01/05/2023
ပိုင်ဆိုင်မှုတွေ ချပြဆို
ငါ့မှာ ထူးပြီး ချပြရမယ့် အရာမရှိပါဘူး
ဒါပေမဲ့
ငါပျော်နေတာပဲလေ
လူထဲကလူပဲမို့
လိုချင်တာ ရှိပေမဲ့လည်း
“ဒါမရလို့ …” ဆိုပြီး
အိပ်မပျော် စားမဝင်
စိတ်မချမ်းသာခြင်းမျိုး မဖြစ်ဖူးဘူး
မျှော်လင့်ချက်
ကြီးကြီးမားမားတွေ မထားလို့မဟုတ်ဘူး
ဖြစ်ချင်တာတွေထားပြီး
ဖြစ်သင့်တာတွေ လုပ်ရင်းနဲ့ ဘဝ အဓိပ္ပါယ်ကို ရှာဖြစ်တယ်
အခက်အခဲတွေ ရှိတဲ့အခါ
မညည်းဖြစ်ပါဘူး
အဆင်ပြေတာလေးတွေး
အကြည်ဓါတ် ပိုမွေးလိုက်တယ်
ပြီးတော့
ကိုယ့်ကို ကူညီပေးကြသူတွေ မေတ္တာပို့ပေးလိုက်တယ်
လူချမ်းသာချင်တာလား
စိတ်ချမ်းသာချင်တာလား မေးရင်
စိတ်ချမ်းသာခြင်းကိုပဲ ရွေးမယ်
အေးအေးဆေးဆေးပဲ နေချင်တယ်
ပူပန်ကြောင့်ကြမှု ကင်းချင်တယ်
ဒီလောက်ဆို
သံသရာက မလွတ်မြောက်နိုင်သေးလည်း
လူဖြစ်လာရတာ တန်ပါတယ်…။
ဆြာချစ်
(၂၀၂၃ ဧပြီ ၃၀) #