီယမ်များပါတဲ့ ဖရဲသီးကျွေးလို့ရပါတယ်။
သတိထားရမဲ့ အချက်လေးတွေကတော့ (Ref: https://wellbeloved.com )
❗️ ဖရဲသီးစေ့ လုံးဝ မပါမိစေပါနဲ့။ အူလမ်းကြောင်း ပိတ်ဆို့စေနိုင်ပါတယ်။
❗️ဖရဲသီးသားကို ကျွေးပါ။ အခွံမာသားတွေ စားမိရင် အခန့်မသင့်ရင် အန်တာ၊ ဝမ်းလျောတာ ဖြစ်နိုင်ပါတယ်။
❗️သကြားဓါတ်လည်း ပါတဲ့အသီးမို့လို့ ပမာဏ အများကြီး မကျွေးမိဖို့ သတိပြုပါ။ Breedအကြီးဆို ဘယ်လောက်၊ အသေးဆိုဘယ်လောက် ညွှန်းကြတာတော့ တွေ့မိတယ်။ Rocky and Chocolate ကတော့ ဒီနေ့ လက်တီးဆုတ် တစ်ဝက်စာမရှိတရှိလောက်ပဲ ကျွေးပါတယ်။

အခြားနည်းလမ်းအားဖြင့် ဖရဲသီးကြိတ်ပြီး ရေခဲတုံးပုံစံ အခဲလုပ်ပြီးလည်း ကျွေးလို့ရပါသေးတယ်။ (ဒီ page က Rocky လေးနှစ်လောက်မှ စဖွင့်ဖြစ်တော့ အရင့်အရင်က ရေးခဲ့ဖူးတဲ့ အစားအသောက်ဆိုင်ရာ post တွေ ဒီ page ထဲ ရှိမနေဘူး။ နောက်ကြုံရင် memory တွေ ပြန်ပေါ်လာရင်တော့ ပြန်လာ save ထားဦးမယ်။)

တကယ်တော့ ကြည်နူးရကြောင်း မှတ်တမ်းတင်ချင်လို့ ရေးရာက... စာအရှည် post ဖြစ်သွားပါတယ်။
အားလုံး ကျန်းမာချမ်းသာကြပါစေ။

19/02/2024

I do not own the video. Credit to rightful owner. I’m just sharing as I love the pup so so much. Very much alike to my ကဲကဲစိန်လေး Chocolate, especially the constant enthusiastic lil jumps. 😂🤣

ဘယ်မှ မပို့ပေးနိုင်သေးတော့ ၈ပေခွဲမှာ စိမ်ကွာ။ 😂🤣ရေကစားပြီးတာနဲ့ ရေတန်းချိုးပေးကြတော့ ဒီနေ့တော့ တစ်လှည့်စီပဲ။ နောက်အခါမှ ...
17/02/2024

ဘယ်မှ မပို့ပေးနိုင်သေးတော့ ၈ပေခွဲမှာ စိမ်ကွာ။
😂🤣
ရေကစားပြီးတာနဲ့ ရေတန်းချိုးပေးကြတော့ ဒီနေ့တော့ တစ်လှည့်စီပဲ။ နောက်အခါမှ အတူတူကစားခိုင်းမယ်။

Chocolate ငလည်က Rocky အလှည့်ကတည်းက ဟိုက ပြေးချောင်း ဒီက ပြေးချောင်းနဲ့...။
သူ့အလှည့်ရောက်တော့ တစ်ခတ်နှစ်ခတ် ကျေနပ်အောင် ကူးချင်ဟန်ဆောင်ပေးတယ်။

🐶 မိမိတို့ ဟူးမန်းများမှ လူလည်ကျကာ မုန့်မုန့်တစ်ခုတည်းကို အလယ်ကခြမ်းလိုက်ပြီး နှစ်ခုယောင်ယောင် မလိမ့်တပတ် ကျွေးခြင်းအမှု...
16/02/2024

🐶 မိမိတို့ ဟူးမန်းများမှ လူလည်ကျကာ မုန့်မုန့်တစ်ခုတည်းကို အလယ်ကခြမ်းလိုက်ပြီး နှစ်ခုယောင်ယောင် မလိမ့်တပတ် ကျွေးခြင်းအမှု

🐶 အိမ်သော့၊ ကားသော့ တချွင်ချွင် အကိုင်ပြကာ အပြင်သွားမလို ထင်ယောင်ထင်မှား အယုံသွင်းခြင်း အမှု

🐶 အသားလိပ်ထဲ သန်ချနံနံဆေးများထည့်ကာ ကျွေးသောအမှု

🐶 ကားထွက်စီး လည်လည်သွားမယ်၊ အဆင်လေးတွေ သွားရှိတ်မယ်ဆိုပြီး ဖြားယောင်းပြီး ဆေးခန်းခေါ် ဆေးထိုးသည့် အမှု

🐶 ခဏလေးပဲ မကြာဘူးဆိုပြီး အိပ်ငိုက်တဲ့အထိ ဆံပင်ဖီးလိမ်းပေးတဲ့အမှု အစရှိသဖြင့်... တရားမျှတမှု ရှေ့နေလိုက်ပေးရန် Rocky and Chocolate ကို ဆက်သွယ်လိုက်ပါ။ 👨‍⚖️

💰 ရှေ့နေခ - တစ်နာရီ Beef Jerky 4 ထုတ်
(အမှုသည် ညီမလေးချောချောလေးများအား Discount အထူးရှိသည်။ အသေးစိတ် CB။)

Photo credit: The Goodwin Firm

🎦 ပေါလီဝုဒ်ရပ်ကွက်မှာ တစ်ကား အကယ်ဒမီတစ်ထုဆိုတာ သနားဒယ်။ 🏆 ဝုလိဝုဒ်မှာ တစ်ပုံ အော်စကာ ဆယ်ခု ယူပြမယ်။ 😝စကေးအများကြီးထဲက "ဝ...
15/02/2024

🎦 ပေါလီဝုဒ်ရပ်ကွက်မှာ တစ်ကား အကယ်ဒမီတစ်ထုဆိုတာ သနားဒယ်။

🏆 ဝုလိဝုဒ်မှာ တစ်ပုံ အော်စကာ ဆယ်ခု ယူပြမယ်။ 😝စကေးအများကြီးထဲက "ဝုနုသွေး vs ဝုမို့မို့အေး" တစ်ကွက်ပဲ အရင် ချပြလိုက်မယ်။
👇🏼👇🏼👇🏼👇🏼

စက္ကန့်တိုင်း၊ မိနစ်မလပ် ချစ်ရပါသော Chocolate လေး။ နောက်လဆို (၃)နှစ်ပြည့်ပြီ...။ နေ့ရက်တိုင်း ချစ်ခြင်းမေတ္တာအကြောင်း သင...
14/02/2024

စက္ကန့်တိုင်း၊ မိနစ်မလပ် ချစ်ရပါသော Chocolate လေး။
နောက်လဆို (၃)နှစ်ပြည့်ပြီ...။
နေ့ရက်တိုင်း ချစ်ခြင်းမေတ္တာအကြောင်း သင်ပေးနေဆဲ…။

2 years ago memory ပြန်ပေါ်လာလို့ ဒီ page မှာလည်း ပုံလာ save လိုက်ပါတယ်။Chocolateလေး (၁၀)လကျော်သားလေး တုံးကပေါ့။
10/02/2024

2 years ago memory ပြန်ပေါ်လာလို့ ဒီ page မှာလည်း ပုံလာ save လိုက်ပါတယ်။
Chocolateလေး (၁၀)လကျော်သားလေး တုံးကပေါ့။

🧧Hong Bao ဟုန်ပေါင်းတော့ရပြီ။ မွန့်မွန့်ဝယ်ဖို့ရယ်၊ ညယ်မငှေးတွေကို အမ်းဖို့ရယ်ပဲ ကျန်တော့တယ်။ 🤭🐶 ဟုန်ပေါင်းကသူတို့ ခွဲတမ...
08/02/2024

🧧Hong Bao ဟုန်ပေါင်းတော့ရပြီ။ မွန့်မွန့်ဝယ်ဖို့ရယ်၊ ညယ်မငှေးတွေကို အမ်းဖို့ရယ်ပဲ ကျန်တော့တယ်။ 🤭

🐶 ဟုန်ပေါင်းကသူတို့ ခွဲတမ်းလည်းပါတော့ သူတို့လေးတွေကိုပါ ပြရတာပေါ့။ (Rock စားစရာထင်ပြီး နောက်က လိုက်စပ်စု၊ ဥစ္စာခြောက်ပုံ မန့်မှာသာရှု။)

One year ago memory. Chocolate ဘဝရဲ့ တစ်ကြိမ်တည်းသော နေမကောင်းဖြစ်ခဲ့ဖူးခြင်း။ (ဟူးမန်းမရဲ့ မဆင်မခြင်ကျွေးမိတဲ့ အစာကြောင...
08/02/2024

One year ago memory. Chocolate ဘဝရဲ့ တစ်ကြိမ်တည်းသော နေမကောင်းဖြစ်ခဲ့ဖူးခြင်း။ (ဟူးမန်းမရဲ့ မဆင်မခြင်ကျွေးမိတဲ့ အစာကြောင့်။) အခုတော့ လက်လက်ထပါ။ တအား သနားဖို့ကောင်းတယ် အဲ့တုံးက။ သူနေကောင်းသွားပုံ အဆင့်ဆင့် ဒီ album မှာရှိတယ်။ တစ်အိမ်လုံး (သူ့အဖိုးကအစ) ဝိုင်းဆုတောင်း၊ ဂရုစိုက်ခဲ့ရတဲ့ကာလလေး။

အခုတော့ ဘာမဆို ဆင်ခြင်ပြီးပဲ ကျွေးပါတယ်။ သူတိူ့လေးတွေက လူမဟုတ်လို့ လူလိုဖွဲ့စည်းတည်ဆောက်ထားခြင်း မရှိလို့ လူနဲ့အစာချေဖျက်ပုံကအစ မတူလို့ သူတို့နဲ့ သင့်တော့သလိုသာ ကျွေးပါတယ်။

ပြီးတော့... Rocky and Chocolate ကို အမြဲမင်္ဂလာစကားပဲ ပြောပေးတယ်။
Chocolate is a good boy.
Chocolate is a happy boy.
Chocolate is a healthy boy.
Chocolate is a handsome boy.
Chocolate is a blessed boy.
Chocolate is a brave boy.
အဲ့လိုပေါ့...။ Rocky ကိုရောပဲ ကောင်းတာပဲ ပြောပေးတယ်။ ကလေးများအားလုံး ကျန်းမာ အနာကင်းကြပါစေ။

06/02/2024

Tuesday afternoon 💦

05/02/2024

Howling Part (2)
Short version: သူများတွေ အူလို့ လိုက်အူကြတယ်။ ဆြာကြီးRockyတို့ အပျင်းတစ်ပုံများ လှဲနေရင်း ပါးစပ်မဟတစ်ဟလေးနဲ့ပဲ အူတယ်။

Long story: Chocolate မလာခင်က Rocky က တစ်ခါမှ မအူဖူးဘူး။ ရှယ်ပဲ ဖြဲဟောင်တာ။ ညီလေးလာပြီးနောက် သူကပါ လိုက်အူတတ်သွားတယ်။ အရင်က ညဖက်ပဲ အူတတ်ကြတော့ Rocky ဦးဦးက သူတို့လေးတွေ အူတာ ဘယ်လိုပုံစံလေးလည်း မသိဘူးနော်၊ ကြည့်ချင်လိုက်တာတဲ့။ အရင်နှစ် May လတုံးကတော့ တစ်ခါ သူတို့လေးတွေ အူတာ video record မိဖူးတယ်။ အဲ့တုံးက ညဖက်ကြီးပေါ့။ (ဒီ link လေးမှာရှိတယ်။
https://www.facebook.com/share/v/A1TRp7qYAM1nqT9C/?mibextid=KsPBc6 )

အခု ဒီ video လေးကတော့ နေ့ခင်းဖက်ကြီး ဖမ်းမိထားတာပါ။ Chocolate ဒယ်ဒယ် မှန်းသလိုပဲ ခေါင်းကလေးမော့မော့ပြီး အူတာ။ သူ့အစ်ကိုအူတာလည်း ကြားရော အစ်ကိုရှိရာဆီကို အူရင်းနဲ့ ပြေးလာသတဲ့…။

Happy Monday to you all. 🐶 🐩 🐕

Luffy - လူဖီ နဲ့ Ame -the poodle beach date ကို Mr.Hiro နဲ့ ကျော်တို့ညိုကီလိုက်သွားပါပြီနော်။ တာ့တာ။ 🏝️ 🏖️ 🌴 Photo by Am...
03/02/2024

Luffy - လူဖီ နဲ့ Ame -the poodle beach date ကို Mr.Hiro နဲ့ ကျော်တို့ညိုကီလိုက်သွားပါပြီနော်။ တာ့တာ။ 🏝️ 🏖️ 🌴

Photo by Ame's Mommy.

မင်္ဂလာရှိသော weekend လေးပါ။  (ပုံရာဇဝင် - Rocky ဦးဦးက အလုပ်လုပ်နေတဲ့ ဟူးမန်းမကို ဒီပုံလေး ပို့ပေးတော့ အမောကို ပြေသွားတာ...
03/02/2024

မင်္ဂလာရှိသော weekend လေးပါ။

(ပုံရာဇဝင် - Rocky ဦးဦးက အလုပ်လုပ်နေတဲ့ ဟူးမန်းမကို ဒီပုံလေး ပို့ပေးတော့ အမောကို ပြေသွားတာပဲ။ ချက်ခြင်းလည်း ပြေးတွေ့ ဖက်ချင်မိတယ်။ 🥰 ပြီးတော့... ဟိုညတုံးကလည်း Chocolate ကို သူတို့ လမ်းလျှောက်ထွက်လို့ ခေါ်လျှောက်တော့ သူ့အစ်ကို Rocky မပါလို့ အိမ်ဖက်ပဲ ပြန်လှည့်တာတဲ့။ ချီခေါ်သွားပြီး မြေပေါ်ချပေးတာနဲ့ ခြံတံခါးဖက်ပြေးပြီး အိမ်ကိုသာ မျက်နှာမူထားတာတဲ့။ ပုံမန့်မှာရှိ။ အခုလည်း ဒီပုံရိုက်တုံးကလည်း အပြင်ဖက်ခေါ်ထွက်တာကို အထဲပဲ ပြန်ဝင်ချင်တာတဲ့။ Rocky သာ ပါလို့ကတော့ သူက ထွက်ချင်တာမှ တအား၊ ခုန်ဆွခုန်ဆွလေးကို ဖြစ်နေတာ။ He bullies Rocky and simultaneously loves him so much!)

ချစ်သူသာ beef jerkyလေး ဖြစ်ခဲ့လျှင်...။ 🥩
01/02/2024

ချစ်သူသာ beef jerkyလေး ဖြစ်ခဲ့လျှင်...။ 🥩

🎂 Happy blessed birthday, Luffy Chit.🤎 ချစ်တဲ့ဒယ်ဒီနဲ့တကွ မောင်နှမများနဲ့ ကျန်းမာပျော်ရွှင်စွာ သက်ထက်ဆုံး နေရပါစေလို့ Ro...
30/01/2024

🎂 Happy blessed birthday, Luffy Chit.

🤎 ချစ်တဲ့ဒယ်ဒီနဲ့တကွ မောင်နှမများနဲ့ ကျန်းမာပျော်ရွှင်စွာ သက်ထက်ဆုံး နေရပါစေလို့ Rocky & Chocolate မိသားစုက ဆုတောင်းပေးပါတယ်။ အခြားဆုတွေ တောင်းပေးစရာ မလိုအောင်ကို Best Daddy in the world ရထားလို့ ဒီလောက်ပါပဲနော်။ 🫶🏻

🍖 မွေးနေ့အမှတ်တရ မုန့်မုန့်တွေ အများကြီးပို့ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ R&C က အငမ်းအရကို စားဖြစ်ကြတယ်။ ပုံတွေမှာသာ ကြည့်ပါတော့။ အမှတ်တရပုံလိုချင်လို့ မနည်း ခဏ ငြိမ်ခိုင်းရတယ်။ ည (၈)နာရီကျော်မှ အိမ်ပြန်ရောက်လို့ supper snacks လေးပေါ့။

😍 အများကြီး ချစ်တယ်နော် Luffy - လူဖီ, Nora, Lone Lone, Chaw Chaw furmily. Mwahhh Mwahhh. 😘

Edit: အိတ်အမည်းရောင် ထပ်တိုး။ အကုန်ယူ (၃)သောင်း ဒေါ်လှ။ ---👜လစာနဲ့ လိုက်တဲ့ အိတ်လေးတွေ in stock ပါ။ 💵 သိန်း (၁၇၀) ကို တရ...
29/01/2024

Edit: အိတ်အမည်းရောင် ထပ်တိုး။ အကုန်ယူ (၃)သောင်း ဒေါ်လှ။
---
👜လစာနဲ့ လိုက်တဲ့ အိတ်လေးတွေ in stock ပါ။

💵 သိန်း (၁၇၀) ကို တရုတ်နှစ်သစ်ကူး ပရိုမိုးရှင်း (၇) သိန်းနဲ့ရမယ်။

🩲 အစိမ်းကြိုက်ရင် “စိမ်းယူ” မန့်

👛 အပန်းရောင်ကြိုက်ရင် “ပန်းယူ” လို့မန့်

⚠️ ❗️ မှတ်ချက် - အိတ်ပဲရောင်းတာပါ။ Model Boy Alvin the Drama Floppy Ears ကို မရောင်းပါ။

Happy blessed super Sunday ပါ ခင်ဗျား။ ပထမပုံကတော့ ဟူးမန်းမအခန်းထဲ ဝင်ချင်လို့ အပေါ်ထပ်တက်ပြီး ဧည့်ခန်းမှာ ထိုင်စောင့်နေ...
28/01/2024

Happy blessed super Sunday ပါ ခင်ဗျား။

ပထမပုံကတော့ ဟူးမန်းမအခန်းထဲ ဝင်ချင်လို့ အပေါ်ထပ်တက်ပြီး ဧည့်ခန်းမှာ ထိုင်စောင့်နေပုံနဲ့ ဒုတိယတစ်ပုံကတော့ 🍑 မှာ ကွက်ဖြူနေပြီဆိုပြီး လိုက်ချောင်းရိုက်ခံရပုံတွေပါခင်ဗျား။

(ဖြူနေပြီဆိုပြီးနောက် ပုံအရိုက်မခံဘူး၊ ထိုင်ချတယ်၊ မျက်နှာချင်းဆိုင်ပဲ နေတယ် etc အိမ်ရှေ့မှာ ဘယ်သူလာလဲ မသိဘူးဆိုပြီး အာရုံလွှဲ သူ့နောက်ကနေပြီး ရိုက်ယူရတယ်။) Alvin mommy က အရင်က ခေါ်တာ ညိုကောက်တဲ့...၊ အခုက ဖြူဖြူphinတဲ့။

Chocolateရဲ့ ကိုကို Toby နဲ့ မမ Moji ပါ။ 😍သူတို့လေးတွေ ဘာလုပ်နေကြတာလဲဆိုတာ မှန်းကြည့်ပါ။ 🤭🫢🤫 (ကမ္ဘာပေါ်မှာ သူတို့လေးတွေ​...
27/01/2024

Chocolateရဲ့ ကိုကို Toby နဲ့ မမ Moji ပါ။ 😍

သူတို့လေးတွေ ဘာလုပ်နေကြတာလဲဆိုတာ မှန်းကြည့်ပါ။ 🤭🫢🤫

(ကမ္ဘာပေါ်မှာ သူတို့လေးတွေ​သာ မရှိရင် လူတွေရဲ့ အရယ်၊ အပြုံးတွေ ဘယ်လောက်တောင် လျော့ကျ၊ ခန်းခြောက်ကုန်မလဲလေ။ 🐶 🐩 🐕🦮🐕‍🦺🐈🐱)

Edit: Edit: အဲ့ဒါ ဘတ် သိန်း(၇၀၀)တန်ကို ဘတ်(၂၀)နဲ့ယူ ဆိုလို့ ဝယ်လာတာပါတဲ့။ 🤧 ---(အမှန်တော့... goodnight snacks တောင်းနေတာ...
24/01/2024

Edit: Edit: အဲ့ဒါ ဘတ် သိန်း(၇၀၀)တန်ကို ဘတ်(၂၀)နဲ့ယူ ဆိုလို့ ဝယ်လာတာပါတဲ့။ 🤧
---
(အမှန်တော့... goodnight snacks တောင်းနေတာပါ။ 😁 Goodnight everyone. 😴 💤 🥱)

ငလည်ကောင်၊ ဖျံကျကောင်၊ အမွှေးနဲ့ လုပ်စားနေတဲ့သူ၊ အစ်ကိုကို အနိုင်ကျင့်သူတဲ့ စုံပလုံစိနေတာ ကျနော့်ကိုဗျာ။ ယုံလား? 🤧
24/01/2024

ငလည်ကောင်၊ ဖျံကျကောင်၊ အမွှေးနဲ့ လုပ်စားနေတဲ့သူ၊ အစ်ကိုကို အနိုင်ကျင့်သူတဲ့ စုံပလုံစိနေတာ ကျနော့်ကိုဗျာ။ ယုံလား? 🤧

😒 Weekend မနက်၊ နေ့လည်နဲ့ ညနေတုံးက စိတ်ထဲမှာ တစ်စုံတစ်ဝုကိုယ့်ကို ကြည့်နေတယ် ခံစားရလို့ ဆတ်ကနဲ ဘေးဘီဝဲ ကြည့်လိုက်ရင် တကယ...
22/01/2024

😒 Weekend မနက်၊ နေ့လည်နဲ့ ညနေတုံးက စိတ်ထဲမှာ တစ်စုံတစ်ဝုကိုယ့်ကို ကြည့်နေတယ် ခံစားရလို့ ဆတ်ကနဲ ဘေးဘီဝဲ ကြည့်လိုက်ရင် တကယ်ကို ဒီလို ဘုရှိုးနေတဲ့ မျက်ဝန်းတွေ မြင်ရပါတယ်။

🐶 Rocky လေးက natural resting b!tc face ရှိသူပါ။ အချိန်တော်တော်များများမှာ ခပ်တည်တည် ရုပ်တည် သို့ ဆူပုတ်မျက်နှာ ပေါက်ရှိသူပါ။ (စကားချုပ် ဟူးမန်းမနဲ့တူတယ်။ မျက်နှာမချိုတော့ ပျော်ရင်တောင် စိတ်ဆိုးနေတဲ့ရုပ်ပဲ ပေါက်နေတာမျိုး။) ဒါပေမဲ့ Rockyက လူတွေကို တအား ချစ်တယ်၊ မဟားဒရား ချွဲတတ်တယ်။ စာအုပ်တွေကို စာအုပ်ဖုံးပဲကြည့်ပြီး မဆုံးဖြတ်နဲ့ ဆိုသလိုပဲ ခွေးကလေးတွေကိုလည်း ရုပ်ကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ Rocky and ငလည်ဖျံကောင် Chocolate တို့က သင်ပေးပါတယ်။

Have a great week ahead. 🥰

🧠 ဟိုနေ့က documentary အတိုလေး တစ်ခု ကြည့်လိုက်ရတယ်။ သုတေသနပညာရှင်က ဘာကို စမ်းသပ်ချင်သလဲဆိုရင် ခွေးကလေးတွေဟာ လူတွေကို ချစ...
20/01/2024

🧠 ဟိုနေ့က documentary အတိုလေး တစ်ခု ကြည့်လိုက်ရတယ်။ သုတေသနပညာရှင်က ဘာကို စမ်းသပ်ချင်သလဲဆိုရင် ခွေးကလေးတွေဟာ လူတွေကို ချစ်တာလား၊ treats မုန့်စားနေရလို့ ကပ်နေကြတာလားဆိုတဲ့ အချက်ကိုပါ။ စမ်းသပ်ပုံက ခွေးကလေးကို လိမ္မာလိုက်တာ၊ တော်လိုက်တာလို့ ချီးကျူးတဲ့အခါ သူ့ခေါင်းဦးနှောက်ကို scan လုပ်ကြည့်တယ်။ ပြီး​တော့... မုန့်ကျွေးတဲ့အချိန်တွေမျာလည်း ထပ် scan လုပ်ကြည့်တယ်။ အကြိမ်ကြိမ်အခါခါ စမ်းသပ်ပြီး အဖြေထုတ်ကြတယ်။

🐶 ရလဒ်ကတော့ ခွေးကလေးက မုန့်ကျွေးတဲ့အခါ ဦးနှောက်ထဲက chemicals တွေ release လုပ်တယ်။ လှုပ်ရှားနေတာ မြင်ရတယ်။ အစိမ်းရောင် ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ဓါတ်မှန်မှာ ပေါ်တယ်။ ဒါပေမဲ့ ချီးကျူးစကားပြောချိန်မှာတော့ အစိမ်းရောင်တွေ အများကြီး ဓါတ်မှန်ပေါ်မှာ ပေါ်တယ်။ သဘောကတော့ သူတို့လေးတွေ အချစ်ခံရချိန် လူတွေလိုပဲ ခံစားမှုကောင်းစေတဲ့ chemical တွေ brain က release လုပ်တယ်။

♥️ လိုရင်းတိုရှင်းကတော့ ငယ်ကျွန်လေးတွေဆီက ညာတာပါတေးနဲ့ မုန့်မုန့်တွေ စားနေတာ မဟုတ်ပါဘူး။ တကယ်ကို ချစ်တာပါတဲ့။ 🥰 (သူတို့ကမှ သိပ္ပံနည်းကျ သုတေသန လုပ်နေသေးတယ်။ ကိုယ်တွေကတော့ သူတို့ အမြီးလေးလှုပ်၊ ပြုံးဖီးရုပ်နဲ့ ချွဲကပ်နေပုံတွေကြောင့် ကိုယ်တွေကိုချစ်မှန်း ခံစားရပါတယ်။ Heart to heart နှလုံးသားချင်း နားလည်ပြီးသားတို့ ဘာတို့ပေါ့။ 😝)

ပုံလေးကတော့... 😴 Lazy but beautiful afternoon. Time spent with them is time well spent, never a waste.
လိမ္မာတုံးလေး Rocky and Chocolate ရဲ့ စနေနေ့လည်ခင်းလေး။ ကိုယ်ချစ်တဲ့ကလေးတွေကိုလည်း ချီးကျူးစကားများ၊ အပေါင်းလက္ခဏာဆောင်တဲ့ စကားလေးတွေသာ ပြောဆိုကြပါနော်။ 🥰

Pet Therapy 🐶 ဆြာဝန်: မင်းက "ဝုဇိုး"လေး မဟုတ်ပါဘူးကွာ။ ဆိုးတဲ့အရာတွေကို လုပ်နေတဲ့ ဝုကလေးတစ်ကောင် သက်သက်ပါ။ 🐶 လူနာ: 😌(Cre...
19/01/2024

Pet Therapy
🐶 ဆြာဝန်: မင်းက "ဝုဇိုး"လေး မဟုတ်ပါဘူးကွာ။ ဆိုးတဲ့အရာတွေကို လုပ်နေတဲ့ ဝုကလေးတစ်ကောင် သက်သက်ပါ။
🐶 လူနာ: 😌
(Credit to rightful owner.)

စာလုပ်စရာရှိသော်လည်း မလုပ်ချင်လို့ မမြင်ချင်ယောင်ဆောင်ရသောအခါ...။ 👇🏼အခန်းရှင်းရမည် ဖြစ်သော်လည်း... ပွနေတဲ့ပစ္စည်းတွေကို ...
17/01/2024

စာလုပ်စရာရှိသော်လည်း မလုပ်ချင်လို့ မမြင်ချင်ယောင်ဆောင်ရသောအခါ...။ 👇🏼

အခန်းရှင်းရမည် ဖြစ်သော်လည်း... ပွနေတဲ့ပစ္စည်းတွေကို မမြင်ချင် ဟန်ဆောင်ရသောအခါ...။ 👇🏼

Address


Website

Alerts

Be the first to know and let us send you an email when Rocky King & Chocolate Prince posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share