Just for Pet - Since 2015

  • Home
  • Just for Pet - Since 2015

Just for Pet - Since 2015 We provide your pets with good quality, fair price pet accessories,clothings, snacks and give the bes

BuKuJu ရဲ့ promotion ❤️❤️❤️
12/12/2024

BuKuJu ရဲ့ promotion ❤️❤️❤️

Instock BuKuJu Treats for babies 🧡🩷❤️🤍🤎

အကုန်လုံးကအကြိုက်တွေချည်းပဲမို့ ရွေးရခက်နေမယ်ဆိုတာသိပါတယ်ရှင့် 😁

❗Promotion အနေနဲ့ 12/12/2024 ~ 14/12/2024 အထိ ❗

🤩 ဘာမုန့်ပဲဝယ်ဝယ် ၁၂၀၀၀၀ ဖိုးပြည့်တာနဲ့ Delivery Free ဖြင့်အိမ်အရောက်ပို့ဆောင်ပေးပါမယ်ရှင့် 🤩

မုန့်လေးတွေအကုန် fresh date မို့ ကြိုစုထားချင်တဲ့ ဖီဖီမီမီတို့အတွက်လည်း အိုကေစိုပြေပါပဲနော် 😉

အမြဲတမ်းဝယ်ယူအားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့် 🙏🏻

🐾 BuKuJu Homemade Treats : Happy Food for Furbabies 🐾

အကြူးလေး (၆) နှစ်ပြည့် 🎁🍀😇
10/12/2024

အကြူးလေး (၆) နှစ်ပြည့် 🎁🍀😇

😇 အချိန်တွေက အကုန်မြန်တယ်ကွယ်

သမီးလေး ကြူးတောင် (၆) နှစ်ပြည့်ပြီတဲ့

🍀 Happy Birthday 🎁 ပါသမီးရေ...

🙏 ကျန်းမာ သက်ရှည်လို့
အနာရောဂါဝေဒနာတွေ ကင်းပါစေကွယ် 🐶

❤️‍🩹 လေပြွန်ကျဉ်းရောဂါနဲ့ပတ်သက်ပြီး ဘယ်လို Diagnose လုပ်တယ်ဘယ်လိုမှားတတ်တယ်ဘာတွေကို ဆောင်ပြီး ဘာတွေကို ရှောင်ရမယ် ဘယ်လို...
08/12/2024

❤️‍🩹 လေပြွန်ကျဉ်းရောဂါနဲ့ပတ်သက်ပြီး
ဘယ်လို Diagnose လုပ်တယ်
ဘယ်လိုမှားတတ်တယ်
ဘာတွေကို ဆောင်ပြီး
ဘာတွေကို ရှောင်ရမယ်
ဘယ်လို ပြုစုရမလဲဆိုတာ
ရေးထားဖူးသမျှ Link လေးတွေကို စုစည်းပေးလိုက်ပါတယ်

🔺လေပြွန်ကျဉ်းရောဂါ

https://www.facebook.com/share/19RBrR1a1U/?mibextid=WC7FNe

🔺 ချောင်းဆိုးတာလား ဂူးဂူးဖြစ်တာလား

https://www.facebook.com/share/1Q1Rt8wVZD/?mibextid=WC7FNe

🔺 လေပြွန်ကျဉ်းရှောင်ရန်

https://www.facebook.com/share/19VLbvSMLD/?mibextid=WC7FNe

🔺 လေပြွန်ကျဉ်းခွေးလေးများနှင့် သတိထားရန်အချက်များ

https://m.facebook.com/story.php?story_fbid=1010843457751221&id=100064767277209

🔺 လေပြွန်ကျဉ်းခွေးလေးများ Spa လုပ်ကြခါဝယ်

https://www.facebook.com/share/1AYm2fUAna/?mibextid=WC7FNe

🔺 လေပြွန်ကျဉ်းနှင့် ဆောင်ထားရမယ့်စက်များ

https://m.facebook.com/story.php?story_fbid=743367007832202&id=100064767277209

🔺 လေပြွန်ကျဉ်းခွေးနဲ့ ဆောင်ထားသည့်ဆေးများ

https://www.facebook.com/share/1Mhd9nyRd6/?mibextid=WC7FNe

😇 အိမ်မှာရှိတဲ့ ခွေးကြောင်လေးတွေနဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာလေးတွေအတွက် Easy Tips လေးတွေကို ရေးဖူးသမျှ Link စုပေးထားပါရစ...
30/11/2024

😇 အိမ်မှာရှိတဲ့ ခွေးကြောင်လေးတွေနဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာလေးတွေအတွက် Easy Tips လေးတွေကို ရေးဖူးသမျှ Link စုပေးထားပါရစေ

😉 တိဆေးခန်းကို သွားရတဲ့အခါ

https://m.facebook.com/story.php?story_fbid=878850737592648&id=100064031890885

❗ Dettol နဲ့ ခွေးကြောင်များ

https://www.facebook.com/share/15EHKt3asW/?mibextid=WC7FNe

😅 အီးကြိုက်ခင်တို့အတွက်

https://m.facebook.com/story.php?story_fbid=819798320164557&id=100064031890885

😁 ဝုတို့ကို ဘယ်လို ချီရမလဲ

https://m.facebook.com/story.php?story_fbid=824588246352231&id=100064031890885

😇 ဘာဆေးဖြစ်ဖြစ် အခဲအလုံး လွယ်ကူအောင်တိုက်ကျွေးနည်း

https://m.facebook.com/story.php?story_fbid=1009753617860205&id=100064767277209

🍀 ခြေထောက်အနာဖြစ်လျှင်

https://m.facebook.com/story.php?story_fbid=938056561696578&id=100064767277209

⚠️ သန်းမွှားရှင်းတဲ့အခါ

https://m.facebook.com/story.php?story_fbid=890087119826856&id=100064767277209

🔥 အလွယ်တကူ နာမည် ကဒ်ပြားလုပ်ခြင်း

https://m.facebook.com/story.php?story_fbid=913441080800280&id=100064031890885

🎁 ဝုတို့မြှောင်တို့ရဲ့ နှုတ်ခမ်းမွှေး

https://m.facebook.com/story.php?story_fbid=896087205869001&id=100064031890885

🍀 Paw တို့ ကျန်းမာဖို့

https://m.facebook.com/story.php?story_fbid=890204489790606&id=100064031890885

🐾 အိမ်မွေးခွေး ကိုက်တဲ့အခါ စဉ်းစားစရာ

https://m.facebook.com/story.php?story_fbid=767948125374090&id=100064767277209

❤️‍🩹 ဘယ်လိုချိန်မှာ သန်ချရမလဲ

https://m.facebook.com/story.php?story_fbid=761278932707676&id=100064767277209

👀 သန်ချခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း

https://www.facebook.com/share/14qtw993vq/?mibextid=WC7FNe

👴👵 သူငယ်မပြန်ရလေအောင်

https://m.facebook.com/story.php?story_fbid=693994106102826&id=100064767277209

🐶 စိတ်လှုပ်ရှားလွန်းတတ်တဲ့ ဝုတို့ကိုမွေးတဲ့အခါ

https://www.facebook.com/share/19WwaLLBLW/?mibextid=WC7FNe

♨️ Heat Stroke, သွေးဝမ်း၊ သန်း နဲ့ Allergy ရှောင်ရန်

https://www.facebook.com/share/1CxvbaD9wz/?mibextid=WC7FNe

🔺 လက်ဖဝါးကြားက အဖုလေး

https://www.facebook.com/share/1Apy648vPU/?mibextid=WC7FNe

🔹 Energy Burn အောင်

https://www.facebook.com/share/15JKv1buXo/?mibextid=WC7FNe

🐣 Puppy/Kitten အိမ်မှာ ပေါက်တဲ့အခါ

https://www.facebook.com/share/197TRobeZT/?mibextid=WC7FNe

🦦 မှန်ကန်တဲ့ ရင်သိုင်းကို ဘယ်လိုရွေးမလဲ

https://www.facebook.com/share/1932krLB6b/?mibextid=WC7FNe

🐛 သန် (၂) ဖြစ်တဲ့ ဝမ်းသန်၊နှလုံးသန် နဲ့ သန်း

https://www.facebook.com/share/1WaPuWNR58/?mibextid=WC7FNe

❤️ အသုံးအဆောင်များ ပိုးသတ်ခြင်း

https://www.facebook.com/share/1FK7rcmUEd/?mibextid=WC7FNe

🫘 ပျက်သွားပြီးရင် ပြန်ပြီး မကောင်းနိုင်တော့တဲ့ တိတို့ရဲ့ ကျောက်ကပ် 🫘ကျောက်ကပ်ဟာ 1. သွေးထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ပြီး...
28/11/2024

🫘 ပျက်သွားပြီးရင် ပြန်ပြီး မကောင်းနိုင်တော့တဲ့
တိတို့ရဲ့ ကျောက်ကပ် 🫘

ကျောက်ကပ်ဟာ
1. သွေးထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ပြီး ဆီးထဲ Waste Products အဖြစ် စွန့်ပစ်ကာ
2. ခန္ဓာကိုယ်ထဲလိုအပ်တဲ့ ရေနဲ့ ဓာတ်ဆားတွေကို normal ဖြစ်အောင်ထိမ်းသိမ်းပေးတဲ့အတွက် အရေးကြီးတဲ့ အင်္ဂါတခုဖြစ်ပါတယ်

❗ ကျောက်ကပ်ဆဲလ်တွေက အသည်းလို ပြန်ကောင်းလာနိုင်တာမျိုးမဟုတ်ဘဲ ပိုမိုပျက်စီးမသွားအောင်ဘဲ ထိမ်းသိမ်းလို့ရတာဖြစ်ပြီး

❗ ကျောက်ကပ်ရဲ့ ၃ ပုံ ၂ ပုံလောက်ပျက်စီးမှသာ ကျောက်ကပ်ပျက်စီးခြင်း လက္ခဏာတွေပြလာတာဖြစ်လို့ အသိနောက်မကျရလေအောင် ပုံမှန် အမြဲစစ်ဆေးနေသင့်ပါတယ်တဲ့

🐾 ခွေးသေးနဲ့ ကြောင်လေးတွေဆို ပျမ်းမျှ အသက် ၁၂-၁၄ နှစ်လောက်ကစလို့ ကျောက်ကပ်ပျက်စီးခြင်း လက္ခဏာတွေကို စတင်တွေ့ရတတ်ပြီး
🐾 ခွေးကြီးတွေမှာတော့ အသက် ၇ နှစ်ဆိုတာနဲ့ စတွေ့နေရပါပြီ

ကျောက်ကပ်ပျက်စီးခြင်း ၂ မျိုးကတော့
1. Chronic Kidney Disease (CKD)
နှစ်ရှည်လများကြာမှ ပေါ်ပေါက်လာတဲ့ ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပြီး ပုံမှန်စစ်ဆေးခြင်းဖြင့် ပိုဆိုးမသွားအောင် ထိမ်းသိမ်းလို့ရပါတယ်

2. Acute Kidney Disease (AKD) ကတော့
ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာတာဖြစ်ပြီး ချက်ချင်းအရေးပေါ်ကုသရပါတယ်

AKD ရော CKD ရောဟာ ဖြစ်လာတဲ့အခါ ပြသတဲ့ လက္ခဏာတူပြီး အချိန်ဘယ်လောက်အတွင်းမှာဖြစ်ပေါ်လာလဲဆိုတာကိုသာ ကြည့်ရတာကြောင့် ပုံမှန် Check up လုပ်ခြင်းက အရေးကြီးတာဖြစ်ပါတယ်

😔 ကျောက်ကပ်ပျက်စီးတဲ့အခါ

❌ ရေဓာတ်ဆုံးရှုံးတာ၊ နုန်းချိတာ၊ ရေငတ်လွန်း ဆီးသွားလွန်းတာ၊ အစာစားချင်စိတ်လျော့နည်းတာ၊ မူးဝေ အော့အန် ဝမ်းပျက်တာ၊ ဝိတ်ကျမြန်တာ၊ ဆီးထဲသွေးပါတာ၊ ခန္ဓာကိုယ် အပူချိန် လျော့ကျတာ၊ သွေးအားနည်းပြီး သွားဖုံးတွေ ဖျော့တာ၊ သွေးတိုးတာ၊ ခံတွင်းနဲ့ အစာခြေလမ်းကြောင်းတလျောက် အနာပေါက်တာ၊ အတက်ရောဂါဖြစ်တာတွေ ဖြစ်တတ်ပါတယ်

🫘 Kidney ပြသနာဖြစ်ပေါ်စေရခြင်း
အကြောင်းအရင်းတွေကတော့

🔷 Toxin : အဆိပ်အတောက်ဖြစ်စေတဲ့အကောင်နဲ့ အစားအစာတွေကို မြိုချမိရာမှဖြစ်တယ်
(ဖားကိုစားမိတာ/ မြွေကိုက်ခံရတာ/ ချောကလက်နဲ့ စပျစ်သီး စားမိတာ/ Vitamin D overdose ဖြစ်တာ/ အင်းဆက်ပိုးမွှားနှိမ်နှင်းဆေးတွေ စားမိတာ/ NSAIDs တွေ သောက်သုံးရတာ)

🔶 Trauma : ကျောက်ကပ်ရှိတဲ့နေရာတဝိုက် (ခါးအောက်ပိုင်း) ကို အပြင်းအထန်ထိခိုက်မိရာက ကျောက်ကပ်သွေးခြေဥခြင်း/ သွေးယိုစိမ့်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်ထဲက Toxin တွေကို မစစ်ထုတ်နိုင်တော့ဘဲ ကိုယ်တွင်းရေဓာတ် ကမောက်ကမဖြစ်စေနိုင်ပါတယ်
AKD ထဲပါဝင်ပြီး နာရီပိုင်းအတွင်း ရက်ပိုင်းအတွင်းကို အသက်သေဆုံးနိုင်သည်ထိ ဖြစ်နိုင်ပါတယ်

🔷 Infection : ပြင်းထန်တဲ့ဆီးပိုးဝင်ခြင်းက ဆီးလမ်းကြောင်းကတဆင့် ဆီးအိမ်၊ ဆီးအိမ်ကတဆင့် ကျောက်ကပ်ပေါ်ထိတက်သွားပြီး ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်

အဲ့လိုဖြစ်တဲ့အခါ ကျောက်ကပ်နဲ့ ဆီးအိမ်ကို Ultrasound ရိုက်ပြီး စစ်ကြည့်တာ၊ ဆီးပိုးမွေးပြီးတော့ လိုအပ်တဲ့ ပိုးသတ်ဆေးပေးတာမျိုးလုပ်ရပါတယ်
FIP, FIV, သွေးကင်ဆာဖြစ်တဲ့ ကြောင်လေးတွေမှာလည်း ကျောက်ကပ်ပျက်စီးမှုကိုဖြစ်စေနိုင်ပြီး တခြားကင်ဆာနဲ့ သွေးတိုးရောဂါ၊ မွှားကြောင့်ဖြစ်တဲ့ Lyme Disease ဖြစ်တဲ့ ခွေးလေးတွေမှာဆိုရင်လည်း ကျောက်ကပ်ပျက်စီးနိုင်ပါတယ်

🔶 ကျောက်တည်ခြင်း : ကျောက်ကပ်ကျောက်တည်ခြင်းက မျိုးရိုးလိုက်တတ်ပြီး ပိုးဝင်ခြင်းနဲ့ တခြား ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်

ကျောက်ကပ်ထဲရှိတဲ့ကျောက်အများစုက Oxalate Stones ဖြစ်ကြပြီး ခွေးကြောင်တွေကို သိပ်ဒုက္ခမပေးတတ်ပေမယ့် အဲ့ဒီကျောက်က ကျောက်ကပ်ကနေ ဆီးအိမ်ကို သွားတဲ့ပြွန်မှာ ပိတ်မိသွားတဲ့အခါ အပြင်းအထန်နာကျင်မှုကိုဖြစ်စေကာ ဆီးမသွားနိုင်ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေ စုပြုံလာလို့ကျောက်ကပ်ယောင်ခြင်း ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်

🔷 မျိုးရိုးလိုက်ခြင်း : ကြောင်လေးတွေမှာ ပိုပြီး အဖြစ်များပါတယ်

🔶 ဆီးရွှင်ဆေးအသုံးပြုခြင်း : ဆီးရွှင်ဆေးကို အလွန်အကျွံ ဒါမှမဟုတ် ကြာရှည် အသုံးပြုနေရတဲ့ ခွေးကြောင်လေးတွေဟာ ကျောက်ကပ်ကို အမြဲစစ်ဆေးပေးနေသင့်ပါတယ်

🐾🍀 တိလေးတွေဟာလည်း လူလိုပဲ ကျောက်ကပ်တလုံးပဲကျန်ရင်တောင် အသက်ဆက်ရှင်နိုင်ကြတာဖြစ်ပြီး ပျက်ဆီးသွားတဲ့ ဆဲလ်တွေက ပြန်မကောင်းနိုင်ပေမယ့် နေရထိုင်ရ အစဉ်ပြေအောင် နေ့စဉ်သွားလာလှုပ်ရှားနိုင်အောင် ပြုစုကုသထိမ်းသိမ်းလို့ရပါတယ် 🍀🐾

🙏 ဒါကြောင့် ကျောက်ကပ်ပျက်စီးတာ၊ ကျောက်ကပ်ရောဂါဖြစ်တာတွေကို အချိန်မှီ သိရှိပြီး လိုအပ်တာတွေကို ရှောင်ရ၊ ဆောင်ရမယ့်အပိုင်းတွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ပုံမှန် Check Up လုပ်ဖို့ကို မမေ့ပါနဲ့နော် 🙏

တိလေးတိုင်း သက်ရှည်ကျန်းမာပြီး
အနာရောဂါဝေဒနာကင်းစေပါကြောင်း
ဆုတောင်းရင်း ချစ်ခင်ခြင်းများစွာဖြင့်

🐶BuKuJu & Just for Pet🐱

Photo_Credit to the rightful owner.
Photo Credit to the rightful owner.

😁 ဒီဟာလေးက ပုံမှန်ကြွေခွက်အမြင့်တွေထပ်ကို ပိုပြီးမြင့်တဲ့အတွက် Buddy လိုမျိုး အကောင်ထွားတဲ့ Pom တွေ Terrier တွေ ShihTzu ...
27/11/2024

😁 ဒီဟာလေးက ပုံမှန်ကြွေခွက်အမြင့်တွေထပ်ကို
ပိုပြီးမြင့်တဲ့အတွက်

Buddy လိုမျိုး အကောင်ထွားတဲ့ Pom တွေ
Terrier တွေ ShihTzu လေးတွေရဲ့
Joint တွေအတွက် တော်တော်လေး အစဉ်ပြေလောက်ပြီး

ခွက်ကလည်း ဇောက်တိမ်တော့
လည်ပင်းနဲ့ လေပြွန်ကိုလည်း
ပိုပြီး သက်တောင့်သက်သာရှိစေတယ်လေ

ဒါနဲ့ ဒီနေ့က
အမဲသား ဝက်အသည်း ဝက်နှလုံး
ငါးတန် ဂုံး ငုံးဥ
Vege Cube, Bee Pollen
ZestyPaws Hip and Joint
Milk Thistle လေးနဲ့ပါဗျ

Organ Meat ဝက်ကျောက်ကပ်လေးကတော့
ညစာမှ စားမှာပါတဲ့

#အမောင်ဘူးဒီ

❗❗❗Safe & Long Lasting Chew လေးမှ ရှာနေတယ်ဆို Himalaya Cheese Chew ကိုသာရွေး ❗❗❗တကယ်ကို 🍀သွားယားလည်း ပြေ🍀ကျိုးသင့်တဲ့ ငယ...
18/11/2024

❗❗❗Safe & Long Lasting Chew လေးမှ ရှာနေတယ်ဆို Himalaya Cheese Chew ကိုသာရွေး ❗❗❗

တကယ်ကို
🍀သွားယားလည်း ပြေ
🍀ကျိုးသင့်တဲ့ ငယ်သွားလေးတွေလည်း ကျိုး
🍀တွက်ချေအကိုက်ဆုံး ကြာရှည်အခံဆုံးနဲ့
🍀ပါးစပ်ထဲဝင်လည်း Safe ဖြစ်တယ်ဆိုတဲ့ ကိုက်စရာဆိုရင် ဒီ Himalaya Cheese Chew အပြင် တခြားမရှိဘူး

တရက်ကို ၁၀ မိနစ်လောက်သာပေးကိုက်လိုက်
🐾စိတ်ငြိမ်တယ်
🐾အစာကြေတယ်
🐾သွားလည်း သန့်တယ်

😌 ပြီးရင်ပြန်သိမ်းပြီး ရေဆေး ရေခဲသေတ္တာလေးထဲ သိမ်းပေါ့
တော်ရုံတန်ရုံကောင်ဆိုလို့ကတော့ တချောင်းကို တလလည်း ဟုတ် ၂ လလည်းဟုတ် ခံတယ်ဗျာ

😁 နောက်ဆုံးသေးသေးလေးကျန်လို့ မြိုချမိမှာစိုးတဲ့အခါ ရေနွေးလေး ၅ မိနစ်စိမ်
🧀 Microwave ထဲ Medium Heat နဲ့ 15 စက္ကန့်ထည့်ဖုတ်လိုက် Cheese Puff ကြီး ထွက်လာပါလိမ့်မယ်

🎁 ငွေဈေးကျလို့ ဈေးလည်း ပြန်ချထားတာမို့
သိပ်တွေဝေနေရင် နောက်ကျသွားမယ်နော်

🙏 တန်ဖိုးရှိတဲ့ ပစ္စည်းမို့ ဒီလိုလမ်းအခြေအနေနဲ့က ထပ်သွင်းဖို့ခက်တာကြောင့်လည်း ရတုန်းသာ ယူထား

❤️S (40g-1pc) : 23600 Ks
Suitable for Small Breeds

❤️M (70g-1pc) : 34600 Ks
Suitable for Medium Breeds

❤️L (100g-1pc) : 43900 Ks
Suitable for Large Breeds

📭Chatbox မှတဆင့်ဆက်သွယ်မှာယူနိုင်ပါပြီ

Photo Credit

Update: အစိမ်းပဲကျန်😁ဒီ ဈေးကွက်ထဲ အလွယ်ဝယ်လို့မရတဲ့ လက်ကိုင် ၂ ခုပါ ကြိုးလေးလည်း အစိမ်းနဲ့ အပြာ တရောင်တချောင်းစီရပါဦးမယ်...
17/11/2024

Update: အစိမ်းပဲကျန်

😁ဒီ ဈေးကွက်ထဲ အလွယ်ဝယ်လို့မရတဲ့
လက်ကိုင် ၂ ခုပါ ကြိုးလေးလည်း

အစိမ်းနဲ့ အပြာ တရောင်တချောင်းစီရပါဦးမယ်ခဗျာ

🐾ပြန်မသွင်းဖြစ်လောက်တော့တာရယ်
🐾ပြန်သွင်းချင်တောင် လမ်းတွေပိတ်ကုန်တာရယ်
🐾လက်ကျန်ပစ္စည်းရှင်းလို့ အရင်ဈေးတိုင်းပဲ ရောင်းမှာရယ်မို့

လိုအပ်နိုင်ရင် ယူထားပါခဗျာ

မင်္ဂလာရှိသော တင်းဂွေနေ့လေးဖြစ်ပါစေကျန်းမာလို့ လန်းဖြာကြပါစေခဗျ 🙏😇 #အမောင်ဘူးဒီိ  #ဘူးဒီ
17/11/2024

မင်္ဂလာရှိသော တင်းဂွေနေ့လေးဖြစ်ပါစေ

ကျန်းမာလို့ လန်းဖြာကြပါစေခဗျ 🙏😇

#အမောင်ဘူးဒီိ #ဘူးဒီ

🙃 အစားချေးများတဲ့ ကလေးတွေရဲ့ ပိုင်ရှင်တွေကတော့ဟောဒီ ကုန်ဈေးနှုန်းတက်နေတဲ့ ခေတ်ကာလကြီးမှာဘယ်လိုနေကြလဲ မသိဘူး😆 ဒီကကောင်တွေ...
30/10/2024

🙃 အစားချေးများတဲ့ ကလေးတွေရဲ့ ပိုင်ရှင်တွေကတော့
ဟောဒီ ကုန်ဈေးနှုန်းတက်နေတဲ့ ခေတ်ကာလကြီးမှာ
ဘယ်လိုနေကြလဲ မသိဘူး

😆 ဒီကကောင်တွေက ဘာပဲနေနေ
စားနေရရင် အားလုံးအစဉ်ပြေတော့
ပူစရာမလိုဘူး

လက်ထဲကဟာ ဘာမှန်းကမသိသေးဘူး
အရင်ပြေးလာပြီး ကိုက်ချပစ်တာ 🫠

#အစားအသောက်မီးလိုတောက်
#အငတ်ဖင်မလီ

😌 ဒါမျိုး Tent လုံးလုံး ချစ်စရာလေးကိုမှ မွေ့ယာ နည်းနည်းထူတာလေးဆိုရင် ​🐱မြှောင်လေးတွေနဲ့ 🐶Pom လေး Chihuahua လေးတွေ အကြိုက...
29/10/2024

😌 ဒါမျိုး Tent လုံးလုံး ချစ်စရာလေးကိုမှ မွေ့ယာ နည်းနည်းထူတာလေးဆိုရင်

🐱မြှောင်လေးတွေနဲ့
🐶Pom လေး Chihuahua လေးတွေ အကြိုက်ပေါ့

🐾သုံးထားတဲ့ ပိတ်စလေးတွေက
အသားအေးအေးလေးမို့ရယ်
🐾ဘေး ၂ ဖက်မယ် အပေါက်ကလေးပါပြီး
🐾လေဝင်လေထွက်ရှိတာမို့ရယ်
🐾လျှော်ဖွပ်လို့ ရတာမို့ရယ်
ဝယ်ပြီးရင် တကယ် စိတ်ချမ်းသာရမှာ

ဆိုဒ်ကတော့ လက်မ ၂၀ ပတ်ချာလည်လောက်ရှိပါတယ်

❤️Price: 46900 Ks

📭Chatbox မှတဆင့်ဆက်သွယ်မှာယူနိုင်ပါပြီ

😅 ဒါကုန်ရင် ထပ်မသွင်းဖြစ်လောက်တော့ဘူးလားလို့လေ လက်ကျန်အနေနဲ့ 🐾16 Stick Calming : 29700 Ks(Update: Sold Out) 🐾ခြင်းလုံး P...
27/10/2024

😅 ဒါကုန်ရင် ထပ်မသွင်းဖြစ်လောက်တော့ဘူးလားလို့လေ

လက်ကျန်အနေနဲ့

🐾16 Stick Calming : 29700 Ks
(Update: Sold Out)

🐾ခြင်းလုံး Peanut Butter : 20800 Ks
(Update: 3 ထုတ်ကျန်)

SmartBone က အကောင်းကြိုက်သူတွေ သိကြတာမို့ အထွေအထူး ထပ်မညွှန်တော့ဘူးနော်

📭Chatbox မှတဆင့်ဆက်သွယ်မှာယူနိုင်ပါပြီ

😌 Just for Pet မှာ ဝုတို့အတွက် ရင်သိုင်းအကောင်းစားဝယ်ဖူးတဲ့သူတွေဆို မြင်တာနဲ့ သိမှာ👀ဒီကောင်လေးက ဘယ်တံဆိပ်နဲ့တူလဲဆိုတာကို...
26/10/2024

😌 Just for Pet မှာ ဝုတို့အတွက်
ရင်သိုင်းအကောင်းစားဝယ်ဖူးတဲ့သူတွေဆို မြင်တာနဲ့ သိမှာ

👀ဒီကောင်လေးက ဘယ်တံဆိပ်နဲ့တူလဲဆိုတာကိုလေ
အဲ့ဒီ ပထမရောင်းခဲ့တဲ့ Brand ကတော့ ခုဈေးရဲ့ ၂ ဆပေါ့

ဒါပေမယ့် Brand ထပ် Quality ကိုကြည့်ရအောင်
ဒါလေးသွင်းထားတာမို့ အရှည်ကြီး မညွှန်းတော့ဘူး

😅 သူ့ Product ပုံကတော့ ရိုက်ထားတာမလှပေမယ့်
Comment မှာ အပြင်ပုံလေး ကိုယ်တိုင်ရိုက်တင်ထားတာမို့
စိတ်ချလက်ချ ယူသာထားကြတော့နော်

တကယ့်ကို ကောင်းတဲ့ အမိုက်စား လက်ကိုင်ကြိုးပါ
ပါပြီးသား ဈေးမို့ တန်မှ တန်ပဲ

💚S (Chest 38-51 cm) : 47000 Ks
❤️M (Chest 48-64 cm) : 54500 Ks
💚L (Chest 64-75 cm) : 61500 Ks
❤️XL (Chest 72-102 cm) : 68000 Ks

📭Chatbox မှတဆင့်ဆက်သွယ်မှာယူနိုင်ပါပြီ

😔 ဘယ်ရထားမှာလွဲပြီး ဘယ်ဘူတာမှာကွဲခဲ့လဲတော့မသိဘူး လိုချင်တာက ဟိတ်ဆို ဟိတ် တိတ်ဆို တိတ် ... ညာဆို ညာ ... ဒါဆို ဒါ အလွန်အကြ...
26/10/2024

😔 ဘယ်ရထားမှာလွဲပြီး ဘယ်ဘူတာမှာကွဲခဲ့လဲတော့မသိဘူး

လိုချင်တာက ဟိတ်ဆို ဟိတ်
တိတ်ဆို တိတ် ... ညာဆို ညာ ... ဒါဆို ဒါ

အလွန်အကြူး ပိုးစိုးပက်စက်
မြေဝယ်မကျ စကားနားထောင်ပြီး

အပြင်ထွက်ရင် လူတကာ ငေးမောစေရမယ့်
ဟိတ်ဟန်အပြည့် အမိန့်နာခံမှု အပြည့်နဲ့ ခွေးမျိုး 🐕‍🦺

ချေမိုးပြီး သခင်မှ သခင်
ကျန်တဲ့သူတွေဆိုရင် လှည့်တောင်မကြည့်တဲ့ ခွေးမျိုး 😌

🥲ရောက်လာတဲ့ကောင်တွေကျ
တွေ့သမျှ လူရော ခွေးပါမကျန် ဟောင်တဲ့ကောင်နဲ့
မတွေ့ရင် မဟောင်ရမှာစိုးလို့ မျက်စိမှိတ်ပြီးကိုဟောင်တဲ့ကောင်နဲ့

မတော်တဆပျောက်သွားလို့
ရှာတွေ့တဲ့သူက အသနားပိုပြီး
အစားအသောက်များ ဗုံးပေါလအောကျွေးရင်

သွားပြန်ခေါ်တဲ့သခင်ကိုပါ ကိုက်လွှတ်မယ့်
ကျေးဇူးရှင်တွေ ဖြစ်နေတယ် 🫠

ရုပ်ကလည်း အထင်ကြီး လေးစားစရာ
လူရှိန်စရာ တအားကောင်းတာပဲ ကြည့်တော့ 😑

#အမောင်ဂျူ #ဂျူနျာ

😑ဘာမှမတွေ့ဘူးကို သူကယားနေ ကိုက်နေတာ ဆေးခန်းသွား ဆေးထိုးလည်း ခဏပဲ ပြီးရင် ယားတယ် အမွှေးကျွတ်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ်အိမ်...
25/10/2024

😑ဘာမှမတွေ့ဘူးကို သူကယားနေ ကိုက်နေတာ ဆေးခန်းသွား ဆေးထိုးလည်း ခဏပဲ ပြီးရင် ယားတယ် အမွှေးကျွတ်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ်အိမ်မှာ ရှာဖွေရေးဆင်းကြည့်ပါ

🐾နားရွက်အထဲ
🐾နားရွက်အနောက်
🐾ပေါင်နဲ့ ချိုင်းကြား
🐾အရေးအကြီးဆုံး ခြေဖဝါးကြားတွေ
🐾ခြေသည်းလက်သည်းပတ်ပတ်လည်တွေကို

❗ဒီ လက်သည်းညှပ် အောက်မှာပါတဲ့ Violet Light လေးနဲ့ အခန်းအမှောင်ထဲမှာ ထိုးပြီး ရှာကြည့်ပါ

💚 သူက ringworm ဖြစ်တဲ့ ဝဲပိုး
Fungus ဖြစ်တဲ့ မှိုတွေကို
အရောင်ပြောင်းတာဖြစ်ဖြစ်
အရောင်လက်လက်လေးဖြစ်ဖြစ်နဲ့
ပြောင်းလဲပေးလို့ သိသိသာသာ မြင်ရစေပါတယ်

တကယ့် professional သုံးပစ္စည်းလောက်မဟုတ်ပေမယ့် အိမ်မှာ ရှာပြီးတွေ့လို့ ဆရာဝန်ကို အကျိုးအကြောင်းပြောတဲ့အခါ ကုသရေးမှာပိုပြီး မြန်ဆန်စေမယ်လို့မျှော်လင့်လို့ ဒီလက်သည်းညှပ်လေးကို သွင်းထားတာပါ 🙏

လက်သည်းညှပ် အပေါ်ပိုင်းမှာလည်း
🐾သွေးကြောလေးတွေကို မြင်ရစေမယ့် အားကောင်းတဲ့ LED မီးလုံးနဲ့
🐾ညှပ်ပြီးသား ခြေသည်းလက်သည်းစလေးတွေကို ပြန်ခံပေးထားမယ့် ခွက်ကလေးပါပါသေးတယ်

လက်သည်းညှပ်ကလည်း
တော်တော်ကြီးကောင်းပါတယ် 😎

❤️Price: 22000 Ks

📭Chatbox မှတဆင့်ဆက်သွယ်မှာယူနိုင်ပါပြီ

Me: ကုန်သွယ်လမ်းကြောင်း အကုန်ပိတ်ပြီပြောတယ် ဒီဒီလေးရေ ... ငါတို့ဘယ်လိုလုပ်ရမလဲ ဘူးဒီ: 💤 😴Me: မုန့်တွေလုပ်ရောင်းဖို့ကိုလည...
25/10/2024

Me: ကုန်သွယ်လမ်းကြောင်း အကုန်ပိတ်ပြီပြောတယ်
ဒီဒီလေးရေ ... ငါတို့ဘယ်လိုလုပ်ရမလဲ

ဘူးဒီ: 💤 😴

Me: မုန့်တွေလုပ်ရောင်းဖို့ကိုလည်း အသားတွေက
ဈေးအရမ်းတက်နေတာ

ဘူးဒီ: 💤 😴

သူများသားသမီးတွေများ အနားကပ်ပြီး ချွဲပျစ်
ကိုယ့်သားသမီးတွေများ ဖက်မယ်ဆို ထွက်ပြေး
ပွစိပွစိဆို ထိုးအိပ်ပစ်တာ 🫠

#အမောင်ဘူးဒီ #ဘူးဒီ

Update: ပြန်တွေ့ပါပြီခဗျာ သံလမ်းနားက ကွန်ဒိုတခုက လုံခြုံရေးအကိုတွေတွေ့ပြီး သိမ်းပေးထားတယ်ပြောပါတယ်ကူ Share ပေးသူများကို ...
20/10/2024

Update: ပြန်တွေ့ပါပြီခဗျာ

သံလမ်းနားက ကွန်ဒိုတခုက လုံခြုံရေးအကိုတွေတွေ့ပြီး သိမ်းပေးထားတယ်ပြောပါတယ်

ကူ Share ပေးသူများကို ကျေးဇူးအထူးတင်ပါတယ်ခဗျာ

အိမ်ကခွေးလေးခြံထဲကနေထွက်ပြေးသွားပြီးရှာမတွေ့တော့လို့ပါ

ထွက်သွားတဲ့အချိန်အိမ်ကလူတွေလည်းမသိလိုက်လို့ ဘယ်သွားရှာမလဲမသိဖြစ်နေလို့

ရန်ကင်းအောင်ဇေယျလမ်းမပေါ် Royal Thai စားသောက်ဆိုနားကနေထွက်သွားတာပါ

ကလေးကမွေးကတည်းကခြံထဲပဲကြီးလာတဲ့ကလေးမို့ပါ

အသက်က ၁၂ နှစ်ကျော်ပြီမို့ မျက်စိမှုန်ပြီး နားလည်းသိပ်မကြားတော့ဘူးမလို့ အရမ်းစိတ်ပူနေလို့ပါ

တွေ့မိပါက 095022755/ 09965121909 ကိုဆက်သွယ်ပေးဖို့ အကူအညီတောင်းပါတယ်ရှင့်

🥰 8000 Ks နဲ့သာ ယူလိုက်ပါတော့ရှင် ဝုသမီးလေးတွေ Heat လာတဲ့အချိန် အမျိုးသမီးသုံး Daily Pad အပါးလေးတွေနဲ့လည်း ခံပြီး သုံးနိ...
20/10/2024

🥰 8000 Ks နဲ့သာ ယူလိုက်ပါတော့ရှင်

ဝုသမီးလေးတွေ Heat လာတဲ့အချိန် အမျိုးသမီးသုံး Daily Pad အပါးလေးတွေနဲ့လည်း ခံပြီး သုံးနိုင်တဲ့ လေဝင်လေထွက်ကောင်းတဲ့ Panty လေးတွေပါ 😁

❤️အမြှီးလေးထည့်တဲ့ အပေါက်ကလည်း ရှုံ့ကြိုးခပ်ချောင်ချောင်နဲ့မို့ သက်တောင့်သက်သာရှိစေမှာပါ

🐾S : ခါး 26-32 cm (Sold Out)
🐾M : ခါး 30-36 cm
🐾L : ခါး 34-40 cm
🐾XL : ခါး 38-36 cm (Sold Out)
🐾2XL : ခါး 44-52 cm (Sold Out)

📭 Chatbox မှတဆင့်ဆက်သွယ်မှာယူနိုင်ပါပြီ

Address


Opening Hours

Monday 12:00 - 19:00
Tuesday 12:00 - 19:00
Wednesday 12:00 - 19:00
Thursday 12:00 - 19:00
Friday 12:00 - 19:00
Saturday 12:00 - 19:00
Sunday 12:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Just for Pet - Since 2015 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Pet Store/pet Service?

Share