08/12/2023
စိတ်ကုန်သွားခြင်းဟာ ရေစက်ကုန်သွားတာပါပဲ
လူတစ်ယောက်ကို တကယ်စိတ်ကုန်သွားပြီဆိုရင်
သူနဲ့ပက်သက်တာမှန်သမျှ
စိတ်လည်းမဝင်စားတော့သလို၊
လာပြောရင်လည်း ရင်ကိုမခုန်တော့တာ
ပုံမြင်ရင်လည်း မထူးဆန်းတော့သလို
လူမြင်ရင်လည်း ဘာမှကိုမတုန်လှုပ်တော့တာ
မုန်းသွားတာလည်း မဟုတ်ဘူး
နားကျည်းနေတာလဲ မဟုတ်ဘူး
ကြောက်နေတာလည်း မဟုတ်ဘူး
ကိုယ့်စိတ်ထဲမှာ သူက တစ်ခါမှမမြင်ဘူး၊
မပေါင်းသင်းဘူးတဲ့လူလိုဖြစ်သွားတော့တာ
ချစ်ခြင်း မုန်းခြင်းတွေ မရှိတဲ့ ခံစားချက်က
စိတ်ကုန်သွားခြင်းပါ
စိတ်ကုန်သွားခြင်းဟာ ရေစက်ကုန်သွားတာပါပဲ
လင်မယားတွေ၊ သမီးရည်းစားတွေ
မောင်နှမ တွေ
အရမ်းအခင်ရဆုံးမိတ်ဆွေတွေ
ယုတ်စွ အဆုံး ကိုယ့်သားသမီး
ဖြစ်ခဲ့ရင်တောင်
အကြောင်းတရားမျိုးစုံကြောင့်
စိတ်ကုန်သွားနိုင်ကြပါတယ်
စိတ်ဆိုးတာဟာ အကြောင်းကိစ္စတခုခုကြောင့်ဖြစ်ပြီး
စိတ်ကုန်တာကတော့ ....
အကြောင်းအရာတွေ အားလုံးဟာ
တဖြည်းဖြည်းနဲ့ အဆင်မပြေမှုတွေ၊
စိတ်သဘောထားမတိုက်ဆိုင်မှုတွေ စုလာပြီး
နောက်ဆုံးဖြစ်လာတဲ့
အကြောင်းကိစ္စတစ်ခုကြောင့်
လမ်းခွဲလိုက်တာမျိုးပါ
ဒါကြောင့် လူတစ်ယောက် စိတ်ဆိုးသွားတယ်ဆိုရင်
သူစိတ်ပြေလည်တဲ့ အချိန်မှာ
ပြန်လည်ရှင်းပြတောင်းပန် ညှိနှိုင်းလို့ရနိုင်ပေမဲ့
စိတ်ကုန်သွားပြီဆိုရင် သင်ဘာမှမတတ်နိုင်တော့ပါဘူး
လောကမှာလူနှစ်ဦးဟာ ရေစက်ရှိသလောက်ပဲ
ဆုံတွေ့ခွင့်ရှိတယ်ဆိုတာ မမေ့ပါနဲ့
ဒါကြောင့် အကယ်၍များ
ရေစက်တွေ ကုန်သွားခဲ့ကြရင်ဖြင့် ...
သင်လည်း သင်လမ်းသင်ဆက်လျှောက်
သူလည်း သူလမ်းသူဆက်လျှောက်ကြရင်း
အတူတူဆုံတွေခဲ့ဖူးတဲ့
အတိတ်ဟာ အတိတ်တိုင်း
လှပစွာကျန်ရစ်ခဲ့ပါစေ
Credit ..