Diary of O’Luv

  • Home
  • Diary of O’Luv

Diary of O’Luv A Labrador named O’Luv and her lovely memories

Crown မှာ Woof Pregnancy ကို စစ်နိုင်ပြီတဲ့ရှင့်! 🎉👏👏👏🥳
21/01/2024

Crown မှာ Woof Pregnancy ကို စစ်နိုင်ပြီတဲ့ရှင့်!
🎉👏👏👏🥳

🐾 Pregnancy detection in Dogs and Cats 🐾

ခွေးလေးတွေ ကြောင်လေးတွေမှာ ကိုယ်ဝန်ရှိ မရှိ စမ်းသပ်ခြင်း (pregnancy detection) ကို

1. လက်ဖြင့်ဗိုက်ကို စမ်းကြည့်ခြင်း Physical examination (abdominal palpation)
2. ဓာတ်မှန်ရိုက်ခြင်း (Xray-Radiology)
3. အာထရာဆောင်းရိုက်ခြင်း (Ultrasound-Ultrasonography)
4. Test kit ဖြင့်စစ်ဆေးခြင်း (Relaxin Assay Test) တို့ဖြင့်စစ်ဆေးလေ့ရှိပါသည်။

ဒီ topic လေးမှာတော့ Xray နှင့် Ultrasound ဖြင့် Pregnancy Detection ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ခွေးနှင့်ကြောင်တွေမှာ ကလေးအရိုးစု (fetal skeleton) ဟာ သားစပ်ပြီး/ မိတ်လိုက်ပြီး 28 ရက်အကြာမှာစတင်ပြီး အရိုးပုံစံ (calcify) စဖြစ်ပေါ်ပေမယ့်လည်း Xray မှာ ကလေးအရိုးစု (fetal skeleton) ကို ကိုယ်ဝန်ဆောင်ကာလ 42-45 days လောက်မှမြင်ရတတ်ပါတယ်။

Xray နဲ့က Pregnancy detection ကို ကလေးအရိုးစု (fetal skeleton) ရှိ မရှိကြည့်ပြီးခန့်မှန်းသိရှိနိုင်တာဖြစ်ပါတယ်။

ဒါကြောင့် Xray နဲ့ Pregnancy detection လုပ်မယ်ဆိုရင် ပိုပြီးသေချာချင်ရင် ကိုယ်ဝန်ဆောင်ကာလ 47-48 days လောက်မှာ ရိုက်မှသိရှိနိုင်မည်ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်ကာလ 45 days မတိုင်ခင် Fetal skeleton ကိုသေချာမမြင်ရခင်မှာ Xray ရိုက်မိရင် Xray မှာ သားအိမ်ကြီးနေတာမျိုးပဲမြင်ရပြီး သားအိမ်ကြီးနေတာက ကလေးရှိလို့ကြီးနေတာလား သို့ မဟုတ် သားအိမ်ပြသနာ (သားအိမ်ပြည်တည်နာ pyometra)ဖြစ်နေလို့ကြီးနေတာလား
ဆိုပြီး သေချာမခွဲခြားနိုင်တော့ပါ။

နောက်ထပ် Xray နဲ့သိရှိနိုင်တာကတော့ Fetal size (ကလေးအရွယ်အစား)နဲ့ Fetal number (ကလေးအရေအတွက်)ပဲ ဖြစ်ပါတယ်။

Fetal size & Fetal number ကိုသိချင်ရင်တော့ ကိုယ်ဝန်ဆောင်ကာလ 55 days နောက်ပိုင်းရိုက်မှသာ ပိုအဆင်ပြေပါတယ်။

Ultrasound နဲ့က Pregnancy detection ကို gestational sac (သန္ဓေသားရှိမယ့်အိတ်) ကြည့်ပြီး သိရှိနိုင်တာဖြစ်ပါတယ်။

Ultrasound နဲ့ကတော့ Pregnancy detection ကို ကိုယ်ဝန်ဆောင်ကာလ 25-35 days မှာ စပြီးစစ်ဆေးလို့ရပါပြီ။ ကိုယ်ဝန်ဆောင်ကာလ 21 days မတိုင်ခင် ရိုက်မိရင်တော့ False negative result ရနိုင်ပါတယ်။

Ultrasound နဲ့က gestation age (ကိုယ်ဝန်ဆောင်ကာလ)၊ Fetal viability(ကလေးအသက်ရှင်/မရှင်), Fetal heartbeat (ကလေးနှလုံးခုန်နှုန်း) နှင့် appearance of fetal structure (ကလေးပုံစံ) တို့ကိုသိရှိနိုင်ပါသည်။ ဒါ့အပြင် တခြားသောသားအိမ်ပြဿနာတို့ကိုလဲ သိရှိနိုင်တာကြောင့် ကိုယ်ဝန်လားသားအိမ်ပြသနာလားဆိုတာကို ကောင်းစွာခွဲခြားသိရှိနိုင်မည်ဖြစ်ပါသည်။

အချုပ်အားဖြင့် Xray နဲ့ဆိုရင် Pregnancy detection ကို ကိုယ်ဝန်ဆောင်ကာလ45 ရက်နောက်ပိုင်းမှစမ်းသပ်နိုင်ပြီး ကလေးအရွယ်အစားနှင့် ကလေးအရေအတွက်ကိုသိရှိနိုင်မည်ဖြစ်ပါသည်။

Ultrasound နဲ့ကတော့ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းကာလမှာစတင် စမ်းသပ်နိုင်ပြီး ကလေးအသက်ရှင်/မရှင်နှင့် သားအိမ်ပြသနာကောင်းစွာခွဲခြားသိရှိနိုင်မည်ဖြစ်ပါသည်။

ဒါကြောင့် မိမိတို့ရဲ့ pet လေးတွေ ကိုယ်ဝန်စမ်းသပ်
စစ်ဆေးလိုလျှင် မိမိသိရှိလိုသောအကြောင်းအရာကို သက်ဆိုင်ရာဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး စစ်ဆေးနိုင်ပြီဖြစ်ပါသည်။

Merry Christmas to you all ! အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေ ပိုင်ဆိုင်ကြပါစေလို့ Mommy ÓLuv နဲ့ မီးမ...
25/12/2023

Merry Christmas to you all !

အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးတွေ ပိုင်ဆိုင်ကြပါစေလို့ Mommy ÓLuv နဲ့ မီးမီးလေး Cola မှ ဆုတောင်းပေးပါတယ်ရှင့်

💛🖤





Merry Christmas ! 🎄🎁
25/12/2023

Merry Christmas ! 🎄🎁

Merry Christmas to you all!!!
သာယာပျော်ရွှင်ချမ်းမြေ့ဖွယ် ခရစ်စမတ်နေ့ကလေးဖြစ်ပါစေလို့ Crown Vet Resources မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🐶🐱🐭🐹😇

အသက်ကဖြင့် ၂ နှစ်မပြည့်သေးဘူး သူ့အမေရဲ့ ဖျင်တုံးကို အမီလိုက်တော့မယ့် Cola လေး 🤭😚🖤💛 #မုန့်မျှော်ချိန်
10/12/2023

အသက်ကဖြင့် ၂ နှစ်မပြည့်သေးဘူး
သူ့အမေရဲ့ ဖျင်တုံးကို အမီလိုက်တော့မယ့် Cola လေး 🤭😚🖤💛

#မုန့်မျှော်ချိန်




20/11/2023

ÓLuv Luvpacks ထဲက နံပါတ် ၃ ယောက်မြောက် Cola လေး
အလိမ္မာဆုံး အကြောက်တတ်ဆုံးလေး
ÓLuv ငယ်ငယ်တုန်းက spoiled kid ဖြစ်ခဲ့သမျှ သူလေးကိုကျတော့ ငယ်ငယ်လေးကတည်းက အိမ်မှာပဲ ကိုယ်တိုင်သင်ပေးထားခဲ့တာ
ခုတော့ ဖွားသည်းလေးဖြစ်နေတဲ့ ကိုယ့်သမီးလေး 🖤😘





ဖိုးဖိုး Dr 🥰🩶
23/10/2023

ဖိုးဖိုး Dr 🥰🩶

Nono နိုနို လေးနဲ့ ဆုံခဲ့တဲ့ အမှတ်တရလေးပါပဲနိုနိုလေးကို Facebook video လေးတွေကနေ တွေ့ပြီး ကြည့်နေချစ်နေရတာ။ မျက်လုံးဝိုင...
17/10/2023

Nono နိုနို လေးနဲ့ ဆုံခဲ့တဲ့ အမှတ်တရလေးပါပဲ

နိုနိုလေးကို Facebook video လေးတွေကနေ တွေ့ပြီး ကြည့်နေချစ်နေရတာ။
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မျက်ခုံးလေး ပင့်ပင့်ပြီးကြည့်တဲ့ အကြည့်တွေနဲ့ ရင်ထဲရောက်နေခဲ့တာ။
အပြင်မှာ ÓLuv တို့နဲ့ Husky anniversary ပွဲကျတော့မှ အမှတ်တမဲ့ ဆုံလိုက်တုန်းလေး နှုတ်ဆက်နေကြတာ…..

အခုလို နိုနိုလေး ရုတ်တရက်ဆိုသလို ထွက်သွားရတော့ ရင်ထဲခံစားရပါတယ်။
ကျမ ကိုယ်တိုင်လည်း အရင်က မွေးခဲ့ဖူးတဲ့ ခလေးတွေကို ဆုံးရှုံးခဲ့ရဖူးလို့ အဲ့ဖြစ်ရပ်ဆိုးတွေဟာ အခုထိပြန်တွေးမိတိုင်း မျက်ရည်ကျနေရဆဲပါပဲ….

ကျမကြိုးစားမယ်….ကျမတို့ချစ်တဲ့ ခလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွား ရှင်သန်နိုင်ဖို့
သက်တမ်းစေ့နေနိုင်ဖို့…
ရသင့်ရထိုက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရနိုင်ဖို့
ချစ်တဲ့ သူတွေနဲ့ အကြောင်းမဲ့ခွဲခွါရတာမျိုး
မဖြစ်သင့်တဲ့ ခွဲခွါခြင်းမျိုးတွေ မလိုချင်တော့ပါဘူး
မဖြစ်စေချင်တော့ပါဘူး…..

ကျမကိုယ်တိုင်လည်း ကျမသမီး ÓLuv & Cola လေးနဲ့ မခွဲနိုင်ဘူး
ကျမ ကြိုးစားပါမယ်……

With my deepest condolences for NoNo & families 😔

Tote bag နဲ့ အလုပ်တက်လို့ သမီးတော်တွေကို လွမ်းနေရတဲ့ Mommy အတွက် 🥺Furballs နဲ့ Bark Appétit ရဲ့အပုလေးတို့ Mommy က လက်ချေ...
06/10/2023

Tote bag နဲ့ အလုပ်တက်လို့ သမီးတော်တွေကို လွမ်းနေရတဲ့ Mommy အတွက် 🥺
Furballs နဲ့ Bark Appétit ရဲ့အပုလေးတို့ Mommy က လက်ချောင်ပေးတာတဲ့ချင်….😍

ပေးတာတော့ လာမယ့် Sunday October 8 ရက်နေ့မှာ အသက် ၅ နှစ်ပြည့်မယ့် O’Luv မွေးနေ့အတွက် အမှတ်တရပေါ့ချင်
💛5️⃣💛

ဒီ mommy ကတော့ ပျော်လိုက်တာ 🥰🥳

နွက်တွေလည်း ကုန်နေတာသိလို့ ထည့်ပေးလိုက်သေး 😍

ခုလို မီးတို့ပုံလေးတွေနဲ့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလက်ဆောင်လေးအတွက် တီမွန်းကိုကျေးဂျူးအညားဂျီးတင်ပါတယ်ချင်

We woof U 😘😘🖤💛

ခုလိုမျိုး ကိုယ့်အချစ်တုံးပုံလေးတွေနဲ့ Tote bag လေးတွေ customized ထုတ်ချင်ရင် တီမွန်းNann Sandi Moon ကို မေးကြည့်ပါနော်

အရမ်းလက်ရာသပ်ရပ်ပြီး ချစ်ဖို့ကောင်းပါတယ်။



O’Luv : သင်သိပါသလား….ကျယ်မ O’Luv တွင် Mochi_နန့်လတ်စိန် ဟုခေါ်သော ပျံလွှားမသမီးတစ်ကောင် ရှိတယ်ဆိုတာ 🥴Mochi : Mommy ကလည်း...
05/10/2023

O’Luv : သင်သိပါသလား….ကျယ်မ O’Luv တွင် Mochi_နန့်လတ်စိန် ဟုခေါ်သော ပျံလွှားမသမီးတစ်ကောင် ရှိတယ်ဆိုတာ 🥴

Mochi : Mommy ကလည်း သမီးကိုပဲပြောနေတော့တာပဲ

O’Luv : အော်အေ….ကိုယ့်ပုံကိုယ်လည်းကြည့်ဦး Barkskies မှာ ခုန်ပျံကျော်လွှားနေတဲ့ဟာ 🙄

Mochi : ဟင်…ဒါနဲ့နေပါဦး…နောက်ဆုံးပုံက မာမီ့ပုံမဟုတ်ဘူးလား 🫤

O’Luv : အော်…အင်း…..အဟဲ….ဟုတ်သားပဲ 😁
ညည်းက မာမီငယ်ငယ်ကနဲ့တူတာများလားအေ 😅


သမီးရေ ထထ လာတော့ လာတော့ မွေးတော့မယ် ထင်တယ်! အောက်ထပ်ကနေ ကျမ မေမေက ဖုန်းဆက်နှိုးတာနဲ့ အတူ မှေးကနဲဖြစ်နေရာကနေ ပြန်နိုးလာတယ...
26/08/2023

သမီးရေ ထထ လာတော့ လာတော့ မွေးတော့မယ် ထင်တယ်!
အောက်ထပ်ကနေ ကျမ မေမေက ဖုန်းဆက်နှိုးတာနဲ့ အတူ မှေးကနဲဖြစ်နေရာကနေ ပြန်နိုးလာတယ်။

အချိန်က မနက် ၅ နာရီခွဲ
တစ်ညလုံး ÓLuv ကို ကလေးမွေးပေးဖို့ စောင့်နေရင်း မနက် ၅ နာရီလောက်ကျတော့ ခနလေးတော့နားမှရမယ်ဆိုပြီး မေမေနဲ့ မီးနေခန်း Duty change ပြီး ခနဝင်မှေးနေတဲ့ကျမ ဖုန်းသံနဲ့အတူ ပြန်နိုးလာပါတယ်။

ÓLuv ကို ဆင်းကြည့်တော့ သွေးရောင်အချွဲလေးတွေနဲ့ အရည်ကြည်လေးတွေ နဲနဲစီ ဆင်းနေတာတွေ့ရတယ် ။ ဒါဆိုရင်တော့ သားအိမ် အပြည့်ပွင့်လာပြီလို့ သတ်မှတ်လို့ရပြီ ဆိုတော့ ကျမ ငုတ်တုတ်စောင့်ရလေသတည်းပေါ့လေ 😄

Fact # # လူတွေမှာတော့ သားအိမ်ခေါင်း စပြီး ပွင့်တဲ့အချိန်ကနေ အပြည့်အဝပွင့်ပြီး မွေးနိုင်ဖို့ဆိုတာ မီးဖွားခြင်း အဆင့်(၁) (1st stage of Labour) လို့ သတ်မှတ်ပါတယ်။ အဲ့အဆင့်တွေမှာ ဗိုက်နာတာလည်း တွေ့ရပါတယ်။
ဝုလေးတွေမှာဆိုရင်တော့ ပြီးခဲ့တဲ့ အပိုင်း(၁)မှာရေးသလို ဂဏာမငြိမ်ဖြစ်တာ ၊ အသိုက်တွေတူးတာ စတဲ့ အမူအကျင့်တွေကနေ အခုလို အချွဲလေးတွေဆင်းပြီး သားအိမ်ခေါင်းပွင့်ပြီဆိုတဲ့ အထိကို မီးဖွားခြင်းအဆင့်(၁) လို့ သတ်မှတ်ပါတယ်။ ပုံမှန်အားဖြင့် ၆နာရီကနေ ၁၂ နာရီလောက်ကြာတတ်တယ်။ ÓLuv ကတော့ ၁၂ နာရီလောက် ကြာခဲ့ပါတယ်။

အချွဲလေးတွေ ဆင်းနေတော့ သန့်ရှင်းရေးလေးလုပ်ပေးပြီး သူ့ဗိုက်လေးကို ပွတ်ပေးပြီး စောင့်နေကြတာပေါ့။ ÓLuv ဟာ ဗိုက်စနာကတည်းက ကျမ နဲ့ ကျမမေမေရဲ့ ပေါင်ပေါ်ကို ခေါင်းတင်ပြီး မှေးတတ်တာ ခုထိပါပဲ။ ကျမတို့သားအမိကို သူအားကိုးပါတယ်ဆိုတဲ့ အကြောင်းကို သူ့မျက်လုံးတွေကနေ ပြောပြနေသလိုပါပဲ။

ကျမရောက်လာတော့ မေမေ့ပေါင်ပေါ်ခေါင်းတင်ပီးလှဲနေရာကနေ ကုန်းထလာပြီး ကျမကို လာနမ်းတယ်။ ဒါနဲ့ပဲ သူ့ကို ဖက်ထားပေး ဗိုက်တွေပွတ်ပေးရင်း လက်အိတ်စွပ် အနှီးကိုင်ပီး ဂိုးဖမ်းဖို့စောင့်နေလေသတည်းပေါ့လေ 😄

ကျမရော ကျမအမေရော ဆရာဝန်အနေနဲ့ လူနာတွေကို ကလေးတွေအများကြီး မွေးပေးခဲ့ဖူးလို့ အတွေ့အကြုံရှိပေမယ့် ကိုယ့်ဝုသမီးလေးရဲ့ ကလေးလေးတွေကို မွေးပေးဖို့ကျတော့ ပထမဆုံးအကြိမ် အတွေ့အကြုံမို့လို့ ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ကြတာတွေ အမှန်ပါပဲ။

ဒါနဲ့ပဲ မနက် ၈ နာရီ တိတိမှာ ပထမဆုံး Cream ရောင် သားလေး Pudding က ရှေ့ဆုံးကနေ မွေးထွက်လာပါတယ်။ ÓLuv က ကျမ ပေါင်ပေါ်ခေါင်းအုံးထားလို့ ကျမက ခေါင်းရင်းကနေ လှုပ်မရ၊ အမေက ခြေရင်းဘက်မှာ ကင်မရာအသင့်ချိန်ပြီး ကြည့်နေတုန်း ကလေးက ကိုယ်တစ်ပိုင်းလောက် ထွက်လာမှ “ဟယ် ထွက်လာပီ ထွက်လာပီတော့” ဆိုပီး ထအော်တဲ့အချိန်ကတော့ ရီလည်းရီရ ရင်လည်းခုန်ရတဲ့အချိန်ပါပဲ 😂။

ပထမဆုံးထွက်လာတဲ့ ကလေးလေးကို အချွဲတွေသုတ်ပေး ချက်ကြိုးဖြတ် သန့်ရှင်းရေးလုပ်ပေးပြီး ÓLuv နို့ကို တပ်ပေးလိုက်တာနဲ့ အားရပါးရစို့ပြီးချက်ချင်းကို လုံးအိတက်လာတာများ တကယ့်ကိုပူတင်းကိတ်လေးနဲ့တူလွန်းလို့ Pudding (ပူတင်း)ဆိုတဲ့ နာမည်နဲ့ ကွက်တိပါပဲ။

ဒါနဲ့ ဆက်ပြီး ကလေးတွေကို စောင့်ကြိုနေလိုက်ကြတာ မနက် ၉:၄၅ မိနစ်မှာ ဒုတိယကလေး Lava (Black girl) လေးထွက်လာပြီး ၁၀:၅၃ မှာ တတိယကလေး Cola (Black girl) လေး နဲ့ ၁၁:၃၅ မှာ စတုတ္ထကလေး JD (Black boy) လေး တန်းစီပြီး ရှောရှောရှူရှူ ထွက်လာခဲ့ပါတယ်။

ကျမတို့ Woof OG အဖွဲ့မှာလည်း ကျမရယ် ကျမမေမေရယ် အပြင် အဒေါ်အငယ်ဆုံးရယ် အစ်မဝမ်းကွဲ ရယ်ကလည်း လာပြီး အားဖြည့်ကြပါသေးတယ်။ ကျမကတော့ ပင်တိုင်ပေါ့ 😄။ နေ့လည်လောက်ကျတော့ ကိုယ်တွေလည်း ထမင်း ထစားရင်း ခနတစ်ဖြုတ် ခါးဆန့် ၊ ÓLuv လည်း ခြံထဲမှာ ရှူးပေါက် အီးပါ ခနခြေဆန့်ပြီး သူ့ကိုလည်း အားရှိအောင် ဆိတ်နို့တွေ ကြက်ဥတွေ ဓါတ်ဆားရည်တွေ အဆက်မပြတ် တိုက်ရပါသေးတယ်။

တစ်နေကုန် ÓLuv ကို ပြုစုရင်း ကလေးလေးတွေကိုလည်း ပြုစုရင်းနဲ့ ၅ ကောင်မြောက် Mochi (Cream girl ) လေးကို နေ့လည် ၃နာရီခွဲမှာ မွေးပါတယ်။ Mochi လေးက မွေးကတည်းက နို့သိပ်မစို့ပဲ အိပ်ပဲအိပ်နေတာများလို့ မနည်းချော့ပြီး နို့တိုက်ရတယ်။ ငယ်ငယ်လေးကတည်းက အဲ့လို အစားနည်းလို့ သူလေးက မွေးချင်းတွေကြားထဲမှာ နဲနဲညှက်ချင်တယ်။ ခုတော့ မောင်းသွင်းသလိုပဲ အကုန်စားပြီး နန့်လတ်စိန်ဖြစ်နေပါပီ 😅။

တစ်နေကုန် ပင်ပန်းထားတဲ့ ÓLuv လေးဟာ အရမ်းသနားဖို့ကောင်းနေပါတယ်။ လူတွေ ပုံမှန်ကလေးတစ်ယောက်မွေးရတာတောင် သားအိမ်ညှစ်တဲ့အနာ၊ သွေးဆင်းလို့ ခံစားရတဲ့ပင်ပန်းမှု၊ ကလေးညှစ်ထုတ်ရလို့ အားကုန်တာ၊ စတဲ့ ပင်ပန်းမှုမျိုးပေါင်းစုံနဲ့ သူတို့လေးတွေကကျတော့ ကလေးတွေလည်း အကောင်ရေ ၇ကောင် ၈ကောင်လောက်ကို တစ်နေ့တည်း မွေးထုတ်ရတာဆိုတော့ ဘယ်လောက်​တောင် ပင်ပန်းနေလိမ့်မလဲဆိုတာ တွေးမိတယ်။

ညနေလောက်ကျတော့ ÓLuv ဟာ ဗိုက်နာနေပေမယ့်လည်း သူ့ညှစ်အား သိသိသာသာလျော့လာတာကိုတွေ့ရတယ်။ သားအိမ်ညှစ်ဆေး တစ်လုံးပြီးတစ်လုံးထိုးပေးပေမယ့်လည်း သိပ်အခြေအနေမထူးသေး၊ ÓLuv ကလည်း မောပြီးပင်ပန်းနေပုံပေါက်တော့ ကျမမှာ စိတ်ပူစပြုနေပြီ။ အမည်မဖော်လိုတဲ့ ဆေးခန်းတစ်ခုကို ၂ခါတိတိ သွားပင့်တော့ သူတို့မှာ လူနာတွေရှိလို့ မလိုက်နိုင်ပါဘူးဆိုပြီး သားအိမ်ညှစ်ဆေးပဲ ထပ်ပေးလိုက်ပါတယ်။

ကျမက ဖြစ်နိုင်ရင် ÓLuv ကို ခွဲမမွေးစေချင်တာပါ။ မေ့ဆေးပေးရမှာတွေ ၊ ဒဏ်ရာနဲ့ နေရခက်မှာတွေ တွေးပူမိပြီး သူ့ကို ဒဏ်ရာမရစေချင်တာနဲ့ အရမ်းစိတ်ပူနေရပါပြီ။ ÓLuv အတွက် ဆုံးဖြတ်ချက်ချဖို့ကလည်း ကျမအပေါ်ပဲမူတည်နေတာဆိုတော့ ဆုံးဖြတ်ရပါပြီ။

ဒါနဲ့ ကျမတို့လည်း ညနေကတစ်ဖြည်းဖြည်းနောက်ကျလာသည့်တိုင် ကလေးဆက်ထွက်မလာရင် အဲ့အချိန်က Curfew ချိန်က ည ၁၀ နာရီနဲ့ ဒုက္ခရောက်မှာမို့ Hong Kong က ကျမရဲ့ ဦးလေး Vet Surgeon Dr တင့်နိုင် ကို ချက်ချင်းဖုန်းလှမ်းဆက်ပြီး သူ့ရဲ့ Instruction နဲ့အတူ AMSC ဆေးရုံကိုချက်ချင်းပြေး၊ ကလေးတွေကိုပါ ခြင်းတောင်းကြီးနဲ့ ထည့်လာ၊ မေမေက ကားမောင်း၊ ကျမက နောက်ခန်းထဲမှာ ÓLuv ကို ထိန်းရင်း ဆေးခန်းပြေးကြရပါတယ်။ ဆေးခန်းသွားတဲ့လမ်းတစ်ဝက်မှာပဲ ၆ကောင်မြောက် Chedder (Cream boy) လေးကို အသက်မဲ့စွာ မွေးထုတ်လာခဲ့ပါတယ်။ ကျမလည်း မျက်ရည်တွေကြားထဲကပဲ ကလေးကို ချက်ကြိုးဖြတ် သန့်ရှင်းရေးလုပ်ပြီးအသက်ကယ်ဖို့ကြိုးစားပေမယ့်လည်း မကယ်နိုင်ခဲ့ပါဘူး။ 😣

ဆေးခန်းရောက်တာနဲ့ ချက်ချင်းပဲ ဓါတ်မှန်ရိုက် အထဲမှာ ဘယ်နှကောင်ကျန်လဲဆိုတာကို confirm တော့ တစ်ကောင်ကျန်သေးတယ်။ ဟုတ်ပီ ဒါဆို အဲ့ကလေးရဲ့ နှလုံးခုန်တဲ့အခြေအနေသိချင်လို့ Ultrasound ရိုက်ကြည့်တော့ နှလုံးကခုန်သေးတယ်။ ဒါနဲ့ ချက်ချင်းအကြောဆေးသွင်းပြီး သားအိမ်အားဆေးသွင်းပြီး အချိန်က အရမ်းကပ်နေလို့ နာရီဝက်နေလို့မှမထွက်လာရင် မဖြစ်မနေခွဲရတော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး စောင့်ကြည့်နေကြပါတယ်။

နောက်ဆုံးသတ်မှတ်ထားတဲ့ အချိန်စေ့လို့ နောက်ဆုံးကျမမျက်နှာကို ကြည့်နေကြတဲ့အချိန်မှာ ÓLuv လေးဟာ ကလေးညှစ်ထုတ်မယ့် လက္ခဏာတွေ ပြနေလို့ ဝမ်းသာအားရ စောင့်ကြည့်နေရင်းနဲ့ကိုပဲ ၇ ကောင်မြောက် Choco (Brown Boy) လေးဟာ အောင်မြင်စွာနဲ့ ကျန်းကျန်းမာမာမွေးထွက်လာခဲ့ပါတယ်ရှင်။

အိမ်အပြန်လမ်းမှာတော့ ကျမတို့မိသားစုတွေ သံယောဇဉ်အသစ် ၆ ကြိုးလေးတွေကို ထွေးပွေ့ရင်း
သူတို့လေးတွေအတွက် ဘယ်လိုအကောင်းဆုံးကြိုးစားစောင့်ရှောက်ပေးရမလဲဆိုတာပဲ တွေးမိနေပါတော့တယ်…………

ကမ္ဘာပေါ်ရှိ စကားမပြောတတ်တဲ့ တိလေးတွေလည်း အသက်တစ်ချောင်းကို အမြတ်တနိုးတန်ဖိုးထားပြီး ကျန်းကျန်းမာမာနဲ့ ရှင်သန်ပျိုးထောင်ခံရပါစေလို့ ကျမနဲ့ ÓLuv & Love packs family မှ ဆုတောင်းလိုက်ရပါတယ်ရှင် 🙏

Diary of Mommy ÓLuv အပိုင်း(၁) ⬇️
https://www.facebook.com/100080251945707/posts/202892009062529/?mibextid=cr9u03

Happy International Dog Day ❤️

သာယာတဲ့နေ့လေးတွေဆိုတာ….💛🖤
17/08/2023

သာယာတဲ့နေ့လေးတွေဆိုတာ….💛🖤

ခါးလေးလှုပ်ကာ လမ်းလျှောက်သွားရင် သူငယ်လေးတွေကြည့်တယ်မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြလိုက်ရင် တစ်ပြုံကြီးပါလာမယ် 😜  ှÓLuvဘဝ  ...
06/07/2023

ခါးလေးလှုပ်ကာ လမ်းလျှောက်သွားရင် သူငယ်လေးတွေကြည့်တယ်
မျက်လုံးလေးတစ်ဖက်ကို မှိတ်ပြလိုက်ရင် တစ်ပြုံကြီးပါလာမယ် 😜

ှÓLuvဘဝ
#မတ်မတ်ÓLuv
#တစ်သားမွေးတစ်သွေးလှစင်ဂယ်မားသားဘွ

Thankful for such incredible tips. Cheers to admins 👏👏👏
15/06/2023

Thankful for such incredible tips.
Cheers to admins 👏👏👏

ဒီ Nairobi and Tokyo Page လေးကို May 01, 2021 မှာ စပြီးဖွင့်ဖြစ်ခဲ့ပါတယ်။ Allergic ဖြစ်လို့ ဆေးနဲ့မှ မထိန်းရင် မရတဲ့ Nairobi ကြီးကို Steroid တွေ မတိုက်ပဲနဲ့ အစားအသောက်နဲ့ အရေပြားပြသနာကင်းအောင် လုပ်ပေးရင်းကနေ ဖတ်ဖြစ်တဲ့ စာတွေထဲက Canine Nutrition နဲ့ပတ်သက်ပြီး အကုန်အကျသက်သက်သာနဲ့ ကိုယ့်အာဝုလေးတွေရဲ့ ကျန်းမာရေးအတွက် ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့ အချက်တွေကို အများဆုံး မျှဝေဖြစ်ခဲ့ပါတယ်။ Research Paper တွေ၊ Study တွေကိုအခြေခံပြီး နားလည်အောင်ပြန်ရေးပေးတာဆိုတော့ စာတွေတော့ရှည်ပါတယ်။ Article အနေနဲ့ အစားအသောက်နဲ့ပတ်သက်တဲ့ အစာခြောက်၊ အစာစို၊ Raw၊ wellness၊ longevity နဲ့ပတ်သက်တာတွေကို အခုရေ ၅၀ ကျော်မျှဝေခဲ့ပါတယ်။ Video အနေနဲ့တော့ Live sharing session လေး ၅ခု လုပ်ပေးဖြစ်ခဲ့ပါတယ်။ နောက်ပြီးတော့ We Talk Fresh ဆိုပြီးတော့ အစားအသောက်နဲ့ပတ်သက်တာ သီးသန့်၊ အပြင် Public မှာ မပြောချင်တဲ့ မပြောဖြစ်တဲ့ကိစ္စတွေကို ပြောဖြစ်ကြတဲ့ Group လေးတစ်ခုကိုလဲ Run နေပါတယ်။ Content တော်တော်များများကတော့ အများသိကြတဲ့ Mochi & Misty တို့ အမေ အမ Ariel Lin နဲ့ တိုင်ပင်ပြီး ရေးတာပြောတာ run တာ များပါတယ်။ ဒီ နှစ်နှစ်ကျော်မှာ Nairobi တို့ ညီအမ Page ကနေ မျှဝေပေးခဲ့တဲ့ Topic တွေ collection လေးပါ။ atozpaws ပြန်ရရင်တော့ သေသေချာချာ Label လေး ခွဲပြီး ပြန်တင်ပေးပါ့မယ်။ ဖတ်ရှုပေးခဲ့ကြတဲ့ Pet Pawrents တွေ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

အစာကိုတစ်နေ့ဘယ်နှကြိမ်ကျွေးသင့်သလဲနဲ့ Fasting အကြောင်း
https://www.facebook.com/papagirl/posts/pfbid0ggL5QXc2m7e466KTxvychU1Nx8Nu35EXcRMAKbb4CxgdDQo2Xtqi6HfSNvFbsi3tl

စုံနေအောင်ကျွေးဖို့က အရေးကြီးပါတယ်။
https://www.facebook.com/papagirl/posts/pfbid02Wq3tV9go2Yoydpvui84gUuJhgKLjoX7eVQwN4xzyCfzf3GBL8KX4hhkzW81wMKxxl

သင့်ကလေးအတွက် Vitamin တွေအကြောင်း
Part (1)
https://www.facebook.com/papagirl/posts/pfbid02hjhodyE7ETtZBvePH4zdTii2LwjcLK4s5BSAk2BzPHSqGm49Bxq8B8JrZjXrkjYml

Part (2)
https://www.facebook.com/papagirl/posts/pfbid02wRZ1FAPsYvSPABjpRgSbTLGVcuc9f1oUbaa2AdkLpQQF1bh1MmKgftVWZps1fG6Ml

Part (3)
https://www.facebook.com/papagirl/posts/pfbid02Uuz2B37zsjdt5zW4FHbUdkBan9EWXx9C1p1fyDGXKDEeHHipHgz8pT2BtStcuSL1l

Home-cooked Diet ချက်နည်း (Step by Step)
https://www.facebook.com/papagirl/posts/pfbid05X3nrsoKUawbg5e8dxo7b8muSnKdYuQm554j11Lm3fJcSu3rrKJ6d3vvCYBTyhfwl

အိမ်ချက်/ Raw ကျွေးတာရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အလွဲတွေ
https://www.facebook.com/papagirl/posts/pfbid0Cvu9aaSFYAyUEyYb4BMhtPfsKmpoQdozJ4HaVshNuayp5K3tqWfMCTzoW8Cjbgkkl

တင်ပဆုံရိုးလွဲတဲ့ကလေးတွေအတွက် ကုသမှု
https://www.facebook.com/papagirl/posts/pfbid0NkkxVLHMcGPvfvffkBbiZFBVdEcdtPpXWb3B9LuNyJAStbF6FLXwXfCN1U6ex6ocl

Strawberry အကြောင်း
https://www.facebook.com/papagirl/posts/pfbid0Zkev1t3rNqa5CYNcrFrX9ybzqUHxi5M6ze1VxGbLQvF5to5h52B6WMBMT6rnhSbKl

Time Restricted Feeding လို့ခေါ်တဲ့ အစာကျွေးနည်းအကြောင်း
https://www.facebook.com/papagirl/posts/pfbid034NyVKpPLx4y64xk4wpkeGhGP5hh1WqFtTACkx4y7CwLaz5TQg8xpXphSQ4dFV5Zxl

အာဝုတွေမှာဖြစ်တတ်တဲ့ အစားအသောက်/ပစ္စည်းနင်ခြင်း
https://www.facebook.com/papagirl/posts/pfbid0mQfZ1dVtpoyAjTbiqPWft9vQVKkuo1zyvaerjUTkjQD2qJyMKdF5oZFAB87tPtFil

တင်ပဆုံရိုးလွဲခြင်းရဲ့ လက္ခဏာများ
https://www.facebook.com/papagirl/posts/pfbid0ZJmjj5pNCFje4Andyk55x7R8rGbh61XJUTGkrwYfRczArrbac5cuPeYZoBoCRtfal

အာဝုတို့ အသက်ရှည်ဖို့အတွက် ဟင်းနုနွယ်ရွက်
https://www.facebook.com/papagirl/posts/pfbid0zvaLnNzAfShY8Vb3Wt9CGDti2DNYo6BLGQ31bzjaqFXoy7p72npekhuvog6BJCqSl

Green Tripe အကြောင်း
https://www.facebook.com/papagirl/posts/pfbid0ktdejtwsXLPLQCAb2nJrEmoDaHHKynD6oYJbwTkLhWtLWTxjY9WM9qDunEF5LqY8l

ကလေးတွေရဲ့အစာကို ဘယ်လိုသိမ်းကြမလဲ
https://www.facebook.com/papagirl/posts/pfbid0V8DWWxYvHNZqp4E91de4YQFgLaKuZaNj3Nx2aj8Zj8ytAgRVHK6p8jgytWj2zQTDl

သန်ချတာနဲ့ပတ်သက်ပြီး သိထားသင့်သည်များ
https://www.facebook.com/papagirl/posts/pfbid02bdKPsYkYWc5JXjzWnmZkgXKbjHednUVC9Zn3Hm7YVX3gXBHJBpUdiTDxUDdVXiQxl

ပျားရည်အကြောင်း
https://www.facebook.com/papagirl/posts/pfbid0dQda3FzQLrQTjNuN7MoUXuvBRfAjxDLn83hjk9H3ky6qnjiZa2qXexZS6di7vZ75l

ငှက်ပျောသီးကျွေးလို့ရမရ
https://www.facebook.com/papagirl/posts/pfbid0X9j6R2eRDC9cxWPeT1Rpzb6PtVME4NjTNYBzwhK6XxvgRmWGD6zGRg2naM2MKn3Vl

အဝလွန်နေတဲ့ မြောင်တွေနဲ့ အာဝုတွေကို ဘာလုပ်ပေးရမလဲ?
https://www.facebook.com/papagirl/posts/pfbid02HbQsKN1qgNMbrK4xcUW4ggmPHDGutNxzbhTZFpCTZmpkahQwVaTGC8HTUZsagK28l

ကြောက်တတ်တဲ့အသံတွေနဲ့ ယဥ◌်ပါးအောင် ဘာတွေလုပ်ရမလဲ?
https://www.facebook.com/papagirl/posts/pfbid02t1t9oZxu3N2tXNDAJ71w7KRyx6GsdyvykZYRrJwpa5VDV4MVQQxP366v79owofJml

တရုတ်ပြည်က Jerky တွေကြောင့်ဖြစ်တဲ့ ပြသနာတွေအကြောင်း
https://www.facebook.com/papagirl/posts/pfbid02rF1MCf1CWtiAFVZN9PgM8wrT3pDEWwL9kc28oLh1g8SkJqPEvcnXybMU9LxGGAeLl

Canine Nutrition ရော Wellbeing ရောနဲ့ပတ်သက်ရင် ဖတ်နေကျနေရာတွေ
https://www.facebook.com/papagirl/posts/pfbid0F919cJjtWxhhUJKUFHHce34fkr176J7giXn6oe78kivPF44ZvEyzECeE8pu1dxxBl

Omega 3 နဲ့ 6 ကိုဘယ်လို Balance လုပ်သင့်သလဲ?
https://www.facebook.com/papagirl/posts/pfbid026iqJSPpF7N7hhdWREZGmiaPqyBJeEEGF7BHYJawEMqyw645BTm2VQxsC49es8oZJl

အာဝုတွေ၊ မြောင်တွေအတွက် ရေခွက်၊ အစာခွက် ရွေးနည်း၊ဆေးနည်း
https://www.facebook.com/papagirl/posts/pfbid0Ucqb7CtSiLYwXEBAnPePMkX81okrC2dwdkfRvYyzXY85J1JbgyU3WywVCxq75oEml

Nutrient ဆိုတာ ဘာလဲ ဘာလို့ Nutrient Balance ဖြစ်ဖို့ လိုအပ်တာလဲ? ဘဲမလန့်ရင် ဘာဖြစ်မလဲ။
https://www.facebook.com/papagirl/posts/pfbid0ceBZEmp8VjJyphpBRZnU2wPK86CYGh2Qe7weJNEvT6XekoH1fHPvCVDvAcZAC8zGl

အိမ်ကအာဝုတို့အတွက် အရိုးကို ဘယ်လိုရွေးရမလဲ၊ ဘယ်လိုကျွေးသင့်သလဲ?
https://www.facebook.com/papagirl/posts/pfbid0sPjbZi3fBYze3gX4ik8ZbnguRCcNb1MHFXcz6DN9SX25GauU6XCVCoU1JjE5Lr46l

Probiotic နဲ့ Prebiotic အကြောင်း
https://www.facebook.com/papagirl/posts/pfbid0YkZ8N4XkV3HfEroU8bzkS2Lq2EzA1CjfmFfdwhuX2qgeJ5ixJjn4D5S5tRZKzZXBl

အစာခြေစနစ်မှာဖြစ်တတ်တဲ့ Leaky Gut အကြောင်း
https://www.facebook.com/papagirl/posts/pfbid0bWmQNcNEEyJ6HCPvGPTB6MCFt7NXNR5Vaezpe8vCxgLrwBucRGLeGiTKoXAuYXPml

ကိုယ့်ရဲ့ကလေးတွေမှာ ဖြစ်တတ်တဲ့ အစာရွေးလွန်းတဲ့ပြသနာ
https://www.facebook.com/papagirl/posts/pfbid021qykyV3xditzKn1XSTsDWSosmaCiBirrYfKVnxUhQE6dGft5ZGxXS4aiKgtsyjwtl

Allergy အမျိုးကွဲတွေအကြောင်း
https://www.facebook.com/papagirl/posts/pfbid0ZUVTMtMCyhwhspHkgDm4SPmg6XRYSjUmx3dKnjSxb6kjaorN9wNKP17uLSyamGHXl

Pet Food Industry အကြောင်း
https://www.facebook.com/papagirl/posts/106481168265389

Pet Food တွေထဲမှာ ထည့်လေ့ထည့်ထရှိတဲ့ Antioxidant တွေအကြောင်း
https://www.facebook.com/papagirl/posts/107282841518555

အစာအိတ်ရဲ့ ဒီဇိုင်းအကြောင်း
https://www.facebook.com/papagirl/posts/109384834641689

အစာထဲမှာပါတဲ့ Protein Source တွေအကြောင်း
https://www.facebook.com/papagirl/posts/110653681181471

Synthetic Vitamin နဲ့ သဘာဝကလာတဲ့ Vitamin တွေအကြောင်း
https://www.facebook.com/papagirl/posts/112462041000635

ငါးကြီးဆီရဲ့ အကျိူးနဲ့အပြစ်
https://www.facebook.com/papagirl/posts/115334950713344

အသားစိမ်းကျွေးခြင်း
https://www.facebook.com/papagirl/posts/118178860428953

အာဝုတို့ရဲ့ အစာအိမ် PH အကြောင်း/ အရိုးကျွေးသင့် မကျွေးသင့်
https://www.facebook.com/papagirl/posts/119154613664711

အာဝုတို့ရဲ့ ဝမ်းအခြေအနေ (ပိုကောင်းတာရှာပြီး ထပ်ဖြည့်ဖို့ရှိပါတယ်)
https://www.facebook.com/papagirl/posts/119662486947257

အရေပြား အလာဂျီရှိတဲ့ကလေးတွေ အစာကိုသတိထားကျွေးသင့်ကြောင်း
https://www.facebook.com/papagirl/posts/122433913336781

Veterinary Diet တွေအကြောင်း
https://www.facebook.com/papagirl/posts/124230923157080

အစာခြောက်အိတ်အနောက်ဖက်က Guaranteed Analysis အကြောင်း
https://www.facebook.com/papagirl/posts/126178319629007

အစာခြောက်ကရမယ့် Energy တွက်ပုံတွက်နည်း
https://www.facebook.com/papagirl/posts/128812862698886

အာဝုတို့လိုအပ်တဲ့ Energy တွက်ပုံတွက်နည်း
https://www.facebook.com/papagirl/posts/129450662635106

ကာဘိုဟိုက်ဒြိတ်အကျွေးများခြင်းရဲ့ ပြသနာ
https://www.facebook.com/papagirl/posts/131747929072046

ကိုယ်တိုင်ချက်ကျွေးမယ်၊ အစိမ်းကျွေးမယ်ဆိုရင် ထည့်လို့ရတဲ့ အသီးအရွက်တွေ
https://www.facebook.com/papagirl/posts/132147449032094

ကိုယ့်ကလေးတွေ ပိန်တာ၊ဝတာကို ဘယ်လိုကြည့်ရမလဲ။
https://www.facebook.com/papagirl/posts/133149318931907

အစာခြောက်ထုတ်တဲ့ လုပ်ငန်းစဥ်အကြောင်း
https://www.facebook.com/papagirl/posts/134714372108735

အစာခြောက်ကနေ အိမ်ချက်/ အစိမ်းကို ပြောင်းကျွေးမယ်ဆိုရင် လုပ်ရမယ့်အချက်တွေ
https://www.facebook.com/papagirl/posts/137833651796807

အိမ်ချက်/ အစိမ်းကျွေးတဲ့နေရာမှာ ထည့်သင့်တဲ့ ကလီစာတွေအကြောင်း
https://www.facebook.com/papagirl/posts/139831028263736

အာဝုတွေပျင်းနေလား၊ မပျင်းနေဘူးလားသိဖို့နဲ့ စိတ်ထွက်ပေါက်ပေးနည်းတွေအကြောင်း
https://www.facebook.com/papagirl/posts/143473534566152

ကြက်သွန်ဖြူစနစ်တကျကျွေးတတ်ဖို့
https://www.facebook.com/papagirl/posts/145473867699452


ငွေကြေးတန်ဖိုးထက် မေတ္တာနဲ့ သံယောစဉ်လေးတွေက ပိုတန်ဖိုးရှိတာမို့ ယူသွားတဲ့သူတွေက အမြန်ဆုံး ပြန်ပေးကြပါစေရှင် ။နေပြည်တော်တ...
08/06/2023

ငွေကြေးတန်ဖိုးထက် မေတ္တာနဲ့ သံယောစဉ်လေးတွေက ပိုတန်ဖိုးရှိတာမို့ ယူသွားတဲ့သူတွေက အမြန်ဆုံး ပြန်ပေးကြပါစေရှင် ။
နေပြည်တော်တစ်ဝိုက်က သူတွေလည်း ကျေးဇူးပြုပြီး ရှာပေးကြပါဦးရှင် 🙏

ဖွားကပြောတယ် မီးမီးကို စပွိုင်းကစ် (Spoiled kid) တဲ့မီးမီးရုပ်က စပွိုင်းကစ်နဲ့ တူရို့လားချင် 😁 (မာမီ့လိုပဲ လုပ်ချင်တာလုပ...
31/05/2023

ဖွားကပြောတယ် မီးမီးကို စပွိုင်းကစ် (Spoiled kid) တဲ့
မီးမီးရုပ်က စပွိုင်းကစ်နဲ့ တူရို့လားချင် 😁

(မာမီ့လိုပဲ လုပ်ချင်တာလုပ်နေရရင် အလှဆုံးပြုံးနေတတ်သူ 😝)

Pawniverse မှာ ကံစမ်းမဲပေါက်တာလေး လာဆော့ရင်း အမွှေစိန်လုပ်နေသူ ÓLuv ရယ်ပါ

သူ့ဘာသူ ပိုင်ရှင်က ကြိုးနဲ့ဆွဲပြီး လမ်းလျှောက်နေတဲ့ ကလေးနှစ်ကောင်ကို သူတို့ကိုအဟောင်ခံရတာနဲ့ အဲ့လို  ပစ် Thet စရာလား 😭😭😭...
17/05/2023

သူ့ဘာသူ ပိုင်ရှင်က ကြိုးနဲ့ဆွဲပြီး လမ်းလျှောက်နေတဲ့ ကလေးနှစ်ကောင်ကို
သူတို့ကိုအဟောင်ခံရတာနဲ့ အဲ့လို ပစ် Thet စရာလား
😭😭😭
ကလေးတွေက သူတို့သခင်ထိန်းပေးထားလို့ ထိုင်တောင်ထိုင်နေပီဟာကို
ဖြစ်နိုင်ရင် Twitter က Video ကိုတော့ ဝင်မကြည့်စေချင်ဘူး
ကျမတော့ ရင်ထဲဆို့နင့်ပြီး မျက်ရည်ကျရလို့ပါ
Petition လေးကို sign လုပ်ပေးကြပါဦးနော်

Hold the Met Police criminally accountable for the barbaric killing of two leashed dogs

Dog Mommy Day ဆိုလို့ ဟူးမန်းမာမီနဲ့ moments လေးတွေ လာတင်တာချင့်ဟူးမန်းမာမီက ÓLuv ကို အချစ်တွေအကုန်ပုံပေးထားတာလို့ပြောတယ...
13/05/2023

Dog Mommy Day ဆိုလို့ ဟူးမန်းမာမီနဲ့ moments လေးတွေ လာတင်တာချင့်

ဟူးမန်းမာမီက ÓLuv ကို အချစ်တွေအကုန်ပုံပေးထားတာလို့ပြောတယ်ချင့်
ÓLuv ရဲ့ သားသမီးတွေကိုဆိုလည်း ကိုယ်တိုင်မွေးကူပေးခဲ့ရတာတဲ့

မာမီ့ကိုရော ဆာတီဖီကိတ်ပေးမှာရားငင် 💛

မုန်တိုင်းအန္တရာယ်ရှိနိုင်တဲ့ ဒေသက ကလေးတွေရောရေကြီးတာနဲ့ ရေတက်ပြီး လမ်းတွေမြုပ် အိမ်ထဲရေဝင်နိုင်တဲ့ မြို့ပေါ်က ကလေးတွေကိ...
12/05/2023

မုန်တိုင်းအန္တရာယ်ရှိနိုင်တဲ့ ဒေသက ကလေးတွေရော
ရေကြီးတာနဲ့ ရေတက်ပြီး လမ်းတွေမြုပ် အိမ်ထဲရေဝင်နိုင်တဲ့ မြို့ပေါ်က ကလေးတွေကိုရော သတိထားပေးကြပါနော်
တခုခုဆို လွတ်လွတ်လပ်လပ် ရေကူးပြီး ရှောင်သွားနိုင်အောင် ကြိုးတွေမချည်ထားခဲ့ကြပါနဲ့ရှင်

Photo credit to rightful owner

💛ÓLuv : ဟဲ့ Cola မရေ ဟိုမှာ ညည်းညီမ မိမိုချီ Mochi_နန့်လတ်စိန် ကတော့ အိပ်တာဟောက်တောင် ဟောက်နေပီဟယ် လူကြားလို့မှမကောင်း 🙄...
05/05/2023

💛ÓLuv : ဟဲ့ Cola မရေ ဟိုမှာ ညည်းညီမ မိမိုချီ Mochi_နန့်လတ်စိန် ကတော့ အိပ်တာဟောက်တောင် ဟောက်နေပီဟယ် လူကြားလို့မှမကောင်း 🙄 ညည်းတော့ ထွေးမပီပီ အိန္ဒြေရရအေ့စမ်း
🖤Cola : ဟုကက်မာမီ Zzzz…..

💛ÓLuv : ဟဲ့ Cola ပဲစိမ!!!!! ပိပိပြားပြားအေ့စမ်း!
😑
🖤Cola : ပူလို့ဘာ မာမီရာ 😬🫢🤪

🖤Cola :(ငယ်ငယ်ကတည်းက ဒလိုဘဲအေ့လာတာဂို ဟွန့် 🙄)

💛ÓLuv : ကျမနှင့် ကျားကျားယျားယျား ဝုသမီးများ 🥴

Meanwhile… 1st comment မှာ ကြည့်ဦး 👇

FYI ပါရှင့်
07/04/2023

FYI ပါရှင့်

🌿🌾သင်္ကြန် နှစ်သစ်ကူးပိတ်ရက်အဖြစ်
Xray & Lab services ကို 13.4.2023 မှ 17.4.2023 ထိပိတ်ထားမည်ဖြစ်ပြီး 18.4.2023 တွင်
ပုံမှန်ရုံးချိန်အတိုင်းဖွင့်လှစ်သွားပါမည်။🌿🌾

06/04/2023

ဟူးမန်းမာမီရဲ့ Night time ထွိန်နင်တွေ သင်ယူခဲ့စဉ်အခါက 😌

ÓLuv luvpacks ရဲ့ နံပါတ် 3 အလိမ္မာဆုံး Cola လေး နဲ့
အနန့်ဆုံး နံပါတ် 5 Mochi_နန့်လတ်စိန် လေးတို့ ငယ်စဉ်ကပေါ့ရှင် 😁





Pawrent တွေနဲ့ တူတူ ခရီးတွေသွားရင်ခေါ်သွားလို့ရအောင် FYI ပါ မီးလည်း မာမီနဲ့တူတူသွားချင်လိုက်တာရှင် 🥺
06/04/2023

Pawrent တွေနဲ့ တူတူ ခရီးတွေသွားရင်ခေါ်သွားလို့ရအောင် FYI ပါ

မီးလည်း မာမီနဲ့တူတူသွားချင်လိုက်တာရှင် 🥺

🐶အာဝုလေးတွေ မြောင်လေးတွေ🐱ကို ခွင့်ပြုသည့် မြန်မာနိုင်ငံတစ်ဝမ်းမှ Hotel များ...

🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾
ငွေဆောင်-Emerald Sea
ငွေဆောင်-Lux
ငွေဆောင်-Ocean Blu
ငွေဆောင်-Ria resort
ငွေဆောင်-Silver coast
ငွေဆောင်- The sea
ငွေဆောင်-ယမုံနာဦး
ချောင်းသာ-ရွှေသောင်ယံဟိုတယ်
ချောင်းသာ-Akariz Resort(fees charge)
ချောင်းသာ-Diamond hotel
ချောင်းသာ - Amazing Hotel ( Fees charge - only small )
ချောင်းသာ - Coral view ( ဖိုးကုလားကျွန်း )
ချောင်းသာ - Golden Beach
ငပလီ-Silver Beach Hotel
ထားဝယ်-မောင်းမကန်ဟိုတယ်
ထားဝယ်-Star Hotel
ကျိုက်ထို-Golden Bliss Hotel
ကျိုက်ထို-သုဝဏ္ဏဘူမိ
ကျိုက်ထို-Shwe Hin Tha Hotel
ကျိုက်ထီးရိုး-ရိုးရိုးလေး
ကျိုက်ထီးရိုး-ကျိုက်ထိုဟိုတယ်
ဘားအံ-Hpa-An Breeze Hotel
မော်လမြိုင်/စက်စဲ-21 Paradise Hotel
မော်လမြိုင်/စက်စဲ-ထွန်းguesthouse
မော်လမြိုင်-ဆဝါဒီ ဟိုတယ်
ပုဂံ-ခရေ တည်းခိုရိပ်သာ(ရွှေစည်းခုံဘုရားနား)
ပုဂံ-မြပြည့်စုံ
ပုဂံ-လွင် ပုဂံ မိုတယ်
ပုဂံ-We Stay Bagan Lotus Hotel(ကျောက်ပန်းတောင်းလမ်း)
ပုဂံ - မြရတနာ ဟိုတယ်
ပုဂံ-Fortune Bagan Hotel
ပုဂံ - Hotel Amazing
ပုဂံ- Thiri Mingalar Hotel Naung U
ပုပ်ပါး-Hotel King
ရန်ကုန်-Reallink Hotel
ရန်ကုန်-383Villa(မြောက်ဒဂုံ)
ပုသိမ် - Hotel Naung Yoe
ပုသိမ် - Pathein Hotel
ပုသိမ် - New PanPawaddy
က​လော-Seint Hotel
ကလော-Hill Lodge
မန္တလေး-Kyi Tin hotel
မန္တလေး - Oasis Inn Hotel
မန္တလေး-Power Hotel (ခွေးသေး Only)
မန္တလေး - Hotel 78 ( training small pet များသာ )
ပြင်ဦးလွင်-မောင်တို့ချယ်ရီမြေ
ပြင်ဦးလွင်-Agga Tiny House
ပြင်ဦးလွင်-Tiger Hotel
ပြင်ဦးလွင် - Royal Reward Resort
ပြင်ဦးလွင်-Mount Strawberry
ပြင်ဦးလွင် - white rose hotel
ပြင်ဦးလွင် - Pyin Oo Lwin Triplet Hotel
တောင်ကြီး - Hotel La Vista ( Fees charge)
ပြည်-Golden Dragon HotelCharge ပေးရပါတယ်)
ပြည်-Sweet golden land hotel
ဇလွန်က တည်းခိုရိပ်သာ၂ ခုလုံးတည်းခိုလို့ရပါတယ်
တောင်ငူ-Hotel Amazing
ဂေါ်ရန်ဂျီကျွန်း-Adventure Paradise Hotel
အင်းလေး- weaver’s Boutique Homestay
မြစ်ကြီးနား- Plam spring resort
သီပေါ- Hsipaw resort
ချင်း-Sor long cbt community lodge

Credit ©May Thiri Khin



သများတေလို စိန်တေ ရွှေတေ တင်တောင်းခံဖို့ ပူစရာမလိုပုသများတေလို မန်းဒေးမှာ အလုပ်ပြေးတက်စရာလည်းမလိုပု ဖိုးနဲ့ဖွားနဲ့ မာမီန...
03/04/2023

သများတေလို စိန်တေ ရွှေတေ တင်တောင်းခံဖို့ ပူစရာမလိုပု
သများတေလို မန်းဒေးမှာ အလုပ်ပြေးတက်စရာလည်းမလိုပု

ဖိုးနဲ့ဖွားနဲ့ မာမီနဲ့ ကို ဒီလိုလေးတွေ ခေါင်းတိုးပြီး ကပ်ချွဲလိုက်ရင် တစ်သက်လုံးစာခိုင်နေပီဆိုတာ သိဖို့မိုတီလာပေးတာ အောမေလေးတို့ရေ 😎🤭

#ချွဲတတ်ဖို့



ကျယ်မတို့ သားမိ ဒီနေ့ ဟက်ဟက်တို့ 9th Anniversary ပွဲမှာ သွားဝုန်းခဲ့တာပေါ့ရှင် 😎တွေ့တဲ့သူတိုင်းက ဟယ်…အကိတ်ကြီးတွေဆိုပြီး...
02/04/2023

ကျယ်မတို့ သားမိ ဒီနေ့ ဟက်ဟက်တို့ 9th Anniversary ပွဲမှာ သွားဝုန်းခဲ့တာပေါ့ရှင် 😎

တွေ့တဲ့သူတိုင်းက ဟယ်…အကိတ်ကြီးတွေဆိုပြီး ဖင်ကိုင်လိုက် ခေါင်းကိုင်လိုက်နဲ့ သားမိတွေ မျက်နှာပွင့်ခဲ့တယ်ရှင် 🥰

ဟက်ဟက်တို့ Gang တွေရော တခြား ဆယ်လီမမလှလှတွေ ကလေးပိစိလေးတွေ နဲ့ ဟူးမန်းမမလှလှလေးတွေစတိုင်နဲ့ မလိုင်နဲ့ ပွဲတက်ကြတာကိုကြည့်ရင်း မုန့်တွေပတ်သိမ်း အဲလေ မုန့်ပတ်စားခဲ့တယ်ရှင့် 😋

ဟူးမန်းမာမီကတော့ သူ့ဗလနဲ့ ကျယ်မတို့သားမိကို ထိန်းရင်း ချွေးသံရွှဲရွှဲ ဖရိုဖရဲနဲ့ပေါ့ရှင် 🤭

ပွဲထဲမှာ ကူထိန်းပေးတဲ့ ကိုကိုမမတွေရယ် မုန့်တွေကျွေးတဲ့ ကိုကိုမမတွေကို လည်း ÓLuv တို့သားမိက ကျေးဂျူးပါလို့ 😘

နောက်ပွဲတွေကျရင်လည်း လာဝုန်းဦးမယ် အဲလေ လာပျော်ဦးမယ်နော် မာမီရေ Brace yourself ပါ 🤭🤭🥰😘

ÓLuv 💛 & Cola 🖤






Husky Group 9th Anniversary & Pet Fair

19/03/2023

မီးမီး Colaလည်း အားကျမခံ Beefhide ဝါးပီလေ 😋

အော်….မှောင်နေတာမှ Brightness ကို တစ်ဆုံး တင်ပေးထားရမှ မြင်ရတဲ့ မေ့သမီးလေး 🥴😁

19/03/2023

နွက်ကိုက် ASMR of ÓLuv

ဟူးမန်းမာမီလိုဖုဘလော်ဂါလုပ်ပြီး တစ်လ တိန်းရှစ်ဆယ် ရှာကျွေးမလို့ လေ့ကျင့်နာ ☺️😋

လောလောဆယ်တော့ တစ်လကိုရှစ်တိန်းဖိုးလောက်ကုန်အောင်အရင်စားပေးမယ်ညော် 🤭🤭🤭

နွက်က Bark Appétit ကပါ 😋

18/03/2023

ချောင်းချောင်းလုပွဲ

International Women’s Day မှာ အနယ်အနယ်အရပ်ရပ်က ဝက်နို့တို့ရဲ့ ဝုမာမီတွေကို ဂုဏ်ပြုပါတယ်ရှင် ❤️ကြုံလာသမျှ အခက်အခဲအတားအဆီး...
08/03/2023

International Women’s Day မှာ အနယ်အနယ်အရပ်ရပ်က ဝက်နို့တို့ရဲ့ ဝုမာမီတွေကို ဂုဏ်ပြုပါတယ်ရှင် ❤️

ကြုံလာသမျှ အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း ဝက်နို့တို့ရဲ့ ဘဝတွေကို လုံခြုံစိတ်ချမှုတွေ ပေးစွမ်းနိုင်သူ
ရင်နှစ်သည်းချာ ကလေးတွေလို ပြုစုစောင့်ရှောက်ပေးသူ
ဝက်နို့တို့ရဲ့ ဟူးမန်းမာမီ အမျိုးသမီးတွေကို ဘဝအမောတွေပြေပြီး ရှေ့ဆက်ရင်ဆိုင်ရမယ့်နေ့ရက်တွေအတွက် အားအင်တွေရအောင်လို့ ÓLuv & Luv packs တစ်သိုက်မှ နွေးထွေးစွာ ဖက်ထားလိုက်ပါတယ်ရှင့်

🤗🤗🤗




Address


Website

Alerts

Be the first to know and let us send you an email when Diary of O’Luv posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share