Betta King Myanmar

  • Home
  • Betta King Myanmar

Betta King Myanmar Betta ငါးလေးများမွေးကြမယ်
(1)

Scaled Pattern,Bluebase Ranchu
24/02/2023

Scaled Pattern,Bluebase Ranchu

24/02/2023

ရှယ်ကောင်လေး

24/02/2023

Lion Head

The Most Beautiful Betta.
22/08/2022

The Most Beautiful Betta.

24/06/2022
  ( Lucky Fish ) 🐟                    ငယ်ငယ်တုန်းက စားသောက်ဆိုင်အကြီးကြီးတွေ သူဌေးအိမ်တွေမှာ "ငါးမစရ" "မှန်လက်နဲ့မထိရ" ဆ...
02/05/2022

( Lucky Fish ) 🐟

ငယ်ငယ်တုန်းက စားသောက်ဆိုင်အကြီးကြီးတွေ သူဌေးအိမ်တွေမှာ "ငါးမစရ" "မှန်လက်နဲ့မထိရ" ဆိုတဲ့ သတိပေးစာတန်းကြီးနဲ့ အလှမွေးငါးကန်အကြီးကြီးထဲမှာ ခန္ဓာကိုယ်ရှည်ရှည်လျားလျား ဒေါင်လောက်နီးပါးစောင်းနေတဲ့ငါးပါးစပ်နဲ့ အောက်နှုတ်ခမ်းမွေး၂ချောင်းထွက်နေတဲ့ ငါးအကြီးကြီးတစ်ကောင်ထဲ ကူးခက်နေတာကိုရပ်ကြည့်ဖူးကြတယ်မလား 🙆‍♂️

#ကဲဒီတော့LuckyFish တွေကို ပိုင်ဆိုင်ချင်ပေမဲ့ မွေးမြူနည်းကို မသိရှိကြသေးတဲ့ Beginner သမားတွေအတွက် အောက်ပါအချက်အလက်တွေကနေ သင်ယူလေ့လာကြည့်ကြရအောင်လားဗျာ စာရှည်လို့မပျင်းရအောင် Emojiလေးတေထည့်ပေးထားပါတယ် 🙆‍♂️

#မူလဇာတိ = Arowana တွေက အခြား ရေချိုအလှမွေးငါးများစွာတွေ့ရှိရတဲ့ ကမ္ဘာအနှံ့နေရာဒေသတော်တော်များများမှာ မျိုးကွဲများစွာနဲ့တွေ့ရှိနိုင်ပါတယ်
အရှေ့တောင်အာရှ / တောင်အာဖရိက နဲ့ သြစတျေးလျားနိုင်ငံတွေရဲ့ ရေစီးနှေးတဲ့ မြစ်ချောင်းတွေမှာ Arowana တွေကိုမျိုးကွဲများစွာနဲ့တွေ့မြင်နိုင်ပါတယ်

#ရေအမျိုးအစား = သန့်စင်တဲ့ ရေချို အမျိုးအစားကိုနှစ်သက်ကြပါတယ်

#အပူချိန် / ph = Arowana တွေက tropical freshwater fish တွေဖြစ်တဲ့အတွက်ကြောင့် အပူချိန် 75 °F - 82 °F အတွင်းထားရှိပေးသင့်ပါတယ် ph ကတော့ 6.5 - 7.5 အတွင်းထိန်းထားပေးနိုင်ပါက အကောင်းဆုံးအလှပဆုံး ငါးတစ်ကောင်ဖြစ်စေနိုင်ပါတယ်

#အကြီးဆုံးရောက်နိုင်သောဆိုဒ် = Arowana တွေက မျိုးစိတ်ပေါ်မူတည်ပြီး သဘာဝမှာဆိုရင် အရှည် 3' - 4' အထိရှည်နိုင်ပါတယ် 😳
ဒါပေမဲ့ ဒီပမာဏဟာ ကန်ကျယ်ကျယ်နဲ့မွေးနိုင်သူများသာရရှိနိုင်မှာပါ
မှန်ကန်နဲ့မွေးမြူသူများကတော့ 2.5' - 3' အထိပဲရောက်နိုင်ပါတယ်

#ကန်အရွယ်အစား = Arowana တွေကို စတင်ဝယ်ယူပျိုးထောင်သင့်တဲ့ဆိုဒ်က ၆ လက်မကနေ ၈လက်အတွင်းဖြစ်ပါတယ် ဒီအရွယ်အစားမှာဆိုရင် 40gal - 60gal ( 3'×1.5'×1.5' - 4'×1.5'×1.5' )ဆန့်ကန်တွေနဲ့ထိန်းသိမ်းမွေးမြူနိုင်ပြီး အစားအစာနဲ့အပြုအမူကိုလဲ ကိုယ်လိုချင်တဲ့ပုံစံရအောင်ကျင့်နိုင်ပါတယ် အရွယ်ရောက်လာတဲ့ Arowana အတွက် 150gal - 250gal ( 6'×2'×2' - 8' × 2.5' × 2' )ဆန့်တဲ့ ကန်အရွယ်အစားနဲ့မွေးမြူခြင်းက ကျန်းမာထွားကျိုင်းပြီး ပျော်ရွှင်စေတဲ့ငါးတစ်ကောင်ကိုပိုင်ဆိုင်နိုင်ပါတယ်

#သက်တမ်း = ကောင်းမွန်စွာထိန်းသိမ်းမှုပေးနိုင်တဲ့ Arowana တွေအတွက် 20 - 25 yrs အထိနေနိုင်ကြပါတယ် 😮 သဘာဝမှာဆိုရင်တော့ ဒီသက်တမ်းထက်ပိုချင်လဲပိုနိုင်ပါတယ်

#အစားအစာ = Monster အုပ်စုဝင်ငါးဖြစ်တဲ့အတွက် အဓိကအားဖြင့် သားစိမ်းငါးစိမ်း များကိုပိုနှစ်သက်ပါတယ် သဘာဝအတိုင်းဆိုရင်တော့ ဖား ပုဇွန် ငါးအသေးလေးများ 😋 မြွေများ အင်းစက်များ ရေစပ်နားရောက်လာတဲ့အခြားယုန်ပေါက်များ စတာတွေကို အမဲလိုက်သတ်ဖြတ်စားသောက်ကြပါတယ် ဒါပေမဲ့လဲ အလှမွေးမှန်ကန်နဲ့မွေးမြူတဲ့အခါမှာတော့ ကျန်းမာရေးထိန်းသိမ်းမှုအနေနဲ့ အစာခြောက်နဲ့သားငါးများကို မျှတစွာကျွေးနိုင်ဖို့လိုအပ်ပါတယ်

#ကျွေးရန်သင့်တော်သောအစာတံဆိပ် = အကောင်းကြိုက်သူများအတွက်ကတော့ အကောင်းဆုံးထဲကတစ်ခုဖြစ်တဲ့ Hikari ကထုတ်တဲ့ Luckyfish food stick များကိုကျွေးနိုင်ပါတယ်
ဒါပေမဲ့ Lucky fish မွေးနိုင်သူများအတွက် ငါးဖိုးအစာဖိုးတတ်နိုင်လို့မွေးမြူတာဖြစ်တဲ့အတွက်ကြောင့် low range mid range သမားများလဲ ဒီအစာကိုပဲကျွေးကြမယ်ထင်ပါတယ်
တွေကတော့ Horn စာ နဲ့ ငါးခူစာကျွေးသူများလဲရှိနိုင်ပါတယ် ဒါပေမဲ့ အစာကြောင့်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိမလဲဆိုတာတော့မပြောပြတတ်ပါဘူး

#အစာချကျွေးတဲ့အခါမှာတော့ အစာသေနဲ့အစာခြောက်များကို sinking typeမဟုတ်တဲ့ Floating type ဖြစ်တဲ့ အစာကိုရွေးချယ်စေချင်ပါတယ် ဒါမှ Eye problem ဖြစ်တဲ့ Drop eye ကိုဖြစ်စေနိုင်ပါတယ်

#အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = Arowana တွေက နယ်မြေလုပြီး ဗိုလ်ကျတတ်တဲ့ သဘောသဘာဝရှိပါတယ် အကောင်အရွယ်စားသေးငယ်တုန်းမှာ ၂ကောင်၃ကောင်မွေးတာ ပြဿနာမရှိပေမဲ့ အရွယ်ရောက်လာတဲ့အချိန်မှာတော့တစ်ကောင်နဲ့တစ်ကောင်တိုက်ခိုက်တတ်ကြပါတယ် ကန်အရွယ်အစားကြီးမားရင်တော့ ၆ကောင်ထက်မနည်းတဲ့ အရေအတွက်နဲ့ မွေးမြူသင့်ပါတယ်

#ရန်လိုတဲ့နေရာမှာ Ausi Arowana / Black arowana နဲ့ Asian Arowana တွေက ရန်လိုမှုအများဆုံးလို့တွေ့ရပါတယ် ⚠

= Arowana တွေအတွက် tank mate ရွေးချယ်ရင်တော့ သတ်မှတ်ချက်တွေရှိပါတယ် tank mate ရွေးမဲ့အကောင်ဟာ arowana ကစားပစ်နိုင်တဲ့ပမာဏလောက်မသေးရပါဘူး arowana ကိုပြန်တိုက်နိုင်တဲ့ အမြှီးအတောင်တွေဆိတ်နိုင်တဲ့ ငါးအမျိုးအစားလဲမဖြစ်ရပါဘူး

#အများစုရွေးချယ်ကြတဲ့tankmate တွေကတော့ ရေအောက်ကြမ်းပြင်နေငါးတွေဖြစ်တဲ့ sturgeon / freshwater stingray / RTC တွေအပြင် Black ghost knife fish / peacock bass / Angel / oscar / silver dollar / tiger fish etc…… တွေကို ရွေးချယ်နိုင်ပါတယ်

#ထိန်းသိမ်းဂရုစိုက်မှု = အလှမွေးငါးကန်တွေမှာ အမြဲမှန်ကန်တဲ့ သဘောတရားတစ်ခုရှိပါတယ် ဒါကဘာလဲဆိုတော့ အကောင်ကြီးတဲ့ငါးက အညစ်အကြေးစွန့်ထုတ်မှုပိုများလေပဲဖြစ်ပါတယ်
နောက်တစ်ခုက Monster fish တွေက အသားစိမ်းတွေပိုစားလို့ အလွယ်တကူနဲ့ ရေညစ်ညမ်းမှု ပိုဖြစ်စေပါတယ်
ဒီသဘောသက်ရောက်မှုတွေအတိုင်း monster typeဖြစ်တဲ့ Arowana တွေလဲ အညစ်အကြေးပိုများလို့ Power အားကောင်းတဲ့ waterpump နဲ့ စနစ်ကျတဲ့ ရေသန့်စင်မှုစနစ်ကို အသုံးပြုပေးရပါမယ်
ဒီFilter စနစ်တွေသုံးပေးရမဲ့အပြင် အပါတ်စဉ် ရေ 25% - 50% လဲလှယ်ပေးရပါမယ် ။

#ကန်အပြင်အဆင် = Arowana တွေအတွက် ကန်အပြင်အဆင်ကလဲ သူတို့ကျန်းမာရေးနဲ့လှပမှုအတွက်အလွန်အရေးပါပါတယ် အောက်ခံကြမ်းပြင်ကို
ပြောင်ရှင်းနေအောင်ထားခြင်းထက် (ပြောင်ရှင်းနေပါက ကြမ်းပြင်မှရောင်ပြန်မှုကြောင့် ငါးကို အောက်ကြမ်းပြင်ကိုစူးစမ်းစေပါတယ် ) ကျောက်စရစ်ခဲတွေ သဲကြမ်းတွေ စတာတွေထားပေးခြင်းဖြင့် Drop eye ဖြစ်စေနိုင်မှုကိုလျော့ချပေးနိုင်ပါတယ်။

#နောက်ပြီးမီးအလင်းပေးမှုကလဲအလွန်အရေးကြီးပါတယ် ရွှေရောင် ငွေရောင် အနီရောင် အမဲရောင် အစိမ်းရောင် စတဲ့ ကြေးခွံရောင်တွေရှိတဲ့ Arowana တွေအတွက် မီးအရောင်ပေးမှုကလဲ အလွန်အရေးပါပါတယ် ဥပမာ အနီရောင်ကြေးခွံအတွက် မီးကို ပန်းရောင်သို့မဟုတ် ခရမ်းရောင်ရွေးပေးခြင်းကပိုကောင်းပါတယ်

#အထီးအမခွဲနိုင်ခြင်း = အထီးအမကတော့ အသက် ၃ ၄နှစ်သားအရွယ်ရောက်မှ ခွဲခြားနိုင်မှာဖြစ်ပါတယ်
ယျေဘူယျ ကွဲပြားချက်တွေကတော့ အထီးတွေဟာအမတွေထက် ခန္ဓာကိုယ်ပိုသွယ်လျပြီး အထီးရဲ့ပါးဟပ်ပြင်ဟာ အမထက်ပိုကျယ်ပြန့်ပါတယ်

#သားဖောက်ခြင်း = Lucky Fish ကို သားဖောက်ဖို့ကတော့ခဲယဉ်းပါတယ် နည်းစနစ်နဲ့ကျွမ်းကျင်မှုလိုအပ်ပါတယ်။

((ကန်ကျယ်ကျယ်မှာ အရွယ်ရောက်အထီးအမ၂ကောင်ကိုသီးသန့်ထားပေးရပါမယ်
မျိုးဥလွယ်ထားတဲ့အမတွေက အထီးနဲ့မိတ်လိုက်ပြီးချိန်မှာ ဥများကိုဥချပါတယ် အထီးမှ ဥချသောဥများကို အာခံတွင်းသို့ ငုံထားပါတယ် 8 - 9 ပါတ်အတွင်းမှာအာခံတွင်း ထဲမှဥများအကောင်ပေါက်ပါတယ် (အကောင်ပေါက်များကိုသားဖောက်သူများမှ ငါးထီးပါးစပ်အတွင်းမှထုတ်ကာ ကန်ထဲတွင် အပူချိန်ထိန်းပြီးထားပေးပါတယ် ) အကောင်ပေါက်များရဲ့ဝမ်းဗိုက်မှာ အစာအိတ်လိုဥနှစ်ပါပါသေးတယ် အပူချိန်နဲ့ရေထုထည်ကိုထိန်းပြီး air pump ပြင်းပြင်းနဲ့ထားပေးရပါမယ် ထိုအစာအိတ်လေးများ အကုန်ကုန်သွားမှသားပေါက်များ ရေကောင်းစွာကူးနိုင်မှာပါ
မြန်မာနိုင်ငံမှာလဲ လက်တွေ့သားဖောက်နေတဲ့ ကျွမ်းကျင်သူများရှိပါတယ် ))

#အခြားအရောင်များ = မျိုးပေါ်မူတည်ပြီးအရောင်ကွဲပြားမှုရှိပါတယ် အတွေ့ရများသောမျိုးများမှာ
Albino Arowana ( ကမ္ဘာစျေးအကြီးဆုံးမျိုးစိတ်ပါ )
Black Arowana / Australian Arowana / Saratoga / Yellow Tail Arowana ( Bangar ) / Red tail golden Arowana / Golden Arowana / Red Arowana / Green Arowana / Bataik Arowana ( မြန်မာနိုင်ငံမျိုးစိတ် ) စတာတွေပဲဖြစ်ပါတယ်

#ဆောင်ရန်ရှောင်ရန် = Arowana တွေဟာ သဘာဝမှာဆိုရင် ရေကြီးရေများတဲ့အချိန်တွေမှာ ရေမျက်နှာပြင်နဲ့နီးတဲ့ သစ်ကိုင်းတွေ ပေါ်မှာရှိတဲ့ ဖားတွေ အင်းစက်စတာတွေကို ခုန်ပြီး အမဲလိုက်စားသောက်ကြပါတယ်
သူတို့တစ်ခါခုန်ရင် 1 - 3 m ထိရှိပါတယ် ဒါကြောင့် အလှမွေးကန်ထဲမွေးမြူပါက ကန်အပေါ်မှ အဖုံးကိုသေချာစွာဖုံးရန်လိုအပ်ပါတယ်
အောက်ခံကြမ်းပြင်မှာလဲ #အချွန်အတက်များပါသော #ကျောက်များခင်းခြင်းရှောင်ရှားရပါမယ်
ကန်ထဲရောက်ခါစမှာလဲ နေရာအပြောင်းလဲရေအပြောင်းလဲကြောင့်လန့်တတ်ပါတယ်
ဒါကြောင့် စရောက်ခါစ တစ်ပါတ် ၂ပါတ်မှာအစာကောင်းစွာစားဦးမှာမဟုတ်ပါဘူး
အချို့ကျတော့လဲ အစာစိမ်းအမြဲစားလေ့ရှိတဲ့ငါးက အစာခြောက်ချက်ချင်းပြောင်းကျွေးတဲ့အခါ ဗိုက်ဆာပေမဲ့လုံးဝမစားတာမျိုးလဲတွေ့ကြုံရတတ်ပါတယ် ဒါဆိုရင်တော့ အသားနဲ့အစာခြောက်ကိုမျှစားတတ်အောင် သေချာလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်
ရေph,kh,NH စတာတွေကိုလဲစစ်ဆေးပေးရပါမယ်

#မွေးမြူလျှင်လိုအပ်သောပစ္စည်းများ = heater / strong power filter / filter tank (sump tank ) / Lighting etc………

#ဆေးကုသကန်လိုအပ်ချက် = အဖြစ်များတဲ့ရောဂါတွေကတော့ 💁‍♂️ drop eye / fin rot / white spot / fungus / bacterial infection စတာတွေပဲဖြစ်ပါတယ်

#မှတ်ချက် ။ ။ အကောင်အရွယ်အစားကြီးမားမှုနဲ့ အစာအခက်အခဲ ထိန်းသိမ်းမှုအခက်အခဲတို့ကြောင့် Professional skill သမားတေအတွက်ပဲပိုအဆင်ပြေပါမယ် ။

#ကဲဒီလောက်ဆို Arowana (lucky fish) အကြောင်းဗဟုသုတအဖြစ်သိသွားကြမယ်လို့မျော်လင့်မိပါတယ်

Credit GUGU & GiGi �
Credit Photo

Betta Breedingတိုက်ငါးသားဖောက်ခြင်းLatest edition.ငုံးဥ Artemia ကျွေးရမည့်ပမာဏ Update လုပ်ထားပါသည်လိုက်နာပါကရေမပုတ်တော့ပ...
19/04/2022

Betta Breeding

တိုက်ငါးသားဖောက်ခြင်း
Latest edition.
ငုံးဥ Artemia ကျွေးရမည့်
ပမာဏ Update လုပ်ထားပါသည်
လိုက်နာပါကရေမပုတ်တော့ပါ

Breeding Betta
အသက် 12 weeks တွင်သားစဖေါက်နိုင်ပါသည်
20 to 30 weeks quality ထင်ရှားလာပါသည်
အကောင်းဆုံးကိုရွေးဖေါက်ပါ
ဖေါက်ငါးများကို
ရေသန့်သန့်တွင်မွေးပါ
ရေတီသန့်သန့် Frozen Blood Wormsတဝ တနေ့၃ ခါ
လောက်ကြွေးပါ
အရွယ်ရောက်သောအထီး
bubble nest
လုပ်လေ့ရှိပြီး ဥဥရန် အဆင်သင့်ဖြစ်သောငါးမ
၏ဝမ်းဘိုက်သည်လုံးဝန်းနေပြီး ဥပြွန်အဖြူကလေးပြူ ထွက်နေပါမည်။
အထီးအမရွယ်ညီရပါမည်
Best temperature 27 to 28 C ဖြစ်ပါသည်
Uncle ဖေါက်ကန် 2ftx8inx8in သုံးပါသည်
water height 4 inches ထားပါသည်
ကန်ထောင့်တွင်ရေပေါ်ပင် plasticစ ဖယောင်းစက္ကူ တစ်လက်မပတ်လည်ခန့်
အသိုက်လုပ်ရန်ထဲ့ထားပါ။
ဖေါက်ကန်ကို ကဒ်ထူ သို့မဟုတ်
ကျောက်ပြား,မှန်တို့ဖြင့်အပြည့်ဖုံးထားပါ,ကြားမှာလေထုရှိရပါမည်
အထီးကိုဖေါက်ကန်ထဲထဲ့ပါ
အသိုက်လုပ်နေစဉ်
အမထဲ့ထားသောကန်ကို
အထီးမြင်သာအောင်
ဖေါက်ကန်နှင့်ထိထားပါ
မနက်စောစောအမကို
ဖေါက်ကန်ထဲလွှတ်ပါ
Betta သဘာဝအတိုင်းဥဥခါ ဥများကိုအထီးက
တခါတေလအမကပါ
အသိုက်ထဲပါးစပ်တွင်ငုံ၍
တင်ပေးပါမည်။
ဥဥပြီးပါကအမကိုအသိုက်နှင့်
ဝေးရာသို့အထီးက နှင်ထုတ်ပါမည်,ထိုအခါငါး
မကိုထုတ်လိုက်ပါ။
ငါးမကို acriflavine ဆေး
ဝါစိမ်ပုံမှန်အစာကြွေးပါ
2 weeks အကြာပြန်
ဖေါက်နိုင်ပါသည်။
ငါးကန်အဖုံးဆက်ဖုံးထားပါ

Raising fry
ဥဥပြီး 27C အပူချိန်တွင် 36 hours အကြာတွင်
အကောင်ပေါက်ပါသည်
ရေမကူးနိုင်သေးပါ
နောက်ထပ်48hours အကြာရေစကူးပါမည်
အထီးထုတ်ပါ Acriflavine ဆေးစိမ်အစာပုံမှန်ကြွေးပါ
Betta fry ကိုငုံးဥ အကြက်ပြုပ်အနှစ်
မီးခြစ်ဆံခေါင်းလောက်
ပိတ်ပါးပါးတွင်ထဲ့
ရေတဖန်ခွက်တွင်ဖျော်ပြီး
မနက်ည၂ကြိမ်ကျွေးပါ။

Fry များကိုအစာကျွေးပြီး
ဘေးတိုက်ကြည့်ပါ
အဝါရောင်ငုံးဥ နှစ်များ
ဘိုက်ထဲတွင်တွေ့ပါမည်
အစာဘိုက်ထဲကုန်သွားမှ
ငုံးဥနှစ်မီးခြစ်ဆံခေါင်း
ခန့်ထပ်ကျွေးပါ။
တနေ့၄ကြိမ်အများဆုံး
ချင့်ချိန်ကျွေးပါ။

Biofoam filter တခုစသုံးပါ,
ငုံးဥ ၃ ရက်ကြွေးပါ
Nana Baby Betta မီးခြစ်ဆံခေါင်းခန့်
တနေ့၂ကြိမ်ကြွေးပါလဲရသည်
Artemia ပေါက် တရက်သား
ကို ၇ ရက်ကြာမှစကြွေးပါ,
အစာကြွေးစဉ် လေမှုတ်စက်
မိနစ်၃၀ခန့်ပိတ်ထားပါ,
Uncle Artemia အစား
Daphnia ရေပိုးနီ
၇ ရက်ခန့်စကြွေးပါသည်
ရေတီဆွဲနိုင်လျင်စိတ်ချရပါပြီ
ရေ ၃၀% ၃ ရက်တခါလဲပါ
Fry များ ၇ရက်ကြာမှ
လေထုထဲကလေရှူ နိုင်၍
ရေမျက်နှာပြင်ပေါ်မှ
ဖုံ (scum)များကို
စက္ကူ ပါးပါးသုံး၍
ရေမျက်နှာပြင်ပေါ်ဖြတ်ဆွဲ
သန့်စင်ပါ
ငါးကန်အမြဲဖုံးထားပါ

Crd to
Soe Htut Tin

19/04/2022

ခွေးလေးတွေ နဲ့ ပါတ်သက်တဲ့ အကြောင်း သိချင်ရင် Like and Share လုပ်ပေးထားသင့်တဲ့ Page လေးပါ

https://www.facebook.com/LOBO-Canine-Country-104981398860812/

ခွေးလေးတွေအကြောင်း မျှဝေမယ်

Address


Website

Alerts

Be the first to know and let us send you an email when Betta King Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share