Annawa Aye Yeik

  • Home
  • Annawa Aye Yeik

Annawa Aye Yeik အလှမွေးငါးနှင့် အိမ်မွေးတိရစ္ဆာန် ေ?

20/10/2021

ကောမတ် အရွယ်စုံ
ကောင်ရေ နှစ်ရာကျော်
အုပ်ပြတ် 15000 ကျပ်သာ
မဒဂုံ/42
09750081124

30/03/2021
22/11/2020

😘

22/11/2020

22/11/2020

❤❤❤

16/09/2020
Discuss ငါးလေးတွေကို အထီးအမ ခွဲမယ်ဆိုရင်  . . .
12/08/2020

Discuss ငါးလေးတွေကို
အထီးအမ ခွဲမယ်ဆိုရင် . . .

12/08/2020

မြန်မာပြည်အတွင်းသို့ တင်သွင်းခွင့် ပိတ်ပင်ခံရသည့် Peacock Bass တို့ရဲ့ အန္တရာယ်

Giant Snakehead ငါးရံ့ဘီလူး ခေါ် တိုမန်ငါးရံ့ နှင့် အတူထပ်မံ ပိတ်ပင်ခံလိုက်ရသည့် ငါးမျိုးမှာ Peacock Bass ငါးမျိုးပဲဖြစ်ပါတယ်။ ပိတ်ပင်ခံရတဲ့ အကြောင်းအရင်းကို အားလုံးသိနိုင်အောင် တင်ပြပေးလိုက်ပါတယ်။

အရင်ဆုံး Peacock Bass ကဘယ်ကလာတာလဲ?

Peacock Bass (Cichla ocellaris) ဟာဆိုရင် တောင်အမေရိကတိုက်မှာရှိတဲ့ Amazon၊ Orinoco မြစ်ဝှမ်းတို့နဲ့ Guianas မြစ်တွေထဲမှာ နေထိုင်ကျက်စားကြတဲ့ သားရဲငါးမျိုးစိတ်ဖြစ်ပါတယ်။ မျိုးကွဲပေါင်း ၁၀ မျိုးခန့်ရှိပြီး ဒေသတွင်းမှာတော့ သူတို့ဟာ ဒေသခံတွေအတွက် အရေးပါတဲ့ စားငါးမျိုးတွေဖြစ်တဲ့အပြင် ငါးမျှားသမားတွေအတွက်လည်း Sport Fishing ငါးအမျိုးစား အနေနဲ့ နာမည်ကြီးပါသေးတယ်။ သူတို့တွေကို အခြားနိုင်ငံတွေက စားငါးအဖြစ် လက်ခံမွေးမြူရာကနေ မွေးမြူရေးကန်များမှ မတော်တဆ လွတ်မြောက်ခြင်း၊ အပန်းဖြေ ငါးမျှားဖို့ရန်အတွက် ရည်ရွယ်ချက်ရှိရှိ လွှတ်လိုက်ခြင်းများကြောင့် သူတို့ရှိသင်တဲ့ နေရာဒေသရဲ့ ပြင်ပနေရာတွေကိုပါ ပြန့်နှံ့ကုန်ပါတယ်။

ဒီလိုကနေ တောင်အမေရိကမှငါးမျိုးစိတ်က မြောက်အမေရိက နဲ့ အာရှတိုက်ရဲ့ အပူပိုင်းဒေသတွေမှာပါ ပြန့်နှံ့ပြီး ပတ်ဝန်းကျင်တွေမှာ အခြေချ နေထိုင်နိုင် သွားတာပါ။ Peacock Bass တွေက အရွယ် ၃ ပေကျော်ထိကြီးထွားနိုင်ပြီး၊ သူတို့ရဲ့ အမဲလိုက်နေထိုင်ကျက်စားမှုပုံစံ အပြင် အခြားသေးငယ်တဲ့ ဒေသတွင်း ငါးမျိုးစိတ်မှန်သမျှကို အလွန်အကျူးစားတတ်တဲ့ အကျင့်ကြောင့် ကျူးကျော်ဝင်ရောက်မျိုးစိတ်အနေနဲ့ ဂေဟစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ သားပေါက်နှုန်းဆိုရင်လည်း တစ်နှစ်ကို ပူနွေးတဲ့ရာသီချိန်ရောက်တိုင်း အကြိမ်ပေါင်းများစွာ သားပေါက်နိုင်ပြီး၊ တစ်ကြိမ်လျှင် အကောင်ရေ ထောင်ကျော်ပေါက်နိုင်သလို မိဘများကလည်း သားပေါက်တွေကို အသက်နဲ့ရင်းပြီး ကာကွယ်ထိန်းသိမ်းနိုင်တာကြောင့် သားပေါက်ရှင်သန်နှုန်းမြင့်မားတဲ့ ငါးမျိုးစိတ်ပါ။

သတင်းဆိုးကတော့ ဒီက မြစ်၊ ချောင်း နဲ့ ကန်တွေထဲကို ရောက်နေပါပြီ....

ဒေသမျိုးရင်းငါးမဟုတ်တဲ့ ဒီ Peacock Bass က မြန်မာနိုင်ငံရဲ့ ရေတွေထဲ ဘယ်လိုရောက်လာတာလဲ?

ဒီ Peacock Bass သားရဲငါးမျိုးစိတ်က မြန်မာနိုင်ငံအတွင်းကို စားဖို့ Live Stock ထက် အလှမွေးငါးအနေနဲ့ တင်သွင်းခဲ့ကြတဲ့ မျိုးစိတ်ဖြစ်ပြီး ဈေးအသင့်အတင့်နဲ့ ဈေးကွက်ထဲမှာ အရွယ်အစားအမျိုးအမျိုးကိုတွေ့နိုင်ပါတယ်။ ကျွန်တော် စာရေးသူကိုယ်တိုင်လည်း မွေးဖူးတဲ့အတွက် သူတို့ရဲ့အမူအကျင့်တွေ၊ စားသောက်နေထိုင်ပုံတွေကို ကောင်းကောင်ကြီးမြင်တွေ့ဖူးပါတယ် ဒါကြောင့်လည်း ကျွန်တော်ကိုယ်တိုင်လည်း ဒီငါးကို မြန်မာနိုင်ငံရဲ့ ဂေဟစနစ်အတွက် အန္တရာယ်များစွာပေးနိုင်တယ်လို့ ကောက်ချက်ချပါတယ်။

ကျွန်တော်ရေးတာ ဝါသနာရှင်များကို အပြစ်တင်ရာ ရောက်နိုင်ပါတယ် ဒါပေမယ့်လည်း ကျွန်တော်ကိုယ်တိုင်လည်း Monster Fish မွေးတဲ့ ဝါသနာရှင်တစ်ယောက်ပါ ဒါဟာတစ်ကယ်တော့ ကျွန်တော်တို့ အားလုံးရဲ့ အပြစ်တွေပါ။
Monster Fish တွေကို အလှမွေးကြတဲ့သူများရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ငါးတွေ အရမ်းကြီးလာတဲ့ အခါမှာ ထိန်းသိမ်းရခက်လာမှု၊ နေရာအခက်အခဲတို့ကို အကြောင်းပြပြီး ဘေးမဲ့​ပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီအမူအကျင့်တွေက တကယ်ကောင်းတဲ့ အမူအကျင့်တွေတော့ မဟုတ်ပါဘူး။
နိုင်ငံမျိုးရင်းမဟုတ်ပဲ နိုင်ငံခြားကနေတင်သွင်းလာတဲ့ Peacock Bass လို သားရဲငါးကြီးမျိုးကို သဘာဝထဲ လွှတ်ပေးတာက မိမိနိုင်ငံရဲ့ မူရင်းရှိနေတဲ့ မူရင်းငါးမျိုးစိတ်တွေနဲ့ ဂေဟစနစ်ကို အလွန်အမင်းထိခိုက်စေမှာပါ။ ကျူးကျော်ဝင်ရောက်မျိုးစိတ် Invasive Species ဆိုတာဘာလဲ သူတို့နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ပြဿနာတွေအကြောင်း ကျွန်တော်ရေးထားတဲ့ စာရှိပါတယ် ဒီ Post ရဲ့ အောက်မှာ Link နဲ့အတူ Reference ဖော်ပြပြီးထားပေးထားပါမယ်။

ရန်ကုန်မြို့ရဲ့ အင်းလျားကန်ကြီးထဲမှာဆိုရင် အလှမွေးသူများရဲ့ တာဝန်မဲ့မှုကြောင့် Peacock Bass တွေ ပြန့်ပွားသောင်းကျန်းနေပြီး မူလနေထိုင်တဲ့ ငါးမျိုးစိတ်များကို အန္တရာယ်ပြုနေပါပြီ။ မူလဋ္ဌာနေဒေသမှ ရောက်ဖို့ မလွယ်ကူနိုင်တဲ့ အရွယ်စားမျိုးတွေကိုတောင် အင်းလျားကန်ထဲမှာတွေ့မြင်နေရပါတယ်။ ဒေသတွင်းမှာ Peacock Bass ကို စားသုံးမယ့် သားရဲငါးမျိုးစိတ်တွေမရှိတဲ့ အခါမှာ ကန်လုံးကျွတ်ကုန်ပြီး Peacock Bass တစ်မျိုးတည်းသာ ကျန်တဲ့ အဖြစ်မျိုးတွေ အများကြီးရှိခဲ့ပါတယ်။ မြန်မာနိုင်ငံလို တစ်နှစ်ပတ်လုံး ပူနွေးတဲ့ နိုင်ငံအတွင်းမှ လူသူဝင်ရောက်မှု၊ အထိတွေ့ကန့်သတ်ထားတဲ့ ကန်နယ်နမိတ် အတွင်းမှာ နေထိုင်ရတဲ့အခါ Peacock Bass များက တစ်နှစ်ပတ်လုံး စိတ်ကြိုက် သားပေါက်ဖွားနိုင်မှာဖြစ်ပါတယ်။ အင်းလျားကန်ထဲမှာ နေရာအနှံ့ Peacock Bass စုံတွဲများသွားလာနေတာကို တွေ့နိုင်နေပြီဖြစ်ပါတယ်။ အကယ်၍ အင်းလျားကန်ရဲ့ ရေထွက်ပေါက်ကနေသာ မတော်တဆ Peacock Bass များ အပြင်ကိုလွတ်မြောက်ခဲ့သည် ရှိသော် Tilapia ကျူးကျော်ပြန့်ပွားမှုထက် ဆိုးရွားသွားနိုင်ပြီး နိုင်ငံအနှံ့တစ်ဝှမ်း ရေနေသတ္တဝါသယံဇာတနှင့် ဂေဟနစ်ကို ကြီးမားစွာ ထိခိုက်စေမှာပါ။

မြန်မာပြည်ရဲ့ ရေနေသတ္တဝါများရဲ့ ဂေဟစနစ်အခြေအနေ....

မြန်မာနိုင်ငံ အနှံ့တစ်ဝှမ်း ရေနေသတ္တဝါ မျိုးရင်းတွေဟာ အဖက်ဖက်မှ ရေထုညစ်ညမ်းမှု၊ စည်းကမ်းမဲ့ Battery Shock တိုက်ငါးဖမ်းမှု၊ အဆိပ်ချငါးဖမ်းမှုများ၊ Chemical ပစ္စည်းများ မြစ်ချောင်းများအတွင်း စွန့်ပစ်မှုတွေကြောင့် ဂေဟစနစ်ပျက်စီးဖို့ ဖိအားပေးခံနေရချိန်မှာ ပြည်ပမှ ကျူးကျော်မျိုးစိတ်တွေရဲ့ ဒဏ်ကိုပါခံနေရရင်း ရေနေသတ္တဝါ သယံဇာတများဟာ အချိန်နဲ့အမျှ ပျက်စီးဆုံးရှုံးနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကျူးကျော်မျိုးစိတ်ရဲ့ပြဿနာက အခု Peacock Bass နဲ့မှ မဟုတ်ပါဘူး အရှေ့မှာ ကျူးကျော်မျိုးစိတ်တွေဖြစ်တဲ့ Pleco (စုပ်ခွက်)၊ Pacu၊ အာဖရိကအသားစား ငါးခူ၊ Tilapia၊ လိပ်ပါးနီ အပြင် အခြား Monster Fish သမားတွေလွှတ်ထားတဲ့ မျိုးစိတ်ပေါင်းများစွာကြောင့် ဆိုးကျိုးတွေကို ခံစားနေရပါပြီ။
ကျူးကျော်မျိုးစိတ်တွေကြောင့် နိုင်ငံတစ်နိုင်ငံဟာ ငွေကြေးသန်းပေါင်းများစွာ ဆုံးရှုံးရတဲ့ ဉပမာပေးလို့ရနိုင်တဲ့ ဖြစ်ရပ်တွေလည်းရှိပါတယ်။

တစ်ပိုင်တစ်နိုင် ကာကွယ်ကြစို့လား?

ယခုတရားဝင်ပိတ်ပင်မှုစာထွက်ပြီးနောက်မှာ လက်ဝယ်မွေးထားမိနေသူတွေ အနေနဲ့ ငါးများကို စိုးရိမ်စိတ်ကြီးပြီး သဘာဝထဲ အဆင်ပြေသလို လွှတ်တာမျိုးမလုပ်ပဲ သက်တမ်းကုန်သည်အထိ ဆက်မွေးသင့်ပါတယ်။

ကျွန်တော်တို့အနေနဲ့ မွေးကြသူတွေရော၊ ငါးမျှားဝါသနာရှင်တွေပါ အဖက်ဖက်ကနေ ဒီ ကျူးကျော်ဝင်ရောက်မျိုးစိတ်တွေ ပြဿနာကို တစ်ပိုင်တစ်နိုင်ဖြေရှင်းလို့ရပါတယ်။

Monster Fish မွေးကြသူများအနေနဲ့လည်း ကိုယ်မွေးသမျှငါးတွေက ပြည်ပက သားရဲငါးမျိုးစိတ်တွေဖြစ်ပြီး ဒေသမျိုးရင်းတွေကို ဒုက္ခပေးနိုင်တဲ့အတွက် စမွေးကတည်းက အဆုံးထိဘယ်လိုတာဝန်ယူမလဲဆိုတာ စဉ်းစားဆုံးဖြတ်ပြီး တာဝန်ယူနိုင်မှု အပြည့်နဲ့မွေးမြူဖို့လိုအပ်ပါတယ်။

ငါးအရွယ်ကြီးလာတဲ့အခါ "အဆင်ပြေသလို သွားလွှတ်တာမျိုးကို လုံးဝရှောင်ကြဉ်ရပါမယ်" ဒီလိုလုပ်မယ့်အစား "တိရစ္ဆာန်ရုံ၊ ငါးပြတိုက်ကိုသွားလှူတာမျိုး" နောက်ဆုံးမတတ်တိုင်တဲ့အဆုံး ငရဲကြီးပေမယ့် "ကိစ္စတုံးပေးသင့်ရင်လဲ လုပ်ရမှာပါပဲ"။

ငါးမျှားဝါသနာရှင်တွေ အနေနဲ့လည်း ကိုယ်မျှားချင်စိတ်ကိုပဲ ရှေ့တန်းတင်ပြီး သွင်းချင်တဲ့ ငါးမျိုးတွေ သွင်းပြီးလွှတ်တာမျိုးကလည်း ရှောင်ကြဉ်သင့်တဲ့လုပ်ရပ်ပါ။ အခုလို Peacock Bass ငါးမျိုးတွေ အများကြီးဖမ်းမိတယ်ဆိုတာကလည်း ငါးမျှားဝါသနာရှင်တွေကိုယ်တိုင်ကအသိပေးမှလည်း သိခဲ့ရတာပါ။ အခြားနိုင်ငံတွေမှာ ကျူးကျော်ငါးမျိုးစိတ်တွေကို သုတ်သင်ရှင်းလင်းဖို့လုပ်တဲ့အခါ ငါးမျှားဝါသနာရှင်တွေကိုပဲ အားကိုးပြီး ငါးမျှားပြိုင်ပွဲတွေပြုလုပ်ပြီး ကျူးကျော်မျိုးစိတ်တွေကို ရှင်းရတာပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ငါးမျှားဝါသနာပါသူများကို Peacock Bass တစ်ကောင်ကို မိပြီဆိုတာနဲ့ "လုံးဝပြန်လွှတ်တာမျိုး မလုပ်ပဲ မိတဲ့နေရာမှာတင် သုတ်သင်ရှင်းလင်းလိုက်ပါ"၊ နောက်ပြီး "Peacock Bass အသားကလဲ စားလို့ကောင်းပါတယ်" ကကတစ်ငါးလို အရသာမျိုးနဲ့ ကကတစ်ဟင်းလျာချက်နည်းများအတိုင်း စားသုံးနိုင်မှာပါလို့ အကြံပေးချင်ပါတယ်။

အားလုံးပဲ ကိုယ်စီကိုယ်စီ ကိုယ့်နိုင်ငံရဲ့ ဒေသမျိုးရင်း အရင်းမြစ်များကို ကာကွယ်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း Waterways of Myanmar မှ နိဂုံးချုပ်ပါရစေဗျာ။

Article By Shin Paing

Credit: WaterwaysofMyanmar

24/07/2020

အဏ္ဏ၀ါအေးရိပ်က ကြိုဆိုပါတယ်။
အလှမွေးငါးရောင်းဝယ်ရေး Page အသစ်လေးပါ။ ငါးလေးတွေ ရောင်းပေးမယ်။ ငါးချစ်သူများ အားပေးကြပါနော်။

24/07/2020
24/07/2020

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Annawa Aye Yeik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share