10/01/2021
ဒီနေ့တော့ ဝယ်နေကျ pet shopလေးတွေ အကြောင်း reviewရေးပေးချင်ပါတယ်
❌Not sponsored post❌
1️⃣Hi pet shop
Mochi မေမေရော Miaမေမေရော ဝယ်နေကျက Hi pet shopပါ အိမ်နဲ့နီးလို့လည်းပါသလို ပစ္စည်းလေးတွေလည်း စုံသင့်သလောက်စုံပြီးစျေးလည်းတန်ပါတယ် တော်ရုံတန်ရုံအားဆေးကအစ accessoriesအစုံရပါတယ် covid မဖြစ်ခင်ကတော့ ဆိုင်သွားဝယ်ဖြစ်ပြီးနောက်ပိုင်းတော့ Deliveryနဲ့ဘဲ မှာဖြစ်ပါတော့တယ် Mochiအတွက်ဆို အမြဲမှာနေကျ ဆိုင်လေးတစ်ခုလည်း ဖြစ်ပါတယ် Mia အတွက် ဂါဝန်လေးတွေဝယ်နေကျဆိုင်ဆိုလည်းမမှားပါဘူး
2️⃣Ayar pet shop
ဒီနေ့မှ ပထမဆုံးမှာဖူးပေမယ့် တော်တော်အဆင်ပြေလို့ အာဝုမေမေတို့အတွက် လက်တို့တာပါ
Mochiက ငယ်ငယ်က အစုံစားပါတယ် snack ဆိုလည်းကျွေးသမျှ တီးပါတယ် အခုနောက်ပိုင်းဆို snackဖြစ်ဖြစ် mealဖြစ်ဖြစ် ဂျီးထူ အီးရှူ ဂျီးများ အီးစားပါ😏
Bok bok snack မှစားပါတယ် အရင်က jerhigh လည်း ငမ်းငမ်းတတ် pramaလည်း ငမ်းငမ်းတတ်ပါ အခုတော့ ဟိုရှူဒီရှူပဲများများပါ Bok bokကို အရင်က Paws & Co.က မှာပါတယ် mia မေမေနဲ့၂ယောက်ပေါင်းမှာပါတယ် deliveryခ သက်သာတယ်လေ😎 တခြားမုန့်လိုချင်တော့ တခြားpet shop က ထပ်မှာတော့ နည်းနည်းပို အလုပ်ရှုပ်တယ်လို့တွေးမိပါတယ် (deliခနှမြောတာပါ)Ayar pet shopမှာက bok bok, dogster, catster, zeal, kin+kind, waggy waggy ပါမကျန်တခြားsnackတွေလည်း မျိုးစုံရတော့ တစ်ချက်ခုတ်ပြီးလေးငါးချက်လောက်ပျက်ပါတယ်😌🤭
3️⃣ Tone tone chit
Ginger တို့မေမေဝယ်နေကျဆိုင်ပါ စျေးသည်ကြီးတုန်တုန်ချစ်ရဲ့ စျေးရောင်းcaptionတွေနဲ့တင် ဝယ်ချင်စရာကောင်းနေပါတယ် စျေးမှန်စျေးတန် ပစ္စည်းစုံပါတယ် မြောင်လေးတွေအတွက် food,snack,accessories အစုံရပါတယ်
ဆိုင်လိပ်စာလေးတွေနဲ့ တခြားအသေးစိတ်သိချင်ရင် ခုmentionထားတဲ့pageတွေမှာ သွားမေးလို့ရပါတယ် Mochi မေမေနဲ့ Miaမေမေကိုတော့ လိပ်စာနဲ့ပတ်သက်ပြီး မမေးပါနဲ့ (၂ယောက်ပေါင်းရှာတာတောင် ရွှေတိဂုံဘုရားအောင်မြေမတွေ့ အိမ်ပြန်လမ်းတောင်တခါတလေမပြန်တတ် လမ်းပျောက်သမားတွေပါ🤫)
🐾HI
🐾A-Yar Pet Shop
🐾Wendy’s Cats
အာဝုမေမေတွေ မြောင်မေမေတွေအတွက်တခြားအဆင်ပြေတဲ့ဆိုင်လေးတွေလည်း အများကြီးရှိပါလိမ့်မယ်
ဒါလေးတွေကတော့ ညီမတို့ကလေးတွေအတွက် ဝယ်နေကျအဆင်ပြေဆုံး ဆိုင်လေးတွေမို့ sharingလုပ်ပေးတာပါ
❌Not sponsored post❌