The Woof House

  • Home
  • The Woof House

The Woof House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Woof House, Pet Store, .

24/01/2024

🥲

19/01/2024

😍

18/01/2024

❤️

🤣🖤
14/01/2024

🤣🖤

13/01/2024
12/01/2024

🤎

11/01/2024

💕

10/01/2024

🥰

08/01/2024

😌

05/01/2024

ဘာရယ်မဟုတ် ည၁၁နာရီကျော်မှ ဒီစာအုပ်လေးSharing လုပ်ပေးချင်တဲ့အတွေးလေးပေါ်လာလို့...ဟီး။
မင်မင်ကတော့ Pet Planet ကဝယ်ခဲ့တာပါ။
လိုချင်တဲ့သူများရှိရင်ပြောပါနော် ဝယ်ပေးပါ့မယ်။

With Love
The Woof House🤎

04/01/2024

🤎

🤣💕
28/12/2023

🤣💕

18/12/2023

So...cute🤍

14/12/2023

😂🥰

ရင်မှာခံစား🫠
14/12/2023

ရင်မှာခံစား🫠

06/12/2023

🥹❤️

❤️
04/12/2023

❤️

30/11/2023

Awnn...🥹

30/11/2023

😂

😢
26/11/2023

😢

ကလေးတွေမွေးထားကြတဲ့သူတွေအနေနဲ့ ကလေးတွေနဲ့ အပြီးအပိုင်နှုတ်ဆက်ခွဲခွာရပြီဆိုတဲ့ ခံစားချက်က အရမ်းကိုနာကျင်ရတဲ့ ဝမ်းနည်းရတဲ့ ခံစားချက်တစ်ခုပါ။ သူတို့တွေက ကျွန်တော်တို့အတွက်တော့ အိမ်မွေးတိရစ္ဆာန်ဆိုတာထက်ကို ပိုပါတယ်။ သူတို့လေးတွေနဲ့ ကျွန်တော်တို့က ပျော်ရွှင်မှုတွေ၊ စိတ်သက်သောင့် သက်သာရှိမှုတွေ၊ Unconditional love တွေကို ဝေမျှလာခဲ့ကြတာပါ။ သူတို့လေးတွေ Rainbow Bridge ကို ဖြတ်သွားတဲ့အခါ ကိုယ်တွေကျန်ရစ်ခဲ့သူတွေအတွက် အများကြီးကို ခံစားရပါတယ်။ အဲ့ဒီလိုအချိန်မှာ သူတို့နဲ့ ကိုယ်တွေကြားက Bond ကို အသိအမှတ်ပြုတဲ့အနေနဲ့ Memorialization သေသေချာချာချာလုပ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒီ Post ထဲမှာတော့ ဘယ်လို Memorialization လုပ်ပေးသင့်သလဲဆိုတာတွေ ရေးသွားပါ့မယ်။

Memorial Items

အမှတ်တရအနေနဲ့ ဘာတွေလုပ်ပေးလေ့ရှိကြလဲဆိုတော့ အရိုးပြာလေးကို သူတို့အတွက် Custom လုပ်ပေးထားတဲ့ ပြာအိုးလေးနဲ့သိမ်းကြတာ၊ အမှတ်တရကျောက်တုံးလေးတွေနဲ့ သိမ်းကြတာ၊ ရုပ်လုံးသွင်းပြီးသိမ်းကြတာ၊ သူတို့ရဲ့ အမွှေးလေးတွေ၊ ပြာလေးတွေနဲ့ အမှတ်တရ လက်ဝတ်လက်စား တစ်ခုခုလုပ်ပြီးသိမ်းကြတာမျိုး၊ သူ့ရဲ့အသက်ရှင်တုန်းက ပုံလေးတွေကို Photo frame လေးနဲ့ ဘောင်ကွပ်ပြီးသေချာထားတာမျိုး၊ အမှတ်တရ Photo album လေးထုတ်ထားတာမျိုး၊ သူ့ရဲ့ Paws Print လေးကို အမှတ်တရသိမ်းထားတာမျိုး၊ သူသုံးခဲ့တဲ့ Collar လေးတွေ၊ အရုပ်လေးတွေကိုစုပြီး ပုံးလေးတစ်ပုံးနဲ့သိမ်းတာမျိုး၊ သူနဲ့အတူတူဝေမျှဘူးတဲ့ Memory လေးတွေချရေးထားတဲ့ Memory Jar လေးလုပ်ထားတာမျိုး၊ သူ့ရဲ့အိပ်ရာခင်းလေးတွေ၊ အင်္ကျီလေးတွေကို ကိုယ့်အတွက် အသုံးဝင်မယ့် အနားမှာ အမြဲရှိနေမယ့်ခေါင်းအုံးအနေနဲ့ အိတ်သေးသေးလေးအနေနဲ့ချုပ်တာမျိုး လုပ်လေ့ရှိကြပါတယ်။ ဒီပစ္စည်းလေးတွေကိုယ့်အနားရှိနေခြင်းနဲ့ သူတို့တွေ ကိုယ့်အနားမှာရှိနေသေးသလိုခံစားရပြီး ကိုယ်နဲ့အတူတူဝေမျှခဲ့တဲ့ ပျော်ရွှင်စရာလေးတွေကို အမှတ်ရနိုင်မှာပဲ ဖြစ်ပါတယ်။

Memorial Garden

ဒါလေးကတော့ မြေကြီးနဲ့ခြံနဲ့ဝင်းနဲ့နေတဲ့လူတွေအတွက် အရမ်းကို အဆင်ပြေစေမှာပါ။ ကိုယ့်ကလေးအတွက် အမှတ်တရဥယျာဥ်လေး လုပ်ပေးတာ၊ သူ့ကိုမြုပ်ထားတဲ့နေရာမှာ အပင်လေးစိုက်ပေးတာတို့ လုပ်ပေးလို့ရပါတယ်။ ခြံနဲ့ဝင်းနဲ့မဟုတ်ပဲ တိုက်ခန်းနဲ့ နေတဲ့လူတွေအနေနဲ့တော့ ကိုယ့်ကလေးရဲ့အရိုးပြာကို ပန်းအိုးလေးထဲမှာထည့်ပြီး အပင်သေးသေးလေးစိုက်တာမျိုးလဲ လုပ်လို့တော့ရပါတယ်။
Memorial Item လေးတွေ၊ Garden နမူနာလေးတွေတော့ ပုံထဲမှာ သေသေချာချာ ကြည့်လို့ရပါတယ်။

ကိုယ့်ကလေးတွေအတွက် အမှတ်တရပစ္စည်းလေးတွေကို ကြိုကြိုတင်တင်ပြင်ဆင်ထားတာမျိုးက လုပ်သင့်တဲ့ကိစ္စတစ်ခုပါ။ ကိုယ့်ကလေးအနေနဲ့ နေသင့်တဲ့သက်တမ်းတစ်ခုကို ရောက်လာပြီပဲဖြစ်ဖြစ်၊ နေထိုင်မကောင်းတာ တော်တော်အခြေနေမကောင်းတော့ဘူးဆိုရင်ပဲဖြစ်ဖြစ် စပြီးတော့ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ပစ္စည်းလေးတွေ ပြင်ဆင်ထားသလိုမျိုး၊ ကိုယ့်စိတ်ကိုလဲ ပြင်ဆင်ထားဖို့လဲ အရေးကြီးပါတယ်။ ကိုယ့်ဘဝရဲ့ကောင်းခြင်းဆိုးခြင်းတွေ၊ သူနဲ့ကိုယ်ပဲသိတဲ့ အမှတ်တရလေးတွေ၊ သူ့ကိုပဲ ရင်ဖွင့်ခဲ့တဲ့စကားလေးတွေကို ပြောနေကျသူတစ်ယောက်မရှိတော့ဘူးဆိုတဲ့ ခံစားချက်ကို လက်ခံနိုင်ပြီးတော့ သူ့ရဲ့နောက်ဆုံးအချိန်မှာ အဖော်မွန်ကောင်းအနေနဲ့ ရှိပေးနိုင်ဖို့လိုအပ်ပါတယ်။

သူမရှိတော့တဲ့အချိန်မှာ ကိုယ်ဘယ်လိုမျိုးဖြတ်သန်းသွားမယ်ဆိုတာကိုလဲ ကိုယ့်အတွက်ပြင်ဆင်သင့်ပါတယ်။ ကိုယ့်ကလေးမရှိတော့တဲ့အချိန်မှာ ကိုယ့်အနေနဲ့ ခံစားချက်မျိုးစုံခံစားရမှာသေချာပါတယ်။ ဝမ်းနည်းတာ၊ စိတ်မကောင်းဖြစ်တာ၊ ကိုယ့်ကိုယ်ကို ငါသာ ဒီထက်ပိုပြီး ဂရုစိုက်နိုင်ခဲ့ရင်ဆိုပြီး အပြစ်တင်တာမျိုးက ဖြစ်နေမှာပါပဲ။ ဒါက သာမန်ပါပဲ၊ လူတိုင်းကြုံတွေ့နေကြပါပဲ။ ကိုယ့်အနေနဲ့ အဲ့လိုအချိန်မှာ ရင်ဖွင့်နိုင်မယ့်၊ အားပေးနိုင်မယ့် လူတစ်ယောက်ယောက်ကို ရှာသင့်ပါတယ်။ ကိုယ်ချစ်ရတဲ့ကလေးလေးတွေနဲ့ ဖြတ်သန်းခဲ့တဲ့ Memory လေးတွေကို သယ်သွားပြီးတော့ ကိုယ်တိုင်လဲ ကိုယ့်ဘဝကို Move on လုပ်နိုင်ဖို့ အရေးကြီးပါတယ်ဆိုတာလဲ အသိပေးပါရစေ။

ရန်ကုန်မှာရှိတဲ့ Pet Memorial Service လေးတွေကို သိသလောက် စုစည်းပေးလိုက်ပါတယ်။ ကျန်ခဲ့တာများရှိရင်လဲ Comment ပေးပေးပါ။ ထပ်ဖြည့်ပေးပါ့မယ်။

Paws Print လေးတွေ၊ Pet Portrait လေးတွေအတွက်
Petsonal

သန်လျင်မှာရှိတဲ့ တိရစ္ဆာန်သင်္ချိုင်းလေး
ဆက်သွယ်ရန် ဖုန်းနံပတ် - 09795383842
လိပ်စာ - သန်လျင်မြို့နယ်၊ ပျဥ်ထောင်ကျေးရွာ

မီးသဂြိုလ်တာနဲ့ တခြား Service တွေအတွက်
Su Zin Pet Hotel

ကိုယ့်ကလေးနဲ့ ပုံစံတူအရုပ်လေးတွေ အမှတ်တရလုပ်ချင်တဲ့လူတွေအတွက်
ICHI Doll Corner

ကိုယ့်ကလေးအတွက် Potrait ဆွဲလို့ရမယ့် နောက်ထပ်နေရာလေးတစ်ခု
Custom Pet Portraits by 𝕐𝕐𝕎𝕂


08/11/2023

🤠

23/10/2023
20/09/2023

😘

15/09/2023

🥹

15/09/2023

😘

Address


Website

Alerts

Be the first to know and let us send you an email when The Woof House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share