The Yorkie Times by MochaCake

  • Home
  • The Yorkie Times by MochaCake

The Yorkie Times by MochaCake The Pawfect Times of 2 Yorkies ��

FYI 🐾💛
29/06/2022

FYI 🐾💛

Microchip လုပ်တယ်ဆိုတာဘာလည်း? နာလား? အန္တရာယ်ရှိလား?

Microchip ကဘာလည်း?
Microchip လုပ်တယ်ဆိုတာ ကလေးတွေရဲ့ခန္ဓာကိုယ်ထဲမှာ ကိုယ်ပိုင်နံပါတ်တခုထည့်ပေးလိုက်တာပါပဲ။ ဆိုဒ်အားဖြင့် ဆန်စိလေးတစိစာလောက်ပဲရှိပါတယ်။ battery တွေဘာညာဘာမှမလိုအပ်ပါဘူးရှင့်။ scanner နဲ့ဖတ်လိုက်ရင် သူတို့အမှတ်စဉ်၊ သခင်နာမည်၊ လိပ်စာ စတာတွေပေါ်လာတဲ့ပေါ့နော်။ များသောအားဖြင့်ကျောမှာလုပ်ကြတယ်။

ဘယ်လိုလုပ်လည်း?
အပ်ကလေးနဲ့ chip လေးကိုကလေးတွေအသားထဲထည့်လိုက်တာပါ။

နာလား?
စာတမ်းတွေမှာလေ့လာရသလောက်တော့ ကလေးတွေအတွက်နာကျင်စေတဲ့လုပ်ငန်းစဉ်မဟုတ်ဘူးလို့ပဲအားလုံးကတညီတညွတ်ရေးထားကြပါတယ်။ စက္ကန့်ပိုင်းပဲကြာတဲ့လုပ်ဆောင်ချက်ဖြစ်ပြီးမေ့ဆေးဘာညာမလိုအပ်ပါဘူး။ နာမှာစိတ်ပူရင် ထုံလေးလေးလိမ်းပေးလို့ရပါသေးတယ်။

ဘာအန္တရာယ်တွေရှိနိုင်လည်း?
Side effects မရှိဘူးပြောကြသော်လည်း တချို့ကလေးတွေမှာ အမွှေးနဲနဲကျွတ်တာမျိုး၊ ပိုးဝင်တာမျိုး၊ အာလာဂျီဖြစ်တာမျိုးလေးတွေဖြစ်တတ်တယ်လို့ လေ့လာရပါတယ်။ အကောင် ၁၀၀ မှာ ၉၉ လောက်ကတော့ ဘာ side effects မှမရှိပဲအေးဆေးလို့သိရပါတယ်။

Radiation ထွက်လား?
Scan လုပ်တဲ့အချိန်ခဏလေး Radiation ထွက်ပါတယ် သို့သော် အန္တရာယ်မပြုနိုင်လောက်တဲ့ပေါက်စိပေါက်စလေးပဲမလို့ အသက်အန္တရာယ်၊ ကျန်းမာရေးကို မထိခိုက်နိုင်ပါဘူး?

ဘာအတွက်လိုအပ်တာလည်း?
Microchips ရှိခြင်းအားဖြင့်ကလေးမှာကိုယ်ပိုင်နံပါတ်ရှိနေမယ်။ တယောက်ယောက်ခိုးယူသွားတာမျိုး၊ ပျောက်နေလို့ရှာတွေ့ရင်သေချာအောင်စစ်ဆေးလို့ရတာမျိုးတွေမှာအရေးပါပါတယ်။

GPS နဲ့တူလား?
မတူပါ။ microchip ရှိရုံနဲ့ ကလေးဘယ်ရောက်နေတယ်ကိုမသိရပါဘူး။ ကလေးကို scan ကြည့်ပြီးကိုယ့်ကလေးသေချာပါတယ်ဆိုတာ သက်သေအထောက်အထားပြုဖို့ပါပဲ။

ဘယ်လောက်လောက်ခံလည်း?
ကလေးတသက်လုံးတခါထည့်ပြီး ပြန်လဲစရာမလိုတော့ပါဘူး။

ဘယ်အရွယ်စပြီး microchip ထည့်လို့ရလည်း?
အသက် ၈ ပတ်နှင့်အထက်ကလေးတွေအကုန်ထည့်လို့ရပါတယ်။

ထည့်သင့်လား? မထည့်သင့်ဘူးလား?
ရှားမေကတော့ နဂိုထဲက microchip ထည့်ပေးဖို့အစီစဉ်ရှိတဲ့သူမလို့ ထည့်ပေးသင့်တယ်ဖက်ကိုပိုအားသားပါတယ်။ တခုခုအငြင်းပွါးစရာရှိလာရင်ပဲဖြစ်ဖြစ် ကိုယ့်ကလေးဖြစ်ကြောင်း identify လုပ်ရတာအရမ်းလွယ်ကူတာကို သဘောကျလို့ပါ။ နိုင်ငံခြားတွေမှာလည်း ဥပဒေအရထည့်ကိုထည့်ရတာဆိုတော့လေ…

သိချင်တာလေးတွေရှိရင်လည်းမေးခဲ့ပါ။ အတတ်နိုင်ဆုံးဖြေပေးပါမယ်ရှင့်

Address


Website

Alerts

Be the first to know and let us send you an email when The Yorkie Times by MochaCake posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share