Sweetheart Cat Foods World

Sweetheart Cat Foods World Life is better with a cat by your side 🐾🐈
Safe Products / Fair Price / Good Service

Urinary Care 💦 နဲ့ ပတ်သတ်လို့ ရနိုင်တာလေးတွေပါရှင် 💙မင်မင့်ဆိုင်က အသေးစားလေး ဖြစ်တာကြောင့် များများစားစား မရှိတဲ့အတွက် အ...
01/01/2025

Urinary Care 💦 နဲ့ ပတ်သတ်လို့ ရနိုင်တာလေးတွေပါရှင် 💙

မင်မင့်ဆိုင်က အသေးစားလေး ဖြစ်တာကြောင့် များများစားစား မရှိတဲ့အတွက် အားနာပါတယ်ရှင် 🙇‍♀️

ဆီးလမ်းကြောင်းနဲ့ ပတ်သတ်လို့ Royal Canin လောက် နမည်
မကြီးပေမဲ့ Budget Save ဖြစ်ပြီး ကလေးတွေ အတွက် တကယ် ထိရောက်တဲ့ Brand လေးတွေဖြစ်လို့ Urinary နဲ့ပတ်သတ်လို့ ရှာရခက်နေတယ်ဆိုရင် ဒါလေးတွေ ယူလို့ ရပါတယ်ရှင် 💙

✅ပုံတွေအောက်မှာ အသေးစိတ် အချက်အလက်နဲ့ စျေးပါ ဖော်ပြပေးထားပါတယ်ရှင် 💙

💧ဘယ်အစာကျွေးကျွေး ရေသောက်တဲ့ အကျင့်ဖြစ်အောင် ရေခွက်ထဲ ရေသန့် အပြည့် အမြဲ ဖြည့်ပေးထားကြပါရှင် 💧


Sweetheart Cat Foods World 😍

🔔4,300 Ks ပဲ ရှိတော့တဲ့ Ostech 400g Gourmet 📣အရသာ 8.မျိုးမှာ Chicken / Kanikama / Pumpkin မရသေးပါဘူးရှင် ..အောက်က 5.မျို...
01/01/2025

🔔4,300 Ks ပဲ ရှိတော့တဲ့ Ostech 400g Gourmet 📣

အရသာ 8.မျိုးမှာ Chicken / Kanikama / Pumpkin မရသေးပါဘူးရှင် ..

အောက်က 5.မျိုးပဲ ရပါဦးမယ်
1.Tuna
2.Carrot
3.Shirasu
4.Seafood
5.Shrimp

✅Ostech 400g 1.ဗူး = 4,300 Ks🥶
24 ဗူး 1.ဖာစျေး = 4,200 Ks (100,800 Ks)

🌿Expire Date 2027 / 7 လပိုင်း 🌿

Sweetheart Cat Foods World 💛

ဒီနေ့ ပြန်ရောက်လာတဲ့ Special Cat နဲ့ Ostech Gourmet 400g တွေ ပါရှင် 📣📣Sweetheart Cat Foods World 😍
01/01/2025

ဒီနေ့ ပြန်ရောက်လာတဲ့ Special Cat နဲ့ Ostech Gourmet 400g တွေ ပါရှင် 📣📣

Sweetheart Cat Foods World 😍

🎉Happy New Year 2025!!!🎉နှစ်သစ်မှ စ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အလုပ်အကိုင်တွေ အစစအရာရာ အဆင်ပြေ ကြီးပွါးချမ်းသာ စီးပွါ...
31/12/2024

🎉Happy New Year 2025!!!🎉

နှစ်သစ်မှ စ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အလုပ်အကိုင်တွေ အစစအရာရာ အဆင်ပြေ ကြီးပွါးချမ်းသာ စီးပွါး တိုးတတ်ပြီး
လူအချင်းချင်း ချစ်ခင်ရင်းနှီး ပြုံးပျော်နိုင်ကြပါစေလို့ Sweetheart Cat Foods World မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် ❤️🎊🍀

Sweetheart Cat Foods World 😍🍀

ဒါဘာတွေလဲ သိလားဟင် 😁2024 ခုနှစ်ရဲ့ အိမ်က ကလေး 2.ကောင် စားထားတဲ့ အစာစို အိတ်ခွံတွေ ဖြစ်ပါတယ် 😅မနက်ဖြန် နှစ်ကူးမှာ ပစ္စည်း...
30/12/2024

ဒါဘာတွေလဲ သိလားဟင် 😁

2024 ခုနှစ်ရဲ့ အိမ်က ကလေး 2.ကောင် စားထားတဲ့ အစာစို အိတ်ခွံတွေ ဖြစ်ပါတယ် 😅

မနက်ဖြန် နှစ်ကူးမှာ ပစ္စည်း စာရင်း လက်ကျန် Stock စစ်မှာ ဖြစ်သလို
အိမ်မှာ မလိုဘဲ သိမ်းထားတဲ့ ပစ္စည်း တွေလည်း ရှင်းဖို့ အခုထဲက ထုတ်လိုက်တာ အိတ်ရေကို မနည်းမနော အများကြီး ထွက်လာပါတယ်ရှင် 😂

ခါတိုင်းနှစ်တွေက အသဲလေး 1.ကောင်ထဲဆိုတော့ ဒီလောက် မသိသာပေမဲ့ အခုက ကလေး 2.ကောင်ဖြစ်တာမို့ အများကြီး ထွက်လာလို့
2024 အစာစိုထုပ် Nekko ပေါက်စျေး 2000 ကျော်တွေနဲ့ လိုက်တွက်ရင် သွေးတတ်သွားမစိုးလို့ 1000 နဲ့ တွက်ကြည့်မယ်လုပ်တာ အိတ်ခွံရေရင်း မူးလာလို့ ရပ်လိုက်ရပါတယ်ရှင် 😅

2025 အတွက် ဘယ် တီတီတွေများ အိမ်က ကလေးတွေကို မွေးစားချင်ပါလဲရှင် 😜
နည်းနည်းတော့ ဂျီးများပါမယ်နော် 😂

အစောပိုင်းကတော့ Recycle bag တွေ ပြန်လုပ်မလို့ဘဲ အခုတော့ မလုပ်နိုင်တော့ပါဘူးရှင် 😁

ရောင်းတာနဲ့ ကျွေးတာ
ကျွေးတာ ပိုများနေပြီ ထင်ပါတယ်ရှင် 😁

Sweetheart Cat Foods World 😍

အသားတုံးလေးတွေ အများကြီးပါတဲ့ Langshi 💙 ပြန်ရပါပြီရှင် ကိုယ်ကတော့ သေချာ ကျွေးရက်နဲ့ ကလေးက ပိန်နေတယ်ဆိုတဲ့ ဖေဖေမေမေတွေဆို...
29/12/2024

အသားတုံးလေးတွေ အများကြီးပါတဲ့ Langshi 💙 ပြန်ရပါပြီရှင်

ကိုယ်ကတော့ သေချာ ကျွေးရက်နဲ့ ကလေးက ပိန်နေတယ်ဆိုတဲ့ ဖေဖေမေမေတွေဆို ဒီ Langshi ကိုကျွေးကြည့်ပေးပါ
✅3.လ လောက်ဆို သိသိသာသာ ထွားလာပါတယ်ရှင်
ကလေးက လတ်လတ်ထ စပ်စလူးမြှောင်ဆိုရင်တော့ ထွားလာတာထက် အရပ် ကျောလျားက ပိုရှည်လာမယ် ကျန်းမာပါမယ်ရှင်
(အိမ်က ပိစိ Extrovert ဖျတ်ဖျတ်လူးလေးက စားပေမဲ့ ထင်သလောက် မဝလာပါဘူး 😁)
အငြိမ် တလိုင်း Introvert အသဲလေးကတော့ စားလိုက် အိပ်လိုက်မို့ ဝ ပါတယ်ရှင် 😁

အစာစေ့မှာ ကပ်နေတာတွေက ငံလား မင်မင်ဆိုလို့ အငံအမှုန်တွေ မဟုတ်ဘဲ တချို့ အသားတုံး ကြက်ဥနှစ်တွေက ကြေပြီး ပြန်ကပ်နေတာ ဖြစ်လို့ စိတ်ချနော်
နောက်ပြီး အသားတုံးပဲ စားသွားလို့ အစာစေ့ မစားသွားဘူးဆိုရင်
အစာစေ့ကို အရင်ပုံ ပြီးရင် အသားတုံးတွေကို လက်နဲ့ ချေပြီး အပေါ်က ဖြူးကျွေးပေးနော် အဲဒါဆို အကုန်စားပါလိမ့်မယ်ရှင် ☺️

📌Langshi 1 Kg Repack = 15,700 Ks
✅ထုတ်လုပ်သည့်နေ့ 22-Sep-2024
✅သက်တမ်းကာလ - 18 လ (1.နှစ် နဲ့ 6 လ)
✅သက်တမ်းကုန်ဆုံးမည့်နေ့ - 22-Mar-2026 ဖြစ်ပါတယ်

Freeze Dried လုပ်ထားတဲ့ ကြက်သား / ကြက်ဥနှစ် / ကြက်အသဲ / ဘဲသား အစရှိသည်တို့ပါဝင်ပါတယ် ...

အစာခြောက်တွေ ဖြစ်တဲ့အတွက် ရေသန့်သန့်လေး သေချာ တိုက်ပေးရပါမယ်ရှင် 💦

❗️China က ထုတ်သမျှ Products 100 မှာ 99 ခုလောက်က ထုတ်လုပ်သည့် နေ့စွဲသာ ဖော်ပြထားပြီး ဗူးဖွင့်ပြီး သတ်မှတ်ထားတဲ့ လအတွင်းမှာ အသုံးပြုရတာဖြစ်ပါတယ်...

Langshi Dry Food


Sweetheart Cat Foods World 😍

မေတ္တာ စေတနာ ဂရုဏာ ထည့်ကျွေးသော ညစာ 💛အားလုံးသိတဲ့အတိုင်း မင်မင်တို့ဘေးတိုက်အလွတ်ကို အစာလာစားနေကျ ကလေး ဖြူလေးအတွက် နယ်ကျွ...
28/12/2024

မေတ္တာ စေတနာ ဂရုဏာ ထည့်ကျွေးသော ညစာ 💛

အားလုံးသိတဲ့အတိုင်း မင်မင်တို့ဘေးတိုက်အလွတ်ကို အစာလာစားနေကျ ကလေး ဖြူလေးအတွက် နယ်ကျွေးဖြစ်တာလေးပါရှင်

အိမ်က ကလေး 2.ကောင်ပေါင်း 1.ရက်လုံးစားမှ ကုန်နိုင်တဲ့ အမောက်ကို တစ်ကောင်တည်း အကုန်စားနိုင်တဲ့ အပြင် အစာခြောက်လည်း သီးသန့် တစ်ခွက် ထက်ဖြည့်ပေးရပါသေးတယ် 😁

ကလေးလေးတွေကို အစားကျွေးတဲ့နေရာမှာ
စိတ်ထဲက အမြဲ ရွတ်ပြီး အစာကျွေးလေ့ရှိတဲ့ ပုံစံလေးကို ပြောပြချင်လို့ပါရှင် ☺️
🙏ကျွေးလိုက်တဲ့ အစားတစ်လုတ်ကြောင့် ကလေးလေးတွေ ဘေးမဖြစ်ပါစေနဲ့
🙏ကျွေးလိုက်တဲ့ အစာကြောင့် ဆာလောင်မှုကင်းဝေးပြီး ဗိုက်ဝကာ သက်ရှည် ကျန်းမာပါစေ
🙏လမ်းဘေး တိကလေးလေးတွေကို သူတော်ကောင်း လူကောင်းတွေသာ မြင်နိုင်ပြီး
🙏သူယုတ်မာ အန္တာရယ်ပေးမယ့်သူတွေရဲ့ အမြင်အာရုံမှာ မမြင်နိုင်ပါစေနဲ့
🙏ဒုက္ခပေးမယ့်သူတွေ မမြင်နိုင်ဘဲ
🙏ချစ်ခင် ကြင်နာပေးမည့်သူတွေသာ မြင်ပါစေ ကျွေးမွေးစောင့်ရှောက်နိုင်ကြပါစေလို့ အမြဲ ရွတ်ပြီးမှ အစာကျွေးဖြစ်ပါတယ်ရှင်
🗣နှုတ်ကနေကျ မနက်ဖြန်လည်း လာစားနော် လို့ အမြဲ မှာဖြစ်ပါတယ်

ပုံထဲကတော့
ကလေးတွေအတွက် အမြဲ ဖယ်ထားနေကျ
Mckelly 400g သံဗူးထဲက ထမင်းစားဇွန်းနဲ့ 3.ဇွန်း
Ostech 70.g အစာစို နဲ့
Nekko အိမ်က အသဲလေး စားထားတာ တစ်ဝက်ကျန်နဲ့
အစာခြောက် 2.ခွက်ကို ရောနယ်ပေးထားတာဖြစ်ပါတယ်ရှင်

Mckelly 400g 1.ဗူးကို 2.ရက်သာ ကျွေးရပါတယ်ရှင် 😁

အိမ်က ပြောပါတယ်
စီးပွါးရေးလုပ်နေတာ မဟုတ်ဘူး ကစားနေသလိုပါပဲတဲ့ရှင် 😅
2024 ခုနှစ်အတွက် သံစင် 2.ခုနဲ့ မုန့်စင် 2 ခု အဖတ်တင်သွားသော မင်မင်ရယ်ပါ 😁

Life is better with a cat by your side 🐈🐾
Sweetheart Cat Foods World 😍

ပစ္စည်းပြတ်တာ ကြာသွားတဲ့Luscious Catnip Biscuit 80g  လေးတွေ ပြန် မှာလို့ရပါပြီရှင် ❤️အခု ​ဘီစကစ်လေးတွေကတော့ အရသာအနေနဲ့ 4...
28/12/2024

ပစ္စည်းပြတ်တာ ကြာသွားတဲ့Luscious Catnip Biscuit 80g လေးတွေ ပြန် မှာလို့ရပါပြီရှင် ❤️

အခု ​ဘီစကစ်လေးတွေကတော့ အရသာအနေနဲ့ 4 မျိုးထုတ်လုပ်ထားပြီး ကြောင်ဆေးပင်နဲ့ အဓိက ထုတ်လုပ်ထားတဲ့ဖြစ်လို့ ကျန်းမာရေးနဲ့ညီညွှတ်ပြီးကလေးတို့ အရမ်းကြိုက်ကြတဲ့ ငါးရုပ်ပုံစံ ဘီစကစ်လေးတွေပါရှင် 🐟🍃

(1) Chicken ❤️
(2) Seafood + Chicken 💙
(3) Tuna + Chicken 🩷
(4) Tuna💚

✅Luscious Biscuit 80.g = 5,000 Ks
✨လောလောဆယ် အနီ နဲ့ အပြာပဲ ရပါဦးမယ်ရှင်

❗️China ဘက်က လာတဲ့ snack ဖြစ်၍ အထုပ်ပေါ်က Date သည် ထုတ်လုပ်သည့်နေ့ဖြစ်ပါတယ်ရှင်❗️

📌မှတ်ချက်အနေနဲ့ကတော့ အထုပ်လေးဖြစ်တဲ့ အတွက် ပုလင်း/ကော်ဗူးအလုံလေးတွေနဲ့ သေချာပိတ်သိမ်းထားဖို့တော့ လိုပါမယ် ဘီစကစ်လေးတွေဆိုတော့ ပျော့တတ်ပြီး အနံ့ပျယ်သွားတတ်လို့ ကလေးတို့က စားကာနီး အနံ့မွှေးနေမှ ကြိုက်ကြတာဖြစ်လို့ပါ☺️

Sweetheart Cat Foods World 😍

Mdy ဘက်က ပြန်ရောက်လာပြီဖြစ်တဲ့ Langshi အသားတုံးအစာခြောက်ထုပ်တွေ နဲ့ Luscious Biscuit ဖြစ်ပါတယ်ရှင်Felix ကတော့ ဒီနေ့ Ygn ...
28/12/2024

Mdy ဘက်က ပြန်ရောက်လာပြီဖြစ်တဲ့ Langshi အသားတုံးအစာခြောက်ထုပ်တွေ နဲ့ Luscious Biscuit ဖြစ်ပါတယ်ရှင်
Felix ကတော့ ဒီနေ့ Ygn အဝင်ဖြစ်ပါတယ်

📌ပိတ်ရက် 31-Dec နဲ့ 1-Jan ရှိနေလို့ မှာယူမယ်ဆိုရင်
👉ဒီနေ့ 28/Dec နောက်ဆုံး ထား မှာပေးပါရှင်
✅ဒါမှ မနက်ဖြန် 29/Dec Deli အပ်ပေးပြီး 30/Dec မှာ ပစ္စည်းလက်ခံရရှိမှာပါရှင်

📌30/Dec မှ မှာရင် 2.ရက်နေ့မှ ပစ္စည်းအပ်ပေးမှာ ဖြစ်လို့ 3.ရက်နေ့မှ လက်ခံ ရရှိတော့မှာ ဖြစ်ပါတယ်ရှင်

Sweetheart Cat Foods World 💙

အစာခြောက် 1.Kg ထုပ်တွေ အများကြီး ထက်ထုပ်ထားပေးပါတယ်ရှင် လကုန်ရက်ဆို ကလေးတို့အတွက် အစာတွေ ပြန်ဖြည့်ပေးနေကျမို့ မင်မင် ဒီန...
27/12/2024

အစာခြောက် 1.Kg ထုပ်တွေ အများကြီး ထက်ထုပ်ထားပေးပါတယ်ရှင်
လကုန်ရက်ဆို ကလေးတို့အတွက် အစာတွေ ပြန်ဖြည့်ပေးနေကျမို့ မင်မင် ဒီနေ့ လတ်လတ်ဆတ်ဆတ် အထုပ်သစ်တွေ ထုပ်ပေးထားပါပြီရှင်

✨စျေးကတော့ အမှန်ဆုံး စျေးနဲ့ ရောင်းချပေးနေကျမို့
စိတ်ပူစရာ မလိုဘူးပေါ့နော် ☺️
🌿Expire Date 2026 တွေ ဖြစ်တာမို့ စိတ်ချလက်ချ ဝယ်ယူလို့ ရပါပြီရှင် ❤️

1.Kg ထုပ် စျေးအသက်သာ ဆုံးကနေ ဖော်ပြပေးလိုက်ပါတယ်ရှင်...
✅Wonder Cat - Tuna = 7,000 Ks

✅Zoi Cat (1.Kg Original ထုပ်)= 7,500 Ks

✅Cutie Catz Tuna = 8,000 Ks
✅Cutie Catz Seafood = 8,000 Ks
✅Apro IQ = 8,000 Ks

✅Ostech Protein 30% = 8,500 Ks

✅Me-O Gourmet = 13,000 Ks

✅Maxima Lamb = 13,500 Ks

✅Euro Kat Tuna + Chicken = 14,000 Ks

✅Langshi အသားတုံးပါ = 15,700 Ks

❌ကုန်နေတာက
Excel
Special Cat ပါရှင်

Sweetheart Cat Foods World 😍

🎊New Year Sale Post 🎊မနက်ဖြန် 27-Dec မှ 30-Dec ထိ Stock ရှိသလောက် Sale ချပေးမှာ လေးတွေကို ယခု တင်ထားတဲ့ Post အောက်မှာပဲ ...
26/12/2024

🎊New Year Sale Post 🎊

မနက်ဖြန် 27-Dec မှ 30-Dec ထိ Stock ရှိသလောက် Sale ချပေးမှာ လေးတွေကို ယခု တင်ထားတဲ့ Post အောက်မှာပဲ ရောင်းချပေးသွားပါမယ်ရှင် ❤️

👉ဆိုင်ကြီး မဟုတ်ဘဲ Online Shop အသေးစား ဖြစ်တာကြောင့် ရနိုင်မယ့် အရေအတွက် နည်းပါတယ်ရှင်

👉မနက်ဖြန် 27-Dec ကစပြီး ဒီ post အောက်မှာ ဖော်ပြပေးသွားပါမယ်နော် ❤️

✅Sale ချထားသော ပစ္စည်းများသည် အကုန်မြန်ပါသဖြင့် ပစ္စည်းမချန်ထားပေးပါ
✅ပစ္စည်းယူတာနှင့် Voucher ချက်ချင်းဖြတ်ပေးမှာ ဖြစ်လို့
❌Cancel လက်မခံပါ
👉တခြားပစ္စည်းများနှင့် နောက်ရက်များမှ ပေါင်းယူမယ်ဆိုရင်
👉ငွေကြိုလွှဲထားပေးရပါမယ်ရှင်

🙅Sale ချထားပြီး Item ဖြစ်သောကြောင့် စျေးထက်မလျော့ပေးပါဘူးရှင်

🙅ဝယ်ပြီး ပစ္စည်း ပြန်မလဲပေးပါဘူးရှင်❌

📌မင်မင်တို့ 31-Dec-2024 New Year
❌ဆိုင်ပိတ်မှာ ဖြစ်တဲ့အတွက် အမှာတွေအကုန်
✅ 30-Dec ထိသာ လက်ခံပါမယ်ရှင်
👉31-Dec မှာ Online စာအဖြေကော
👉အိမ်မှာ Pick up လာယူတာကော
🙅အကုန်လုံး အရောင်း နားပါတယ်ရှင်

Sweetheart Cat Foods World ❤️

🎄🎄🎄Merry Christmas!🎄🎄🎄Sweetheart Cat Foods World 😍
25/12/2024

🎄🎄🎄Merry Christmas!🎄🎄🎄

Sweetheart Cat Foods World 😍

Royal Kitty Creamy ထက်ရောက် ထားပါပြီရှင်လိုသလောက် Order ပြန်တင်လို့ ရပါပြီတစ်ခုပါပဲ 8.မျိုးလုံး မရသေးဘူးနော် ရတာနဲ့ ပြော...
25/12/2024

Royal Kitty Creamy ထက်ရောက် ထားပါပြီရှင်

လိုသလောက် Order ပြန်တင်လို့ ရပါပြီ

တစ်ခုပါပဲ 8.မျိုးလုံး မရသေးဘူးနော် ရတာနဲ့ ပြောပေးထားပါမယ်ရှင်

လက်ရှိကတော့ Tuna နဲ့ Salmon ၂.မျိုးသာ ရပါဦးမယ်ရှင် 😍

📣📣စျေးအရမ်းသက်သာတဲ့ Local ထုတ် ကြောင်သဲ တစ်မျိုး ရောက်ထားပါတယ်ရှင် .....Pet Coach ကို ထုတ်တဲ့ Company ကပဲဖြစ်လို့ Pet Co...
22/12/2024

📣📣စျေးအရမ်းသက်သာတဲ့ Local ထုတ် ကြောင်သဲ တစ်မျိုး ရောက်ထားပါတယ်ရှင် .....

Pet Coach ကို ထုတ်တဲ့ Company ကပဲဖြစ်လို့
Pet Coach နဲ့ အမြွာလို့ ဆိုလို့ရတဲ့ Power Cat လေးပဲ ဖြစ်ပါတယ် 😁

🔔စျေးကလည်း အရမ်းအရမ်းကို သက်သာတယ်နော် ☺️
ဒီတခါသဲက သုံးတာကတော့ မသုံးဖူးသေးဘူး
အနံ့ကတော့ မဆိုးဘူး ပြောရမယ် အနံ့သင်းပြီး မွှေးတယ်
(အနံ့ပါတယ် ပြောရမယ်)

💵Budget Save ဖြစ်ချင်တဲ့သူတွေအနေနဲ့တော့ သုံးပျော်မယ်ထင်ပါတယ်ရှင်

Power Cat - Cat Litter 10.L
1. Lavender 💜
2. Rose🌹
3. Lemon🍋
4. Green Tea 🍃
5. Melon🍈

✅Power Cat 10.L = 12,500 Ks 🤩

Sweetheart Cat Foods World 😍

21/12/2024

မင်္ဂလာပါရှင် 🤍

🔔Sweetheart Cat Foods မှာ ရနိုင်တဲ့
အစာခြောက်
အစာစို
Creamy
Snack
ဆေး
အိပ်ယာ
ကြောင်သဲ / သဲပုံး / ဂေါ်
Accessories တွေကို စျေးနှုန်း Update တွေဖြင့် Link တစ်ခုခြင်းစီ တွဲပေးထားတဲ့ Post လေးကို တော်တော်များများ သိထားကြပြီး ဖြစ်ပေမဲ့ မသိသေးတဲ့ Customer လေးတွေ အတွက် Video အတိုလေးနဲ့ အတူ ရှင်းပြပေးထားပါတယ်ရှင်...

🗣နောက်ခံစကားပြောတာလေးကို အခုမှ ပထမဆုံးအကြိမ် စလုပ်ဖူးတာ ဖြစ်တဲ့ အတွက် နားထောင်ရ အဆင်မပြေ ဖြစ်သွားခဲ့ရင် အားနာပါတယ်ရှင်🙇‍♀️

📌ရနိုင်တဲ့ အစာ Link လေးတွေလည်း တွဲပေးထားပါတယ်ရှင်
https://www.facebook.com/share/p/bGhuub4Go867VTBS/

Sweetheart Cat Foods World 😍

ဒီနေ့မှာတော့ မင်မင်က မြှောင် တို့ ဝု တို့အတွက် မဟုတ်ဘဲ ​ကလေးတို့ရဲ့ ဖေဖေမေမေ ဟူးမန်းတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးချင...
20/12/2024

ဒီနေ့မှာတော့ မင်မင်က မြှောင် တို့ ဝု တို့အတွက် မဟုတ်ဘဲ ​ကလေးတို့ရဲ့ ဖေဖေမေမေ ဟူးမန်းတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးချင်လို့ပါရှင် ☺️

ကျန်းမာရေးအကြောင်းဖော်ပြတာက ဟုတ်ပါပြီ
ဘာအတွက် ကောင်းတဲ့အချက်တွေကို ​ပြောပြမှာလဲ ဆိုရင်တော့
ဟုတ်ပါတယ် 👉 အဆုတ် ကျန်းမာရေးပါ

များသောအားဖြင့် ​အမွှေးပါတဲ့ တိလေးတွေကို မွေးထားကြသူများမှာ နဂို ကျန်းမာရေး ကောင်းသူရှိသလို အဆုတ် အားနည်းသူ / ပန်းနာရင်ကြပ် ရှိသူတွေလည်း တော်တော်များပါတယ်
အဆုတ် အားကောင်းမှ အသက်ရှုရ အဆင်ပြေမှာပါ
အသက်ဝဝ ရှုနိုင်မှလည်း အဆုတ်က ကျန်းမာမှာပါ
ဆိုတော့ အဓိက အချက်ဖြစ်တဲ့ အဆုတ် ကျန်းမာ သန့်ရှင်းဖို့ စားသင့်တဲ့ အစားအစာတွေကို အရင် ဖော်ပြပေးသွားပါမယ်ရှင်

✅အဆုတ်အားကောင်းစေသည့် အသီးအနှံ / အစားအစာများ
----------------------------------------------------------------
ပန်းသီး / ခရမ်းချဥ်သီး / လိမ္မော်သီး / ရွှေဖရုံသီး / ဘယ်ရီသီး / ထောပတ်သီး/ ပူစီနံ/ နနွင်း (ဆနွင်း) / ဂျင်း / ကြက်သွန်ဖြူ / မုန်လာဥနီ / မုန်လာဥဖြူ / ပဲ (အစေ့ အဆန်များ) / ဂေါ်ဖီထုပ် / ပန်းထုပ် (ပန်းပွင့် ခေါ် ပန်းဂေါဖီ) /ကိုက်လံ/ ငရုတ်ပွ / ငရုတ်သီး/ Green tea / သံလွင်ဆီ / ဆလမွန် /ငါး / သံပုရာသီး တို့ဖြစ်ပါတယ်...
တခြားလည်း ရှိပါသေးတယ် မင်မင် ဖတ်မိသလောက် ရေးပေးထားတာပါ
🔔အဆုတ် ကျန်းမာရေးအတွက် အကောင်းဆုံးကတော့ 💧ရေ ဖြစ်ပါတယ်
💧ရေ နေ့စဥ် သေချာသောက်ပေးပါ

❌မစားသင့်တာတွေကတော့
ဆီကြော်တွေ / Fast foods တွေ / အငံများတဲ့ အစားစာတွေ / အချိုလွန်ကဲတဲ့ အသီးအနှံ/အစားအစာ / အရက် ဘီယာ တို့ပဲ ဖြစ်ပါတယ်

😷ပတ်ဝန်းကျင် အမြဲ အညှော်လုပ်နေတဲ့ နေရာမျိုးနဲ့ နီးသူတွေလည်း ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်

🔥ခြင်ဆေးခွေ ထွန်းတာကလည်း လူတွေအတွက်လည်း အန္တရာယ်များသလို တိလေးတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်ရှင်

ဟူးမန်းတို့ ကျန်းမာမှ ချစ်ရတဲ့ တိလေးတွေကို စောင့်ရှောက်ပေးနိုင်မှာဖြစ်လို့ အပေါ်က ​ပြောထားတဲ့ စားသင့်တာလေးတွေကို မိမိတို့ ကျန်းမာရေးအတွက် ပုံမှန်လေး Takecare လုပ်ပြီး စားသင့်ပါတယ်ရှင် 🤍

ပုံ နှင့် စာ / idea တစ်ခုမှ ကူးယူဖော်ပြခွင့် မပြုပါ 🙅❌❌

မြှောင်တို့ကိုလည်း ချစ်တယ် ❤️
မြှောင်တို့ကို မွေးထားတဲ့ ဟူးမန်းတို့ကိုလည်း ချစ်တဲ့ ❤️
Sweetheart Cat Foods World 😍

Cherman အစာစို Honest Review ✨✨✨အိမ်က အသဲလေးက ငယ်ငယ်ထဲက Nekko တမျိုးတည်း အစဥ်လိုက် စားရာကနေ ဘယ်လို ဖြစ်လာလဲဆိုတော့ အစာကိ...
19/12/2024

Cherman အစာစို Honest Review ✨✨✨

အိမ်က အသဲလေးက ငယ်ငယ်ထဲက Nekko တမျိုးတည်း အစဥ်လိုက် စားရာကနေ ဘယ်လို ဖြစ်လာလဲဆိုတော့ အစာကို ငြီးငွေ့လာတာ
အစာခွံရင် ပတ်ပြေးနေပြီ 😪
ခုနောက်ပိုင်းဆို ဘယ်လောက်တောင် မစားချင်တော့သလဲဆို Nekko ထုတ်ပြတာနဲ့ သူ့ကို ဖမ်းလို့ မရတဲ့ ဂျောင်တွေထဲထိ ဝင်နေတာ😪

Ok Nekko မစားဘူးဆို တခြားဟာကျွေးမယ်ဆိုပြီး
Ostech
Felix
Vif
Bellotta
Mckelly
Kit Cat
Maxima
ဆိုင်မှာ တင်ထားသမျှ အထုပ် အကုန် ဖောက်ကျွေး တလုတ် ၂ လုတ်ပဲစား ပြီးရင် ထွက်ပြေးပြန်တာပဲ 😢
အားဆေးတွေတိုက် အစာစားချင်စိတ်ဖြစ်စေတဲ့ Snack တွေ ကျွေး
အကုန်လုပ်ပေမဲ့ နောက်ဆုံး သူကြိုက်ပါတယ်ဆိုတဲ့ Toro Creamy နဲ့ Ciao Creamy ကိုတောင် မစားတဲ့ထိ ဖြစ်လာတယ်
ဒီရက်ပိုင်းရဲ့ စိတ်ညစ်ရတာတွေထဲက တစ်ခုပေါ့ 😅
မနေ့က Cherman လေး ရောက်ချလာတော့ စိတ်ထဲမှာ သိပ်မမျှော်လင့်ထားဘူး
ကျွေးလည်း တလုတ် ၂ လုတ်ပဲ စားပြီး ပြေးမယ်ထင်ထားတာ
Cherman အရင်က Version က အမှန်တိုင်းပြောရရင် တော်တော်ကို မကြိုက်တာ အဲဒါကြောင့်လည်း မမျှော်လင့်ထားတာ

✨ဒီနေ့ ညစာကိုတော့ ဘာမှ မမျှော်လင့်ထားဘဲ Chicken & Veggie (အဝါထုပ်) လေးကို ဖောက်ကျွေးလိုက်တာ
စဖောက်ချင်းမှာ အနံ့ မှာတင် တကယ်စိတ်ချမ်းသာ
(ကလေးက အနားကို Auto ရောက်လာလို့)
အရင် Version တွေနဲ့ လုံးဝ မတူ
Jelly ခေါင်းစဥ်တပ်ပြီး Mousse Type ဖြစ်နေတာမျိုး မဟုတ်ဘူး 🙅
တကယ် Jelly + အသား အချိုးကျ ပါတယ်
85.g အထုပ်ကြီးကို 2.ထုပ် တထိုင်ထဲ ကုန်အောင်စားပစ်ပါတယ်ရှင် 🥹
ဓါတ်ပုံလည်း မရိုက်မိ ကလေး အစားစားလို့ ပျော်နေတာနဲ့ 😅

အဲဒါကြောင့် Cherman ကို ကျွေးဖို့ တွန့်ဆုတ်နေရင် ဝယ်ကျွေးဖြစ်အောင် ကျွေးကြည့်ပါ
တကယ် အဆင်ပြေသွားတဲ့ အစာစိုထုပ်လေး ဖြစ်သွားပါပြီရှင် 😍
ကလေးစားပြီဆိုတော့ 5 မှာ 5 ⭐⭐⭐⭐⭐ ပေးပါတယ် 😁

85.g တောင်ပါတဲ့ အထုပ်ကို စျေးကိုလည်း ကြည့်ဦး 2,000 Ks ထဲပါရှင် 😁

Sweetheart Cat Foods World 😍

📣မတင်တာ ကြာပြီဖြစ်တဲ့ Cherman လေး ပြန်တင်ပေးထားပါပြီရှင် ❤️✅အသက် 1.နှစ်နဲ့ အထက် 🐈ကလေးတို့အတွက် ဖြစ်ပါတယ်✨အစာစားချင်စိတ်က...
18/12/2024

📣မတင်တာ ကြာပြီဖြစ်တဲ့ Cherman လေး ပြန်တင်ပေးထားပါပြီရှင် ❤️

✅အသက် 1.နှစ်နဲ့ အထက် 🐈ကလေးတို့အတွက် ဖြစ်ပါတယ်

✨အစာစားချင်စိတ်ကို ဖြစ်စေပြီး Moisturizer💧80+++ ရေသောက်နည်းတဲ့ကလေးတွေအတွက်ဆို ရေဓါတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးပါတယ်
✨Omega 3 ပါဝင်လို့ အရေပြားနှင့်အမွှေးအတွက် ​ကောင်းစေရုံမက ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေ ရောင်ရမ်းခြင်းတွေကိုလည်း လျော့ကျစေပါတယ်

✨အရသာ အနေနဲ့ 7.မျိုးရပါမယ်ရှင်
1. Mackerel
2. Mackerel & Salmon
3. Chicken & Veggie
4. Tuna & Chicken
5. Tuna & Salmon
6. Tuna
7. Tuna & Shrimp
(အရသာ အစုံ ရောယူချင်လည်း ရပါတယ်ရှင်)

✅Cherman 85g 1 ထုပ်စျေး = 2,000 Ks
✅12 ထုပ် ပါ 1.ဒါဇင် = 1,950 Ks (23,400 Ks)
✅ 2 ဒါဇင် နဲ့ အထက် = 1,900 Ks

ပုံနှင့်စာ လုံးဝ ကူးယူခွင့်မပြုပါ ❌❌❌


Sweetheart Cat Foods World 😍

Address

Aye Zaydi Street, Sayar San Road, Near Yankin Center & Shwe Popa Clinic, Bahan Township, Yangon
Ranchi
11201

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Sweetheart Cat Foods World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sweetheart Cat Foods World:

Videos

Share

Category