LOBO Canine Country

  • Home
  • LOBO Canine Country

LOBO Canine Country ခွေးလေးတွေအကြောင်း မျှဝေမယ်

20/01/2024

ကိုယ်ဝန်ဆောင်နေစဥ် သန်ချခြင်း နှင့်ကာကွယ်ဆေး

https://youtu.be/E5KW-ETjieQ

သင့်ခွေးလေး ရုတ်တရက်အဆိပ်မိလျှင်ဘာလုပ်မလဲ ?
05/03/2023

သင့်ခွေးလေး ရုတ်တရက်အဆိပ်မိလျှင်ဘာလုပ်မလဲ ?

Please Like & Subscribeသင့်ခွေးလေး ရုတ်တရက်အဆိပ်မိလျှင်ဘာလုပ်မလဲ ?

ခွေးလေးတွေ ဘယ်တော့မှ မစားသင့်တဲ့အစားအသောက်များ အပိုင်း (၁)၁။ လူအတွက်ထုတ်လုပ်ထား‌တဲ့ xylitol အချိုအရသာပါ အသင့်စားအစားအသော...
09/06/2022

ခွေးလေးတွေ ဘယ်တော့မှ မစားသင့်တဲ့အစားအသောက်များ အပိုင်း (၁)

၁။ လူအတွက်ထုတ်လုပ်ထား‌တဲ့ xylitol အချိုအရသာပါ အသင့်စားအစားအသောက်များ
ဟာ ခွေးရဲ့ကိုယ်အလေးချိန်လွန်ကဲမှုကိုဖြစ်စေရုံသာမက ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ သကြားလုံး၊ ပီကေ နှင့် အချိုကဲသောအစားအသောက်များဟာ ခွေးရဲ့ သွေးတွင်းအချိုဓာတ်ကို ကျဆင်းစေပြီး အသည်းကိုပျက်စီးစေပါတယ်။ ပျို့အန်ခြင်း၊ အားယုတ်ခြင်း၊ အာရုံကြောဝေဒနာများ အစပြုရာမှ နောက်ပိုင်း အသည်းကိုပျက်စီးတဲ့ထိဖြစ်စေပါတယ်။

၂။ ထောပတ်သီး ထဲမှာပါတဲ့ persin ဆိုတဲ့ဓာတ်ပစ္စည်းဟာ ခွေးကိုပျို့အန်ခြင်းနဲ့ ဝမ်းသွားခြင်းကိုဖြစ်စေပါတယ်။

၃။ အရက်၊ ဘီယာ၊ ဝိုင်စတဲ့အဖျော်ယမကာများဟာ ခွေးရဲ့ဦးနှောက်နဲ့ အသည်းကိုထိခိုက်စေပြီး ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ အသက်ရှူမြန်ခြင်း၊ အာရုံကြောချို့ယွင်းခြင်း၊ ဦးနှောက်သေမေ့မျောခြင်း နဲ့ သေတဲ့ထိ ဖြစ်စေနိုင်ပါတယ်။ ခွေးငယ်လေးတွေမှာ ပိုပြီးဆိုးရွားစွာထိခိုက်ပါတယ်။

၄။ ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီတွေဟာ ခွေးလေးတွေရဲ့ သွေးနီဥဆဲလ်တွေကိုပျက်စီးစေပြီး သွေးအားနည်းစေပါတယ်။ အလွန်အကျွံစားမိရင် အဆိပ်သင့်ပြီး အန်ခြင်း၊ အားယုတ်ခြင်း နဲ့ အသက်ရှူပြင်းထန်အမောဖောက်ခြင်း တို့ဖြစ်စေပါတယ်။

၅။ ကဖင်းဓာတ်ပါတဲ့ လဘက်ရည်၊ ကော်ဖီ၊ ပဲစေ့များ၊ ချောကလက်၊ ကိုကိုးဖျော်ရည် နဲ့ အချိုရည်များ ကြောင့် ခွေးရဲ့ နှလုံးကျန်းမာရေးကိုထိခိုက်စေပါတယ်။

၆။ စပျစ်သီးနဲ့ စပျစ်ခြောက် အနည်းငယ်စားမိတာတောင်ခွေးလေးတွေကို မအီမသာဖြစ်စေ၊ ကျောက်ကပ်ပျက်စီးစေပါတယ်။ ထပ်တလဲလဲအန်ပြီး မလှုပ်မရှားချင်ဖြစ်လာပြီး စိတ်ဓာတ်ကျစေပါတယ်။

၇။ နို့နဲ့နို့ထွက်ပစ္စည်းများ ကို ကျွေးခြင်းဟာ ခွေးအများစုအတွက် ပြသနာမဟုတ်ပေမယ့် ရေခဲမုန့်ကျွေးခြင်းဟာ ဝမ်းသွားခြင်း နဲ့ အစာလမ်းကြောင်းပြသနာဖြစ်တတ်ပါတယ်။ နို့ထဲမှာပါတဲ့ လက်တို့နဲ့မတည့်တဲ့ခွေးလေးတွေဆို ပိုမိုဆိုးဝါးစွာထိခိုက်ပါတယ်။

၈။ Macadamia အစေ့အဆံပါတဲ့အစားအသောက်များကျွေးခြင်းဟာ ကြွက်သားများတုန်ခြင်း၊ အန်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်းနဲ့ နောက်ခြေများချိနဲ့ခြင်းများဖြစ်ပါတယ်။ Macadamiaအစေ့ပါတဲ့ချောကလက်စားမိရင်တော့ သေတဲ့ထိဖြစ်စေပါတယ်။

၉။ ချောကလက်မှာပါတဲ့ Theobromine ဓာတ်ဟာ အန်ခြင်း၊ ဝမ်းသွားခြင်းသာမက နှလုံးရောဂါပြသနာ၊ အာရုံကြောဝေဒနာနဲ့ သေတဲ့ထိဖြစ်စေတတ်ပါတယ်။

၁၀။ အဆီစနဲ့ အရိုးစပါသောအသားများကျွေးခြင်းဟာ ခွေးတွေမှာ အူအတက်ယောင်ခြင်း တို့ဖြစ်စေတတ်ပါတယ်။ ခွေးတွေအရိုးကျွေးတာဟာ မထူးဆန်းတဲ့သဘာဝဆိုပေမယ့် အရိုးစူးခြင်း နဲ့ အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်း၊ အစာအိမ်အူလမ်းကြောင်းမှာ အနာဖြစ်စေခြင်းတို့ ဖြစ်တတ်ပါတယ်။

၁၁။ တည်သီး၊ မက်မွန်သီး နဲ့ ဆီးသီးတွေစားမိရင် ထိုအသီးများရဲ့အစေ့များကြောင့် အူယောင်တတ်ပါတယ်။ မက်မွန်သီးနဲ့ ဆီးသီးစေ့များမှာ ဆိုင်ယာနိုက်အဆိပ်ဓာတ်ပါတဲ့အတွက် ခွေးရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။

၁၂။ ကြက်ဥအစိမ်းကျွေးခြင်းကြောင့် တခါတရံမှာ မလတ်ဆတ်တဲ့ကြက်ဥကနေ ဆဲလ်မိုနဲလားနဲ့ အီးကိုလိုင်အစာအဆိပ်သင့်ဘက်တီးရီးယားများကြောင့် အန်ခြင်း၊ ဝမ်းသွားခြင်း များ ဖြစ်စေပါတယ်။
crd to
Dr. Swe Mar Tun
B.V.Sc., M.V.Sc. ( Pathology)

25/05/2022

GSD တစ်ကောင်မွေးတော့မယ်ဆိုရင်

Crd to DT

ကိုယ်ဝန်ဆောင်နေတဲ့ ခွေးမေမေတွေနှင့် နိုက်တိုက်နေတဲ့ခွေးမေမေတို့အတွက် သန်း၊ မွှား၊ လှေး ဖြန်းဆေးတိချစ်သူတို့ သိတဲ့အတိုင်း...
25/05/2022

ကိုယ်ဝန်ဆောင်နေတဲ့ ခွေးမေမေတွေနှင့် နိုက်တိုက်နေတဲ့ခွေးမေမေတို့အတွက် သန်း၊ မွှား၊ လှေး ဖြန်းဆေး

တိချစ်သူတို့ သိတဲ့အတိုင်း သန်းမွှားချဆေး၊ ဖြန်းဆေးအများစုက ကိုယ်ဝန်ဆောင်ကာလနှင့်.၊ နို့တိုက်နေတဲ့.အချိန်မျိုးမှာ သုံးလို့မရဘူးလို့ Contraindications အနေနှင့် ပါပါတယ်.။
တရားဝင်တားမြစ်ထားပါတယ်။

ဒီနေ့မှာ.စာရေးသူမိတ်ဆက်ပေးလိုတဲ့ ဆေးကတော့ ကိုယ်ဝန်ဆောင်ကလရော၊ နို့တိုက်နေတဲ့.အချိန်မျိုးမှာပါ သုံးလို့ရတဲ့ သန်းမွှာဖြန်းဆေးပါ။

ခွေးပေါက်လေးတွေ၊ ကြောင်ပေါက်လေးတွေမှာဆိုလည်း.အသက် ၈ပတ်ကနေ စသုံးလို့ရပါတယ်။
ဒါကြောင့် လူကြီးမင်းတို့အနေနှင့်.ကိုယ်ဝန်ဆောင်နေတဲ့ မေမေတွေ၊ နို့တိုက်နေတဲ့.မေမေကြီးတွေအတွက်.စိတ်ချရတဲ့ Frondog ဆိုတဲ့ဆေးလေးနှင့်.မိတ်ဆက်ပေးလိုက်ပါတယ်။
ဖြန်းဆေးကို ဘယ်လိုတွက်ချပြီး.သုံးရသလဲဆိုတာကို သိချရင်တော့
"သန်းမွှား ဖြန်းဆေးအကြောင်းတစ်စေ့တစ်စောင်း"ဆိုတဲ့ဆောင်းပါး
ကိုဝင်ရောက်လေ့လာနိုင်ပါတယ်။

တစ်ခုသတိထားရမှာက ဆေးဖြန်းတဲ့အခါ မျက်စိ၊ နှာခေါင်း၊ ပါးစပ်နှင့်.အနာတွေကို.မဝင်အောင်ဖြန်းပေးဖို့ပါ။

ဆေးဘူးကိုဝယ်ယူသုံးစွဲဖြစ်တယ်ဆိုရင်တော့.နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့တဲ့နေရာ၊ အေးမြခြောက်သွေ့တဲ့နေရာမှာ ထားဖို့ပါ။

လေးစားစွာဖြင့်
Crd to ဒေါက်တာဇီဝက

ငါ့ကို မေ့လိုက်ပါ ညိုမရန်လုံနဲ့ တွဲနေတာ တွေ့ကတည်းကဟောဒီရင်ဘတ်ကြီးက ဆွေ့ဆွေ့ခုန်နေတာတော်သလင်းလက စတဲ့ ဇာတ်လမ်း ပြာသိုလမှ  ...
23/05/2022

ငါ့ကို မေ့လိုက်ပါ ညိုမ
ရန်လုံနဲ့ တွဲနေတာ တွေ့ကတည်းက
ဟောဒီရင်ဘတ်ကြီးက ဆွေ့ဆွေ့ခုန်နေတာ
တော်သလင်းလက စတဲ့ ဇာတ်လမ်း
ပြာသိုလမှ လက်သည် လာမရှာနဲ့။

လူမဟုတ်ပေမယ့်
အပူရုပ်နဲ့ ခံစားတတ်တယ်
ကျောခိုင်းတတ်တယ်။

အနာဂတ်ဆိုတာ
ဓါတ်တိုင်အောက်
ဝပ်လျားမှောက်နေရုံနဲ့ မပြီးဘူး။
ရပ်တည်မှုတစ်ခုအတွက်
ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရတယ်။

သူရှာပေးခဲ့တဲ့ အရိုးတစ်ကိုက်စာလောက်က
ငါ ရှာကျွေးခဲ့တဲ့ အသားတစ်မြုံကို
နင် ရင်မခုန်စေခဲ့တာ ငါရင်နာတယ်။
နင့်ကို စိတ်နာတယ် ညိုမ။

ရှိပါစေတော့လေ
တို့နှစ်ကောင်က
ဂုံနီအိတ်ခြုံလည်း မနွေး
လုံချည်စုတ် ခြုံလည်း မထွေး တော့တဲ့နောက်
ခပ်ကောက်ကောက်လမ်းကို
ခပ်ဖြောင့်ဖြောင့် သွားကြတာပေါ့
နောက်ပြန် မကြည့်ကြေးလေ။

ဟိုးအရင်ကဆို
လမ်းတကာသွား တံတားအောက်အိပ်
ခြုံထဲမှာ ချော့သိပ်ရင်း
နင့်ကို ကြည့်တဲ့ တဏှာမျက်ဝန်းတွေကို
ငါ ရင်ဆိုင် ဖြိုခဲ့တာ
နင်လည်းအသိ ငါ အသိပါ ညိုမ။

အခုတော့
ဘယ်ကရောက်လာ ဘယ်ဟာမှန်းမသိတဲ့
အကြံကုန်တဲ့ ရန်လုံနဲ့ တွဲ
ခုမြင် ခုကြိုက် ခုနောက်လိုက်ခဲ့တာ
ခွေးထက်မိုက်တဲ့ ညိုမ
နင့်ကို စိတ်နာတယ်။
တကယ် ! !

..

သွေးဝမ်းသို့မဟုတ် ဝမ်းသွားရင်းသွေးပါခြင်းမစင်အနေအထား၊ ဝမ်းသွားတာကို ကြည့်ပြီး ခွေး​ေလးတစ်ကောင်ရဲ့ ကျန်းမာရးကို ယေဘူယ ဆုံ...
19/05/2022

သွေးဝမ်းသို့မဟုတ် ဝမ်းသွားရင်းသွေးပါခြင်း

မစင်အနေအထား၊ ဝမ်းသွားတာကို ကြည့်ပြီး ခွေး​ေလးတစ်ကောင်ရဲ့ ကျန်းမာရးကို ယေဘူယ ဆုံးဖြတ်လေ့ ရှိကြပါတယ် ။
မစင်ထဲမှာ သွေးပါလာတာဟာ ပုံမှန် ကျန်းမာရေး အခြေအနေမဟုတ်ဘူးဆိုတာကို လူတိုင်း သိပြီးဖြစ်ကြပါလိမ့်မယ်။ ဒါ​ကြောင့် ဒီနေ့မှာ မစင်ထဲမှာ သွေးပါ ရတဲ့အကြောင်းအရင်း သို့မဟုတ် သွေးဝမ်းအကြောင်း အနည်းငယ် တင်ပြပေးလိုပါတယ် ။

အကြမ်းအားဖြင့် ပြောရရင် သွေးပါတာ နှစ်မျိုးရှိပါတယ် မစင်ထဲမှာ သွေးစိမ်း( Bright red blood
)ပါတာကို Hematochezia လို့ခေါ်ပြီး ၊နောက်တစ်မျိုး သွေးအနက်ရောင်တွေပါတာကိုတော့ (Melena) လို့ခေါ်ပါတယ် ။
Hematochezia သွေးစိမ်းတွေပါတာက Lower digestive tractလို့ခေါ်တဲ့ အူလမ်း​ကြောင်းအာက်ပိုင်းမှာ ပြသနာရှိလို့ဖြစ်တာပါ။ အပြန်အလှန် အားဖြင့် Melena သည် အူလမ်းကြောင်းအပေါ်ပိုင်းမှာ ပြသနာရှိလို့ ဖြစ်တာလို့ အကြမ်းအားဖြင့် မှတ်လို့ရပါတယ် ။ ဘာဘဲဖြစ်ဖြစ် နှစ်မျိုးလုံးသည် သွေးပါနေတာဖြစ်သည့်အတွက် အနည်းနှင့်အများ စိုးရိမ်ရတာကတော့ အမှန်ပါ။

ဘာကြောင့် သွေးဝမ်းသွားသွားရသလဲ?

၁။ စိတ်ဖိစီးလို့ Stress
လူတွေလိုပဲ ခွေးလေးတွမှာလည်း စိတ်ဖိစီးလှုပ်ရှားတဲ့အခါ အူထဲမှာအစာချရည် စီးဆင်းမူများစေပါတယ် ။နောက်ဆက်တွဲ အူရောင်ပြီး သွေးယိုစိမ့်မူ ဖြစ်လာတော့တာပါပဲ ။

၂။အူတွင်းကပ်ပါးကောင်
ချိတ်သံကောင်တွေ ၊ တုတ်ပြားကောင် ၊သန်လုံးကောင်စတာတွေကလည်း အူနံရံကို ဒုက္ခ ပေးသည့်အတွက် ရည်ရှည်မှာ အူရောင်ပြီး ဝမ်းသွားရင်သွေးပါလာတော့တာပါပဲ ။

၃။ဘက်တီးရီးယား နှင့် ဗိုင်းရစ်
အထွေအထူးရှင်းပြစရာလို မယ်မထက်ပါ မသန့်ရှင်းတဲ့ အစားအစာ တွေကိုကျွေးမိတဲ့အခါ တစ်ချို့သော ဘက်တီးရီးယားတွ ပါလာတတ်ပါတယ်။ အဲလိုဘက်တီးရီးယားက ထုတ်တဲ့အဆိပ်တွကြောင့်လည်း သွေးဝမ်းသွားနိုင်ပါတယ် ။
Virusအနေနှင့် ခွေးချစ်သူတိုငိး ကြောက်တဲ့ Cnine Parvovirus ကြောင့်လည်း သွေးဝမ်းသွားနိုင်ပါတယ် ။

၄။ ဒဏ်ရာ
အသာအိမ်အူလမ်းကြောင်း ခွဲစိတ်ရဲ့အခြေအနေမျိုးမှာလည်း သွေးဝမ်းသွားတာကြုံရတတ်ပါတယ်။
၅။ အဆိပ်
အိပ်အတာက်ပါတဲ့ အစားအစာ တွေကိုစားမိတဲ့အခါမျိုးမှာ လည်း သွေးဝမ်းသွားတာမျိုးကြုံရနိုင်ပါသေးတယ်။

၆။စအိုဂလင်းပြသနာ
စအိုနားတစ်ဝိုက်မှာ a**l glandလေးတွေရှိပါတယ် တစ်ခါတစ်ရံ အဲဂလင်းတွေရောင်တဲ့ အချိန်မျိုးမှာ သို့မဟုတ် ပိုးဝင်တဲ့အခြေအနမျိုးမှာလည်း ဖြစ်တတ်ပါတယ်။

၇။ဝမ်းသွားရခက်တာ
ဝမ်းမသွားနိုင်လို့ အကြာကြီး ညစ်ရတဲ့အချိန်မျိုးမှာလည်း သွေးစလေးတွ မစင်နှင့်အတူပါတတ်တယ်။

၈ ။ကင်ဆာ
ကင်ဆာအများစုကလည်း အဟာအိမ် အူလမ်းကြောင်း ပြသနာဖြစ်စေပါတယ်။ တစ်ခါတစ်ရံ မှာ ဆိုးဆိုးရွားရွား သွေးဝမ်းသွားတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

၉။ အနာ
အစာအိမ်အူလမ်းကြောင်းမှာ အနာရှိနေရင်လည်း ​ဝမ်းသွားရင် သွေးပါလာတတ်ပါတယ် ။

၁၀။ အစာမချနိုင်တဲ့ အရာတွေ
အရိုးတွေဘ အစာချေလို့မရတဲ့ ဟာတွ စားမိရင်လည်း အူလမ်းကြောင်း ပိတ်ဆို့ဒဏ်ရာရပြီး သွေးဝမ်းသွားနိုင်ပါတယ် ။

၁၁။ပင်ကိရိယ ၊ အသည်း ၊ကျာက်ကပ် စတဲ့အဂါတွေမကာင်းတဲ့ အခါမျိုးမှာလည်း သွေးဝမ်းသွားတာကြုံရတတ်ပါတယ် ။

ကာကွယ်ခြင်း
သွေးပါတဲ့ ဝမ်းမသွားဖို့ ကျွန်တော်တို့ကလေးတွေကို ပုံမှန် ကျန်းမာရေးစစ်ဆေးတာ ၊ သန်ချပေးတာ (one kind of anthelminthes cannot slove ll parasite) ၊ ပလက်စတစ်နှင့် တခြား အစာချေလို့မရနိုင်တဲ့ အရာတွေကို သူတို့နားမှာ မထားတာ ၊အဆိပ်အတောက်တွကို ဥပမာ ခြင်ဆေးခွေ တို့ကို့ တတ်နိုင်သမျှ ဝေးဝေး ထားတာ လုပ်ရပါမယ် ။
အသက် တစ်နှစ်ကျော် လာတာနှင့် အမျှ ကလေးတွေကို ပုံမှန်ကျန်းမာရး စစ်တာ ၊သွေးဖောက်ပြီး ရောဂါရှာဖွေတာမျိုးတွေ လုပ်သင့်ပါတယ် ။

ယခု​ ဆောင်းပါးသည် internet စာမျက်တစ်ခုမှ ဆာင်းပါအား စာရေးသူ အလျဥ်းသင့်သလို ဘာသာ​ပြန်တင်ဆက်ပေးခြင်း ဖြစ်ပါသည် ။
Photo crd #

လေးစားစွာဖြင့်
Crd to ဒေါက်တာဇီဝက

17/05/2022

Husky or Border Collie?

လူ့အသက်အန္တာရယ် ခြိမ်းခြောက်နေသော ခွေးရူးရောဂါ(Rabies) နှင့်ပတ်သတ်သော  အရေးကြီးသောမေးခွန်းနှင့်အဖြေများ=================...
17/05/2022

လူ့အသက်အန္တာရယ် ခြိမ်းခြောက်နေသော ခွေးရူးရောဂါ(Rabies) နှင့်ပတ်သတ်သော အရေးကြီးသောမေးခွန်းနှင့်အဖြေများ
===================================

အခုတစ်လောတွင် Social Media များမှတစ်ဆင့် မကြာခဏကြုံတွေ့မြင်တွေ့နေရသလို ဆရာတို့ကိုလည်းမကြာခဏဖုန်းဆက်ပြီးမေးလေ့ရှိတဲ့ မေးခွန်းများကိုစာဖတ်သူအားလုံး သိစေရန် ခွေးရူးရောဂါနဲ့ပတ်သတ်တဲ့ Knowledge အနေနဲ့ဝေမျှပေးလိုက်ပါတယ်။

ခွေးရူးရောဂါက ခွေးတွေ၌သာမကပဲ ကြောင်တွေမှာပါဖြစ်နိုင်ပါသလား ?

မှန်ပါတယ်။ လုံးဝကိုဖြစ်နိုင်ပါတယ်။ ခွေးရူးရောဂါလို့အလွယ်တစ်ကူခေါ်တွင်လို့သာ ခွေးတွေမှာသာ ဖြစ်မယ်ထင်ကြတာပါ။ အမှန်ကသွေးနွေးသတ္တဝါတွေ အားလုံး ခွေးရူးရောဂါဖြစ်နိုင်ပါတယ်။ ဥပမာ ခွေး၊နွား၊မြင်း၊ကြောင်၊သိုး၊ဆိတ် ... စသည် .. ( အဖြစ်များဆုံးနှင့်အကူးစက်ဆုံးသတ္တဝါကတော့ ခွေးနှင့်ကြာင်ပဲဖြစ်ပါတယ်။)

ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားပြီးသားခွေးက လူကိုကိုက်လျှင် အကိုက်ခံရသည့်လူနာတွင်ကာကွယ်ဆေးထိုးရန် လို / မလို ?

ဆရာ့အနေနှင့် လိုအပ်ပါတယ်လို့ပဲဖြေပါရစေ။ ဒီမေးခွန်းရဲ့အဖြေကတော့ အနည်းငယ်လဲရှင်းပြရတာ ရှုပ်ထွေးလို့ပါ။ ဆေးပညာအရဆိုလျှင် ခုခံအား (Immunity) နှင့်ပတ်သတ်သောကိစ္စဖြစ်သည်။ အလွယ်တကူရှင်းပြရမည်ဆိုလျှင် တိကုဆရာဝန်များ၊ တခြားသောတိရစ္ဆာန်များနှင့်အမြဲထိတွေ့နေရသော သူများသည် ခွေးရူးရောဂါကိုကာကွယ်သည့်အနေဖြင့် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးများကိုထိုးထားကြသည်ဖြစ်သည်။ ကာကွယ်ဆေးတစ်မျိုးမျိုးကို ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ကာကွယ်ဆေးရဲ့ Antibody Titreဆိုတာ တတ်လာပါတယ်။ Antibody Titre တတ်လာမှသာ ကာကွယ်ဆေးထိုးခြင်းအလုပ် ပြီးမြောက်အောင်မြင်တယ်လို့ဆိုရပါမယ်။ ဖွံဖြိုးတိုးတတ်တဲ့ USA လိုနိုင်ငံမျိုးမှာများသာ Antibody Titre တတ် မတတ် ဆိုတာစစ်ဆေးလို့ရပါတယ်။ မြန်မာနိုင်ငံမှာတာ့ ယခုတိုင်စစ်ဆေးမှုပြုလုပ်လို့မရသေးပါဘူး။ ထို့ကြောင့် အရေးကြီးဆုံးဖြစ်တဲ့ လူတွေတွင်မှပဲ မိမိထိုးထားတဲ့ကာကွယ်ဆေး အောင် / မအောင်၊ Effective ဖြစ်/မဖြစ် စစ်ဆေးလို့မရသေးသည့်ကာလတွင် ခွေး၊ကြောင်များကို စစ်ဆေးဖို့ဆိုတာ အဝေးကြီးမှာရှိနေပါသေးတယ် (ကာကွယ်ဆေးပုံမှန်ထိုးဖို့ကိုပင် အတော်အတန်စည်းရုံးနေရပါသည် ) ။ ထို့ကြောင့် အလွန်အန္တရယ်များသည့် ကိစ္စဖြစ်သည့်အတွက် ကာကွယ်ဆေးကိုထိုးစေလိုပါတယ်။

ထပ်ပြီးအနည်းငယ် လျော့စဉ်းစားဦးမယ်ဆိုပါက ဘယ်နေရာမှာအကိုက်ခံရသလဲ? ဒဏ်ရာအနေအထားကဘယ်လိုလဲ? ပေါ်မူတည်ပြီးစဉ်းစားလို့ရနိုင်ပါသေးတယ်။

ခွေးအကိုက်ခံရသည့်နေရာက ခန္ဓာကိုယ်အောက်ပိုင်းလဲဖြစ်မယ်၊ ခွေးကလဲဆရာဝန်နဲ့ ကာကွယ်ဆေး သေချာထိုးထားမယ်၊ ဒဏ်ရာကလဲ မပေါက်မပြဲ၊ မနက်ရှိုင်း ၊သွေးလဲမထွက် အနည်းငယ် ခြစ်မိယုံသာ ဖြစ်မယ်ဆိုလျှင် ဆပ်ပြာ သို့ အရက်ပြန် Septidine တို့ဖြင့် အချိန်ကြာကြာ နာနာဆေးကြောပေးပြီး ကာကွယ်ဆေးမထိုးပဲ စောင့်ကြည့်လိုတော့ရနိုင်ပါတယ်။
ဒါမှမဟုတ်ပဲ ခန္ဓာကိုယ် အပေါ်ပိုင်း ဦးခေါင်းနှင့်နီးသောနေရာများတွင် အကိုက်ခံရပါက၊ ဒဏ်ရာကလဲ နက်ပါက ခွေးရူးပြန်ကာကွယ်ဆေးထိုးကိုထိုးရပါမယ်။
လူ့အသက် အန္တရာယ်ပါ ထိပါးသည့်ကိစ္စဖြစ်သည့်အတွက် လုံးဝမပေါ့ဆသင့်လို့ပါ။ ယခုဆိုလျှင်အစိုးရဆေးရုံကြီးတွေမှာ ကာကွယ်ဆေးများ အလွယ်တကူထိုးနိုင်နေပြီဖြစ်သည့်အတွက် ပိုတိုးလို့တောင်ထိုးသင့်နေပါသေးတယ်။

ဒါ့အပြင်နောက်ဆုံးတစ်နည်းကတော့ မိမိကိုကိုက်သည့်ခွေးကို သေစေပြီးမှ ဦးခေါင်းကို ကျန်းမာရေးဓာတ်ခွဲခန်းကိုပို့ပြီးစစ်ဆေးခြင်းကိုပြုလုပ်နိုင်ပါတယ်။ ဓာတ်ခွဲခန်းမှအဖြေက ခွေးရူးရောဂါပိုး မရှိဟု အဖြေထွက်ပါက ကာကွယ်ဆေးမထိုးပဲ စ်တ်ချလက်ချနေနိုင်ပါတယ်။ ဒီနည်းတွင်မူ ခွေးကိုကိုင်တွယ်မည့် သူများတွင် အန္တရယ်ရှိနိုင်တာမို့ ခွေးဖြင့်တိုက်ရိုက်မထိအောင် လက်အိပ်၊ တခြားသောထည့်စရာအိပ်များဖြင့်ထည့်ကာ ခွေးကိုသတိထားကိုင်တွယ်စေလိုပါတယ်။

ဒီလိုဆိုရင်ဖြင့် မိမိခွေးကို ခွေးရူးပြန်ကာကွယ်ဆေးထိုးတာ အလကားဖြစ်မနေဘူးလား? လို့ပြန်မေးစရာရှိလာပါတယ်။

အလကား မဖြစ်ပါဘူး။ ထိုးထားရင် ထိုးထားတဲ့အလျောက်အကျိုးကျေးဇူးတွေကတော့ ရှိနေပါတယ်။ မိမိခွေးမှာ ကာကွယ်ဆေးသေချာထိုးထားသည့် အတွက် တခြား ခွေးမှ လာကိုက်စေကာမူ မိမိခွေးမှာ ခွေးရူးရောဂါကိုခုခံနိုင်ပြီး ခွေးရူးရောဂါမဖြစ်ပဲခံနိုင်ရည်ရှိနေမှာဖြစ်ပါတယ်။ သူ့အတွက်(ခွေး)တော့ စိတ်ချရဖို့များပါတယ်။ လူတွေအတွက်သာ လူ့အသက်တစ်ချောင်းကို ရင်းရမည့်ကိစ္စဖြစ်သည့်အတွက် အကိုက်ခံရသည့်လူကိူကာကွယ်ဆေးထိုးခိုင်းရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် မိမခွေးကိုလဲ ကာကွယ်ဆေးထိုး မထားသည့် အခြားခွေးများနှင့် အတူမထားဖို့၊ မနေဖို့ကလဲအရေးကြီးပါတယ်။

အကယ်၍သင်သာ ခွေးရူးကာကွယ်ဆေးထိုးမထားသည့် ခွေးနှင့်အကိုက်ခံရပါက ဘသူ့မှ phဆက်မေးမနေတော့ပဲ ဆေးရုံကိုသာ ၂၄နာရီအတွင်း အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူပါ။

မိမိခွေး(ကာကွယ်ဆေးထိုးပြီးသား) ကို အခြားကာကွယ်ဆေးမထိုးထားသည့်လမ်းဘေးခွေးက အကိုက်ခံရလျှင် .

တိရစ္ဆာန်ဆေးကုခန်းကို အမြန်ဆုံးသွားပြီး ကာကွယ်ဆေးတစ်ကြိမ်ထပ်ထိုးသင့်ပါသည်။ သို့သော် မိမိခွေးလည်း ကာကွယ်ဆေးထိုးမထား (သို့) ကာကွယ်ဆေးထိုးရမည့်ရက်ကျော်လွန်ပါက AntiRabies Vaccine နှင့်အတူ Vaccine Immunoglobulin ပါတွဲထိုးမှသာစိတ်ချရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခွေးရူးပြန်ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် မပျက်မကွက်ထိုးပေးရန်လိုအပ်ပါသည်။

မိမိခွေးတွင် ခွေးရူးရောဂါပိုး ရှိ /မရှိကို သယ်လိုနည်းအားဖြင့်သိနိုင်မလဲ?

မိမိခွေးတွင် ခွေးရူးရောဂါပိုးရှိနေပါက အများအားဖြင့်ပြသောလက္ခဏာတွေကတော့ ရေကြောက်ခြင်း၊ အမူအကျင့်များပုံမှန်မဟုတ်ခြင်း၊ သွားရည်ကျခြင်း၊ အမြဲရန်လိုနေခြင်း၊ ပါးစပ်တစ်ဝိုက်နီရဲရောင်ရမ်းနေခြင်းစသည်တို့ပဲဖြစ်ပါတယ်။ သို့သော် ရောဂါပိုးရှိနေသော်လည်း ရောဂါလက္ခဏာကား မပြပဲရှိနေတတ်ပါသေးတယ်။ အဘယ့်ကြောင့်ဆိုသော် ရောဂါပိုးပျိုးချိန် (Incubation Period) ဟာ တစ်ပါတ်ကနေ တစ်နှစ်ကျော်အထိကြာနိုင်လို့ပါပဲ။

တိရစ္ဆာန်ဆေးကုဆရာဝန်များ (သို့) တိရစ္ဆာန်များနှင့် အမြဲထိတွေ့နေကြသော လူများတွင် ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးထိုးခြင်း။

တိရစ္ဆာန်များနှင့် အမြဲထိတွေ့နေကြသော လူများတွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကာကွယ်ဆေးများကိုထိုးနိုင်ပါတယ်။ ကာကွယ်ဆေးများမှာလဲ Company အလိုက် Brandအလိုက် စျေးနှုန်းများ ကွာခြားပါတယ်။ လူကိူကာကွယ်ဆေးထိုးခြင်းကိစ္စများနှင့် ပတ်သတ်ပါက လူဆရာဝန်များနှင့် တိုင်ပင်ပြီးထိုးနိုင်ပါတယ်။

Crd

16/05/2022
ကာကွယ်ဆေးထိုးတိုင်း ရောဂါမပြီးပါဒီနေ့မှာ စာရေးသူတင်ပြလိုတာက ကာကွယ်ထိုးခြင်းနှင့်ပက်သက်ပြီး လွဲမှားနေတဲ့ အသိပညာတွေပါ။မြန်...
16/05/2022

ကာကွယ်ဆေးထိုးတိုင်း ရောဂါမပြီးပါ

ဒီနေ့မှာ စာရေးသူတင်ပြလိုတာက ကာကွယ်ထိုးခြင်းနှင့်ပက်သက်ပြီး လွဲမှားနေတဲ့ အသိပညာတွေပါ။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်မှာတော့ ၆ မျိုးစပ် ကာကွယ်ဆေးကာကွယ်ဆေး( USA made) ရယ် ငါးမျိုးစပ် ကာကွယ်ဆေးကို ၂ မျိုး korea made နှင့် USA made ဆိုပြီး အဓိကအားဖြင့် ခွေးလေးတွေအတွက် သွေးဝမ်း၊ ကျောက် ၊အသည်းရောင်အသားဝါ စသဖြင့် ကြောက်စရာကောင်းတဲ့ ရောဂါတွေအတွက် ကြိုတင်ကာကွယ်ဆေးထိုးကြပါတယ် ။
ခွေးလေးတွေရဲ့ အသက် ၆ ပတ်ကနေစပြီး ၅မျိုးစပ်သို့မဟုတ် ၆မျိုးစပ်ကာကွယ်ဆေးကို ၂ ပတ်ခြား သို့မဟုတ် ၃ ပတ်ခြားပြီး ၃ကြိမ်ပြည့်အောင်ထိုးရပါတယ် ။
စာရေးသူအနေနှင့် ၂ ပတ်ခြားပြီး ကာကွယ်ဆေးထိုးတာကို ပိုကြိုက်ပါတယ် ဘာကြောင့်လဲဆိုရင် ကာကွယ် ဆေးထိုးတဲ့ အချိန်ကြာသွားရင် window period ရောဂါဝင်ရောက်လာနိုင်ခြေ ပိုများလို့ပါ ။

တစ်ဆက်တည်းပြောရရင် ကာကွယ်ဆေးတွေသည် ရေခဲနှင့်ထားပြီး သယ်ယူပို့ဆောင်ရတဲ့ ဆေးတွေပါ ။ အပူချိန် ၂-၈ ဒီဂရီ စင်တီဂရိတ်မှာသိမ်းဆည်းရပါတယ် ။အကောင်းဆုံးကတော့ ၅ဒီဂရီ စင်တီဂရိတ်မှာ သိမ်းဆည်းတာပါ ။အေးခဲသွားရင်လည်း အာနိသင်သင် ကျသွားနိုင်သလို အပူချိန်မြင့်နေရင်လည်း ဆေးအာနိသင်ပျက်သွားနိုင်ပါတယ် ။

ဒါကြောင့် ကျွန်တာ်တို့က ကာကွယ်ဆေးတစ်ခု ထိုးဖို့အတွက် အများကြီးပြင်ဆင်ရပါတယ်
၁။ ထုတ်လုပ်တဲ့ company
၂။ဖြန့်ဖြူးရောင်းချသူ စတာတွေကိုအရင်လေ့လာပြီး သူတို့ရဲ့ ကာကွယ်​ဆေး သိမ်းဆည်း ၊ကိုယ်တွယ်ပုံ စနစ်ကျမှသာ တစ်ဆင့်ဝယ်ပြီ ထိုးပေးရတာဖြစ်ပါတယ် ။
ဒါကြောင့် လူကြီးမင်းတို့စဥ်းစားကြည့်စေလိုပါတယ် စက်ရုံကနေ ဆရာဝန်လက်ထဲဆေးရောက်ဖို့ အနည်းဆုံး အဆင့်သုံးဆင့်လောက် ဖြတ်ရပါတယ် အဲလိုအဆင့်တိုင်းမှာ ဆေးတွေကို စနစ်တကျ သိုလှောင် သိမ်းဆည်း ၊မဆည်းဆိုတာ ကျွန်တော်တို့မသိနိုင်ပါ ။
မြန်မာနိုင်ငံရဲ့ အားနည်းချက်တစ်ခုဖြစ်တဲ့ FDAကလည်း လက်ရှိစျေးကွက်သုံးနေတဲ့ ဆေးတွေ အာနိသင်ရှိမရှိ စစ်ဆေးတာမရှိပါ ။

"ထို့ကြောင့် ရှင်းရှင်းပြောရရင် ကာကွယ်ဆေးထိုးတိုင်း အာနိသင်မရနိုင်ပါ "

ထို့အတူ ကာကွယ်ဆေးအထိုးခံမဲ့ ကလေးကလည်း ကျန်းမာသန်စွမ်းနေတဲ့ ကလေးဖြစ်ရပါမယ် ။ ဖျားနာနေတဲ့ ကလေးသို့မဟုတ် ရောဂါပိုးတစ်ခုခုကြောင့် နေမကောင်းဖြစ်နေတဲ့ ကလေးကို ကာကွယ်ဆေးထိုးရင် လိုချင်တဲ့ ကာကွယ်ဆေးအာနိသင် အပြည့်အဝ မရနိုင်ပါ မတော်ရင် ရောဂါတောင် ပိုဆိုးသွားစေနိုင်ပါတယ် ။

စာရေးသူဒီနေရာက မေတ္တာ ရပ်ခံချင်တာက ကာကွယ်ဆေးထိုးတာကို ဆေးထိုးအပ်ကိုင်တပ်တဲ့ လူတိုင်းထိုးလို့ရပါတယ် သို့သော် နည်းစနစ်ကျဖို့လိုပါတယ် ဥပမာပြောရရင် ကာကွယ်ဆေးတွေသည် bacteria သို့မဟုတ် virusတွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ် ဒါကြောင့်သူတို့ရဲ့ သဘာဝအရကိုက အရမ်းပျက်စီးလွယ်ပါတယ် ဆေးဖျော်စပ်စဥ် မလှုပ်ရ ၊နေရောင် (ultraviolet light)နှင့် တိုက်ရိုက်မထိတွေ့စေရပါ ။ ဆေးဖျော်စပ်စဥ် တအားလှုပ်လိုက်ရင် protien တွေfragile ဖြစ်သွားတဲ့အတွက် အာနိသင်ကျသွားတတ်ပါတယ် ။

သို့သော် စာရေးသူရဲ့ ရှေ့မှောက်မှာကို နည်းစနစ်မကျတဲ့ ဖျော်စပ်နေပုံတွေ ၊နေပူကြီးထဲ ခွေးရူးကာကွယ်ဆေးလိုက်ထိုးနေရတာတွေလည်း တစ်ပုံကြီးတွေရပါတယ် ။
ကာကွယ်ဆေးထိုးပြီးတဲ့အချိန်မှာလည်း ဆေးထိုးထားတဲ့ နေရာကိုမချေရပါ ဒါကို တစ်ခါတစ်ရံမှာ ဆေးမကျမှာစိုးလို့ဆိုပြီး ချေပေးနေသူတွေလည်း တွေ့ရပါတယ် ။

ခွေးရူးပြန်ကာကွယ်ဆေး အကြောင်းလည်း အနည်းငယ် ပြောချင်ပါတယ် ၊ခွေးရူးပြန်ကာကွယ်ဆေးသည် ခွေးလေးတွေမှာ အသက် ၃လပြည့်မှ ထိုးရပါတယ် ပုံမှန်အားဖြစ့် တစ်ကြိမ်ထိုးရင် တစ်နှစ်အထိ ရောဂါ ကာကွယ်နိုင်ပါတယ် ။သို့သော် စာရေးသူအနေနှင့် ကာကွယ်ဆေးကို စိတ်မချသောကြောင့် တစ်လခြား ၂ကြိမ်ကို company မတူတာထိုးပေးပါတယ် ။

သို့သော် မည့်သည့်ခွေးမှ ခွေးရူးပြန်ကာကွယ်ဆေး ထိုးထိုး မထိုးထိုး လူကိုကိုက်မိလျှင် သို့မဟုတ် သွားနှင့် ခြစ်မိလျှင် လူသည် ခွေးရူးပြန်ကာကွယ်ဆေး ၂၄ နာရီအတွင်းထိုးဖြစ်အောင် ထိုးရပါတယ် ။
စာရေးသူဆိုလိုချင်တာက ကာကွယ်ဆေးထိုးခြင်းသည် အရံအတားတစ်ခုသာ ကာကွယ်ပေးနိုင်ပါတယ် အပြည့်အဝ ကာကွယ်ပေးနိုင်လား သိရဖို့ သွေးစစ်ဖို့ လိုပါမယ် လက်ရှိမြန်မာနိုင်ငံမှာ စစ်ရင် တစ်လကျော်ကြာပါမယ် ကုန်ကျစရိန် ၃သိန်းအထက်ရှိပါတယ် ထို့ကြောင့် ခွေးရူးပြန်ကာကွယ် ဆေးကလေးကိုထိုးပေးထားတာပဲဆိုပြီး မပေါ့ဆစေချင်ပါ ။

ခွေးရူးပြန်ရောဂါသည် ဆေးကုသရဲ့မရပါ ကာကွယ်းေဆးထိုးခြင်း​ြဖင့်သာကာကွယ်နိုင်ပါသည် ။

အိမ်မွေးခွေးကို လမ်းဘေးခွေး ကိုက်ခဲ့ရင်?
ကိုက်သွားတဲ့ ခွေးကာကွယ်ဆေးထိုးမထိုး အရင်လေ့လာပါ ။
ကိုက်သွားသည့် ခွေးရဲ့ လက်ခဏာကို နေပုံထိုင်ပုံလေ့လာပါ ။
အကောင်းဆုံး ကတော့ anti-rabies immunglobulin ပြန်ထိုးခြင်းပါ ။ထို့အတူ ခွေးရူးပြန်ကာကွယ်ဆေးလည်း နောက်တစ်ကြိမ်ထိုးဖို့လိုပါလိမ့်မယ် ။

လေးစားစွာဖြင့်
Crd to ဒေါက်တာ ဇီဝက

to original uploader

16/05/2022

မေတ္တာတရားဆိုတာ လူမပြောနု့ တိရိစ္ဆာန်လေးတွေမှာတောင်ရှိတယ်နော်😘

15/05/2022
နာမည်ကြီးခွေးမျိုးစိပ်များ
12/05/2022

နာမည်ကြီးခွေးမျိုးစိပ်များ

11/05/2022

အချစ်တော်ခွေးလေးတွေ အကြောင်း ပိုသိနားလည်နိုင်ဖို့

Crd to My Style TV

10/05/2022

ခရု တယ်နော်
ချစ်စရာလေး

လှချက်ကတော့ 9+Credit photos
10/05/2022

လှချက်ကတော့ 9+

Credit photos

ကြက်ရိုးနှင့် ထမင်းကျွေးရင် လုံလောက်ပြီလား?စာရေးသူလက်ရှိ အကြုံရဆုံးပြသနာ ထဲကတစ်ခုကတော့ Nutritional deficiency အဟာရချိုတဲ...
09/05/2022

ကြက်ရိုးနှင့် ထမင်းကျွေးရင် လုံလောက်ပြီလား?

စာရေးသူလက်ရှိ အကြုံရဆုံးပြသနာ ထဲကတစ်ခုကတော့ Nutritional deficiency အဟာရချိုတဲ့ခြင်း နှင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ ရောဂါတွေပါ ။
အဟာရချိုတဲ့ရတဲ့အကြောင်းအရင်းကတော့ တစ်ချို့သော တိချစ်သူတွေ အစာအဟာရအကြောင်း နားမလည်လို့ သို့မဟုတ် မသိလို့ ဖြစ်ရတာများပါတယ် ။
ခွေးလေးတစ်ကောင်ရဲ့ အစာ တစ်ခုထဲမှာ အကြမ်းအားဖြင့် အသား၊ငါး (protein source) ရယ် ၊ ကစီဓာတ် (carbohydrate) အဖြစ် ထမင်း နှင့် အမျှင် (fibre) အသီးအရွက် ပါဝင်ဖို့ လိုအပ်ပါသည် ။
စာရေးသူအနေနှင့် ဆေးခန်းလာတဲ့ ကလေးတွေကို ဆေးကုရင်း သူတို့ရဲ့ နေပုံထိုင်ပုံ ၊စားသောက်ပုံ စတာတွေကို History taking လို့ခေါ်တဲ့ မေးခွန်း များစွာမေး၍ ရောဂါဘာကြောင့် ဖြစ်ရသလဲ နောက်ကြောင်းရှာရင်း ဆေးကုတဲ့အခါ လက်ရှိကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူအများစုက ကြက်လည်ရိုး နှင့်ထမင်းပြုတ်ကျွေးကြတာ များပါသည် ။
လူကြီးမင်းတို့သိတဲ့ အတိုင်း လက်ရှိ မြန်မာနိုင်ငံမှာ ပေါပေါများနှင့်ရနေတဲ့ ကြက်လည်ရိုးနှင့်ခေါင်း တွေသည် ကြီးထွားမြန် အသားစား ကြက်တွေကနေ ရတာများပါသည် ။
ကြီးထွားမြန် အသားစားကြက်အများစုကို ၄၅ ရက်အတွင်း စျေးကွက်အထဲ တင်ပို့နိုင်ဖို့ တစ်ချို့က Hormone ဟော်မုန်းတွေ၊ ပိုးသတ်ဆေးတွေ များစွာ သုံးကြပါသည် ။ ကြက်လေးတွေကို ဆေးထိုးတဲ့ အခါ လည်ပင်း ၊ခေါင်း သို့မဟုတ် တောင်ပံ နေရာတွေ ထိုးကြတာများပါသည် ။
ထို့ကြောင့် ဆေးအကြွင်းအကျန်အများစုသည်လည်း ထိုနေရာများ၌ပင်ကျန်နေတတ်ပါသည် ။
နောက်တစ်ချက်က ကြက်လည်ဆစ်ရိုး၌အဓိကအားဖြင့် အရိုးပါဝင်မူများပါသည် ။

#အရိုးဆိုတဲ့သဘောကအသားစိမ်းအခြေအနေမှာသာလျှင်ကိုဖြတ်ရလွယ်ကူပြီး အစာချေရလွယ်ကူပါသည် သို့သော် ချက်ပြုတ်လိုက်လျှင် မာကြောသွားပါသည် ။
တစ်ချို့ကလည်း ပြောကြပါသည် "ကျွန်တော်တို့က ကြက်ရိုးကို နူးနေအောင်ပြုတ်ပြီးမှ ကျွေးတာပါ " သို့ဆိုလျှင် ကြက်ရိုးတော့ နူးသွားပါမည် သို့သော် အသားဓာတ် Protein သည် ပျက်စီးသွားပါသည် ။
Protein အသားဆိုသည့်သဘာဝသည် အလွန်အပူမြင့်သွားလျှင်လည်း Denature ပျက်စီးသွားသည် သို့မဟုတ် အဟာရတန်ဖိုးကျဆင်းသွားပါသည် ။ ထို့အတူ အေးခဲလွန်းလျှင်လည်း denature ဖြစ်သွားသည့် သဘာဝရှိပါသည် ။
ထို့ကြောင့် ထိုကဲ့သို့ ကြက်ရိုးနူးအောင် ပြုတ်ထားတာနှင့် ထမင်းနှင့်ရောကျွေးလာသော ကလေးများသည် ရည်ရှည်မှာ လိုအပ်သည့် အဟာရမရရှိသည့်အတွက် အရည်ပြားရောဂါ ၊ဝမ်းပျက်ဝမ်းလျှောရောဂါ စသည်ဖြင့် နောက်ဆက်တွဲ ရောဂါ များစွာဝင်လာတတ်ပသည် ။

ထို့ကြောင့် ပြီးပြည့်စုံသော အစာအဟာ ရတစ်ခုဖြစ်ဖို့ အကြမ်းအားဖြင့်
၁။ Protein အသားဓာတ်
၂။Carbohydrate ကစီဓာတ်
၃။Fibre အမျှင် တို့ပါဝင်ဖို့လိုအပ်သည် ။

လေးစားစွာဖြင့်
Crd ဒေါက်တာဇီဝက

လူကြီးမင်းတို့ အိမ်က ကလေးတွေ ဆီးသွားရခက်နေပြီလား? ဆီးသွားရခက်ခြင်း ၊ဆီးကျောက်တည်ခြင်းဟာ အသက်ကြီးတဲ့ အိမ်မွေးခွေး၊ကြောင်လ...
05/05/2022

လူကြီးမင်းတို့ အိမ်က ကလေးတွေ ဆီးသွားရခက်နေပြီလား?

ဆီးသွားရခက်ခြင်း ၊ဆီးကျောက်တည်ခြင်းဟာ အသက်ကြီးတဲ့ အိမ်မွေးခွေး၊ကြောင်လေးတွေမှာ တွေ့ရများတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်အန္တရာယ်ပါထိခိုက်နိုင်တဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် သတိထားစေနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။

ရောဂါဘာကြောင့်ဖြစ်ရသလဲ?

ရောဂါဖြစ်စေနိုင်တဲ့အကြောင်းရင်း အများကြီးရှိပါတယ်။ အဓိကဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့
၁။ သောက်သုံးရေမသန့်ခြင်း ၊
၂။ သောက်ရေ၌ထုံးဓာတ်များနေခြင်း၊
၃။ ဆီးချုပ်ဝမ်းချုပ်မကြာခဏဖြစ်တတ်ခြင်း၊
၄။ဟော်မုန်းဓာတ်အပြောင်းအလဲဖြစ်ခြင်း၊ Prostate Gland (Male) ရောင်ခြင်း/ ပိုးဝင်ခြင်း၊
၅။High Calcium Feeding (Calcium အရမ်းများ/Over Dose တဲ့အစာများစားခြင်း ) ၊ အရည်အသွေးမမှီသောအစာခြောက်များကို ကျွေးမွေးခြင်း တို့ကြောင့်ဖြစ်စေပါတယ်
"ယောကျာ်းမှာ ဆီး မိန်းမမှာ မီး” ဆိုတဲ့စကားပုံအတိုင်းပါပဲ တိလေးတွေမှာလဲ အထီးတွေမှာပိုတွေ့ရတတ်ပါတယ်။ ဘာကြောင့်ဖြစ်ရသလဲဆိုရင် အထီးတွေရဲ့ဆီးလမ်းကြောင်းဟာ အမတွေရဲ့ဆီးလမ်းကြောင်းထက် ပိုရှည်လို့ပါပဲ။ နောက်ပြီး ငယ်စဉ်ကသင်းကွပ်မထားတဲ့ အထီးတွေမှာဆိုရင် အသက်ကြီးလာတာနဲ့အမျှ အထီးဟော်မုန်း (Testosterone) များခြင်းကြောင့် Prostate Gland ရောင်ရမ်းခြင်း သို့ Prostate Gland Cancer ကိုဖြစ်စေပီး ဆီးလမ်းကြောင်းကိုရောဂါဖြစ်စေပါတယ်။

ရောဂါလက္ခဏာတွေကဘာတွေလဲ?

တွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့
ချမ်းတုန်လာခြင်း၊
အဖျား ၁၀၂ ဒီဂရီ ကျော်ခြင်း၊
ပေါင်ခြံကြား၊ နောက်ကျောနဲ့ ဘေးခြမ်းတွေ နာကျင်လာခြင်း၊
မကြာခဏအန်ခြင်း၊
ခန္ဓာကိုယ်တဆတ်ဆတ် တုန်ရင်လာခြင်း၊
ဆီးသွားရင် နာခြင်း /ခဏခဏ သွားချင်လာခြင်း၊
ဆီးမသွားနိုင်ခြင်း၊
ဆီးနောက်ခြင်း၊
ဆီးအရောင်ရင့်ခြင်း၊
ဆီးထဲ သွေးပါခြင်း၊
ဆီးအနံ့ ပြင်းခြင်စတဲ့ လက္ခဏာတွေပါ ဖြစ်လာတတ်ပါတယ်။

ရောဂါကိုဘယ်လို ကုသနိုင်မလဲ?

ဆီးလမ်းကြောင်းပိုးဝင်ခြင်း မှာ နှစ်မျိုးရှိပါတယ်။ Lower Urinary Tract Infection (ဆီးအိတ်နှင့် ဆီးသွားလမ်းကြောင်း တစ်လျှောက် ပိုးဝင်ခြင်း) နှင့် Upper Urinary Tract Infection (ကေျာက်ကပ်နှင့် ဆီးပြုပြွန်တစ်လျှောက် ပိုးဝင်ခြင်း) တို့ဖြစ်ပါတယ် ။

ရောဂါလက္ခဏာပေါ်မူတည်ပြီး Treatment Protocol ကလဲကွာခြားပါတယ်။
ဆီးစစ်ပြီး လိုအပ်သောပဠိဇီဝဆေးများဖြင့် ဆေးထိုး ဆေးတိုက် ကုသခြင်း၊ ဆီးကြောက်တည်ပါက ဆီးလမ်းကြောင်းဆေးပေးခြင်း၊ ဆီးပိုက်တပ်ခြင်း၊ ဆီးချူပေးခြင်းနှင့် လိုအပ်ပါက Operations ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

ရောဂါမဖြစ်စေရန်ဘယ်လိုကာကွယ်ကြမလဲ?

မိမိမွေးမြူထားတဲ့ တိလေးများကို အရည်အသွေးမှီတဲ့အစာနဲ့ရေများကိုကျွေးပေးခြင်း၊
ရေများများတိုက်ပေးခြင်း၊ ဆီး /ဝမ်းမချုပ်စေရန် ဂရုစိုက်ခြင်း၊ ဆီး /ဝမ်းမကြာခဏစစ်ဆေးပေးခြင်းတို့ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။
အဝီစိတွင်းရေ နှင့် ဘုံဘိုင်ရေတိုက်ကျွေးခြင်းကို လုံးဝရှောင်ကြည်ရပါမယ် ။
ထို့အတူ ရောဂါဖြစ်ဖူးတဲ့ ခွေးလေးတွေမှာလည်း ပြန်ဖြစ်နိုင်တာမို့ ဆီးလမ်းကြောင်း ကျောက်တည်ခြင်းအတွက် အထူး ပြုလုပ်ထားတဲ့ အစာကိုသာ ကျွေးရပါမည် ။

လေးစားစွာဖြင့်
Crd to လမင်းသာ

Address


Website

Alerts

Be the first to know and let us send you an email when LOBO Canine Country posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share