Pdf သတင်းစုံများ

  • Home
  • Pdf သတင်းစုံများ

Pdf သတင်းစုံများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pdf သတင်းစုံများ, Pet Supplies, .

ဟေ့ ချီးယား........
10/12/2021

ဟေ့ ချီးယား........

လှူသမျှငွေက ထိရောက်အောင် အသုံးချနေပါတယ်..ပန်းနဲ့ တိုက်မရတဲ့ ပွဲမို့ ဂန်းနဲ့ ဖိုက်နေကြတာပါ..ဂန်းဖိုးရရင်ဂန်း  နှုတ်ခမ်းနီ...
09/12/2021

လှူသမျှငွေက ထိရောက်အောင် အသုံးချနေပါတယ်..

ပန်းနဲ့ တိုက်မရတဲ့ ပွဲမို့ ဂန်းနဲ့ ဖိုက်နေကြတာပါ..

ဂန်းဖိုးရရင်ဂန်း နှုတ်ခမ်းနီဖိုးရ ရင် နှုတ်ခမ်းနီ

နိုင်တာဝယ်ရင်း အားဖြည့်နေပါတယ်..

လှူသမျှ အချည်းနှီးမဖြစ်တာမို့ စိတ်ချပြီး ကူကြပါ..

ကူသမျှကိုလည်း နှလုံးသားမှာ မှတ်တမ်းတင်ထားပါတယ်ဗျာ..

ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ..


PDF News Channel
December 8

ကြည့်မြင်တိုင် အကြမ်းဖက်မှုအပေါ် စစ်ကောင်စီတပ်ကို ပြင်းထန်စွာတုန့်ပြန်မယ်လို့ ရန်ကုန်စစ်ဒေသခွဲကြေညာ ၅ ဒီဇင်ဘာလ ၂၀၂၁ယနေ့(...
05/12/2021

ကြည့်မြင်တိုင် အကြမ်းဖက်မှုအပေါ် စစ်ကောင်စီတပ်ကို ပြင်းထန်စွာတုန့်ပြန်မယ်လို့ ရန်ကုန်စစ်ဒေသခွဲကြေညာ
၅ ဒီဇင်ဘာလ ၂၀၂၁

ယနေ့(ဒီဇင်ဘာ ၅)နံနက်က ကြည့်မြင်တိုင်မြို့နယ်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်​နေတဲ့ လူငယ်​တွေကို စစ်ကောင်စီတပ်မှ လူမဆန်စွာ အကြမ်းဖက်မှုကျူးလွန်တဲ့အပေါ် ပြင်းထန်စွာတုန့်ပြန်သွားမယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) လက်အောက်ခံ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

"လက်နက်မပါသော အပြစ်မဲ့ ပြည်သူများအပေါ် လူမဆန်ဘဲ ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြပြီး ယင်းဖြစ်စဉ်ကို အမိန့်ပေးညွှန်ကြားခိုင်း စေခဲ့သည့် အကြမ်း ဖက်စစ်တပ်နှင့် ၎င်းတို့၏လက်ပါးစေအားလုံးကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန် သွားမည်"လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးအရှိန်ကိုလည်း ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်သွားမယ်လို့လည်း ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့က အသိပေးပါတယ်။

ဆန္ဒပြလူငယ်​တွေကို စစ်ကောင်စီတပ်က လူမဆန်စွာ ကားနဲ့တိုက်သတ်ခြင်း၊ သေနတ်နဲ့ ပစ်သတ်တာ​တွေကြောင့် ဆန္ဒပြလူငယ်တချို့ ကျဆုံးခဲ့ရကြောင်းနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့သူ​တွေကိုလည်း ဆေးကုသခွင့်မပေးဘဲ၊ စစ်ကြောရေးစခန်း​တွေဆီကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ကြားသိခဲ့ရလို့ ပြည်သူလူထုနဲ့ထပ်တူ စိတ်နှလုံးထိခိုက်နာကျင်ခံစားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နံနက် ၉နာရီခန့်မှာ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ​နေတဲ့ ရန်ကုန်လူထုသပိတ်က လူငယ်​တွေကို အကြမ်းဖက်စစ်ကောင်စီက ကားဖြင့်တိုက် သေနတ်ဖြင့်ပစ် စတဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် အနည်းဆုံးလူငယ်​လေးဦကျဆုံးပြီး ခုနစ်ဦးခန့်ဖမ်းဆီးခံခဲ့ရပါတယ်။


"ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ယာဉ်တန်းကို ကျောက်ဆည် PDF များ ပူးပေါင်း တိုက်ခိုက်၊ ကလေးမြို့တွင်  PDFစခန်းသိမ်းရန်လာ...
03/12/2021

"ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ယာဉ်တန်းကို ကျောက်ဆည် PDF များ ပူးပေါင်း တိုက်ခိုက်၊ ကလေးမြို့တွင် PDFစခန်းသိမ်းရန်လာသော စစ်တပ် မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး"
----- ----- -----
ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၄၃ မိုင်၊ ၅ ဖာလုံတွင် အင်အား ၃၀ ကျော် လိုက်ပါသည့် စစ်ကောင်စီယာဉ်တန်းကို ကျောက်ဆည် PDF တပ်ဖွဲ့က ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် မိုင်း ၆ လုံးခွဲ တိုက်ခိုက်ကြောင်း ကျောက်ဆည် PDF က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁နာရီ၄၀မိနစ်အချိန် ရန်ကုန်၊မန္တလေးအမြန်လမ်းအတိုင်း မန္တလေးမြို့သို့ဦးတည်မောင်းနှင်လာသော လက်နက်အပြည့်အစုံဖြင့် အင်အား၃၀ ကျော်ခန့်လိုက်ပါလာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်ကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် People Defense Force(Kyaukse) ​မဟာမိတ် ညီနောင်ပူးပေါင်းအဖွဲ့က အမြန်လမ်း မိုင်တိုင် ၃၄၃မိုင်၊၅ဖာလုံတွင် ကားမိုင်း(၆)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"မနေ့က ကျနော်တို့ အမြန်လမ်း ၃၄၃ မိုင် မရောက်ခင်မှာ စစ်တပ်နဲ့ရဲက လမ်းပိတ်ထားတာ ၂ နာရီကျော်လောက်ကြာတယ်။ မိုင်းခွဲခံရတာဟုတ်တယ်။ သေတာတွေ ထိခိုက်တာတွေတော့ ရှိမယ်ထင်တယ်။ လူနာတင်ကားတွေ သွားတာလည်းတွေ့တယ်" ဟု ခရီးသွားပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် လယ်ခြား၊ ရှားတောကျေးရွာများကို မီးတင်ရှို့ ကာ PDF စခန်း တစ်ခု သိမ်းရန်လာသည့် အကြမ်းဖက် ဖက်ဆစ် စစ်ကြောင်းကို Ranger Kalay တပ်ဖွဲ့က ယနေ့ ဒီဇင်ဘာ ၃ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် နင်းမိုင်း၊ ဆွဲမိုင်းနှင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Ranger Kalay တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေကာ အများအပြားဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူ အရေအတွက်ကို မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် ဒလန် လမ်းပြ ဦးဆောင်မှုဖြင့် စစ်ကြောင်း သုံးကြောင်း အင်အား ၁၂၀ ကျော်ခန့်ဖြင့် Ranger Kalay Defend Force ဆီသို့ ပိတ်ဆို့ စခန်းသိမ်းရန် ချီတက်လာစဉ် Ranger Kalay တပ်ဖွဲ့က ကြိုတင် သတင်းရရှိသည့်အတွက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Ranger Kalay တပ်ဖွဲ့ဝင်များ တစ်စုံတစ်ဦး ဖမ်းဆီးခံရခြင်း မရှိ၊ အထိအခိုက်မရှိဘဲ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဓာတ်ပုံ- ယမန်နေ့ အမြန်လား ၃၄၃ မိုင်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်တပ်က ကားလမ်းများပိတ်ဆို့ထားစဉ်။

Khit Thit (3 Dec 2021)

မန္တလေး ဆုကိုယ်ပိုင် အထက်တန်း ကျောင်းရှေ့၌ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လှုပ်ရှားမှု ပြုလုပ်ရန်ကုန် နိုဝင်ဘာ ၃၀မန္တလေး...
30/11/2021

မန္တလေး ဆုကိုယ်ပိုင် အထက်တန်း ကျောင်းရှေ့၌ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လှုပ်ရှားမှု ပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၃၀

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဆုကိုယ်ပိုင် အထက်တန်းကျောင်းရှေ့၌ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဆုကိုယ်ပိုင်အထက်တန်းကျောင်း အခြေခံပညာကျောင်းသားများသမဂ္ဂ(ချမ်းအေးသာစံမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ)က ဦးဆောင်ကာ စစ်အဏာရှင် လက်ကိုင်တုတ်အဖြစ် ရပ်တည်ကာ ကျောင်းပြန်လည် ဖွင့်လှစ်ပြီး စစ်ကျွန်ပညာရေးအား ဖော်ဆောင်ခြင်း၊ ကျောင်းသားများအား အတင်းအကျပ် ကျောင်းတက်ရန် စည်းရုံးခြင်း၊ စာမေးပွဲဖြေဆိုရန် တွန်းအားပေးခြင်း၊ မဖြေဆိုပါက ကျောင်းထွက် လက်မှတ်လာထုတ်ရန် ခြိမ်းခြောက် ပြောဆိုခြင်းများကြာင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

30/11/2021

မနေ့က တရားရုံးမှာ အမေစုကို
တရားသူကြီးက မေးတယ်...

"NUG .က ဦးဝင်းမြင့်ကို သမ္မတ
-DASSK ကို အတိုင်ပင်ခံ အဖြစ်
ခန့်ထားတာ သိသလား" တဲ့

ထိုအခါ ဒေါ်အောင်ဆန်းစုကြည်က...

"နဂိုကတည်းက
ပြည်သူက အသိအမှတ်ပြုထားတာ
ဦးဝင်းမြင့်က သမ္မတ
ကျမက အတိုင်ပင်ခံ ပဲလေ" လို့
ဆိုလိုက်တော့...

တရားသူကြီးက ဆက်မေးမယ်...

"ဒါဆို CRPH တို့ NUG ဆိုတဲ့ အဖွဲ့
တွေကို သိသလား...? အသိအမှတ်ပြု
သလား..?" တဲ့

ထိုအမေးကို
ဒေါ်အောင်ဆန်းစုကြည်က...

"ကျမတို့ကို ဖမ်းထားပြီးမှ အဲဒီ့အဖွဲ့
တွေ ရှိလာတာဖြစ်လို့ ကျမကို မမေးပါနဲ့။
CRPH.NUG အဖွဲ့တွေကို
အသိအမှတ်ပြုလား...ဆိုတာ ပြည်သူ
တွေကို မေးကြည့်ပါ ။ ဒီမိုကရေစီဆို
တာ ပြည်သူကနေ ဖြစ်လာတာမို့
ပြည်သူတွေ ဆုံးဖြတ်ပါလိမ့်မယ်"လို့
ပြန်ပြောလိုက်ပါတယ်...။

ကဲ မေးတဲ့ ကောင်
ဘာတတ်နိုင်သေးလဲ ..

ကိုယ်ပစ်လိုက်တဲ့ ခဲလုံး
ကိုယ့်နဖူးပဲ ပြန်ပြန်မှန်နေတော့...

ဂိန် -ဂိန် -ဂိန် -လို့သာ
အော်လိုက်တော့...

သွားမလုပ်နဲ့
အဲ့ဒါ ငါတို့ပြည်သူ့မိခင်ကွ 😊

❤❤❤❤❤❤❤❤

29/11/2021
ကာတွန်း - မောင်မောင်ဖောင်တိန်
29/11/2021

ကာတွန်း - မောင်မောင်ဖောင်တိန်

နိုဝင်ဘာလ ၁၆ရက်နေ့က ကျဆုံးသွားခဲ့တဲ့ ကလေးမြို့​ဆေးတပ်ဖွဲ့မှ Mai Biak Rem Chin (ခ) ချင်းချင်း😭
19/11/2021

နိုဝင်ဘာလ ၁၆ရက်နေ့က ကျဆုံးသွားခဲ့တဲ့ ကလေးမြို့
​ဆေးတပ်ဖွဲ့မှ Mai Biak Rem Chin (ခ) ချင်းချင်း😭

အကြမ်းမဖက်လှုပ်ရှားမှု ဖခင်ကြီး မဟတ္တမဂန္ဒီ ပြောတာက...“သူရဲဘောကြောင်မှုနဲ့ လက်နက်ကိုင်ခုခံတော်လှန်မှု အဲဒီနှစ်ခုကြား မဖြ...
16/11/2021

အကြမ်းမဖက်လှုပ်ရှားမှု ဖခင်ကြီး မဟတ္တမဂန္ဒီ ပြောတာက...

“သူရဲဘောကြောင်မှုနဲ့ လက်နက်ကိုင်ခုခံတော်လှန်မှု အဲဒီနှစ်ခုကြား မဖြစ်မနေ ရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ လက်နက်ကိုင်ခုခံမှုကိုပဲ ကျွန်ုပ် ရွေးချယ်ပါမည်။ဂုဏ်သိက္ခာမရှိ သူရဲဘောကြောင်စွာ နေရတာထက် ဂုဏ်သိက္ခာရှိရှိ လက်နက်ကိုင်မှုလမ်းကို ‌ရွေးဖို့ပဲ ကျွန်ုပ် အကြံပြုပါလိမ့်မည်….”

မဟတ္တမ ဂန္ဒီ

🌄🌄မင်္ဂလာမနက်ခင်းပါ🌄🌄စစ်ကိုင်းတိုင်းမှာ M&K The boys အဖွဲ့က ၄ ပတ်မြောက် စစ်သင်တန်း ပို့ချနေပြီး အခုတကြိမ်မှာ တပ်စိတ်နှစ်...
14/11/2021

🌄🌄မင်္ဂလာမနက်ခင်းပါ🌄🌄

စစ်ကိုင်းတိုင်းမှာ M&K The boys အဖွဲ့က
၄ ပတ်မြောက် စစ်သင်တန်း ပို့ချနေပြီး အခုတကြိမ်မှာ
တပ်စိတ်နှစ်စိတ်စာ သင်တန်းသားဦးရေ ၁၀၀ နီးပါးကို သင်တန်းပေးနေပါတယ်

May God bless PDF🙏🙏🙏

အင်းတော် နဘားရဲကင်းစခန်းအား အထူးပြောက်ကျားအဖွဲ့မှ ဝင်စီးနင်းယနေ့ ညနေ ၅ နာရီဝန်းကျင်ခန့် ကသာခရိုင်၊အင်းတော်မြို့နယ်၊ နဘား...
13/11/2021

အင်းတော် နဘားရဲကင်းစခန်းအား အထူးပြောက်ကျားအဖွဲ့မှ ဝင်စီးနင်း

ယနေ့ ညနေ ၅ နာရီဝန်းကျင်ခန့် ကသာခရိုင်၊အင်းတော်မြို့နယ်၊ နဘားရဲကင်းစခန်းအား PDF အထူးပြောက်ကျားအဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်စီနင်းခဲ့ကြောင်း Indaw Revolution မှ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တွဲဗို့၁လက် ၊တွဲဗို့ကျည်၃၀ ၊ခြောက်လုံးပြူးကျည်၁၀၊ G2ကျည်၂ စက်၊ ကလေးကျည်၅၊လက်တော့၁လံုး၊ ကျည်သေတ္တာ ၁ တိုက်စတဲ့ပစ္စည်းများကို သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း သိရပါသည်။
November 13,2021/
CRD-Kachin News group

Photo - IR

အားကျနေကြပြီမို့လား😁လိုက်ဖက်တဲ့ ဘဝဆိုတာ အဲတာမျိုးလေ 😍😍😍
13/11/2021

အားကျနေကြပြီမို့လား😁

လိုက်ဖက်တဲ့ ဘဝဆိုတာ အဲတာမျိုးလေ 😍😍😍


လက်သုံးချောင်းထောင်ပြ၍ မရသည့် စစ်ကောင်စီကို လက်နက်ကိုင်  တိုက်ပွဲဝင်နေသည့် ညောင်တုန်းအမတ် မနီနီမိုး
12/11/2021

လက်သုံးချောင်းထောင်ပြ၍ မရသည့် စစ်ကောင်စီကို လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ညောင်တုန်းအမတ် မနီနီမိုး

09/11/2021
ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့သည် သမ္မတကြီးဦးဝင်းမြင့်၏ အသက် ၇၀ ပြည့်နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။သမ္မတကြီး ကျန်းကျန်းမာမာနဲ့ သက...
08/11/2021

ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့သည် သမ္မတကြီးဦးဝင်းမြင့်၏ အသက် ၇၀ ပြည့်နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။

သမ္မတကြီး ကျန်းကျန်းမာမာနဲ့ သက်တော်ရာကျော်ရှည်ပါစေ။ မတရားဖမ်းဆီးခံရခြင်းမှအမြန်ဆုံးလွတ်မြောက်ပါစေ …🙏🙏🙏🙏🙏🙏🙏🙏🙏

November 8th,2021.

crd-pdfသတင်းစုံ

အရာရာတိုင်းအလကားမရဘူးပြည်သူကကျွေးထားရင်ပြည်သူအားကိုးရတဲ့သူပဲဖြစ်ရမယ်.  . . #မန်းဒေါက်PDFcrd-pdfသတင်းစုံ
07/11/2021

အရာရာတိုင်းအလကားမရဘူး
ပြည်သူကကျွေးထားရင်
ပြည်သူအားကိုးရတဲ့သူပဲဖြစ်ရမယ်. . .
#မန်းဒေါက်PDF
crd-pdfသတင်းစုံ

အောင်နမိတ်အောင်စိတ်ရက်ရှည်ရကောင်းလားလို့ မျက်ရည်မကျနဲ့.။အံကြိတ်ပြီး အမောင်ဇွဲသန်မှ အလံချိတ်ပြီး အောင်ပွဲခံရမှာ.။အကြောက်သ...
07/11/2021

အောင်နမိတ်အောင်စိတ်

ရက်ရှည်ရကောင်းလားလို့ မျက်ရည်မကျနဲ့.။

အံကြိတ်ပြီး အမောင်ဇွဲသန်မှ
အလံချိတ်ပြီး အောင်ပွဲခံရမှာ.။

အကြောက်သန်၊ အတွေးဖောက်ပြီး
နောက်ပြန် ပြေးပေါက်မရှာနဲ့.။

ရှေ့ကိုသာ ဆက်လျှောက်
တနေ့နေ့မှာ ရောက်ရမယ်.။

-တင်မိုး

Crd - Poerty Of L

ဇာတ်ကားထဲက အာနိုးမဟုတ်ဘူး လွတ်မြောက်နယ်မြေက အမေ့သားတွေ😍😍
06/11/2021

ဇာတ်ကားထဲက အာနိုးမဟုတ်ဘူး လွတ်မြောက်နယ်မြေက အမေ့သားတွေ😍😍

စာသင်ချိန်က ၂လကျော်၃လပဲရမယ်မအောင်မရှိ ငါ့တပည့် ဆို အောင်လာမယ်အရည်အချင်းကတော့ ရှိမှာမဟုတ်ကြောက်စိတ်မကုန် ကျွန်စိတ်မခမ်းသေ...
05/11/2021

စာသင်ချိန်က ၂လကျော်၃လပဲရမယ်
မအောင်မရှိ ငါ့တပည့် ဆို အောင်လာမယ်
အရည်အချင်းကတော့ ရှိမှာမဟုတ်

ကြောက်စိတ်မကုန် ကျွန်စိတ်မခမ်း
သေးတဲ့
ဆရာ ဆရာမတွေက
စာသင်ပေးလိမ့်မယ်

တက်ခြင်လဲတက်ပေါ့
တချိန်မှာ တတန်းကို၃လနဲ့သင်ပြီး
အောင်လာတဲ့ငတိတွေ
ငတိမတွေလို့
ငကြောက်တွေပါကွာလို့

သမိုင်းကပြောလာလိမ့်မယ်

pto

စက် ဆရာကသွေးသစ္စာသီချင်းဖွင့်တယ်ဗီနိုင်းဆိုင်က မသိမသာလေး အဓ္ဓမလို့ရိုက်ပေးတယ်စာမဖတ်တတ်တော့ 😀 ်းစုံ
05/11/2021

စက် ဆရာကသွေးသစ္စာသီချင်းဖွင့်တယ်
ဗီနိုင်းဆိုင်က မသိမသာလေး အဓ္ဓမလို့ရိုက်ပေးတယ်
စာမဖတ်တတ်တော့ 😀
်းစုံ

၈၈ကျဆုံးကျောင်းသူ မဝင်းမော်ဦး၏ ဖခင်ကွယ်လွန်၊==============4 November,2021RiSE News၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ကျ...
05/11/2021

၈၈ကျဆုံးကျောင်းသူ မဝင်းမော်ဦး၏ ဖခင်ကွယ်လွန်၊
==============
4 November,2021
RiSE News

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့ရတဲ့အာဇာနည်ကျောင်းသူ မဝင်းမော်ဦးရဲ့ ဖခင်ဖြစ်သူ ဦးဝင်းကြူဟာ ဒီကနေ့ (နိုဝင်ဘာလ၄ရက်) ညနေ ၄နာရီ ၅၅မိနစ်ခန့်က ကွယ်လွန်ဆုံးပါးသွားပြီလို့မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ကွယ်လွန်သူ ဦးဝင်းကြူဟာ အသက်၆၉နှစ်ရှိပြီဖြစ်ပြီး နာတာရှည်အဆုတ်ရောဂါခံစားနေရတာလည်းဖြစ်ပါတယ်။

ပြည်သူတွေ လှူဒါန်းသော ငွေ အသုံးစရိတ် ရလို့ ပျော်ရွှင်နေတဲ့ KNDF ရဲဘော်များ  #ဒီမော့ဆိုဇုန် B-10💪✊✊ ်းစုံ
04/11/2021

ပြည်သူတွေ လှူဒါန်းသော ငွေ
အသုံးစရိတ် ရလို့ ပျော်ရွှင်နေတဲ့
KNDF ရဲဘော်များ

#ဒီမော့ဆိုဇုန် B-10
💪✊✊

်းစုံ

ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ရေးဆိုင်ရာ သင်တန်း ဆင်းပွဲ၊~~~~~~~~~~~3 November,2021စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလ...
04/11/2021

ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ရေးဆိုင်ရာ သင်တန်း ဆင်းပွဲ၊
~~~~~~~~~~~
3 November,2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KBU-PDF)၏ စစ်ရေးဆိုင်ရာ အမှတ်စဉ်(၁၃)သင်တန်း၏ သင်တန်းဆင်းပွဲကို ပြုလုပ်ပြီးစီးဖြစ်ကြောင်း ကန့်ဘလူ PDF က ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။


Photo: KBU-PDF

အိန္ဒိယနယ်စပ် ရောက်နေတဲ့ ထန်တလန် စစ်ဘေးရှောင်မှ ကလေးတွေပုံရိပ်များဆောင်းတွင်းဆိုတော့ တော်တော်ချမ်းနေမှာပဲ 💔Photo ... ရွှ...
04/11/2021

အိန္ဒိယနယ်စပ် ရောက်နေတဲ့ ထန်တလန် စစ်ဘေးရှောင်မှ ကလေးတွေပုံရိပ်များ

ဆောင်းတွင်းဆိုတော့ တော်တော်ချမ်းနေမှာပဲ 💔

Photo ... ရွှေပါရမီ ပညာဒါန - ထိုင်းနိုင်ငံ

်းစုံ

"ရန်ကုန်သန်လျင်တွင် ယာဉ်ထိန်းရဲ ၃ ဦး ပစ်သတ်ခံရ"----- ----- -----ရန်ကုန်၊ နိုဝင်ဘာ ၃ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ယ...
04/11/2021

"ရန်ကုန်သန်လျင်တွင် ယာဉ်ထိန်းရဲ ၃ ဦး ပစ်သတ်ခံရ"
----- ----- -----
ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ယနေ့ ယာဉ်ထိန်းရဲ ၃ ဦးကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်လိုက်ကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုံ၊ အောင်သပြေလမ်းဆုံတွင် ဖြတ်သွားဖြတ်လာ ပြည်သူများ၏ မော် တော်ယာဥ်များ ဆီဘောက်ဆာကားများ နှင့် ဆိုင်ကယ်များများထံမှ အနိုင်ကျင့် ယာဥ်များသိမ်းယူခြင်း ၊ ငွေများတောင်းယူခြင်းများပြုလုပ်နေကြောင်း တိုင်ကြားလာသဖြင့် သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးကာ အမှန်တကယ်ငွေကြေးတောင်းယူ အနိုင်ကျင့်နေ၍ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

"ယာဉ်ထိန်းရဲ ၃ ဦးအသတ်ခံရတယ်။ အခုအဲဒီဘက်မှာ ရဲရော စစ်သားရော အင်အားများတယ်။ လမ်းတွေလည်း ပိတ်ထားတယ်။ စစ်နေပြီ" ဟု သန်လျင်ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်လမ်းမများပေါ်မှ ယာဉ်ထိန်းရဲတချို့ ( ပုံအဟောင်း အသုံးပြုထားသည်)

Khit Thit (3 Nov 2021)

စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ငွေကြေးအကြီးအကဲ Chief Financial Officer ဗိုလ်မှူးဟောင်း  သိန်းအောင် ပစ်သတ်ခံရ၊==============4...
04/11/2021

စစ်တပ်ပိုင် Mytel ကုမ္ပဏီ၏ ငွေကြေးအကြီးအကဲ Chief Financial Officer ဗိုလ်မှူးဟောင်း သိန်းအောင် ပစ်သတ်ခံရ၊
==============
4 November,2021
BVJ

မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ (၇) မိုင်၊ တေးနုယဉ်လမ်း၊ အမှတ် (၂၆/အေ/G1) နေအိမ်ရှေ့မှာ စစ်တပ်ပိုင် Mytel ၏ ခေါင်းဆောင် ငွေကြေးအကြီးအကဲ Chief Financial Officer ဗိုလ်မှူးဟောင်း သိန်းအောင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ပစ်သတ်ခံလိုက်ရတယ်လို့သိရပါတယ်။

ဗိုလ်မှူးဟောင်း နဲ့ ဇနီးဖြစ်သူတို့ လမ်းလျှောက်ရန်အိမ်မှအထွက်မှာ အသင့်စောင့်ဆိုင်း ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များမှ သိရတာပါ။

ဗိုလ်မှူးဟောင်းဟာစစ်တက္ကသိုလ် အပတ်စဉ်( ၂၈)ဆင်း ရေတပ်မှ ဖြစ်ပြီး လက်ရှိ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၊လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်တို့နှင့် အပတ်စဉ်တူ ရင်းနှီးသော သူငယ်ချင်းဖြစ်ကြောင်းလည်း သိရပါတယ်။

မူးယစ်ဆေး ရောင်းချသူ ၆ ဦး အား ဖမ်းဆီး စစ်ကိုင်းတိုင်း မြို့နယ် တနေရာတွင်  ဒေသခံ pdf တပ်သားများက ကျေးရွာအုပ်စုများအတွင်း...
03/11/2021

မူးယစ်ဆေး ရောင်းချသူ ၆ ဦး အား ဖမ်းဆီး



စစ်ကိုင်းတိုင်း မြို့နယ် တနေရာတွင် ဒေသခံ pdf တပ်သားများက ကျေးရွာအုပ်စုများအတွင်း မူးယစ်ဆေးလှည့်လည် ရောင်းချသူ ၆ ဦးကို pdfများ စီမံနေသည့် စစ်ဆေးရေး ဂိတ်များတွင် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါသည်။
"အဓိကကတော့ ကျေးရွာအုပ်စုက ပြည်သူတွေက ကျနော်တို့ကို တိုင်ကြတယ်။ သူတို့ကြောင့် ကျေး ရွာတွင်း မိသားစုများ ဒုက္ခရောက်နေကြတာ။ မူးယစ်ဆေးစွဲပြီး မိသားစု စားဝတ်နေရေး ဒုက္ခရောက်ကြတယ်။ အဲဒါကြောင့် ကျနော်တို့က စစ်ဆေးရေးဂိတ်မှာ သံသယရှိသူတွေကို ရှာဖွေစစ်ဆေးပြီး ဖမ်းတာ။ သက်သေပစ္စည်းတွေ နဲ့ တကွ ဖမ်းဆီးထားတယ်။ ဟိုနေ့က လေးယောက်မိတယ်။ ဒီနေ့ ၂ ယောက်။" ဟု ဒေသPDF ရဲဘော်တစ်ဦးက SPDF news သို့ပြောကြားပါသည်။
ဖမ်းမိသည့် မူးယစ်ဆေးရောင်းချသူများကို အုပ်စုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်နှံထားပြီး မူးယစ်ဆေးများကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းတွင်း ကျေးရွာအုပ်စုများတွင် PDF များ၏ စစ်ဆေးရေးဂိတ်များ ရှိလာနေပြီ ဖြစ်သည်။

crd-pdfသတင်းစုံ

တွင်ခုံသမားရယ် လက်သမားရယ် အင်ဂျင်နီယာသမားရယ်ပေါင်းမိကြတဲ့အခါ အခုလို ပစ္စည်းလေး တွေထွက်လာသတည်း။🇹🇭  နိုဝင်ဘာ ၃ ်းစုံ
03/11/2021

တွင်ခုံသမားရယ် လက်သမားရယ် အင်ဂျင်နီယာသမားရယ်ပေါင်းမိကြတဲ့အခါ အခုလို ပစ္စည်းလေး တွေထွက်လာသတည်း။

🇹🇭 နိုဝင်ဘာ ၃

်းစုံ

ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ ဒေသခံ တောင်သူများထွက်ပြေးနေရ၊==============2 November,2021ရှမ်း...
02/11/2021

ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ ဒေသခံ တောင်သူများထွက်ပြေးနေရ၊
==============
2 November,2021

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ၊ အနောက်မြောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၅၀၀ ခန့်ဖြင့် ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ထိုးစစ်ဆင်လာသည့်အတွက် လွယ်လုံကျေးရွာ၊ လွယ်ဟွဲကျေးရွာရှိ တောင်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရပါသည်။

စာသင်ကျောင်းများကို ဖောက်ခွဲဖျက်စီးရန် ကြံစည်ကြိုးစားသည့် ပျူစောထီးအကြမ်းဖက်အဖွဲ့ PDF ကဖမ်းဆီးပုသိမ်၊ နိုဝင်ဘာ ၂ပုသိမ်မြ...
02/11/2021

စာသင်ကျောင်းများကို ဖောက်ခွဲဖျက်စီးရန် ကြံစည်ကြိုးစားသည့် ပျူစောထီးအကြမ်းဖက်အဖွဲ့ PDF ကဖမ်းဆီး

ပုသိမ်၊ နိုဝင်ဘာ ၂

ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာတွင်ရှိသော စာသင်ကျောင်းများကို ဖောက်ခွဲဖျက်စီးရန် ကြံစည်ကြိုးစားခြင်းပြုနေသည့် PDF အယောင်ဆောင် စစ်ကောင်စီနောက်လိုက် ပျူစောထီးအကြမ်းဖက်အဖွဲ့အား တူမီး ၈ လက်အပါအဝင် ဖေါက်ခွဲရေးပစ္စည်းများနှင့်အတူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF မှ ‌နိုဝင်ဘာ ၁ ရက် ယမန်နေ့ညက ဖမ်းဆီးရမိလိုက်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရပါသည်။

Sa J Myanmar News

လေးစားရပါသော အမှန်တရားဘက်တော်သားပြည်သူများခင်ဗျ။ကျနော်တို့ PDF-TC (တပ်ခွဲရုံး) ရှိတာ၀န်ခံများမှတရားဝင် ခန့်အပ်ထားသော Fun...
02/11/2021

လေးစားရပါသော အမှန်တရားဘက်တော်သား
ပြည်သူများခင်ဗျ။

ကျနော်တို့ PDF-TC (တပ်ခွဲရုံး) ရှိတာ၀န်ခံများမှ
တရားဝင် ခန့်အပ်ထားသော Fundraising Team
(6) ယောက်သာ ရှိပါသည်ခင်ဗျာ။

ယခုအခါမှာ အချို့သောသူများသည်
PDF -TC စခန်းပုံရိပ် ဓာတ်ပုံ ဗီဒီယိုဖိုင်များ
ပြန်လည်ကူးယူဖော်ပြပြီးပြည်သူများထံ
အလှူခံနေသည်ကို မကြာခဏတွေ့ရှိလာရပါသည်။

ပြည်သူတချို့မှာ ထိုသူများထံ အယုံလွယ်
လှူဒါန်းမိပါက ကျနော်တို့ PDF -TC တပ်ခွဲရုံးထံသို့
ရောက်ရှိပါမည်ဟု အာမခံချက် မပေးနိုင်ပါခင်ဗျာ။

အမှန်တကယ်လိုအပ်သော PDF-TCတပ်ခွဲရုံးရှိ
ကျနော်တို့ရဲဘော်များအတွက်လည်း များစွာ
နစ်နာမှုရှိပါသည်ခင်ဗျာ။

ထောက်ပံ့ကူညီရတဲ့ ပြည်သူအနေနဲ့လဲ
အခက်အခဲများစွာကြားက ‌ကူညီပေးသော
ငွေသား၊ပစ္စည်းရိက္ခာဆေးဝါးများသည်
အမှန်တကယ် လိုအပ်သော PDF TCတပ်ခွဲရုံးသို့
တိုက်ရိုက်ရောက်ရှိစေရန်အတွက်
Peoples'Defense Force TC (Branch Office)
Page Messenger တွင်ဖြစ်စေ

ယခုဖော်ပြပါ Fundraisers များထံတွင်ဖြစ်စေ
တိုက်ရိုက်ဆက်သွယ်ထောက်ပံ့နိုင်ပါကြောင်း
ပြည်သူများအား သိစေအပ်ပါသည် ခင်ဗျာ။

❗ Peoples'Defense Force TC တပ်ခွဲရုံးတွင်
တရား၀င်တာ၀န်ယူထားခြင်းမရှိသော အပြင်လူများ၏
ထောက်ပံ့ငွေကိစ္စများဖြင့် ပတ်သတ်ပြီး
ဖြစ်ပေါ်လာသော ငွေကြေးအရှုပ်အရှင်း ပြဿနာများကို
Peoples'Defense Force TC တပ်ခွဲရုံးမှ
တခြားPDFစခန်းများနှင့်ချိတ်ဆက်ပြီး အပစ်ရှိသူအား
တရားမျှတစွာ ဖမ်းဆီးအရေးယူသွားမည်။

PDF TC တပ်ခွဲရုံး၏ တရား၀င် Fundraising တာ၀န်ယူထားသူများသည်လဲ ထောက်ပံ့ငွေကိစ္စများနှင့်ပတ်သတ်ပြီး
ငွေကြေး အရှုပ်အရှင်း ကိစ္စရပ်များသိရှိပါက
စခန်းတာ၀န်ခံများ၏ အပစ်ပေးအရေးယူခြင်းကို
ကျေနပ်စွာခံယူမည်ဖြစ်ကြောင်း အသိပေးပါသည်။

PDF-TC စခန်းသို့တိုက်ရိုက်ရောက်ရှိစေသည့်
ယုံကြည်စိတ်ချမှုအပြည့်အ၀ ပေးထားသော
Fundraisers များ၏ Profile Photo အောက်တွင်
အကောင့်Link လေးများနှင့်တကွ ဖော်ပြပေးထားပါသည်။

𝙋𝙚𝙤𝙥𝙡𝙚𝙨'𝘿𝙚𝙛𝙚𝙣𝙨𝙚 𝙁𝙤𝙧𝙘𝙚 𝙏𝘾 {𝘽𝙧𝙖𝙣𝙘𝙝 𝙊𝙛𝙛𝙞𝙘𝙚}
𝙁𝙪𝙣𝙙𝙧𝙖𝙞𝙨𝙞𝙣𝙜 𝙏𝙚𝙖𝙢

်းစုံ

ဝမ်းသာပီတိဖြစ်ရပါ၏ကနဦး အလှူခံရရှိထားငွေ နဲ့ မနေ့က အလှူခံ ရရှိငွေ စုစုပေါင်း ကျပ် သိန်း ၅၀၀ နဲ့ စင်္ကာပူဒေါ်လာ ၃၀၀၀ ရရှိပ...
02/11/2021

ဝမ်းသာပီတိဖြစ်ရပါ၏

ကနဦး အလှူခံရရှိထားငွေ နဲ့ မနေ့က အလှူခံ ရရှိငွေ စုစုပေါင်း ကျပ် သိန်း ၅၀၀ နဲ့ စင်္ကာပူဒေါ်လာ ၃၀၀၀ ရရှိပါတယ်...
အလှူငွေ အားလုံး ကိုထိုက် နဲ့ ဒေါ်မြင့် May Thet Htwe တို့ထံ ရောက်ရှိပြီး ဖြစ်ပါတယ်...

အလှူငွေလက်ခံတဲ့ Bank Acct များ လုံခြုံရေးအတွက် အလှူငွေလက်ခံခြင်းကို ခေတ္တ ရပ်နားထားပါတယ်ရှင့်…

မကြာမီ ရက်များအတွင်း
People’s Defense Force - TC (Branch Office)
မောင်လေး Shine Htet Zaw တို့ အတွက် အလှူလက်ခံပေးဖို့ စီစဉ်လျက်ရှိပါတယ်ရှင်...

ပိတ်ဆို့တားဆီးမှု အမျိုးမျိုးကြားက အလှူငွေများ ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်ရတဲ့အတွက် အလှူရှင်များ ကြုံရတဲ့ စိတ်အနှောက်အယှက် ဖြစ်စရာများ ၊ comment အများစု မှာ မြင်ရတဲ့ အခက်အခဲကြုံရမှုများ ဖြစ်ခဲ့ရပါတယ်…

ကျွန်မရဲ့ page မှ တိုက်ရိုက်လက်ခံတဲ့ အခါမှာတောင် အခက်အခဲများစွာ ရှိနေခဲ့ပြီး အခုလို ကြားခံအနေနဲ့ messenger bot ကနေတဆင့် အခြား page တခုကို ပြန်ရောက်အောင် ညွှန်ရပြီး အလှူငွေကို လွှဲပြောင်းရတဲ့အခါ တော်တော် စိတ် ကသိကအောက် ဖြစ်ရပါတယ်...
နည်းပညာပိုင်းအရ စိန်ခေါ်မှု တချို့ကိုလဲ ကျွန်မတို့ ဖြေရှင်းနိုင်စွမ်း မရှိကြောင်း ဝန်ခံပါရစေ...

ကျွန်မတို့ စီစဉ်တာ ညံ့ဖျင်းမှုကြောင့် ဖြစ်ပါတယ်...
သည်းခံပေးဖို့ တောင်းပန်အပ်ပါတယ်...

အခက်အခဲအမျိုးမျိုး ရှိနေပေမယ့် အလှူငွေများကို ပေးလှူပေးကြတဲ့ တယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် ..

အရေးတော်ပုံ အောင်ရမည်။

ထားထက်ထက်
2 November 2021

နူးညံ့တဲ့ငါ့နှလုံးသားကို အခုလိုမာကြောစေတာ အမှန်တရားအတွက်ပါ💙💖💪💪💪💪ဘေးကင်းပါစေ❤credit. photo
02/11/2021

နူးညံ့တဲ့ငါ့နှလုံးသားကို အခုလိုမာကြောစေတာ အမှန်တရားအတွက်ပါ💙💖💪💪💪💪

ဘေးကင်းပါစေ❤
credit. photo

မိမိရဲ့ အလှပုံများ စားကောင်းသောက်ကောင်းများ စားနေပုံများ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်နေပုံများ စသည်ဖြင့် လိုင်းပေါ...
02/11/2021

မိမိရဲ့ အလှပုံများ စားကောင်းသောက်ကောင်းများ စားနေပုံများ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်နေပုံများ စသည်ဖြင့် လိုင်းပေါ်တင်မည်ဆိုပါက

ပင်ပမ်းဆင်းရဲ ကြမ်းတမ်းစွာ တိုင်းပြည်အတွက် စွန့်စားပေးဆပ်နေတဲ့ ဒီ ညီငယ် ညီမငယ် လေးများကို မြင်ယောင် အားနာမိစေချင်ပါတယ်။

DMO-PDF တပ်ရင်း C
ရဲဘော်/ရဲမေ များ၏ လေ့ကျင့်မှု ပုံရိပ်များ

်းစုံ

Address


Website

Alerts

Be the first to know and let us send you an email when Pdf သတင်းစုံများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share