Aung Hlaing

Aung Hlaing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Hlaing, Pet Supplies, .

 #ခွေးလေးတွေကို_အသားအစိမ်းကျွေးတာကောင်းလား?ဒီနေ့တော့ ခွေးလေးတွေကို အသားအစိမ်းကျွေးတာနဲ့ပတ်သတ်ပြီး နည်းနည်းလောက် မျှဝေပေး...
06/10/2023

#ခွေးလေးတွေကို_အသားအစိမ်းကျွေးတာကောင်းလား?

ဒီနေ့တော့ ခွေးလေးတွေကို အသားအစိမ်းကျွေးတာနဲ့ပတ်သတ်ပြီး နည်းနည်းလောက် မျှဝေပေးချင်ပါတယ်။

အသားအစိမ်းလို့ဆိုရာမှာ မကြော်/ချက်ရသေးတဲ့ ကြက်/ဘဲလည်ပင်းပိုင်း၊ ကြက်/ဘဲဥ၊ ကြက်/ဘဲအသည်း၊ ဝက်/အမဲအသည်း... စတာတွေနဲ့ ကြက်၊ ဘဲ၊ ဝက်၊ အမဲတွေရဲ့ အသားချည်းသက်သက် အစိမ်းတွေလည်း ပါဝင်ပါတယ်။

တစ်ချို့ကျတော့လည်း အသားရောင်းတဲ့ဆိုင်တွေကနေ အပိုအလျှံအဖြစ်ထွက်လာတဲ့ အသားအတိုအစလေးတွေကို ခွေးစာအဖြစ်ဝယ်ပြီး အစိမ်းကျွေးကြပါတယ်။

ခွေးလေးတွေကို အဲဒီလိုမျိုး အသားအစိမ်းတွေကျွေးတာက တကယ်ကောင်းမွန်တဲ့အကြံဉာဏ် ဟုတ်ရဲ့လား?... ဆိုတာကို လေ့လာကြည့်ကြရအောင်။

ခွေးတွေဟာ ဇီဝဆိုင်ရာနဲ့ ဗီဇဖြစ်တည်မှုအရ သူတို့ရဲ့ဘိုးဘေးတွေဖြစ်တဲ့ ဝံပုလွေတွေနဲ့ ဆင်တူကြတယ်လို့ ယုံကြည်သူတွေကနေတဆင့် အသားအစိမ်းကျွေးတဲ့ဓလေ့ ပေါ်ပေါက်လာတာပါ။

ဝံပုလွေတွေဟာ အသားတွေကို အစိမ်းစားလို့ ကျန်းမာပြီးကောင်းမွန်တဲ့ အရေပြားနဲ့ လှပတဲ့အမွေး(သားမွေး)တွေရှိကြတယ်၊ ရုပ်ပိုင်းဆိုင်ရာအရ ပိုမိုကျန်းမာ၊ သန်စွမ်းကြတဲ့အတွက်...
ခွေးတွေကိုလည်း အသားစိမ်းကျွေးရင် ဝံပုလွေတွေလိုပဲ ရုပ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာ၊ သန်စွမ်းပြီး ပိုမိုကောင်းမွန်တဲ့အရေပြားနဲ့ လှပတဲ့အမွေး(သားမွေး)တွေကို ပိုင်ဆိုင်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ဒါပေမယ့် တစ်ချို့လူတွေရဲ့ အခိုင်အမာယုံကြည်မှုတွေကို အထောက်အပံ့ဖြစ်စေမယ့် တိကျတဲ့သက်သေတွေတော့ အခုချိန်ထိမရှိသေးပါဘူး။

တကယ့်လက်တွေ့နဲ့ သူတို့တွေရဲ့ယုံကြည်ထားမှုဟာ လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်အချိန်... ခွေးတွေကို လူသားတွေရဲ့အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလာခဲ့တဲ့အချိန်ကတည်းက၊ ၎င်းတို့ရဲ့ မျိုးရိုးဗီဇဆိုင်ရာ လိုက်လျောညီထွေရှိမှုဟာ ဗီဇပြောင်းလဲလာခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိအချိန်ကာလမှာ ခွေးတွေကို အသားအစိမ်းကျွေးခြင်းဟာ လုံးဝသင့်တော်လျော်ကန်ခြင်း မရှိတော့ပါဘူး။

တကယ်တမ်း အသားအစိမ်းကျွေးခြင်းကနေ ကောင်းကျိုးအနည်းငယ် ရကောင်းရနိုင်ပေမယ့်၊ ဆိုးရွားတဲ့ရလဒ်အများအပြားရရှိနိုင်တာကိုတော့ သုတေသနပြုလေ့လာချက်တွေကနေ အသေအချာသက်သေပြထားပြီးပါပြီ။

အသားအစိမ်းကျွေးခြင်းကနေ အန္တရာယ်ရှိမှုအများအပြားရှိတဲ့အနက် ဆိုးဆိုးရွားရွားတစ်ခုကတော့... အသားစိမ်းထဲမှာပါတဲ့ ရောဂါပိုးမွှားတွေကြောင့် ခွေးတွေရဲ့ခန္ဓာကိုယ်တွင်း ခုခံအားကျဆင်းပြီး အစာအဆိပ်သင့်ခြင်းနဲ့ E.coli(အီးကိုလီ) အစရှိတဲ့ ရောဂါပိုးဝင်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

၎င်းတို့ဟာ အိမ်မွေးတိရစ္ဆာန်တွေမှာသာမက ကျွန်တော်တို့လူသားတွေအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့်အမြင်အရ အသားအစိမ်းကျွေးခြင်းကို လုံးဝအားမပေးလိုခြင်းဖြစ်ပါတယ်။

ဒီစာလေးကိုဖတ်ပြီး အသားအစိမ်းကျွေးနေတဲ့ ခွေးပိုင်ရှင်တွေနဲ့ အသားအစိမ်းကျွေးဖို့စီစဥ်နေတဲ့ ခွေးပိုင်ရှင်တွေအတွက် သတိပြုစရာတစ်စုံတခု အကူအညီရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ..



မြန်မာနိုင်ငံ အနှံ့Pet ခေါ်ခွင့်ရသော ဟိုတယ်များ🐱🐶မူရင်းရေးသားသူကို credit ပေးပါတယ်တုန်ကလဲ ပြန်လည် မျှဝေပေးတာပါ 🙏🏻🙏🏻🙏🏻Bag...
25/01/2023

မြန်မာနိုင်ငံ အနှံ့Pet ခေါ်ခွင့်ရသော ဟိုတယ်များ🐱🐶
မူရင်းရေးသားသူကို credit ပေးပါတယ်
တုန်ကလဲ ပြန်လည် မျှဝေပေးတာပါ
🙏🏻🙏🏻🙏🏻Bagan
✔️ Popa Mountain Resort
✔️ Heritage Bagan
✔️ Aureum Palace
✔️ Sky Palace Hotel
✔️ Bagan Land Hotel
🏔⛰🏔Kalaw
✔️ The Hotel - Kalaw Hill Lodge
✔️ Kalaw Heritage Hotel
✔️ Hill Top Villa
✔️ Dream Mountain
🗻🏔🛶Inle Lake
✔️ Aureum Palace
✔️ ViewPoint Ecolodge
🏝🌊🌊Chaung Thar
🌊 Amazing Chaungthar
🌊 The Belle Resort
🌊 Coral View
🌊 Akariz
🌊Golden Beach
🏖🌊🌊Ngwe Saung
✔️ Aureum Palace
✔️ ယမုံနာဦး
✔️ Emerald Sea
✔️ Yacht Club

✨✨✨Kalaw Hill Lodge နှင့် Coral View Chaung Thar က FOC လက်ခံပေးသလို အချို့ကတော့ အကောင် အသေး အကြီး ပေါ်မူတည်ပြီး charges ပေးရပါတယ်နော်….🐱🐶

Breed - BeagleOrigin - EnglandLifespan - 12 to 15 yearsBeagle ဆိုတာ အရွယ်အစား‌အသေးကနေအလယ်အလတ်ထိရှိတဲ့ scent hound(အနံ့ခံ...
12/10/2022

Breed - Beagle
Origin - England
Lifespan - 12 to 15 years

Beagle ဆိုတာ အရွယ်အစား‌အသေးကနေအလယ်အလတ်ထိရှိတဲ့ scent hound(အနံ့ခံအားကောင်းတဲ့အမဲလိုက်ခွေး)အမျိုးစားလေးတွေဖြစ်ပါတယ်။ ယုန်တွေကိုအမဲလိုက်ဖို့ မျိုးစပ်ခဲ့တာပဲဖြစ်ပါတယ်။ သူတို့ရဲ့ သူမတူအောင်ကောင်းတဲ့အနံ့ခံနိုင်စွမ်းနဲ့ ခြေရာလိုက်နိုင်စွမ်းတွေကြောင့် တားမြစ်ထားတဲ့စိုက်ပျိုးရေးသွင်းကုန်တွေနဲ့ အစားအသောက်တွေကို စစ်ဆေးတဲ့နေရာတွေမှာသုံးကြပါတယ်။

ပုံသဏ္ဍန်အရ အမိုးခုံးပုံစံ ဦးခေါင်းရိုးရှိပြီး နှုတ်သီးက အသင့်အတင့်ရှည်ပါတယ်။ ရှည်လျားတဲ့နားရွက်တွေရှိပြီး အောက်ကိုကျနေတတ်ပါတယ်။ ‌ခြေလက်တွေက ခန္ဓာကိုယ်အချိုးစားထက်တိုတာကြောင့် ခါးရှည်တဲ့ပုံစံဖြစ်နေကြပါတယ်။ အမြီးက ပြန်ကွေးတက်မသွားပေမယ့် ခွေးက တက်ကြွနေချိန်တွေမှာ အပေါ်ကိုထောင်နေတတ်ပါတယ်။ မျက်လုံးကတော့ နီညိုဖျော့ရောင်၊အညိုရောင်ရှိကြပါတယ်။ အရောင်ကတော့ အဖြူအောက်ခံပေါ်မှာ အညို သို့မဟုတ် အနက်ရောင်ရှိတတ်ပြီး အဖြူအောက်ခံပေါ်မှာပဲ အနက်နဲ့ အခြားအရောင်တွေစပ်ထားတဲ့ ၃ရောင်စပ်လဲရှိကြပါသေးတယ်။

သူတို့မှာ တိကျ‌တဲ့ သမိုင်းကြောင်းမရှိပေမယ့် နှစ်ထောင်ပေါင်းများစွာကြာနေပြီဖြစ်တယ်လို့ဆိုပါတယ်။ Modern Beagleတွေကိုတော့ 1830ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး 1887ခုနှစ်မှာ မျိုးတုန်းမယ့်အန္တရာယ်ကိုကြုံတွေ့ခဲ့ရပါတယ်။ ထိုအချိန်က အင်္ဂလန်မှာ Beagle အုပ်စု 18စုသာကျန်‌ခဲ့တာပါ။ 1990မှာ Beagle Clubကိုစတင်ဖွဲ့စည်းခဲ့ပြီး ပြန်လည်မျိုးပွားနိုင်ခဲ့တာကြောင့် 1902မှာ အရေအတွက် 44အုပ်စုအထိ ပြန်တိုးလာခဲ့ပါတယ်။ 1840မှာ USကိုစတင်ရောက်ခဲ့ပြီး အမဲလိုက်ဖို့ရည်ရွယ်ပြီး တင်သွင်းခဲ့ကြပါတယ်။ 1885ခုနစ်မှာ AKCက လက်ခံအသိအမှတ်ပြုခဲ့ပြီး 20ရာစုမှာ တစ်ကမ္ဘာလုံးအနှံ့ တွင်တွင်ကျယ်ကျယ်မွေးလာကြပါတယ်။

သူတို့က ပျော်ပျော်နေတတ်တယ်၊ သဘောလဲကောင်းပြီး နူးညံ့ကြပါတယ်။ သဘာဝနဲ့လိုက်လျောညီထွေအောင်နေတတ်ကြတာကြောင့် ပတ်ဝန်းကျင်ကလူတွေရဲ့အချစ်ကိုယူနိုင်ကြပါတယ်။ သူစိမ်းတွေနဲ့ခပ်ခွာခွာနေတတ်တာကြောင့် Guard dogအဖြစ်သုံးလို့မရပါဘူး။ လူစိမ်းတွေနဲ့တွေ့ရတဲ့အခါ ဟောင်တာ၊အူတာတို့လုပ်တဲ့အတွက် ခြံစောင့်ခိုင်းလို့တော့ရပါသေးတယ်။ သူတို့ကဉာဏ်ကောင်းကြတယ်။ ဒါပေမယ့် တာရှည်အမဲလိုက်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်တဲ့အတွက် ရည်ရွယ်ချက်တစ်မျိုးတည်းပဲထားတတ်ကြပါတယ်။ အဲ့အချက်ကြောင့် လေ့ကျင့်ရခက်‌ပါတယ်။သူတို့လုပ်ချင်ရာလုပ်တတ်ကြတာပါ။

ခန့်မှန်းရခက်တဲ့စိတ်ရှိတယ်လို့‌‌ပြောလို့ရပါတယ်။ ဖော်ရွှေတတ်တဲ့အကျင့်ရှိပြီး လူစိမ်းတွေနဲ့ပါမြန်မြန်ဆန်ဆန်ခင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ favourite personတစ်ယောက်ရှိပြီးသားပါ။ အဆော့သန်ပြီး ကလေးတွေနဲ့စိတ်ချလက်ချလွှတ်ထားပေးလို့ရပါတယ်။ ဒါ့အပြင် Beagleတွေဟာ သဝန်တိုတတ်ပါတယ်။ သူတို့သခင်က အခြား‌တစ်ကောင်ကောင်ကိုဦးစားပေးနေတာမြင်ရင် စကားတွေများပြီး သခင့်ဆီက ဂရုစိုက်ခံရအောင် ပြန်လုပ်ကြပါ‌တယ်။သူ့သခင်ဦးစားပေးနေတဲ့ သတ္တဝါ(လူလဲဖြစ်နိုင်)ကိုရန်လိုပါတယ်။ ပစ်ထားခံရရင်လဲ ဝမ်းနည်းကြပါတယ်။ ပစ္စည်းတွေလဲဖျက်ဆီးကြပါတယ်။

သူတို့ရဲ့ များပြားလှတဲ့energyကြောင့် လေ့ကျင့်ခန်းတွေလုပ်လဲ ပင်ပန်းမှာမဟုတ်‌ပေမယ့် ပင်ပန်းသည်ထိလေ့ကျင့်ခန်းလုပ်ပေးဖို့လဲမလိုအပ်ပါဘူး။ သူတို့က အနံ့ခံတဲ့နေရာမှာတော့ ဆရာတစ်ဆူတွေပါ။ တစ်ဧကရှိတဲ့ ကွင်းပြင်မှာ ကြွက်တစ်ကောင်ထားပြီး ရှာခိုင်းတာ တစ်မိနစ်မကြာခင်မှာပဲရှာနိုင်ကြပါတယ်။ ဒါပေမယ့် Obedience showတွေအတွက်တော့ အဆင်မပြေပါဘူး။ ခြံနဲ့ပဲဖြစ်ဖြစ် တိုက်ခန်းနဲ့ဖြစ်ဖြစ် မွေးလို့ရပါတယ်။ အရွယ်အစားသေးသေးလေးနဲ့ ချစ်စရာကောင်းတာမလို့ လက်ဆောင်ပေးရင်လဲကောင်းတဲ့ခွေးလေးပဲဖြစ်ပါတယ်။

လေ့လာထားမိသလောက်ရေးထားတာဖြစ်တဲ့အတွက် ကွဲလွဲနေတာတွေရှိနိုင်ပါတယ်။

ကမ္ဘာ့နာမည်အကြီးဆုံးခွေးလေး (သို့) Labrador RetrieverBreed - Labrador Retriever Nickname- LabOrigin - United Kingdom Lif...
10/10/2022

ကမ္ဘာ့နာမည်အကြီးဆုံးခွေးလေး (သို့) Labrador Retriever

Breed - Labrador Retriever
Nickname- Lab
Origin - United Kingdom
Lifespan - 10 to 12 years

Labrador retriever လေးတွေဟာ လူမွေးများတဲ့ခွေးလေးဖြစ်ပြီး မြန်မာနိုင်ငံမှာလဲ Companion dogအဖြစ် တွင်တွင်ကျယ်ကျယ်မွေးကြပါတယ်။ လိုက်လျောညီထွေနေတတ်ပြီး Guard dogဆန်ဆန်ပဲမွေးမွေး အဖော်အဖြစ်ပဲမွေးမွေး လိုသလိုလုပ်ယူလို့ရတဲ့ခွေးတွေပါ။ 1991ခုနှစ်ကစပြီး Popularity rank 1နေရာကိုယူထားခဲ့တာဟာ 2022အထိ 31နှစ် ဆက်တိုက်ရှိပြီဖြစ်ပါတယ်။

Medium to largeအရွယ်အစားရှိကြပြီး ပုခုံးထိအရပ်အမြင့်မှာဆိုရင် 22-22.5လက်မနဲ့ 65-80ပေါင်အထိရှိကြပါတယ်။ ခွေးမလေးတွေက လက်မဝက်လောက်ပိုပုပြီး 55-70ပေါင်အထိရှိကြပါတယ်။ သူတို့ရဲ့ပုံစံက ကျယ်ပြန့်တဲ့ဦးခေါင်းရိုးနဲ့ သိသာထင်ရှားတဲ့မျက်ခုံးတွေရှိပါတယ်။ မျက်လုံးတွေက ကြင်နာတတ်ပုံစံရှိပြီး အညိုရောင်နဲ့ နီညိုဖျော့ရောင်ရှိကြပါတယ်။ နားရွက်တွေကမျက်လုံးရဲ့အထက်နားလေးကိုတွဲကျနေပါတယ်။ နှုတ်သီးကအလယ်အလတ်ရှည်ပြီး အရမ်းကြီးအဖျားချွန်မနေပါဘူး။ ပခုံးကနေ အမြီးဖျားထိ အရှည်ဟာ ပုခုံးမှခြေဖျားအထိအမြင့်နဲ့တူနေရပါမယ်။

သိပ်သည်းပြီး တိုတောင်းတဲ့‌အမွှေးတွေဟာ Double coatဖြစ်ပြီး Water resistantဖြစ်လို့ သူတို့ကို ရေနဲ့ဆီးနှင်းတွေ‌ကြောင့် အအေးပတ်တဲ့ဒဏ်ကနေ ကာကွယ်ပေးထားပါတယ်။ လက်ခံပေးထားတဲ့အရောင်တွေကတော့ အနက်ရောင်၊ အဝါရောင်(အဖျော့၊အရင့်အစုံ)နဲ့ ချောကလက်ရောင်တို့ဖြစ်ပါတယ်။

သူတို့ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်ရမယ်ဆိုရင် 16ရာစုလောက်မှာ Newfoundland ကနေစခဲ့တာပါ။ Saint Johnရဲ့ water dogတွေထဲကနေ ဆင်းသက်လာတာလို့လဲဆိုပါတယ်။ သူတို့ရဲ့မူလတာဝန်က ငှက်မုဆိုးတွေပစ်လို့ပြုတ်ကျသွားတဲ့ငှက်တွေကိုကောက်ပေးခြင်းနဲ့ ငါးဖမ်းသမားတွေရဲ့ ပိုက်ကိုကူဆွဲတင်ပေးရတာပဲဖြစ်တယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်မြင့်မားမှုကြောင့် Vietnam warအတွင်းမှာလဲ ရန်သူတွေကိုခြေရာခံဖို့နဲ့ scout dogအဖြစ်သုံးခဲ့ကြပါသေးတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ လမ်းပြတွေအဖြစ်လဲ လေ့ကျင့်ပေးပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြတဲ့အပြင် အခုခေတ်မှာဆိုရင် ရေနဲ့ပက်သက်တဲ့ကယ်ဆယ်ရေးတွေမှာ Labrador Retriever, Golden Retriever, Newfoundland, Leonbergerတို့ကို အဓိကထားပြီး သုံးနေကြဆဲပါပဲ။ 1903ခုနှစ်မှာ The Kennel Clubက အသိအမှတ်ပြုပေးခဲ့ပြီး FCIရဲ့အသိအမှတ်ပြုခြင်းခံထားရပါတယ်။

Labrador Retriever လေးတွေက ဉာဏ်ကောင်းကြတယ်၊ ဖော်လဲဖော်ရွှေသလို လူစိမ်းတွေကိုလဲ လက်ခံနိုင်ကြပါတယ်။ ကြီးမားတဲ့ ခန္ဓာကိုယ်ကြောင့် ရှိန်စရာကောင်းပေမယ့် ရန်မလိုတတ်ကြပါဘူး။ ကလေးချစ်တတ်ပြီး ကလေးတွေနဲ့ပိုပြီးအဆင်ပြေတတ်ပါတယ်။ ဘောလုံးကောက်ခိုင်းခြင်း တုတ်ချောင်းကောက်ခိုင်းခြင်း စသည်ဖြင့် ဆော့ကစားပေးခြင်းကို ကောင်းကောင်းတုံ့ပြန်တတ်ကြပါတယ်။ အထူးသဖြင့်ရေကူးရတာကိုနှစ်သက်ပြီး နွေရာသီမှာဆို အပြင်ဘက်မှာနေရတာကို သ‌ဘောကျကြပါတယ်။

သူတို့ချစ်ရတဲ့သူပေါ်ကိုသစ္စာရှိပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်တတ်တာကလဲ သူတို့ကိုလူကြိုက်များစေတဲ့အချက်ပါပဲ။ သူတို့သခင်နဲ့အတူ တစ်ခုခုလုပ်နေရချိန်ဟာ သူတို့အတွက်အပျော်ဆုံးအချိန်ပဲဖြစ်ပါတယ်။ သူတို့ကို လေ့ကျင့်သင်ကြားပေးသမျှကိုလဲ ကောင်းမွန်စွာတုံ့ပြန်နိုင်ပြီး နာခံမှုလဲကောင်းကြပါတယ်။ အထိ‌ရောက်ဆုံးကတော့ ဆုပေးစနစ်နဲ့လေ့ကျင့်ပေးဖို့ပါပဲ။ အဆင်ပြေလက်ခံနိုင်လောက်တဲ့ခွေးဖြစ်ဖို့ များများစားစားလေ့ကျင့်သင်ကြားပေးစရာမလိုတဲ့အတွက် Trainingအတွက်အချိန်မပေးနိုင်တဲ့သူတွေအတွက်လဲ ရွေးချယ်သင့်တဲ့ခွေးလေးပါ။

ဝလွယ်တာကြောင့် လေ့ကျင့်ခန်းများများလုပ်ပေးဖို့အရေးကြီးပါတယ်။ သို့သော် ကံကောင်းစွာနဲ့ပဲ Labradorလေးတွေဟာ လေ့ကျင့်ခန်း၊အလုပ်လုပ်ဖို့ ဆန္ဒရှိကြတာကြောင့် အဝလွန်မှာကိုစိုးရိမ်စရာမလိုပါဘူး။ ကျန်းမာရေးအနေနဲ့ စိုးရိမ်စရာမရှိပေမယ့် Jointပြသနာရှိနိုင်ပါတယ်။ စွမ်းဆောင်နိုင်ရည်မြင့်ပြီး Family dog, watchdog, rescue dog စသည်ဖြင့် မျိုးစုံသုံးလို့ရနေခြင်းကြောင့် အချိန်သိပ်မပေးနိုင်ပါဘူးဆိုတဲ့သူတွေအတွက်လဲ အဆင်ပြေစေမယ့် ခွေးလေးတွေပဲဖြစ်ပါတယ်။


အိမ်မွေးတိရစ္ဆာန် တွေ ဘာကြောင့် သူတို့ကိုယ်သူတို့ ကုတ်နေရတာလဲကိုယ့်ကိုယ်ကိုယ် ကုတ်ခြစ်တာဟာ အိမ်မွေးတိရစ္ဆာန်တွေတိုင်း လု...
08/10/2022

အိမ်မွေးတိရစ္ဆာန် တွေ ဘာကြောင့် သူတို့ကိုယ်သူတို့ ကုတ်နေရတာလဲ

ကိုယ့်ကိုယ်ကိုယ် ကုတ်ခြစ်တာဟာ အိမ်မွေးတိရစ္ဆာန်တွေတိုင်း လုပ်တတ်ကြပါတယ်။
တိရိစ္ဆာန်တိုင်းဟာ နေ့စဉ်နေ့တိုင်း သူတို့ကိုယ်သူတို့ ကုတ်ခြစ်နေတတ်ကြပါတယ်။ ဒါပေမဲ့ သာမန်ထက်ပိုပြီး ယားယံကာ အလွန်အကျွံ ကုတ်တာက ရက်သတ္တပတ်များ ဒါမှမဟုတ် လကြာလာရင် အိမ်မွေးတိရစ္ဆာန်တွေနဲ့ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေအတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။
ဘာကြောင့်ယားယံရလဲဆိုတဲ့ အဖြေကို စောစောသိရလေ ကုသလေ နောက်ဆက်တွဲ ဆိုးကျိုးနည်းလေလေပါပဲ။

pruritusဆိုတာဘာလဲ။

Pruritus ဆိုတာက အရေပြားယားယံခြင်းအတွက် ဆေးပညာအသုံးအနှုန်းဖြစ်ပါတယ်။ ကြောင်တွေနဲ့ခွေးတွေမှာ ယားယံခြင်းကို အများအားဖြင့်
ကုတ်ခြင်း၊ ကိုက်ဝါးခြင်း ၊ အလွန်အကျွံ လျှာဖြင့် ကိုက်ခြင်းတို့နဲ့ ဖော်ပြနိုင်ပါတယ်။
ယားယံခြင်းဟာ နေရာတစ်နေရာတည်း ဖြစ်နိုင်သလို၊နေရာများစွာကနေ တစ်ကိုယ်လုံးလည်း ဖြစ်နိုင်ပါတယ်။

ယားယံခြင်းရဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး တိရစ္ဆာန်တွေမှာ နောက်ဆက်တွဲပြဿနာတွေ(အရေပြားပိုးဝင်ခြင်း၊ နားပိုးဝင်ခြင်းစသဖြင့်) အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။

Pruritus ဟာ ရောဂါအတိအကျတစ်မျိုးမဟုတ်ပေမယ့် ကျန်းမာရေးပြဿနာများစွာနဲ့ ဆက်နွှယ်နေတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ယားယံခြင်းရဲ့ အကြောင်းရင်းကို မှန်ကန်စွာ ခွဲခြားသိမြင်တာက ရောဂါကုဖို့ ယားယံတာ သက်သာစေဖို့ အဓိက သော့ချက်ဖြစ်ပါတယ်။

ယားယံတာကို ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။
တိရစ္ဆာန်တွေမှာ ယားယံခြင်းရဲ့ အကြောင်းအရင်းများစွာရှိပါတယ် ။
အောက်မှာ ဖော်ပြပေးမှာတွေက အရေပြားယားယံခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းများသာ ဖြစ်ပါတယ်။

ပြင်ပကပ်ပါးကောင်များ
ကပ်ပါးဆိုတာနဲ့ သန်းတွေလို့ လူတိုင်းတွေးထင်ကြပေမယ့် တခြားကပ်ပါးတွေဖြစ်တဲ့ မှိုစွဲနာ၊ ဗောက်၊ကမျဉ်းကောင်၊ဝဲ ၊Ear Mite စတာတွေကြောင့် ယားယံတတ်ပါတယ်။
မှတ်ချက် တိရစ္ဆာန်က သူ့အလိုလို မကုတ်ခြစ်တာက
ကပ်ပါးပိုးကင်းစင်တယ်လို့ ၁၀၀ရာခိုင်နှုန်း မယူဆနိုင်ပါ။တိရစ္ဆာန်ဆေးကုဆရာဝန်က ပုံမှန်စစ်ဆေးနေစဉ်အတွင်း ကပ်ပါးကောင်တွေကို အမှတ်မထင်တွေ့ရှိနိုင်ပါတယ် ။

ရာသီအလိုက်နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်မတည့်မှုများ၊
တိရစ္ဆာန်တွေ အတွက်၊ ရာသီအလိုက်နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်မတည့်မှုကြောင့် ယားယံတာက ဗိုက်နဲ့ နံဘေးနှစ်ဖက်၊ နား၊ ခြေသည်းတွေမှာ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်မှုပေါ်မူတည်ပြီး ယားယံတာက တစ်နှစ်လျှင် တစ်ချိန်တည်းဖြစ်ပေါ်ခြင်း ဒါမှမဟုတ် တစ်နှစ်ပတ်လုံး ဆက်လက်တည်ရှိနေနိုင်ပါတယ်။ ဓာတ်မတည့်မှု ပြင်းထန်မှုက တိရစ္ဆာန်တစ်ကောင်နဲ့ တစ်ကောင် သိသိသာသာကွဲပြားနိုင်ပါတယ်။၀တ်မှုန်၊ ဖုန်မှုန့်များ၊ မှိုအမျိုးအစားတွေနဲ့ တခြားအရာတွေအပါအဝင် အိမ်မွေးတိရစ္ဆာန်ကို ဓါတ်မတဲ့စေတဲ့ အရာများစွာရှိပါတယ်။

အစာဓာတ်မတည့်ခြင်း။

Food allergy လက္ခဏာတွေက ရာသီအလိုက် ဓာတ်မတည့်ခြင်းနဲ့ အလွန်ဆင်တူပါတယ် ။
တိရစ္ဆာန်တွေဟာနေ့စဉ် အစာနဲ့ ထိတွေ့မိလို့
တစ်နှစ်ပတ်လုံး ယားယံခြင်း ဖြစ်နိုင်ချေ ပိုများပါတယ်။ အမဲသား၊ ကြက်သား၊ နို့ထွက်ပစ္စည်းတွေနဲ့တချို့ဖြည့်စွက်စာတွေ အပါအဝင် အစားအစာ အမျိုးမျိုးနဲ့ ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။

ထိတွေ့ဓာတ်မတည့်မှုများ

တချို့တိရစ္ဆာန်တွေက ဓာတ်မတည့်တဲ့ ပစ္စည်းနဲ့ ထိတွေ့ပြီးနောက် အလွန်ပြင်းထန်တဲ့ ယားယံခြင်းကို ခံစားရနိုင်ပါတယ်။အများအားဖြင့် ခန္ဓာကိုယ်နဲ့ ထိတွေ့တဲ့ နေရာမှာ ဖြစ်တတ်ပါတယ်။ အပင် ဒါမှမဟုတ် အိမ်သုံးထုတ်ကုန်၊အင်းဆက်ပိုးမွှားကိုက်ခြင်း၊ ခေါင်းလျှော်ရည်နဲ့ ဓာတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။

စိုးရိမ်စိတ် (စိတ်ပိုင်းဆိုင်ရာ ယားယံခြင်း)

တချို့ စိတ်ဖိစီးမှုများတဲ့ အခြေအနေတွေမှာ
ဒါမှမဟုတ် ပိုင်ရှင်နဲ့ ဝေးကွာနေချိန်မှာ တချို့အိမ်မွေးတိရစ္ဆာန်တွေကသူတို့ရဲ့ စိုးရိမ်ပူပန်မှုကို သက်သာစေဖို့ ရည်ရွယ်ပြီး ကုတ်ခြစ်တတ်ကြပါတယ်။
ခွေးတွေက ခြေသည်းတွေကို လျှာဖြင့်လျက်တတ်၊ကြောင်တွေက သူတို့ကိုယ်သူတို့ အလွန်အကျွံ လျက်တတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ယားနာရှိတဲ့တိရစ္ဆာန်တွေက အရေပြားအနာနဲ့ အမွှေးကျွတ်တာတွေ ဖြစ်လေ့ရှိပါတယ်။

တခြားအကြောင်းအရာ များ

အိမ်မွေးတိရစ္ဆာန်တွေ ယားယံခြင်းက ဟော်မုန်းဆိုင်ရာရောဂါအမျိုးမျိုး (hypothyroidism၊ Cushing's syndrome စသည်)၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ အဆီအထွက်လွန်ခြင်း၊ အရေပြားခြောက်သွေ့ခြင်း ၊အရေပြားကင်ဆာတို့လို တခြားကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အိမ်မွေးတိရစ္ဆာန်ယားယံခြင်းက ကူးစက်တတ်သလား?
ယားယံခြင်းကိုဖြစ်စေတဲ့ ကျန်းမာရေးပြဿနာအများစုက မကူးစက်တတ်ပါ။ ဒါပေမဲ့ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ယားယံတာက တခြားအိမ်မွေးတိရစ္ဆာန်နဲ့ လူအတွက်ကိုပါ ကူးစက်တတ်ပါတယ်။
ကပ်ပါးပိုးပေါ်မူတည်ပြီး တမိုးအောက်မှာ နေထိုင်တဲ့တိရစ္ဆာန်အားလုံးကို ကုသရန် လိုအပ်ပါတယ်။
တချို့ ကပ်ပါးကောင်တွေက အိမ်မှာ လပေါင်းများစွာ ရှင်သန်နိုင်တာမို့ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ အကြံပြုချက်ပေါ် မူတည်ကာ ကုသမှုများစွာ လိုအပ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်ရဲ့ ရောဂါလက္ခဏာ၊ဖြစ်ပုံ
ရာဇဝင်နဲ့ စစ်ဆေးတွေ့ရှိမှု
ရလဒ်တွေအပေါ် မူတည်ပြီး
တိရိစ္ဆာန်ဆေးကုသရေးဆရာဝန်က
အိမ်မွေးတိရစ္ဆာန် ယားယံရခြင်းအကြောင်းရင်းကို ဆုံးဖြတ်ရန် နောက်ထပ်စစ်ဆေးမှုတွေကို အကြံပြုနိုင်ပါတယ်။

ရောဂါရှာဖွေတွေ့ရှိမှုပေါ်မူတည်ပြီး
တိရိစ္ဆာန်ဆေးကုသရေးဆရာဝန်က
ပဋိဇီဝဆေးများ၊ ကပ်ပါးပိုးသတ်ဆေးများဒါမှမဟုတ် ယားနာပျောက်ဆေးလို မတူညီတဲ့ ဆေးကုသမှုများကို အကြံပြုနိုင်ပါတယ်။

တချို့ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ရာသီအလိုက်၊အစားအသောက်နဲ့ဓာတ်မတည့်မှု၊ စိုးရိမ်ပူပန်မှုတွေက ရေရှည်ဒါမှမဟုတ် တစ်သက်တာ ကုသမှုပင် လိုအပ်နိုင်ပါတယ်။
ဥပမာအနေနဲ့ ခေါင်းလျှော်ရည် ဒါမှမဟုတ် အရေပြားပြဿနာရှိသော တိရစ္ဆာန်များအတွက် အထူးဖော်စပ်ထားသည့် ဆေးများ၊ အရေပြားရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့အိုမီဂါ-၃ ကဲ့သို့သော ဖြည့်စွက်အားဆေးတွေကို ရေရှည် အသုံးပြုရနိုင်ပါတယ်။

#ဒေါက်တာစံဝေ
ကူးယူဖော်ပြပါက မူရင်းlink ထည့်ပါရန်။

မင်းတို့တွေခွေးကျွေးမယ့်အစား လူတွေကိုကျွေးပါလားကွာ ပိုပြီးကုသိုလ်ရတာပေါ့ ....လူနဲ့ခွေးဘယ်ဟာပိုမြတ်သလည်းပြော ...ဟုတ်ကဲ့ လ...
12/08/2022

မင်းတို့တွေခွေးကျွေးမယ့်အစား လူတွေကိုကျွေးပါလားကွာ ပိုပြီးကုသိုလ်ရတာပေါ့ ....လူနဲ့ခွေးဘယ်ဟာပိုမြတ်သလည်းပြော ...

ဟုတ်ကဲ့ လူနဲ့တိရစ္ဆာန်ဆို လူကပိုမြတ်တာပေါ့ဗျာ ...ခွေးကိုကျွေးတာထက်စာရင် လူတွေကိုကျွေးမွေးအလှူပြုလုပ်တာ ပိုမြတ်တာပေါ့ ...လူလူခြင်းတူရင်တောင် သီလရှိတဲ့လူကို လှူရင်ပိုမြတ်တာပေါ့ဗျာ ..သီလရှိတဲ့လူနဲ့ ရဟန်းကို လှူရင် ရဟန်းသံဃာကိုလှူရတဲ့အလှူကပိုမြတ်တာပေါ့ဗျာ နောက်ဆုံးကုန်ကုန်ပြောရင် ရဟန္တာကိုလှူရင် ပိုတောင်မြတ်သေးတာပေါ့ ...ရဟန္တာခြင်းတူရင် တောင် နိဂျောဓ သမာပတ်က ထလာတဲ့ရဟန္တာကိုလှူရင် ပိုမြတ်တာပေါ့ဗျာ ...

ဒါတွေကို တိချစ်သူတွေ မသိတာမဟုတ်ဘူးသိတယ် ..နားမလည်တာမဟုတ်ဘူး နားလည်တယ် .,

တိချစ်သူတွေဆိုတာ ဘယ်တော့မှကုသိုလ်အကျိုးကို မမျှော်မှန်းဘူး ကြုံရင်ကြုံသလို လှူကြတဲ့သူတွေ ဒါနပြုကြတဲ့သူတွေချည်းဘဲ ...

ဆင်းရဲဒုက္ခရောက်နေကြတဲ့လူတွေကိုတွေ့ရင်လည်း ကြုံသလိုလှူတယ် ရဟန်းသံဃာတွေကိုလှူဖို့ကြုံရင်လည်း မြတ်သောအလှူကိုပြုလိုက်ကြတာဘဲ
တိရစ္ဆာန်တွေကိုတောင် ကိုယ်ချင်းစာနာစိတ်ထားပြီး လှူဒါန်းကြတယ်ဆိုရင် လူသားအချင်းချင်းနဲ့ မြတ်သော ပုဂ္ဂိုလ်တွေအတွက် မလှူဒါန်းဘဲနေပါ့မလားဗျာ ..

တိချစ်သူတွေဆိုတာ အလှူခံရဟန်းနဲ့ ဆင်းရဲသောလူ နဲ့ ဆာလောင်နေသောခွေး အတူတူတွေ့ခဲ့ရင် ..ဆာလောင်နေသော ခွေးကို ပိုပြီးဦးစားပေးပြီးကျွေးမွေးတတ်ကြတယ် ...ဘာကြောင့်လည်းဆိုတော့ တိချစ်သူတွေရဲ့ စိတ်ဟာ စွန့်လွှတ်နိုင်စွမ်းရှိကြတယ် ကိုယ်ချင်းစာတရားရှိကြတယ် မေတ္တာစိတ်ရှိကြတယ် ရောင့်ရဲတတ်ကြတယ် ..ဒါကြောင့် ထိုထိုကုသိုလ်အကျိုးတွေရှိမယ်ဆိုတာ သိတာတောင် ခွေး ကြောင် အစရှိသော တိရစ္ဆာန်များကိုသာ ပိုပြီး လှူဒါန်းတတ်ကြပါတယ် ..မြတ်သော ပုဂ္ဂိုလ်တွေကိုလှူဒါန်းလို့ရှိလာမယ် ကုသိုလ်အကျိုးထက် ဆာလောင်ချိနဲ့သော ခွေးတစ်ကောင်ကို ကျွေးမွေးခြင်းကြောင့် တိသတ္တဝါရဲ့ လက်ရှိဒုက္ခအခိုက်အတန့်အားဖြင့်ကင်းဝေးစေလိုတဲ့ စိတ် ..အဲ့ဒီကိုယ်ချင်းစာစိတ်ဟာ တိချစ်သူတွေမှာအပြည့်ရှိတတ်ကြပါတယ် ..

လူတစ်ယောက် ဆင်းရဲဒုက္ခရောက်နေလျှင်အနည်းဆုံးတော့ တောင်းရမ်းစားသောက်နိုင်သေးသည် အစာငတ်၍မသေနိုင်သေး

ရဟန်းတစ်ပါးကိုဆွမ်းမလောင်းလိုက်ရလျှင်တောင် အခြားလောင်းလှူမည့်သူများရှိနေနိုင်သေးသည်

လူသားတွေလိုအသိဥာဏ်မရှိသော တောင်းရမ်းစားသောက်ခြင်းမပြုတတ်သော ဆာလောင်ချိနဲ့နေသော ခွေးတစ်ကောင်ကိုမူ မည်သူမျှ အလေးဂရုပြု၍ကျွေးမွေးကြမည်မဟုတ်ပါ ....ထိုထိုသောအချင်းအရာများကြောင့် တိချစ်သူများသည် ဆင်းရဲဒုက္ခရောက်ဆာလောင်ချိနဲ့နေကြသော တိလေးများကို ကိုယ်ချင်းစာတရားဖြင့် ကျွေးမွေးနေကြခြင်းသာဖြစ်ပါတယ် ....

ဒါကြောင့် တိချစ်သူတွေဆိုတာကုသိုလ် လောဘကြီးသူတွေမဟုတ်ပါ ...ရောင်ရဲ့တင်းတိမ်တတ်ကြသော ကိုယ်ချင်းစာစိတ်အပြည့်ရှိကြသည့် နှလုံးလှ မေတ္တာရှင် များသာ ဖြစ်ကြသည်ဟု မှတ်ချက်ပေးချင်သည် ..။ ။

Credit

၂လသား အရွယ် pom ခွေးလေး တွေကို အိမ်ခေါ် လာတော့မယ် ဆိုရင် တွေ့ကြုံရ တတ်တဲ့ အခက်အခဲလေးတွေ အကြောင်း (ဒီစာက pom တွေတင်မက တခြ...
10/07/2022

၂လသား အရွယ် pom ခွေးလေး တွေကို အိမ်ခေါ် လာတော့မယ် ဆိုရင် တွေ့ကြုံရ တတ်တဲ့ အခက်အခဲလေးတွေ အကြောင်း

(ဒီစာက pom တွေတင်မက တခြား မျိုးစိတ်တွေ အတွက်ပါ အသုံးဝင်ပါတယ်။)

ပထမဆုံး ပြောချင်တာက toy breed တွေကို အနည်းဆုံး မိခင်နဲ့ ၁၀ပတ် အထိ ထားသင့်ပါတယ်။ ‌ဒါပေမယ့် ၈ပတ်သား အရွယ်က တအား ချစ်စရာ ကောင်းတဲ့ အရွယ် ဆိုတော့ အဲ့အရွယ်မှာ ရောင်းရင် အမြန်ဆုံး ရောင်းထွက် တာကြောင့် ‌စောစော ထုတ်လိုက် ကြပါတယ်။ ၄လနား ဝန်းကျင် ရောက်တဲ့ အခါ ‌အာဝုက အမွှေး စလဲတဲ့ အတွက် ရုပ်ဆိုး ပါတယ်။ ဒီအချိန်ဆို ရောင်းရ ခက်တတ် ပါတယ်။ ဒါပေမယ့် ရေရှည် အကျိုးကို ကြည့်မယ် ဆိုရင် ၁၀ပတ် အထိ မိခင်နဲ့ ထားဖို့ တိုက်တွန်း ပါတယ်။ တကယ် ဂရုစိုက်တဲ့ ethical ဖြစ်တဲ့ သားဖောက် တဲ့သူ တွေက ကလေးတွေ ၁၀ပတ် ဒါမှမဟုတ် ၂ပေါင် ပြည့်မှပဲ သားခွဲ ပါတယ်။

ပါပီတွေကို အိမ်ကို ခေါ်လာတဲ့ အခါ ဘာတွေ ဖြစ်တတ် သလဲ။

❓အီးပန်းတယ်၊ ဝမ်းပျော့တယ်။

Stress ပိပြီး အီးပန်း တတ်ပါတယ်။ နေရာသစ်၊ လူစိမ်း ဆိုတာ သူတို့ အတွက် ထိတ်လန့် stress ပိတဲ့ အကြောင်း အရာပါ။ ဒီက breeder တွေက အိမ်အကူးအပြောင်းကို အညင်သာဆုံး ဖြစ်အောင် ပြင်ဆင် ပေးကြပါတယ်။ အာဝုရဲ့ အမေ အနံ့ပါတဲ့ စောင်၊ သူဆော့နေကျ အရုပ် ကလေးတွေ၊ သုံးနေကျ အိပ်ယာတွေ ထည့်ပေးလေ့ ရှိပါတယ်။ Misty ကိုခေါ်လာတုန်းက သူ့အရုပ်တွေ ထည့်ပေး လိုက်ပါတယ်။

အစာ ရုတ်တရက် ပြောင်းတဲ့ အခါမှာ ဝမ်းပျော့၊ အီးပန်း တတ်ပါတယ်။ ကျွေးနေကျ အစာခြောက်၊ အစာစို ပုံစံ အတိုင်း "နှစ်ပတ် တိတိ" ဆက်ကျွေး ရပါမယ်။ တချို့ breeder တွေက အစာခြောက် နှစ်ပတ်စာပါ ထည့်ပေး တတ်ပါတယ်။
❌❌ဒီနေရာမှာ ပြောချင်တာက အစာ ဘာကျွေးလဲ မေးတဲ့ အခါ သေချာ မဖြေနိုင်တဲ့ breeder ဆီက မဝယ်ပါနဲ့။ ❌❌ ဖြစ်သလို ကြက်သားနဲ့ ထမင်း ကျွေးတယ်ဆို မဝယ်ပါနဲ့။ ခွေးက ငယ်စဉ်မှာ အာဟာရဓာတ် ပြည့်ပြည့်ဝဝ ရမှ ကြီးလာတဲ့ အခါ လုံလောက်တဲ့ ဖွံ့ဖြိုးမှု၊ ကိုယ်ခံအား ရှိပြီး ကျန်းမာ ပါတယ်။ breeder ကအနည်းဆုံး အစာခြောက် တံဆိပ် ကောင်းကောင်းတော့ ကျွေးသင့်ပါတယ်။

နှစ်ပတ်ကျော်၊ အီးအခြေအနေ ကောင်းမှ မိမိကျွေးလိုရာ ပုံစံကို ဖြေးဖြေးစီ ပြောင်းကျွေး ရပါမယ်။

❌အီးပန်း တိုင်းလည်း သွေးဝမ်း မဟုတ်ပါဘူး❌ အီးပန်းရင် အရည်တွေချည်း၊ သွေးပါတဲ့ အခါ ဆရာဝန် ပြရပါမယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးမတိုက်ပါနဲ့။

❓အီးလုံးဝ မပါတာ
နေရာ အသစ်ပြောင်းတဲ့ stress နဲ့ဝမ်းချုပ်တာမျိုး ဖြစ်တတ် ပါတယ်။ တစ်ရက် နှစ်ရက်‌ထက်ပို မချုပ်ပါဘူး။ ပါပါလိမ့်မယ်။

❓ငြိမ်နေတာ၊ ချောင်မှာ ကုပ်‌ေနတာ၊ အစာ မစားတာ
Stress ပိတဲ့ အခါ ငြိမ်နေတတ် ပါတယ်။ မိခင်နဲ့ မွေးချင်းတွေနဲ့ ခွဲရတဲ့ အခါ ငြိမ်သွား တတ်ပါတယ်။ အချိန်ပေးပါ။ ဖြေးဖြေးစီ ရင်းနှီးမှု ယူပါ။ puppy တွေက အသားကျ မြန်ပါတယ်။ ၃ရက်လောက် အတွင်းမှာ အသားကျ လာပါလိမ့်မယ်။

သူ့ရဲ့ ပြောင်းပြန် လတ်လတ်ထ နေရင်တော့ အသားကျ မြန်တဲ့ ကလေး ပါပဲ။ Misty ရော Mochi ရော တစ်မနက် တည်းနဲ့ အသားကျ ပါတယ်။ ဆော့ကစား မုန့်စား ပါတယ်။

ဒါပေမယ့် သာမန် ငြိမ်နေတာမျိုး မဟုတ်ဘဲ ယိုင်နေတာ၊ မျက်နှာက မလန်းတာ၊ မျက်လုံးတွေ ဝေနေတာ၊ မျက်ဝတ်ထွက်၊ နှာစေး တာမျိုးဆို ဆရာဝန် ပြဖို့ လိုပါတယ်။

❌❌ မလန်းသော၊ မွှားပါ သန်းပါသော ကလေးများ မဝယ်သင့်ပါ။ မွှားကို ဖယ်ရုံနဲ့ မပြီးဘဲ မွှားကိုက် ခံရတဲ့ နောက်ဆက်တွဲ ရောဂါတွေကို သတိပြု ရပါမယ်။ သန့်ရှင်းမှု မရှိသော နေရာက ကလေးကို ဘယ်လောက်ပဲ ချစ်စရာ ကောင်းကောင်း မဝယ်သင့်ပါ။ ❌❌

❓တွေ့ကရာ လျှောက်ကိုက်ခြင်း
ပါပီတွေရဲ့ အစောဆုံး လေ့လာ သင်ကြားမှု ပုံစံက အရာအားလုံးကို လျှာနဲ့တို့ကြည့်၊ ကိုက်ကြည့် တာပါပဲ။ ဆိုတော့ တွေ့ကရာကို ကိုက်ပါလိမ့်မယ်။ သွားလေးတွေက ခပ်စူးစူး ဆိုတော့ နာပါမယ်။ ကိုက်စရာ အရုပ်၊ chew တွေဝယ်ပေးတာ၊ မကိုက်သင့် တာတွေကို သိမ်းဆည်း တာမျိုး လုပ်ရပါမယ်။ ကြမ်းပေါ်မှာ ဘာမှ မထားတာ အကောင်းဆုံးပါ။

❓ငိုတာ၊ အော်တာ
အိမ်ခေါ်လာတဲ့ အခါ ငိုတတ်၊ အီတတ်၊ အော်တတ် ပါတယ်။ ခေါ်လာလာချင်း သူ့အတွက် အိပ်စရာ နေရာ သတ်မှတ် ပေးရပါမယ်။ သက်တောင့် သက်သာ ရှိအောင် စီစဉ် ပေးရပါမယ်။ အပေါ်က ပြောတဲ့ အတိုင်း သူ့အမေ အနံ့ ပါတဲ့ စောင်၊ အရုပ်တွေ ထားပေးပါ။

Puppy တွေက အကြောင်း ၄မျိုးကြောင့် ငိုတတ်၊ အော်တတ် ပါတယ်။
အီး၊သေး ပေါက်ချင်တဲ့ အခါ
တစ်ကောင်တည်း ကျန်တဲ့ အခါ
သခင်ဆီက အာရုံစိုက်မှု လိုတဲ့ အခါ
Discomfort မသက်မသာ၊ နေမကောင်း ဖြစ်တဲ့ အခါ
သခင်က အော်သံ တွေကို ခွဲခြား သိဖို့ လိုပါတယ်။

အကြမ်းဖျင်း ပြောရရင်
လူအခန်း ထဲက ထွက်လိုက်တာနဲ့ အော်တဲ့ အခါမျိုး ဆိုရင် လူရှိစေချင်လို့ အော်တာ
မရပ်မနား အော်လိုက်၊ ပတ်ပြေးလိုက်ဆို
အီးပါ၊ သေးပေါက် ချင်နေတာ
တိုးတိုးလေးနဲ့ ညည်းတာ၊ ချီလိုက်တဲ့ အခါ စူးစူးရှရှ တစ်ချက် အိခနဲ အော်တာ မျိုးဆိုရင် နာနေလို့ အော်တာ
အော်လိုက်၊ အပြင်က အသံကြားရင် ရပ်လိုက်၊ ပြန်အော် လိုက်ဆိုရင် ပျင်းနေတာ၊ အထီးကျန်နေတာ
Growl မာန်ဖီ သံဖြစ်နေရင်တော့ တစ်ခုခုကို မြင်လို့ အနားမလာအောင် ဟန့်နေတာ

စသဖြင့် သိထား ရပါမယ်။

❓ကိုင်မရ ပြုမရ လက်လက် ထနေတာ
Pom တွေက ၁၀ပတ်သား လောက်ဆို အတော်သေးတဲ့ အထဲမှာ ပါတဲ့ အပြင် အမွှေးက ပွနေတော့ ကိုင်ရ ခက်ပါတယ်။ လက်တစ်ဖက်က ချိုင်းအောက်ကကိုင်၊ နောက်တစ်ဖက်က တင်ပါး အောက်ကနေ ပင့်ချီထားပြီး ရင်ခွင်နား ကပ်ထားတာက အမှန်ဆုံး ပွေ့ချီနည်း ပါပဲ။ ပုံကို ကြည့်ပါ။ အောက်တင်ပါး ဘက်ကို မထိန်းထားတဲ့ အခါ၊ ခြေထောက်က လွတ်နေတဲ့ အခါ ဆိုရင် လေထဲမှာ ကန်ကျောက် နေရင်း လွတ်ကျ တတ်ပါတယ်။ အထူးသဖြင့် ကလေးတွေက မချီတတ်ဘဲ အရှေ့ချိုင်း ကနေ မချီတဲ့ အခါ ရုန်းကန်ရင်း ပြုတ်ကျပြီး နာတတ်ပါတယ်။

❌❌ရှောင်ရမှာက
နောက်ခြေထောက် ဆွဲခေါ်တာ
ရှေ့ချိုင်းအောက် ကနေ မပြီး လက်တွေ အပြင်ကို ကားထုတ် ထားတာ
‌အနောက်ခြေထောက်ကို မထိန်းဘဲ လေထဲ လွှတ်ထားတာ
ဂုတ်ကနေ ဆွဲမတာ
အမြီးကနေ ဆွဲတာ
ရှေ့ခြေကနေ ဆွဲခေါ်တာ

တွေပါ။
❗❗ပါပီတွေကို ချီတော့မယ် ဆိုရင် verbal cue တစ်ခုခု ပေးပြီးမှ ချီတာ အသင့်တော်ဆုံးပါ။ ရုတ်တရက်ကြီး ထချီ လိုက်ရင် လန့်ပြီး ခုန်ချတာ၊ လှမ်းကိုက်တာ မျိုးတွေ လုပ်တတ် ပါတယ်။ အမိုတို့ကျ အမြဲတမ်း မျက်နှာမူ ထားပြီး ချီမယ်နော်လို့ ပြောပြီးမှ ချီပါတယ်။ မှားနေတဲ့ ချီပုံ ချီနည်း တွေကို ပုံတွေနဲ့ comment မှာပြထားပါတယ်။

ဒီဖြစ်စဉ်‌တွေက အိမ်ကို စခေါ်လာတိုင်း ဖြစ်နေကြ တွေဆိုတော့ အစာမစားတာ၊ အီးပန်း တာတွေကို လန့်ဖြန့်ပြီး ဆေးလျှောက်တိုက်တာတွေ မလုပ်စေ ချင်ပါ။ ဂရုပေါင်းစုံ လျှောက်မေး တာထက် စိတ်ချရတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အိမ်ကို ခေါ်လာတဲ့ ဖြစ်စဉ်က သူတို့ အတွက် အရမ်းကြီးမားတဲ့ အရွေ့ ဆိုတော့ အတတ်နိုင်ဆုံး သက်တောင့်သက်သာ ဖြစ်အောင် လုပ်ပေး ရပါမယ်။

အဆင်ပြေ ကြပါစေ။
crd owner

သစ်တောက်ဌက်လေး တစ်ကောင်ရဲ့…အစာ စုစောင်းပုံလေးကို… ဗဟုသုတ မျှဝေလိုက်ပါတယ်.ပထမအနေနဲ့ … သေပြီးသား သစ်ပင် တစ်ပင်ကို… ရှာတယ်ပ...
08/07/2022

သစ်တောက်ဌက်လေး တစ်ကောင်ရဲ့…အစာ စုစောင်းပုံလေးကို… ဗဟုသုတ မျှဝေလိုက်ပါတယ်.

ပထမအနေနဲ့ … သေပြီးသား သစ်ပင် တစ်ပင်ကို… ရှာတယ်

ပြီးရင်… အပေါက်တွေ လုပ်တယ်…

သော့ချက်က… အဲ့ဒီအပေါက် တွေပဲ!

ကြီးတဲ့ အပေါက်… လုပ်မိရင်… အခြားဌက်တွေက အလွယ်တကူ လာယူမယ်.

သေးတဲ့ အပေါက်… လုပ်မိရင် … ဝက်သစ်ချသီးက အက်ကွဲသွားမယ်.

ဒါကြောင့် ဌက်ကလေးက… သင့်တော်မယ့် အပေါက်တွေကို… သေချာစဉ်းစားပြီးမှ… လုပ်ကြတယ်တဲ့လေ…

နွေရာသီ ကုန်ပြီ ဆိုတာနဲ့… သူ့ရဲ့ စုဆောင်းရေး အလုပ်ဟာ… ပြီးမြောက် သွားပြီတဲ့နော်.

ဌက်ကလေးတစ်ကောင်အတွက်… ဆောင်းရာသီ တရာသီလုံးမှာ လုံလောက်စေမယ့်… ဝက်သစ်ချသီး… အလုံး ၅၀,၀၀၀ ကို.. သစ်ပင်တစ်ပင်က ကောင်းကောင်းကြီး… နေရာ ပေးနိုင်တယ်တဲ့လေ…

“ မိုးမရွာခင် ခေါင်မိုးပြင် “ ဆိုတဲ့… ကြိုတင်ပြင်ဆင်မှု အသိတရားဟာ… လူမှတင် မဟုတ်ပါဘူး… တိရစ္ဆာန်လေးတွေမှာလဲ… သိကြ ပြင်ဆင်ကြတယ်လေနော်…

အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ ❤️

crd Fiona

🔥 Dettol and Pets 🔥😑တိရစ္ဆာန်တွေကနေတဆင့် လူကို​ရောဂါကူးစက်မှာ အစိုးရိမ်လွန်နေကြတဲ့လူတချို့က ခွေးကြောင်တွေကို ပိုးသတ်ဆေးတ...
07/07/2022

🔥 Dettol and Pets 🔥

😑တိရစ္ဆာန်တွေကနေတဆင့် လူကို​ရောဂါကူးစက်မှာ အစိုးရိမ်လွန်နေကြတဲ့လူတချို့က ခွေးကြောင်တွေကို ပိုးသတ်ဆေးတွေဖြန်းပေး၊ Dettol နဲ့ ရေချိုးပေးတာတွေ၊ ခြေလက်ဆေးပေးတာတွေကိုလုပ်ကြတယ်

အဲ့ဒါကိုယ့်တိရစ္ဆာန်ကို ကိုယ်ပြန်သတ်နေတာနဲ့ တူတူပါပဲနော်

❗ခုသုံးပေးလို့ ခုချက်ချင်း မသေလည်း
❗သုံးထားတဲ့အရှိန်ကြောင့် နောင်တချိန်မှာ ကလီစာတွေပျက်စီးပြီး သေဆုံးနိုင်ပါတယ်

ကျောက်ကပ်ပျက်စီးတာမျိုး၊ အဆုတ်မကောင်းတော့တာမျိုး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိမမြင်ရတော့တာမျိုးတွေ၊အစာရေမျိုပျက်စီးတာမျိုးတွေပေါ့ 😷

😔Ruby ဆိုတဲ့ ခုပုံပါခွေးမလေးဆိုရင် ဆေးဘူးကို ကိုက်ဆော့နေရာက ဆေးစက်လေး မျက်စိထဲကို ဝင်သွားတယ်

ပိုင်ရှင်က ဒါကိုမြင်မြင်ချင်းပဲ မျက်လုံးကိုရေသေချာဆေးပေးလိုက်တယ်
အဲ့နေ့ဘာမှမဖြစ်ဘဲ နောက်တရက်မှာ အစာမစားတော့ဘဲ အသက်ရှူရခက်ခဲလာတာတွေ့ခဲ့ရတယ်တဲ့

😭ဒါကြောင့်ဆေးရုံရောက်တဲ့အခါ စစ်ဆေးကြည့်တော့ ဒီ Dettol ကြောင့်ဖြစ်တဲ့ Chemical burns တွေမတွေ့ရတော့ ဆရာဝန်တွေလည်း အနာသက်သာစေဖို့နဲ့ အရည်ဓာတ်ပဲချိတ်ထားနိုင်ခဲ့ပြီး နောက်ဆုံး... ခံစားနေရတဲ့သူ့ကိုသနားလွန်းတာကြောင့် မေ့ဆေး overdose ပေးပြီး သေဆုံးလိုက်စေဖို့ထိကိုတောင် ဆရာဝန်တွေကတိုင်ပင်ခဲ့ပါတယ်

😩ဒါပေမယ့် နောက်တရက်ကနေစပြီး မျက်လုံးနဲ့ နှာခေါင်း ပါးစပ်ဝန်းကျင်မှာ Chemical burns တွေပေါ်လာတာကြောင့်ရော၊ သူလေးအသက်ပြင်းတာကြောင့်ပါ... 24 hr intensive care ပေးပြီး ၅ ရက်ကြာအောင် စောင့်ကြည့် ကုသခဲ့ရပြီးတဲ့နောက် အသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်

❗ဒါပေမယ့် ခုလောက်ထိ ပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးပြီးတဲ့နောက်မှာ မျက်စိအပါအဝင်တခြား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလည်း နဂိုလိုမကျန်းမာနိုင်တော့ဘူးပေါ့

🚫Dettol ဟာ ခွေးကြောင်တွေအတွက် ပါးစပ်ထဲဝင်ဖို့၊ အရေပြားပေါ်သုံးဖို့မပြောနဲ့ ရှူသွင်းမိရင်တောင် သေဆုံးစေနိုင်တဲ့ထိကို အဆိပ်အတောက်ဖြစ်စေပါတယ် 🚫

🔥ကြွက်သတ်ဆေးကို ရေရောသောက်လည်း သေနိုင်တာပါပဲ
ဒါကြောင့် ရေရောပြီးလည်း မသုံးရပါဘူး 🔥

😔Dettol ဟာသန်းမွှားသေစေတယ်ဆိုပြီးပြောတဲ့သူရှိလို့ မေလ ၁ ရက်နေ့ ညကပဲ Dettol နဲ့ Jumbo spray ရောပြီး ကြောင်ကိုသုံးပေးလိုက်တာ မိနစ်ပိုင်းအတွင်း အော်ဟစ်ရင်း မချိမဆံ့သေဆုံးသွားခဲ့ပါတယ်တဲ့နော်

⚠️ဒါကြောင့် မဖြစ်မနေသုံးရတဲ့ အခန်းတွေရှိခဲ့ရင်တောင် ရေနဲ့သေချာပြောင်အောင်ပြန်တိုက်ပြီး ကြမ်းကိုခြောက်သွေ့အောင်၊ လေဝင်လေထွက်ကောင်းပြီး Dettol နံ့လုံးဝမရှိတော့အောင် လုပ်ပြီးမှ အဝင်ခံရပါတယ်

‼️တိရစ္ဆာန်တွေကနေတဆင့် Covid 19 ဟာ လူကိုကူးစက်နိုင်စေတယ်လို့ ဘယ်ကမှ တရားဝင်ထုတ်ပြန်ထားခြင်းမရှိပါဘူး... WHO ကတောင် တိရစ္ဆာန်ကနေတဆင့် မကူးစက်နိုင်ဘူးလို့ပြောထားပြီးသားပါ ‼️

Covid 19 ဖြစ်တဲ့လူနာရဲ့အိမ်က ခွေးကြောင်ကို စစ်ဆေးကြည့်မိတဲ့အခါ တွေ့ရှိရတယ်ဆိုတာက
✔️သူတို့ရဲ့အသက်ရှူလမ်းကြောင်းထဲမှာ ပိုးတွေ့ရှိတာဖြစ်ပြီး ✖️ ခြေဖဝါး၊ လက်ဖဝါးနဲ့ ခန္ဓာကိုယ် အမွှေးတွေမှာ တွေ့ရှိရတာမဟုတ်ပါဘူး

🐶 ဒါတောင် ရောဂါစစ်လို့ရှိတဲ့ ခွေးကြောင်က ဖျားနာတာလည်းမရှိဘူး သူတို့ဆီကနေ လူကိုပြန်ကူးတာလည်း မရှိပါဘူးနော်
သဘောဟာ သူ့တို့ ခန္ဓာကိုယ်ထဲကို ဝင်နိုင်ပေမယ့် သူတို့ခန္ဓာကိုယ်ပေါ်မှာ ပိုးဟာအသက်မရှင်ဘူးဆိုတဲ့သဘောပါပဲ 🐱

🌍ဒီလိုတွေ စစ်ဆေးတွေ့ရှိထားတဲ့ အသိပညာရှင် အတတ်ပညာရှင် ဆရာဝန်ကြီးတွေအများကြီးက ပြောထားတာတွေကို ယုံကြည်ပါ

အစိုးရိမ်လွန်ရာကနေ ကိုယ့်အိမ်မွေးအဖော်မွန်ကို ကိုယ့်လက်နဲ့ မသေစေပါနဲ့

28/06/2022
အာဝုတွေ အတွက် ရှန်ပူကို ဘယ်လို ရွေးဝယ် ကြမလဲ။ အခုခေတ်မှာ အများစုက ရှန်ပူကို ရွေးတဲ့ နေရာမှာ စာမဖတ်ဘဲ၊  အနောက်က ingredien...
16/06/2022

အာဝုတွေ အတွက် ရှန်ပူကို ဘယ်လို ရွေးဝယ် ကြမလဲ။

အခုခေတ်မှာ အများစုက ရှန်ပူကို ရွေးတဲ့ နေရာမှာ စာမဖတ်ဘဲ၊ အနောက်က ingredients list ကိုမဖတ်ဘဲ ဝယ်ကြပါတယ်။ အရှေ့က ပြူးနေတဲ့ medicated ဆေးရှန်ပူလား tick & fleas လားတောင် ‌သေချာ မဖတ်တဲ့ အခါ မဟုတ်တာတွေ သုံးပြီး အရေပြား လောင်တာ၊ ကျွတ်တာ တွေမြင်ရတာ စိတ်မကောင်း ပါဘူး။ ဒါကြောင့် ဘယ် ingredients တွေကို ရှောင်ကျဉ်ဖို့ လိုမလဲ။

Surfactants - အမြှပ်ထွက်အောင် ထည့်ကြတဲ့ chemical တစ်မျိုးပါ။ အသား အရေကို ခြောက်သွေ့ စေတာ၊ အမွေးကျွတ် တာတွေ ဖြစ်စေနိုင် ပါတယ်။ Sodium Lauryl Sulfate, Ammonium lauryl sulfate, Coco Amides and Cocamidopropyl Betaine စတာတွေ ပါတာကို ရှောင်ရ ပါမယ်။ sulfate လို့ပြောတဲ့ နေရာမှာ sulfate တိုင်းက တူတူ harmful ဆိုးကျိုး ရှိပါတယ်။ Sodium Lauryl Sulfate ကပဲ ဆိုးသလိုလိုနဲ့ Ammonium Lauryl Sulfate ထည့်ပြီး ထုတ်ထားတဲ့ ပြည်တွင်း ရှန်ပူတွေ စတွေ့ နေရပြီ ဆိုတော့ နှစ်ပေါက် တစ်ပေါက် ရိုက်နေသလိုပါပဲ။
Edited: နှစ်ပေါက် တစ်ပေါက် မဟုတ်ဘူး sulfate ပါတဲ့ ရှန်ပူက သုံးကို မသုံးသင့်တာပါ။ Sodium ရော Ammonium ကပါ toxic ဖြစ်ပါတယ်။ ထုတ်တဲ့ သူတွေ သတိချပ် သင့်ပါတယ်။

Preservatives ကြာရှည် ခံဆေးလို့ ပြောတဲ့ နေရာမှာ သဘာဝနဲ့ chemicals ဆိုပြီး နှစ်မျိုးကွဲ ပါတယ်။ Earthbath Myanmar shampoo ကကြာရှည်ခံအောင် preservatives အနေနဲ့ Phenoxyethanol ကိုသုံးပါတယ်။ harmful ဖြစ်တဲ့ parabens, sulfates, formaldehyde နေရာမှာ အစားထိုး အနေနဲ့ ပို safe ဖြစ်တဲ့ Phenoxyethanol ကိုသုံးပါတယ်။ ဥရောပနဲ့ ဂျပန် နိုင်ငံတို့က သတ်မှတ်ထားတဲ့ အတိုင်း ၁% အောက်ကို သာထည့်တယ်လို့ အတိအလင်း ကြော်ငြာ ထားပါတယ်။ အရေပြား ဆန်းဆန်းတင့် ကလေးတွေ Phenoxyethanol ကိုသတိထား ပေးဖို့ လိုပါတယ်။

Artificial fragrance အနံ့တု တွေကို သဘာဝက ထုတ်တာလား။ chemical နဲ့ထုတ်သလား ဆိုတာ သေချာ ကြည့်ဖို့ လိုပါတယ်။ အနံ့ တထောင်းထောင်း၊ အရမ်းပြင်းတဲ့ ရှန်ပူ တွေကို pom လိုလေပြွန်၊ အသက်ရှုလမ်းကြောင်း ပြဿနာ ရှိတဲ့ ကလေးတွေ အတွက် မသုံးစွဲ သင့်ပါဘူး။

Phthalates သူက အနံ့အတွက် ထည့်တာပါ။ အရေပြား အပြင် ဟော်မုန်း ပြောင်းလဲမှုကိုပါ ဖြစ်စေ ပါတယ်။

Formaldehyde ဖော်မလင်က သိတဲ့ အတိုင်း မပုပ်မသိုးအောင် ကြာရှည် ခံအောင် ထည့်တဲ့ chemical တစ်ခုပါ။

Polyethylene Glycol အရေပြား အစိုဓာတ် အတွက် ထည့်ပေးတဲ့ chemical တစ်မျိုးပါ။ ဒါပေမယ့် အရေပြားကနေ စိမ့်ဝင်ပြီး အတွင်း ကလီစာ တွေကိုပါ ပြဿနာ တက်စေနိုင်တဲ့ ကြောက်ဖို့ကောင်းတဲ့ chemical တစ်မျိုးပါ။

Bleach ကြမ်းပြင် ချေးချွတ် တဲ့ဆေး တစ်မျိုးပါ။ bleach သုံးထားတဲ့ ကြမ်းကို နင်းမိရင် အာဝုရဲ့ လက် paws လေးတွေ လောင်တတ်တယ် ဆိုတော့ အရေပြား ပေါ်သာ လောင်းမိရင် မတွေးရဲ စရာပါ။ FDA ကလူပေါ်မှာတောင် မသုံးရဘူးလို့ ban ထားတဲ့ chemical ပါ။ အာဝု အရေပြားက ပိုဆန်းဆန်း တင့်တာကြောင့် လုံးဝ မသုံးသင့်ပါ။ Anti Flea Sprays chemicals တွေနဲ့ လုပ်ထားတဲ့ သန်းပြေးဆေး တွေမှာ ဒီ chemical တွေပါတတ် ပါတယ်။ ယားယံ စေတဲ့ အပြင် အသက်ရှုရ ခက်တာတွေပါ ဖြစ်စေ နိုင်ပါတယ်။

ကဲကိုယ်လက်ရှိ သုံးနေတဲ့ ရှန်ပူကို ပြန်စစ်ကြည့် ပါဦး။

ထိုင်းနိုင်ငံအခြေစိုက် International Pet Food Company (IPF) ကို 2002 မှ တည်ထောင်ခဲ့ပြီး အာဝုနဲ့မြောင်တို့အတွက် အစာနဲ့သရေ...
07/05/2022

ထိုင်းနိုင်ငံအခြေစိုက် International Pet Food Company (IPF) ကို 2002 မှ တည်ထောင်ခဲ့ပြီး
အာဝုနဲ့မြောင်တို့အတွက် အစာနဲ့သရေစာကို ထုတ်လုပ်ပါသည်။ JerHigh, Jinny, K-sy တံဆိပ်သုံးမျိုး ခွဲထားသည်။ JerHigh က အာဝုတွေအတွက် သာမန်သရေစာဖြစ်ပြီး K-sy က အဆင့်မြင့်သရေစာပါ။ Jinny က မြောင်တွေအတွက် သရေစာ ဖြစ်ပါသည်။

JerHigh မှာ ငါးမျိုးခွဲထားသည်။
🔶Dog Snacks
🔶Den-T Stick
🔶Dog food soft & tender
🔶Wet food
🔶Healthy snacks

K-sy မှာ နှစ်မျိုးခွဲထားသည်။

🔶Dog snacks
🔶Wet food

Jinny မှာ သုံးမျိုးခွဲထားသည်။

🔶Cat snack Delicious & All natural
🔶Cat food
🔶Liquid snacks



http://www.jerhigh.com/

19/04/2022

🧡မွေးနေ့အထိမ်းအမှတ်အဖြစ် မိမိတို့အချစ်တော် ခွေးလေးတွေ ကြောင်လေးတွေပုံလေးတွေနဲ့ ပြိုင်ပွဲဝင်ရမှာဖြစ်ပါတယ်နော် 🧡

✅ဆုကတော့ ခွေးပစည်း ၁သိန်းကျပ်ဖိုး နှင့် ကြောင်ပစည်း ၁သိန်းကျပ်ဖိုး ✅

✅ပြိုင်ပွဲစည်းကမ်းလေးတွေကတော့ ✅

(1 )YM Pet Food & Online Shop Official Pageလေးကို Like လုပ်ပါ

(2) ယခုကံစမ်းမဲ Postလေးကို Tag(5)ယောက်တွဲပြီး Like & Shareလုပ်ပါ

(3) ယခု Postအောက်လေးမှာ Tagတွဲပြီး Shareထားတာလေးကို Screen Shootပြပြီး မန့်ပေးပါ

(4) မိမိတို့ရဲ့ ခွေးလေးတွေ ကြောင်လေးတွေရဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေကို
ယခု Postအောက်မှာမန့်ပြီး ပါဝင်ကံစမ်းလို့ရပါပြီရှင့်

(5) Like များတဲ့ ခွေးပုံလေး ၁ပုံ နှင့် ကြောင်ပုံလေး ၁ပုံကို ရွေးချယ်ပြီးဆုပေးသွားမှာဖြစ်ပါတယ်ရှင့် 🏆🏆🎉🎉🏆

(6) ပြိုင်ပွဲကာလကတော့ 🗓️15- 4- 2022 မှ 🗓️22 - 4 - 2022 အထိသာ ဖြစ်ပါတယ်ရှင့်
🗓️23 - 4 - 2022 မှာ အနိုင်ရရှိသူများကို Pageမှာဖော်ပြပေးသွားပါရှင့်

(7) အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပါက YM Pet Shop​၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်




15/04/2022

🧡မနက်ဖြန် မင်မင်အမျိုးသားရဲ့ မွေးနေ့လေးဖြစ်တာမို့ ❤️

💜ချစ်ရတဲ့ဈေးဝယ်လေးတွေကို ကျေးဇူးတုန့်ပြန်သောအနေဖြင့် 😘

🤩ခွေးပစ္စည်း ကြိုက်တာယူ ၁သိန်းကျပ်ဖိုးနဲ့ ကြောင်ပစ္စည်း ၁သိန်းကျပ်ဖိုး 🤩

❤️စုစုပေါင်း ၂သိန်းကျပ်ဖိုး 🤩

💖မနက်ဖြန် April 15 ရက်နေ့မှာ ပြိုင်ပွဲဝင်ရမယ့် အချက်လက်လေးတွေနဲ့ ဖော်ပြပေးသွားပါမယ့်ရှင့် 🤩

💙ပြိုင်ပွဲဝင်စည်းမျည်းစည်းကမ်းများနဲ့အညီဝင်ရောက်ကံစမ်းဖို့ ဖိတ်ခေါ်ပါတယ်ရှင့်



Address


Website

Alerts

Be the first to know and let us send you an email when Aung Hlaing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share