Nutripe Myanmar

  • Home
  • Nutripe Myanmar

Nutripe Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nutripe Myanmar, Pet Supplies, .

မြန်မာနိုင်ငံတွင် အမေများနေ့ ဖြစ်လာခြင်းအကြောင်း************************************************မြန်မာပြည်တွင် အမေနေ့အဖြ...
15/01/2022

မြန်မာနိုင်ငံတွင် အမေများနေ့ ဖြစ်လာခြင်းအကြောင်း
************************************************

မြန်မာပြည်တွင် အမေနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသား စာဆို စာရေးဆရာကြီး ဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စာပေ ပညာရှင်များက ဆရာကြီးဦးသုခနှင့် တစ်စိတ် တစ်ဝမ်းတည်းပါဝင်ဆောင်ရွက်၍ ပြာသိုလပြည့်နေ့ တိုင်း ကို အမေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ဆရာကြီး ဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင် ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသော မိခင်၏ ကြေကွဲ ခံစားချက်များသည် မြန်မာပြည်တွင် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီးဦးသုခ ရင်ထဲ၌ ကိန်းဝပ် အစပျိုးခဲ့ကြောင်း၊ ဆရာကြီးဦးသုခသည် ရင်ထဲမှ ခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြော ကာ အမေ့မေတ္တာ ပြန့်ပွားရေးကို စတင် လှုံ့ဆော်ခဲ့သူ ဖြစ်ကြောင်း၊ ဆရာကြီးဦးသုခ က အမေနေ့ အကြောင်း မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းကိုလည်းဆို၊ ပြောလည်းပြော၊ ငိုလည်းငို၍ ဟောပြောစဉ် ပရိသတ် သည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သား ခဲ့ဖူးသည်။

ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန် စာပေပညာရှင်များက ကြိုးစားနေကြစဉ် (၁၉၉၅) ခုနှစ် တွင် မန္တလေးမှ အမေကိုမြတ်နိုးသူများက ဆရာကြီး ဦးသုခ အား အမေနေ့ သတ်မှတ်ပေးရန် ပူဆာ တိုက်တွန်း ခဲ့ခြင်းကြောင့် မန္တလေးမြို့တွင်ဆရာကြီး ဦးသုခ ကိုယ်တိုင် ဟောပြော၍ ပြာသိုလပြည့်နေ့ကို “အမေနေ့” အဖြစ် သတ်မှတ်ခဲ့သည်။

မူရင်းရေးသားသူ

ပျော်ရွှင်ဖွယ် ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေရှင့်🙏
02/01/2022

ပျော်ရွှင်ဖွယ် ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေရှင့်🙏

၂၀၂၂ ခုနှစ် နှစ်သစ်အချိန်အခါ သမယမှစပြီး .....ချစ်မိတ်ဆွေများအားလုံး စီးပွား ဥစ္စာများ ဒီရေအလားတိုးပွားပြီး၊ စိတ်​၏ချမ်းသ...
31/12/2021

၂၀၂၂ ခုနှစ် နှစ်သစ်အချိန်အခါ သမယမှစပြီး .....
ချစ်မိတ်ဆွေများအားလုံး စီးပွား ဥစ္စာများ ဒီရေအလားတိုးပွားပြီး၊ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်🙏🙏🙏


🎅🏻🎄 Merry Christmas to You All🎄🎅🏻✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ 🎄ခရစ်စမတ် အချိန်အခါသမယလေးမှာ 🎄ချစ်မိတ်ဆွေများအားလုံး အေးချမ်းမှု၊...
24/12/2021

🎅🏻🎄 Merry Christmas to You All🎄🎅🏻
✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨

🎄ခရစ်စမတ် အချိန်အခါသမယလေးမှာ

🎄ချစ်မိတ်ဆွေများအားလုံး အေးချမ်းမှု၊ ပျော်ရွှင်မှုများ

ရရှိနိုင်စေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်


“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့” •••••••••••••••••••••••••••••••••••••• ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း ...
18/11/2021

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”
••••••••••••••••••••••••••••••••••••••

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း လပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်း လပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။ “သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏ အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့” ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။ သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊ သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။

သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များ အတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။ ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။ သာမညဖလသုတ်သည် လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။ မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏ ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။

အဇာတသတ်မင်းသားလေးသည် အသိဉာဏ် နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကို ခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ ကိုးကွယ်ဆည်းကပ်မိလေသည်။ ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက် ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင် ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ အမှားကြီးမှားမိတော့သည်။ ဆင်းတု၊စေတီ၊ ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြား ဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးထိမှာ ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ် တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည် ကို သတိပြုရမည်ဖြစ်သည်။

အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို လံှချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်း ခံရသလို ဝေဒနာခံစားရသည်။ ထို ဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။

တန်ဆောင်မုန်းလပြည့် ညတစ်ညမှာ အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့် ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်း မြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့် ကြည်နူးသာယာဖွယ်ကောင်းလှသည့် တန်ဆောင်မုန်း လပြည့် ညအလှကို ကြည့်ရှုခံစားပြီး “မွေးလျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊ အလွန်လှပသော ညတစ်ညပါတကား ရှုချင်စဖွယ် ကောင်းလှသော ညတစ်ညပါတကား” ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။ အဇာတသတ်လည်း တကယ်တော့ အလှအပကို ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။

အဇာတသတ်မင်းက “ယခုကဲ့သို့ သာယာလှပသော ညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို ချည်းကပ်ရလျှင် ကိုယ်တော်မြတ် စိတ်တော် ကြည်လင်နိုင်မည်နည်းး” ဟု မေးသောအခါ မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီး ခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။ ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ မဟုတ်ကြဆိုတာကို သတိပြုမိသည်။

✦ပုရာဏကဿပဆရာကြီးက အကိရိယဝါဒ= ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။ မလုပ် ၊မရှုပ် ၊မပြုတ်ဟူသော ဝါဒနှင့်တူသည်။

✦အဇိတကေသကမ္ဗလဆရာကြီးက နတ္ထိကဝါဒ= ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။

✦မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ= ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။

✦ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ= မပြုမပြင် ဝါဒသမား ဖြစ်သည်။ ပြုလည်းမပြု ၊ ပြင်လည်းမပြင်သူ ဖြစ်သည်။

✦သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ= ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။

✦နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ= စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော ဂျိန်းဝါဒဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန် ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက ဘုရင့်အနီးမှာ ယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို ယောက်ျားအသွင် ဝတ်ဆင်စေပြီး လိုက်ပါစေသည်။ ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ် အမျိုးသမီးစစ်သည်တော် ငါးရာကို လိုက်ပါ စောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့ သွားရန် စီစဉ်ပေးသည်။ အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော အချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန် ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့ အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။

ဘုရားကျောင်း တော်သို့သွားသောအခါ -ညအခါ ဖြစ်သည်ကတစ်ကြောင်း၊ -တောရိပ်၊သစ်ရိပ် ဖုံးအုပ် နေသဖြင့် အမှောင်ဖုံးနေသည်က တစ်ကြောင်း၊ ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးး မီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။ မီးရှူးမီးတိုင်ကို ပေါရာဏ ဝေါဟာရအားဖြင့် “တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။ အဇာတသတ်နှင့် အခြံရံပရိသတ်တို့ တန်ဆောင်မုန်း လပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ ကြသကဲ့သို့ ဖြစ်သည်။ အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီး သူသိလိုသော အကြောင်းအရာများကို လျှောက်ထား လေသည်။

“ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီး ဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက် လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။ ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုး တရားကို ခံစားရရှိနိုင်ပါသလား ဘုရား။ တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။ သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍ ဝေ့လည်ချောင်ပတ် လုပ်ကြပါသည်ဘုရား။” ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက် လက်ငင်းအကျိုးကိုမေးလျှောက်သည်။

ဘုရားရှင်၏အဖြေကို ချုပ်၍တင်ပြရလျှင် “ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သော အကျိုး” တို့မှာ- (၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်းအကျိုး၊ (၂)။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊ (၃)။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းဝေးရခြင်း အကျိုး၊ (၄)။ ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း အကျိုး၊ (၅)။ ပွဲသဘင်အမျိုးမျိုး၊ကစားပွဲအမျိုးမျိုး၊ မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခတွေမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့် ပြည့်စုံရခြင်း အကျိုး၊ (၆)။ နက္ခတ် ဗေဒင် ယတြာ ဆေးကုပေးခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊ (၇)။ ဣန္ဒြေခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး၊ (၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊ (၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊ (၁ဝ)။ သန္တောသ-စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊ (၁၁)။ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊ (၁၂)။ ဈာန်တရားတွေ ရနိုင်ခြင်းအကျိုး၊ (၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး၊ အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ် ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော အကျိုးတရားတို့ဖြစ်ကြသည်။

အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။ ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။ ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊ ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌ “ဝိဇိတာဝီ အမြည်ဖင့် ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။ အဇာတသတ်မင်းသည် ပထမသံဂါယနာတင် ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျသုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးဖြစ်သည်။ နောင်အခါ သီရိဓမ္မာသောက မင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်း ထားသော ဓာတ်တော်များကို ရှာဖွေ၍ စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထားကိုးကွယ် သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓ ဘာသာဝင်များဖူးမြော်ကြရသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော ပွဲတော်များသည် -တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ -ကထိန်သင်္ကန်း အလှူပွဲတော်၊ -မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊ -မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ -ကျီးမနိုး ပွဲတော်၊ -သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။ ။

-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】 Posted by► www.facebook.com/youngbuddhistassociation.mm

🌟✨ Happy Diwali ✨🌟✨✨✨✨✨✨✨✨✨ဒေဝါလီနေ့ (Diwali) သို့မဟုတ် ဒီပါဝလီ (Deepavali) နေ့မှာ ဟိန္ဒူဘာသာဝင်ညီကိုမောင်နှမများ အပေါ်င...
04/11/2021

🌟✨ Happy Diwali ✨🌟
✨✨✨✨✨✨✨✨✨

ဒေဝါလီနေ့ (Diwali) သို့မဟုတ် ဒီပါဝလီ (Deepavali) နေ့မှာ ဟိန္ဒူဘာသာဝင်ညီကိုမောင်နှမများ အပေါ်ငြိမ်ချမ်း သာယာမှုများ ကျရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🙏🙏

ခွေးလေးတွေမှာ ယားနာပြဿနာတွေ၊ အမွေးကျွတ်တဲ့ ပြဿနာတွေ နည်းပါးစေဖို့🐶🐶🐶🐶🐶🐶🐶🐶🐶🐶🐶🐶🐶ခွေးလေးတွေမှာ ယားနာပြဿနာတွေ၊ အမွေးကျွတ်တဲ့...
26/10/2021

ခွေးလေးတွေမှာ ယားနာပြဿနာတွေ၊ အမွေးကျွတ်တဲ့ ပြဿနာတွေ နည်းပါးစေဖို့
🐶🐶🐶🐶🐶🐶🐶🐶🐶🐶🐶🐶🐶

ခွေးလေးတွေမှာ ယားနာပြဿနာတွေ၊ အမွေးကျွတ်တဲ့ ပြဿနာတွေ နည်းပါးအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့လုပ်ဆောင်ပေးသင့်တဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်

✴✴Regular Grooming (Grooming ပုံမှန်လုပ်ပေးပါ။)
ခွေးလေးတွေကို ရေတစ်ပါတ်တစ်ကြိမ် ပုံမှန်ချိုးပေးခြင်း၊
အေမြး၊ လက်သည်းခြေသည်း ပုံမှန်ညှပ်ပေးခြင်း၊
အမွေးလေးတွေ ရှင်းနေစေဖို့ ဖြီးပေးခြင်း (combing fur and coat)
မျက်လုံး၊ နားရွက် သန့်ရှင်းပေးခြင်း တွေ ပုံမှန်ပြုလုပ်ပေးပါ။

✴✴သန်း၊ မွှား၊ လှေး စတဲ့ ပြင်ပ ကပ်ပါးပိုးတွေ ရှိ၊ မရှိ စစ်ပေးပါ။
သန်း၊ မွှား စတဲ့ ပြင်ပ ကပ်ပါးပိုးတွေ ဟာ ခွေးလေးတွေရဲ့ အရေပြား
ကို ယားယံစေတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုပါ။

✴✴ရေများများ တိုက်ပေးပါ။
ရေဓါတ်ဟာ အရေပြားကောင်းမွန်စေတဲ့ အဓိကလိုအပ်ချက်တွေထဲက တစ်ခုပါ။
ဒါကြောင့် ရေသောက်ချင်တဲ့ အချိန်တိုင်းသောက်လိို့ရအောင် ရေခွက်လေးတွေကို အမြဲဖြည့်ပေးထားသင့်ပါတယ်။

✴✴ခွေးလေးတွေ ထားမယ့်နေရာက သန့်ရှင်းခြောက်သွေ့နေဖို့ လိုပါတယ်။
အစိုဓါတ်များပြီး ညစ်ပါတ်တဲ့ နေရာတွေက ရောဂါပိုးတွေရှိနေတတ်ပြီး အရေပြားပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။
ခွေးလေးတွေထားတဲ့နေရာကို မကြာခဏသန့်ရှင်းရေးလုပ်ပေးခြင်း၊ အစာခွက် ရေခွက်များကို နေ့စဉ်ဆေးကြောပေးခြင်းများ ပြုလုပ်ပေးရပါမယ်။

✴✴ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပေးပါ။
အရေပြားယားနာတွေ ရွိ၊ မရွိ သေချာစေဖို့ တိရစ္ဆာန်ကုဆေးခန်းမှာ မကြာခဏစစ်ဆေးပေးသင့်ပါတယ်။
ပုံမှန်စစ်ဆေးပေးနေမှသာ အရေပြားယားနာ အစပြုတာနဲ့ သိနိုင်ပြီး မြန်မြန်ကုသပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

Credit - Healthy Life for Pets

Happy Thadingyut
19/10/2021

Happy Thadingyut

18/10/2021

ဒီလို အာဝုလေးတွေကိုသာ မွေးထားရင် မေမေတို့ ကလေးထိန်းဖို့ မပူရတော့ဘူးနော်။


ခွေးများတွင်ဖြစ်တတ်သော နားရွက်ပြားအတွင်းသွေးပိုများစုဆောင်းဖောင်းတင်းနေခြင်းEar hematoma (Aural hematoma) in Dogs-------...
13/10/2021

ခွေးများတွင်ဖြစ်တတ်သော နားရွက်ပြားအတွင်းသွေးပိုများစုဆောင်းဖောင်းတင်းနေခြင်း
Ear hematoma (Aural hematoma) in Dogs
-------------------------------------------------------
၁။ Hematoma ဆိုတာဘာလဲ
Hematoma ဆိုတာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း သို့မဟုတ် တစ်ရှူးများအတွင်းသွေးပိုများစုဆောင်းမိနေခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ အစိုင်အခဲပျော့ဖြစ်ပါတယ်။ ခွေးတွေမှာဆိုရင် ear Hematoma နားရွက်ပြားတွေမှာအဖြစ်များပါတယ်။

၂။ ဖြစ်ရတဲ့အကြောင်းရင်း
✓ ခွေးအချင်းချင်းကိုက်မိခြင်းကြောင့်နားရွက်ဒဏ်ရာရခြင်း
✓ နားရွက်လှိုဏ်ခေါင်းတွင်း ပြည်တည်နာဖြစ်ခြင်း
✓ နားအတွင်း မွှား သို့မဟုတ် မြက်အပိုင်းအစကဲ့သို့အမှိုက်စများဝင်ရောက်နေခြင်း
✓ အရေပြားယားနာများဖြစ်ခြင်း
စသည်တို့ကြောင့် နံရံကြမ်းပြင်များဖြင့်ပွတ်တိုက်ခြင်း၊ လက်ဖြင့်အဆက်မပြတ်ကုတ်ခြစ်ခြင်း၊ နားကိုအဆက်မပြတ်ခါယမ်းခြင်း တို့ကြောင့် နားရွက်ပြားရှိသွေးကြောများပေါက်ကာ နားရွက်အရေပြားနှင့်အရိုးနုများကြားသွေးများစု‌လာပြီး သွေးခဲနဲ့ သွေးရည်ကြီးများဖြင့် ဖောင်းတင်းလာခြင်းဖြစ်ပါတယ်။
နားရွက်ရှည်ပြီးပျော့သော ခွေးများတွင် အဖြစ်များပါတယ်။
သွေးခဲစနစ်ပုံမှန်မဟုတ်သောခွေးများတွင် ဒဏ်ရာနှင့်အခြားအကြောင်းများကြောင့်မဟုတ်ပဲ
Ear Hematoma ဖြစ်တတ်ပါတယ်။

၃။ ကုသခြင်း

နားရွက်မှ Hematoma ကို အပ်ဖြင့်စုတ်ယူဖောက်ချခြင်းဟာ တစ်ရက်နှစ်ရက်အတွင်းပြန်ဖောင်းလာတတ်တဲ့အတွက် ခွဲစိတ်ခြင်းဟာ အကောင်းဆုံးနည်းဖြစ်ပါတယ်။
နားရွက်ပြားကို ခွဲချပြီး အတွင်းမှ သွေးရည်နှင့်သွေးခဲများကိုဖယ်ရှားရပါမယ်။ အတွင်းမှ တစ်ရှူးအရိအရွဲများကို သန့်စင်ဖယ်ရှားပြီး ခွဲထားတဲ့နေရာကို Drainage အတွက် ချန်ထားပြီး ဘေးတစ်ဖက်တစ်ချက်မှ ပိရမစ်ပုံ အချက်များစွာချုပ်ပေးခြင်းဖြင့် အရိုးနုနှင့်အရေပြားတွယ်ဆက်မှုကို ဖြစ်ပေါ်စေပြီး နောက်တစ်ကြိမ် သွေးများထပ်မံစုဖောင်းခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
အနာကျက်စေရန် ပဋိဇီဝဆေးနှင့် အယောင်ကျဆေးများပေးရပါမယ်။

Dr. Swe Mar Tun
B.V.Sc., M.V.Sc (Pathology)

06/10/2021

အာဝုနဲ့ တူတူ စျေးသွားဖူးလား ?

ဒီ Video လေးမှာ အာဝုနဲ့ စျေးသွားခြင်းဟာ ဘယ်လိုဆိုတာ ရှုစားပေးပါဦးနော်။

ကလေးတွေနဲ့ တိရစ္ဆာန်တွေကြားက သံယောဇဉ်ကို ဖော်ကျူးထားတဲ့ ဓာတ်ပုံရိုက်ချက်များ***************************************တိရစ္...
04/10/2021

ကလေးတွေနဲ့ တိရစ္ဆာန်တွေကြားက သံယောဇဉ်ကို ဖော်ကျူးထားတဲ့ ဓာတ်ပုံရိုက်ချက်များ
***************************************
တိရစ္ဆာန်လေးတွေနဲ့ ကလေးတွေက တော်တော်များများတူညီကြပါတယ်။ ခွေးပေါက်လေးတွေဆို ကလေးတွေလိုပဲ တူတူပုန်းတမ်းကစားရတာကြိုက်သလို တစ်ခါလေ ပစ္စည်းတွေရှုပ်ပွနေအောင် လုပ်တတ်ပါသေးတယ်။ ကလေးတွေလိုပဲ သခင်တွေရဲ့ဂရုစိုက်တာကိုလည်း ခံချင်ကြပါတယ်။ ကလေးတွေကလည်း အိမ်မွေးတိရစ္ဆာန်တွေကို သူတို့ရဲ့အကောင်းဆုံးသူငယ်ချင်းအဖြစ် သတ်မှတ်ထားကြပါတယ်။

တိရစ္ဆာန်လေးတွေကလည်း သခင်တွေအတွက်ရော ကလေးတွေအတွက်ပါ မိတ်ဆွေကောင်းအဖြစ် နေပေးကြပါတယ်။ တိရစ္ဆာန်လေးတွေက ကလေးချစ်တတ်ကြတဲ့အပြင် ဂရုစိုက်ပေးတတ်ကြပါတယ်။ ကလေးတွေနဲ့ တိရစ္ဆာန်တွေကြားမှာ ခိုင်မာတဲ့ဆက်ဆံရေးရှိကြပါတယ်။ သူတို့ရဲ့ဖြူစင်အပြစ်ကင်းတဲ့ ဆက်ဆံရေးနဲ့ သံယောဇဉ်တို့ကို ဘယ်အရာကမှ တွန်းလှန်ပစ်လို့မရပါဘူး။

တိရစ္ဆာန်တွေနဲ့ ကလေးတို့ကြားက ဖြူစင်တဲ့သံယောဇဉ်ကို မြင်တွေ့နေရတဲ့ အနောက် ဗာဂျီးနီးယားပြည်နယ်က ဓာတ်ပုံဆုရ အမျိုးသမီးဓာတ်ပုံဆရာ အန်ဒရီရာ မာတင်ဟာ ကလေးတွေနဲ့ တိရစ္ဆာန်တွေကြားက အပြစ်ကင်းတဲ့သံယောဇဉ်၊ ဆက်ဆံရေးကို ဓာတ်ပုံရိုက်ကူးမှုနဲ့အတူတူပေါင်းစပ်လိုက်တဲ့အခါမှာ ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာကို ကမ္ဘာကြီးကို ပြသဖို့အတွက် လုပ်ငန်းစဉ်တစ်ခုလုပ်ဆောင်ခဲ့ပါတယ်။

အန်ဒရီရာက ကလေးတွေနဲ့ တိရစ္ဆာန်တွေကြားက သံယောဇဉ်ကို သူ့ရဲ့အမိုက်စားဓာတ်ပုံရိုက်ချက်တွေနဲ့ ကမ္ဘာကြီးကို ချပြထားပါတယ်။ ကလေးတွေနဲ့ တိရစ္ဆာန်လေးတွေ ဘယ်လောက် ချစ်ဖို့ကောင်းလဲဆိုတာ အန်ဒရီရာရဲ့ဓာတ်ပုံတွေမှာ စာဖတ်ပရိသတ်တွေ မြင်တွေ့ရမှာပါနော်။

Ref: Brightside
WL (ရိုးရာလေး)

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဘယ်လိုပြုစုပေးမလဲ?လူတော်တော်များများ ခွေးကိုက်ခံရဖူးမယ် ထင်ပါတယ်။ ခွေးမွေးထားတဲ့ အိမ်ကို အလည်သွ...
01/10/2021

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဘယ်လိုပြုစုပေးမလဲ?

လူတော်တော်များများ ခွေးကိုက်ခံရဖူးမယ် ထင်ပါတယ်။ ခွေးမွေးထားတဲ့ အိမ်ကို အလည်သွားရင်းနဲ့ အကိုက်ခံရတာလည်း ရှိသလို၊ ရပ်ကွက်ထဲ၊ လမ်းထဲက ခွေးတွေလည်း ကိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခွေးကိုက်ခံရတဲ့အခါ သေချာဂရုမစိုက်မိရင် အနာထဲ ပိုးဝင်နိုင်ခြေပိုးများသလို ခွေးရူးပြန်ရောဂါ ကူးစက်တဲ့အထိ ဖြစ်နိုင်ပါတယ်။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ဘယ်လိုပြုစုပေးမလဲ
ဒဏ်ရာဖြစ်တဲ့နေရာကို ရေအေးနဲ့ အရင်လောင်းချပါ။ ဆပ်ပြာနဲ့ အနာတစ်ဝိုက်ကို ဂရုစိုက်ပြီး သန့်ရှင်းပေးပြီးမှ ရေနဲ့ သေချာထပ်မံဆေးကြောပါ။
ဒဏ်ရာပေါ်ကို သန့်ရှင်းတဲ့အဝတ်စနဲ့ ညင်ညင်သာသာလေး ဖိထားပြီး သွေးတိတ်အောင်လုပ်ပါ။

Antibiotic လိမ်းဆေး၊ ခရင်မ်တစ်မျိုးမျိုး အနာပေါ်ကို ပွတ်လိမ်းထားပါ။
ပိုးသတ်ထားတဲ့ ပလာစတာကို အနာပေါ် ကပ်ထားပါ။ ကိုယ်နဲ့မသိတဲ့ခွေးတွေ၊ လမ်းဘေးခွေးတွေရဲ့ အကိုက်ခံရတာဆိုရင် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံမှာ ဆရာဝန်နဲ့ သေချာပြသပြီး မေးခိုင်ကာကွယ်ဆေးနဲ့ ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးပါ။

ခွေးရူးပြန်ကာကွယ်ဆေးက ဘယ်နှကြိမ်ထိုးပေးရမှာလဲ
ခွေးကိုက်ခံရတာ၊ အကုတ်ခံရတဲ့အခါ အချိန်မဆွဲပဲ ဆရာဝန်ဆီမှာ ခွေးရူးပြန်ကာကွယ်ဆေး တစ်ကြိမ် အမြန်ဆုံး ထိုးပေးရပါမယ်။ ပထမအကြိမ်ထိုးပြီး နောက် ၃ရက်အကြာမှာ တစ်ကြိမ်၊ ၇ရက်အကြာမှာ တစ်ကြိမ်၊ ၁၄ရက်အကြာမှာ တစ်ကြိမ် စုစုပေါင်း ၄ကြိမ်ထိုးပေးဖို့ လိုပါတယ်။ ဆေးမထိုးခင်မှာ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ အကိုက်ခံရပုံကို ဆရာဝန်ကို သေချာပြောပြပေးပါ။ မေးခိုင်ကာကွယ်ဆေးကတော့ တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်ပါတယ်။

ခွေးရူးပြန်ရောဂါဟာ ကာကွယ်ဖို့ လွယ်ကူသလောက် ဖြစ်လာတဲ့အခါမှာ ကုသစရာဆေးမရှိပဲ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် ခွေး အပါအဝင် ကြောင်၊ လင်းနို့၊ ကြွက် အစရှိတဲ့ တိရစ္ဆာန်တွေရဲ့ ကိုက်တာခံရပြီဆိုတာနဲ့ ကာကွယ်ဆေးကို ထိုးပေးရမှာပါ။ ဆေးထိုးဖို့ ဆရာဝန်သတ်မှတ်ထားတဲ့ ရက်မှာလည်း မပျက်မကွက် လာထိုးပေးမှ ခွေးရူးပြန်ရောဂါ မဝင်ရောက်အောင် ကာကွယ်နိုင်မှာပါ။ ကိုယ့်ကို ကိုက်လိုက်တဲ့ ခွေးက ကာကွယ်ဆေးထိုး၊ မထိုး သေချာမသိနိုင်တာကြောင့် ဖြစ်လာတာနဲ့ ကာကွယ်ဆေးထိုးတာ ကိုယ့်အတွက် အကောင်းဆုံးပါပဲ။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး သတိပြုစရာတွေ
ခွေးကိုက်တဲ့အနာကို သေချာဂရုစိုက်ပြီး သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ အနာကို လက်နဲ့ မကြာခဏထိမိရင် ဘက်တီးရီးယားပိုးဝင်ပြီး အနာရင်းသွားနိုင်ပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေ၊ ဆီးချိုရောဂါရှိတဲ့သူဆိုရင် အနာကျက်နှေးစေနိုင်တဲ့အတွက် ပိုပြီးတောင် သတိထားပေးရပါမယ်။ အကိုက်ခံရတဲ့နေရာက ပြည်ထွက်တာ၊ နီရဲနေတာ၊ အလွန်အမင်းနာကျင်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသဖို့ လိုပါလိမ့်မယ်။

ခွေးအကိုက်မခံရအောင် ဘယ်လိုကာကွယ်သင့်လဲ
ခွေးရှိတဲ့အိမ်ကို မကြာခဏသွားတာမျိုး၊ ခွေးလေခွေးလွင့်တွေ များတဲ့ လမ်းမှာ လျှောက်သွားတာမျိုး ရှောင်ကြဉ်ပေးပါ။
ကိုယ့်အိမ်မှာ မွေးတာဖြစ်စေ၊ ကိုယ့်အသိအိမ်မှာ မွေးတာဖြစ်စေ တိရစ္ဆာန်လေးတွေကို ခွေးရူးပြန်ကာကွယ်ဆေး မပျက်မကွက်ထိုးပေးဖို့ သတိပေးပါ။

အသက်ငယ်သေးတဲ့ ကလေးတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သီးသန့်မထားခဲ့ပါနဲ့။ အစာစားနေတဲ့ ခွေးတွေ၊ ခွေးပေါက်လေးတွေကို နို့တိုက်နေတဲ့ ခွေးမကြီးတွေနဲ့ ပြေးလွှားဆော့ကစားတာမျိုး မလုပ်ပါနဲ့။
ခွေးတွေအနား ဖြတ်သွားတဲ့အခါ၊ ချဉ်းကပ်တဲ့အခါမျိုးမှာ ဖြည်းဖြည်းချင်းပဲ ပြုမူပါ။ ခွေးမှာ ရန်လိုတဲ့အရိပ်အယောင်မျိုး တွေ့ရပြီဆိုရင် မပြေးပါနဲ့၊ မအော်ပါနဲ့၊ သူတို့ရဲ့ မျက်လုံးတွေကို တိုက်ရိုက်မကြည့်ပါနဲ့။ ပုံမှန်အတိုင်း စိတ်အေးအေးထားပြီးပဲ သွားပါ။

ရေးသားသူ – Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

“ ဒုက္ခတွေကြားထဲက လွတ်မြောက်နိုင်ခဲ့တဲ့ မသန်စွမ်းခွေးလေးတွေ “ခြေလက်အင်္ဂါကောင်းမွန်တဲ့ လမ်းဘေးခွေးလေးတွေတောင် ကျွေးမွေးက...
27/09/2021

“ ဒုက္ခတွေကြားထဲက လွတ်မြောက်နိုင်ခဲ့တဲ့ မသန်စွမ်းခွေးလေးတွေ “

ခြေလက်အင်္ဂါကောင်းမွန်တဲ့ လမ်းဘေးခွေးလေးတွေတောင် ကျွေးမွေးကယ်ဆယ်ပေးမဲ့သူမရှိလို့ ခက်ခက်ခဲခဲ ရုန်းကန်ရှင်သန်နေရတာပါ ။ သို့ပေမဲ့လည်း ယခုလိုမသန်စွမ်းတော်တဲ့ ခွေးလေးတွေကို သနားဂရုဏာစိတ်နဲ့ ကူကယ်ပေးခဲ့သူတွေရဲ့ စိတ်ဓာတ်ကလေးစားစရာပါ ။ ဒါတင်မကသေးပါဘူး ၊ ခွေးလေးတွေ အလွယ်တကူ လှုပ်ရှားသွားလာနိုင်အောင် ခွေးဂေဟာက ဝီးရှဲလေးတွေပါ တပ်ဆင်ပေးထားပါသေးတယ် ။

ကူကယ်ခံထားရတဲ့ ခွေးလေးတွေ ဘယ်လောက်ပျော်ရွှင်နေလဲဆိုတာကို သူတို့ရဲ့ရုပ်ရည် အပြုအမှုတွေကိုကြည့်လိုက်ရုံနဲ့ ချက်ချင်းသိနိုင်ပါတယ် ။ ဒုက္ခတွေကြားထဲက လွတ်မြောက်နိုင်ခဲ့တဲ့ ကံကောင်းလွန်းတဲ့ ခွေးလေးတွေလို့ ပြောရမှာပါပဲ ။

Jasmine (KB Chimmy)
Reference : 小回忆 Little Memories

24/09/2021

ရိုးရိုးတန်းတန်း လာကြရင် ဘာဖြစ်လို့လဲ ကလေးတို့ရယ် ...

ဇီးကွက်လို ပြောင်းပြန်လှည့်ကြည့်ပြီး သခင့်ကို pose လေးတွေပေးတတ်တဲ့ ခွေးလေး----------------------------------------------...
22/09/2021

ဇီးကွက်လို ပြောင်းပြန်လှည့်ကြည့်ပြီး သခင့်ကို pose လေးတွေပေးတတ်တဲ့ ခွေးလေး
---------------------------------------------------------------------
ဒီခွေးလေးကတော့ တစ်ခြားခွေးလေးတွေနဲ့မတူဘဲ ခေါင်းကိုမော့ပြီး ပြောင်းပြန်လှည့်ကြည့်တတ်တဲ့ အကျင့်မျိုးရှိပါတယ် ။ ခွေးလေးက သခင်ဓာတ်ပုံရိုက်တဲ့အချိန်တိုင်း အမြဲပြောင်းပြန်လှည့်ကြည့်ပြီး pose ပေးတတ်ပါသေးတယ် ။

မျက်နှာထားလေးနဲ့ သူ့ရဲ့အပြုံးလေးတွေက တွေ့မြင်သူတိုင်းကို မချစ်ပဲမနေနိုင်အောင် ဆွဲဆောင်နိုင်လွန်းလှပါတယ် ။ ဒါကြောင့် ဇီးကွက်တွေနဲ့အတူကြီးပြင်းလာခဲ့ရတယ်လို့ ထင်ရလောက်အောင် ခွေးလေးရဲ့ထူးဆန်းတဲ့အနေအထားကို သံသယဖြစ်မိကြောင်း သခင်ဖြစ်သူက နောက်ပြောင်စနောက်ခဲ့ပါသေးတယ် ။

Mia (Mckzone Daily)
Source : Woof Woof

20/09/2021

မဟောင်တတ် ၊ ခြံမစောင့်တတ်လို့ဆိုပြီး သခင်ရဲ့ စွန့်ပစ်ခြင်းကိုခံရတဲ့ Leo ဟာ အချိန်အတော်ကြာ အိမ်ရှေ့မှာ ဘယ်မှမသွားဘဲ အိမ်ထဲပြန်ဝင်ရဖို့ အခွင့်အရေးကို စောင့်နေခဲ့ပါတယ်။

သူ့သခင်ကတော့ တခြားခွေးတစ်ကောင်ကို ခြံစောင့်ဖို့မွေးထားလိုက်ပါပြီ။ သခင်ရဲ့ စွန့်ပစ်ခံရခြင်းကို မသိတဲ့ Leo လေးကတော့ ခြံရှေ့မှာ နေပူပူမိုးရွာရွာစောင့်နေတုန်းပါ။

ကလေးတွေကိုလည်း ချစ်တတ်ပြီး သစ္စာရှိတဲ့ Leo ‌ေလးဟာ တစ်နေ့မှာတော့ သူ့ရဲ့ သစ္စာတရားနဲ့ ထိုက်တန်တဲ့ သခင်အသစ်ကို တွေ့ခဲ့ပါတယ်။

ခွေးလေးတွေရဲ့ သစ္စာတရားနဲ့ တွယ်တာမှုတို့ဟာ လူသားတွေရဲ့ နှလုံးသားကို ဆွတ်ခူးသွားတဲ့ ဒီ Video လေးကိုကြည့်ရင်း Leo ရဲ့ ဘဝဇာတ်လမ်းကို မျှဝေခံစားကြည့်ရအောင်။



အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ကလေးတွေအတွက်လည်း စဉ်းစားရပါတော့မယ်။ စာအရှည်ကြီးတွေ မရေးတော့ပဲ ညီမအိမ်က ကလေးတွေအတွက် ညီမပြင်...
07/09/2021

အရေးပေါ် အခြေအနေဖြစ်လာခဲ့ရင် ကလေးတွေအတွက်လည်း စဉ်းစားရပါတော့မယ်။ စာအရှည်ကြီးတွေ မရေးတော့ပဲ ညီမအိမ်က ကလေးတွေအတွက် ညီမပြင်ထားမယ့်ပုံကိုပဲ တစ်ခါတည်း ရေးပြလိုက်ပါမယ်။

၁။ လည်သိုင်းကြိုး / Harness/ Crate ဆောင်ထားပါ။ တစ်ခုခုဆို သွက်သွက်လှုပ်ရှားရမှာမို့ သူတို့ကို အဲ့ပစ္စည်းတွေနဲ့ ရင်းနှီးအောင် ထားပေးပါ။ ဥပမာ - လည်သိုင်းကြိုးနဲ့ လမ်းလျှောက်ပေးခြင်း၊ crate ထဲနေတတ်အောင် ကျင့်ပေးခြင်း။

၂။ ကလေးကို ဘယ်သူက တာဝန်ယူခေါ်ဆောင်မလဲဆိုတာ ကြိုတင်စီစဉ်ဆုံးဖြတ်ပါ။

၃။ emergency kit လေး ပြင်ဆင်ပါ။ emergency kit ထဲမှာ
- ၂ပတ်စာ အစာရေစာ
- ၂ပတ်စာ ဆေးဝါး
- ဆေးမှတ်တမ်းစာအုပ်
- Betadineလို ထိခိုက်ဒဏ်ရာထည့်တဲ့ဆေး
- ပတ်တီးလိပ်
- Guardizenလို အူလမ်းကြောင်းအတွက်ဆေး
- Thermometer
- ဆေးထိုးအပ်ပြွန်အကြီး
- Hydrogen Peroxide
- ဂွမ်း
- တစ်ရှူးလိပ် နဲ့ တခြားကိုယ့်ကလေးဖြစ်နေကျ ရောဂါတွေနဲ့ သင့်တော်မယ့် ဆေးဝါးလေးတွေ ပါပါတယ်။

၄။ ကလေးတွေနဲ့ အစမ်းလေ့ကျင့်ပါ။ ရုတ်တရက် ထွက်ခွါရမယ်ဆို လေ့ကျင့်ထားမှ အဆင်ပြေမှာပါ။

ညီမကတော့ ဒီဟာတွေပဲ စီစဉ်ထားပါတယ်။
လိုအပ်တာလေးတွေကိုလည်း post အောက်မှာ ပြောပြခဲ့ပေးနော်။

အကြောက်မလွန်ပဲ တစ်ခုခုဆို ခေါင်းအေးအေးနဲ့ ဒီကာလကြီးကို ကလေးတွေရော ဖေဖေမေမေတွေပါ ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

06/09/2021

အား အရမ်းချစ်ဖို့ကောင်းတာပဲ

မင်မင်တော့ ကြည့်ရင်းနဲ့ ချစ်လွန်းလို့ အသဲတွေ ယားနေပါပြီ

ခြေချောင်းသေးသေးနဲ့ အမွေးလုံးလုံးလေးမို့ လူတိုင်းက သိုးလို့ထင်နေခဲ့တဲ့ ခွေးလေး...အခုတစ်ခေါက်ဖော်ပြမဲ့ ခွေးလေးကတော့ သခင်ရ...
03/09/2021

ခြေချောင်းသေးသေးနဲ့ အမွေးလုံးလုံးလေးမို့ လူတိုင်းက သိုးလို့ထင်နေခဲ့တဲ့ ခွေးလေး...

အခုတစ်ခေါက်ဖော်ပြမဲ့ ခွေးလေးကတော့ သခင်ရဲ့ပြင်ဆင်ခြယ်သပေးမှုကြောင့် သိုးတစ်ကောင်နဲ့တူနေသလို ဘောလုံးနဲ့ လည်း တူနေလို့ Instagram မှာ လူပြောများပြီး လူချစ်လူခင်များနေပါတယ်။ဒီခွေးလေးက sesame လို့ခေါ်ပြီး ဂျပန်နိုင်ငံမှာ နေထိုင်တာပါ။ခွေးလေးရဲ့ဓာတ်ပုံတွေကို သခင်ဖြစ်သူက မျှဝေပေးလိုက်ပြီးတဲ့နောက်မှာ လူအများက “ ဟယ် သူက ဖျံ လား ၊ သိုး လား ၊ ခွေးလား ” ၊ “ ခွေးနဲ့သိုးနဲ့ စပ်ထားတာလား” ၊ “ ချစ်စရာလေး ဟယ်” စတဲ့ ချစ်မဆုံးတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ လူတစ်ယောက်က “ သူက ဒီဖျံနဲ့တူတယ်” ဆိုပြီး ဝကတ်နေတဲ့ ဖျံပုံလေးနဲ့ နောက်ပြောင်ထားပါသေးတယ်။တစ်ကယ်လည်း ခွေးလေးရဲ့ပုံစံက ဖျံနဲ့တူသလို သိုးနဲ့လည်းတူနေလို့ ချစ်ဖို့အရမ်းကောင်းနေပါတယ်။

Mia (Mckzone Daily)
Source : 9GAG

03/09/2021

ကြည့်မိလို့ချစ်သွားရင်ကွယ် .. တာဝန်မယူ ...

“သူတို့ကိုယ်သူတို့ ခွေးကလေးလို့ထင်မှတ်နေကြသေးတဲ့ ချစ်စရာအကြီးစားအိမ်မွေးခွေးကြီးများ “ခွေးတွေအားလုံးဟာ ချစ်စရာကောင်းတဲ့ ...
03/09/2021

“သူတို့ကိုယ်သူတို့ ခွေးကလေးလို့ထင်မှတ်နေကြသေးတဲ့ ချစ်စရာအကြီးစားအိမ်မွေးခွေးကြီးများ “

ခွေးတွေအားလုံးဟာ ချစ်စရာကောင်းတဲ့ သေးသေးပေါက်စလေးကနေအစပြုပြီး ကျွန်တော်တို့ရဲ့ရင်ခွင်ထဲကို အံဝင်ခွင်ကျရှိစေတဲ့အရွယ်အစားအထိ ကြီးပြင်းလာကြတာပါ။ဒါပေမဲ့ သူတို့ဟာ ထပ်ပြီးထပ်ပြီး ကြီးထွားနေပြီး သူတို့ဘယ်လောက်ထိ ကြီးထွားနေအုံးမလဲဆိုတာလည်း ကျွန်တော်တို့ အသေအချာမသိရပါဘူး။

ဒါပေမဲ့ သူတို့ဟာ ခန္ဓာကိုယ်ဘယ်လောက်ဘဲကြီးနေပါလေ့စေ ကလေးတစ်ယောက်လို သခင့်အပေါ်တက်ဖိပြီးနေရတာကိုအတော်လေးကြိုက်ပြီး သူတို့အတွက်ကမ္ဘာပေါ်မှာ တစ်ခုတည်းသာရှိတဲ့ အကောင်းဆုံးနေရာလို့ ထင်မှတ်ထားတတ်ကြပါတယ်။ဒီမှာလည်း ခန္ဓာကိုယ်မှ အားမနာ သခင့်အပေါ်တက်ဖိပြီး ချွဲနေတတ်တဲ့ အကြီးစားအိမ်မွေးခွေးလေးတွေကို ကြည့်ရှုလိုက်ကြပါအုံး။

Mia (Mckzone Daily)
Source : boredpanda
Credit - thutadaily

🇲🇲 ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် အာဇာနည်နေ့အား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်အတူ...
19/07/2021

🇲🇲 ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၁၉) ရက်နေ့တွင် ကျရောက်သော (၇၄) နှစ်မြောက် အာဇာနည်နေ့အား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်အတူ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဦးညွှတ်အလေးပြုအပ်ပါတယ်… 🙏🙏🙏

မြန်မာပြည်သူ၊ ပြည်သားများအားလုံး ကိုဗစ်-၁၉ ရောဂါ ကပ်ဆိုးကြီးအန္တရာယ်မှ အမြန်ဆုံး ကျော်ဖြတ်နိုင်ကြပါစေ🙏🙏🙏

“ လျှိုု့ဝှက်ဆန်းကြယ်တဲ့နေရာတွေဆီကို သခင်နဲ့အတူ စွန့်စားခန်းထွက်ခွင့်ရခဲ့တဲ့ ခွေးလေး “----------------------------------...
09/07/2021

“ လျှိုု့ဝှက်ဆန်းကြယ်တဲ့နေရာတွေဆီကို သခင်နဲ့အတူ စွန့်စားခန်းထွက်ခွင့်ရခဲ့တဲ့ ခွေးလေး “
-----------------------------------------------------------

တိရိစ္ဆာန်လေးတွေဟာ ကျွန်တော်တို့ဘဝထဲကို ပျော်ရွှင်ဝမ်းမြောက်စရာတွေအမြဲသယ်ဆောင်လာပေးတတ်ကြပြီး သူတို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမှရရှိတဲ့ရွှင်လန်းမှုကလည်း အတော်လေး အံဩစရာကောင်းနေတတ်ပါတယ်။ Lokiအမည်ရှိတဲ့ဒီအမျိုးသားကတော့ Instagram မှာ သူ့အချစ်တော်ခွေးလေးနဲ့ခရီးသွားတဲ့ဓာတ်ပုံလေးတွေကို မျှဝေထားပြီး ဓာတ်ပုံထဲအရ ခွေးလေးအတွက် အဲ့ဒီခရီးစဉ်က စိတ်လှုပ်ရှားစရာအကောင်းဆုံးခရီးစဉ်တစ်ခုလေးဖြစ်နေပုံရပါတယ်။

တကယ်လည်း ခွေးလေးတွေဟာ သူတို့ဘဝတစ်သက်တာအတွက် အိမ်နောက်ဖေး သို့မဟုတ် ခွေးလှောင်အိမ်ထဲမှာဘဲ အသက်ရှင်သွားရမယ့် အဖြစ်မျိုးနဲ့မထိုက်တန်ပါဘူး။ဒီတော့ သူတို့လေးတွေကို ကျွန်တော်တို့နဲ့အတူ အပြင်ထွက်ပြီးကမ္ဘာကြီးကိုစူးစမ်းလေ့လာစေကာ သူတို့လေးတွေအတွက် အမှတ်တရတွေအများကြီး ဖန်တီးပေးလိုက်ပါ။

Mia (Mckzone Daily)
Source : boredpanda

“ ရေခဲသေတ္တာကို အပိုင်စီးပြီး စိတ်အေးလက်အေးခိုးအိပ်နေခဲ့တဲ့ ခွေးလေး “---------------------------------------------------...
05/07/2021

“ ရေခဲသေတ္တာကို အပိုင်စီးပြီး စိတ်အေးလက်အေးခိုးအိပ်နေခဲ့တဲ့ ခွေးလေး “
-------------------------------------------------------------------

ခွေးလေးတွေဟာ သခင့်ရဲ့ခန္ဓာကိုယ်ပေါ်တက်ဖိပြီး နေရတာကို ကြိုက်နှစ်သက်ကြသလို သူတို့အတွက် အရမ်းအဆင်ပြေပြီး သွားလာရလွယ်ကူတဲ့ နေရာတွေကိုလည်း ကြိုက်တတ်ကြပါသေးတယ်။

အခုလည်း ခြေထောက်တိုတို ၊ ပုပုလုံးလုံးလေးနဲ့ ဒီခွေးလေးကတော့ ရေခဲသေတ္တာ အောက်ဆုံးအထပ်ကို အပိုင်စီးပြီး သူ့ကိုယ်ပိုင်အိပ်ယာလို သဘောထားနေပုံပါဘဲ။

ပလက်လန်ပြီး စိတ်အေးလက်အေးခိုးအိပ်နေရင်း လူမိလို့ ဖြစ်သွားတဲ့သူ့ရုပ်လေးက ဆွဲစိချင်စရာကောင်းလွန်းလို့ social media မှာ လူချစ်လူခင်များနေလျက်ရှိပါတယ်။

Mia (Mckzone Daily)
Source : Woof Woof

“ မျိုးစိတ်ချင်းမတူပေမဲ့ အရောင်အဆင်းကတူနေတဲ့အပြင် သူငယ်ချင်းကောင်းတွေပါဖြစ်နေကြတဲ့ တိရိစ္ဆာန်လေးတွေ"သူငယ်ချင်းကောင်းအားလ...
01/07/2021

“ မျိုးစိတ်ချင်းမတူပေမဲ့ အရောင်အဆင်းကတူနေတဲ့အပြင် သူငယ်ချင်းကောင်းတွေပါဖြစ်နေကြတဲ့ တိရိစ္ဆာန်လေးတွေ"

သူငယ်ချင်းကောင်းအားလုံးတွေက တူညီနေကြတာမဟုတ်သလို ၎င်းအချက်ကလည်း သူတို့အတွက်မလိုအပ်ပါဘူး။အခုလည်း ဒီတိရိစ္ဆာန် သုံးမျိုးကတော့ မျိုးစိတ်ချင်းမတူပေမဲ့ စိတ်ချင်းဆက်ပြီး သူငယ်ချင်းကောင်းတွေဖြစ်နေကြပါတယ်။

သိုပေမဲ့ သူတို့မှာ ပိုထူးခြားတာက ပုံပန်းသဏ္ဍာန်ချင်းမတူကြပေမဲ့ အရောင်အဆင်းကွက်တွေက တူညီနေကြပါတယ်။၁၀ နှစ်အရွယ် Nevada လို့ခေါ်တဲ့မြင်း ၊ ၆ နှစ်အရွယ် Napoleon လို့ခေါ်တဲ့ မြည်း နဲ့ ၂နှစ်အရွယ် Dalmatian Jack Sparrow လို့ခေါ်တဲ့ခွေးလေးတို့ဟာ အရွယ်အစား ၊မျိုးစိတ် နဲ့ အလေ့အထတွေ မတူကြပေမဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြောင်း Greetje Arends-Hakvoort အမည်ရှိ၎င်းတို့ရဲ့သခင်က ဆိုခဲ့ပြီး သူမမှာ အဆိုပါတိရိစ္ဆာန်လေးတွေအပါအဝင် Jolie Lune Arends အမည်ရှိတဲ့သမီးလေးပါရှိနေပါတယ်။

ခွေးလေးနဲ့ သမီးဖြစ်သူက တစ်ချိန်တည်းမွေးလာခဲ့တာကြောင့် သူတို့အချင်းချင်းကလည်း သူငယ်ချင်းကောင်းတွေဖြစ်ကြပါတယ်။ Greetje နဲ့ သမီးဖြစ်သူတို့ဟာ မနက်ခင်းတိုင်း သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်မိသားစုနဲ့အတူ အမြဲလမ်းလျှောက်ထွက်လေ့ရှိပါတယ်။

အခုလို သူတို့လေးတွေဟာ မျိုးစိတ်ချင်းမတူပေမဲ့ သူငယ်ချင်းကောင်းတွေဖြစ်နေရခြင်းရဲ့အဓိကသော့ချက်က ယုံကြည်မှုဘဲဖြစ်ကြောင်း Greetje က ဆိုခဲ့ပါသေးတယ်။ဒီတော့ မျိုးစိတ်ချင်းမတူပေမဲ့ စိတ်တူကိုယ်တူရှိပြီး အထူးသဖြင့် ခန္ဓာကိုယ်အရောင် အဆင်းကွက်ကြားလေးတွေနဲ့ ရင်သပ်ရှုမောဖွယ်ကောင်းနေတဲ့ တိရိစ္ဆာန်သုံးကောင်လေးတို့ရဲ့ ပုံရိပ်တွေကို စာဖတ်သူတို့အဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်နော်။

Mia (Mckzone Daily)
Source : cheezburger

ခွေးလေးများကို သွေးဝမ်းရောဂါဖြစ်စေနိုင်သော အကြောင်းအရင်းများ******************************************************ကိုယ့်...
31/05/2021

ခွေးလေးများကို သွေးဝမ်းရောဂါဖြစ်စေနိုင်သော အကြောင်းအရင်းများ
******************************************************

ကိုယ့်ရဲ့အိမ်ကခွေးလေးတွေဝမ်းသွားတဲ့အခါမျိုးမှာ အကျိအချွဲတွေနဲ့သွေးစတွေပါလာတာမျိုဒကြုံဖူးကြလား။အလွယ်ခေါ်ရရင်သွေးဝမ်းသွားတယ်ပေါ့။

တကယ်တော့သွေးဝမ်းသွားစေနိုင်တဲ့အကြောင်းအရာတွေများစွာရှိနိုင်ပါတယ်။
#အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း
#အူမကြီးရောင်ရမ်းခြင်း
#သန်ကောင်များခြင်း
#ဗိုင်းရပ်စ်ရာဂါပိုး
#ဘတ်တီးယီးယားရောဂါပိုး
#အူနံရံထိုးဖောက်ခြင်း
#ဓာတ်မတည့်ခြင်း စသည့်အကြောင်းတခုခုကြောင့်ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုအကြောင်းအရာမျိုးကြောင့်ဖြစ်စေ သင့်ခွေးရဲ့ဝမ်းထဲမှာသွေးပါသည်ကိုတွေ့ရှိလျှင်တိကုဆရာဝန်၏ဆေးကုသမှုကိုအမြန်ဆုံးခံယူသင့်ပါတယ်။

#ထိုအခြေအနေမျိုးဖြစ်လျှင်သင့်အနေနဲ့ဘာလုပ်သင့်ပါသလဲ?

သွေးဝမ်းသွားနေကြောင်းသိသိချင်းသင့်ခွေးရဲမစင်ကို ဆေးခန်းတွင်စစ်ဆေးရန် နမူနာ (sample)ယူထားသင့်သည်။သို့သော် အထက်ကအကြောင်းအရာတခုခုကြောင့်သွေးဝမ်းမသွားခင်သင့်ခွေးရဲ့အခြေအနေသည် အစားနည်းခြင်း၊မအီမသာအမူအရာပြခြင်း၊နုံးခွေးခြင်း၊အော့အန်ခြင်း စသည်တို့ဖြစ်ပြီဆိုတာနဲ့ဆေးခန်းကိူအမြန်ဆုံးခေါ်သွားသင့်ပါသည်။

#အစာအိမ်နှင့်အူနံရံရောင်ခြင်း

ခွေးလေးကို အပေါ့၊အလေးသွားရန်(သို့)ဆော့ကစားရန်ခြံထဲတွင် လွှတ်ပေးထားခြင်း(သို့)လမ်းဘေးခွေးလေးတွေဟာ #အမှိုက်ပုံးများနှိုက်ခြင်း မသန့်ရှင်းသောအစားစားများစားမိခြင်းကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းတလျှောက်တွင်အနာဖြစ်ကာရောင်းယမ်းခြင်းကြောင့် အူနံရံများပျက်စ်ီးကာဝမ်းထဲတွင် အူနံနရ့အပျက်အစီးများနှင့်သွေးများပါတတ်ပါတယ်။

#အူမကြီးယောင်ယမ်းခြင်း
အူမကြီးယောင်ယမ်းခြင်းမှာရုတ်တရက်ဖြစ်ပွားနိုင်ခြင်းနှင့်နာတာရှည်ဖြစ်ပွားခြင်းတို့ဖြစ်နိုင်ပါတယ်
သန်ကောင်များကြောင့်အူနံရံပျက်စီးစေခြင်း၊အချိန်ကြာမြင့်စွာ ပိုးသတ်ဆေးများသောက်သုံးခဲ့ခြင်းစသည်တို့ကြောင့်ဖြစ်စေနိုင်ပါတယ်။

#သန်ကောင်များခြင်း

သန်ကောင်ဆိုသည်မှာသတ္တဝါတိုင်း၏ခန္ဓာကိုယ်ထဲတွင်အမြဲရှိနေတတ်သောကပ်ပါးကောင်တွေပါ။တွေရာမြင်ရာစားတတ်တဲ့ ခွေးလေးတွေမှာဆိုရင်ဆိုဖွယ်ရာမရှိတော့ပါဘူး။သံလုံးကောင်၊သံပြားကောင်၊ချိတ်သန်ကောင်အစရှိသဖြင့် အမျိုးအမည် ပုံသဏ္ဏာန်စုံလင်စွာဖြင့် သူတို့မှီခိုရာခွေးတွေရဲ့အူနံမှာ တွယ်ချိတ်ကာ လက်ခံကောင်ဆီမှရရှိသမျှအဟာရတွေကို စားသုံးကာကပ်ပါးနေထိုင်ကြပါတယ်။များလှစွာသောသန်ကောင်များ၏ဖောက်ခြင်းခံရတဲ့အူနံရံမှသွေးကြောများဟာပေါက်ပြဲကာ အနာဖြစ်ပြီး သွေးများယိုစိမ့်ကာမစင်ထဲသို့ပါသွားတတ်ပါတယ်။
သွေးပါသောမစင်ကိုမိုက်ခရိုစကုပ်နှင့်စစ်ဆေးသည့်အခါ သံဥများစွာကိုတွေ့မြင်နိုင်ပါသည်။

#ဗိုင်းရပ်ပိုး

သွေးဝမ်းဖြစ်စေသောဗိုင်းရပ်ပိုးများထဲမှ parvo virusသည်ကြောက်စရာအကောင်းဆုံးကူးစက်မြန်သေနှုန်းမြင့်မားသောပိုးဖြစ်ပါသည်။ကာကွယ်ဆေးမထိုးထားသောခွေးကယ်လေးတွေမှာဖြစ်ပွားနှုန်ပိုများပါသည်။
ထိုဗိုင်းရပ်ပိုးသည် ကူးစက်ပြီး၁၄ရက်လောက်အကြာမှလက္ခဏာစပြတတ်သည်။ရောဂါပြင်းထန်လျှင်၃-၇ရက်အတွင်းသေတတ်သည်။အစာမစားခြင်း၊အကြိမ်များစွာအန်ခြင်း၊ဝမ်းအနံ့ဆိုးရွား၍သွေးပါလာလျှင်ဆရာဝန်ထံတ ွင် ါကုသမှုအမြန်ဆုံးခံယူသင့်ပါသည်။ထိုရောဂါဖြစ်ပွားလျှင်အသက်ဆုံးရှုံးနိုင်ခြေ၈၀%ရှိပါသည်။

#ဘတ်တီးယီယားပိုး

မြန်မာနိုင်ငံမှခွေးပိုင်ရျင်များသည် အများအားဖြင့်မိမိတို့ခွေးများကိုကိုယ်တိုင်ချက်ပြုတ်ကာကျွေးကြသည်။နိုင်ငံတကာမှာတော့ခွေးများအတွက်သီးသန့်ထုတ်လုပ်ထားသောအစာခြောက်၊အသားဘူးများသာကျွေးကြပါတယ်။ထိုသို့ချက်ပြုတ်သည့်အခါမျိုးတွင်အသား/အသဲ:အတွင်းကလီစာများကိုပြုတ်ပြီးထမင်းနှင့်ကျွေးလေ့ရှိကြပါတယ်။အသား/အသဲ/ကလီစာများကို လုံလောက်သည့်အပူချိန်မရဘဲချက်ပြုတ်လိုက်တဲ့အခါ မျိုးတွင် အသားများကြားတွင်နေတတ်သောဆယ်မွန်နဲလား ပိုးကိုစားမိပြီးဝမ်းလျှောခြင်းသွေးပါခြ င်းတို့ဖြစ်တတ်ပါတယ်

#အူနံရံထိုးဖောက်ခြင်း

တွေ့ဘူးကြမှာပါခွေးပေါက်စလေးတွေမွေးထားတဲ့အိမ်တွေမှာ အရမ်းဆော့ပြီးအိမ်ကဖိနပ်တွေလည်းသူတို့ကိုက်ထားတဲ့အပေါက်ရာတွေ....တွေ့ရာမြင်ရာကိုက်တတ်ဝါးတတ်တာသူတို့အကျင့်ပါ။ခဲလုံးတွေကိုက်မယ် သံတိုသံစ တွေကိုက်မယ် စသည်စသည် မြင်မြင်ရာကိုက်ယုံနဲ့အားမရသေးပါဘူး မ်ျုချတတ်ကြပါသေးတယ်။ထိုအခါမျိုးမှာ သူတို့မျိုချလိုက်တဲ့အရာတွေမှာအချွန်တွေပါလာခဲ့ရင်အူနံရံကိုဖောက်မိမယ်။ကျောက်စရစ်ခဲလိုအလုံးတွေဖြစ်ရင် အူလမ်းကြောင်းပိတ်ဆို့မယ်။
ခွေးပိုင်ရှင်တို့မသိလိုက်ဘဲလုပ်မိတဲ့ အရာတွေလည်းရှိပါတယ်။ခွေးပဲအရိုးကိုက်မှာပေါ့ဆိုပြီး ကြက်ခြေထောက်ရိုး တောင်ပံရိုးစသည့်မာကြောတဲ့အရိုးများချကျွေးမိခြင်းပါ။ထိုအရိုးမာများက်ုအစာအိမ်ကမချေဖျက်နိုင်ပါ ကိုက်လိုက်တဲ့အရိုးစလေးဟာအူနံရံတလျှောက်ထိုးဖောက်ကာ အနာပေးခဲ့ပါတယ်ထိုမှတဆင့် အစာအိမ်အနာဖြစ်ကာ အစာမစားနိုင်ခြင်း သွေးဝမ်းသွားခြင်းတို့ဖြစ်စေတတ်ပါတယ်။
ထိုသို့ပြင်ပအရာများမျိုချမိသည့်သင့်၏ခွေးက်ိုဆေးရုံ ဆေးခန်းက်ုအမြန်ဆုံးခေါ်သွားကာ Xrayရိုက်၍လိုအပ်သည့်အခါ ခွဲစိပ်မှုမျိုးဆရာဝန်ကလုပ်ဆောင်ပေးပါမည်။

#ဓာတ်မတည့်ခြင်း

ရယ်ဒီမိတ်လုပ်ထားတဲ့ကြောင်စာက်ိုကြောင်တွေက်ိုအကျွေးများကြပေမဲ့ ရယ်ဒီမိတ်ခွေးစာကျွေးတာနည်းပါတယ်။တချို့ဆိုမိမိတို့ခွေးကိုကြောင်စာချကျွေးကြပါတယ်။ကြောင်စာနှင့်ခွေးစာတွင်ပါဝင်သောလိုအပ်တဲအဟာရနှုန်းဟာလုံးဝမတူနိုင်သလို ကြောင်စာနှင့်မတည့်သောခွေးများလည်းရှိကြပါတယ်။ထို့အတူ လူတွေစားတဲ့အစားအစာတိုင်းဟာခွေးများနဲမသင့်တော်ပါဘူး။လူတွေစားသမျှအစာတိုင်းကိုခွေးတွေရဲ့အစာအိမ်ဟာချေဖျက်နိုင်စွမ်းမရှိပါဘူး
မတည့်သောအစာများစားမိသည့်အခါမျိုးမှာလည်း အသက်ရှုကြပ်ခြင်း အစာအိမ်အူနံနရံအနာဖြစ်ပျက်စီးခြင်းတို့ကြောင့် အော့အန်းခြင်း၊ဝမ်းလျှောခြင်း၊သွေးပါခြင်းတို့ဖြစ်ကာ ပြင်းထန်လျှင်ရုတ်တရက်အသက်ဆုံးရှုံးနိုင်ပါတယ်။
ထို့ကြောင့်ရောဂါပိုးကာကွယ်ရန် အသက်၄၅ရက်မှစကာ ၆မျိုးစပ်၊၅မျိုးစပ်စသည့်သွေးဝမ်းဗိုင်းရပ်ပိုးကာကွယ်ပေးသောဆးများထိုးပေးထားသင့်ပါသည်။
အသက်တလမှစ၍သံချဆေးကျွေးပေးသင့်ပါသည်။

Crd by ဒေါက်တာအေးမွန်မွန်သန့်

🙏ကဆုန်လပြည့်နေ့ဆိုတာ..🎑(၁) ဘုရားအလောင်းတော် ဗျာဒိတ်ခံယူတဲ့နေ့🙏(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့...
25/05/2021

🙏ကဆုန်လပြည့်နေ့ဆိုတာ..🎑

(၁) ဘုရားအလောင်းတော် ဗျာဒိတ်ခံယူတဲ့နေ့🙏

(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့🙏

(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့🙏

(၄) ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့ နေ့ 😢တွေ ဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။ 💫

ဒါကြောင့် ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းရင်း မြတ်ဗုဒ္ဓရဲ့ ဂုဏ်ကိုရည်မှန်းကာ ကုသိုလ်ယူလိုက်ရအောင်လားရှင် 🙏🏻

Address


Website

Alerts

Be the first to know and let us send you an email when Nutripe Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share