Daily with Pong Pong

  • Home
  • Daily with Pong Pong

Daily with Pong Pong ကြောင်ကလေးတွေနဲ့ပတ်သတ်ပြီး မျှဝေပေးသွားမှာဖြစ်ပါတယ်

သီတင်းကျွတ်အခါသမယမှာ စိတ်​၏ချမ်းသာခြင်း၊ကိုယ်​၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေလို့ သားပေါင်ပေါင်မှဆုတောင်းမေတ္တာပို...
29/10/2023

သီတင်းကျွတ်အခါသမယမှာ စိတ်​၏ချမ်းသာခြင်း၊ကိုယ်​၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေလို့ သားပေါင်ပေါင်မှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ❤️🙏

နေပူပူမှာတောင် အေးချမ်းစေတဲ့ကလေးလေး❤️❤️
22/10/2023

နေပူပူမှာတောင် အေးချမ်းစေတဲ့ကလေးလေး❤️❤️

ဒီမနက်ဘေးအိမ်က ဝုမလေးဇူဇူးရဲ့မေမေကအိမ်လာလည်တော့ ဇူဇူးပါ ပါလာတယ်။ ဇူဇူးက ပေါင်ပေါင့်ကိုအမြဲစောင့်ရှောက်သလောက် ဇူဇူးအိမ်လာ...
16/10/2023

ဒီမနက်ဘေးအိမ်က ဝုမလေးဇူဇူးရဲ့မေမေကအိမ်လာလည်တော့ ဇူဇူးပါ ပါလာတယ်။ ဇူဇူးက ပေါင်ပေါင့်ကိုအမြဲစောင့်ရှောက်သလောက် ဇူဇူးအိမ်လာလည်ရင် ပေါင်ပေါင်ကအရမ်းစွာတာ။အမြီးတွေဖွာထွက်ပြီး အော်တာအော်တာဆိုတာအရမ်း။ တခါကလည်း သူအဲ့လိုစွာလို့ ဖျန်ဖြေရာကနေ အမာရွတ်ရပြီးပြီ🥲။ ဒီပုံကတော့ ဇူဇူးအရှေ့မှာရှိလို့ ပေါင်ပေါင်ငြိမ်အောင် အခန်းထဲမနည်းထည့်ပြီး ဆော့ပေးထားတာလေး❤️❤️။

အစောကြီးရှိပါသေးတယ်ပေါင်ရေဒီနေ့ နေ့လယ်မှလည်းနိုးသေးတယ်အခုလည်းအိပ်နေပြန်ပြီ🥴သေချာကြည့်မှ အင်္ကျီတွေလည်းကျပ်လို့🥹
11/10/2023

အစောကြီးရှိပါသေးတယ်ပေါင်ရေ
ဒီနေ့ နေ့လယ်မှလည်းနိုးသေးတယ်
အခုလည်းအိပ်နေပြန်ပြီ🥴
သေချာကြည့်မှ အင်္ကျီတွေလည်းကျပ်လို့🥹

ကြည့်သောသူမြင်​၏😂❤️
30/09/2023

ကြည့်သောသူမြင်​၏😂❤️


မြောင်ဝတာမဟုတ်ဘူး ပြည့်တာပါလို့ပြောလည်းမယုံကြဘူးဟူးမန်းတို့ရယ်😮‍💨photo crd:
29/09/2023

မြောင်ဝတာမဟုတ်ဘူး ပြည့်တာပါလို့ပြောလည်းမယုံကြဘူးဟူးမန်းတို့ရယ်😮‍💨

photo crd:

တပတ်လောက်ခရီးသွားနေတဲ့ မာတာမိခင်က ငါမနက်ဖြန်ပြန်လာတော့မယ်လို့ဖုန်းဆက်ပြီးနောက်🥴👇
28/09/2023

တပတ်လောက်ခရီးသွားနေတဲ့ မာတာမိခင်က ငါမနက်ဖြန်ပြန်လာတော့မယ်လို့ဖုန်းဆက်ပြီးနောက်🥴👇


ရန်ကုန်သားဆိုတော့ မိုးလေးနည်းနည်းအေးတာနဲ့ဟူဒီပြေးဝတ်ရတာပေါ့ဗျာ😂မဟုတ်ရင် ဝယ်ဝယ်ထားပြီးချောင်ထိုးထည့်ရလို့🥴
28/09/2023

ရန်ကုန်သားဆိုတော့ မိုးလေးနည်းနည်းအေးတာနဲ့ဟူဒီပြေးဝတ်ရတာပေါ့ဗျာ😂
မဟုတ်ရင် ဝယ်ဝယ်ထားပြီးချောင်ထိုးထည့်ရလို့🥴

ပုံမှန်ဆို ဘာသိဘာသာပဲနေတတ်ပေမဲ့ မိုးအေးရင်တော့အက်မေပေါ်မှာပဲနေချင်တာပေါ့ဗျာ🥰❤️
27/09/2023

ပုံမှန်ဆို ဘာသိဘာသာပဲနေတတ်ပေမဲ့ မိုးအေးရင်တော့အက်မေပေါ်မှာပဲနေချင်တာပေါ့ဗျာ🥰❤️

Pageနဲ့မဆိုင်ပေမဲ့ သတိထားလို့ရအောင်လို့ပါ⭐️🇲🇲🚘🤴 သတိထားကြပါခင်ဗျာ🤴🚘🇲🇲⭐️ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာ...
27/09/2023

Pageနဲ့မဆိုင်ပေမဲ့ သတိထားလို့ရအောင်လို့ပါ

⭐️🇲🇲🚘🤴 သတိထားကြပါခင်ဗျာ🤴🚘🇲🇲⭐️

ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နေပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။

🔺ဘာတွေ ခံစားရမလဲ

မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။

တချို့က ‌မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး ‌အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။..

🔺ဘယ်လို ကုသရမလဲ

ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။

ဆောင်ရွက်ရန် ✔️

၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။

ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိပ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိပ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိပ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။

၂။ မျက်ရည်တုမျက်စဉ်း ၂-၃ နာရီခြား တစ်စက် ခတ်ပါ။ example. Cool Eyes, Protear, Neotear, Tears Naturale, Hameron, Systane

၃။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ်။ Chloramphenicol Eye drop တစ်ခါခတ် တစ်စက် တစ်နေ့ ၄ ကြိမ် တစ်ပတ်ပြည့်အောင် ခတ်ပါ။..

ရှောင်ရန် ❌

မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲဲ သက်သာစေပါတယ်။

• မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
• မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
• မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
• လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
• တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့။

မျက်စိနာကူးစက်မှုက လက်ကနေတစ်ဆင့် ကူးစက်ပါတယ်။ မျက်စိနာရောဂါ မကူးစက်ဖို့ ကာကွယ်ပါ။

ဘယ်လောက်ပဲဖိုက်တာလုပ်နေပါစေသွားငုတ်စိလေးတွေနဲ့ အောက်သွားတချောင်းကကျိုးနေတော့ရယ်ချင်စရာလေး🤭🤣
26/09/2023

ဘယ်လောက်ပဲဖိုက်တာလုပ်နေပါစေ
သွားငုတ်စိလေးတွေနဲ့ အောက်သွားတချောင်းကကျိုးနေတော့
ရယ်ချင်စရာလေး🤭🤣

ပေါင့်ကိုမှတ်မိကြသေးရဲ့လားဗျာအက်မေကြောင့် တစ်နှစ်နီးပါးလိုင်းပေါ်ကပျောက်သွားရတဲ့ပေါင်ပေါင်ပါ။၈လပိုင်း ၁၁ရက်နေ့က ပေါင်၂နှ...
26/09/2023

ပေါင့်ကိုမှတ်မိကြသေးရဲ့လားဗျာ
အက်မေကြောင့် တစ်နှစ်နီးပါးလိုင်းပေါ်ကပျောက်သွားရတဲ့ပေါင်ပေါင်ပါ။
၈လပိုင်း ၁၁ရက်နေ့က ပေါင်၂နှစ်ပြည့်ပြီးပါပြီ။
နေကောင်းကျန်းမာလျက်ပါခင်ဗျ🥰။


ပေါင်လေးခမျာ ခွေးအလိုက်ခံရမှာကြောက်ပေမဲ့ တခါတလေ အဲ့လိုအိမ်ရှေ့ထွက်ရင်း ငေးမိငေးရာငေးနေတတ်တယ်။အက်မေလည်း သတိတော့ထားရတာပေါ့...
16/10/2022

ပေါင်လေးခမျာ ခွေးအလိုက်ခံရမှာကြောက်ပေမဲ့ တခါတလေ အဲ့လိုအိမ်ရှေ့ထွက်ရင်း ငေးမိငေးရာငေးနေတတ်တယ်။အက်မေလည်း သတိတော့ထားရတာပေါ့လေ။ ပေါင့်မှာ ကြည့်စရာရယ်လို့ အိမ်ရှေ့ ဗာဒံပင်ပေါ်မှာ ချိတ်ဆွဲထားတဲ့ စပါးနှံတွဲတွေကို လာလာစားတတ်ကြတဲ့ စာကလေးတွေရယ်၊အစာလာလာယက်ပြီးရှာစားကြတဲ့ ကြက်မိသားစုရယ်ကလွဲရင် များများစားစားလည်းမရှိလှဘူး။ဒါပေမဲ့ စာကလေးတွေ အစာလာစားပြီး ကောင်းကင်ပေါ်ပျံတက်သွားတာတို့၊ကြက်အမေကြီးက အစာတွေထိုးဆွပြီးကြက်ပေါက်လေးတွေကို ကျွေးတာတို့ဆိုရင် သူစိတ်ဝင်တစားကြည့်နေတတ်တယ်။ကလေးစိတ်ထဲ အဲ့လိုမျိုးတူတွေတစုတဝေးနေကြ စားကြတာကို အားကျနေသလားမသိ။ သနားတော့လည်းသနားစရာ အိမ်မှာရောအနီးအနားမှာပါ သူတကောင်ထဲဆိုတော့ ကလေးမှာဆော့စရာအဖော်ကမရှိရှာဘူး🙁။

ပေါင့်ပုံတွေ အခုရက်ပိုင်း မတင်ဖြစ်တာ ခရီးသွားနေလို့လည်းမဟုတ် နေမကောင်းလို့လည်းမဟုတ်။ wifiမရလို့ မတင်ဖြစ်ခြင်းသာ။ ဒီကြားထ...
13/10/2022

ပေါင့်ပုံတွေ အခုရက်ပိုင်း မတင်ဖြစ်တာ ခရီးသွားနေလို့လည်းမဟုတ် နေမကောင်းလို့လည်းမဟုတ်။ wifiမရလို့ မတင်ဖြစ်ခြင်းသာ။ ဒီကြားထဲ ဇူဇူ့ရဲ့ ပလေးခြင်းကိုခံရတဲ့သူတွေထဲ အက်မေအကောင့်လည်းပါသွားရှာလေတော့
reactအဘန်းခံလို့ခံရ၊ postတင်တာအဘန်းခံလို့ခံရနဲ့ အက်မေခမျာ စိတ်ညစ်နေရှာလေရဲ့။
postပြန်တင်လို့ရတုန်းလေး ပုံတင်ဖို့ အတင်းတိုက်တွန်းလို့သာ ပေါင့်ကိုမြင်ရတာ။ ဖြစ်နိုင်ရင် ပေါင် pageနဲ့အဆက်အသွယ်မပြတ်ချင်ဘူးရယ်။ပေါင့်ကိုချစ်တဲ့လူနည်းစုလေးက ဒီမှာသာရှိတာမဟုတ်လား။ react ဆိုတာဟာပေါင့်အတွက်တော့ အရေအတွက်တခုဆိုတာထက် ကိုယ့်ကိုချစ်တဲ့သူတွေဆိုတဲ့ အမှတ်အသားတခုပါ။အများကြီးရဖို့လည်း မမျှော်လင့်ပါဘူးလေ ရှိတဲ့လူနည်းစုလေးနဲ့တင်ကို ကျေနပ်နေတာပါ😍။ အက်မေကျ တခါတလေ react မရရင်ဝမ်းနည်းနေတတ်ပြန်တယ်။ ပုထုဇဉ်ဆိုတော့ ကိုယ့်ကလေးကို လူအများကြီးချစ်တာ reactတွေပေး comment တွေပေးတာလိုချင်ရှာမှန်းသိပါရဲ့။ ပေါင်ကတော့အခုလိုအခြေအနေလေး အနေအထားလေးကိုပဲသဘောကျပါတယ်။ ဖြစ်လာတဲ့ဘဝတခုမှာ ကိုယ့်ကိုချစ်ပေးနေတဲ့သူတွေရှိနေတာနဲ့တင် လုံလောက်နေပါပြီ😍။

13/10/2022
သီတင်းကျွတ်အခါသမယမှာ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ပေါင်နဲ့အက်မေက ဆုတောင်းမေတ္တာပို့သလိ...
08/10/2022

သီတင်းကျွတ်အခါသမယမှာ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ပေါင်နဲ့အက်မေက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။
ချစ်ခင်ရသူတွေနဲ့လည်း ဆုံစည်းနိုင်ကြပါစေခင်ဗျ💓။

သီတင်းကျွတ်မုန့်ဖိုးများ ပက်ပက်စက်စက်လက်ခံနေပါပြီခညာ😍။ သဒ္ဓါတတ်အား နည်းများမဆို ပါဝင် လှူဒါန်းလို့ရပြီခည။ ရရှိတဲ့ မုန့်ဖ...
07/10/2022

သီတင်းကျွတ်မုန့်ဖိုးများ ပက်ပက်စက်စက်လက်ခံနေပါပြီခညာ😍။ သဒ္ဓါတတ်အား နည်းများမဆို ပါဝင် လှူဒါန်းလို့ရပြီခည။ ရရှိတဲ့ မုန့်ဖိုးပိုက်ချံကို ပေါင့်ကိုယ်ကျိုးအတွက် ခွင်မီချောင်းဝယ်စားသွားမှာဘာ😛😛 ဟဲဟဲ။

07/10/2022

ရှယ်ပလန်နဲ့ဆူနေရပြီဝေ့။
မနေ့ညကမှ ဪ ပေါင်လေးကို ငါခဏခဏဆူနေမိတာ ကလေးများစိတ်ဒဏ်ရာရသွားမလားဟဲ့ သူ့ကိုမချစ်ဘူးထင်သွားမလားဟဲ့ဆိုပြီး သနားလိုက်ရတာ။ ကိုယ့်မှာတော့နေမကောင်းဖြစ်မှ ကျွေးတဲ့ခွင်မီချောင်းတွေတောင် စေတနာပိုပြီးဖောက်ကျွေးမိသေးတယ်။ပေါင်ပေါင်တို့က တရက်တောင်မခံဘူး။သန့်ရှင်းရေး လုပ်ပေးမယ်ဆိုပြီးခေါ်တော့မှ အင်္ကျီကအေးချမ်းမေတွေဖြစ်လို့🥴။ဘယ်ချောင်သွားတိုးထားလဲမသိဘူး။ဆူတော့လည်း ဆူတဲ့သူသာ ပြောရလွန်းလို့ မောသွားမယ်။သူ့ကိုပြောနေတာမဟုတ်တဲ့အတိုင်းပဲ😤။မောဒယ် မောဒယ်။

အခုရက်ပိုင်း အက်မေနဲ့ပေါင်နဲ့တကယ်ကိုမတည့်ဘူးသိလား။ပေါင့်ကိုနေရာတကာလိုက်ကြည့်ပြီးသွား သွားပြန်ပြီ ဆော့ ဆော့ပြန်ပြီ စား စာ...
06/10/2022

အခုရက်ပိုင်း အက်မေနဲ့ပေါင်နဲ့တကယ်ကိုမတည့်ဘူးသိလား။ပေါင့်ကိုနေရာတကာလိုက်ကြည့်ပြီး
သွား သွားပြန်ပြီ ဆော့ ဆော့ပြန်ပြီ စား စားပြန်ပြီ
အမလေး ၂၄နာရီလုံးကိုပြောနေတော့တာ။ မာမီ့ကိုလည်း သွားသွားတိုင်တာကရှိသေးတယ်။ ရုပ်ဆိုးကောင်တဲ့
ဝက်ပေါက်တဲ့ လောင်းလောင်း(မျောက်လောင်း)တဲ့
အို နာမည်ပေးထားလိုက်တာများ ပိုက်ဆံမပေးရတိုင်း။
ပေါင်ကလည်း အဲ့လိုတွေခေါ်ရင်လှည့်မကြည့်ပါဘူးနော်။ဟိုတနေ့ထဲက အက်မေအခန်းရှင်းနေတာကို လိုက်ရှုပ်နေလို့ဆိုပြီး ပေါင့်ကိုကြည့်မရဖြစ်နေတာသိသားပဲ။ နေကောင်းလို့ဆော့တာ တကယ်ဆိုဝမ်းတောင်သာရဦးမဲ့ဟာ။လူကြီးတွေဟာ အင်မတန်အပြောင်းအလဲမြန်တာပဲ။
ဟိုတခါလို ထပ်ခိုးပေါ်သွားပုန်းနေပြန်ရင်လည်း ငိုကြီးချက်မနဲ့လိုက်ရှာနေရဦးမယ်။အခုလောလောဆယ်တော့အက်မေမဆူနိုင်အောင် ဆေးခန်းထဲပဲသွားဆော့နေလိုက်တော့တယ်😌။ ဒါတောင် မာမီ့ကိုလှမ်းပြောနေသေး
'အဲ့ရုပ်ကလေးနဲ့ လုပ်စားနေတာ'တဲ့လေ။ ဪ ချောတာတောင် အပြစ်ဖြစ်နေရပြီလားဗျာ🤥။

04/10/2022

Hello!
ပေါင်ပေါင့်ရဲ့မာမီက သူ့သားအတွက် သီတင်းကျွတ်လက်ဆောင်ဆိုပြီး ပေးတဲ့ Shampooနဲ့ bath sprayလေးတွေကို အက်မေက sharingလုပ်ပေးမလို့ပါ😍။ မှာချင်ဇောနဲ့ အာဝုတို့အတွက်ထုတ်ထားတဲ့ shampooကြီး မှားမှာမိသေးတာကတော့ဖြစ်နေကျ လွဲနေကျမလို့ ဒီတိုင်းပဲထားလိုက်ပေါ့နော်😂။ ဒါပေမဲ့ မြောင်တို့အတွက်လည်းသုံးလို့ရတယ်ဆိုလို့အဆင်ပြေသွားပါတယ်🤩။
ကဲ လာပြီ

✨ပထမတခုက Ostechကထုတ်တဲ့ Conditioning shampooဗူးလေးပါ။
ရနံ့ကလည်း စတော်ဘယ်ရီရနံ့လေးဆိုတော့
မွှေးကြိုင်နေရောပဲ😍။
750mlကို 9000ပေးရတယ်ဆိုပေမဲ့ တစ်ပတ်ကိုမှ ၁ကြိမ်ပဲသုံးရတာဆိုတော့ အကြာကြီးသုံးလို့ရတာပေါ့။

✨နောက်တခုက petme ကထုတ်တဲ့bath spray ပါ။ Dry Clean ဆိုတော့ ရေသိပ်ချိုးစရာမလိုတဲ့ မြောင်တို့အတွက် အဆင်ပြေတယ်ပြောရမယ်။ အနံ့လေးကလည်း မွှေးနေတာပဲ။ နောက်တခုအဆင်ပြေတာက သူ့မှာ Ostrich Oil တို့ Omega 3,6,9 တို့ Vitamin တို့ပါတဲ့အတွက် မြောင်တို့အသားအရေအတွက်လည်း အာဟာရဖြစ်စေတယ်။ price အနေနဲ့ဆိုရင်လည်း 100 mlကို 4500ပဲရှိတာမလို့ ဈေးနှုန်းသင့်တင့်တယ်ပြောရမယ်။ ပေါင်လေးကိုတော့ သူမလျက်နိုင်တဲ့ဂုတ်ကိုပဲ ဖြန်းပေးပါတယ်။အနံ့လည်းအကြာကြီးခံတယ်❤️။

✨နောက်ဆုံးတခုကတော့ brush လေးပါ။ အချွန်လေးတွေကပျော့ပြောင်းပြီး ဆပ်ပြာရည်ထည့်လိုက်ရင်
အမြှုပ်ကလေးတွေနဲ့ဆိုတော့ အက်မေလည်း သက်သာ ပေါင်ပေါင်လည်း လက်သည်းနဲ့မထိုးမိတော့ဘူးပေါ့😁။
Priceကတော့ ၃၀၀၀ပါ။ brushကနူးညံ့ပြီးအဆင်ပြေလို့အက်မေလည်း ယူသုံးနေပါတယ် ပေါင်ပေါင်တော့မသိစေနဲ့ပေါ့🙄။

*နောက်ဆုံးမှာ ရေချိုးပြီး အိပ်ငိုက်နေတဲ့ ကိုကိုပေါင်လည်း ပါတယ်နော်👀❤️

ကိုကိုပေါင်တို့များ ရှိသမျှပစ္စည်း သူ့အပိုင်ကျနေတာပဲ😒😒။ ပစ္စည်းရှင်းနေလို့ပါပြောလည်းမရ🥴။ တနေ့တနေ့ မပျင်းရဘူး။
04/10/2022

ကိုကိုပေါင်တို့များ ရှိသမျှပစ္စည်း သူ့အပိုင်ကျနေတာပဲ😒😒။ ပစ္စည်းရှင်းနေလို့ပါပြောလည်းမရ🥴။ တနေ့တနေ့ မပျင်းရဘူး။

Address


Website

Alerts

Be the first to know and let us send you an email when Daily with Pong Pong posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share