Dr. HPMO

Dr. HPMO May be always for your pet.

✳ သားအိမ်ပြည်တည်နာ ခွဲစိတ်ကုသပေးခြင်း ✳  📢📢📣 ခွေး၊ကြောင်များအား တားဆေး (Depo) ထိုးခြင်းဆိုးကျိုးများ ⛔ သားလျောခြင်း ⛔ သာ...
28/06/2024

✳ သားအိမ်ပြည်တည်နာ ခွဲစိတ်ကုသပေးခြင်း ✳

📢📢📣 ခွေး၊ကြောင်များအား တားဆေး (Depo) ထိုးခြင်းဆိုးကျိုးများ
⛔ သားလျောခြင်း
⛔ သားအိမ်ပြည်တည်နာဖြစ်ခြင်း
⛔ နို့အကျိတ်ကင်ဆာဖြစ်ခြင်း
⛔ အဝလွန်ခြင်း
⛔ အရေပြားရောဂါများဖြစ်ပေါ်ခြင်း
⛔ အသက်သေဆုံးခြင်းများ ဖြစ်ပေါ်စေပါတယ်။
တားဆေး ထိုးခြင်းဟာ ကောင်းကျိုးမရှိသလို ဆိုးကျိုးပိုများစေပါတယ်။

❎❎❎📣📢တား ဆေး ထိုးခြင်းရဲ့ ဆိုး ကျိုး တစ်ခု🐈သားအိမ်ပြည်တည်နာ ခွဲ စိတ် ကုသပေးခြင်း #ငဖဲ #ပဒါန်း
06/06/2024

❎❎❎📣📢တား ဆေး ထိုးခြင်းရဲ့ ဆိုး ကျိုး တစ်ခု
🐈သားအိမ်ပြည်တည်နာ ခွဲ စိတ် ကုသပေးခြင်း
#ငဖဲ
#ပဒါန်း

The first dayof June 2024သားသား ၂ ကောင် 🥚🥚ဖြုတ် 😇သင်းကွပ်ခြင်းမှ ရ ရှိသော အကျိုးကျေးဇူးများ- ထိန်းချုပ်ရလွယ်ကူခြင်း- ရာသ...
01/06/2024

The first dayof June 2024
သားသား ၂ ကောင် 🥚🥚ဖြုတ်

😇သင်းကွပ်ခြင်းမှ ရ ရှိသော အကျိုးကျေးဇူးများ
- ထိန်းချုပ်ရလွယ်ကူခြင်း
- ရာသီချိန် လေ လွင့်သွားလာခြင်း မှကာ ကွယ်ခြင်း
- နေရာအနှံ့ ဆီးသွားခြင်းမှ ကာကွယ်ခြင်း
- ရန်လိုမှု နည်းစေခြင်း
- တစ်ကောင်နဲ့ တစ်ကောင် ခိုက်ရန်ဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း
- ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ခြင်း
- ကူးစက်ရောဂါများ ကူးစက်ခံရမှု နည်းပါးစေခြင်း
- လိင်မှ တဆင့်ကူးစက်သောရောဂါများမှ ကာကွယ်ပေးခြင်း
- ဟော်မုန်းကြောင့်ဖြစ်သော အရေပြားရောဂါများမှ ကာကွယ်ပေး ခြင်း စတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။😊😊
#ငဖဲ
#ပဒါန်း

🐶🍏မဲတလုံး၊ ဘိုနီ၊ ဘိုကျား၊ မိကျား၊ နေညိုရီ၊ ဝိုင်းလုံ တို့အား💉💉 🐶🐶DHPPL ရောဂါ (၅) မျိုး ကာကွယ်ဆေးနှင့်ခွေးရူးပြန်ရောဂါကာ...
28/05/2024

🐶🍏မဲတလုံး၊ ဘိုနီ၊ ဘိုကျား၊ မိကျား၊ နေညိုရီ၊ ဝိုင်းလုံ တို့အား
💉💉 🐶🐶DHPPL ရောဂါ (၅) မျိုး ကာကွယ်ဆေးနှင့်
ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခြင်း။

📣📣❇✳ မိမိတို့ ရဲ့ အသဲကျော် ပဲလှော် လေး တွေ
- ရောဂါကူးစက် မခံရစေချင်ရင်
- ရောဂါဝေဒနါ မခံစားရစေချင်ရင်
- မိမိတို့ရဲ့ ရင်ခွင်ထဲကနေ မထွက်ခွာသွားစေချင်ရင်
- မိမိ နဲ့ မိမိ မိသားစုအား ရောဂါမကူးစက်စေချင်ရင် တော့
မဖြစ်မနေ ထိုးထားဖို့ လိုပါတယ် ရှင့် ။
#ငဖဲ
#ပဒါန်း

သားသား မိုနို ကာကွယ်ဆေးတွေစုံပြီး ရေချိုးလို့ရပါ ပြီ 🐶🐶
25/05/2024

သားသား မိုနို ကာကွယ်ဆေးတွေစုံပြီး ရေချိုးလို့ရပါ ပြီ 🐶🐶

မီးမီး snow လေး ဗိုက်အပ် 😘😍
24/05/2024

မီးမီး snow လေး ဗိုက်အပ် 😘😍

🐶 ခွေးလေးတွေ အတွက် 5in 1 (ခေါ်) ရောဂါငါးမျိုးကာကွယ်ဆေး💉  က မဖြစ်မနေထိုးဖို့ လို လား❓🤔🤔 အဲဒီမေးခွန်းကို မဖြေခင် မေးခွန်း ...
22/05/2024

🐶 ခွေးလေးတွေ အတွက် 5in 1 (ခေါ်) ရောဂါငါးမျိုးကာကွယ်ဆေး💉 က မဖြစ်မနေထိုးဖို့ လို လား❓
🤔🤔 အဲဒီမေးခွန်းကို မဖြေခင် မေးခွန်း တခု ရှိပါတယ်။
လူတွေ ဘာ လို့ ကာကွယ်ဆေးကိုတီထွင်ခဲ့ကြတာလဲ❓❓
⛔၁။ အသက်သေဆုံးနိုင်လို့
⛔ ၂။ ရောဂါဝေဒနါ ပြင်းထန်စွာခံ စားရလို့
⛔ ၃။ လူကို ကူးစက်နိုင်လို့ (ကူးဆက်နှုန်းမြန်လို့)
အဓိက ဒီအချက်တွေကြောင့် ကာကွယ်ဆေးကိုတီ ထွင် ကြတာ ဖြစ်ပါ တယ်။
➡ ဒါဆို ရောဂါ (၅) မျိုး ကာကွယ်ဆေး က ဘာ ရောဂါတွေ ကာ ကွယ်နိုင်တာလဲ❓
💉 ရော ဂါ(၅) မျိုး ကာကွယ်ဆေးကို အတိုကောက် ➡DHPPL ⬅ လို့ ခေါ်ကြပါတယ်။
၁။ (Distember) ခွေးကျောက်ရောဂါ
- အသက်ရှုလမ်းကြောင်းနဲ့ ဦးနှောက်အာရုံကြောများအဓိကတိုက်ခိုက်ပြီး အသက်သေဆုံးနိုင်ပါတယ်။
၂။ (hepatitis) အသည်းရောင် အသားဝါရောဂါ
၃။ (Parvo) သွေးဝမ်းရောဂါ
- ကူးစက်နှုန်း မြန်ပြီး ခွေးငယ်လေးတွေမှာ အသက်သေဆုံးနှုန်း များသောရောဂါဖြစ်တယ်။
၄။ (Parainfluenza) တုပ်ကွေးရောဂါ
- အသက်ရှုလမ်းကြောင်းကိုအဓိကတိုက်ခိုက်ပြီး ခွေးငယ်လေးတွေမှာ ရောဂါလက္ခဏာပြင်းထန်နိုင်တယ်။
၅။ (leptospirosis)
- လူကိုကူးစက်နိုင်တဲ့ bacteria ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်တယ်။
📣📣 ငါးမျိုးစပ် ကာကွယ်ဆေး ထိုးခြင်းဖြင့် အပေါ်ကရှင်းပြခဲ့တဲ့ ရောဂါငါးမျိုးလုံးကို ကာကွယ်နိုင်ပါတယ်။
🤔ဘယ်အချိန်တွေမှာ ထိုးရလဲ❓
☑ ခွေး လေး အသက် (၄၅)ရက်သားမှစ၍ထိုးနှံရမယ်
☑ ပြီးလျှင် (၂၁) ရက်ခြားပြီး booster တစ်ကြိမ်
☑ နောက် (၂၁) ရက်ခြားပြီး booster တစ်ကြိမ် စုစုပေါင်း (၃) ကြိမ် ထိုးနှံ ပြီးလျှင်
☑ တစ်နှစ် ( ၁)ကြိမ် နှစ်စဥ်ထိုးနှံသွား ရ မှာ​ဖြစ်ပါတယ်ရှင့်။
✳❇❗ ကာကွယ်ဆေး မဖြစ်မနေထိုးဖို့လိုလား ဆိုတဲ့မေးခွန်း အတွက်
🍏 မိမိတို့ ရဲ့ အသဲကျော် ပဲလှော် လေး တွေ
- ရောဂါကူးစက် မခံရစေချင်ရင်
- ရောဂါဝေဒနါ မခံစားရစေချင်ရင်
- မိမိတို့ရဲ့ ရင်ခွင်ထဲကနေ မထွက်ခွာသွားစေချင်ရင်
- မိမိ နဲ့ မိမိ မိသားစုအား ရောဂါမကူးစက်စေချင်ရင် တော့
မဖြစ်မနေ ထိုးထားဖို့ လိုပါတယ် ရှင့် ။

ခွေးရူးပြန် ရောဂါကာကွယ်ဆေးထိုးခြင်း💉💉နှင့်သန်ချခြင်း 💊💊 #ခွေးရူးပြန်ရောဂါကာကွယ်ဆေး ကို အသက် ၃လမှ စတင်၍ထိုးနှံနိုင်သည်။
20/05/2024

ခွေးရူးပြန် ရောဂါကာကွယ်ဆေးထိုးခြင်း💉💉နှင့်
သန်ချခြင်း 💊💊
#ခွေးရူးပြန်ရောဂါကာကွယ်ဆေး ကို အသက် ၃လမှ စတင်၍ထိုးနှံနိုင်သည်။

ကျားကျားပေါများလွန်း၍ TVT လိင်မှတဆင့်ကူးစက်သော ကင်ဆာ ရောဂါ ခံ စားနေရတဲ့ လီလီလေး ပါတားဆေး လည်း ထိုး ထားပြီးသားလျော ထားတာက...
08/04/2024

ကျားကျားပေါများလွန်း၍ TVT လိင်မှတဆင့်ကူးစက်သော ကင်ဆာ ရောဂါ ခံ စားနေရတဲ့ လီလီလေး ပါ
တားဆေး လည်း ထိုး ထားပြီးသားလျော ထားတာကြောင့် သားအိမ် ပါ ထုတ် လိုက်ပါပြီ။
ကင်ဆာ ဆေး သွင်း ပြီး ကင်ဆာရောဂါလည်း ပျောက်ကင်းသွားပါပြီ။

🐕🐈 ​ခွေး၊ ကြောင် များ အတွက် ဖြည့်စွက်စာ💊💊 (အားဆေး) များ ရရှိနိုင်ပါတယ်။
22/03/2024

🐕🐈 ​ခွေး၊ ကြောင် များ အတွက် ဖြည့်စွက်စာ💊💊 (အားဆေး) များ ရရှိနိုင်ပါတယ်။

ခွေး၊ကြောင်များတွင် သန်း၊ မွှားများရှိခြင်း။သန်း၊ မွှား နှင့် မှို ကြောင့်ဖြစ်သော အရေပြားယားနာ များအတွက် ✅ ရေးချိုးဆပ်ပြ...
22/03/2024

ခွေး၊ကြောင်များတွင် သန်း၊ မွှားများရှိခြင်း။
သန်း၊ မွှား နှင့် မှို ကြောင့်ဖြစ်သော အရေပြားယားနာ များအတွက်
✅ ရေးချိုးဆပ်ပြာ
✅ ပေါင်ဒါ
✅ ဂုတ်အစက်ချဆေး
✅ ဆေးဆပ်ပြာခဲများ ရရှိနိုင်ပါတယ် ☺

🐶မဲလုံး 🐶မဲလုံး တစ်ကောင်ကတော့ ကိုယ်ဝန်အရင့်အမာကြီးနဲ့ သားလျော တာဖြစ်ပါတယ်ပိုင်ရှင်က သားလျောနေတာကိုမသိပဲ မွေးမယ် မွေးမယ်န...
12/03/2024

🐶မဲလုံး 🐶
မဲလုံး တစ်ကောင်ကတော့ ကိုယ်ဝန်အရင့်အမာကြီးနဲ့ သားလျော တာဖြစ်ပါတယ်
ပိုင်ရှင်က သားလျောနေတာကိုမသိပဲ မွေးမယ် မွေးမယ်နဲ့ထိုင်စောင့်ရင်း သုံးရက် ကြာ သွား ပြီးမှ ကျမ ဆီ ညသန်းခေါင် ၁၁ နာရီမှ ပဒါန်းကနေ ဆိုင်ကယ်ကြီး နဲ့ရောက်လာခဲ့ပါတယ်။
ကံမကောင်းစွာနဲ့ ကလေးတွေကအသက်မရှိတော့ပါဘူး။
နောက်လည်း ကလေးမယူချင်တော့တာ​ကြောင့်သားအိမ်ပါ ထုတ်ပေးလိုက်ပါတယ်။
😃 ၁၂ရက်မြောက်နေ့မှာ ချုပ်ရိုးဖြေ ပြီး မဲလုံး တစ်ကောင် ရာသက်ပန် အပျိုကြီးဘဝ သို့ကူပြောင်း သွားပါပြီ😁

🐕 🐩 စွာတေးမလေးမေပျိုဖြူ🐩🐕😎 မေပျိုဖြူတကောင်💉💉 တားဆေးထိုးပြီး မှ ခြံ ထဲ က လစ်ထွက်ပြီး ယောက်ျား ရသွားခဲ့ပါတယ်😔 သားအိမ်ပြည်တ...
08/03/2024

🐕 🐩 စွာတေးမလေးမေပျိုဖြူ🐩🐕
😎 မေပျိုဖြူတကောင်💉💉 တားဆေးထိုးပြီး မှ ခြံ ထဲ က လစ်ထွက်ပြီး ယောက်ျား ရသွားခဲ့ပါတယ်
😔 သားအိမ်ပြည်တည်နာ ကို close type ပုံစံ ဖြစ်နေ ခဲ့တာပါ
🙂 ပိုင်ရှင်နဲ့တိုင်ပင်ပြီး ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်
🤔😏 အရမ်းစွာလွန်းလို့ ချုပ်ရိုးဖြေမရမှာ စိတ်ပူတာနဲ့ ချုပ်ရိုး​ဖြေစရာမလိုအောင် ချုပ်ပေးခဲ့ပါတယ်😁😉 ဘယ်လောက် ထိစွာ လည်း ဆို ခွဲစိတ်ပြီးကထဲက ကျမ ကပ် လို့ မရတော့တာပဲ
🦊ခွဲစိတ်ပြီး ၂ပတ် ကြာတဲ့အချိန်မှာ ဖလန်း ဖလန်း နဲ့ ​စွာတေးပြန်လုပ်နေပါပြီ
#တားဆေးထိုးခြင်းသည်မလိုလားအပ်သောပြဿနာများဖြစ်ပေါ်စေသည်။
#စနစ်တကျတားဆက်ခြားခြင်းများဆောင်ရွက်ပေးကြပါ။

🐶🐶🍀🍀 တောလိုက်တော်သော ညိုမ 🍀☘🍁🎋🐶🐶💉💉ညိုမ တစ်ကောင် ကလေးတွေ ပွားမှာကြောင့် ပိုင်ရှင်ကိုယ်တိုင် တားဆေးထိုး လိုက်တာ​​ဖြစ်ပါတယ်...
03/03/2024

🐶🐶🍀🍀 တောလိုက်တော်သော ညိုမ 🍀☘🍁🎋🐶🐶
💉💉ညိုမ တစ်ကောင် ကလေးတွေ ပွားမှာကြောင့် ပိုင်ရှင်ကိုယ်တိုင် တားဆေးထိုး လိုက်တာ​​ဖြစ်ပါတယ်။💉💉
🕦🕦၂လ အကြာမှာ မစားနိုင်မသောက်နိုင် အမတန်ဆာမှ အရည်တွေကျနေတာ ကြောင့်တကြောင်း
🌵🌵☘🌿🐕 တောလိုက်အင်မတန်တော်သောကြောင့် တစ်ကြောင်း ခွဲစိတ်ဖို့ ရွေးချယ်လိုက်ပါတယ်။
အခုတော့🐕 ညို မ ဟာရာသက်ပန်အပျိုကြီးဘဝရောက်သွားခဲ့ပါပြီ။
တောလိုက်တာ ဘယ်လောက်စွမ်းသလဲဆို ၂ပတ်ပြည့်လို့ချုပ်ရိုးဖြေ ဖို့ ကို တောလိုက်သွားနေတာကြောင့်
၃ပတ်ပြည့်မှ ဖြည်ခဲ့ရ ပါ တယ်
ညိုမ တစ်ကောင် တောမှာပျော်ပြီး ပိုင်ရှင်အတွက်ဟင်းစာတွေ အများကြီး ရှာပေးနိုင်ပါစေ။

သားရှင်📣📣📣 ဖေဖေ၊မေမေ များသို့📣📣📣⛔ ဖေဖေ၊ မေမေ တို့ရဲ့ သားသား လေးများ မိန်းမနောက် ကောက်ကောက်ပါအောင် လိုက်ရာမှ ထိခိုက်ဒဏ်ရာ...
26/02/2024

သားရှင်📣📣📣 ဖေဖေ၊မေမေ များသို့📣📣📣
⛔ ဖေဖေ၊ မေမေ တို့ရဲ့ သားသား လေးများ မိန်းမနောက် ကောက်ကောက်ပါအောင် လိုက်ရာမှ ထိခိုက်ဒဏ်ရာရခြင်း၊ ရောဂါကူးစက်ခြင်း ပိန်ချုံးချိနဲ့ကာ အိမ်သို့ ပြန် လာချိန် တွေ ကြုံနေ ရ ပြီ လား❓
⛔ သင်းကွပ် ပေးရင်လည်း ငရဲ ကြီးမှာ စိုးရိမ်နေလား❓
❇✳ ဒီလိုစိုးရိမ်နေကြတဲ့ ဖေဖေ၊ မေမေ တို့အတွက် သင်းကွပ် ခြင်းရဲ့ အကြောင်းလေးကို ဗဟုသုတ အနေ နဲ့ ပြော ပြ သွားမှာဖြစ်ပါတယ်။
😇သင်းကွပ်ခြင်းမှ ရ ရှိသော အကျိုးကျေးဇူးများ
- ထိန်းချုပ်ရလွယ်ကူခြင်း
- ရာသီချိန် လေ လွင့်သွားလာခြင်း မှကာ ကွယ်ခြင်း
- နေရာအနှံ့ ဆီးသွားခြင်းမှ ကာကွယ်ခြင်း
- ရန်လိုမှု နည်းစေခြင်း
- တစ်ကောင်နဲ့ တစ်ကောင် ခိုက်ရန်ဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း
- ဆီးကျိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ခြင်း
- ကူးစက်ရောဂါများ ကူးစက်ခံရမှု နည်းပါးစေခြင်း
- လိင်မှ တဆင့်ကူးစက်သောရောဂါများမှ ကာကွယ်ပေးခြင်း
- ဟော်မုန်းကြောင့်ဖြစ်သော အရေပြားရောဂါများမှ ကာကွယ်ပေး ခြင်း စတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။
📢ဒါ ကြောင့် သားသား လေးများ ကို သင်းကွပ်ခြင်းက သူတို့လေးတွေအတွက် ကောင်းကျိုးတွေအများကြီးရှိပါတယ်။
‼ငရဲ ကြီးမှာ လား❓ ဆိုတဲ့ မေးခွန်းကိုတော့ သားရှင် များကိုယ်တိုင်တွေးတော ဆင်ခြင်ကြ ကုန်လော့😊😊

❌🚫‼ သမီးရှင်များအားသတိပေးချက် ❌🚫🚫  ခွေး၊ကြောင်များအား တားဆေး (Depo) ထိုးခြင်းဆိုးကျိုးများ⛔ သားလျောခြင်း⛔ သားအိမ်ပြည်တည်...
23/02/2024

❌🚫‼ သမီးရှင်များအားသတိပေးချက် ❌🚫
🚫 ခွေး၊ကြောင်များအား တားဆေး (Depo) ထိုးခြင်းဆိုးကျိုးများ
⛔ သားလျောခြင်း
⛔ သားအိမ်ပြည်တည်နာဖြစ်ခြင်း
⛔ နို့အကျိတ်ကင်ဆာဖြစ်ခြင်း
⛔ အဝလွန်ခြင်း
⛔ ေဟာ်မုန်းမညီမျှခြင်းကြောင့် အရေပြားရောဂါများဖြစ်ပေါ်ခြင်း
⛔ အသက်သေဆုံးခြင်းများ ဖြစ်ပေါ်စေပါတယ်။
တားဆေး ထိုးခြင်းဟာ ကောင်းကျိုးမရှိသလို ဆိုးကျိုးပိုများစေပါတယ်။
ဒါကြောင့် သမီး ရှင် ပိုင်ရှင်များ မှန်ကန်သော တားဆက်ခြားခြင်းဆောင်ရွက်ပေးကြပါ။
အသေးစိတ်သိရှိလိုပါက 09 256192956 သို့ဆက်သွယ်၍ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

for your pets 🐻🐱🐶🐇🐏🐐🐖🐎🐂
23/02/2024

for your pets 🐻🐱🐶🐇🐏🐐🐖🐎🐂

ရန်ကုန်/ နေပြည်တော် တိရစ္ဆာန်ဆေးကုဆေးရုံ အမှတ်တရများ
18/02/2024

ရန်ကုန်/ နေပြည်တော် တိရစ္ဆာန်ဆေးကုဆေးရုံ အမှတ်တရများ

📣💊📣  ခွေး၊ ကြောင် များ ကို ပုံ မှန် သန်ချ​ ပေးဖို့ ဘာ လို့ လိုအပ်တာလဲ?သံချဆေးပုံမှန်တိုက်ကျွေးနေတဲ့ ခွေးကြောင်လေးများ ဟာ...
17/02/2024

📣💊📣 ခွေး၊ ကြောင် များ ကို ပုံ မှန် သန်ချ​ ပေးဖို့ ဘာ လို့ လိုအပ်တာလဲ?
သံချဆေးပုံမှန်တိုက်ကျွေးနေတဲ့ ခွေးကြောင်လေးများ ဟာ
၁။ ကိုယ်ခံအားကောင်းမွန်ခြင်း
၂။ အမွေးများ ပြောင်လက်တောက်ပြောင်နေခြင်း
၃။ ကျန်းမာ ဝဖြိုး စေခြင်း
၄။ ကာကွယ်ဆေး အောင်နှုန်း မြင့် မားခြင်း
၅။ လူသ်ို့ သန်ကောင်များ ကူးစက်ခြင်းမှ ကာ ကွယ်ခြင်း များ ရ ရှိမည်။
😾😿 သန်ချဆေး တိုက်ကျွေးမှုမရှိသော ခွေးကြောင်များတွင် ဝမ်းပျက်၊ ဝမ်းလျောခြင်း၊အန်ခြင်း၊ ချောင်းဆိုးခြင်း၊ ပိန်ချုံးချိနဲ့ခြင်း၊ အမွေးများ ဖျော့တော့ခြောက်ကပ်နေခြင်း၊ ကာကွယ်ဆေးမအောင်ခြင်း၊ ရောဂါပိုးများပိုမိုဝင်ရောင်ရန်လွယ်ကူခြင်း နှင့် အသက်သေဆုံး သည်အထိ ဖြစ်ပေါ်နိုင်ပါသည်။
🤔😇သန်ချဆေးကို နည်းမှန် လမ်းမှန် ဘယ်လိုတိုက်ကျွေးသင့်သလဲ💊💉⁉
⛔ ခွေးကြောင်အသက်၁၄ရက် (၂)ပတ်သားမှ စတင်၍ အသက် (၃) လ ပြည့်သည်အထိ ၂ ပတ်တစ်ကြိမ် တိုက်ကျွေးပေးရန်
⛔ အသက် ၃ လမှ တစ်နှစ်ပြည့်သည်အထိ ၃ လ တစ်ကြိမ် တိုက်ကျွေးရန်
⛔အသက် (၁)နှစ်မှစ ပြီး အစားအသောက်ပေါ်မှုတည်၍ (၃)လ တစ်ကြိမ် (သို့ ) (၆) လ တစ်ကြိမ်တိုက်ကျွေး ရန် လိုအပ်ပါသည်။
မှတ်ချက်။ တိရစ္ဆာန်ဆရာဝန်ညွှန်ကြားသော သန်ချဆေးများသာတိုက်ကျွေးရမည်။

16/02/2024

I am always for your pets.

📣📣📣 ခွေး၊ ကြောင်လေးတွေမှာ  ဒီလို လက္ခဏာတွေ တွေ့ခဲ့ ရင် သန် ချဖို့လိုနေပြီ🤑 အန်ခြင်း (သန်ကောင်များ ပါနိုင်သည်)💩 ဝမ်းလျောခ...
15/02/2024

📣📣📣 ခွေး၊ ကြောင်လေးတွေမှာ ဒီလို လက္ခဏာတွေ တွေ့ခဲ့ ရင် သန် ချဖို့လိုနေပြီ
🤑 အန်ခြင်း (သန်ကောင်များ ပါနိုင်သည်)
💩 ဝမ်းလျောခြင်း၊ မစင်ထဲတွင်သန်ကောင်များတွေ့ရခြင်း
😿 အမွှေးများ ခြောက်သွေ့ ခြင်း
😾 ကိုယ်အလေးချိန် ကျ ဆင်းခြင်း
😾 ဝမ်းဗိုက်ပူ လာခြင်း
😷 ချောင်းဆိုးခြင်း စတဲ့ လက္ခဏာများတွေ့ ခဲ့ရင် နီးစပ်ရာ တိရစ္ဆာန်ဆေးကု ဆရာဝန်နှင့် တိုင်ပင်ပြီး သန်ချရပါမယ်

📣📣 ငဖဲ၊ ပဒါန်း မှ တိရစ္ဆာန် ချစ်သူများသို့📣📣🖼 နွေ ရာသီသို့ရောက်လာပြီဖြစ်သဖြင့် မိမိတို့၏ အဖိုးတန် ခွေး၊ကြောင် လေးများအား...
11/02/2024

📣📣 ငဖဲ၊ ပဒါန်း မှ တိရစ္ဆာန် ချစ်သူများသို့📣📣
🖼 နွေ ရာသီသို့ရောက်လာပြီဖြစ်သဖြင့် မိမိတို့၏ အဖိုးတန် ခွေး၊ကြောင် လေးများအားလေရူးနှင့်အတူ မရူး ရလေအောင် ရည်ရွယ်၍
* ခွေးရူးရောဂါ ကာကွယ် ဆေး နှင့်
* ငါးမျိုးစပ်ကာကွယ်ဆေး (5 in 1)
အား လာမည့် စနေ ၊တနင်္ဂနွေ (17/18) ရက်များ တွင် ဆေးတစ်မျိုးလျှင်
၁၀၀၀၀ ကျပ် အထူးလျော့စျေးဖြင့် အိမ်တိုင်ရာရောက် ထိုးနှံပေးမည် ဖြစ်ပါသည်။
၀၉- ၂၅၆၁၉၂၉၅၆ သို့ ကြိုတင်၍ စာရင်း ပေးသွင်းနိုင်ပါတယ်ရှင့်
#မှတ်ချက်။ စနေ၊တနင်္ဂနွေ နှစ်ရက်ထဲသာ အထူးလျော့စျေးဖြစ်ပါသည်။
#နေကောင်း၊ ကျန်းမာသော၊ အသက်ပြည့်သော ခွေး​ကြောင် များကိုသာ ထိုးနှံ ပေးမှာဖြစ်ပါတယ်
ခွေးရူးကာကွယ်ဆေးအား အသက်(၃) လမှ စတင် ထိုးနှံနိုင်ပြီး ငါးမျိုးစပ်ကာ ကွယ်ဆေးအား (၄၅) ရက် မှ စတင်ထိုးနှံ နိုင်သည်။

Address

Ngaphe

Telephone

+959256192956

Website

Alerts

Be the first to know and let us send you an email when Dr. HPMO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr. HPMO:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share