05/04/2024
ကိုယ်နဲ့ ရင်းနှီးတဲ့ လူတစ်ယောက်ဆီကနေ
ပိုက်ဆံချေးကြည့်လိုက်။
ရှိလျှက်နဲ့ မရှိဘူးဆိုပြီး ပြောရင်
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ
ယုံကြည်မှုရှိအောင် တည်ဆောက်ဖို့လိုသေးတယ်ဆိုတာ။
ရှိလည်းရှိတယ် ချေးလည်းချေးတယ်ဆိုရင်
သင့်တင့်တဲ့ ယုံကြည်မှုရနေပြီ။
သူဆီမှာအလွယ်တကူမရှိဘူး။
သူများဆီကခဏယူပြီးတော့
ပြန်ချေးတာဆိုရင်တော့ အဲ့ဒီလူဟာ
ငွေကြေးနဲ့ပတ်သက်လာရင်
အလွန်ကိုယ်ကျင့်တရား ကောင်းတဲ့ အဆင့်
ယုံကြည်မှု့ရတဲ့အဆင့် သိက္ခာရှိတဲ့အဆင့်ထဲရောက်နေပါပြီ။
ပိုက်ဆံချေးတိုင်း ပိုက်ဆံမရှိလိုတော့ မဟုတ်ပါဘူး
လူတွေက အချင်းချင်း ပါးစပ်ကသာ ဖွင့်မပြောတာ။
ဘယ်သူဟာ ဘယ်လောက်ထိ ယုံကြည်မှုပေးလို့ရတယ် ဘယ်သူကဘယ်လောက်ပဲ ယုံကြည်မှု့ပေးလို့ရတယ်ဆိုတာ သူတို့ရဲ့မသိစိတ်ထဲမှာ ရှိပြီးသားပါ။
ယုံကြည်မှု့ရှိဖို့အတွက် ရိုးသားမှုက အဓိကမကျပါဘူး။ ယုံကြည်ထိုက်အောင်နေတတ်တဲ့ အရည်အချင်းနဲ့
ကိုယ်ကျင့်တရားကသာ အဓိကကျတာပါ။
လူတွေမှာ စိတ်ကောင်းရှိပါတယ်။
အဲ့ဒီစိတ်ကောင်းနဲ့ တန်တဲ့ အရည်အချင်းမိမိမှာ
ရှိအောင်လုပ်ရင် လူတွေက အလိုလို ယုံကြည်မှု့ပေးတာပါ။