Pet Rny

Pet Rny လူဆိုတာ အမှားနဲ့
မကင်းနိုင်ဘူးဆိုပေမဲ့၊
တစ်ခါမှားရင်ခွင့်လွှတ်လိုက်ပါ၊အခါခါမှားရင်စွန့်လွတ်လိုက်ပါ။

27/06/2023

🍂 🤍

Hlwan-လွှမ်း

17/06/2023

#နေကြပါစေတော့
🐾🐾🐾🐾🐾🐾🐾🐾

ကိုယ်က လိုက်လျောနိုင်မှ အကောင်းထင်တဲ့
အထက်စီးဆန်ဆန် ဆက်ဆံရေးတွေလည်း
မလိုတော့ပါဘူး ။

ကိုယ်က ပြုံးပြနိုင်မှ အကောင်းမြင်တဲ့
အပေါ်ယံဆက်ဆံရေးတွေလည်း
မလိုတော့ပါဘူး ။

ကိုယ်က အလျော့ပေးမှ ရေရှည်မြဲမဲ့
တစ်ဖက်သတ်ဆက်ဆံရေးတွေလည်း
မလိုအပ်တော့ပါဘူး ။

ကိုယ်က စခေါ်မှ အသိမှတ်ပြုကြတဲ့
အလိုက်အထိုက် ဆက်ဆံရေးတွေလည်း
မလိုချင်တော့ပါဘူး ။

ကိုယ်က ဆွဲထားနိုင်မှမြဲမဲ့
အတ္တခြုံဆက်ဆံရေးတွေကိုလည်း
မလိုလားတော့ပါဘူး ။

ပင်ပန်းလွန်းခဲ့ပါတယ်
ကိုယ်က မေတ္တာငတ်သူမို့ တွယ်တာတတ်လွန်းသူပါ
အထီးကျန်သူမို့ အစွဲလန်းကြီးသူပါ
ဒါတွေက တစ်ဖက်လူတွေအတွက် ချနင်းစရာ'
အနိုင်ယူစရာ အားနည်းချက်တွေဖြစ်ကြောင်း
တဖြေးဖြေး သိလာခဲ့ပါတယ် ။

တကယ်တော့ စစ်မှန်တဲ့ခင်မင်မှုဆိုတာ
အသွားအပြန်ရှိသလို " ကိုယ်တစ်ခါသူတစ်လှည့်ဆိုတာ
ရှိကြတယ်
မစစ်မှန်တဲ့ ဆက်ဆံရေးတွေမှာသာ
ချိန်ခွင်လျှာ တစ်ဖက်စောင်းနေသလို အသာစီးက
ယူတတ်ကြတာပါ ။

လူ့ဘဝဆိုတာ နေ့မြင်ညပျောက် ဘယ်သူမှ
ကိုယ်သေမဲ့ နေ့ရက်အချိန်ကို မသိကြပါဘူး ။
တစ်ရက်ဆိုတဲ့ အတိုင်းတာရဲ့ အသက်ရှင်မှုတန်ဖိုးကို
သိမြင်လာပြီးနောက်
မစစ်မှန်တဲ့အရာတွေကို လက်ခံထားပြီး
မပျော်ရွှင်ရတဲ့ဘဝထက် ပျော်ရွှင်မှုအစစ်တွေပဲ
လိုလားတော့တယ် ။

ကိုယ်ကချည်းလိုက်နေရတဲ့ ဆက်ဆံရေးတွေဟာ
စိတ်ရောလူပါ မောပန်းလွန်းခဲ့ရတယ် ။
မစစ်မှန်တဲ့အရာတွေ ဖမ်းဆုပ်ထားပြီး
စိတ်ဆင်းရဲနေရတာထက်
အစစ်မှန်မရှိလည်း ကိုယ့်ဘဝနဲ့ကိုယ်နေရင်
အေးချမ်းစေမှာပါ ။
ဒါကြောင့် မစစ်မှန်တဲ့အရာမှန်သမျှ ကို
နားလည်စွာ ကျောခိုင်းလိုက်ပါတယ်
နေကြပါစေတော့.....!!

📖📗📚
14/06/2023

📖📗📚

25/05/2023
03/05/2023

ဝေးပြီးတဲ့...နောက်

ကိုယ့်သမိုင်း တော့...
ကိုယ့်ကိုတိုင် ရေးခဲ့တာပဲ ။

ဆိုးတာက ....
ကိုယ့်ရေးတဲ့ သမိုင်းတစ်လျှောက်လုံးလုံးက၊
မင်းနာမည် က ၊
လိုက် လိုက် ပါနေတာက၊
ပို...
ခတ်....
တယ်.....။

( ၃ - ၅- ၂၀၂၃ )
////
လပြည့် ကဆုန်

သိစေချင်ရုံလေးပါ... ☺☺
23/04/2023

သိစေချင်ရုံလေးပါ... ☺☺

လူတစ်ယောက်ကို ချစ်ခင်ရင်းနှီးလာဖို့ အချိန်
အကြာကြီးပေးဆပ်ခဲ့ရတယ်

တစ်ယောက်နဲ့တစ်ယောက်
သဘောထားတူညီဖို့ အများကြီး အနစ်နာခံ
လိုက်လျောပေးရတယ်။

တစ်ခါတလေ ကိုယ့်ဆန္ဒထက်
သူ့ဆန္ဒကို ဦးစီးပေးပြီး
မျိုသိပ်လိုက်ရတာလည်း ရှိတယ်

ဒါပေမဲ့
လူတစ်ယောက်ကို
ဝေးကွာသွားစေဖို့က သိပ်မခက်ခဲဘူး

စကားတစ်ခွန်း စာတစ်ကြောင်းနဲ့ပဲ
ပေါင်းသင်းဆက်ဆံဖို့
ရေစက်ကုန်သွားစေနိုင်တယ်

စိတ်ဆိုးချင် ဆိုးပါစေ
စိတ်မနာပါစေနဲ့

စိတ်ဆိုးရင်
ပြန်တောင်းပန်လို့ ရနိုင်ပေမယ့်လည်း
စိတ်နာသွားရင်တော့
ဆက်လက်ပေါင်းသင်းဖို့ မဖြစ်နိုင်တော့ဘဲ
လုံးဝ ရပ်ဆိုင်းသွားမှာဖြစ်တယ်။

ဒေါက်တာရွှေထွန်း
22.7.2020

15/04/2023

ဦးနှောက်ကို အတ္တနဲ့ ပေါင်းစပ်ရင်
တစ်ကိုယ်ကောင်းဆန်မှုတွေ ဖြစ်ပြီး

ဦးနှောက်ကို မေတ္တာနဲ့ ပေါင်းစပ်ရင်
လောကကို အလှပန်းတွေ ဝေစေတယ်။

#ဆူး

စာရေးသူ အကောင့်-
https://www.facebook.com/Thiha2310

12/04/2023

" ကြာကြာပေါင်းမှအကြောင်းသိမယ် "

- ပြုံးပြတိုင်း မနောလှတယ်မထင်လိုက်နဲ့
အတွင်းပုပ်သိုးနေတဲ့နှလုံးသားကို
အပေါ်ယံအပြုံးနဲ့ အလှဆင်ထားသူတွေရှိတယ်။

- စကားချိုတိုင်း သဘောကောင်းတယ်မထင်နဲ့
ခါးသက်သက်စိတ်ဓာတ်ကို သကာလောင်းလို့
ဟန်ဆောင်ကောင်းနေသူတွေရှိတယ်။

- အပြောကောင်းတိုင်း မယုံမိစေနဲ့
လိမ်ညာမယ့်သူတွေက ယုံရလောက်အောင်ကို
အပြောကောင်းသူတွေဖြစ်တယ်။

- စိတ်ချရတယ်ထင်ပြီး လျှို့ဝှက်ချက်တွေကို
ရင်မဖွင့်မိစေနဲ့ "
နှစ်သိမ့်စကားရဲ့နောက်ကွယ်မှာ တသင်းဖွဖို့ သယ်ဆောင်သွားတတ်သူတွေရှိတယ် "
ဗူး အပေါက်တစ်ရာ လိုက်ပိတ်ဖို့ အလွယ်လေးပါ....

- သူချီးမွမ်းတိုင်း မုဒိတာပွားတယ်မထင်နဲ့
ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့မြှောက်ပင့်ပေးအတွင်းကြိတ်ပြီး မနာလိုဖြစ်တတ်သူတွေရှိတယ်"

- အပေါင်းအသင်းများတိုင်းမိတ်ဆွေစစ်လို့မထင်လိုက်နဲ့ အဆင်ပြေစဉ် ကူချင်သူများပေမယ့်၊
ဒုက္ခကြုံချိန် ထူ မ မယ့်သူရှားသွားနိုင်တယ်...

- လူကောင်းတစ်ယောက်ဖြစ်ရုံနဲ့ ရိုးသားတယ်လို့ စိတ်မချလိုက်နဲ့
စစ်မှန်တဲ့ရိုးသားမှုဆိုတာ အခွင့်ကောင်းတွေက
စမ်းသပ်လိုက်မှပေါ်လာတတ်တယ်"

- ပညာတတ်တိုင်း ပညာရှိတယ် မထင်လိုက်နဲ့
မှားမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နှိုင်စွမ်းအားနည်းလို့
ဘွဲ့ရပြီးပညာမတတ် သူတွေရှိတယ်"

-သတိထားပါ သစ်ပင် ကောက်တာ မြင်ရပေမယ့်
လူ ကောက်တာကိုမမြင်နိုင်ဘူး
- မြစ်တွေ ၊ ချောင်းတွေထက်လူတွေက ပိုကွေ့ကောက်တတ်တယ် ဆိုတာ မမေ့ပါနဲ့ "

- အပေါ်ယံ ချိုမြိန်မှုတွေကကြာကြာဝါးမှခါးမှန်းသိလာသလို"
လူတစ်ယောက်ရဲ့စိတ်ဓာတ် ၊လူတစ်ယောက်ရဲ့ စိတ်ရင်း အမှန်ကို ကြာကြာပေါင်းကြည့်မှသာ
အကြောင်းသိ လာပါလိမ့်မယ် ""

Credit #

12/04/2023

လူတစ်ယောက်ကပြောဖူးတယ်။

ပုပ်တဲ့သီးက
အလိုလိုကြွေတယ်တဲ့။

မနာလိုဝန်သိုများတာ၊အပြုအမူ
အကျင့် စရိုက်မကောင်းတာက
ထိုသူရဲ့အလုပ်ဖြစ်တဲ့အတွက်

အချိန်တန်ကျရင် သူသွားရာလမ်းတိုင်း
သူပြုတဲ့ကံအတိုင်းအဆုံးသတ်သွား
မယ်တဲ့။

ဒါကြောင့်

ကိုယ့်စိတ်နဲ့တန်တဲ့ ဝန်းကျင်မှာပဲနေတဲ့။

သူ့မစ္ဆရိယ၊သူ့က္ကသက ကိုယ့်ကို
မ​ငြိတွယ်စေမိနဲ့တဲ့။

သူ့ပါးစပ်ဖျား၊ သူ့စေရာအောက်မှာ ကိုယ့်စိတ်သန္တာန်မပျောက်စေနဲ့တဲ့။

သူစိုက်ပျိုးတဲ့အရိပ် သူပဲ ခိုစေတဲ့။

တစ်ခါတစ်လေကျရင် ဘဝဟာ
မကောင်းတာတွေကို ခဏခဏပို့တတ်
ပြီးမှ ကောင်းတာတွေကို ခံစားစေခိုင်း
တတ်တဲ့။

ဒါကြောင့်

ဒိီလိုအရာမျိုးတွေ၊ ဒီလိုလူတွေနဲ့
ကြုံတွေ့တဲ့အခါ

ရှောင်လွှဲလို့မရတော့တဲ့အခါ ပြုံးပြုံး
လေးနဲ့ ဆက်ဆံတတ်ဖို့ရယ်။

အတင်းသတင်းနဲ့ အစွပ်စွဲခံရတဲ့အခါ အရယ်မောမပျက်နဲ့ ဖြေရှင်းဖို့ရယိ။

အရေးမပါတာတွေကို ဘဝထဲကထုတ်ပစ်ပြီး ကြံကြံဒဏ်ခံနိုင်အောင်သန်မာလာအောင်ပဲ ပိုကြိုးစားဖို့ရယ်က

ကိုယိ့အလုပ်ပါပဲတဲ့။

လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါသည်"

🤝🏻🤝🏻
03/12/2022

🤝🏻🤝🏻

"မင်း ဖတ် ရ တာ တန် ပါ တယ်"

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။

တကယ်တော့
မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။

လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးနဲ့။

စွန့်ပစ်ခံရတယ်ဆိုတိုင်း
အမှိုက်မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်။

တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့သူတွေကို
လောကကြီးက သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ
အဲတော့ မနေချင်တဲ့သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူ့သဘောအတိုင်း ရှိပါစေ။

သူတို့ ဆုံးရွုံးသြားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကို။

ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။

ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။

နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ...
မင်းဖတ်ရတာ တန်ပါတယ်။

အားလုံးကိုလေးစားစွာဖြင့်...

🤍🤍🤍🤍
30/11/2022

🤍🤍🤍🤍

🤝🏻
30/11/2022

🤝🏻

" မစွန့်လွှတ်နိုင်သရွေ့ ခွင့်လွှတ်နိုင်ရမယ်...
မခွင့်လွှတ်နိုင်သရွေ့ စွန့်လွှတ်နိုင်ရမယ် " ဆိုတော့...

တချို့တွေက...
မုန်းတဲ့စိတ်တွေနဲ့
မခွင့်လွှတ်နိုင်ကြဘူး ။

တချို့တွေ...
ချစ်တဲ့စိတ်တွေနဲ့
မစွန့်လွှတ်နိုင်ကြဘူး ။

ဘာပဲဖြစ်ဖြစ်ပေါ့...

ကိုယ်ဖမ်းဆုတ်ထားမိတဲ့အရာက
" ကိုယ့်ရဲ့ရှင်သန်မှုကိုပါ ထိခိုက်လောက်တဲ့အထိ
နာကျင်နေပြီ " ဆိုလို့ကတော့...

ခွင့်လွှတ်စရာရှိတာ ခွင့်လွှတ်လို့
စွန့်လွှတ်စရာရှိတာ စွန့်လွှတ်ဖို့

လွှတ်ချလိုက်တာဟာ အကောင်းဆုံးပါပဲ ။

#ဘဝအားဆေး

30/11/2022

စိတ်ထားလှအောင်အမြဲနေပါ။
🔸🔸🔸🔸🔸🔸🔸🔸
လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ် ချောနေတယ်ဆိုရင် .....
အဲ့ဒိ့လူက စိတ်ထားကောင်းတယ်။
ဖြူစင်တယ်။ ရိုးသားတယ်။
ဘဝကိုပျော်ပျော်နေတတ်တယ်။ ပွင့်လင်တယ်။
အဓိက စိတ်ထားကောင်းပြီး စိတ်ကကြည်ကြည်လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က ရုပ်ရည်ကိုပိုနုပျိုစေတာပါ။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸
ကိုယ်အသက်ထက်များစွာအရွယ်တင်ပြီး နုပျိုတဲ့သူတွေက ကောက်ကျစ်တာတွေမရှိဘူး။ သဘောကြတဲ့သူဆိုသဘောကြမယ်။သဘောမကျတဲ့သူဆိုဝေးဝေးကရှောင်လိုက်မယ်။ ကိုယ့်ကြောင့် နစ်နာမှာ.ထိခိုက်မှာ မလိုလားကြဘူး။ ရယ်မောရင် အားရပါးရရယ်တတ်တယ်။
ရင့်ကျက်ပေမဲ့......တစ်ခါတစ်ရံကလေးဆန်တယ်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
တော်တော်များများအရွယ်တင်နုပျိုစေတဲ့သူတွေက စိတ်သဘောထားအင်မတန်ကောင်းတယ်။.
ပျော်ပျော်နေတတ်တာများပါတယ်။
အဲ့ဒိ့တော့..အရွယ်တင်နုပျိုချင်ရင်
စိတ်ထားလှအောင်အမြဲနေပါ✍
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Credit
De - စာပေ ဗဟုသုတ

"  စည်း "
27/11/2022

" စည်း "

သံယောဇဥ် ဖြတ်တဲ့နည်း//
23/11/2022

သံယောဇဥ် ဖြတ်တဲ့နည်း//

#ဖော်ကာ #သားသား #စိတ်နဲ့လူ #ဖော်ကာ #ဖာ္...

10/09/2022

အရာရာဟာ မင်း

လူတိုင်းက အချစ်တတ်ကြတာပဲ ၊သို့ပေမဲ့.....လူတိုင်းက အချစ်မခံရတတ်ဘူး ။💘
07/09/2022

လူတိုင်းက အချစ်တတ်ကြတာပဲ ၊
သို့ပေမဲ့.....
လူတိုင်းက အချစ်မခံရတတ်ဘူး ။

💘

လူတိုင်းက မချစ်တတ်ဘူး ။
ထို့ကြောင့်သာ
လူတိုင်းဟာလဲ အချစ်မခံရရှာဘူး ။

ဒီထဲကမှ ၊
တနည်းနည်းအားဖြင့်တော့
တန်ဖိုးထား ချစ်ခင်တတ်တဲ့
တစုံတယောက်ကို ပိုင်ဆိုင်ထားရရင် ၊

အိုးး
ဒီလူတွေ တကယ်ပဲ
ကံကောင်းလိုက်ပါလား ပေါ့ ။

ကိုယ့်မှာတော့ မချစ်တတ်သူတွေနဲ့သာ
တွေ့ဆုံ ၊ ပြတ်ဆဲ ၊ ကြေကွဲ ၊ အဖန်ဖန် ...

📬🌻

စိတ် ကအရေးကြီးတယ်.... ၊သင့်ရဲ့ စိတ်ကို ခံစားချက်တွေနဲ့...၊ဦးစားပေးပြီး ေရှ့တန်းမတင်စေနဲ့...။
12/08/2022

စိတ် ကအရေးကြီးတယ်.... ၊
သင့်ရဲ့ စိတ်ကို ခံစားချက်တွေနဲ့...၊
ဦးစားပေးပြီး ေရှ့တန်းမတင်စေနဲ့...။

05/08/2022

ဘယ်နေရာမှာပဲနေနေ
စိတ်ကောင်းမွေးပြီး နေပါ ။
ဘယ်သူနဲ့ပဲပေါင်းပေါင်း
ကိုယ်ချင်းစာစိတ်နဲ့ ပေါင်းပါ ။
ဘာအလုပ်ပဲလုပ်လုပ်
စေတနာထားပြီး လုပ်ပါ။
တစ်နေ့ ရောင်ပြန်ဟပ်ပါလိမ့်မယ် ။💖

လူတွေချစ်ဖို့အတွက် မေတ္တာနဲ့ နေရတယ် ။
ကံတွေချစ်ဖို့အတွက် ကုသိုလ်နဲ့ နေရတယ် ။
လူမုန်း ကံမုန်းရင်တော့ ဘဝတုံးတော့တာပါပဲ ။

မေတ္တာပဲဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ်
လိုတာထက် ပိုပြီး ပေးမိသွားတဲ့အခါ
ကိုယ့်ဘက်ကို ပြန်ကြည့်ဖို့လည်း
သတိမရတော့ဘူး ။

တန်ဖိုးထားရကောင်းမှန်း မသိတော့သလို
ဘယ်နေရာမှာမဆို သာမာန်ထက် ပိုသွားရင်
နာကျင်ရတတ်တယ်လေ ။💔

အသီး ဘယ်လောက်ကြီးကြီး
အရသာရှိမှ တန်ဖိုးရှိတာ...
စာ ဘယ်လောက်တတ်တတ်
ပညာရှိမှ တန်ဖိုးရှိတာ...
လူ ဘယ်လောက်ကြီးကြီး အသိတရားရှိနေမှ
တန်ဖိုးရှိတာပါရှင့်.. ။

အမှန်တော့ ဘဝဆိုတာ လဲကျရင်
ပြန်ထပြီးတော့ လူတစ်ယောက်ကို
ပြုံးပြနိုင်အောင် ကြိုးစားလိုက်ပါ ။😊🙂
လောကဓံမျဉ်းပြိုင်ကြားမှာ မင်းနိုင်ဖို့ဆိုရင်
ဘာပဲဖြစ်ဖြစ် အားတင်းထားပေးပါ... ။💪

__________________________________
#𝘾𝙧𝙚𝙙𝙞𝙩

ကိုယ့်ကိုယ်ကို သာ..၊အပြစ်တွေပုံချပြီး...၊အကောင်းဆုံး သည်းခံမူပါ ။🤝🤝
27/07/2022

ကိုယ့်ကိုယ်ကို သာ..၊
အပြစ်တွေပုံချပြီး...၊
အကောင်းဆုံး သည်းခံမူပါ ။
🤝🤝

ရွေးချယ်စရာတွေ မရှိတဲ့အခါ
မမြင်ချင်တဲ့ မျက်နှာတွေ
အံကြိတ်ပြီး ကြည့်ခဲ့ရတယ်

အခြေခံလူတန်းစားတွေ ဘဝဟာ
သည်းမခံနိုင်တောင်
စိတ်လိုက်မာန်ပါ တုံ့ပြန်လို့မရဘူး !!

#ပုရစ်

မ သိ ဘူးချင်တယ်..✍✍
23/06/2022

မ သိ ဘူးချင်တယ်..✍✍

"မနက်ဖြန်တွေ"
============
အသက်ရှင်နေသရွေ့တော့ နေရအုံးမယ်
လောကဓံဆိုတာ ဘာလဲ မမေးနဲ့
မနက်ဖြန်တိုင်းက ရှင်သန်ဖို့အတွက်
အခွင့်အရေး ပေးပြီးသားမဟုတ်လား

ဘာလို့တွေးပြီး စိတ်ညစ်နေရအုံးမှာလဲ

ဒုက္ခတွေမရှိရင် သုခဆိုတာ ဖြစ်မလာပါဘူး
နေအပူဒဏ်ကို ကာကွယ်ဖို့အတွက် အများဆုံးတော့
သစ်ပင်တစ်ပင် ရှင်သန်ကြီးထွားနိုင်ဖို့ ရေလောင်းပေါင်းသင်းရတာ
နေပူပြင်ကပဲ မဟုတ်လား

ဘဝမှာ စိတ်ညစ်စရာဆိုတာ လူတိုင်းရှိကြတယ်
နားလည်မှုတွေနဲ့ ဆင်ချင်စဉ်စားပြီး စိတ်အေးအောင် နေရတာပါပဲ

ဒုက္ခကြုံလည်း မနက်ဖြန် ရှိသေးတယ်
အဝေးကြီးတွေးပြီး စိတ်ညစ်မနေနဲ့
ဘဝက သင်လိုချင်တဲ့အတိုင်း
ရေးလို့ရတဲ့ စာအုပ်တစ်အုပ်မှ မဟုတ်တာ
အနည်းဆုံးတော့ ပျော်သလိုနေရမှာပါ

လေးစားစွာဖြင့်✍✍✍
(ရာမညမြေ)

23/06/2022

မင်းဟာ ရန်သူဖြစ်သွားရော
---------------------–------
မှန်တာ တွေ
ဟော/ မှန်တာတွေ
ပြောလိုက်တဲ့ တစ်နေ့ ''
မင်းဟာ ရန်သူဖြစ်သွားရော ။

မမှန်တာတွေ
ဝေဖန် / မှားတာတွေကို
ပုန်ကန်လိုက်တဲ့ တစ်နေ့ ''
မင်းဟာ ရန်သူ ဖြစ်သွားရော

မှားတာတွေ
ထောက်ပြ /မှန်တာတွေ
ဖောက်ချ လိုက်တဲ့ တစ်နေ့ ၊
မင်းဟာ ရန်သူဖြစ်သွားရော ။

ကောင်းတာတွေ လုပ်ပြပြီး
မကောင်းတာတွေ ရှုံချ လိုက်တဲ့ တစ်နေ့ ''
မင်းဟာ အမှားကမ္ဘာက လူတွေရဲ့
ရန်သူ ဖြစ်သွားရော ။

#မောင်နေ့သစ်
#စိတ်ကြိုက်ကဗျာ (၁၆)

❤❤ခင်များလေး သိတယ်မှတ်လားကျွန်တော်က အစွဲကြီးတယ်ဆိုတာကို....။
02/04/2022

❤❤
ခင်များလေး သိတယ်မှတ်လား
ကျွန်တော်က အစွဲကြီးတယ်
ဆိုတာကို....။

ဖြစ်တည်မူတစ်ခု အတွက်...၊                                    "ရလဒ်"..၊..။
01/03/2022

ဖြစ်တည်မူတစ်ခု အတွက်...၊
"ရလဒ်"..၊..။

Address


Website

Alerts

Be the first to know and let us send you an email when Pet Rny posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share