XikO Labrador Prince

  • Home
  • XikO Labrador Prince

XikO Labrador Prince Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from XikO Labrador Prince, .

အသက် ၃ လပြည့်မှာ ကျောင်းသွားတက်တဲ့   ပံညမှန် ဆေးစုံပြီး ၄ လပြည့်မှ ကျောင်းကလက်ခံပေမယ့်ကိုယ်က ဆန္ဒစောပြီး ၃ လနဲ့ ကျောင်းထ...
07/03/2022

အသက် ၃ လပြည့်မှာ ကျောင်းသွားတက်တဲ့

ပံညမှန် ဆေးစုံပြီး ၄ လပြည့်မှ ကျောင်းကလက်ခံပေမယ့်
ကိုယ်က ဆန္ဒစောပြီး ၃ လနဲ့ ကျောင်းထားဖို့ အတင်းနားပူနားဆာလုပ်ခဲ့လို့ လက်ခံပေးတဲ့ ဆရာကိုမျိုးမင်းကိုလည်း ကျေးဇူးတင်ပါတယ်။

ဆရာပြောတဲ့အတိုင်း ၄ လပြည့်မှ ကျောင်းထားတာ အကောင်းဆုံးပါ။ ၄ လမတိုင်ခင် သခင်ကိုယ်တိုင် အခြေခံအမိန့်နာခံမှုတွေကို သင်ကြားပေးနိုင်ရင် ပိုပြီးထိရောက်ပါတယ်။

စသင်တဲ့အချိန်မှာ ခွေးလေးတွေ Trauma မရအောင် ရိုက်နှက်သင်ကြားပေးမှုတွေကို ရှောင်ရှားဖို့လိုပြီး အောင်မြင်ရင် သူတို့ကြိုက်တတ်တဲ့ Snack တေ့ကို ဆုချတဲ့အနေနဲ့ အသုံးချဖို့လိုပါတယ်။ ခွေးတွေရဲ့ မှတ်ဥာဏ်က ချီးမြှောက်မှုကို ပိုမှတ်မိပြီး နာကျင်ရိုက်နှက်မှုတွေကတော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်ကြောင်း ကိုယ်တွေ့ အနေနဲ့ လေ့လာတွေ့ရှိခဲ့ပါတယ်။

ငယ်လွန်းတဲ့အချိန် သင်တန်းကျောင်းပို့တဲ့ ဆိုးကျိုးကတော့ ကျောင်းမှာ သူတို့ထက် အကောင်ကြီးသူတွေကြောင့် ထိခိုက်ဒဏ်ရာ ရရှိနိုင်ခြင်း၊ သင်ကြားမှုအပေါ် အပြည့်အဝအာရုံမရှိခြင်းနဲ့ အဖော်မင်လွန်းခြင်းတို့ပဲဖစ်ပါတယ်။

ကောင်းကျိုးအနေနဲ့ကနော့ ဆရာရဲ့ သင်ကြားမှုတွေကို လေ့လာသင်ယူခွင့်ရခဲ့ပြီး၊ Crate Training၊ Potty Training အောင်မြင်ခဲ့တာတွေရရှိခဲ့ပါတယ်။




အရေးကြီးဆုံး ခွေးအိမ် (Dog Cage)ခြံထဲမှာဖြစ်ဖြစ် သို့မဟုတ် အိမ်ခန်းမှာ မွေးတာပဲဖြစ်ဖြစ်Puppy life ကနေစလို့ ဘဝတစ်လျောက်လု...
05/03/2022

အရေးကြီးဆုံး ခွေးအိမ် (Dog Cage)

ခြံထဲမှာဖြစ်ဖြစ် သို့မဟုတ် အိမ်ခန်းမှာ မွေးတာပဲဖြစ်ဖြစ်
Puppy life ကနေစလို့ ဘဝတစ်လျောက်လုံးအတွက် Puppy လေးအတွက် ခွေးအိမ် (Dog Cage) ဟာ အလွန်အရေးကြီးပါတယ်

Puppy ဘဝ အကောင်ငယ််သေးတာကြောင့်
သူ့ရဲ့ လုံခြုံမှု၊ ရေရှည်အလေ့အကျင့်နဲ့ Potty လေ့ကျင့်ဖို့အတွက် ခွေးအိမ် Dog Cage က နံပါတ် ၁ အရေးကြီးဆုံးပါ။

ဒီနေရာမှာ ခွေးအိမ်အကျယ်အဝန်းနဲ့ ကိုယ်မွေးမယ့်အရွယ်အစားဟာ လိုက်လျောညီတွေရှိဖို့ အထူးလိုအပ်ပါတယ်။ အရွယ်အစားသေးလွန်းလျင် Puppy လေးအတွက် လေဝင်လေထွက်မမျှတခြင်း သန့်ရှင်းမှုနဲ့ အနေအထိုင်ကျဥ်းကြပ်မှုများ ကြုံတွေနိုင်သလို အရွယ်အစားကြီးလွန်းရင်လည်း ကိုယ့်အိမ်ခြံမှာ မလိုအပ်ပဲ နေရာပေးရခြင်းက အလေအလွင့်ဖြစ်စေပါတယ်။

ခွေးအိမ် Dog Cage ဟာ Puppy လေးတွေအတွက် အလေ့အကျင့်မရှိသေးချိန်မှာ အခက်အခဲများဖြစ်ပေါ်နိုင်ပေမယ့် စိတ်ရှည်ရှည်နဲ့လေ့ကျင့်ပေးရင် Cage ဟာ သူတို့ကို ချုပ်နှောင်ထားရာလို့ မခံစားမိတော့ပဲ။ သူတို့အတွက်ပင် လုံခြုံတဲ့နေရာ ကိုယ်ပိုင်နေရာလို့ စိတ်ချစွာ မှတ်ယူစေမှာပါ။ XikO အရွယ်ရပြီးနောက်ပိုင်း ကစားလွန်း ဖျက်စီးလွန်းလို့ ဆူလိုက် ခြောက်လိုက်ရင် သူ့အိမ်ထဲသူဝင်ပြေးပြီး အကာအကွယ်အနေနဲ့ အသုံးချလေ့ရှိပါတယ်။ ဒါ့အပြင် ခွေးအိမ် Cageဟာ နောက်ပိုင်းကျရင် အညစ်အကြေးစွန့် လေ့ကျင့်ခန်း Potty Train အတွက်ပါ အသုံးတည့်တဲ့ ကနဦး လေ့ကျင့်ခန်းဖြစ်စေကြောင်းပါ ခင်ဗျာ။





04/03/2022

အိမ်ကို စရောက်တဲ့နေ့
XikO Labrador Prince အတွက် ကြိုဆိုပွဲ😁😁😁

ဆေးထိုး သံချပြီးချင်း
ခရီးဝေးကို အချိန်ကြာကြာကာစီးလာပေမယ့်
စိတ်ချရတဲ့ Ayeyar Wady Kennel ကမို့လို့
လိုအပ်မယ့် ဆေးဝါးကြိုတင်တိုက်ကျွေးပြီး အစားအသောက်ကိုလည်း ခရီးမထွက်ခင် ၁၂ နာရီ ကြိုဖြတ်ပြီး စနစ်တကျပို့ဆောင်ပေးတဲ့အတွက်
အိမ်ရောက်ရောက်ချင်း လန်းလန်းဆန်းဆန်းနဲ့ ကစားနိုင်တာဖြစ်ပါတယ်။

ခွေးလေးတွေမွေးဖို့ သက်ဆိုင်ရာနေရာတွေကနေ ပို့ဆောင်ကြတဲ့အခါမှာ
ခရီးအကွာအဝေးမူတည်ပြီး စနစ်တကျစီမံပို့ဆောင်ပေးနိုင်ခြင်းက ခွေးလေးတွေရဲ့ ရေရှည်ကျန်းမာကြံခိုင်ရေးအတွက် အလွန်တရာမှ အရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။

တချို့ခွေး Breeder တွေနဲ့ Kennel အချို့ဟာ အတွေ့အကြုံနည်းပါခြင်းအပြင် စေတနာမပါမှုကြောင့် လမ်းခရီးကြမ်းတမ်းခြင်းအတွက် Puppy လေးတွေ အော့အန်ခြင်း အစားမစားနိုင်ခြင်းနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကြောင့် အရိုးအဆစ်များမူမမှန်ခြင်းအပါအဝင် အသက်ဆုံးရှုံးသည်အထိ🤧🤕🤒 ဖြစ်ရပ်များ ကြုံတွေ့နိုင်သည်ကို သတိပြုမိစေချင်ပါတယ်🤔🤔🤔




02/03/2022

Ayeyar Wady Kennel မှာ ကာကွယ်ဆေး၂ ကြိမ်ထိုးပြီး
နောက်ဆုံးနေ့ အမှတ်တရ

ပုံမှန်ဆို ၂လခွဲလောက်မှ ဆေးစုံ စိတ်ချရမှ ခြံကပို့ပေးပေမယ့်
အဲ့အချိန် နိုင်ငံရေးအခြေအနေရှုပ်ထွေးပြီး
ကားလမ်းကြောင်းအခက်အခဲ ဖြစ်မှာစိုးလို့
ခြံပိုင်ရှင်အကိုကြီးကို အသည်းအသန် နားပူနားဆာလုပ်ပြီး ဆေးထိုးပြီးတာနဲ့ချက်ချင်းပို့ခိုင်းခဲ့တာပါ။

Risk များပေမယ့် ကိုယ့်ဘက်ကလည်း တိကုဆေးခန်းတွေနဲ့ ကြိုချိတ်ထားပြီး ကိုယ့်ဆီရောက်တာနဲ့ ပြုစုစောင့်ရှောက်ရမှာတွေကို ကြိုတင်ပြင်ဆင်ထားခဲ့လို့ အတွက်တော့ ကံကောင်းတယ်လို့ပဲပြောရမှာပေါ့နော်




02/03/2022

Chip ထည့်ပြီးတဲ့အချိန်နဲ့
Ayeyar Wady Kennel. ဝန်ထမ်းတွေရဲ့လက်မှာ လက်အတော်ကြိုက် ချွဲနွဲ့နေတဲ့

ချစ်စရာပေါက်စလေးဘဝ အမှတ်တရ

Credit: Ayeyar Wady Kennel




ခပ်တည်တည် Temperent ကောင်းကောင်းနဲ့ ဓာတ်ပုံကိုကြည့်ပြီး XikO ကို ရွေးချယ်မိသွားတာပါ။သူ့အဖေ Patrick ရဲ့ ဂိုက်ဆိုဒ်ကို ကြည...
25/02/2022

ခပ်တည်တည် Temperent ကောင်းကောင်းနဲ့
ဓာတ်ပုံကိုကြည့်ပြီး XikO ကို ရွေးချယ်မိသွားတာပါ။

သူ့အဖေ Patrick ရဲ့ ဂိုက်ဆိုဒ်ကို ကြည့်ပြီး
အဖေ့အမျိုးဘက်လိုက်မယ့် ခွေးလေးကို ခိုက်သွားတာလည်းပါတာပေါ့။

ကြုံတုန်းကြွားရရင် XikO ရဲ့ ဦးလေးတွေက ထိုင်းမှာ လက်ရှိ ချန်ပီယံ Labrador ဖြစ်နေတာတဲ့။

ပြောရရင် လက်ရှိရုပ်ထွက်အပြင် မျိုးရိုးကလည်း
ခွေးလေးတွေမွေးဖို့ရာ အရေးကြီးတဲ့အချက်အဖြစ် ထည့်သွင်းစဥ်းစားဖို့ လိုအပ်တယ်ဆိုတာလေးမျှဝေပေးပါရစေ။
Photo Credit: Ayeyar Wady Kennel




24/02/2022

Puppy ဘဝမှာ ညီအကို မောင်နှမတသိုက်
ပျော်ပျော်ရွှင်ရွှင် အပူအပင်မရှိ
ဆော့လိုက်စားလိုက်နဲ့

လူကြီးများဆိုသလို
ကလေးနဲ့ခွေး အတူတူပဲ

Credit: Ayeyar Wady Kennel


24/02/2022

Ayeyarwaddy Kennel မှာတုန်းက
ဒီမောင်နှမတွေ ဆွဲနေတာမြင်ပြီးကတည်းက😌😌😌

ခေတ်မကောင်းတဲ့အချိန် အစာ ဆေးဝါး လုံလုံလောက်လောက်ဖြစ်အောင် ကြိုတင်ပြင်ဆင်ခဲ့ရတာပါ။

အဲ့အချိန်ကတည်းက ဘဏ်တွေငွေထုတ်မရ
ဆိုင်တွေကလည်း Banking လက်မခံ
ကိုဗစ် တတိယလှိုင်းသောင်းကျန်းတော့ အစာအိတ်ဆေးဝါးအသုံးအဆောင်တွေ ပစ္စည်းလုံးဝပြတ်နေတဲ့အချိန်

ကြိုပြင်ဆင်ထားလို့သာ နောက်ပိုင်း ကိုယ့်ဆီ XikO ရောက်လာတဲ့အခါ သူ့အတွက် အဆင်ပြေခဲ့တာပါ။

ခွေးဖြစ်ဖြစ် ဘယ်တိရစ္ဆာန်မဆို ချစ်ရုံလောက်လေးနဲ့
မွေးဖို့ မဆုံးဖြတ်လောက်စေချင်ဘူး
ကိုယ့်နားမှာခေါ်ထားချင်တယ်ဆိုရင် ကိုယ့်ဘက်က တတ်နိုင်တဲ့ ပမာဏနဲ့ 🤑🤑🤑 သူတို့လေးတွေလိုအပ်ချက်ကို ချင့်ချိန်ပြီး ကြိုတင်ပြင်ဆင်မှသာ သူတို့ဘဝ ရေရှည် အသက်ရှင်ရပ်တည်နိုင်စွမ်းရကြမှာပါ😍😍😍

Credit: Ayeyar Wady Kennel

ရက်သားလေး ဘဝနဲ့ XikO နဲ့ သူ၏ မောင်နှမတွေ
23/02/2022

ရက်သားလေး ဘဝနဲ့
XikO နဲ့ သူ၏ မောင်နှမတွေ


Address


Website

Alerts

Be the first to know and let us send you an email when XikO Labrador Prince posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share