
  • Home

Mandalay  Animals Rescue Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mandalay Animals Rescue, Animal Rescue Service, .

Mdy ‼️MAR မှ ခြေထောက်မလျှောက်နိုင်တဲ့တရွှတ်တွဲခွေးလေးကို ခွေးလေးတွေအတွက် ဘီးတပ်စက် ထောက်ပံ့ပေးပါ  မည်။ မွေးစားချင်သူများ...
11/03/2023

Mdy ‼️

MAR မှ ခြေထောက်မလျှောက်နိုင်တဲ့တရွှတ်တွဲခွေးလေး

ကို ခွေးလေးတွေအတွက် ဘီးတပ်စက် ထောက်ပံ့ပေးပါ

မည်။ မွေးစားချင်သူများ ဆက်သွယ်ပေးပါရန်။ pls

share this post !

#မွေးစားသခင်ရှာခြင်း

08/03/2023

Mdy ‼️

မဟာမြတ်မုနိဘုရားကြီး ရှေ့မုဒ်က ခွေးအနက်လေး အသက်တော့ကြီးပါပြီ ၊ အရင်နေ့ကကားကြိတ်ခံရကာ ခြေထောက်တရွှတ်တွဲဖြစ်နေပါတယ်။ ပုံမှန်ကျွေးနေကြလူရှိပေမယ့် သူ့နောက်ဆုံးအချိန်လေးကို မေတ္တာတရားဖြင့်ရှိစေလိုပါသဖြင့် ကျေးဇူးပြုပြီး မွေးချင်သူများ ဒီကို ဆက်သွယ်ပေးပါ။ 🙏🏻

ကားသမားများလည်းကျေးဇူးပြုပြီး ကားထွက်ရင်ကားအောက်ကိုတချက်ကြည့်ပေးကြပါ။ ခွေးလေးတွေဝင်အိပ်လို့ ခဏခဏကြိတ်ခံရပါတယ်။ ထပ်ဒီလိုခွေးလေးတွေဆို မွေးချင်သူမရှိလို့ အရမ်းဒုက္ခရောက်ပါတယ်။ တချို့အောက်တန်းစားတွေဆို တမင်တကာကြိတ်တာကရှိပါသေးတယ်။


#မွေးစားသခင်ရှာခြင်း

15/02/2023

ခေတ်ကာလမကောင်းရတဲ့ကြားထဲတွင် မြင်းခြံမှာ ခွေးအချင်းချင်းကိုက်ခိုင်းပြီး လောင်းကြေးဖြင့် တိညှင်းပန်းနှိပ်စက်တာတွေ ရှိနေပါတယ်။ အခုတော့ပို့စ်ကိုဖျက်သွားပေမယ့် ဆက်ဖ်ြစနေသမျှကို ကျနော်တို့ MAR မှ ယာယီပိတ်ထားသော်လည်း ဆက်စုံစမ်းနေမှာဖြစ်လို့ ဒီလိုအစွန်းရောက် ၊မေတ္တာခေါင်းပါး ၊လူ့အဖွဲ့အစည်းအဆိပ်တောက် psychoပုံစံမျိုးကို လူမှုအသိုင်းအဝိုင်းမှလက်မခံကြောင်းပြသပေးကြပါရန် ၊ ဒီလိုတိညှင်းပန်းနှိပ်စက်မှုများ အမြစ်မတွယ်စေရန်၊ တိမချစ်တတ်သောသူများမှလည်း ကိုယ်ချင်းစာစိတ်မေတ္တာစိတ်ဖြင့် ကျေးဇူးပြုပြီး များများရှဲကာ social punishment လုပ်ခြင်းဖြင့် MAR ကို ကူညီပေးဖို့ မေတ္တာရပ်ခံလိုပါသည်။ 🙏🏻🙏🏻🙏🏻


#တိညှင်းပန်းနှိပ်စက်ခြင်း

ဒီခွေးလေးကို မှတ်မိမလားမသိပါးစပ်ကအဖုတွေကတော်တော်သက်သာနေမှ ကျောကိုအရေပြားလှန်အောင် တစုံတယောက်လုပ်တာကြောင့် ဆေးထပ်ကုပေးနေရ...
16/01/2023

ဒီခွေးလေးကို မှတ်မိမလားမသိ

ပါးစပ်ကအဖုတွေကတော်တော်သက်သာနေမှ ကျောကိုအရေပြားလှန်အောင် တစုံတယောက်လုပ်တာကြောင့် ဆေးထပ်ကုပေးနေရပါတယ်။ဘယ်သူလုပ်လဲမသိရပါ။ဒီလိုယုတ်တဲ့လူတချို့ရှိကြတာကြောင့် သတိထားကြပါနော်။

ကျေးဇူးတင်စရာကောင်းတဲ့တချက်ကတော့ ဒီခွေးလေးကိုလမ်းမှာတွေ့တဲ့သူက ကျောကိုဆေးထည့်ပေးလိုက်တာကြောင့် လူကောင်းတွေရှိသေးတယ်ဆိုပြီး စိတ်ချဝမ်းသာမိပါတယ်။ထိုကုပေးတဲ့သူကို ထပ်ကျေးဇူးတင်ပါရစေ။

ဒီအချိန်မှာ အားလုံးခက်ခဲနေတာသိပေမယ့် မိတ်ဆွေတို့အြဲပင်သွားဖြစ်ပါက ပေါင်မုန့် ၊ betadineဆေးဆောင်ပေးကြပါလို့ အနူးအညွှတ်တောင်းဆိုချင်ပါတယ်။ တချို့လမ်းတွေမှာဆို အနာတွေနဲ့ ခွေးလေးတွေတွေ့ရတာကြောင့် ကူမယ့်သူလိုအပ်နေဆဲပါ။
ထို့အပြင် ထမင်းကျန်ဟင်းကျန်လေးတွေကိုလဲ အိမ်အရှေ့မှာ ပုံထားကာ ပိုခက်ခဲနေသောတိလေးတွေကိုကျွေးခြင်းဖြင့် ကုသိုလ်ယူပေးကြပါလို့ မေတ္တာရပ်ခံပါသည်။🙏🏻

ps.အရိုးတွေကိုလည်း မကျွေးကြပါရန် ၊ CPရိုးဆိုကိစ္စမရှိပါ

ဒီကလေးကတော့ မန်းလေးကပါ ၊သခင်စွန့်ပစ်ထားတဲ့ခွေးလေးဖြစ်ပါတယ်၊ တော်တော်လိမ္မာပြီး အေးပါတယ်။ ယခုတွင် သခင်မရှိပေမယ့် လမ်းပေါ်မှ...
04/12/2022

ဒီကလေးကတော့ မန်းလေးကပါ ၊သခင်စွန့်ပစ်ထားတဲ့ခွေးလေးဖြစ်ပါတယ်၊ တော်တော်လိမ္မာပြီး အေးပါတယ်။ ယခုတွင် သခင်မရှိပေမယ့် လမ်းပေါ်မှာတော်တော် ပျော်နေပါပြီ၊ ကျနော်တို့လည်း ခဏခဏသွားကြည့်ပါတယ်။ ကြာတော့ ကျနော်တို့ဆို ခင်မင်နေပါပြီ။ သခင်ရှာပေမယ့် ရှာလို့မရခဲ့ပါ။

ကလေးကို ကူညီလက်ခံပေးထားတဲ့ အန်တီမိသားစုကို ကျနော်တို့ MAR မှ ကျေးဇူးအထူးတင်ရှိကြောင်း ပြောချင်ပါတယ်။

25/10/2022

(ကားတိုက်ခံရတဲ့ခွေးလေးအကြောင်းပြောချင်ပါတယ်)

=====================

ကားတိုက်ပြီဆိုတာနဲ့ ဒှီမှာမွေးချင်သူမရှိတော့ပါဘူး ။တိုက်မိတဲ့ပထမနေ့ဆို တနေကုန်အော်နေရှာတယ် ၊အစာတော့စားတယ် ကြောက်နေရှာတာ။ ဒုတိယရက် အစာစားတယ်နည်းတယ်ရယ် သူ့အခြေနေကောင်းတယ်ပဲကျနော်ထင်ခဲ့တယ်။ တတိယရက် မျက်နှာမလန်းမစားတော့ ကျနော်ချက်ချင်းညနေဆေးခန်းပြ ဆလိုင်းချိတ်တယ်။ စတုထ္တရက် ဆေးခန်းပြပေမယ့် သူ့တကိုယ်လုံးတောင့်နေပြီ ၊ကျနော် အစာကျွေးပေမယ့်မစားတော့ ရေတော့သောက်တယ်၊မိုးရွှာချမ်းနေတော့ စောင်ခြုံပေးခဲ့တယ်။ ဒီမနက်ကျ ကျနော်သွားကျွေးမယ်လုပ်တော့ ကလေးကပုရွက်ဆိတ်တွေနဲ့ လမ်းဘေးမှာသေနေရှာပြီ။ ကျေးဇူးပြုပြီး ကားကိုဂရုစိုက်မောင်းပေးကြပါ တိုက်မိရင် ဘယ်သူမှမမွေးချင်ပါ၊ အခုအသက်ထွက်တာတောင် တညလုံးဘယ်လောက်ကြောက်နေရှာမလဲလို့ မျက်စိထဲကိုကမထွက်လို့ တော်တော်ဝမ်းနည်းမိပါတယ်။ အသက်တိုင်းကိုလေးစားပေးကြပါ။

နောက်ဒီလိုဒုက္ခိတလေးတွေတွေ့ရင် အိမ်ခေါ်မွေးပေးကြပါ၊ တာဝန်ယူပေးကြပါ၊ ကယ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။ သူတို့လေးတွေဘဝကသနားစရာပါ ပြစ်မထားကြပါနဲ့ pls

ဒီခွေးလေးကိုဆေးကုပေးနေပေမယ့် ယခုသူရှိတဲ့နေရာက ယင်ကောင်တွေနဲ့မို့ အနာလောက်တက်နေပါတယ်။သူဆေးကုနေတဲ့အချိန်အတွင်း မမွေးပဲခေတ္တ...
24/10/2022

ဒီခွေးလေးကိုဆေးကုပေးနေပေမယ့် ယခုသူရှိတဲ့နေရာက ယင်ကောင်တွေနဲ့မို့ အနာလောက်တက်နေပါတယ်။သူဆေးကုနေတဲ့အချိန်အတွင်း မမွေးပဲခေတ္တခေါ်ထားဖို့ အကူအညီတောင်းချင်ပါတယ်။ ကူညီကြပါအုံး အချိန်ဆွဲရင်သေသွားမှာဆိုးလို့ပါ။

ကူညီလိုသူများchat boxကိုအမြန်ဆုံးဆက်သွယ်ပေးကြပါ pls 🙏🏻

▪️18 October 2022 (mdy)▪️(update- ခွေးလေးကယခုမနက်မှာသေသွားပါတယ်)

ကားတိုက်ခံရတဲ့ခွေးလေးကို ကယ်ခဲ့ရပါတယ်။ ဆရာဝန်ပြနေပေမယ့် လမ်းလျှောက်လို့မရပါ။ ဆက်လက်ကုသနေပါတယ်။

update

ဒီခွေးလေးကိုဆေးကုပေးနေပေမယ့် ယခုသူရှိတဲ့နေရာက ယင်ကောင်တွေနဲ့မို့ အနာလောက်တက်နေပါတယ်။သူဆေးကုနေတဲ့အချိန်အတွင်း မမွေးပဲခေတ္တခေါ်ထားဖို့ အကူအညီတောင်းချင်ပါတယ်။ ကူညီကြပါအုံး အချိန်ဆွဲရင်သေသွားမှာဆိုးလို့ပါ။

ကူညီလိုသူများchat boxကိုအမြန်ဆုံးဆက်သွယ်ပေးကြပါ pls 🙏🏻



Pls ကားမောင်းတာကြည့်မောင်းပေးကြပါ ၊ကိုယ်ချင်းစာစိတ်လေးရှိပေးကြပါ ၊ ခုတိုက်သွားတဲ့ကားသမားကကြည့်တောင်မကြည့်ပါ၊ ဒီကလေးဆိုသန...
21/10/2022

Pls ကားမောင်းတာကြည့်မောင်းပေးကြပါ ၊ကိုယ်ချင်းစာစိတ်လေးရှိပေးကြပါ ၊ ခုတိုက်သွားတဲ့ကားသမားကကြည့်တောင်မကြည့်ပါ၊ ဒီကလေးဆိုသနားစရာပါ ငယ်သေးပါတယ် ၊ ခုကလေးကိုကယ်ခဲ့တဲ့ကွမ်းယာဆိုင်ကကျွေးထားပြီး ကျနော်တို့ဆေးကုပေးနေရပါတယ်။ သခင်ရှာလည်းပေးချင်ပါတယ် အများကြီးမဟုတ်ပါ သူ့တကိုယ်စာ အိမ်ရှေ့လေးမှာပေးနေရင်ရပါပြီ။


▪️18 October 2022 (mdy)▪️(update- ခွေးလေးကယခုမနက်မှာသေသွားပါတယ်)

ကားတိုက်ခံရတဲ့ခွေးလေးကို ကယ်ခဲ့ရပါတယ်။ ဆရာဝန်ပြနေပေမယ့် လမ်းလျှောက်လို့မရပါ။ ဆက်လက်ကုသနေပါတယ်။

update

ဒီခွေးလေးကိုဆေးကုပေးနေပေမယ့် ယခုသူရှိတဲ့နေရာက ယင်ကောင်တွေနဲ့မို့ အနာလောက်တက်နေပါတယ်။သူဆေးကုနေတဲ့အချိန်အတွင်း မမွေးပဲခေတ္တခေါ်ထားဖို့ အကူအညီတောင်းချင်ပါတယ်။ ကူညီကြပါအုံး အချိန်ဆွဲရင်သေသွားမှာဆိုးလို့ပါ။

ကူညီလိုသူများchat boxကိုအမြန်ဆုံးဆက်သွယ်ပေးကြပါ pls 🙏🏻



03/10/2022

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ယခုသတင်းအချက်အလက်များအရ မြို့တချို့တွင် ခွေးသားရောင်းချတာတွေကိုသိရှိရပါတယ် ။ ခွေးဆိုသည်မှာ ကျွေးမွေးသည့်လူတိုင်းကို သူတို့အသက်စွန့်ကာကွယ်သစ္စာရှိသော ၊ မေတ္တာငတ်တတ်ကြသော တိအမျိုးအစားပါ။ ရပ်ကွက်လုံခြုံရေး လည်း စောင့်ရှောက်ပေးကြပါတယ် ။ရောဂါဖြန့်သည်ဆိုတဲ့သတင်းအမှားလဲ မဟုတ်ပါ ၊ဉာဏ်ရည်ရှိ တိတွေဖြစ်ပါတယ်။

အဓိကပြောချင်သည်မှာ နေရာတိုင်းတွင်တိချစ်သူတွေဆိုတာရှိပါတယ် ။ထိုသူတို့သည် ရယူလိုစိတ်တခုခုကြောင့် မဟုတ်ပဲ တိလေးတွေကိုချစ်ခင်ဂရုဏာစိတ်ကြောင့် အချိန် ၊ငွေ ၊လူအပင်ပန်းခံပြီး ကယ်တင်ပေးနေကြပါတယ်။ ယခုလိုခွေးသားကို အသားအနေဖြင့်စားမည်ဆိုပါက တိချစ်သူတွေမှာ သူတို့ရဲ့သားသမီးကိုသတ်ဖြတ်နေသကဲ့သို့ တော်တော်များများခံစားရပါတယ်။

တချို့ကတော့ နွား ဆိတ် ဝက်တွေကိုလဲ မကယ်ဘူးလားမေးကြပါတယ် ၊ ဒီနေရာမှာပြောချင်တာက ကျနော်တို့လဲ တတ်နိုင်သမျှအသားရှောင်ပါတယ်၊ နိုင်သမျှလဲကယ်ချင်ပါတယ် ၊ကိုယ်မစားရင်ပြီးရော ဆိုတဲ့စိတ်ဖြင့်နေထိုင်နေပါတယ် ၊အသားရှောင်တဲ့သူတွေလည်းအများကြီးရှိပါသည်။ ကယ်လို့ရသလောက်ကယ်နိုင်မလားဆိုသည့် စိတ်ဖြင့် ယခုလိုခွေးသားစားခြင်းအကြောင်းကို တင်ခြင်းဖြစ်ပါတယ် ။လူတကိုယ်စိတ်တမျိုးတွေဖြစ်သောကြောင့် အသားစားနေတဲ့သူများကို အသားမစားရန်တားဆီးလို့မရကြောင်းသိပေမယ့် အရဲစွန့်တင်ခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ယခုပို့စ်ကို အမြင်မတူခဲ့ပါက မေတ္တာကိုယ်ချင်းစာစိတ်လေးဖြင့် ဖတ်ပေးကြပါ ။ ခွေးသားမဝယ်ခင် ကျနော်တို့တိချစ်သူတွေအကြောင်းကို မြင်ယောင်ခံစားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

🔸🔸🔸🔸🔸🔸🔸

တိချစ်သူများလဲ မိမိတို့မြို့ ရပ်ကွက်အလိုက်စည်းလုံးခြင်း ကယ်ဆယ်ပေးတာဝန်ယူပေးခြင်းဖြင့်ကူညီပေးစေလိုပါတယ်။
- ယာယီဂေဟာရပ်ကွက်အလိုက်လုပ်ပေးခြင်း
- ညအချိန်တွင် မိမိတို့အိမ်ထဲတွင်ခေတ္တခေါ်ထားပေးခြင်း
- ရပ်ကွက်အလိုက် အချင်းချင်းကူညီခြင်း
- ခွေးကြောင်လေးများအကြောင်း ရပ်ကွက်အလိုက် စာတမ်းကပ်ခြင်း

စသည့်အချက်များဖြင့် ကူညီနိုင်ပါကြောင်း ကျနော်တို့ MAR မှအကူအညီတောင်းအပ်ပါသည်။🙏🏻

Animals want to live too 📎


(photo cd )

25/09/2022
07/09/2022

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

မကြာခင်တွင် လမ်းဘေးခွေးလေးတွေရာသီရောက်တော့မှာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ လမ်းဘေးခွေးမုန်းတဲ့သူတော်တော်များသလို ရိုက်နှက်သတ်စားတာတွေလဲများလှပါတယ် ။ လမ်းခွေးလေးတွေမွေးခဲ့ရင်လည်း ၃ ၅ကောင်မှာ ၁ ကောင်၂ကောင်သာအသက်ရှင်ပါတယ်။ ကား ၊ ဆိုင်ကယ် အစာကြောင့် အပြင် ခွေးကြီးတွေကိုက်တာကြောင့်ပါ။ ကြောင်လေးတွေကတော့ ကြောင်ချစ်သူများသောကြောင့် ခဏအတွင်းသခင်ရပေမယ့် ခွေးလေးတွေတော့ တော်တော်များများက တာဝန်လဲပိုပိခြင်းကြောင့် မလိုချင်သူများပါတယ်။

ယခု အမတယောက်လာအကူအညီတောင်းတာကို ကျနော်တို့တင်ချင်ပါတယ်။ သားအိမ်ထုတ်မနိုင်တဲ့အကိုင်မခံတဲ့ခွေးမလေးတွေကို depo တားဆေးထိုးစရာမလိုပဲ အစာထဲထည့်ကျွေးကြည့်ပါ အကုန်အကျလဲသက်သာတယ်လို့ ပြောပါတယ်။

ကျနော်တို့ MAR မှ ယခုတင်ရသည့်ရည်ရွယ်ချက်သည် ကျနော်တို့တိချစ်သူချည်းသက်သက်ဆို မနိုင်ခြင်းကြောင့် တိရိစ္ဆာန်မချစ်တတ်သူများ ၊ မေတ္တာဂရုဏာစိတ်ကောင်းရှိသူများကို မိမိတို့ရပ်ကွက်အတွင်းရှိသမျှ နိုင်သမျှခွေးမလေးတွေကို ကျေးဇူးပြုပြီးတားဆေးကျွေးပေးကြပါရန် အကူအညီတောင်းလိုတာကြောင့်တင်ရခြင်းပါ။ တိမချစ်သူပေမယ့် ကျနော်တို့တိချစ်သူတွေကို ကိုယ်ချင်းစာစိတ်လေး ထားပြီ ကူညီပေးကြပါရန် မေတ္တာရပ်ခံလိုပါတယ်။ ယခုလိုကူညီခြင်းသည် နောင်တွင်ဂေဟာပြသနာများ၊ ရိုက်နှက်သတ်စားပြသနာများ လျှော့ကျမည့်အပြင် ကုသိုလ်လည်းရလို့ နိုင်သလောက် မေတ္တာဂရုဏာဝေမျှပေးကြပါရန် MAR မှအကူအညီတောင်းချင်ပါသည်။


တားဆေးဟာ ကျနော်တို့သိသလောက် ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ သားအိမ်ကင်ဆာဖြစ်တတ်ပါတယ်၊ ကျနော်တို့ယခုလိုရည်ညွှန်းခြင်းသည် ပိုက်ဆံမနိုင်တဲ့တိချစ်သူတွေကို အကြံပြုခြင်းဖြစ်ခြင်းကြောင့် အမှားပါခဲ့ပါက ကြိုတင်တောင်းပန်ပါသည်။


#တားဆေးအကြောင်း

photo credit

 #ခွေးပျောက်
23/08/2022

#ခွေးပျောက်

📢ပထမတခေါက် ကင်ဆာဆေးသွင်းခရှင်းတမ်း 📢ကျနော်တို့ အလှုခံခြင်းမရှိပဲနဲ့ ကလေးအတွက်လာရောက် လှုပေးတဲ့သူတွေကို ကျေးဇူးအများကြီးတင်...
15/08/2022

📢ပထမတခေါက် ကင်ဆာဆေးသွင်းခရှင်းတမ်း 📢

ကျနော်တို့ အလှုခံခြင်းမရှိပဲနဲ့ ကလေးအတွက်လာရောက် လှုပေးတဲ့သူတွေကို ကျေးဇူးအများကြီးတင်ပါတယ် 🙏🏻ထပ်ပြီး ကျနော်တို့လဲ အားဖြည့်လှုပေးထားပါတယ်။

🔸Thank to all donors from MAR 🔸


Update- We have many donors for this lil dog so we decided to pause the donation . thanks to all donors! 🙏🏻ဒီခွေးလေးကို ...
14/08/2022

Update- We have many donors for this lil dog so we decided to pause the donation . thanks to all donors! 🙏🏻

ဒီခွေးလေးကို ပထမအကြိမ်ကင်ဆာဆေးကို အလှုရှင်တချို့အကူအညီနဲ့ ကျနော်တို့ MAR မှလည်းလှုပြီး ခွေးပိုင်ရှင်နဲ့ တိုင်ပင်ပြီး ကုပေးခဲ့ပါတယ်။ အနာအဖုတွေခြောက်ကြွေကြပြီး အသစ်ထပ်ပေါက်နေမြဲပါ။ ယခုဒုတိယအကြိမ် ကင်ဆာဆေးသွင်းဖို့ ထပ်ပြီးအကူအညီတောင်းပါရစေ ကျနော်တို့လဲဒုတိယအကြိမ်ထပ်လှုပြီး ကုပေးမလို့ဖြစ်ပါတယ်။ အားလုံးခက်ခဲနေတဲ့အချိန် အကူအညီတောင်းရတာလဲအားနာမိပါတယ် ဆရာဝန်က ကလေးက ကင်ဆာဖြစ်ပြီး ထပ်မကုရင် အာခေါင်ထဲထိ ကင်ဆာဖုတွေပေါက်နိုင်ပြီး ကုသဖို့ခက်ခဲပါမယ်လို့ ပြောပါတယ်။ ကျေးဇူးပြုပြီး နိုင်သလောက်ကူညီပေးကြပါ။ 🙏🏻


 #ခွေးတွေ့   စစ်ကိုင်းလမ်းခွဲ ဖူဂျီစတိုးနား မြနန္ဒာတိုက်ခန်းနားမှာ ယခုခွေးလေးကိုတွေ့ပါတယ်။ လည်ပင်းမှာကြိုးလေးပါလို့ သခင်ရ...
24/07/2022

#ခွေးတွေ့

စစ်ကိုင်းလမ်းခွဲ ဖူဂျီစတိုးနား မြနန္ဒာတိုက်ခန်းနားမှာ ယခုခွေးလေးကိုတွေ့ပါတယ်။ လည်ပင်းမှာကြိုးလေးပါလို့ သခင်ရှိလောက်ပါတယ်။ အခြားခွေးတွေလိုက်လို့ အနီးနားကအိမ်မှာခေါ်ထားတာ ၃ ၄ရက်ရှိပါပြီ။ ပိုင်ရှင် ဆက်သွယ်ပေးပါ။

Mdy ‼️  (edit- ခွေးလေးကိုသခင်ကကုပေးပါတယ် မပျောက်တာဖြစ်ပါတယ်၊ ခုကျနော်တို့ဆရာဝန်နဲ့တိုင်ပငိပြီးဆေးကုပေးပါ့မယ် )ဦးပွားကု...
22/06/2022

Mdy ‼️ (edit- ခွေးလေးကိုသခင်ကကုပေးပါတယ် မပျောက်တာဖြစ်ပါတယ်၊ ခုကျနော်တို့ဆရာဝန်နဲ့တိုင်ပငိပြီးဆေးကုပေးပါ့မယ် )

ဦးပွားကုန်းကျော် fuji စတိုးမျက်နှာချင်းဆိုင်လမ်း | ၇အိမ်မြောက်နားက အမှိုက်ပုံနားမှာ တွေ့ခဲ့တာပါ။ ခွေးလေးက ပိုင်ရှင်ရှိတယ်ထင်တယ် နောက်နေ့မတွေ့တော့ဘူး ။ ပါးစပ်မှာ အဖုတွေအများကြီး ကင်ဆာထင်တယ်။ ပိုင်ရှင် pls ဆက်သွယ်ပေးပါ ဆေးကုဖို့တိုင်ပင်ချင်ပါတယ်။


ကိုယ့်အိမ်မှာရှိတဲ့ တိလေးတွေပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့တိလေးတွေပဲ ဖြစ်ဖြစ် အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်ရင် ပြ...
28/04/2022

ကိုယ့်အိမ်မှာရှိတဲ့ တိလေးတွေပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့တိလေးတွေပဲ ဖြစ်ဖြစ် အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်ရင် ပြစ်ဒဏ်ခံယူရမဲ့ ဥပဒေရှိပါတယ်​နော် အကြောင်းအမျိုးမျိုးကြောင့်မမွေးနိုင်တော့ရင်ပဲ ဖြစ်ဖြစ် ကယ်ဆယ်ဖို့လိုရင်ပဲဖြစ်ဖြစ် ကူညီစောငိ့ရှောက်ပေးမဲ့ တိဂေဟာတွေကို ဆက်သွယ် အကူအညီတောင်းနိုင်ပါတယ် တိချစ်သူများလဲ တိလေးတွေညှင်းပန်း နှိပ်စက်ခြင်းမခံကြစေရန် ဒီပိုစ့်ကို လူတွေ awarenessရရှိအောင် များများshareပေးကြပါရှင့် ကိုယ့်ပတ်ဝန်းကျင်မှာ ညှင်းပန်းနှိပ်စက်နေတာတွေ့ရှိရင်လဲ သက်သေမှတ်တမ်းရယူထားပီး social punishment လုပ်​ပေးကြပါရှင့် ကျူးလွန်တဲ့သူတွေကိုလည်း အဆင့်ဆင့်အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်နိုင်စေရန် ဝိုင်းဝန်းကူညီပေးကြပါရှင်👏👏

Heat Stroke❗️❗️
08/03/2022

Heat Stroke❗️❗️

😔ရာသီဥတု အရမ်းပူလို့ လေပြွန်ကျဉ်းတဲ့ကလေးတွေ အတော်ဒုက္ခများပါတယ်

မီးကလည်း မလာတော့ ညဘက်တွေတောင် Heat Stroke ရနိုင်တဲ့အခြေအနေတွေဖြစ်နေကြလို့

ဘူကူဂျူကို ဒီတလောပြုစုတဲ့ နည်းလေးတွေပြောပြပါရစေ

❗ အမှိုက်တွေ မီးရှို့တာကနေ ဝေးအောင်ထားပါ
သစ်ရွက်ခြောက်တွေက တအားကြွေတော့ မီးတွေ အရမ်းရှို့ကြပါတယ်
အဲ့မီးခိုးတွေက ရှို့ပြီးသည့်တိုင် အမှုန်အဖြစ်နဲ့ပြောင်းလဲပြီး လေထဲမှာ လွင့်နေတာကြောင့် ရှူမိတဲ့ နှာတိုခွေးကြောင်အမျိုးအစားတွေနဲ့ အဆုတ်အားနည်းတဲ့ကောင်တွေ အရမ်းအန္တရာယ်ရှိပါတယ်
အိမ်မှာ သစ်ရွက်ခြောက်တွေ မီးရှို့မယ့်အစား ပီနံအိတ်နဲ့ ကျုံးပြီးပစ်ပါ
ပတ်ဝန်းကျင်က ပြောမရတဲ့အခါ ရှို့နေစဉ်မှာ အိမ်ပတ်ဝန်းကျင်ကို ရေဖြန်းပါ
ရှို့ပြီးပြီထင်တဲ့အခါ တအိမ်လုံး (အထူးသဖြင့် သူတို့နေတဲ့အခန်း) ကို နံရံပါမကျန် ရေစိုဝတ်နဲ့ ပြန်သုတ်ပါ

❗ တတ်နိုင်သလောက် ဗိုက်နဲ့ ခြေဖဝါးကြားတွေက အမွှေးတွေကို ရိတ်ထားပါ
အရမ်းပူနေတယ်ထင်ရင် ဒါမှမဟုတ် မီးပျက်နေရင် မကြာခဏ မိနစ် ၃၀ တခါလောက် ဗိုက်နဲ့ ခြေဖဝါး လက်ဖဝါးလေးတွေ နားရွက်အတွင်းပိုင်းလေးတွေကို ရေပတ်တိုက်ပေးလို့ရပါတယ်

❗လေအဝင်အထွက် ရှိပါစေ
အလုံပိတ်မဟုတ်ဘဲ လေအဝင်အထွက်ရှိတဲ့နေရာမျိုးဆိုရင် ပူနေရင်တောင် အသက်ရှူရချောင်ပါတယ်
အလုံပိတ် လုံးဝ ထားလို့မရပါဘူး
အိမ်မှာ မီးလာတဲ့အချိန်မျိုး ဒါမှမဟုတ် အားသွင်းပန်ကန်ရှိရင် ပန်ကာလေးဖွင့်ပြီး အခန်းတွင်း Air flow ရအောင်လုပ်ပေးတာကလည်း အစဉ်ပြေပါတယ်

❗နေပူတဲ့အချိန် မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိကို အပြင်ခေါ်ထုတ်တဲ့အခါ မြေကြီးပေါ်မချ လမ်းလျှောက်မကျောင်းသင့်ပါ
Concrete လမ်းတွေ ကတ္တရာလမ်းက နေ့လည် ၁ နာရီကနေ ညနေ ၅-၆ နာရီအထိကို မတရားအပူထွက်ပါတယ်
လမ်းလျှောက်မယ့်နေရာကို ကိုယ့်လက်ဖဝါးနဲ့ 7 sec ကြာအောင် ဖိပြီးစမ်းလို့ မပူမှ ပေးလျှောက်သင့်ပါတယ်

❗အေးစက်နေတဲ့ ရေခဲရေမျိုးမတိုက်သင့်ပါဘူး
ရေခွက်ကို ရေအမြဲရှိအောင်နဲ့ ရေသန့်နေဖို့ သတိထားရပါမယ်
ရေပိုသောက်စေဖို့ ရေခွက်ထဲကို ရေခဲတုံး ၃-၄ တုံးခန့် ထည့်ပေးနိုင်ပါတယ်
အသက် ၄ လအောက် ပါပီတွေ Kitten တွေဆိုရင် ဓာတ်ဆားရည်မကြာခဏတိုက်ပါ

❗ ဓာတ်မတည့်တာကို အားပေးတဲ့ အနံ့ရှိတဲ့ပစ္စည်း Handgel ကအစ သူတို့အနားမှာ အသုံးပြုတာကိုရှောင်ပါ (Scented Candle, Perfumes, Lotion, ခြင်ဆေး, ဆေးလိပ်, etc)
သူတို့ရဲ့ အသုံးအဆောင် အဝတ်အထည် အရုပ်တွေကို လူအတွက်ထုတ်ထားတဲ့ ပန်းကန်ဆေးဆပ်ပြာဆီနဲ့သာလျှော်ပါ

❗လေပြွန်ကျဉ်းတဲ့ကောင်တွေ လေပြွန်ကျယ် အသက်ရှူချောင်ဆေးနေ့တိုင်းတိုက်ပါ
ချောင်းဆိုးရင် ချောင်းဆိုးသက်သာဆေးပါတိုက်ပါ
Heat Stroke အန္တရာယ်က ညဘက်တွေတောင်ဖြစ်နေနိုင်တဲ့ အပူချိန်မျိုးမှာ လေပြွန်ကျဉ်းတဲ့ကောင်တွေက Risk အရမ်းများပါတယ်

❗အလုံပိတ် အဲကွန်းမဖွင့်ထားတဲ့ ကားပေါ်တင်မကဘူးနော် ပြတင်းပေါက်လေးတွေဖွင့်ထားတဲ့ကားပေါ်ကိုပါ ခွေးကြောင်ကို တင်မထားရပါဘူး
ကားပေါ်က Temperature က အပြင်ထပ် အများကြီး ပိုပူပါတယ်
Brain Dead တာ Heat Stroke ရတာ ဖြစ်နိုင်ပါတယ်

❗ဒီပူအိုက်နေတဲ့ ကာလမှာ အာဝုပူစီတွေကို အတတ်နိုင်ဆုံး အပြင်မခေါ်ပါနဲ့
အဲကွန်းအေးတဲ့ ကားပေါ်လည်း စိတ်လှုပ်ရှားတာနဲ့ ရေမသောက်ဖြစ်တာနဲ့ ပူတာနဲ့က စကားမပြောတတ်တဲ့သူတို့အတွက် အစဉ်မပြေပါဘူး အဓိကက နှာတိုမျိုးပါ

❗အတတ်နိုင်ဆုံး စိတ်မလှုပ်ရှားအောင်ထားပါ
h**p seed oil က စိတ်ငြိမ်စေပါတယ်

❗ရေရှိတဲ့ နေရာတွေ ဝပ်တတ်တဲ့ကလေးတွေရှိရင် သတိထားပါ
အဆုတ်အအေးပတ်တာ
အပူရှပ်တာဖြစ်တတ်ပါတယ်
ရေကန်တွေ ငါးကန်တွေကို တတ်နိုင်သမျှ တခုခုနဲ့ ကာထားအုပ်ထားပါ နေအရမ်းပူချိန် ငါးကန်ထဲ ရေဝင်စိမ်ပြီး အပူရှပ်သေသွားတဲ့ ခွေးတွေရှိပါတယ်

အစာအာဟာရပြည့်ဝအောင်ကျွေးပါ
ကောင်းစွာ အိပ်စက်အနားယူနိုင်ခွင့်ကိုပေးပါ
ရေချိုးချိန် အပူရှပ်ခြင်းမဖြစ်အောင်
သတိနဲ့ ချိုးပေးပါ

ဒီ Post ကနေ အကူအညီတခုခုဖြစ်ခဲ့လို့ ကုသိုလ်အကျိုးများရရှိခဲ့မယ်ဆိုရင် ၇ ရက်နေ့ ည ၈:၂၀ မှာ ဘဝတပါးကို ကူးပြောင်းလို့ ဝေဒနာတွေကနေ ကင်းလွတ်သွားတဲ့ Pomeranian အမလေး မီချီတကောင် အေးချမ်းရာ ကောင်းရာမွန်ရာရောက်နိုင်ပါစေလို့ပဲ ဆုတောင်းပါရစေ😔

ဒီလို ပြသနာတွေရဲ့ အစဖြစ်တဲ့
အချိန်မရွေး သွားရလာရ မလွယ်ကူခြင်း
အသက်နဲ့ စည်းစိမ် လုံခြုံစိတ်ချရမှု မရှိခြင်း
လျှပ်စစ်မီး ပုံမှန်မရရှိခြင်းတွေ
မဖြစ်တော့အောင်လည်း ကြိုးစားပါဝင်ကြပါ 😑

Heat Stroke အကြောင်း ထပ်မံဖတ်ရှူလိုပါက

https://www.facebook.com/2105038133080312/posts/2820379578212827/?d=n

တိလေးတွေ အားလုံး
ဝေဒနာတွေ ကင်းစင်လို့
ကျန်းမာရွှင်လန်းနိုင်ကြပါစေ 🙏

မေတ္တာဖြင့် Just for Pet

Mdy ‼️ဒီကြောင်လေး ၆ ရက်နေ့က စပျောက်ပါတယ် ၊အမရပူရမြို့ပိန်းတန်ရပ်‌ကွပ်‌အမက‌ကျောင်းလမ်းကပါ။ တွေ့မိရင် pls CB ကိုဆက်သွယ်...
08/03/2022

Mdy ‼️

ဒီကြောင်လေး ၆ ရက်နေ့က စပျောက်ပါတယ် ၊အမရပူရမြို့
ပိန်းတန်ရပ်‌ကွပ်‌အမက‌ကျောင်းလမ်းကပါ။ တွေ့မိရင် pls CB ကိုဆက်သွယ်ပေးကြပါ။ ပိုင်ရှင်စိတ်ပူနေပါတယ်။

#ကြောင်ပျောက်

03/03/2022

Mdy ‼️

ရှီဇူးအစပ်ခွေးလေးသွေးသွင်းဖို့အကူအညီလိုနေပါတယ် အရေးကြီးလို့ကျေးဇူးပြုပြီးcbကိုဆက်သွယ်ပေးပါ ပထမဆုံးသွေးသွင်းမှာဖြစ်ပါတယ် ။ အသက် ၁နှစ်ခွဲမှ ၈နှစ်အတွင်း 25kg ရှိရင်လှူလို့ရပါတယ်။ ဆရာဝန်နဲ့ သေချာစစ်ပီး လှူလို့ရတယ်ဆိုမှ သွေးယူတာပါ။ မေတ္တာရှေ့ထားပြီး ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ သွေးဝယ်ယူလို့ ရတဲ့နေရာရှိရင်လဲ လမ်းညွှန်ပေးပါ။

Ph- 092061738


ခွေးပျောက်❗️❗️
16/02/2022

ခွေးပျောက်❗️❗️

Blacklist❌Royal Asia❌YGN
31/01/2022

Blacklist❌Royal Asia❌YGN

❌Vet Blacklist (Royal Asia သိန်းထွန်းအောင်)❌

- overdose ကြောင့် ဦးနှောက်ထိအဆိပ်ရောက်ပျောက်ကပ်ပျက်ရခြင်း၊ သေဆုံးခြင်းကိုတာဝနိယူမှုမရှိခြင်း
- ဆေးမှားထိုးခြင်း
-ဆေးကုသစဉ် သေချာမစစ်ဆေးခြင်း၊စိတ်မရှည်ခြင်း
-ဆေးလာကုသောကြောင်လေးကို ချက်ချင်းမကုပဲပြစ်ထားခြင်း ၊၃ရက်ကြာမှ မေးမှကုသပေးခြင်း
-ကုသခြင်းအကြောင်းမေးမြန်းပါက အော်ငေါက်စိတ်မရှည်ခြင်း
-သားအိမ်မခွဲမီ သေချာမစစ်ဆေးသောကြောင့် ခွဲပြီးမှကိုယ်ခံအားကျ ၊စစ်လိုက်သောအခါနှလုံးသန်ဖြစ်မှန်းသိရခြင်း
-အဖျားမတိုင်းပဲ ဓာတ်မှန်ရိုက်ခိုင်း ၊ အရေးပေါ်ကိုဓာတ်မှန်ရိုက်ပြီးမှကုမည်ဆိုပြီး အဖျားမရှိဆိုပြီးငြင်းပြီး တိုင်းလိုက်သောအခါ အဖျား ၁၀၆ ၊အဖျားရှိခြင်း
-overdose ကြောင့်သေဆုံးခြင်း
-လာကုသသောသူများကို စနစ်တကျမညွှန်ကြားပဲလက်ထောက်ဆရာဝန်များဖြင့်ကုခိုင်းခြင်း
-ဆေးကုသစဉ် တိလေးများအပေါ်ကြင်နာခြင်းမရှိခြင်း ၊ကြမ်းတမ်းစွာဆက်ဆံခြင်း
-မကုသမှီရောဂါအခြေအနေမရှင်းပြခြင်း

ကျေးဇူးပြုပြီး royal asia ကိုသွားရောက်ကုသမှုမပြုခြင်းဖြင့်ကူညီပေးကြပါလို့ MAR မှတိုက်တွန်းလိုပါသည်။


Today 📌ဝဲစားနေတဲ့ ဒီခွေးလေးကိုဆေးတိုက်ခဲ့ပါတယ် ။ကျွေးတဲ့သူတွေရှိတော့ သခင်မရှာပေးတော့ပါ။
28/12/2021

Today 📌

ဝဲစားနေတဲ့ ဒီခွေးလေးကိုဆေးတိုက်ခဲ့ပါတယ် ။ကျွေးတဲ့သူတွေရှိတော့ သခင်မရှာပေးတော့ပါ။

Mdy ‼️ဒီခွေးလေးကို သခင်ရှာပေးချင်ပါတယ် ။ သူ့ကိုတွေ့တာ တော်တော်ကြောက်နေတယ် ထွက်ပြေးနေတာ။ ဝဲနဲနဲစားပြီး ကျန်းမာရေးမကောင်းပ...
24/12/2021

Mdy ‼️

ဒီခွေးလေးကို သခင်ရှာပေးချင်ပါတယ် ။ သူ့ကိုတွေ့တာ တော်တော်ကြောက်နေတယ် ထွက်ပြေးနေတာ။ ဝဲနဲနဲစားပြီး ကျန်းမာရေးမကောင်းပါ ဆေးကုဖို့MAR မှတာဝန်ယူပါတယ်။

18 - 19လမ်းကြား ရွှေတချောင်းလမ်း ဈေးရှေ့ နောင်တော်ကြီးဆိုင်ရှေ့

07/12/2021

ပိုင်ရှင်နဲ့အမြန်ဆုံးပြန်တွေ့ပါစေ

Address


Website

Alerts

Be the first to know and let us send you an email when Mandalay Animals Rescue posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share