05/04/2024
နေ့အပူချိန်တအားတက်လာတာနဲ့အမျှHeat Stroke နဲ့tay တာတွေခပ်စိတ်စိတ်ကြားနေရပီနော် ပိုင်ရှင်တွေသတိထားဖို့ပါ
ကြိုတင်ကာကွယ်ရအောင်
ခွေးလေးတွေကို
လေဝင်လေထွက်ကောင်းတဲ့သန့်ရှင်းသောနေရာမှာထားပါ
ရေဓာတ်မခမ်းခြောက်အောင်လို့တနေ့တကြိမ်ဓာတ်ဆားရည်လေးတွေတိုက်ပေးပါ(သီးစုံဓာတ်ဆားRoyal Dမဟုတ်မတိုက်ရပါ တိုက်ရမှာBPIဓာတ်ဆားပါ)
ရေခွက်လေးတွေမှာရေမပြတ်ဖြည့်တင်းပေးထားပါ
စဉ့်အိုးလေးတွေဆိုရေလေးတွေအေးတော့ပိုကောင်းပါတယ်
မနက် ၈/၉နာရီမတိုင်ခင်အရမ်းမပူခင် မနက်စာကိုကြိုကျွေးထားပါ ညနေဘက် နေစောင်းပီးအေးလာမှညစာကျွေးပါ
၇/၈နာရီဝန်းကျင်
အရက်ပြန်ဗူးဆောင်ထားပါရေခဲသေတ္တာထဲမှာလက်တဝါးစာရေခဲတုံးကို
၃/၄တုံးခဲထားပါ
ရုတ်တရတ်ဝမ်းလျှောဝမ်းပျက်ဖြစ်လာရင်သတိထားပါ
သာမိုမီတာတချောင်းဝယ်ထားပါ
တနေ့တကြိမ်သာမိုမီတာနဲ့အပူချိန်တိုင်းပါ101.102 ကပုံမှန်အပူချိန်ပါ 104/105/106ဆိုအပူတော်တော်တက်နေပါပီ
လှုပ်လှုပ်ရှားရှားအရမ်းမလုပ်ပါစေနဲ့ အပြင်တွေမခေါ်သွားပါနဲ့
အထူးသဖြင့်နှာတိုPitbull/Pug/bully/frenchieမျိုးတွေကနှာတိုပီးမောတတ်တော့ပိုဆိုးစေပါတယ်
Heat stoke ဖြစ်လာရင်
ဖြစ်တဲ့ခွေးလေးကိုလှုပ်လှုပ်ရှားရှားမလုပ်ပါစေနဲ့ငြိမ်ငြိမ်နေခိုင်းပါ
သခင်ကပွေ့ချီပီးအေးမြတဲ့နေရာရွှေ့ပါ မီးလာရင်အဲကွန်းခန်းထဲရွှေ့ မလာရင်လေဝင်ထွက်ကောင်းတဲ့အရိပ်ရသောနေရာရွှေ့ပါ
လက်ဖဝါးခြေဖဝါးတွေကိုအရက်ပြန်ဖြန်းပါ
(အရက်ပြန်ကိုမရက်မိအောင်သတိထားရပါမယ်
)ဗိုက်/ပေါင်ကြား/ဂျိုင်းကြားတွေကို ရေခဲတုံးကိုအဝတ်ပတ်ပီးကပ်ပါ စိတ်ရှည်ရပါမယ်
ရေပတ်တိုက်ရင်လဲ
အေးအောင်ဆိုပီး ရေကိုဝုန်းကနဲလောင်းပေးခြင်းလုံးဝမလုပ်ရပါဘူး လူတွေရေချိုးသလိုဘဲ
ခြေဖဝါးလက်ဖဝါးကိုရေအရင် စွတ်ခြေထောက်အောက်ပိုင်းကိုတိုက် ပီးရင်အမြီးလေး ပေါင်ကြားလေးဗိုက်အောက် စသဖြင့်အောက်ပိုင်းတိုက်ပီးမှ ကျောဘက်ကိုပြန်တိုက်ရပါမယ်
ရေအေးအေးလေးလဲတိုက်ပါမသောက်နိုင်လျှင်အတင်းမတိုက်ပါနဲ့ အာ/လျှာ/ပါးစပ်မခြောက်အောင်ရေစွတ်ပေးပါ
အပူချိန်102ရောက်ရင်နားလည်ကျွမ်းကျင်သောဆရာဝန်ပင့်ပါ
Heat stokeကြောင့်ကိုယ်တွင်းအင်္ဂ်ါမပျက်စီးအောင်ဆရာဝန်ကလိုအပ်တဲ့ဆေးတွေထိုးပေးပါလိမ့်မယ်
တိချစ်သူများအားလုံးheat stokeရန်မှကင်းဝေးပါစေ🙏🏻🙏🏻crd
Crd