The Paws & Claws

  • Home
  • The Paws & Claws

The Paws & Claws Memories of Burmese Stary Dag named BoQuat and His sibling cats

15/07/2023

Before and After
Grow up challenge

Breed

ဝု မေမေနဲ့ လမ်းလည်ထွက် အမှတ်တရရွှေကြိုးနဲ့ သူဌေးသားကြီး   Breed
16/03/2023

ဝု မေမေနဲ့ လမ်းလည်ထွက် အမှတ်တရ

ရွှေကြိုးနဲ့ သူဌေးသားကြီး

Breed

ကမ်းခြေမှာ အပန်းဖြေနေတဲ့ ဝု
09/02/2023

ကမ်းခြေမှာ အပန်းဖြေနေတဲ့ ဝု



သူ့ကိုယ်လုံးမှ အားမနာ ကြောင်နဲ့ပေါင်းပီး ကြောင်လို လိုက်လုပ်နေတာ 🙄
02/11/2022

သူ့ကိုယ်လုံးမှ အားမနာ ကြောင်နဲ့ပေါင်းပီး ကြောင်လို လိုက်လုပ်နေတာ 🙄

15/10/2022

ဟူးမန်းတို့ ဝင်နားထောင်သွားကြအုံး
အိမ်က တိလေးတွေ ကျန်းမာရေးအတွက် ဘာလုပ်ပေးသင့်လဲ ရှင်း"လင်း" သိရတာပေါ့ တိဆရာဝန်က သေချာ ရှင်းပြထားတာ

ဝု ဝု မတွေ့တာကြာပြီ ဟူးမန်း တို့ 🥱🥱
10/10/2022

ဝု ဝု မတွေ့တာကြာပြီ ဟူးမန်း တို့ 🥱🥱


"အသားမဲ အရဲဆင်" ဆိုတာ 🥶ဟူးမန်းမ က ဝယ်ပေးတော့လည်း ဝတ်ပြရတာပေါ့
02/09/2022

"အသားမဲ အရဲဆင်" ဆိုတာ 🥶
ဟူးမန်းမ က ဝယ်ပေးတော့လည်း ဝတ်ပြရတာပေါ့




မမ က ဝု ကို လွမ်းလို့တဲ့ ဝု မမ နဲ့ video call ခေါ်
23/07/2022

မမ က ဝု ကို လွမ်းလို့တဲ့
ဝု မမ နဲ့ video call ခေါ်

22/07/2022

""သတိထားကြပါ""
ရာသီဥတု အခြေအနေ ပြောင်းလဲနေမှု အရ မိမိတို့အချစ်တော် ကလေးများ၊ "အိမ်မွေးတိရစ္ဆာန်လေး" များကို ဂရုတစိုက် ကြည့်ရှု စောင့်ရှောက် ပြုစုထားကြပါရန် မေတ္တာဖြင့် သတိပေးအပ်ပါတယ် ခင်ဗျာ...
လက်ရှိဖောက်ပြန်နေသော ရာသီဥတုအရ ယခု နှစ်ပတ်အတွင်း မလိုလားအပ်သော၊ မထင်မှတ်ထားသော ကျန်းမာရေး ချို့ယွင်းမှုများကို ကလေးပိုင်ရှင်များထံမှ ကြားရှိရပြီး၊ အကြံပေးဆွေးနွေးမှုများ၊ ကုသထိုးနှံမှုများ ကို များစွာကြုံတွေ့လုပ်ကိုင်နေရသဖြင့် ကလေးများနှင့် ကလေးချစ်သော မိတ်ဆွေများအတွက် များစွာ စိုးရိမ်မိပါသည်။
အဓိက အချက်အားဖြင့် မိမိအချစ်တော် အိမ်မွေးတိရစ္ဆာန်လေးများအား.....
@ မလိုအပ်ပဲ ပြင်ပသို့ အလည်အပတ်သွားခြင်း၊ ထိန်းကျောင်းခြင်း မပြုလုပ်ကြပါနှင့်...

@ နွေးထွေးသော ပတ်ဝန်းကျင်၊ နွေးထွေးသော ဝတ်စားပြုစုခြင်းများ လိုအပ်သလို ပြုပြင်ထားပေးပါ...

@ စားနေကျမဟုတ်သည့် ပြင်ပစာများကို ချစ်သောစိတ်တစ်ခုတည်းဖြင့် အလွန်အကျွံ ကျွေးမွေးခြင်းကို ရှောင်ကျဉ်ပါ...

@ ပြင်ပမှ ရောဂါရှိနေသော ကလေးများကို ကိုင်တွယ်ပြီးပါက လိုအပ်သော သန့်ရှင်းမှုများပြုလုပ်ပြီးမှ မိမိအိမ်တွင်းရှိ ကလေးများကို ထိတွေ့ကိုင်တွယ်ပါ...

@ ယခုရက်ပိုင်းအတွင်း မိမိကလေးငယ်များ၏ Behaviour Symptom အမူအကျင့် လက္ခဏာများ၊ ပုံမှန်ရှိမရှိ ဂရုစိုက်ကြည့်ရှုထားရန်လည်း လိုအပ်ပါသည်...

@ Abnormal Behaviour ဖြစ်တတ်သော ရုတ်တရက် ငြိမ်သက်သွားခြင်း၊ မှိုင်တွေခြင်း၊ အော့အန်ခြင်း၊ အစာမစားခြင်း၊ ဝမ်းပျက်၍ ရေဓာတ်ခန်းခြောက်ခြင်းများတွေ့ရှိရပါက မိမိတို့ကလေးများ၏ သက်ဆိုင်ရာ ဆေးရုံ ဆေးခန်း၊ မိသားစုဆရာဝန်များဆီသို့ တိုင်ပင်ဆွေးနွေးကာ လိုအပ်သော ကာကွယ်ပြုစုကုသမှုများ လုပ်ဆောင်သင့်ပါသည်...

@ ရုတ်တရက် အသက်ရှုရကျပ်ခြင်း၊ အော့အန်ခြင်းများဖြစ်ပေါ်ပါက ချက်ခြင်း လေဝင်လေထွက်ကောင်းသောနေရာ၊ နွေးထွေးသောနေရာတွင်၊ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့အား ရေနွေးအိတ် ရေနွေးပုလင်း ကပ်ပေးခြင်း၊ ပါးစပ်တွင်းသို့ Glucose OR သကြားရည်လေး အနည်းငယ် အစက်ချတိုက်ကျွေးခြင်းကို ရှေးဦးပြုစုသင့်ပါသည်။

ထိုသို့အားဖြင့် ပြောင်းလဲသောရာသီဥတုရက်အတွင်း ဖြစ်တတ်သော မလိုလားအပ်သည့် ကျန်းမာရေး ဖောက်ပြန်မှုများကို အတိုင်းအတာတစ်ခုအနေဖြင့် ကာကွယ်ကျော်လွှားနိုင်မည်ဟု ယူဆမိပါသည်...
မိမိမိတ်ဆွေ အိမ်မွေးတိရစ္ဆာန်ချစ်သူအပေါင်း ပြည့်စုံစွာ ပျော်ရွှင် အေးချမ်းကြပါစေ...........Dr. Kyaw Zay Ya.......

QuatQuat's 1 Year Growing up မွေးစားခံရပြီး ၁ ပတ်အကြာ နဲ့ ၁ နှစ်အကြာ
11/07/2022

QuatQuat's 1 Year Growing up
မွေးစားခံရပြီး ၁ ပတ်အကြာ နဲ့ ၁ နှစ်အကြာ


မနက် ဆို အိပ်ပုတ်နေတဲ့ ဝုကိုကြီးကို အဲ့လို နှောက်ယှက်ပြီး အကျင့်ပုတ် လိုက်ရမှ  🤫  breed
06/07/2022

မနက် ဆို အိပ်ပုတ်နေတဲ့ ဝုကိုကြီးကို အဲ့လို နှောက်ယှက်ပြီး အကျင့်ပုတ် လိုက်ရမှ 🤫

breed

05/07/2022

ဖီဖီ ကလည်း ဝု က စားချင်လို့ တောင်းနေတာကို ဝုတ်တယ်
Breed

ရေမချိုးခင်                              နဲ့။                 ရေချိုးပြီး 😋
02/05/2022

ရေမချိုးခင် နဲ့။ ရေချိုးပြီး
😋

30/04/2022

အဖွဲ့ဝင် အသစ်ကလေး ဘာအကောင်လဲ သိကြလား

ဒီနေ့မှ အိမ်စရောက်တာ ဆိုင်ကလာပို့တာနဲနဲညစ်ပတ်နေတယ်

ဒီကဟူးမန်းမနဲ့ ရင်းနှီးမှုယူရအုံးမယ် ပြီး‌ေတာ့မှ ရေချိုးပီး အလန်းလေး ဖြစ်အောင် လုပ်ပေးမယ်လို့

ဆိုင်မှာတုန်းက လှောင်အိမ်ထဲ အကောင်အများကြီးကျဉ်းကျဉ်းလေးနေလာခဲ့ရတာ

ကဲကဲ ခုတော့ အခန်းကြမ်းခင်း တစ်ခုလုံး သူ့တစ်ကောင်တည်း အတွက် အပိုင်ပေးလိုက်ပြီ

21/04/2022

ဗမာခွေး လည်း သေချာသင်ရင် တတ်ပါတယ် ဗျို့

ထိုင်ဆို ထိုင် လက်ကို ဘယ်ညာ ပေးတာ
တစ်ခုခုကျွေးတဲ့အခါ မလုစားရဘူး သေချာထိုင်စောင့်ရမယ်လို့

ကြက်ကင်ကိုရှေ့ချထားကြည့် ဘယ်တော့မှ လုံးဝကို ဝင်လုစား ယူစားတာ မရှိဘူး ထိုင်စောင့်နေတာ အချိန်ကြာရင် လက်ကလေးနဲ့တို့ပြီးခေါ်မယ် စိတ်မရှည်တော့ရင် တဝူးဝူးနဲ့ စကားတွေ ထပြောမှာ 🙄

Don't Buy, Please Adopted 😘
Follow and Support Burmese Stray Dog Breed 😍


(QuatQuat)

ကိုယ့်အာဝု တွေကို ဘယ်သွားသွားခေါ်ဆောင်ချင်တာဆိုရင်  😍 #တိgpထဲကcmtမှာတွေ့လို့သိမ်းထားရင်းpostပြန်တင်တာပါခိုးယူခြင်းမဟုတ်ပ...
19/04/2022

ကိုယ့်အာဝု တွေကို ဘယ်သွားသွားခေါ်ဆောင်ချင်တာဆိုရင် 😍

#တိgpထဲကcmtမှာတွေ့လို့သိမ်းထားရင်းpostပြန်တင်တာပါခိုးယူခြင်းမဟုတ်ပါ
#မူရင်း‌ေရးသားသူကိုရှာမတွေ့လို့ပါpleaseမူရင်းရေးသားသူကိုcreditပေးပါတယ်ရှင့်

Mg Mg Kyi 🐶ခွေးခွင့်ပြုသည့် မြန်မာနိုင်ငံတစ်ဝမ်းမှ Hotel များ... 🐾

ဒါလေးတွေက မင်မင် 2019 - 2022 အတွင်း သွားခဲ့တဲ့ခရီးစဉ်တွေနဲ့ ခရီးသွားတတ်တဲ့ Puppyလေးတွေရဲ့ ဖေဖေမေမေတွေဆီကနေ သိရတာလေးတွေမှတ်ထားတာလေးတွေပါ...
နှစ်တွေလည်းကြာပြီဆိုတော့ အခုရမရတော့ မင်မင်လည်း အရင်ကလို ခရီးတွေမသွားဖြစ်တော့ သိပ်မသိဘူးဖြစ်နေတယ်... မင်မင်ကတော့ မင်မင့်ကလေးကို ဘယ်နေနေခေါ်သွားတယ် ….

ခရီးသွားတဲ့အခါ ကလေးတွေပါမဖြစ်မနေခေါ်သွားရတဲ့အခါ လုံးဝမသိတာထက်စာရင် ဒီLists ထဲက Hotels တွေဖုန်းဆက်မေးလို့ရတာပေါ့နော် ☺️

မရတော့တာရှိရင် မင်မင်ကို မန့်လေးမှာပြောပေးနော်
မင်မင် Note ထဲမှတ်ထားတဲ့ စာရင်းတွေ ချက်ချင်းပြန်ပြင်ပြီး ခရီးတွေပြန်ထွက်ဖြစ်တဲ့အခါလည်း List ကို Update ထပ်တင်ပေးမယ်နော် 😘

ကလေးတွေကိုခရီးခေါ်သွားတဲ့အခါ အထူးဂရုစိုက်ရမှာက ကားမှန်တံခါးကို အလုံပိတ်ပြီး ကလေးတွေလုံးဝမထားခဲ့ပါနဲ့နော်
ပူအိုက်လွန်းတဲ့ရာသီမှာ ကလေးတွေ အသက်ရှူကြပ် Heat Stroke ဖြစ်ပြီး သေဆုံးနိုင်ပါတယ်
ကလေးတွေကို ဂရုတစိုက်မျက်ခြေမပျက်ကြည့်နေဖို့လည်းမမေ့ပါနဲ့နော် (ဖြစ်နိုင်ရင် ကြိုးလေးချည်ထားပါနော်)
ကားဆိုင်ကယ်တွေနဲ့ကလေးတွေ အန္တရာယ်များလို့ပါ

နောက်ပြီး ဆော့တတ်တဲ့ကလေးတွေအတွက်ဆို dry shampoo, ဆေးဝါးအပြည့်အစုံ , ကားကြာရှည်စီးရတဲ့ခရီးစဉ် ၊ လေယဉ်နဲ့သွားရတဲ့ခရီးစဉ်တွေမှာဆို ဓာတ်ဆားထုတ် ထည့်သွားသင့်ပါတယ် ။

သားသားမီးမီးတို့ပိုင်ရှင်တွေကလည်း ကလေးတွေရဲ့ ဝေရာဝစ္စအလုံးစုံကို သေချာအာမခံပေးကြပါနော်

တည်းခိုလိုရတာလေးများရှိရင် မန့်ထဲမှာ ပြန်လည်ဝေမျှခဲ့ပါဦးရှင့် 😚

🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾

ငွေဆောင်-Emerald Sea
ငွေဆောင်-Lux
ငွေဆောင်-Ocean Blu
ငွေဆောင်-Ria resort
ငွေဆောင်-Silver coast
ငွေဆောင်- The sea
ငွေဆောင်-ယမုံနာဦး
ချောင်းသာ-ရွှေသောင်ယံဟိုတယ်
ချောင်းသာ-Chaung Thar Lodge (fees 25000)
ချောင်းသာ-Akariz Resort(fees 20000)
ချောင်းသာ-Diamond hotel
ချောင်းသာ - Amazing Hotel ( Fees 10000 - only small )
ချောင်းသာ - Coral view ( ဖိုးကုလားကျွန်း )
ချောင်းသာ - Golden Beach
ငပလီ-Silver Beach Hotel
ထားဝယ်-မောင်းမကန်ဟိုတယ်
ထားဝယ်-Star Hotel
ကျိုက်ထို-Golden Bliss Hotel
ကျိုက်ထို-သုဝဏ္ဏဘူမိ
ကျိုက်ထို-Shwe Hin Tha Hotel
ကျိုက်ထီးရိုး-ရိုးရိုးလေး
ကျိုက်ထီးရိုး-ကျိုက်ထိုဟိုတယ်
ဘားအံ-Hpa-An Breeze Hotel
မော်လမြိုင်/စက်စဲ-21 Paradise Hotel
မော်လမြိုင်/စက်စဲ-ထွန်းguesthouse
မော်လမြိုင်-ဆဝါဒီ ဟိုတယ်
ပုဂံ-ခရေ တည်းခိုရိပ်သာ(ရွှေစည်းခုံဘုရားနား)
ပုဂံ-မြပြည့်စုံ
ပုဂံ-လွင် ပုဂံ မိုတယ်
ပုဂံ-We Stay Bagan Lotus Hotel(ကျောက်ပန်းတောင်းလမ်း)
ပုဂံ - မြရတနာ ဟိုတယ်
ပုဂံ-Fortune Bagan Hotel
ပုဂံ - Hotel Amazing
ပုပ်ပါး-Hotel King
ရန်ကုန်-Reallink Hotel
ရန်ကုန်-383Villa(မြောက်ဒဂုံ)
ပုသိမ် - Hotel Naung Yoe
ပုသိမ် - Pathein Hotel
ပုသိမ် - New PanPawaddy
က​လော-Seint Hotel
ကလော-Kalaw Cabin ( #အခုမရတော့ပါဘူးတဲ့ )
ကလော-Hill Lodge
မန္တလေး-M3 Hotel ( #ယခုအပြီးပိတ်သိမ်းထား )
မန္တလေး-Kyi Tin hotel
မန္တလေး - Oasis Inn Hotel
မန္တလေး-Power Hotel (ခွေးသေး Only)
မန္တလေး - Hotel 78 ( training small pet များသာ )
ပြင်ဦးလွင်-မောင်တို့ချယ်ရီမြေ
ပြင်ဦးလွင်-Agga Tiny House
ပြင်ဦးလွင်-Tiger Hotel
ပြင်ဦးလွင် - Royal Reward Resort
ပြင်ဦးလွင်-Mount Strawberry
ပြင်ဦးလွင် - white rose hotel
ပြင်ဦးလွင် - Pyin Oo Lwin Triplet Hotel
တောင်ကြီး - Hotel La Vista ( Fees - 10,000 )
ပြည်-Golden Dragon HotelCharge ပေးရပါတယ်)
ပြည်-Sweet golden land hotel
ဇလွန်က တည်းခိုရိပ်သာ၂ ခုလုံးတည်းခိုလို့ရပါတယ်
တောင်ငူ-Hotel Amazing
ဂေါ်ရန်ဂျီကျွန်း-Adventure Paradise Hotel
အင်းလေး- weaver’s Boutique Homestay
မြစ်ကြီးနား- Plam spring resort
သီပေါ- Hsipaw resort
ချင်း-Sor long cbt community lodge

14/04/2022

ဝု ဘဲ့ကောင်းတယ် 🏖️ ⛱️ 🦀 🐚 🩴

သနားပါတယ် ဘိုကွက်လေး bodyကသာ ထွားတာ လူနဲ့ ကပ်ချွဲပြီး နေဖို့ဘဲ့ သိတာ ဘယ်လို ရန်ဖြစ်ဘိုကျ ရမလဲ မသိရှာဘူး နှာသီးမဲခွေးတွေက...
08/04/2022

သနားပါတယ် ဘိုကွက်လေး bodyကသာ ထွားတာ လူနဲ့ ကပ်ချွဲပြီး နေဖို့ဘဲ့ သိတာ ဘယ်လို ရန်ဖြစ်ဘိုကျ ရမလဲ မသိရှာဘူး

နှာသီးမဲခွေးတွေက ကိုက်တတ်တယ် ဆိုးတယ်ဆို ပြောကြတာက 🙄

သူ့အလှည့်ကျမှ ချွဲဖို့ဘဲ့ သိတယ် သူ့ရုပ်မှ သူအားမနာ

အိမ်ပတ်ဝန်းကျင် တခြားအနိုင်လိုဘိုကျတဲ့ခွေးအုပ်က တချိန်လုံး လာလာ ကိုက်နေတာ 😡

06/04/2022

သူ့များအိမ်က ကြောင်ပိစီတွေဆို လိုက်အနိုင့်ကျင့်ပြီး
သူ့အိမ်က ‌ေမွးတဲ့ ကြောင်ပေါက်ပိစီ လေးတွေကျ နူးညံ့ပြီး
ချစ်ပေးနေလိုက်ပုံ 🙄

ကလေးထိန်းကြီး ဘိုကွက်နဲ့ အနောက်က ညောင်အပျိုကြီး နို့မှုံ
ခုမှ သူ့နဲ့က‌စားဖော်ရသွားလို့ ဖြစ်သည်းနေတာ

06/04/2022
06/04/2022
ဝုမမ အလုပ် ခရီးမထွက်လေး selfie  18/3/22
21/03/2022

ဝုမမ အလုပ် ခရီးမထွက်လေး selfie
18/3/22

👀
16/03/2022

👀

15/03/2022

Lonely I am so lonely.........

အမှိုက်ဖွ ရမှာက ဝုတာဝန်သိမ်းရမှာက ဟူးမန်းမ တာဝန် ဟုတ်ကဲ့ 🥲
14/03/2022

အမှိုက်ဖွ ရမှာက ဝုတာဝန်
သိမ်းရမှာက ဟူးမန်းမ တာဝန်
ဟုတ်ကဲ့ 🥲

08/03/2022

စက်ချုပ်နေပါတယ် ဆိုမှ အော်

တရေးအိပ်အုံးမယ် ဗျို့  😍 ဝုက မြောင်နဲ့လည်း တည့်အောင်ပေါင်းတတ်တယ် လို့
05/03/2022

တရေးအိပ်အုံးမယ် ဗျို့ 😍

ဝုက မြောင်နဲ့လည်း တည့်အောင်ပေါင်းတတ်တယ် လို့

26/02/2022

သတိထားကြပါ ကိုယ့်အာဝုလေး တွေကို အစာကျွေးရင်
ဖြစ်နိုင်ရင် အရိုးမာတာတွေ ချွန်ပြီး ကြီးနေတဲ့ အရိုးတွေ မကျွေးပါနဲ့ အာဝုတို့ရဲ့ ကိုက်အားကောင်းလို့သာ ကြေပြီး မျိုချတာ ဗိုက်ထဲ အစာ မချေနိုင်တာ သို့ အူတွေမှာ တစ်ခုခု ဖြစ်မှာ စိုးရိမ်ရပါတယ် သူတိူ့လေးတွေက နေမကောင်းရင် ပါးစပ်က မပြောပြတတ်ကြပါဘူး လူက စောစော မရိပ်မိရင် အန္တာရယ် များလို့ပါ

3လကြာပြ‌ီးနောက် ပြောင်းလဲလာမှု
15/02/2022

3လကြာပြ‌ီးနောက် ပြောင်းလဲလာမှု

11/02/2022

ဆရာကြီး ဘိုကွက် ရေဘယ်လိုချိုးသလဲ မေးးး

ဝု ကိုဘဲ့ သေချာကြည့်နော်

ငယ်ကျွန်ကြီး ဟူးမန်းမကို သွားမကြည့်နဲ့
& claws

Boo!!! 👅👅👅 &claws
10/02/2022

Boo!!! 👅👅👅

&claws

B**b OR Tooth ???
05/02/2022

B**b OR Tooth ???

04/02/2022

ဘာတုန်း ဘာတုန်း

ကုန်ပါပြီ မုန့်လုပ်မယ့် ဟာတွေဝောာ့ 🥲🥲မရိုက်ရက်တဲ့အပြင် သူ့ကြည့်ပြီး ချစ် လို့ 🥰
29/01/2022

ကုန်ပါပြီ မုန့်လုပ်မယ့် ဟာတွေဝောာ့ 🥲🥲

မရိုက်ရက်တဲ့အပြင် သူ့ကြည့်ပြီး ချစ် လို့ 🥰

ဝု ဆိုင်ကယ်မောင်းskill ကို သိလား
26/01/2022

ဝု ဆိုင်ကယ်မောင်းskill ကို သိလား

Woofy Christmas 🌲☃️
25/12/2021

Woofy Christmas 🌲☃️

QuatQuat_The Burmese stray dog BreedsAge _ 4 months Color _ mixed gray, white and Brown
25/11/2021

QuatQuat_The Burmese stray dog Breeds
Age _ 4 months
Color _ mixed gray, white and Brown

Then                      VS                Now 3 months later
18/11/2021

Then VS Now

3 months later

မိုးကလည်း တယ်အေးသကိုးဗျ တိချစ်သူ ဖီဖီ မီမီ တို့ goodnight ပါ 🐶
13/11/2021

မိုးကလည်း တယ်အေးသကိုးဗျ
တိချစ်သူ ဖီဖီ မီမီ တို့ goodnight ပါ
🐶

31/10/2021

အိမ်က ‌ငမဲမပါ Trick or Treat လာလုပ်နေတာ 👻👻

Address


Website

Alerts

Be the first to know and let us send you an email when The Paws & Claws posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share