Cat Healing. Song ကို
သူတို့တကယ်သဘောကျကြတယ်
အဲ့ဒီနေရာနားမှာပဲ အိပ်နေကြတာ မြင်တဲ့အတိုင်းပါ
မွေးတဲ့ကယ်တဲ့ကလေးတိုင်းကို
ဝဝ လှလှလေးတွေဖြစ်စေချင်တဲ့စိတ်ရှိတော့
ကိုယ့်အခန်းမှာ ခေါ်ထားတဲ့ Oreo နဲ့ Lego ကို
အသကုန်စွတ်ကျွေးမိတာ
သားတွေကလည်း ကျွေးသမျှအကုန်တီးကြတာ
ညဖက်ဆိုလည်း ပြတင်းမှန်တွေဖွင့်အိပ်လိုက်
အဲကွန်းဖွင့်အိပ်လိုက်နဲ့လုပ်တတ်တဲ့
အအေးကြိုက်တဲ့အမေနဲ့အတူအိပ်ကြပြီး
ရင်ပြည့်အအေးမိပြီးအန်ကြလို့
အကျီတွေဝတ်ပေးထားရပြန်ပြီ😁
အူယားတို့အုပ်စု
ပန်းခြံလေးထဲ ဆင်းရမဲ့ အချိန်မှာ
ကြောင်လေးက ချစ်စရာလေး ဆိုတဲ့နောက်ကွယ်မှာ
ပင်ပန်းရအချိန်ပေးရတာတွေရှိပါတယ်
Lego လေးက ရောက်ပြီးတာနဲ့
Oreo နဲ့ ပြိုင်ပြီးအသကုန်စားလိုက်တာ
(ကျမလည်း ချင့်ချိန်ကျွေးဖို့မေ့သွားတယ်)
တနေ့ည 3:15 မှာအစာတွေထအန်ပါတယ်
Air X တွေပါ ပြန်အန်လာတော့ လူကမျက်လုံးပြူးပြီး
သူ့ကိုမိုးလင်းထိ ထိုင်ကြည့်နေရတာ
မိုးလင်းတာနဲ့ ဆရာဝန်တွေဆီဖုန်းတွေဆက်မေး
ညွှန်ကြားတဲ့ အတိုင်း ဂါဒီဇင်ပဲတိုက် ထားပြီး
ဆေးခန်းက ထည့်ပေးတဲ့ အစာထုပ်ကို နည်းနည်းစီကျွေး
အစာစားပြီးရင် ကျွေးရတဲ့ Jel လည်းခွန့်ပြီး
အခြေအနေကောင်းလာမှ အသက်ဝ ဝရှူနိုင်ပါတယ်
အမွှေးရှည်မျိုးတွေက ပုံမှန်ကြောင်တွေထက်
ခံနိုင်ရည်ပိုနည်းလို့ ပိုစိတ်ပူရတာပါ
ဂေဟာနဲ့ ပင်ပန်းတာမလုံလောက်လို့
အိပ်ခန်းထဲခေါ်ထည့်ပြီး စိတ်ပင်ပန်းလူပင်ပန်း ခံ နေရလည်း
စိတ်မလျော့နိုင်တဲ့ ကိုယ့်ကိုကိုယ်
ဘာပြောရမှန်းတောင်မသိတ
လွှတ်ကျောင်းခြံအသေးက
ကလေးလေးတွေရဲ့နေ့လည်ခင်း Video လေးပါ
ကလေးတွေက ချစ်လို့ဝယ်မွေးတယ်
လူကြီးက လုံးဝလက်မခံဘူး
ဒီလိုအကြောင်းနဲ့ ကျမအိမ်ကိုရောက်လာတဲ့.
ပါရှန်းသားလေးပါ
အမွှေးထုံးတွေနဲ့ ကလေးကမျက်နှာလေးကညှိုးလို့
ကိုယ်လုံးလေးကလည်းကျောရိုးတွေစမ်းကြည့်လို့ရတယ်
သူဝလာအောင် ပျော်လာအောင် ကြိုးစားရပါအုန်းမယ်
မကြည်ဖြူတဲ့သူရှိတဲ့အိမ်မှာ
သေချာဂရုစိုက်မမွေးနိုင်တဲ့အိမ်မှာ
ကလေးတွေမရောက်ကြပါစေနဲ့ရှင်
မနက်ကတခေါက် ညနေကတခေါက်သွားကြည့်ပြီးပြီ
ညဖက်ကိုတော့ CCTVကြည့်ပြီးလှမ်းပြောတယ်
နေ့တိုင်းလုပ်နေတဲ့အလုပ်ကိုပဲ
မေ့လိုက် ကျန်လိုက် လစ်ရင်လစ်သလိုလုပ်လိုက်တွေကြောင့်
အမြဲလို စိတ်တိုနေရတဲ့ ကိုယ့်အသံဆိုးကိုတော့
သည်းခံကြပါရှင်
ယောက်ကျားလိုချင်ရင်
ထစ်ကနဲဆို ရန်ဖြစ်ချင် လက်ပါချင်တဲ့ အကျင့်ကိုပြင်ရမယ်
မျက်နှာကြောမတင်းရဘူး
ထုပ်က. မျက်နှာကလည်းပုတ်သေး
ပါးချကလည်းသန်သေး ဆိုတော့
ငါ့သမီး အနားကို Bingo ကမကပ်ရဲတော့ဘူးပေါ့ကွယ်
@#$%^&&*****
သမော်ဒီး လင်ရဖို့အရေး ချော့မော့ဆုံးမ
အဆင်ပြေပါ့မလားလို့စောင့်ကြည့် ရတာ
လူက အင်နာဂျီတွေပါကုန်တယ် ရှင်
ဂေဟာကကြောင်တကောင် အပြင်လွတ်သွားရင်လည်း
တရက်မပြတ် ပြန်ရအောင်ကြိုးစားတယ်
အခုလည်း လွှတ်ကျောင်းခြံထဲက
သစ်ပင်ထိပ်မှာ ပြန်မဆင်းတတ်တဲ့ ကလေးကို
.သူ့ဖာသာပြန်ဆင်းလာတာမစောင့်နိုင်တော့လို့
(မိုးချုပ်ရင် အအေးမိမှာစိုးလို့ ကျမမခိုင်းပဲ.
ရအောင်တက်ခေါ်ကြတာ)
သူတို့လည်းစိုးရိမ်တတ်လို့
သံယောဇဥ်ရှိလို့ ဒီလိုလုပ်ကြတာပါ
ဘယ်လို ခေါ်ရလည်းကြည့်လို့ရအောင်
Video လေးတင်ပေးလိုက်ပါတယ်ရှင်
ဒီနေ့ထပ်ကယ်ပေးလိုက်တဲ့ကလေးပါ
ခဲရောင်နဲ့ မျက်နှာဝိုင်းလေးဆိုရင် အိမ်မွေးလေးဖြစ်နိုင်ပါတယ် BSH လေးလားမသိဘူး
နေရောင်အောက်ဆိုတော့ အရောင်မှန်မမြင်ရ သေးဘူး
ကလေးကအားပြတ်ပြီးရောဂါဝင်နေရှာပြီ
မျက်စိတဖက်လည်းမမြင်ရပါဘူး
သူနဲ့ဆိုရင် DC ဆေးခန်းမှာဆေးရုံတင်ကလေး
ဆယ်ကောင်ကျော်ပါပြီရှင်
သူတို့လေးတွေရဲ့ ဆေးကုစရိတ် ဆေးရုံတင်စရိတ်များကို
ကျမတယောက်ထဲလစဥ်စိုက်နေရတာကြာပါပြီ
ကလေးတွေရဲ့အသက်တွေကိုဝိုင်းကယ်ကြမှ
ကျမလည်းရေရှည် ကယ်ပေး ဆေးကုပေးနိုင်မှာပါရှင်
မနီလာ kpay Wave Pay 095105212 ကို
လှူဒါန်းပေးလို့ရပါတယ်
ဂါဂါးရဲ့ကလေးတွေ
အပျိုလူပျိုတွေဖြစ်လာတဲ့အထိ ဆော့ကြတုန်း
အကြည်လေးကလည်း သူ့ကလေးတွေကိုအခုထိချစ်နေတုန်း