Stray Cat's Home

  • Home
  • Stray Cat's Home

Stray Cat's Home မြောင်လေးတိုင်းဟာ အချစ်ခံရဖို့ ထိုက်တန်ပါတယ် �

30/03/2024

အိမ်ပြန်နေပါပြီစင့်

ကားပေါ်ငြိမ်ငြိမ်လေးဘဲလိုက်လာပါတယ်နော် 😍

30/03/2024

သမီးလေးဆေးရုံဆင်းပါပြီ

အိမ်ပြန်ရတော့မယ်ဆိုတော့ပျော်နေတာ

နှာလေးတော့ချေသေးတယ်

အနာခြေနေကောင်းပါတယ်

ရေဓာတ်လဲမခမ်းပါဘူး

Creamy လေးတွေစားနေပြီရှင့်

အသက်တချောင်းတော့ ရှင်သန်နိုင်ခဲ့ ပြန်ပြီပေါ့ရှင်

27/03/2024

ကလေး သတိကောင်းကောင်းရပြီ အစာလဲ စ စားနိုင်ပြီ

ကိုယ်ပူချိန်လဲ ပုံမှန်ပြန်တက်လာပြီရှင့်

ဆေးရုံမှာထားခဲ့တာလေးကို vdo ပို့ပေးလာတာပါ

မြင်ရတာ ကြည်နူးမိတယ်ရှင်

အမြန်ဆုံးနလံထူလာဖို့ အနာကျက်မြန်ဖို့

မျှော်လင့်နေပါတယ်

ခွဲစိတ်မှုအောင်မြင်ပါတယ်သားအိမ်ထဲမှာ သေနေတဲ့ကလေး 2 ကောင်ရုပ်တောင်သိပ်မပီပြင်တော့ဘူးခွဲထုတ်လိုက်နိုင်လို့သာတော်သေးတယ်ကလေး...
27/03/2024

ခွဲစိတ်မှုအောင်မြင်ပါတယ်

သားအိမ်ထဲမှာ သေနေတဲ့ကလေး 2 ကောင်

ရုပ်တောင်သိပ်မပီပြင်တော့ဘူး

ခွဲထုတ်လိုက်နိုင်လို့သာတော်သေးတယ်

ကလေးမလေးက ရေဓာတ်လဲနဲနဲခမ်းနေတယ် နှာလဲနဲနဲစေးနေတာမို့ အတော် risk များပါတယ်

ပိုစိတ်ချရအောင် ဆေးရုံတင်ခဲ့ပါတယ်

ဆေးကုသစားရိတ် ကူညီခဲ့သူများ

ဆုတောင်းပေးခဲ့ကြသူများ

Post ကို ဝိုင်း share ပေးကြသူများ အားလုံး

တက်ညီလက်ညီနဲ့ဝိုင်းဝန်းခဲ့လို့သာ

ခုလို ကုသနိုင်ခဲ့တာပါ

အထူး အထူး ကျေးဇူးတင်ပါတယ်

တုပ်ကွေးလဲဝင် အသက်လဲအတော်ကြီးပြီး သားလျှောခဲ့ရ ဗိုက်ထဲကလေးတွေကျန်နေခဲ့တဲ့ ဒီကောင်မလေးကို

စိတ်ရှည်ရှည်နဲ့ ခက်ခက်ခဲခဲ အစအဆုံး ကုသပေးခဲ့တဲ့

Dr Aung Myo Lin ကိုလဲအထူးကျေးဇူးပါ

27/03/2024

သားဆလျှာပြီးသားအိမ်ထဲကလေးကျန်တဲ့ ကောင်မလေး

ခွဲခန်းဝင်ဖို့ဆေးခန်းရောက်ပါပြီ

Fighting သမီးလေး

26/03/2024

ကြောင်မလေးကို မနက်ဖြန်နေ့လည်
1 :00 PM မှာ

မေ့ဆေးငွေ့ပေးပြီး ခွဲပါမယ်

Booking ချိတ်ပြီးပါပြီ

ဆေးကုသစားရိတ် ဝိုင်းဝန်းကူညီပေးကြသော

အယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်

အလှူရှင်အားလုံး ဤလှူဒါန်းရသောအကျိုးကြောင့်

ဘဝမှာ ဘေးကြပ်နံကြပ်ကြုံလာတဲ့အခါ ကူညီမဲ့သူအလိုလိုပေါ်ပါစေ

ရင်ဆိုင်နေရသောမည်သည့်အခက်အခဲမဆို လွယ်ကူမှုပေးပါစေ

ကျန်းမာရေးနဲ့ပါတ်သတ်ပြီး အမြဲတမ်းစိတ်ချမ်းသာရသောသူဖြစ်ကြပါစေ

မရ မလှ မဝ အခြေအနေဘယ်တော့မှမကြုံရသောသူဖြစ်ကြပါစေ

သောက ကင်းဝေး ပျော်ရွှင်နိုင်ကြပါစေရှင်

✴✴✴ အရေးပေါ်အကူအညီတောင်းပါရစေ ✴✴✴တော်ရုံတန်ရုံဆို ခွဲစိတ်ကုသဖို့ ဆေးကုဖို့ အလှူခံပြီးဆေးကုတာမျိုး လုပ်လေ့မရှိပါဘူးအားခဲရ...
26/03/2024

✴✴✴ အရေးပေါ်အကူအညီတောင်းပါရစေ ✴✴✴

တော်ရုံတန်ရုံဆို ခွဲစိတ်ကုသဖို့ ဆေးကုဖို့ အလှူခံပြီးဆေးကုတာမျိုး လုပ်လေ့မရှိပါဘူး

အားခဲရုန်းပါတယ်

ဒီတခါတော့တကယ်မတတ်နိုင်တော့ပါဘူး

ဒီကလေးမလေးက အသက် 12 နှစ်လောက်ရှိပါပြီတဲ့

ကျမတို့ဂေဟာရောက်ပြီး 3 ရက်ပဲရှိသေးစဥ်မှာ

သူလေး သားလျောပါတယ်

ကလေးအကြေလေးတွေနဲ့ အရိအချွဲတွေပဲကျပြီး

ညှစ်နေတဲ့အချိန်ပါ

အဲ့အချိန်ဖွင့်တဲ့ဆေးခန်းဆီ ပြေးရတော့တာပေါ့

ကလေးက ရောက်ကထဲကတုပ်ကွေး ပါပါတယ်

ဒီတော့ပိုပြီး လုပ်ရခက်တာပေါ့

အားချင်းခွဲဖို့က မဖြစ်နိုင်တော့

သူ့ကိုပိုးသတ်ဆေးပေး ဆေးချိတ် 3 ရက်လုပ်ပါတယ်

နဲနဲထူထောင်လာကာမှ Ultrasound ရိုက်ခဲ့ပါတယ်

ဖြစ်စကနေ ခုထိ 4 ရက်တာမှာ ဆေးဖိုး နဲ့ ဆေးကုစားရိတ် တသိန်းပြည့်လု ကုန်ပြီးပါပြီ

ကားဆီဖိုး တနေ့ 3 သောင်းဖိုးထည့်ရပါတယ် ထားပါတော့ဒါက ကျမအလှုပါ

ဆိုတော့ကာ

ခွဲမှ ရမှာပါ

ဗိုက်ထဲမှာ ကလေးအသေတကောင် ကျန်နေတာကို

Ultrasound မှာထင်ထင်ရှားရှားမြင်နေရပါတယ်

ပုပ်ပြီး ရိလာရင် မချိမဆန့်ခံရပြီး ဆုံးမှာပါ

ခွဲရင်ရော ရှင်မလားဆို 50/50 ပါပဲ

တုပ်ကွေးဝင်ထားတာရော အသက်ကြီးတာရောရယ်ကြောင့်

သူ အတော်ရုန်းရမှာပါ

ဒီအတိုင်းတော့မထားနိုင်ပါဘူး

ခွဲပြီးသားအိမ်ထုတ်ပေးချင်ပါတယ်

ကျမကတော့ဘယ်လိုမှ မနိုင်တော့ပါဘူး

ကူညီပေးနိုင်မလားရှင့်

မနက်ဖြန်ခွဲရမှာပါ

သားအိမ်ထုတ်ခွဲစိတ်ခ 8 သောင်း

ဆေးဖိုး 2 သောင်း

3 ရက် follow up ပြန်ပြရမှာလဲ ရှိပါတယ်

အားဖြည့်စာတွေလဲ ကူရဦးမှာပါ

အသက်တချောင်း အတွက်ဝိုင်းကယ်ရအောင်လားရှင်

ကူညီပေးကြပါ

Kpay 09986810949 zin win aye ပါ

Wave လဲရှိပါတယ်

မနက်တခါ ညနေတခါ ဆီးခြူပေးနေရတဲ့ဆီးပိုက်တပ်ထားတဲ့ကောင် 2 ကောင်ရှိတယ်ခုတော့ ဆီးအရောင်သက်သာလာလို့တော်ပါသေးရဲ့နေ့တိုင်း ဆေးခန...
26/03/2024

မနက်တခါ ညနေတခါ ဆီးခြူပေးနေရတဲ့

ဆီးပိုက်တပ်ထားတဲ့ကောင် 2 ကောင်ရှိတယ်

ခုတော့ ဆီးအရောင်သက်သာလာလို့တော်ပါသေးရဲ့

နေ့တိုင်း ဆေးခန်းပြေး

ဆေးသွင်း ဆီးခြူ နဲ့လုပ်နေရ

မောတာမှတအား

ဆေးကုသစားရိတ်တွေလဲ အတော့ကိုထောင်းတယ်

ကျမတို့ဂေဟာမှာရှိတဲ့ ကလေးတွေရဲ့ကျန်းမာရေးစားရိတ်အတွက်

ကူညီလှူဒါန်းပေးကြဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်ရှင်

Kpay 09986810949 zin win aye ပါ

"SM entertainment မှ RIIZE အဖွဲ့ရဲ့ အငယ်​ဆုံး​လေး Anton Lee (ခ) အီချန်း​ယောင်းရဲ့  March 21 ရက်​နေ့တွင်ကျ​ရောက်​သော အသက်...
21/03/2024

"SM entertainment မှ RIIZE အဖွဲ့ရဲ့ အငယ်​ဆုံး​လေး Anton Lee (ခ) အီချန်း​ယောင်းရဲ့ March 21 ရက်​နေ့တွင်ကျ​ရောက်​သော အသက် ၂၀ ပြည့် ​​မွေး​နေ့အလှူဖြစ်ပါတယ်"

Idol လေးရေ နှစ်ပေါင်းများစွာ ဒိထက်အဆပေါင်းများစွာ အောင်မြင်ပျော်ရွှင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်

စောစောစီးစီးအေရွာသားတယောက်ဖမ်းလာတာ ခြေထောက်ကိုကြိုးချည်ပြီး ငှက်အိမ်နဲ့ထည့်သယ်လာတာကျမသားငယ်လေးကတွေ့တော့အမေရေ ဟိုလူကြီးကြ...
17/03/2024

စောစောစီးစီးအေ

ရွာသားတယောက်ဖမ်းလာတာ

ခြေထောက်ကိုကြိုးချည်ပြီး ငှက်အိမ်နဲ့ထည့်သယ်လာတာ

ကျမသားငယ်လေးကတွေ့တော့

အမေရေ ဟိုလူကြီးကြောင်ဖမ်းလာတယ် အော်လို့

အိမ်ပေါ်ကပြေးဆင်း

ဆိုင်ကယ်နဲ့နောက်ကနေလိုက်

မှီတော့မှ ဟဲ့ဘာလုပ်ဖို့တုန်းဆို

ဘေးရွာကိုသွားရောင်းမလို့အမ တဲ့

ကျနော့အိမ်ထဲလာလာနေတဲ့ကောင်လေး တဲ့

ကြောင်အိုးစည်ဆိုလားပဲ

ခြေထောက်မှာကြိုးအပြာနဲ့ချည်လို့

မရောင်းပါနဲ့ဟယ် ဥပုသ်လကြီး အ ကုသိုလ်များတယ်

ဘာညာနဲ့တရား 2 ပုဒ်လောက်ဟောပြီး

မုန့်ဖိုးတသောင်းပေး ဇွတ်ယူလာခဲ့ရပါရောလား

( ကိုယ့်ရွာသားမို့ ပြောလို့ရတာ မဟုတ်ရင်မနဲဘူးတောင်းလောက်တယ်)

အိမ်မှာခဏတော့ cage အကျယ်ထဲထည့်ထားလိုက်မယ်

ပြီးမှ သရက်ပင်ခြေလွှတ်ပေးလိုက်မယ်

ခြံထဲအပင်ကြီးတွေရှိတော့ သူ့ဟာသူနေပါစေပေါ့လေ

Wild လေးတွေ လှလွန်းပေမဲ့သူ့သဘာဝအလှနဲ့သူ ရှိပါစေ

အဲ့လိုမှပိုလှပါတယ်

သူ ထွက်သွားချင်ရင်လွှတ်ပေးလိုက်မယ်

ဒီနေ့ကယ်လိုက်ရတဲ့အသက်တချောင်းပေါ့ရှင်

ကူကြလှူကြသူတွေရဲ့ပဆံထဲက သုံးလိုက်တာမို့

အားလုံးထပ်တူ ကုသိုလ်ရကြပါစေရှင့်

16/03/2024

တယုတယမွေးထားတဲ့အိမ်ကြောင် များကိုပို့ချင်သူများ ရှင့်

သားကြောဖြတ် သင်းပေးလုပ်ပြီးသား ဖြစ်ပါမှ

နောက်ဆုံး သားကျောမဖြတ်ရသေးတောင်

ငယ်စဥ်ထဲက သန်ပုံမှန်ချပြီး ကာကွယ်ဆေးထိုးထားတဲ့ကောင် လောက်တော့ဖြစ်သင့်ပါတယ်

တယုတယမွေးထားတယ် ပြောပြီး

သန်လေးမှ ချမထားရင် ကျမတို့အိမ်ရောက်ပြီး မကြာခင်

ဆုံးရင်ဆုံး မဆုံးရင်လဲ ငွေသိန်းချီနီးပါးအကုန်ခံပြီး

ဆေးကု ပြုစု ရတာမျိုးဖြစ်လေ့ဖြစ်ထ 50% ရှိပါတယ်

ငွေကုန်တာက ထားပါတော့ ရှာလို့ရတယ်

ရင်ကွဲမတတ်ငိုရတာကြီးက အဆင်မပြေပါဘူး

ဘာ့ကြောင့်ဆုံးလဲဆို

အကောင်ရေ 230 ကျော်တဲ့ အိမ်တအိမ်မှာ

ဘယ်လောက်ပဲ သန့်ရှင်းရေးလုပ်လုပ်

ဘယ်လောက်ပဲ ဂရုစိုက်စိုက်

ရောဂါလေးတွေက ရှိတတ်ပါတယ်

တယောက်ကို သဲဗန်းတဗန်းသုံးတဲ့ ကလေးတွေနဲ့ဘယ်လိုမှမတူပါဘူး

Outdoor cage ထဲ သဲဗန်း 10 ဗန်းရှိပါတယ်

ဒါကို အားလုံး အကောင် 50 လောက်ကမျှသုံးပါတယ်

ဘယ်လိုပဲ အီးပါပြီးတာနဲ့ပြေးကျုံးကျုံး

သန်က ပြသနာရှိပါတယ်

ဥပမာပြောရ ရင် မြန်မာပြည်က လမ်းဘေးလက်သုတ်စုံတွေ

အခြေခံနဲ့ လူလတ်တန်းအကုန်စားတယ်

ကျမလဲ ကြိုက်တယ် စားတယ်

ဒါကို ဒီရေမြေအခံမဟုတ်တဲ့နိုင်ငံခြားသားက စားရင်တော့

သေခြာပေါက် ဝမ်းပျက်ပါမယ်

အစပ်စားနေမကျသူကို အစပ်ကျွေးရင် ဗိုက်နာသလိုပါပဲ

ဒီအိမ်နဲ့အသားမကျသေးတဲ့ကလေး

အထူးသဖြင့် အိမ်မွေးတွေမှာ နုနယ်တယ်

ခံနိုင်ရည်နဲပါးပါတယ်

လမ်းမှာကျက်စားနေတဲ့ လေလွင့်လေးတွေလောက် မမာကြပါဘူး

အိမ်အဝေးပြောင်းရမှာမို့

ဘေးအိမ်က နှိပ်စက်လို့

မပြုစုနိုင်လို့ စသဖြင့်

ခိုင်လုံတဲ့အကြောင်းတွေနဲ့ ပေးချင် ပို့ချင်ကြရင်

ဒါလေးတွေကိုနားလည်ပေးပါ 👇👇👇

📌 သန်ပြသနာ တုပ်ကွေးနဲ့ ကြောင်နာကြောင့် ဆုံးပါးနိုင်ခြေ ရှိတာကို သိရှိ လက်ခံပြီးသားဖြစ်ရပါမယ်

📌 3 လအောက်ကလေးတွေမှာ ပိုပြီး ရှင်သန်ဖို့ရူန်းကန်ကြရပါတယ်

📌 အထီး က ထားရခက်ပါတယ် ရောထားရင်လဲကိုက်တယ် လွှတ်ထားတာမျိုးလဲကျမက မလုပ်ပါဘူး

ဒီတော့ သူနေဖို့ cage စီစဥ်ပေးရပါမယ်

မသင်းပေးမချင်း cage ထဲမှာသူနေရမှာကို လက်ခံနိုင်ရပါမယ်

📌 ကိုယ်ဝန်ဆောင် နှင့် အမများကတော့ပြသနာမရှိပါ

📌 တတ်နိုင်သူဖြစ်ပါက ကိုယ်ပို့ထားတဲ့ကလေးကိုယ် တာဝန်ယူစေ့ချင်ပါတယ် cage ဖိုး အစာဖိုး ဆေးဖိုး ကာကွယ်ဆေးဖိုး စသဖြင့်ပေါ့

အထက်ပါအချက်တွေကို အဆင်မပြေဘူးဆိုလဲ

ကျမရဲ့ကံပေါ့ရှင်

လမ်းဘေးတော့မပြစ်ပါနဲ့

နေစရာ စားစရာမရှိ ငတ်သေ ခွေးကိုက် ကားတိုက် ခံရတာထက်တော့ အပုံကြီးသာပါတယ်

ရှင်နေသမျှ ကာလပါတ်လုံးဝ ဝ စားပြီး

နွေးနွေးထွေးထွေးသေန်ုင်တာပေါ့ရှင်

ဒီရင်ဘတ်ကြီးကတော့ နွားနင်းခံရတဲ့တလင်းပြင်လိုပဲ မွစာကိုကျေလို့

ငိုရတာ 😭😭😭

ဆေးချိတ်ခဲ့ရတဲ့ 6 ကောင်မှာ 4 ကောင် ဆုံးပါတယ် 😞ကျန်ကလေးတွေကို နလံထအောင်အသဲအသန်ပြုစုနေပါတယ်အစာမဝင်လို့ခွန့်နေရတဲ့ကလေး 14 ယ...
15/03/2024

ဆေးချိတ်ခဲ့ရတဲ့ 6 ကောင်မှာ 4 ကောင် ဆုံးပါတယ် 😞

ကျန်ကလေးတွေကို နလံထအောင်အသဲအသန်ပြုစုနေပါတယ်

အစာမဝင်လို့ခွန့်နေရတဲ့ကလေး 14 ယောက်ရှိပါတယ်ရှင်

ကြက်သားကိုပြုတ် blender နဲ့ခြေ ကြက်ပြုတ်ရည် ရယ်

ပရိုတင်းမှုန့်ရယ် ရောပြီးမွှေ

ဆေးထိုးပြွန်နဲ့ တိုက်ပေးနေရတယ်

ရေတလှည့် ဓာတ်ဆားတလှည့် အစာပျော့တလှည့် ခွန့်နေရတယ်

အားလုံးသက်သာပျောက်ကင်းဖို့ မျှော်လင့်ရတာပါပဲ

ဒီရက်ထဲ ကူညီလှူဒါန်းပေးကြသူများကို

5000/10000 ကအစ အထူးကျေးဇူးတင်ပါတယ်

အကို အမ ညီမ မောင်လေးတို့ငွေနဲ့ ကြက်သား ဓာတ်ဆား ပရိုတင်းမှုန့် အစာခြောက် အစာစို တွေ ဝယ်နိုင်တာပါ

အပေါ်ထပ်က ကလေးတွေကို ကြက်သားနဲ့ထမင်းမကျွေးနိုင်တာကြာပေါ့

ဒီနေ့ည တဝကြီးကျွေးနိုင်ခဲ့ပြီ

စားလိုက်ကြတာ အားရပါးရ

ပျော်ရတယ်

ဒီနေ့ အိမ်မှာရှိတဲ့ 230 ကျော်လုံး ကြက်သား စားရတဲ့နေ့ပေါ့ရှင်

ကျေးဇူးပါ

အစာဖိုး ဆေးဖိုး ကူလိုလှူလိုပါက

Kpay 09986810949 zin win aye သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်

ဆောင်းကုန်ပြီမို့ ရင်အေးရမလားမှတ်တယ် သန်ပြသနာ ဆိုးဆိုးဝါးဝါး လာပြန်ပြီပေါ့ကိုယ်နိုင်တဲ့ငွေ ကိုယ်စွမ်းသမျှအားနဲ့ ရုန်းပေမ...
14/03/2024

ဆောင်းကုန်ပြီမို့ ရင်အေးရမလားမှတ်တယ်

သန်ပြသနာ ဆိုးဆိုးဝါးဝါး လာပြန်ပြီပေါ့

ကိုယ်နိုင်တဲ့ငွေ ကိုယ်စွမ်းသမျှအားနဲ့ ရုန်းပေမဲ့လဲ

မျက်ရည်လည်ရွှဲ ငိုပွဲဆင်နေရတဲ့ရက်တွေကများတယ်

ဒီနေ့ဆို 6 ကောင်ဆေးခန်းလာတယ်

6 ကောင်လုံး ရေဓာတ်ခမ်း 2 ကောင်ကနှခေါင်းသွေးပါယိုနေပြီး

6 ကောင်လုံးကိုဆေးချိတ်နေရတယ်

ဒါတောင် နေမကောင်းတဲ့အကောင်စေ့ ကိုခေါ်မလာနိုင်ပါဘူး

ရွာဆရာဝန်ခေါ်ပြီးဆေးထိုးနေတဲ့ကလေးတွေရှိတယ်

သောက်ဆေးတိုက်နေရတဲ့ကလေးတွေလဲရှိတယ်

ဒုတ်ခိတလေးတွေ ဒါဏ်ရာကြီးတဲ့ကလေးတွေလဲရှိတယ်

တကယ်ကို ကူကယ်ရာမဲ့နေပါပြီ

ကလေးတွေအတွက် ကြက်ပြုတ်ရည်လုပ်ဖို့ ကြက်ဖိုး

ဆေးချိတ်ရတဲ့ဆေးဖိုးဝါးခ

အစစအရာရာ ကျမ မတတ်နိုင်တော့လောက်အောင်ဖြစ်နေပြီမို့

ကူညီလှူဒါန်းလိုပါက

Kpay 09986810949 zin win aye ပါရှင့်

ဘယ်တုန်းကမှ မျက်ရည်ခြူ ညည်းငြူလေ့မရှိခဲ့သူပါ

ဒီတခါတော့ ကယ်ပါအုံးရှင်

အကောင် 230 ကို တသုတ်စီခွဲ သန်မချနိုင်ရင် အကုန်လုံး တိမ်းပါးနိုင်ခြေမြင့်နေတာမို့

သန်ကွင်းဆက်ကို ဖြတ်မှရမှာမို့ 😭😭😭😭😭

ကူပါအုံးရှင်

ဒီကလေးရဲ့ လက်ကဖြတ်ကိုဖြတ်မှရပါမယ်ရှင် 😞ဒီကလေးက ဓာတ်လိုက်ခံရတဲ့ကလေးပါလမ်းမှာတွေ့တဲ့သူက သူ့ကိုကယ်ပြီးဆေးခန်းမှာ ဆေးရုံ 3 ရ...
07/03/2024

ဒီကလေးရဲ့ လက်ကဖြတ်ကိုဖြတ်မှရပါမယ်ရှင် 😞

ဒီကလေးက ဓာတ်လိုက်ခံရတဲ့ကလေးပါ

လမ်းမှာတွေ့တဲ့သူက သူ့ကိုကယ်ပြီး

ဆေးခန်းမှာ ဆေးရုံ 3 ရက်တင်ပေးထားခဲ့ပါတယ်တဲ့

အဲ့ဒိနောက် ကျမနဲ့ဆက်သွယ်ပြီး

ကျမပြနေကျ ဆေးခန်းမှာချိန်းဆို လာတွေ့ပြီး ကလေးကိုပေးခဲ့ပါတယ်

နို့အနေအထားနဲ့ နို့လေးတင်းနေသယောင်မို့

ကိုယ်ဝန်ဆောင် လို့ယူဆပြီး

Ultrasound ရိုက်ခဲ့ပါတယ်

အဲ့ဒိတော့မှ သိလိုက်ရတာက

ကိုယ်ဝန်ဆောင်မဟုတ်ပါဘူး

သားသယ်မိခင် နို့တိုက်မိခင်ပါတဲ့ 😭😭😭

သူ့ကလေးတွေလဲ ဘယ်ဆီကျန်နေခဲ့လဲမသိပါဘူး

အင်မတန်ရင်နင့်စရာလေးပါ

သူ့လက် 2 ဖက်လုံး မထောက်နိုင်တော့ပါဘူး

ဘယ်ဘက်လက်ကတော့ အသားတွေရိရွဲ ပြီး

အကောင်တွေတဖွားဖွားကျနေပါတယ်

တံတောင်ဆစ်ကနေ လက်ဖျားထိက ခြောက်နေပါပြီ

ညာလက်ကတော့ လက်ကောက်ဝတ်အထက်နားကနေ

ယောင်နေတာပါ

ရိ ေနေတဲ့အသားစတွေ ညှပ်မထုတ်ခင်

Laut စားနေတဲ့ပုံနဲ့ အသားအရိတွေညှပ်ထုတ်

သန့်ရှင်းရေးလုပ်ထားပြီးစ ပုံ 2 ပုံ တင်ပေးထားပါတယ်

လောလောဆယ် ပိုးသတ်ဆေးထိုးပါတယ်

အစာခွန့်ပေးပါတယ်

လက်ဖြတ်ရင်ရော ရှင်မလားဆို

50/50 ပါပဲ

မဖြတ်ရင်တော့ သိပ်မခံလောက်ပါဘူး

ကျမ အလှူတွေမခံဖြစ်

သိပ်မရေးဖြစ်တာ ကြာပါပြီ

2 လဆက်တိုက် တလကို အစာ 2 အိတ်ဖိုးပဲ

ကူငွေ ရခဲ့တာပါ

အစာဖိုး ဝန်ထမ်းစားရိတ် ဆေးကုသစားရိတ် ဆေးဖိုး အစစ

တယောက်ထဲရုန်းနေခဲ့ရတာပါ

ဒီသမီးကို ခွဲစိတ် ဖြတ်ထုတ်ဖို့ ကျမ လုံးဝ မတတ်နိုင်ပါဘူး

ရှင်နေသမျှကာလပါတ်လုံး နောက်ဆုံးချိန်ထိ

ပြုစု ပေးပါမယ် မနာကျင်ရအောင် အချစ်ခံရအောင်တော့ထားနိုင်ပါတယ်

ဖြတ်ဖို့တော့ မတတ်နိုင်ပါဘူး

ကျမမှာလဲ လေလွင့်ကယ်တင်ခံ 230 ရှိနေသေးတာမို့ပါ

သူ့ဘက်မှာ 10% လေးပဲရှိရင်တောင်မှ ကုပေးချင်ပါတယ်

သူ သိပ်ရှင်သန်ချင်ရှာတာ 😭

ဒီကလေးခွဲစိတ်နိုင်ဖို့ လှူပေးနိုင်မလားရှင့်

Kpay 09986810949 zin win aye ပါ

အရင်ကဆို အိမ်ကကလေးတွေမှာ အစာစောင့်စားရတယ်ဆိုတာမရှိခဲ့ဘူးအစာဗန်းတွေဆေးချိန်မှအပ အမြဲအစာအပြည့်ဖြည့်ထားတယ်ကြိုက်သလောက်စား အ...
24/02/2024

အရင်ကဆို အိမ်ကကလေးတွေမှာ အစာစောင့်စားရတယ်ဆိုတာမရှိခဲ့ဘူး

အစာဗန်းတွေဆေးချိန်မှအပ အမြဲအစာအပြည့်ဖြည့်ထားတယ်

ကြိုက်သလောက်စား အဝစား ဘူဖေးပဲ

အခုကျ အစာစျေးတွေတအားတက်တာရယ်

ကူမဲ့သူနည်းတာရယ်

ဆေးကုသစားရိတ်တွေနဲ့ ဒီမေမေကပိနေတာရယ်ကြောင့်

တနေ့ကို 5 ကြိမ်ပဲ ကျွေးနိုင်တော့တယ်

ဒါကတော့ ညဦးပိုင်းစာစားဖို့ စောင့်နေတဲ့သား ရဲ့ပုံလေးပေါ့

မေမေ စာစာရော မြန်မြန်ထည့်တော့နော်

သား ဗိုက်ဆာပြီလို့ပြောနေသလိုလေးပဲ

အဲ့လိုမော့ကြည့်တဲ့မျက်လုံးလေးတွေဒါဏ်ကိုမခံနိုင်ဘူးကွယ်

ကောင်ရေ 230 နီးပါးကို နေ့စဥ်ကျွေးမွေးစားရိတ်ကလဲ အတော့ကိုထောင်းတယ်

ကလေးတွေအတွက် အစာခြောက် / အစာစို / ဓာတ်ဆား ဖိုးလေးများ

ကူညီ ကုသိုလ်ယူလိုကြရင်

Kpay - 09986810949 zin win aye

သို့ ပေးပို့ကူညီလှူဒါန်းနိုင်ပါတယ်ရှင့်

23/02/2024

သမီး ကျော့ကျော့လေး

အနာဝကနေပိုးဝင်ပြီး

သွေးအဆိပ်သင့်

ဆုံးရှာပြီ 😭😭😭😭😭

နလံထ နဲ့ အစာမဝင် အစာခွန့်ရခက်တဲ့ အာဝုနဲ့မြောင်လေးတွေကိုလူနလံထကလေးတွေ အားဖြည့်စာ Milo တို့ Overtine တို့ တိုက်သလို တိုက်လ...
20/02/2024

နလံထ နဲ့ အစာမဝင် အစာခွန့်ရခက်တဲ့ အာဝုနဲ့မြောင်လေးတွေကို

လူနလံထကလေးတွေ အားဖြည့်စာ Milo တို့ Overtine တို့

တိုက်သလို တိုက်လို့လဲရ

အစာခွန့်ရခက်နေသူကိုလဲ ဆေးပြွန်နဲ့စုပ်ကျွေးလို့ရတာလေး share ပေးတာပါ

Pet Milk 1 ဇွန်း + ရေ 5 ဇွန်း + မြောင်ဆို protein ဇွန်း 4 ပုံတပုံ / အာဝုဆို တဇွန်း

ဖျော် ပြီးတိုက်လို့ရတယ်

တုပ်ကွေးကြောင့် အစာမဝင်သူဆိုရင် ကျမက creamy တထုပ်ပါထည့်ဖျော်ပြီး

ဆေးပြွန်နဲ့ထိုးကျွေးတယ်

ဆေးဒါဏ်ခံသာပြီး အားလဲရှိတယ် အထူအထောင်မြန်တယ်ရယ်

( ငွေတတ်နိုင်သူတွေအတွက်တော့ Recover ကအကောင်းဆုံးပေါ့ ဒါလေးက အဲ့လောက်မကုန်ဘူး)

အချွဲပိုလေး 😘လူတွေရက်စက်မှုကိုခံခဲ့ရလဲလူတွေနားပဲ ကပ်နေချင်တဲ့သမီးလေးကျော့ကွင်းမှာမိရာကနေ ကြောက်အားနဲ့ရုန်းနိုင်ခဲ့ပုံပါတ...
20/02/2024

အချွဲပိုလေး 😘

လူတွေရက်စက်မှုကိုခံခဲ့ရလဲ

လူတွေနားပဲ ကပ်နေချင်တဲ့သမီးလေး

ကျော့ကွင်းမှာမိရာကနေ ကြောက်အားနဲ့ရုန်းနိုင်ခဲ့ပုံပါ

တွေ့စနေ့က ခြေထောက်မှာ ကွင်းရာနဲ့

အရိုးကျိုးပြီး အပြင်ကိုထွက်ရက် အရိုးကပြန်ဆက်သွားခဲ့တာ

အရိုးကြီးကျိုးပြီးထွက်နေတာ အူယားစရာ

ရင်နင့်စရာလေး

ခြေထောက်က ထောက်လို့တော့ ရတယ်

ဓာတ်မှန်ရိုက်ကြည့်တော့

ကျိုးနေတဲ့အရိုးက အပြင်ချွန်ထွက်နေတာ

ဆရာဝန်ကတော့ အဲ့ဒိ ချွန်နေတဲ့ဟာလေးကို ဖြတ်ပြီး

အနာဝကိုပိတ်ချုပ်လိုက်ရင်ရမယ်ပြောတယ်

သူလေး ခံနိုင်ရည်ရှိဖို့အားမွေးနေဆဲကာလပါ

ရေဓာတ်နဲနဲခမ်းပြီး

အစာစားတာ နဲ

သွေးအားနဲနေရှာတယ်

လူတအားကပ်ချင်တော့ သူ့ကိုသီးသန့်အချိန်ပေးပြီး

လူနားမှာပွတ်သပ် ထားရတာ

နာမည်ကို ကျော့ကျော့လို့ပေးထားတယ်

မျက်နှာငယ်လေးနဲ့အချွဲပိုလေး

ကလေးကငယ်ငယ်လေးပဲရှိသေးတာ

လုပ်ရက်ကျတာ လူတွေရယ်😞

ဒီရက်ထဲ ရာသီဥတုအပြောင်းအလဲရယ်အသစ်ခေါ်ရတဲ့ကလေးတွေရယ်ကျော့ကွင်းမိလို့အရိုးကျွံထွက်နေတဲ့ကလေးရယ် သေခြာလေးပြုစုနေရလို့ပို့စ်မ...
16/02/2024

ဒီရက်ထဲ ရာသီဥတုအပြောင်းအလဲရယ်

အသစ်ခေါ်ရတဲ့ကလေးတွေရယ်

ကျော့ကွင်းမိလို့အရိုးကျွံထွက်နေတဲ့ကလေးရယ်

သေခြာလေးပြုစုနေရလို့

ပို့စ်မတင်ဖြစ်တာပါ

အခြား လူမှုရေးပရဟိတတွေလဲရှိနေတော့

ဖုံးမကိုင်အားတာနဲ့ ဘာမှမတင်ဖြစ်

အလှူလဲမခံဖြစ် 😁

အစာပြတ်

အိတ်စိုက်ဝယ်

ဆေးပြတ် ခရင်မီပြတ်

အိတ်စိုက်ဝယ်

ဆေးခန်းပြေး

အိတ်စိုက် နဲ့

ဒီရက်ထဲ 10 သိန်းလောက်ကျွတ်သွားပြီးသကာလ

ဒီနေ့တော့ ပို့စ်ပြန်တင်ပါတော့မယ် 😁

ငိုတတ်တဲ့ကလေး နို့ပိုစို့ရသတဲ့

ကျမတို့က မငိုတတ်လို့ထင်ပါရဲ့

ကူသူနဲပါးလှတယ် 😞

အဆက်မပြတ်လေး တင်နေ live နေဖို့

အချိန်လုပြီး ကြိုးစားသွားမှာပါ

မြောင်ချစ်သူတို့လဲ ကျနော့ကလေးတွေကို

သတိရပေးကြပါနော်

230 လောက်ကိုနေ့စဥ် ကျွေးမွေး ပြုစု ကုသပြီး

တယုတယ ကယ်မွေးထားတာမို့

စားရိတ်ထောင်းလှတယ်

ပုံကတော့

ဝဖြိုးစိုပြေ လှပလာပြီဖြသ်တဲ့ ဖိုးဝါလေးပါ

ခေါ်လာကာစနဲ့ အခု အတော်ကွာသွားပြီပေါ့ရှင်

ကျမတို့ Stray Cat's Home  မှ ကယ်တင်စောင့်ရှောက်ခံ လေလွင့်ကလေးငယ် 230 အတွက် 14 Sept 2022 က ကွယ်လွန်သွားတဲ့ သမီးငယ် ပုကြိအ...
01/02/2024

ကျမတို့ Stray Cat's Home မှ ကယ်တင်စောင့်ရှောက်ခံ လေလွင့်ကလေးငယ် 230 အတွက်

14 Sept 2022 က ကွယ်လွန်သွားတဲ့ သမီးငယ် ပုကြိအား ရည်စူး ၍ 60000 ကျပ်တိတိ လှူဒါန်းပါတယ်ရှင်

ပုကြိရေ သမီးလေးကို သမီးမိသားစုက လစဥ် မမေ့မလျော့ သမီးအတွက် ကုသိုလ်ပြုလုပ်ပေးနေပါတယ်

လူတွေတောင် သေလွန်ပြီးနောက်မေ့လျော့ခံနေရတဲ့ လောကကြီးထဲမှာ ကြာသော်လဲ မမေ့နိုင်ပဲ သမီးလေးအတွက် ကုသိုလ်တွေ ပြုပေးမြဲ အထိ သမီးကိုချစ်ကြပါတယ်

သမီးရှင်သန်နေစဥ်လဲ အနှိုင်းမဲ့အချစ်ခံခဲ့ရမယ်ဆိုတာ အန်တီ ခံစားသိပါတယ်

သမီးလေးအတွက်ရည်စူးလှူတဲ့ အစားကိုစားပြီးသူတို့လေးတွေ ဝမ်းဝရပါတယ်

သူတို့လေးတွေ ဆေးကုသခွင့်ရကြပါတယ်

ဒီကုသိုလ်အားလုံး သမီးလေး ပုကြိ ရပါစေ

သမီးလေး အေးချမ်းပါစေ

ဘယ်တော့မှအထီးမကျန်ပါရပဲ မြင့်မြတ်တဲ့ဘုံဘဝကိုရောက်ပါစေကွယ် လို့

အန်တီနဲ့ မောင်ညီမလေး 230 တို့က လှိုက်လှိုက်လှဲလှဲဆုတောင်းပေးပါတယ်

Tiny Tiger Pet Shop မှ နေ၍ကျမတို့ကယ်တင်စောင့်ရှောက်ထားတဲ့ လေလွင့်ကလေး 230 နီးပါးအတွက်အစာဖိုး 50000 ကျပ်ကိုလှူဒါန်းကူညီထေ...
01/02/2024

Tiny Tiger Pet Shop မှ နေ၍

ကျမတို့ကယ်တင်စောင့်ရှောက်ထားတဲ့ လေလွင့်ကလေး 230 နီးပါးအတွက်

အစာဖိုး 50000 ကျပ်ကိုလှူဒါန်းကူညီထောက်ပံ့ပါတယ်

အလှူရှင်ညီမလေး ကျန်းမာချမ်းသာပါစေ

မဝ မလှ မရ စကားမကြားရသူဖြစ်ပါစေ

လိုအပ်သမျှ ကောင်းသောလိုအင်တိုင်း ပြည့်ပါစေ လို့

ဆုတောင်းပေးပါတယ်ရှင့်

📌📌📌

လေလွင့်လေးများအတွက် အစာဖိုး ဆေးဖိုး ဆေးကုသစားရိတ်များ ကုသိုလ်ယူပါဝင်ချင်ပါက

Kpay 09986810949 zin win aye သို့

လှူဒါန်းကုသိုလ်ယူနိုင်ပါတယ်ရှင့်

ဒါကတော့ ဒီနေ့အစာဝယ်တဲ့ voucher တွေပါ ကောင်ရေများလာတော့ တအိတ်ကို 3 ရက်ကျော်ပဲစားရတော့တယ် တခါထဲများများမဝယ်နိုင်တော့ နဲနဲစ...
01/02/2024

ဒါကတော့ ဒီနေ့အစာဝယ်တဲ့ voucher တွေပါ

ကောင်ရေများလာတော့ တအိတ်ကို 3 ရက်ကျော်ပဲစားရတော့တယ်

တခါထဲများများမဝယ်နိုင်တော့

နဲနဲစီသွားသွားဝယ်နေရတာပေါ့လေ

ဓာတ်ဆားကလဲ အထုပ် 20 တခါဝယ်ရင် 4 ရက်လောက်ပဲခံတာ

အစာစိုဗူးကို ကဒ်လိုက် ဖာလိုက်မဝယ်နိုင်တာတောင်ကြာပါပြီ

ရင်မောရပါတယ်

📌📌📌

မန်းမှာ လေလွင့်ကလေးတွေ ဗိုက်ကြီးသယ်တွေ မအေကွဲလေးတွေနဲ့ မကျန်းမာတဲ့ကလေးတွေကို

ကယ်ပြီးမွေးပေးထားတာ 230 နီးပါးရှိပါပြီ

ဒီလို အသက်ကလေးတွေကို ကယ်နေရတဲ့အထဲ

ကုသိုလ်ပါဝင်လိုတယ်ဆိုရင်တော့

Kpay 09986810949 zin win aye ကို

လှူဒါန်း ကုသိုလ်ယူနိုင်ပါတယ်

ဆက်ကယ်ဖို့ ကယ်ထားတဲ့ကလေးတွေကို ပြည့်ဝစွာစောင့်ရှောက်နိုင်ဖို့ဆိုတာ

အများကဝိုင်းကူမှသာရမှာပါ

အားကိုးပါတယ်ရှင် 😞

မနေ့က အသဲအသန်ရှာဝယ်လိုက်ရတာပါအစာ 2 အိတ်ရပြီဆိုတော့ 4 ရက်စာလောက်တော့ ကျွေးလို့ရပြီရယ် မြောင် 230 နီးပါးရဲ့စားရိတ်က မလွယ်က...
31/01/2024

မနေ့က အသဲအသန်ရှာဝယ်လိုက်ရတာပါ

အစာ 2 အိတ်ရပြီဆိုတော့ 4 ရက်စာလောက်တော့ ကျွေးလို့ရပြီရယ်

မြောင် 230 နီးပါးရဲ့စားရိတ်က မလွယ်ကူလှပါဘူး

ဆေးရုံတင်ရတာများတဲ့

ကယ်ရတာများတဲ့ လ မျိုးနဲ့

အလှူရှင်နဲတဲ့လမျိုး တိုက်ရင်

ကျမ အရူးမီးဝိုင်းဖြစ်ရတာပါပဲ

အစာအိတ်တွေ ထပ်ထားနိုင်ရင် သိပ်ကောင်းမှာနော်

😞

ကလေးတွေကို အစာစိုနဲ့ တနေ့တနပ် မှန်မှန်ကျွေးနိုင်ရင်လဲ ကောင်းမှာပဲ

သူတို့သိပ်ကြိုက်တဲ့ creamy လေးတွေကို အကောင်စေ့လဲ ကျွေးချင်တယ်

ခုတော့ ခွင်မီဆိုတာ တုပ်ကွေးဖြစ်မှ စားရသလို

တုပ်ကွေးဖြစ်နေတဲ့ကလေးမှ အစာခွန့်တဲ့ခါ သုံးရသလို

ဖြစ်နေတာ 😞

မွေးနေ့အထိမ်းအမှတ်ဖြစ်စေ

အမှတ်တရနေ့ရက်တွေအတွက်ဖြစ်စေ

အာဟာရဒါနပြု ကုသိုလ်ယူလိုပါက

📌 အစာစိုနဲ့ တနပ်ကို - 35000 ကျပ်

📌 ကြက်သားပြုတ် ရည်နဲ့ ကြက်သားမျှင် တနပ်ကို - 60000 ကျပ်

📌 တနေ့တာ အစာခြောက် 4 နပ်စာအတွက် - 55000 ကျပ်

ကျသင့်ပါမယ်

( မကယ်ပဲမနေနိုင် မခေါ်ပဲမျက်နှာမလွှဲရက်နဲ့ ဖြစ်နေလို့

အကောင်ရေတအားများလာလို့ ဆက်လက်ပြီးလဲကယ်နိုင်အောင်လို့သာ အလှူခံပို့စ်တင်ရတာ

ဒီလိုတင်တိုင်း ဝမ်းနည်းသလိုလို သိမ်ငယ်သလိုလိုနဲ့ ဟူး း း)

မနေ့က 33 ကောင် ကာကွယ်ဆေးထိုးပါတယ်ရှင့်မသိရင် နှိပ်စက်နေသလိုပဲ ဒွါမာကင်းတွေက 🤧အမှန်က ရှယ်ပလန်နဲ့ကုတ်ချတာကောင်မလေးတွေ လက်တ...
31/01/2024

မနေ့က 33 ကောင် ကာကွယ်ဆေးထိုးပါတယ်ရှင့်

မသိရင် နှိပ်စက်နေသလိုပဲ ဒွါမာကင်းတွေက 🤧

အမှန်က ရှယ်ပလန်နဲ့ကုတ်ချတာ

ကောင်မလေးတွေ လက်တွေမှာခြစ်ရာတွေချည့်

ဆေးထိုးပေးတဲ့ Dr တောင်မလွတ်ဖူး

စွာစိလေးတွေ 😘

ဒီနေ့ခေါ်ခဲ့ရတဲ့ သားလေးပါ ဇိုးတွေရဲ့ ရပ်ကွက်ထဲ ဇွတ်ကျားလေးဖြစ်နေလေတော့ဟိုကောင်ကဗျင်းလိုက် ဒီကောင်ကရန်ရှာလိုက်နဲ့ ခဏခဏ ပြ...
30/01/2024

ဒီနေ့ခေါ်ခဲ့ရတဲ့ သားလေးပါ

ဇိုးတွေရဲ့ ရပ်ကွက်ထဲ ဇွတ်ကျားလေးဖြစ်နေလေတော့

ဟိုကောင်ကဗျင်းလိုက် ဒီကောင်ကရန်ရှာလိုက်နဲ့

ခဏခဏ ပြေးလွှားနေရတဲ့ လေလွင့်ဂေါ်လီလေးပေါ့

မကြည့်ရက်နိုင်တဲ့ညီမလေးတယောက်က အကြောင်းကြား

ကူဖမ်းပေးလို့ ခေါ်ခဲ့ရတာလေး 😍

ပါးစပ်လေးတပေါက် ထပ်တိုးလေးပေါ့ရှင် 😁

ဗိုက်ကားနေအောင်စားပြီး အိပ်နေပြီ😊

📌📌📌

ကျမတို့ Stray Cat's Home မှ ကယ်တင်စောင့်ရှောက်မွေးမြူထားသော

မြောင် 230 နီးပါးအတွက်

အစာဖိုး ဆေးဖိုး အာဟာရဖိုး ထမင်းဖိုး နှင့် ဆေးကုသစားရိတ်များ

လိုအပ်လျှက်ရှိပါတယ်

ကုသိုလ်ပါဝင်လိုပါက

Kpay - 09986810949
Zin Win Aye သို့ လှူဒါန်းနိုင်ပါတယ်

အသက်ကလေးတွေ ဘဝလေးတွေ ကယ်တင်ရာမှာ

တတပ်တအား ပါဝင်ပေးပါအုံးနော်

ဒီနေ့ခေါ်ခဲ့ရတဲ့ မဗိုက်လေးပါရှင့် ဆောက်လုပ်ရေးလုပ်တုန်းက အလုပ်သမားတွေက မွေးပြီး ဆောက်လုပ်ရေးပြီးတော့ စက်ရုံမှာထားခဲ့ခံရသ...
30/01/2024

ဒီနေ့ခေါ်ခဲ့ရတဲ့ မဗိုက်လေးပါရှင့်

ဆောက်လုပ်ရေးလုပ်တုန်းက အလုပ်သမားတွေက မွေးပြီး ဆောက်လုပ်ရေးပြီးတော့ စက်ရုံမှာထားခဲ့ခံရသူလေးတွေပေါ့ 😞

ပါးစပ်လေးတပေါက် ထပ်တိုးလေးပေါ့ရှင် 😁

ရောက်စမို့ နဲနဲစိမ်းပြီး အစာမနဲချော့ကျွေးနေရတယ် 😞

📌📌📌

ကျမတို့ Stray Cat's Home မှ ကယ်တင်စောင့်ရှောက်မွေးမြူထားသော

မြောင် 230 နီးပါးအတွက်

အစာဖိုး ဆေးဖိုး အာဟာရဖိုး ထမင်းဖိုး နှင့် ဆေးကုသစားရိတ်များ

လိုအပ်လျှက်ရှိပါတယ်

ကုသိုလ်ပါဝင်လိုပါက

Kpay - 09986810949
Zin Win Aye သို့ လှူဒါန်းနိုင်ပါတယ်

အသက်ကလေးတွေ ဘဝလေးတွေ ကယ်တင်ရာမှာ

တတပ်တအား ပါဝင်ပေးပါအုံးနော်

ဒီနေ့ခေါ်ခဲ့ရတဲ့ မိသားစုလေးပါရှင့်ဆောက်လုပ်ရေးလုပ်တုန်းက အလုပ်သမားတွေက မွေးပြီး ဆောက်လုပ်ရေးပြီးတော့ စက်ရုံမှာထားခဲ့ခံရသ...
30/01/2024

ဒီနေ့ခေါ်ခဲ့ရတဲ့ မိသားစုလေးပါရှင့်

ဆောက်လုပ်ရေးလုပ်တုန်းက အလုပ်သမားတွေက မွေးပြီး ဆောက်လုပ်ရေးပြီးတော့ စက်ရုံမှာထားခဲ့ခံရသူလေးတွေပေါ့ 😞

တော်သေး စက်ရုံပိုင်ရှင်က ပြီးစလွယ်မပြစ်ပဲ

ကျမဆီဆက်သွယ် သူတို့လေးတွေအတွက် ကာကွယ်ဆေးဖိုးနဲ့ Cage တလုံး ထည့်ပေးလိုက်လို့

အမေကြီးနဲ့ ကလေးလေးကောင်

သိပ်ချစ်စရာကောင်းတာလေးတွေပါ

ပါးစပ်လေးငါးပေါက် ထပ်တိုးလေးပေါ့ရှင် 😁

ဗိုက်ကားနေအောင်စားပြီး အိပ်တော့မယ်ရှင့်

📌📌📌

ကျမတို့ Stray Cat's Home မှ ကယ်တင်စောင့်ရှောက်မွေးမြူထားသော

မြောင် 230 နီးပါးအတွက်

အစာဖိုး ဆေးဖိုး အာဟာရဖိုး ထမင်းဖိုး နှင့် ဆေးကုသစားရိတ်များ

လိုအပ်လျှက်ရှိပါတယ်

ကုသိုလ်ပါဝင်လိုပါက

Kpay - 09986810949
Zin Win Aye သို့ လှူဒါန်းနိုင်ပါတယ်

အသက်ကလေးတွေ ဘဝလေးတွေ ကယ်တင်ရာမှာ

တတပ်တအား ပါဝင်ပေးပါအုံးနော်

📌📌📌 ကူကြပါဦးရှင့် 📌📌📌ကလေးတွေအတွက် ဒီနေ့အစာခြောက် ဝယ်ရပါတော့မယ် ကာကွယ်ဆေး သွားယူတာ လမ်းဆီဖိုးတင် အသွားအပြန်ကို 3 သိန်းလေ...
30/01/2024

📌📌📌 ကူကြပါဦးရှင့် 📌📌📌

ကလေးတွေအတွက် ဒီနေ့အစာခြောက် ဝယ်ရပါတော့မယ်

ကာကွယ်ဆေး သွားယူတာ လမ်းဆီဖိုးတင် အသွားအပြန်ကို 3 သိန်းလောက်ကုန်ပါတယ်

ကြောင်အသစ်လေးတွေ ဆေးကုစားရိတ်တွေနဲ့

ဒီလ ဆေးရုံတင်ရတဲ့ကလေးတွေနဲ့ မို့

ကျမ မှာလုံးဝ ပဆံပြတ်သွားခဲ့ပါပြီ.

ဒီလတလလုံး အစာအိတ် 10 အိတ်ကျော်လဲ အိတ်စိုက်ဝယ်ထားခဲ့ပြီးပြီမို့

မတတ်နိုင်တော့ပါဘူး

ကျေးဇူးပြုပြီး လေလွင့်လေး 220 ကျော်ရဲ့ စားသောက်စားရိတ်အတွက်

မျှကူပေးကြပါလားရှင်

တယောက်အားနဲ့ဘယ်လိုမှမနိုင်တာမို့

နဲများမဆိုကူညီကြပါရန် တောင်းပန်အပ်ပါတယ်

Kpay 09986810949 Zin Win Aye ပါရှင့်

မွှေးတုံးတော့ကွယ် ပန်ချင်ပြန်တယ် နံရင်ပြစ်ပါယ် ဆိုတဲ့ ငယ်ငယ်တုံးက သီချင်းလေးကို သတိရမိစေတယ် စျေးကြီးကြီး မျိုးကောင်းကောင...
29/01/2024

မွှေးတုံးတော့ကွယ် ပန်ချင်ပြန်တယ် နံရင်ပြစ်ပါယ်

ဆိုတဲ့ ငယ်ငယ်တုံးက သီချင်းလေးကို သတိရမိစေတယ်

စျေးကြီးကြီး မျိုးကောင်းကောင်းဆိုတာမျိုးတွေမွေးကြ

ဝယ်ကြ ရောင်းကြ သားဖောက်ခိုင်းကြ

ဟော အနာအဆာလေးပေါ်လာပြီဆို

မွေးခိုင်းခဲ့ဖူးတာတွေလဲသတိမရကြတော့ဘူး

ရောင်းစားခဲ့လို့ပဆံရခဲ့ဖူးတာလဲ မေ့လိုက်ကြပြီး

ပြစ်လိုက်ဖို့ပဲ တွေးကျတော့တာ

ဟယ် ပါရှန်တွေ doll face တွေ ရော ပြစ်ကြသလားဆို

ဟုတ်ကဲ့ ကျမအိမ်မှာ အဲ့လိုကလေးတွေ ဆယ်ကောင်ထပ်မနဲရှိပါတယ်

မွေးစားဖို့ပေးတာ နဲ့ ပြစ်တာ ဘာကွာသလဲဆို

ပေးမွေးစားတာက အနာအဆာကင်းလေးတွေကိုဖြစ်ပြီး

ပြစ်တယ်လို့သုံးတာကတော့ ရော့ အင့် ဆိုပြီးကျောခိုင်းလိုက်တာပါပဲ

ဒီနေ့ ဖုံးဆက်လာပါတယ်

ဂေဟာကလား တဲ့

ဟုတ်ကဲ့ လို့

ပါရှန် 3 လသား 2 ကောင်ပေးချင်လို့ပါတဲ့

သိလိုက်ပြီလေ တခါထဲမေးလိုက်တယ်

ကလေးကဘာဖြသ်လို့လဲ လို့

အရေပြားရောဂါဖြစ်လို့တဲ့

အော် မကုတော့ဘူးလား လို့

ကုတယ် မရတာ တဲ့

အော် အမတို့ကုပြီးပြန်ကောင်းမှ ပြန်မတောင်းနဲ့နော် ဆိုတော့

အင်း အပြီးပေးတာ တဲ့

အော် အင်းပါ

မန်းလေးလာလက်စနဲ့ဝင်ခေါ်ခဲ့လိုက်တယ်

ကျမက မပြည့်စုံလဲ ချစ်နိုင်ပါတယ်

သူတို့လေးတွေက သက်ရှိတွေပါ

ရှင်တို့ တနေ့ အိုမင်းချိန်ဖြစ်စေ အနာရောဂါဖြစ်လာရင်ဖြစ်စေ

နာတာရှည်ဖြစ်လာခဲ့ရင်ဖြစ်စေ

မိသားစုက စွန့်ပြစ်လိုက်မယ်ဆိုရင်ရော

ခံနိုင်ရည်ရှိပါ့မလား

ကိုယ်ချင်းစာကြည့်ပါ 😞

လူတိုင်းမှာအခက်အခဲဆိုတာ ရှိကြတာပါပဲ

လွယ်လွယ်နဲ့လက်လွှတ်တတ်သူရယ်

မြဲနေအောင် ခဲ ထားတတ်သူရယ် ပဲ ကွာသွားတာပါ

ကျမကတော့ လူတကာကိုအောက်ကျို့ပြီး တောင်းပန်နေရပါလေ့စေ

အလှူခံရပလေ့စေ

ကိုယ်ရှာနေသမျှ ကုန်နေပါလေ့စေ

သွန့်ပြစ်ခံကလေးတွေကို ဆက်ကယ်နေဦးမှာပဲ

ဆက်ပြီး ကုသပေးနေဦးမှာပါပဲ

သားလေး နဲ့ သမီးလေးအမြန်ကျန်းမာပါစေကွယ် 😘

📌📌📌

ကျမတို့ Stray Cat's Home မှ လေလွင့်နဲ့စွန့်ပြစ်ခံ ကလေး 220 ကျော်အတွက်

အစာဖိုး

ဆေးဖိုး

ဆေးခန်းစားရိတ်

အဆောင်တိုးချဲ့ဆောက်ရန် စတာတွေ လိုအပ်လျှက်ရှိပါတယ်

ကုသိုလ်ပါဝင် လှူဒါန်းလိုပါက

Kpay 09986810949 Zin Win Aye သို့ လှူလို့ရပါတယ်

အသက်တချောင်း ဘဝတခု ရှင်သန်ဖို့ ကြိုးစားရာမှာ

ပါဝင်ကူညီကြပါဦး လို့

အားကိုးစွာဖြင့် 😞

မွေးနေ့အလှူလေးပါ 📌📌📌📌📌📌📌အိပ်ပုတ်... ကွက်ကြား... အီးပေ မောင်နှမ ၃ ယောက်ရဲ့မွေးနေ့ အလှူအဖြစ် လေလွင့်ကလေးများကိုကယ်တင်ထားတဲ...
29/01/2024

မွေးနေ့အလှူလေးပါ

📌📌📌📌📌📌📌

အိပ်ပုတ်... ကွက်ကြား... အီးပေ မောင်နှမ ၃ ယောက်

ရဲ့မွေးနေ့ အလှူအဖြစ်

လေလွင့်ကလေးများကိုကယ်တင်ထားတဲ့ ကျမတို့ရဲ့

Stray Cat's Home သို့ အလှူငွေ 30000 ကျပ် လှူဒါန်းလာပါတယ်

ဤကုသိုလ်ကြောင့် ကလေးတွေ ကျန်းမာချမ်းသာစွာနဲ့ ချစ်ရတဲ့မိသားစုနဲ့အတူ

သက်တမ်းစေ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေကြောင်း

ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင့်

🎉🎉🎉🎉🎉🎉🎉

ကျမတို့ Stray Cat's Home မှ ကယ်တင်စောင့်ရှောက်ထားသော

လေလွင့်ကလေး 220 ကျော်ရဲ့ စားသောက်စားရိတ်

ဆေးဖိုး

ဆေးကုသခ

အဆောက်အဦးတိုးချဲ့ရန် စ သဖြင့်

လိုအပ်လျှက်ရှိရာ

ပါဝင်လှူဒါန်းကုသိုလ်ယူလိုပါက

Kpay 09986810949 Zin Win Aye သို့

ကူညီလှူဒါန်းနိုင်ပါကြောင်း

အားကိုးတကြီး အလှူခံအပ်ပါတယ်

Address


Website

Alerts

Be the first to know and let us send you an email when Stray Cat's Home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share