Vicky Way Bunny World

  • Home
  • Vicky Way Bunny World

Vicky Way Bunny World Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vicky Way Bunny World, Pet service, .

https://www.facebook.com/263813297775474/posts/476282896528512/
30/08/2019

https://www.facebook.com/263813297775474/posts/476282896528512/

အီလီနွိုက်စ်ပြည်နယ်ရှိ ယုန်ကလေး ကမ္ဘာ့အသက်အကြီးဆုံးယုန်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်
On Wed, 2019-03-13 01:12Locationစပရင်းဖီးလ်ဒ်Issue No.အတွဲ(၁၈)၊ အမှတ်(၂)

အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ်နေ အမျိုး သမီးတစ်ဦးပိုင်ဆိုင်သော ယုန် တစ်ကောင်ကို (၁၆)နှစ်ပြည့် မွေးနေ့အဖြစ် ဝိုင်းဝန်းကျင်းပပြီး နောက် ကမ္ဘာ့အသက်အကြီးဆုံး ယုန်ဖြစ်ကြောင်း ဂင်းနစ်စံချိန် အဖွဲ့က ကြေညာသည်။

ဖေဖော်ဝါရီ ၉ ရက်က အ သက် (၁၆)နှစ်ပြည့်ခဲ့သော ယုန် ကလေး မစ်ခ်သည် ကမ္ဘာပေါ်တွင်အသက်အကြီးဆုံး ယုန်ဖြစ် ကြောင်း ဂင်းနစ်အဖွဲ့က ကြေညာခဲ့သည်။

တိရစ္ဆာန်ဂေဟာတစ်ခု၌ လုပ်အားပေးစဉ် မစ်ခ်ကို ၂၀၀၄ က တွေ့ရှိခဲ့ကြောင်း၊ သူငယ်ချင်းတစ်ဦးက မစ်ခ်ကို မွေးစားမွေးမြူ ခဲ့ကြောင်း၊ ထို့နောက် အဆိုပါ သူငယ်ချင်းက မြို့မှ ပြောင်းရွှေ့သွားသဖြင့် မစ်ခ်ကို ၎င်းက ဆက်လက်ပြုစုစောင့်ရှောက်ခဲ့ကြောင်း ပိုင်ရှင် မစ္စစ်လစ်ဇ်ရန့်ခ်ျက ပြော သည်။

‘‘ကျွန်မ သူ့အတွက် ဂုဏ်ယူ မိပါတယ်။ သူ့ရဲ့ ဘဝတစ် လျှောက်လုံး သူပြသခဲ့တဲ့ အခက် အခဲတွေကြားကနေ လွတ်မြောက်အောင် ရုန်းထွက်လာနိုင်တာတွေ ကိုကြည့်ပြီး ကျွန်မ စိတ်အားတက် မိပါတယ်’’ဟု ရန့်ခ်ျက ပြော သည်။

‘‘သူ့ကို ကျွန်မ ဆုံးရှုံးရတော့ မယ်လို့ ထင်ခဲ့တဲ့အချိန်တွေ မရေ မတွက်နိုင်အောင်ပါပဲ။ ဒါပေမဲ့ သူက အသက်ကြီးရင့်ရော်လာမှု ကို နေပုံထိုင်ပုံကောင်းကောင်း လေးနဲ့ နေသားတကျဖြစ်အောင် နေနိုင်စွမ်းရှိခဲ့ပြီး ကျန်းကျန်းမာ မာ နေနိုင်ခဲ့ပါတယ်။ ယုန်တွေကို မွေးမြူပြုစုလာတာ နှစ် ၂၀ လောက်ရှိတော့မယ်။ ၁၃ နှစ် ကျော်ပြီး အသက်ရှင်တဲ့ ယုန်တစ် ကောင်မှမရှိခဲ့ဘူး။ မစ်ခ်ကတော့ အထူးစပယ်ရှယ်ပါ။ သူ့ကို မွေး ခွင့်ရခဲ့တာက ကျွန်မဘဝမှာ ကံကောင်းတယ်လို့ ခံစားရတယ်’’ ဟု ရန့်ခ်ျက ပြောကြားသည်။

ဂင်းနစ်အဖွဲ့က မှတ်တမ်း တင်ထားသော ကမ္ဘာ့အသက်အ ကြီးဆုံးယုန်သည် ဩစတြေးလျ နိုင်ငံမှ ဖြစ်သည်။

တောတွင်း၌ မွေးဖွားခဲ့သော အဆိုပါ ယုန်ကို ၁၉၆၄ က တက်စ်မာနီးယားဒေသခံတစ်ဦးက မွေး စားခဲ့ပြီး အသက် (၁၉)နှစ်ကျော် အသက်ရှင်နေထိုင်ခဲ့သည်ဟု ဆို သည်။ —Ref: UPI

အားလုံးပဲ မင်္ဂလာပါ....Vicky Way Bunny World မှ ကြိုဆိုလိုက်ပါတယ် 😊😊 #မင်မင့်ရဲ့ စာရှည်ပေမဲ့ အဆုံးထိဖတ်ပေးကြပါနော် မင်မင် ...
27/08/2019

အားလုံးပဲ မင်္ဂလာပါ....
Vicky Way Bunny World မှ ကြိုဆိုလိုက်ပါတယ် 😊😊
#မင်မင့်ရဲ့ စာရှည်ပေမဲ့ အဆုံးထိဖတ်ပေးကြပါနော် မင်မင် ရဲ့ ယုန်မွေးခြင်း အတွေ့အကြုံလေးတွေကို အသေးစိတ်ရေးပြပေးထားတာပါရှင့်...😊😊

ဒီနေ့ ပြောပြချင်တာလေးကတော့ မင်မင် ပထမဦးဆုံး မွေးခဲ့တဲ့ ယုန်ကလေး အကြောင်းပါရှင့်....
အဲ့ယုန်လေးကို လှည်းတန်းမှာဈေးသွားဝယ်ရင်း တွေ့ခဲ့တာ ကိုယ်မြင်နေရတာကတော့ ယုန်ပေါ့လေ ဒါပေမဲ့ ဦးလေးကြီး အော်ရောင်းနေတာက ပိုလာတဲ့ ကိုယ်ကလဲ ပိုလာဆိုတာ ဘယ်လိုပုံစံမှန်းမသိခဲ့တော့ အော်.... ပိုလာနဲ့များစပ်ထားသလားပေါ့လေ.... သူကပြောသေးတယ် ဂျပန်ပိုလာတဲ့ 😁😁😁 ကိုယ်က နားမလည်ဘူးလေ အဲ့အချိန်က.... ကဲ အဲ့ဒါနဲ့ ကလေးတွေကြည့်လိုက်တော့ လက်တစ်ဆုပ်စာခြင်းလေးတွေထဲမှာ ငြိမ်ပြီး ဝပ်နေကြတာ အနေကြပ်နေတဲ့ပုံလေးတွေ သေးသေးလုံးလုံးချစ်စရာလေးတွေပေါ့ ဈေးမေးကြည့်တော့ အမက ၁၅၀၀၀တဲ့ အထီးက ၁၃၀၀၀တဲ့ အင်း.... ဝယ်မလို့ တချက်စဉ်းစားလိုက်တယ် ဈေးကတော့ များတယ်ပေါ့ အဲ့ဒါနဲ့ ပြန်လာခဲ့မယ်ဆိုပြီး ထွက်သွားပြီး လမ်းမှာစဉ်းစားတယ်ဝယ်ရင်ကောင်းမလားပေါ့.... မင်မင့် အမျိုးသားကိုလဲ လိုချင်တယ် ဝယ်ပေးပါလားပေါ့... အဲ့ဒါနဲ့ ပြန်လှည့်လာပြီး ဦးလေး ဈေးလျော့ဦး သမီးက အထီး တသ်ကောင်ပဲ လိုချင်တာ ဆိုတော့ ၁၂၀၀၀တဲ့.... မရဘူး ၁၀၀၀၀ပဲထားဆိုတော့... အင်း သူလဲ ပြန်ရတော့မှာ ဘာညာနဲ့ ၁၀၀၀၀နဲ့ပေးလိုက်တယ်......ကိုယ်လိုချင်တာလေးရသွားတော့ ပျော်တာပေါ့လေ...
ဦးလေး ကလေးကို ဘာကျွေးလို့ ရလဲ ဆိုတော့ ဖရဲသီးအခွံကျွေးရတယ်တဲ့... ဥနီတို့ ဂေါ်ဖီတို့လဲ ရတယ်တဲ့.... အဲ့ဒါနဲ့ အိမ်ရောက်တော့ ဂေါ်ဖီကျွေးရင် ယုန်သေးအနံ့ကနံတယ်ကြားဖူးတော့ ဥနီပဲ အမြဲကျွေးဖစ်တယ်.... ကိုယ်ဝယ်လာတာ အဖြူဆိုတော့ တစ်ပတ်လောက်ကြာတော့ အရောင်တွေစွန်းကုန်တယ် အဲ့ဒါနဲ့ ယုန်မွေးထားတဲ့ သူငယ်ချင်းကို ရေချိုးလို့ရလား မေးကြည့်တော့ ရတယ်တဲ့... ချိုးပေးလိုက်တယ်... ညနေ အိမ်ရောက်တော့ ကလေးက မလှုပ်ဖူး တချက်တချက်အကြောဆွဲနေတယ် ဘာဖစ်လို့လဲပေါ့ အကောင်းကြီးကနေဆိုပြီး... ဆေးခန်းပြေးရတယ် ဆေးခန်းရောက်တော့ ဆရာဝန်က အအေးပတ်တာတဲ့ ဟုတ်တယ် ရေချိုးပေးလိုက်တယ်ဆရာဆိုတော့ ယုန်က ငယ်သေးတယ် လသားလောက်ပဲရှိတာ ချိုးပေးလို့မရဘူးဘာညာပြောတယ် အကြောတွေဆွဲနေတော့ အကြောဆေး တလုံး သွင်းပေးလိုက်တယ် ဒါပေမဲ့ အခြေအနေမကောင်ဘူးတဲ့ အိမ်ရောက်ရင် ရေနွေးအိတ်ကလေးနဲ့သေချာနွေးနွေးထွေးထွေးထားလို့ မှာလိုက်တယ်.... အိမ်ရောက်ပြီးမကြာဘူး ကလေးလေးသေသွားတယ်.... သုံးနာရီလေးနာရီကြာအောင် ငိုခဲ့ရတယ်..... ခေါင်းကိုက်တဲ့အထိ... အမေချော့လဲမရ အဖေချော့လဲ မရ အမျိုးသားက ချော့လဲ မရ အမျိုးသားကို နောက်တကောင်ထပ်ဝယ်ပေးဖို့ ငိုရင်းနဲ့ပူဆာတာ ကြီးကောင်ကြီးမားနဲ့ပေါ့....😁😁😁 တကယ်လဲ စိတ်မကောင်းဘူး ငါရေချိုးပေးလိုက်လို့ ဖစ်ရတာဆိုပြီး... နာမည်တောင်မပေးလိုက်ရဘူး....

#အခုချိန်မှာ သိလိုက်ရတာက ကလေးက ငယ်သေးတာလဲ ပါတယ် နို့မပြတ်သေးတဲ့ အရွယ်ဖစ်နေတော့ ကိုယ်ခံအားမကောင်းခဲ့တာတဲ့....ပြီးတော့ ပိုလာမဟုတ်ခဲ့ပါဘူး 😁 မြန်မာယုန်ပေါက်လေးတွေပါ
ဒါက ပထမဦးဆုံး မင်မင် ယုန်မွေးခြင်း အတွေ့အကြုံ

26/08/2019

မင်္ဂလာပါရှင့်...
မင်မင့်ရဲ့ Vicky Way Bunny World page လေးမှ ကြိုဆိုလိုက်ပါတယ်ရှင်.....
ဒီ page လေးကနေပြီးတော့ မင်မင်သိသလောက် Bunny လေးတွေရဲ့ ကျန်းမာရေး အစားအသောက်နဲ့ အနေအထိုင်အသွားအလာများ အကြောင်းနဲ့ မင်မင် ရဲ့ ယုန်မွေးခြင်း အတွေ့အကြုံလေးတွေကိုလဲ ဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင့်.... အားလုံးပဲ page လေးကို like လုပ်ပြီးတော့ ဝန်းရံပေးကြပါဦးရှင့်....

#ဝန်းရံအားပေးကြတဲ့လူများကို ကျေးဇူးတင်ပါတယ်ရှင်....

26/08/2019

Address


Telephone

09799882826

Website

Alerts

Be the first to know and let us send you an email when Vicky Way Bunny World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share