Oak Thar Oo Durian Farm

  • Home
  • Oak Thar Oo Durian Farm

Oak Thar Oo Durian Farm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oak Thar Oo Durian Farm, Urban Farm, .
(1)

😋
05/07/2024

😋

09/06/2024
09/06/2024
ဒူးရင်းသီးပင်များစိုက်ပျိုးရန် အခြေခံအချက်များ 1. စိုက်ပျိုး၏ pH တန်ဖိုး- အကောင်းဆုံး pH အနေအထားမှာ: 5.0 - 6.5၊ - ဒူးရင်...
06/06/2024

ဒူးရင်းသီးပင်များစိုက်ပျိုးရန် အခြေခံအချက်များ

1. စိုက်ပျိုး၏ pH တန်ဖိုး
- အကောင်းဆုံး pH အနေအထားမှာ: 5.0 - 6.5၊
- ဒူးရင်းသည် အက်စစ်ဓာတ်အနည်းငယ်ရှိသော အနည်းငယ်ချဉ်သော မြေဆီလွှာကို နှစ်သက်ပြီး၊ pH 5.0-6.5 အတွင်းသည် အပင်အတွက်မြေဆီလွှာမှ အာဟာရများကို ထိရောက်စွာစုပ်ယူနိုင်စေပါသည်။

2. မြေဆီလွှာအတွင်း Nitrogen, Phosphorus နှင့် Potassium (NPK) ပါဝင်မှု

- N နိုက်ထရိုဂျင်ပါဝင်မှု (N): 15-20 mg/kg၊
အရွက်များ၊ ကိုင်းများနှင့် ပင်စည်များ ကြီးထွားမှုကို မြှင့်တင်ပေးပြီး နေရောင်ခြည်ဖြင့် အစာချက်ခြင်းကို အားကောင်းစေပါသည်။
-P ဖော့စဖရပ်ပါဝင်မှု (P): 10-15 mg/kg၊
အမြစ်ဖွင့်ဖြိုးစေခြင်း၊ အဖူးအပွင့်အားကောင်းစေခြင်းနှင့် အသီးကြီးထွားမှု အားကောင်းစေခြင်းများအတွက် အထူးအရေးပါသည်။
- K ပိုတက်စီယမ်ပါဝင်မှု (K): 120-150 mg/kg၊
ရောဂါဒဏ်ခံနိုင်ရည်ကို မြှင့်တင်ပေးခြင်း၊ အသီးအနှံများ၏ အရည်အသွေးကို မြှင့်တင်ပေးခြင်း၊ သကြားဓါတ်ဂလူးကို့စ်နှင့် ကစီဓာတ်များ စသည့်အဟာရများကို ပေါင်းစပ်ခြင်းနှင့် အပင်၏အမြစ်မှအရွက်ထိသယ်ယူပို့ဆောင်ခြင်းကိုဆောင်ရွက်ပေးခြင်း။

3. မြေဆီလွှာအစိုဓာတ်
- အကောင်းဆုံးစိုထိုင်းဆ : 20%-60%၊
မြေဆီလွှာသည် စိုစွတ်နေသော်လည်း ရေမဝပ်စေရ။ ခြောက်သွေ့လွန်းခြင်း သို့မဟုတ် စိုစွတ်လွန်းခြင်းသည် ဒူးရင်း၏ ကြီးထွားမှုနှင့် အာဟာရစုပ်ယူမှုကို ထိခိုက်စေပါသည်။ ရေဝပ်ခြင်းကင်းဝေးရန် ရေစီးရေလာ ကောင်းမွန်စွာဆောင်ရွက်ထားရန် အထူးအရေးကြီးပါသည်။

4. အပူချိန်
- အကောင်းဆုံးအပင်ကြီးထွားမှုအပူချိန် : 25°C - 30°C၊ ဒူးရင်းသီးပင်များသည် အပူပိုင်းရာသီဥတုအတွက် သင့်လျော်ပြီး အပူချိန်နိမ့်လွန်း (15°C အောက်) သို့မဟုတ် မြင့်မားလွန်း (35°C အထက်) သည် အသီးကြီးထွားမှုနှင့် အသီးအရည်အသွေးကို ထိခိုက်စေပါသည်။

# # # အခြားအခြေအနေများ
- **အလင်းရောင်** : နေရောင်ခြည် လုံလောက်စွာရရှိခြင်းသည် အလင်းဓာတ်ပြုခြင်းနှင့် အသီးမှည့်ခြင်းအတွက် အထောက်အကူဖြစ်စေသည်။

- **မြေဆီလွှာဖွဲ့စည်းပုံ**- မြေဆီလွှာပွ၍ ကောင်းစွာရေစိမ့်ဝင်နိုင်သောမြေ၊ သဲနှုံးဆန်သောမြေသည်အပင်များ ကြီးထွားမှုအတွက် အသင့်တော်ဆုံးဖြစ်သည်။

- **အော်ဂဲနစ်ဓာတ်ပါဝင်မှု**- အော်ဂဲနစ်ဒြပ်ပစ္စည်းပါဝင်မှု မြင့်မားသော မြေဆီလွှာများသည် ရေရှည်အာဟာရထောက်ပံ့မှုကိုပေးန်ိုင်ပြီး၊ မြေဆီလွှာဖွဲ့စည်းပုံကိုပို၍ကောင်းမွန်အောင် ပြောင်းလဲသွားရန်ကူညီပေးသည်။

# # # အကျဉ်းချုပ်
ဒူးရင်းသီးပင်များအတွက် အကောင်းဆုံး စိုက်ပျိုးနိုင်သော အခြေအနေများမှာ pH5.5မှ65 အတွင်း အနည်းငယ်ချဉ်သောမြေ၊ အော်ဂဲနစ်ဓါတ်ကြွယ်ဝသောမြေ၊ အာဟာရဓာတ် ကြွယ်ဝပြီး ရေစိမ့်ဝင်မှုကောင်းသော မြေဆီလွှာများဖြစ်သည်။ ထိုအပြင် သင့်လျော်သော စိုထိုင်းဆ၊အပူချိန် နှင့်နေရောင်ခြည်လုံလောက်စွာရရှိခြင်းသည် ဒူးရင်းသီးပင်များ၏ ကျန်းမာသန်စွမ်းမှု၊ အရည်အသွေးမြင့်
အသီးများအထွက်နှုန်းမြင့်မားစေပါသည်။ မြေဆီလွှာကို ပုံမှန်ဓါတ်ခွဲစစ်ဆေးပြီး သင့်လျော်သော ဓာတ်မြေသြဇာအချိန်မီကြွေးပေးရန် လွန်စွာအရေးကြီးပါသည်။

ဆရာကြီးGPTနှင့်ဆွေးနွေးထားသည့်ဒူးရင်းအကြောင်း 😊😊😊

မြန်မာသီးနဲ့နှိုင်းယှဉ်စားကြည့်ချင်တော့လည်း ထိုင်းမွန်ထောင်းသီးကို Makroမှာတကယ်ဈေးအကြီးပေးပြီးဝယ်လိုက်ရတယ်🥵 ယှဉ်ပြီးစားတ...
05/06/2024

မြန်မာသီးနဲ့နှိုင်းယှဉ်စားကြည့်ချင်တော့လည်း

ထိုင်းမွန်ထောင်းသီးကို Makroမှာ

တကယ်ဈေးအကြီးပေးပြီးဝယ်လိုက်ရတယ်🥵

ယှဉ်ပြီးစားတော့မြန်မာသီးကိုယုံလို့

မွန်ထောင်းကိုအရင်စားတယ်အရသာကချိုပြီး

ပြောစရာမလို့ဘူးကောင်းတယ် မွန်ထောင်းတစ်စိတ်

စားပြီးမှ ဘီလူးကျွန်းကသံပုရာဝက်ဆီသီးစားတယ်

ပထမတစ်လုပ်စားပြီးချိန် ဘာမှမထူးခြားပေမယ့်

သုံးလေးလုပ်စားပြီးချိန်မှာ အရသာကဆိမ့်ပြီးမွန်ထောင်း

ကိုလွမ်းမိုးသွားတယ် အချိုပိုင်းကတစ်အားကြီး

ချိုတာမဟုတ်ပဲ အရသာလေးပြီးဆိမ့်တယ်လိုပဲ

ပြောရမလား ယှဉ်စားကြည့်မှသိသာတာ၊

တစ်ခါမွန်ထောင်းပြန်စားကြည့်တော့

အရသာပေါ့ပျက်ပျက်ကြီးဖြစ်သွားတယ်

ခံတွင်းလုံးဝမတွေ့တော့ဘူး။

သံပုရာအားနည်းချက်ကတော့ အစေ့ကြီးတယ်

အသားနည်းနည်းလေးပိုထူရင်ပိုကောင်းမယ်

နောက်တစ်ခုက အလုံးလေးလည်းနည်းနည်းငယ်တယ်

၄လုံးရလာတာမှာ အကြီးဆုံးက 1kg ကျော်ကျော်ပဲရှိတာ၊

အရောင်အနေနဲ့က ရွှေဝါရောင်မဟုတ်ပေမယ့်

မွန်ထောင်းနဲ့ယှဉ်လိုက်ရင် တော်တော်လေးလှသွားရော

ဒါလေးကတော့ ဘီလူးကျွန်သံပုရာဝက်ဆီသီးလေး

စားပြီးတဲ့ကိုယ်ပိုင်ခံစားချက်လေး မျှဝေခြင်းပါ။

ဘီလူးကျွန်းက နာမည်ကြီးဒူးရင်းသီး စားရဖို့အော်တာတင်တာ မနှစ်ကတည်းက ခုမှရတာဗျာနာမည်ကလည်းအဆန်းကြီး သံပုရာဝက်ဆီတဲ့ အရသားကတော့...
03/06/2024

ဘီလူးကျွန်းက နာမည်ကြီးဒူးရင်းသီး

စားရဖို့အော်တာတင်တာ မနှစ်ကတည်းက ခုမှရတာဗျာ

နာမည်ကလည်းအဆန်းကြီး သံပုရာဝက်ဆီတဲ့

အရသားကတော့ ထိုင်းမျိုးတွေထက်ကောင်းပါတယ်

အစေ့နည်းနည်းကြီးတာတစ်ခုပဲ။

28/05/2024
26/05/2024

အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တပ်ရမလဲ တွက်နည်း

အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။
အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့််သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။
နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။
ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။
ဥပမာ အလျား=15ft အနံ=10ft
အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့အခန်းဆိုပါတော့
အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့
အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့်ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။
အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။
အခန်းအမျိုးအစား(၁)
လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက်6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင်1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။
အခန်းအမျိုးအစား(၂)လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှါကြက်လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။
ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)
ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။
အခန်းအမျိုးအစား(၃)
အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံကျော်ကာထားတယ်၊မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၄)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၅)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၆)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၇)
အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်
နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်
အလျား။ 40 ft
အနံ။20 ft
အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့
အခန်းထုထည်=40x 20 x 12=9600 ft3သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်9600x 12 =115200 Btu ရပါမယ်
အဲဒါဆိုရင်
115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။
1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)
1.5 Hp ၁၀ လုံးတပ်ရင်တပ်
3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။
စက်တွေကိုနေရာချရင်သာလူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။
အဓိကမှတ်ရမှာကတော့ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့အဆောက်အဦးအဦးတွေအတွက်ကတော့..
အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်းမရပါဘူးဗျ။
1 Ton အိမ်သုံးအဲကွန်းအသေးဟာ
လျှပ်စစ် Power Input1119 Watts(1.119 Kw)
1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။
Cooling Capacity အနေနဲ့12000 Btu
3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ညီပါတယ်။
အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်ဘယ်လောက် power input ရှိတယ်ရေးထားပါ
တယ်။Cooling capacity တူပြီးPower input နည်းတဲ့ တနည်းအားဖြင့််လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။
Unicode
အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တတ်ရမလဲ တွက်နည်း
အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။
အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့်သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။
နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။
ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။
ဥပမာ အလျား=15ft အနံ=10ft
အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့အခန်းဆိုပါတော့
အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့
အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့်ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။
အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။
အခန်းအမျိုးအစား(၁)
လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက်6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင်1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။
အခန်းအမျိုးအစား(၂)လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှါကြက်လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။
ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)
ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။
အခန်းအမျိုးအစား(၃)
အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံကျော်ကာထားတယ်၊မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၄)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၅)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၆)
အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။
အခန်းအမျိုးအစား(၇)
အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်
နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်
အလျား။ 40 ft
အနံ။20 ft
အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့
အခန်းထုထည်=40x 20 x 12=9600 ft3သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်9600x 12 =115200 Btu ရပါမယ်
အဲဒါဆိုရင်
115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။
1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)
1.5 Hp ၁၀ လုံးတပ်ရင်တပ်
3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။
စက်တွေကိုနေရာချရင်သာလူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။
အဓိကမှတ်ရမှာကတော့ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့အဆောက်အဦးအဦးတွေအတွက်ကတော့..
အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်းမရပါဘူးဗျ။
1 Ton အိမ်သုံးအဲကွန်းအသေးဟာ
လျှပ်စစ် Power Input1119 Watts(1.119 Kw)
1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။
Cooling Capacity အနေနဲ့12000 Btu
3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ညီပါတယ်။
အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်ဘယ်လောက် power input ရှိတယ်ရေးထားပါ
တယ်။Cooling capacity တူပြီးPower input နည်းတဲ့ တနည်းအားဖြင့်လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။

#မူရင်းရေးသားသူအား

19/05/2024
ခြံထဲမှာဒီလိုလေးလုပ်လိုက်ရ😂
19/05/2024

ခြံထဲမှာဒီလိုလေးလုပ်လိုက်ရ😂

Interesting Park Idea 💡 🤔

16/05/2024

♥ တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း အသိပေးထုတ်ပြန်ချက်

.
အမိုနီယမ်ဆာလဖိတ် မြေဩဇာသည် အပင်မှ အများအပြား လိုအပ်သည့် အဓိက အပင်အာဟာရဓာတ် နိုက်ထရိုဂျင် ၂၁ ရာခိုင်နှုန်းနှင့် အပင်မှ အနည်းငယ်သာ လိုအပ်သည့် အပင်အာဟာရဓာတ် ဆာလဖာ ၂၄ ရာခိုင်နှုန်းပါဝင်ပြီးရေတွင် ပျော်ဝင်လွယ်သော ဓာတုမြေဩဇာတစ်မျိုးဖြစ်ပါသည်။

♥ စိုက်ပျိုးထုတ်လုပ်မှု၌ သုံးစွဲရာတွင် မိမိသီးနှံနှင့် စိုက်ပျိုးမြေအား ထိခိုက်မှု နည်းပါးစေရန်အတွက် သုံးစွဲသူတောင်သူများအနေဖြင့် ၎င်းမြေဩဇာအကြောင်းနှင့် အသုံးပြုရမည့် နည်းလမ်းများကို သိရှိနားလည်ရန် လိုအပ်ပါသည်။

နိုက်ထရိုဂျင် အာဟာရဓာတ် ဖြည့်ဆည်းရန်အတွက် အမိုနီယမ်ဆာလဖိတ် မြေဩဇာကို နှုန်းမြင့်မားစွာ အသုံးပြုပါက အပင်မှ လိုအပ်မှုနည်းသော ဆာလဖာဓာတ်ကို လိုအပ်မှုထက်ပိုမိုစေခြင်းကြောင့် အပင်အတွက် ဆိုးကျိုးများဖြစ်ပေါ်စေပါသည်။

အမိုနီယမ်ဆာလဖိတ် မြေဩဇာတွင် ဆာလဖာပါဝင်မှု များနှင့် မြေငန်ရှိသောဒေသများတွင်သာ သုံးစွဲရန်သင့်တော်သော ဓာတ်မြေဩဇာအမျိုးအစားဖြစ်ပါသည်။

တောင်သူများ အနေဖြင့် ဈေးနှုန်းသက်သာသည့်အတွက် ဝယ်ယူ အသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် မြေဩဇာကိုမြေကြီးထဲသို့.ထည့်သွင်း အသုံးပြုသောအခါ ယူရီးယားကဲ့သို့ အခြားသော နိုက်ထရိုဂျင်မြေဩဇာများထက် မြေချဉ်​စေသော အက်စစ်ဓာတ်ကို ပိုမိုထုတ်လွှတ်ပေးသဖြင့် မြေချဉ်ငန်ကိန်း ၅ ဒသမ ၅ အောက်ရှိသော မြေချဉ်များတွင် မြေဆီလွှာအချဉ်ပေါက်သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။

♥ တောင်သူများအနေဖြင့်

၎င်းမြေဩဇာကို သုံးစွဲမည်ဆိုပါက မိမိတို့ စိုက်ပျိုးမြေ၏ မြေချဉ်ငန်ကိန်း၊ စိုက်ပျိုးမည့် သီးနှံအမျိုးအစား စသည်တို့အပေါ် မူတည်၍ ထည့်သွင်းသင့်သည့် ပမာဏကို စိုက်ပျိုးရေးပညာရှင်များနှင့် မြေဆီလွှာပညာရှင်များ၏ ထောက်ခံ အကြံပြုချက် ရယူအသုံးပြုရန် လိုအပ်ပါသည်။

ကူးယူဖော်ပြပါသည်။

ဦးသက်လွင်(ထန်းညီနောင်)

♥ Credit

🌳 ခြ၊ ပုရွက်ဆိတ်၊ ပင်စည်ထိုးပိုး (Stem Borer)၊ အခေါက်ထိုးပိုး (Skin Borer)၊ များကို ထုံးသုတ်ခြင်းဖြင့် များစွာမကာကွယ်နို...
16/05/2024

🌳 ခြ၊ ပုရွက်ဆိတ်၊ ပင်စည်ထိုးပိုး (Stem Borer)၊ အခေါက်ထိုးပိုး (Skin Borer)၊ များကို ထုံးသုတ်ခြင်းဖြင့် များစွာမကာကွယ်နိုင်ပေမယ့် ၎င်းတို့၏ ဘဝစက်ဝန်းကိုမူ ဟန်ချက်ပျက်စေသည်။
=================

အခေါက်ရှိသော အသီးသီးသည့် နှစ်ရှည်ပင်အများစုအား အပင်ခြေမှ ၄ပေ (သို့မဟုတ်) ပထမကိုင်းခွဲအထိ အခေါက်ပတ်လည်အား ထုံးသုတ်ပေးခြင်းသည် ရှေးအစဉ်အလာကတည်းက လုပ်ဆောင်ခဲ့ကြပေသည်။ သို့သော် ၎င်း၏ အကျိုးကျေးဇူးကိုမူ တိတိပပ ဖော်ပြထားသော ဆောင်းပါးများကို မဖတ်မိခြင်းမှာ မိမိ အားနည်းချက်ကြောင့် ဖြစ်ပေမည်။

စာရေးသူသည် တနေ့သ၌ ရင်းနှီးခင်မင်သော မိတ်ဆွေ အန်ကယ်တဦးနှင့် ခြံထဲတွင် စကားစမြည်ပြောရင်း နှစ်ရှည်ပင် ထုံးသုတ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးဖြစ်ကြလေသည်။ ထိုမှ စိုက်ပျိုးတောင်သူများအတွက် အကျိုးများမည့် အရေးဖြစ်သည့်အတွက် ပြန်၍ ဆောင်းပါးတပုဒ် ရေးသားရန် အတွေးဖြစ်မိကာ ဆွေးနွေးသော အကြောင်းအရာများအပြင် Website မှ လိုအပ်သည်များ ဆက်လက် လေ့လာကာ မိမိလက်လှမ်းမှီသမျှ ကောက်နုတ် တင်ပြလိုက်ပါသည်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

ထုံးသုတ်ခြင်းကို အနောက်တိုင်းမှ စိုက်ပျိုးသူများလည်း လုပ်ဆောင်လေ့ရှိသည်။ ၎င်းတို့က Whitewash ဟု သုံးနှုန်းသည်။ Whitewash သည် ထုံးအပြင် တခြားသော ရွံ့စေးဖြူကဲ့သို့သော သဘာဝ ဓာတ်ပေါင်းတို့ဖြင့် အပင်များကို သုတ်လေ့ရှိသည်။

ထုံးသုတ်ခြင်းတွင်ပင် ထုံးတဆ၊ ရေတဆ ရောပြီး စေးပြစ်စေရန် တခြားသော ရောစပ်မှုများကို ပြုလုပ်လေ့ရှိသည်။ ဟင်းရွက်ဆီ၊ တမာဆီကဲ့သို့ အဆီ တမျိုးမျိုး ကျောက်ချဉ်၊ Sulfur ဆာလဖာ ပါသော ကန့်၊ ဘိုရွန်ပါသော လက်ချား၊ ဆားဓာတ်ပါသော ဇဝက်သာ၊ စသော သဘာဝ ဓာတ်ပေါင်း တမျိုးမျိုး ထည့်နိုင်သည်။ ထည့်သွင်းသော အမယ်တိုင်းတွင် တိကျသော ရည်ရွယ်ချက်တို့ ရှိသည်။ အပင်ကို ထုံးသုတ်ရာတွင် တကြိမ်တည်း အပြီးသုတ်ခြင်းထက် ခပ်ပါးပါး အရင်သုတ်ပြီး အရည်ပြစ်ပြစ်ကို ပထမသုတ်ထားခြင်းမှ ခြောက်သည့်အခါ ထပ်လိုက်၍ သုတ်ခြင်းက ကြာရှည်ခံစေသည်။

ယခုဆောင်းပါးတွင် ထုံးတမျိုးတည်း၏ အကျိုးကျေးဇူးများကိုသာ ထုတ်နှုတ်ဖော်ပြပေမည်။နှစ်ရှည် သီးပင်တို့တွင် အခေါက်နှင့် ကပ်ရပ်ရှိသော အစာကြော ရေကြောတို့သည် အခြားသော နေရာတို့ထက် အပင်၏ ပြင်ပ ဝန်းကျင်နှင့် ပိုမို ဆက်စပ်လျက်ရှိသည်။ ဆိုလိုသည်မှာ အပင်၏ ပြင်ပဝန်းကျင် အပူချိန်၊ စိုထိုင်းဆ၊ ရောဂါဝင်ရောက်နိုင်မှု၊ ဖိအား၊ ဒဏ် စသော အကြောင်းတရားများစွာတို့သည် အပင်၏ အခြားနေရာများထက် ထိုထိုသော အခေါက်နှင့် ကပ်ရပ်ရှိသော အစာကြော ရေကြောတို့သည် သက်ရောက်မှုကို ပိုမို ခံစားရလေ့ရှိသည်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

နေရောင်၏ အပူချိန်ကြောင့် နေ့ဘက်တွင်ပူပြီး ညဘက်တွင် အေးသည်ကို လူတိုင်း သိရှိပြီးဖြစ်သည်။ ထိုသို့ နေ့နှင့် ည အပူချိန် ကွာခြားချက်သည် သဘာဝသတ္တ ဇီဝလောကကြီး တခုလုံး မည်သို့ မည်ပုံ ထိန်းကျောင်းမောင်းနှင်နေသည်ကိုတော့ လူတိုင်း မသိရှိနိုင်ပေ။

ဆောင်းတွင်းကဲ့သို့ နေ့နှင့် ည အပူချိန် ကွာခြားချက် အမြင့်ဆုံးနေ့ရက်များတွင် အပင်များတွင် များစွာသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ နေ့ဘက်တွင် နေရောင်၏ အပူချိန်ကြောင့် အခေါက်နှင့် ကပ်ရပ် အစာကြော၊ ရေကြောတို့တွင် အောင်းအပူဖြစ်ပေါ်စေပြီး ညပိုင်းတွင် တခြားနေရာများနှင့် ပြင်ပအပူချိန် နီးပါးအေးနေသော်လည်း ၎င်းအခေါက်နှင့် ကပ်ရပ်နေရာတို့တွင် အောင်းအပူကြောင့် ပုံမှန်ကဲ့သို့ မအေးနိုင်ဘဲရှိနေသည်။ ထိုသို့ဖြစ်နေခြင်း ၎င်းနေရာတဝိုက် အပင်အတွက် အစာကြော ရေကြော ပို့လွှတ်ထောက်ပံ့ခြင်း ဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေသည်။ ၎င်းနေ့ည အပူကွာဟချက် မြင့်မားမှုသည် ဆက်တိုက်ဆိုသလို ဖြစ်လာပါက ထို အခေါက်နှင့်ကပ်ရပ် အစာကြော၊ ရေကြောများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်စေသည်။ ထိုမှတဆက်တည်း အခေါက်များ ကွဲအက်ကာ အက်ကြောင်းများ ဆက်တိုက်ဖြစ်ပေါ်လာစေသည်။

လေ့လာတွေ့ရှိချက်အရ အီကွေတာ မြောက်ပိုင်းဒေသများတွင် ထိုဖြစ်ရပ် ဖြစ်ပေါ်သော အပင်တို့သည် အနောက်တောင်ဘက် အခြမ်းတွင် အဖြစ်များ၏ အီကွေတာ၏ တောင်ပိုင်း ဒေသများတွင်မူ အပင်၏ အနောက်မြောက် အခြမ်းတွင် အဖြစ်များသည်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

မြန်မာနိုင်ငံသည် အီကွေတာ မြောက်ခြမ်းတွင် တည်ရှိသောကြောင့် ထိုသို့ နေ့ည အပူကွာခြားချက် လွန်ကဲမှုကြောင့် ဖြစ်ပေါ်သော နောက်ဆက်တွဲ အခေါက်ကွဲ အက်ရာများသည် အပင်၏ အနောက်တောင်ဘက်အခြမ်းတွင် ဖြစ်လေ့ရှိသည်။

ထိုသို့သော အခေါက်ကွဲ အက်ရာများသည် အင်းဆက် ပိုးကောင်များ ခိုအောင်ပေါက်ဖွားရှင်သန်ဖို့ရာ နေအိမ်သဖွယ် ဖြစ်ပေါ်စေတော့သည်။ သဘာဝတရားအရ အင်းဆက်ပိုးများတွင် အပင်အတွက် ကောင်းကျိုးပေးမှုရှိသလို ဆိုးကျိုးပေးမှုလည်း ရှိသည်။ တချို့အင်းဆက်များသည် အချိန်ကာလအလိုက် အပင်ကို ကောင်းကျိုး ဆိုးကျိုးကို ဖြစ်ပေါ်စေသည်။ ဆိုးကျိုးပေးသော အင်းဆက်များ သို့မဟုတ် အချိန်ကာလအလိုက် ဆိုးကျိုးပေးသော အင်းဆက်များအနေဖြင့် အပင်အတွင်း ဝင်ရောက်နေထိုင်ရာမှ ကပ်ပါးတွယ်ကပ်နေသော ရောဂါ ပိုး၊ မှိုနှင့် ဘက်တီးရီးယားများကို အပင်တွင်း ပျံ့နှံစေတော့သည်။ ထိုမှတဆင့် အပင်ရောဂါဝင်ပြီး သေဆုံးခြင်းသို့ ဖြစ်စေတော့သည်။

၎င်းဖြစ်စဉ်ကို လေ့လာတွေ့ရှိပြီးနောက် ကာကွယ်ရန်အတွက် နည်းလမ်းများကို အောက်ပါအတိုင်း စဉ်းစားမိသည်။

၁။ နေ့ည အပူချိန် ကွာဟမှု မြင့်မားကို ထိန်းချုပ်စေခြင်း။

၂။ အင်းဆက်ပိုးတို့ အပင်သို့ မလာရောက်စေရန် ကာကွယ်ခြင်း။

၃။ အင်းဆက်တို့ လာရောက်ခဲ့လျှင်လည်း ၎င်းတို့ ဆက်လက် ရှင်သန်နိုင်မှု နည်းပါးစေရန် ဆောင်ရွက်ခြင်း။ စသည်တို့ဖြစ်သည်။

ပူခြင်းနှင့် အေးခြင်း ဖြစ်စဉ်တွင် သမပိုင်းဇုန် အပင်အများစု ရှင်သန်သော ဇုန်အတွက် အေးခြင်းသည် ပူခြင်းလောက် အပင်ကို ဒုက္ခမပေးနိုင်ပေ။ အပူချိန် မြင့်မားခြင်းကသာ အပင်အတွက် ဆိုးသော သက်ရောက်မှု ဖြစ်စေသည်။ ထို့ကြောင့် နေ့ဘက်တွင် အပူချိန်ကို ကာကွယ်ရန်အတွက်ကို ဦးစားပေး စဉ်းစားရမည်။ ထို့ကြောင့် လိုအပ်ချက်ပေါ် မူတည်၍ အရိပ်ပင်များ ကြားညှပ် စိုက်ပျိုးခြင်းကို အလျင်းသင့်သလို ပြုလုပ်ပေးသင့်သည်။ ၎င်းထက် ငွေကုန်ကြေးကျ သက်သာပြီး ထိရောက်သော နည်းလမ်းတခုမှာ ထုံးသုတ်ခြင်းဖြစ်သည်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

ထုံးသည် အဖြူရောင်ဖြစ်သောကြောင့် နေ၏ အလင်းရောင် ရာနှုန်းပြည့်နီးပါး အလင်းပြန်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် အပူစုပ်ယူမှုနည်းပြီး အပူထုတ်လုပ်မှုကို ဖြစ်စေသည်။ ပုံမှန်အတိုင်းဆိုလျှင် အပင်၏အခေါက်မှာ အညိုရောင် အမဲဘက်လိုက်ပြီး အလင်းကို ရာနှုန်းပြည့်နီးပါး စုပ်ယူရာမှ အပူဓာတ်ကို စုပ်ယူရစေသည်။ ထိုနေရာကို ထုံးသုတ်လိုက်ခြင်းဖြင့် အပူစုပ်ယူမှု နည်းစေပြီး အလင်းပြန်စေကာ အပူသက်သာစေသည်။ ၎င်းမှ တဆက်တည်း နေ့၊ ည အပူချိန် ကွာခြားချက် မြင့်မားခြင်း နောက်ဆက်တွဲ အခေါက်ကွဲခြင်းကို သက်သာစေသည်။ (ဥပမာအားဖြင့် ပူပြင်းသည့်နေ့များတွင် လူများအပြင် ထွက်ရာ၌ အင်္ကျီအဖြူ ဝတ်ဆင်သကဲ့သို့ ဖြစ်သည်။) ထိုအချက်သည် ထုံးသုတ်ခြင်း၏ အကျိုးကျေးဇူးတစ်ရပ် ဖြစ်သည်။

အပင်များကိုင်းချိုင်ပြီးချိန်တွင် အပင်ခြေသည် ယခင်ကထက် ပိုမို ရှင်းလင်းသွားကာ အလင်းကျရောက်မှု ပိုမို လာနိုင်သည်။ ထိုသို့ အလင်းကျရောက်မှု များခြင်းသည် အပူချိန်မြင့်တက်လာနိုင်စေသောကြောင့် ကိုင်းချိုင် ပြီးချိန်များတွင် ထုံးသုတ်ပေးခြင်းကို တဆက်တည်း ဆောင်ရွက်သင့်ပေသည်။ သို့မှသာ အပင်ကို အပူဒဏ်မှ ကာကွယ်သက်သာစေသည်။

သမပိုင်းဇုန်တွင် အပင်သည် အပူနှင့် အအေးနှိုင်းယှဉ်ရာ၌ အအေးတွင် ပို၍ ခံနိုင်ရည်ရှိကြပြီး အရွက်မှလေပေါက်များ (Stomata)ဖွင့်ချိန် ပိုမို ကြာမြင့်သောကြောင့် အပင်အတွက် အဓိက လိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုမို ရရှိစေသည်။ ထုံးသုတ်ခြင်းဖြင့် အပင်၏ အပူချိန်လျော့ကျစေခြင်းကြောင့် အထက်ပါ အကျိုးကို ရရှိစေနိုင်သည်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

ထို့ပြင် တခြားသော အရေးကြီးသည့် အကြောင်းအရာများလည်း ရှိသေးသည်။ ၎င်းကား ထုံးသည် အဖန်ဓာတ်ဖြစ်၍ အက်ဆစ်ဓာတ် အချဉ်ဓာတ်ကို နိုင်သည်။ သဘာဝ၏ ပုံမှန် ဓာတ်ပြယ်အနေအထား pH သည် ၇.၀ ဖြစ်သည်။ အပင်၊ မှို၊ အင်းဆက် အများစုသည် ၆.၅ မှ ၇.၀ အတွင်း ပေါက်ပွားရှင်သန်ကြသည်။ အခေါက်မျက်နှာပြင်သည် ပုံမှန်အားဖြင့် ၆.၅ မှ ၇.၀ ကြား ဝန်းကျင်တွင် ရှိနေသောကြောင့် အင်းဆက်တို့ ရှင်သန်ပေါက်ဖွားနိုင်ရန် ဖိတ်ခေါ်သလို ဖြစ်နေသည်။ ၎င်းကို ထုံးသုတ်ပေးခြင်းဖြင့် pH တန်ဖိုးမြင့်စေကာ ၇.၀ အထက် ရောက်စေပြီး ပိုးမွှား၊ မှို အချို့ကို သေစေပြီး အများစုကို မျိုးဆက်ပွား ရှင်သန်စေဖို့ အခက်အခဲများစွာ ဖြစ်စေသည်။

စိုက်ပျိုးရေးလောက၏ ကြောက်စရာကောင်းလှသည့် ခြ၊ ပုရွက်ဆိတ်၊ ပင်စည်ထိုးပိုး (Stem Borer)၊ အခေါက်ထိုးပိုး (Skin Borer)၊ များကို ထုံးသုတ်ခြင်းဖြင့် များစွာမကာကွယ်နိုင်ပေမယ့် ၎င်းတို့၏ ဘဝစက်ဝန်းကိုမူ ဟန်ချက်ပျက်စေသည်။ ၎င်းတို့ မျိုးပွားရှင်သန်စေဖို့အတွက် လိုအပ်သော အချဉ်ဓာတ်ကို ထုံးသုတ်ခြင်းဖြင့် တားဆီးဟန့်တားနိုင်သည်။ ထိုအချက်ကပင် ထုံးသုတ်ခြင်း၏ များစွာသော ကျေးဇူးတရားပင်ဖြစ်သည်။

လူတို့၏ မျက်စိသည် အနီရောင်မှ ခရမ်းရောင်အထိ မြင်ရပြီး အင်းဆက်အများစုမှာမူ အစိမ်းရောင်မှ အပြာရောင် ခရမ်းလွန်ရောင်ခြည်အထိ ကောင်းစွာမြင်ရသည်။ အင်းဆက်များ၏ အမြင်ပိုင်းဆိုင်ရာနှင့် ပတ်သတ်၍ လေ့လာကြည့်ရာ အများစုသည် ခရမ်းလွန်ရောင်ခြည် မြင်ရမှုသည် အကောင်းဆုံးအနေထားဖြစ်သည်။ မီးခိုးရောင်၊ သစ်ခေါက် ကဲ့သို့သော အရာများသည် ခရမ်းလွန်ရောင်ခြည်အဖြစ် မြင်ရခြင်းကြောင့် ၎င်းတို့သည် အင်းဆက်တို့ အကြိုက်ဆုံး အစွဲဆောင်ဆုံးသော အရောင်ဖြစ်သည်။

အဝါရောင် သည် အင်းဆက်တို့ကို စွဲဆောင်မှု အနဲဆုံးအရောင်ဖြစ်ပြီး အနီရောင်ကိုကား အင်းဆက်အားလုံးအနေဖြင့် မမြင်နိုင်ပေ။ အဖြူရောင် နှင့် အညို (သို့မဟုတ်) အနက်ရောင် တို့ကို နှိုင်းယှဉ်လျှင် အင်းဆက်အနေဖြင့် အညို (သို့မဟုတ်) အနက်ရောင်ကိုသာ ပို၍မြင်ရပြီး စွဲဆောင်စေသည်။ သစ်ပင်၏ အခေါက်အရောင်မှာ အညိုရောင်ဖြစ်သောကြောင့် အင်းဆက်တို့ အကြိုက်ဖြစ်ကာ စွဲဆောင်မှု ရှိစေသည်။ ၎င်းကို ထုံးသုတ်ပေးခြင်းဖြင့် အင်းဆက်တို့အား စွဲဆောင်မှုလျော့နည်းစေကာ လာရောက် အသိုက်ဖွဲ့ ပေါက်ဖွားခြင်းမှ လျော့ပါးစေသည်။ ဤအချက်သည်လည်း ထုံးသုတ်ခြင်းမှ အကျိုးရလဒ်ကောင်း တခုဖြစ်ပေသည်။

အခြားသော အကျိုးရလဒ်များကား ထုံးသည် ကယ်ဆီယမ်ဓာတ်ဖြစ်ကာ အပင်အတွက် လိုအပ်သော အာဟာရဓာတ်များတွင် တခု အပါအဝင် ဖြစ်သည်။ အပင်ကို ထုံးသုတ်ထားခြင်းဖြင့် အနည်းအများ ဆိုသလို အပင်က စုပ်ယူရနိုင်သည်။ ထုံးသုတ်ခြင်းတွင် အထက်က ဖော်ပြခဲ့သည့်အတိုင်း ဆာလဖာခေါ် ကန့်မှုန့် အနည်းငယ်ထည့်ပေးခြင်းဖြင့် မှိုသတ်အာနိသင်အပြင် အနည်းငယ်ဝါစေခြင်းက အင်းဆက်တို့ကို စွဲဆောင်မှု လျော့နည်းစေသည်။ တမာဆီကဲ့သို့ ပိုးသတ်ဆီတမျိုးပါ ထည့်သွင်း သုတ်လိမ်းပါက အပင်အခေါက်တွင် တွယ်ညှိကပ်ရောက်နိုင်သော အင်းဆက်တို့ကို နှိမ်နင်းပြီး ဖြစ်သည်။

အမြင်ပသာဒအားဖြင့် သစ်တော စိုက်ခင်းတွင် ထုံးဖြူဖြူဖွေးဖွေး ညီညာစွာ သုတ်ထားခြင်းဖြင့် လှပသောရှုခင်းတခု ဖြစ်စေတော့သည်။

ထိုကဲ့သို့ များစွာသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော နှစ်ရှည်သီးပင် ထုံးသုတ်ခြင်းကား ရှေးမိရိုးဖလာ လုပ်ဆောင်မှုမှသည် ခေတ်သစ် သိပ္ပံနည်းကျ လေ့လာဖော်ထုတ်ရာမှ ဆန်းသစ်သော အတွေး၊ လျှို့ဝှက်သော သဘာဝတည်ရှိမှု၊ ယုတ္တိကျသော သဘာဝဂေဟ၏ အပြန်အလှန် သဟဇီဝနကျစွာ ဖြစ်တည်နေမှု၊ လှပသော အမြင်တို့ကို ရရှိခံစား မှတ်သား လေ့လာနိုင်ပါစေကြောင်း အကျိုးငှာ မိမိတွေ့ကြုံသိရှိသမျှ ဖော်ထုတ်ရေးသားလိုက်ရပါသည်။

"အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်"

#ထုံး
#နှစ်ရှည်ပင်များ
#စိုက်ပျိုးရေး
#မွေးမြူရေး
#အစိမ်းရောင်လမ်း

12/05/2024
10/05/2024

ဒီလိုအပင် မြန်မာပြည်မှာရှိနေပြီလား?

09/05/2024
05/05/2024

ထိုင်းနိုင်ငံ ချန်သဘူရီခရိုင်ဟာ
ထိုင်းနိုင်ငံရဲဒူးရင်းသီးခရိုင်လို့ပြောလို့ရပါတယ်
ဒူးရင်းသီးပွဲရုံရာနဲ့ချီပြီး ကွန်တိန်နာတွဲကား
ဟိုင်လပ်ကား အလုပ်သမားသိန်းချီ အလုပ်ရနေတဲ့
လုပ်ငန်းကြီးဖြစ်ပါတယ်။ ယခုရက်ပိုင်းမှာ
တစ်နေ့ကို ပေ၄၀အအေးခန်းကွန်တိန်နာ အလုံး၇၀၀နဲ့၈၀၀ကြား တရုတ်နိုင်ငံကိုတင်ပို့နေတယ် ကွန်တိန်နာတစ်လုံးစာရဲတန်ကြေးဟာ ကျပ်ငွေဖြင့် သိန်း၄ထောင်၄ရာခန့် (ဒေါ်လာ၁သိန်း၁သောင်း)
ပတ်ဝန်ကျင်မှာရှိပါတယ်။

ထိုင်းဝက်ဆိုက်သတင်း Thailand Headlines 24.1.2024 ထုတ်ပြန်ချက်

တရုတ်အကောက်ခွန်မှ ထုတ်ပြန်သော
အချက်အလက်များအရ တရုတ်နိုင်သည်
အေးခဲဒူးရင်းသီးမပါ လက်ဆက်ဒူးရင်းသီးတင်သွင်
မှုသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၄ သိန်းခန့်ရှိပြီး
အရင်နှစ်ထက် ၇၂.၈၇ ရာခိုင်နှုန်း တိုးမြင့်လာသည်။
(၂၀၂၂ ခုနှစ်တွင် တင်သွင်းမှုပမာဏမှာ
တန်ချိန် ၈.၂သိန်းခန့်ဖြစ်သည်။)
စုစုပေါင်းတန်ဖိုးအားဖြင့်
အမေရိကန်ဒေါ်လာ ၆.၇၁၆ ဘီလီယံရှိပြီး
အရင်နှစ်ထက် ၆၅.၅၆ ရာခိုင်နှုန်း
တိုးမြင့်လာပါသည်။

လက်ရှိတွင် တရုတ်နိုင်ငံသည်
ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံ
ဤသုံးနိုင်ငံမှ လတ်ဆတ်ဒူးရင်းသီးများကို
တင်သွင်းခွင့်ပြုထားပြီး ထိုင်းနိုင်ငံသည်
ဝေစုအများဆုံးရယူထားသည်။
မလေးရှာကို အေးခဲဒူးရင်းသီးသာ
တင်ပို့ခွင့်ပြုထားပါသည်။ 2023 ခုနှစ်တွင်
တရုတ်နိုင်ငံသည်ထိုင်းနိုင်ငံမှ
လတ်ဆတ်ဒူးရင်းသီးတန်ချိန်
9.2သိန်းခန့် တင်သွင်းထားပြီး စုစုပေါင်းတန်ဖိုးမှာ
အမေရိကန်ဒေါ်လာ 4.566 ဘီလီယံခန့်ရှိပြီး
တရုတ်နိုင်ငံ၏ စုစုပေါင်းဒူးရင်းတင်သွင်းမှု၏
65.15% ရှိပြီး 2022 ခုနှစ်တင်သွင်းသည့်
တန်ချိန် 7.8သိန်းထက် 18.49%
တိုးတက်လာပါသည်။

ဒုတိယအများဆုံးမှာ ဗီယက်နမ်နိုင်ငံဖြစ်ပြီး
တင်သွင်းသည့်တန်ချိန် 4.9သိန်း ခန့်ရှိပြီး
စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ
2.137 ဘီလီယံခန့်ရှိပြီး၊ တရုတ်နိုင်ငံ၏
စုစုပေါင်းဒူးရင်းတင်သွင်းမှု၏ 24.59% ရှိပြီး
အရင်နှစ်ထက် 1107% မြင့်တက်လာသည်။

ဖိလစ်ပိုင်မှတင်သွင်းမှုပမာဏသည်
3763 တန်ဖြစ်ပြီးစုစုပေါင်းတန်ဖိုးမှာ
အမေရိကန်ဒေါ်လာ ၁၃ သန်းခန့်ရှိပြီး
တရုတ်နိုင်ငံ၏ စုစုပေါင်းဒူးရင်းတင်သွင်းမှု၏
0.26% ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

မြန်မာဒူးရင်းလောက ဖိလစ်ပိုင်ကိုမှီအောင်
မနည်းကြိုးစားရအုန်းမည်။

03/05/2024

ထိုင်းနိုင်ငံ ချတ်ထပ်ဘူရီက မူဆန်းကင်း၆မိုးသား

အပင်၁၀၀၀ခြံ၊ ရေငတ်သွားလို့ ဒီပုံစံဖြစ်သွားတာ။

ခြံမှာ ရေကန်သုံးကန်ရှိတယ် ရေခန်းသွားလို့

၄လက္မအဝီစိတွင်းမီတာ၁၀၀ (ပေ၃၂၈) တစ်တွင်းတူးတယ်

ပထမရေထွက်အားကောင်းတယ် လေးငါးရက်နေ

ရေမထွက်ပြန်ဘူး၊ နောက်တစ်တွင်းပြန်တူးတယ် မီတာ၂၀၀

ရေထွက်အားကောင်းတယ် လေးငါးရက်နေ ရေခန်းပြန်ရော

၊ ရေ၂တွင်းတူး ဘတ်၂သိန်းခွဲကုန်သွားတာပဲ

အဖက်တင်တာ။

ဒါကြောင့်ဒူးရင်းစိုက်မယ်ညီအကိုတွေ ရေမသေချာရင်

လုံးဝမစိုက်ကျပါနဲ့ ၊ စိုက်ပြီးသားရေရတယ်ဆိုရင်လည်း

အရေးပေါ်အခြေအနေဖြစ်လာရင် သေချာအောင်

B ပလံတော့ထားကျပါ၊ အဲတာမှမမှီရင် မီးသက်ကား သို့

ရေဘောက်ဆာငှားပြီးရေပေးပါ အပင်သေသွားရင်ဘာမှ

ပြန်မရနိုင်တော့ဘူး၊ အပင်ရှိနေမှနောက်နှစ်တွေ

ပြန်ရှာပေးနိုင်မှာပါ။

21/04/2024
11/04/2024
09/04/2024

ထိုင်းမူစံကင်း ၂တန်ကျော် ခူးတာစောမမှည့် အဲပြဿနာတွေမကြာမီ လာတော့မည်။

28/09/2023
ဒီတစ်ခါတော့ အောင်မြင်မယ်ထင်တာပဲ ငါးပင်ဆက်တာငါးပင်လုံး စိမ်းနေသေးတယ်။
18/09/2023

ဒီတစ်ခါတော့ အောင်မြင်မယ်ထင်တာပဲ

ငါးပင်ဆက်တာငါးပင်လုံး စိမ်းနေသေးတယ်။

12/09/2023
12/09/2023

မိသားစုတိုင်း တစ်ပင်တော့ ပိုင်ဆိုင်သင့်တဲ့ အပင်

အာဖရိကမှာ ဒီအပင်ကို “Tree of Life” လို့ခေါ်ပြီး၊ အနောက်တိုင်းသားတွေက “Miracle Tree” လို့ခေါ်ကြပါတယ်

အာဖရိကတောင်ပိုင်း၊ လင်ပိုပို (Limpopo) ဆိုတဲ့ပြည်နယ်မှာ၊ တူးဆန် (Tooseng) ဆိုတဲ့ရွာလေးရှိတယ် အာဖရိကဆိုတော့ သိတဲ့အတိုင်းပဲ မိုးခေါင်ရေရှား၊ စားစရာရှားပါးတယ်

အဟာရ ချို့တဲ့ကြတယ် ဒီဒဏ်ကို ကလေးငယ်တွေ နှင့် သက်ကြီးတွေက ခါးစီးခံနေရတယ် သူတို့ရွာက ကလေးတွေမှာ အဟာရချို့တဲ့မှုရောဂါတွေက မိခင်တွေ၊ ဖွားအေတွေ အတွက် ပြဿနာကြီးကြီးတစ်ရပ်ဖြစ်နေတယ်

၂၀၀၀ ခုနှစ်မတိုင်ခင်က အာဖရ်ိကမှာ ဒီအပင် အကြောင်းကို သိပ်မသိကြသေး မက်သဘတ်သာ (Mathabatha) ဆိုတဲ့ အမျိုးသမီးဟာ ဒီအပင်အကြောင်းကို စပြီးကြားဖူးခဲ့တာ ရွာရဲ့ ဘာသာရေးဆရာ၊ ဂေါပကလူကြီးဆိုပါတော့၊ သူကပြောပြလို့ပေါ့

ကလေးတွေ အဟာရချို့တဲ့တဲ့ အကြောင်း သူ့ရှေ့မှာ ညီးတွားမိရာက ဒီအပင်အကြောင်း ဂေါပကလူကြီးက သူ့ကိုပြောပြခဲ့တာ မာလာဝီနယ်မှာတော့ ဒီအပင်က စိုက်ပျိုးဖြစ်ထွန်းနေသတဲ့ သူတို့ဆီမှာရော ဖြစ်ပါ့မလားပေါ့ သိတဲ့အတိုင်း မြေကညံ့၊ မိုးကခေါင်လို့ ဘာပင်မှ မဖြစ်တဲ့ နေရာမဟုတ်လား

ဒါနဲ့ သူနည်းနည်း ထပ်ပြီး လေ့လာကြည့်တော့ ဖြစ်နိုင်သားပဲ ဆိုတာ သိလာတယ် ဒီ အပင်က အတော်ညံ့တဲ့ မြေမှာလည်း ဖြစ်တာပဲတဲ့ ရေ နည်းနည်းပဲ ရလည်း ဖြစ်တာပဲတဲ့ ဒူပေဒါပေ ပစ်ထားလည်း ရှင်တဲ့ အမျိုးပေါ့

ပေါပေါပဲပဲ စိုက်သလိုဖြစ်ပေမယ့် နယ်နယ်ရရတော့ မဟုတ်ပြန်ဘူး သူ့အရွက်မှာ Vitamin C က လိမ္မော်သီးထက် ၇ ဆများသတဲ့ Vitamin A က မုန်လာဥနီထက် ၄ ဆ Potassium ဓါတ်က ငှက်ပျော်သီးထက် ၃ ဆ Calcium ဓါတ်က နို့မှာပါတာရဲ့ ၄ ဆ Protein အသားဓါတ်က ဒိန်ချဉ်မှာပါတာထက် ၂ ဆ ပိုများတာဆိုပဲ

ဟန်ကျပြီပေါ့ သူတို့ဆီမှာ မိသားစု အတော်များများဆိုတာ အသားတို့၊ အသီးအရွက်တို့ စားရဖို့ရာ အတော်ခက်ခဲကြတာကိုး။ ဒါကြောင့်လည်း ကလေးတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်းဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ဗိုက်တာမင်တို့ သတ္တုဓါတ်တို့ ဆိုတာ မရကြတာက အများသား

လူကြီးတွေ အတွက်ကျတော့ ဒါတွေက သက်စောင့်ဓါတ်တွေ မဟုတ်လား

ဒါနဲ့ မက်သဘတ်သာ တစ်ယောက် ရွာထဲက ကလေးအမေတွေကို လှည့်စည်းရုံးတော့တာပဲတဲ့ မပေါက်လည်း အရင်းပေါ့အေ…၊ ပေါက်တော့လည်း ကလေးတွေဖို့ စားစရာရ မနည်းဘူးပေါ့ ဒါနဲ့ ကပ္ပလီမ တစ်သိုက် ထွန်ကြ၊ ယက်ကြ၊ စိုက်ကြ၊ ပျိုးကြ ပေါ့

၂၀၀၅ ခုနှစ် ထဲမှာ သူတို့ အပင် ၁၅၀၀ လောက် စိုက်လိုက်ကြတယ် ဘာမှ စိုက်မဖြစ်တော့ မြေလွတ်က ပေါတာကိုး ကံကောင်းတာက ဒီ အပင်ကလည်း ပေါက်တာပဲတဲ့ ဒီလောက် အဆီအနှစ်မရှိ ခြောက်သွေ့တဲ့နေရာမှာ ပေါက်တာဆိုတော့ သူတို့အတွက်က ဘုရားပေးတဲ့ ပဒေသာပင်ဆိုရလေမလား

စိုက်ပြီး ၁ လ ကျော်တာနဲ့ အရွက်ခူးစားလို့က ရနေပါပြီ အရွက်တွေခူး အခြောက်လှမ်း အမှုန့်ကြိတ်ပြီး ကလေးတွေ အတွက် အဓိကစားစရာအဖြစ် ထည့်ကျွေးကြတာပဲတဲ့ အဲဒီလို ကျွေးတယ်ဆိုရင်ပဲ၊ နဂိုက သေးကွေးခြောက်ကပ်ပိန်လှီနေတဲ့ကလေးတွေဟာ သိသိသာသာ ဖွံ့ဖြိုးစိုပြေလာကြပါတော့တယ်

အမယ် ဘယ်လောက်များ အောင်မြင်သလဲဆို မက်သဘတ်သာ တစ်ယောက် ၂၀၁၀ မှာ တောင်အာဖရိကအစိုးရကပေးတဲ့ Female Entrepreneur of the Year ဆုတွေဘာတွေရပြီး နာမည်ကိုကြီးရော တကယ်တော့ ဒီအပင်က ကျနော်တို့ မြန်မာတွေနဲ့ မစိမ်းပါဘူး

တစ်သက်လုံးက အထင်လည်းမကြီးခဲ့တဲ့ အပင်ပါ ဒါကတော့ ဒန့်ဒလွန် ပင်ပါပဲ မက်သဘတ်သာ တစ်ယောက် ဒီ ဒန့်ဒလွန်ရွက် တစ်မျိုးတည်းနဲ့ အာဖရိက ကလေးတွေရဲ့ အဟာရချို့တဲ့မှုပြဿနာကို ဖြေရှင်းနိုင်ခဲ့ရာကနေ ဒီဇာတ်လမ်းဖြစ်ခဲ့တာပေါ့

နောက်တော့ သူက All-women Organization ဆိုပြီး အဖွဲ့တွေထောင်တယ် ဒန့်ဒလွန်ပင်တွေ တောထအောင် စိုက်တယ် အသားမစားနိုင်၊ ဟင်းသီးဟင်းရွက် မဝယ်နိုင်တဲ့ ကပ္ပလီတွေ ဒန့်ဒလွန်အရွက်၊ အသီး ချည်းသာလှိမ့်စားကြတာပဲတဲ့

ရွာက ကလေး လူကြီးအစုံလည်း စိုပြေနုထွားလာတာပေါ့ သူလည်း ကြော်ငြာစရိတ်မကုန်ပဲ၊ ရွာသားတွေပြပြီး ကမ႓ာအနံ့ကို ဒန့်ဒလွန်ရွက်အမှုန့်တွေ ရောင်းစားခွင့် ရလာတာပေါ့

၂၀၁၁ ဒေတာအရ၊ သူတို့ All-women Organization က ဒန့်ဒလွန်ရွက်ရောင်းပြီး ဆင်းရဲသား မိသားစုပေါင်း ၃၀၀ ကျော် နှင့် မိဘမဲ့ ကလေး ၃၅၀ ကျော် ကို ထောက်ပံ့ပေးနိုင်နေပြီ နောက်ထပ် အပင်ပေါင်း ၃၀၀၀ ကျော်လည်း ထပ်စိုက်ထားပါတယ်

Google မှာ Mavis Mathabatha အကြောင်းကို ရှာဖတ်လို့ ရပါတယ် သူ့တည်ထောင်တဲ့ All-women Organization က သူတို့ ဘာသာနဲ့ Sedikong sa Lerato ဆိုပြီး ရှာကြည့်ရင် တွေ့ပါတယ်

Mavis Mathabatha ကိစ္စလူသိများလာတော့ University of Fort Hare က ပညာရှင်တွေ အာဖရိကကိုပြေးကြည့်ကြတာပေါ့ ခါတိုင်း မဲခြောက်ပိန်ကပ်နေတဲ့သူတွေ ခုတော့ စိုပြေဖွံ့ထွားနေတာ လက်တွေ့ မြင်ရတော့ ယုံကြပြီလေ ရွာသားတွေကလည်း တစ်ယောက် တစ်ပေါက် ဒန့်ဒလွန်အစွမ်း အံ့မခန်းကို ပြောပြကြတာပေါ့ ဒါနဲ့ ဒန့်ဒလွန်ရွက်တွေ ခူးပြီး University of Fort Hare ကိုပြန်ကြပါရော

၂၀၁၁ မှာ၊ သုတေသနစာတမ်းတစ်စောင် ထွက်လာခဲ့တယ် Mathabatha တို့ ရွာကလူတွေ ဒီလိုစိုပြေထွန်းကားလာတာ တခြားကြောင့်မဟုတ်၊ ဒန့်ဒလွန်ရွက်ကို အမှုန့်ကြိတ်စားလို့ ပါပဲတဲ့ ဒန့်ဒလွန်ရွက်ထဲမှာက လူတစ်ယောက်အတွက် လိုအပ်တဲ့ အဟာရဓါတ်တွေရဲ့ အားလုံးနီးပါး ပါနေတာလို့ဆိုတယ်

ဒါ့အပြင် ရောဂါကာကွယ်တဲ့ သက်စောင့်ဓါတ်တွေကလည်း အလွန်ပေါသတဲ့ ဝမ်းသာဖို့အကောင်းဆုံးသတင်းက သူ့ဆီမှာ ကင်ဆာကာကွယ်တဲ့ Antioxidant တွေ အများကြီးပါတယ် သူ့တစ်မျိုးတည်းစားပြီး နေမယ်ဆိုရင်တောင် ကျန်းကျန်းမာမာ အသက်ရှည်နိုင်ပါတယ်တဲ့ သူက ဆေးမဟုတ်ပဲ၊ အစာလို စားနိုင်တာက တခြား ဆေးဖက်ဝင်အပင်တွေထက် သာတဲ့ အချက်ပါပဲ

ခုချိန်မှာတော့ All-women Organization ဟာ ဒန့်ဒလွန်ရွက် အော်ဒါတွေကို မနိုင်မနင်းဖြစ်နေပါပြီတဲ့ အရင်က အရွက်ခြောက်ကို ဆုံနဲ့ထောင်းကြတာ၊ အခုတော့ မထောင်းနိုင်တော့လို့ အမှုန့်ကြိတ်စက်ရုံတည်ထားရပါသတဲ့ သူတို့ဆီမှ အဟာရချို့တဲ့နေတဲ့ ကလေးတွေ မရှိခဲ့တာတော့ ကြာပြီပေါ့

အာဖရိကမှာ ဒီအပင်ကို “Tree of Life” လို့ခေါ်ပြီး၊ အနောက်တိုင်းသားတွေက “Miracle Tree” လို့ခေါ်ကြတယ် ဒန့်ဒလွန်ရွက်ကို “Superfood” လို့ သမုတ်ကြတယ်။

ကျနော့ မိတ်ဆွေများလည်း နေရာလေးရှိရင် စိုက်ထားကြည့်ဖို့ တိုက်တွန်းပါတယ် ၆ လ ဆို ပန်းပွင့် အသီး သီးပြီ အရွက်ကတော့ ၂ လ သားဆို စားရပြီ ဖြတ်စားလေ ကိုင်းထွက်လေ နုလေပဲ မိသားတစ်စုမှာ တစ်ပင်တော့ ရှိသင့်တဲ့ အပင်ပါ

မိတ်ဆွေကောင်းအသိုင်းအဝိုင်း နှင့် ကိုယ်ခံအားဆိုတာ နေ့ချင်းညချင်း တည်ဆောက်လို့ မရနိုင်ဘူး မဟုတ်လား ။

Credit

Address


Website

Alerts

Be the first to know and let us send you an email when Oak Thar Oo Durian Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share