15/11/2024
တနေ့တနေ့ မေ က ဘာတွေမေးမှန်း မသိဘူးဗျာ။
သားရေ ချားကိုးလေးဆိုတာ ဘယ်သူလဲ တဲ့ ၊မေးနေတယ် ။ ဖြေလိုက်အုံး တဲ့
ချားကိုးလေးက လိမ်မာလားတဲ့
သားရေ မေ့အသဲလေးက ချားကိုးလေးလား မမတုန်လား ဖြေပါအုံး တဲ့
သားရေ မေ့ရဲ့ အသေးတုံး ပိစိလေးက ဘယ်သူလဲ တဲ့
သားရေ မေ့ရဲ့ ဘူးဘူးလေးက ဘယ်သူလဲ တဲ့
သားရေ မေ့မေ့ဘူးသီးလေးက ဘယ်သူလဲ တဲ့
သားရေ မေ့ကိုချစ်လား ဘယ်လောက်ချစ်လဲ တဲ့
သားရေ မေ့သားလေးလား ဖေ့သားလေးလား တဲ့
သားရေ သားရေ သားရေ နဲ့
ကျနော် ဘယ်လို ဖြေရမလဲဗျာ ပြောကြပါအုံး 🫠🫠🫠