03/12/2020
ခွေးနဲ့ ပတ်သတ်ပီး အရမ်း ကျွမ်းကျင်တာမျိုး
မဟုတ်ပေမဲ့ ပြန်ပီး sharing လုပ်ပေးချင်တာလေးရှိလို့ပါ
ပုံထဲက အိမ်က ကလေးလေးပါ
အသက် ၁ နှစ်နဲ့ ၂လ
ပေါင်ချိန်က 10.8 kg (23.7lb)
အခု တော်တော်များများတွေ့နေရတဲ့ အရာတွေထဲမှာ
ခွေးလေးတွေကို အစာကျွေးတာနဲ့ ပတ်သတ်ပီး သတိထားစေချင်တာပါ
ဆရာဝန်တယောက်က ပြောတာ ကလေးက အဝ လွန်တဲ့အထဲမှာ ပါနေပီ ဝိတ်ချဖို့လိုကြောင်းပြောတယ်( လုံးဝ မထင်ထားဘူး🤣)
Ideal pug weight က 6kg to 8 kg ပါ
အဲထက်ပိုရင် မလိုလားအပ်တဲ့ ရောဂါတွေဖစ်လာနိုင်ပါတယ် ငယ်တုန်းမှာ မသိသာပေမဲ့ အသက် ၃ နှစ် ၄ နှစ်ရောက်လာရင် ရောဂါတေ စဝင်လာပါပီ
အခု ကလေးက ၁ နှစ်မှာ ဓာတ်မှန်ရိုက်တော့ အဝလွန်တာကြောင့် လေပြွန်က ပုံမှန်ထက် ကျဉ်းနေတာကို တွေ့ရတယ်
အာ့ကြောင့် remind လုပ်ချင်တာက ကလေးတွေကို ဘာကြောင့်ပဲ အစာကျွေးကျွေး ထိန်းကျွေးပါ
မျက်နှာငယ်လေးနဲ့ တောင်းနေလို့ လိုတာထက် ပိုကျွေးမိရင် ကလေးကို နှစ်နေတာနဲ့ အတူတူပါပဲ
Ice cream, ဆီကြော်, pizza, coffee, ကြေးအိုး(လူစားတာတွေ) ...... တွေက လုံးဝ မကျွေးသင့်တဲ့အထဲမှာ ပါတယ်
မသိဘဲ ကျွေးနေတာတွေ မြင်ရင် အရမ်းအသဲယားလွန်းလို့ပါ😣
အခု တွေ့နေရတဲ့ ကလေးတချို့က အရမ်းဝနေတာမို့ ချစ်ဖို့ကောင်းတာမှန်ပေမဲ့ တကယ်က သူတို့ ကျန်းမာရေးထိခိုက်နေတာပါနော်
အစား မရွေးဘူး အကုန်စားတယ်ဆိုတာကို ဂုဏ်မယူပါနဲ့
Healthy meal ဖစ်ဖို့ အရမ်း အရေးကြီးပါတယ်
လူတွေလိုပဲပေါ့ ဝနေရင် ရောဂါတေဝင်ဖို့ ပိုလွယ်တယ်
ကျွန်မခွေးလေးကတော့ ကျွေးတယ် ကျန်းမာရေးလဲ ကောင်းတယ်ဆိုပီး မနေပါနဲ့
အိမ်က ကလေးလဲ medical check up အနေနဲ့ သွားစစ်တာပါ
ရောဂါ လက္ခဏာပြနေလို့ မဟုတ်ပါဘူး
အာ့ကြောင့် တိချစ်သူလေးတွေ အကုန် သတိထားလို့ရအောင် share ပေးလိုက်ပါတယ်
ချစ်တယ်ဆိုရင် အရမ်း အလိုမလိုက်ဘဲ ချင့်ချိနိပီး ကျွေးကြပါလို့ 🥰