ZU’Pet Food &Accessories

ZU’Pet Food &Accessories Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ZU’Pet Food &Accessories, Pet Supplies, School Street, Ahlone.

ကြောင်စာအိတ် 20kgMe O -Tuna ,Seafood,Gourmet Olei CatWonder Cat- Tuna & Salmon 🍣 Ostech Geo PetZoi CatCutie CatFriskies ...
24/09/2023

ကြောင်စာအိတ် 20kg

Me O -Tuna ,Seafood,Gourmet
Olei Cat
Wonder Cat- Tuna & Salmon 🍣
Ostech
Geo Pet
Zoi Cat
Cutie Cat
Friskies 17kg
Felinepro

အစရှိသည့် ထိုင်းနိုင်ငံထုတ် Thailand 🇹🇭
ကြောင်စာအိတ်ကြီးများအားဝယ်ယူအား
’petfood&accessories page 📑 cb မှတစ်ဆင့် ဆက်သွယ်မေးမြန်းဝယ်ယူအားပေးနိုင်ပါသည်

02/03/2022

အိမ်မွေး တိရစ္ဆာန် နှင့် ရေဖျင်းရောဂါ
(Ascites and pets animal)

ရေဖျင်းလို့‌ ပြောလိုက်တာနဲ့ လူတိုင်းကြားဖူးပြီးသား ရောဂါတစ်ခုဖြစ်ပါတယ်။ကျွန်တော့်ဆေးခန်းမှာ ဒီရက်ပိုင်းအတွင်း (Rottweiler )ခွေးလေးတစ်ကောင် ဗိုက်ကြီးဖောင်းနေလို့ဆိုပြီး ရောက်လာခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်တော်က ခွေးလေးရဲ့အသက်အရွယ်နဲ့ ခွေးလေးရဲ့ပြင်ပ လက္ခဏာတွေကို စစ်ဆေးတယ်။ထို့နောက်ဖြစ်တာဘယ်လောက်ကြာပြီဆိုတာ ကိုဆွေးနွေးတယ်မေးမြန်းဖြစ်တယ်။

ဒါနဲ့ပဲကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ကျွန်တော့်ယူဆချက်‌တွေသေချာစေဖို့ ခွေးလေးကို ဓာတ်မှန် ရိုက်ခိုင်းခဲ့ပါတယ်။တကယ်ပဲခွေးလေးရဲ့ ဝမ်းဗိုက်အတွင်းမှာ ပုံမှန်မဟုတ်တဲ့အရည်တွေစုနေတာကို တွေ့ရှိခဲ့ရပါတယ်။တကယ်ပဲ ဓာတ်မှန်ကလည်း ရေဖျင်းဖြစ်နေတယ်လို့ သံသယရှိတယ်ဆိုပြီး အဖြေထွက်လာခဲ့ပါတယ်။ဒါနဲ့ပဲကျွန်တော်ခွေးလေးကိုစတင်ကုသမှုတွေပေးဖြစ်ခဲ့ပါတယ်။ကျွန်တော် တို့ အိမ်မွေးတိရစ္ဆာန်လေးတွေမှာရေဖျင်းကဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့အဖြေကို ဒီနေ့ဆွေးနွေးပြောပြသွားပါ့မယ်။

ရေဖျင်းဆိုတာဘာလဲ

ရေဖျင်းဆိုတာကတော့ ကိုယ်တွင်းခေါင်းထဲမှာ ပုံမှန်မဟုတ်သော အရည်များစုနေခြင်းကိုခေါ်တာပါ။အများအားဖြင့်ကိုယ်တွင်းဖုံး အမြှေးပါး၊နှလုံးဖုံးအမြှေးပါး နှင့် အသည်းဖုံးအမြှေးပါးတွေထဲမှာ အရည်တွေစုနေတာမျိုးကိုခေါ်တာပါ။

ရေဖျင်းကိုဖြစ်စေသောအကြောင်းရင်းများ

သွေးကြောထဲမှာရှိတဲ့အရည်ဖိအားများခြင်း၊
သွေးကြောပျက်စီးခြင်း၊သွေးကြောထဲမှာရှိတဲ့ osmotic ဖိအားမညီမျှခြင်း စတဲ့အချက်တွေနှင့်အတူ နှလုံးရဲ့ ညာဘက်အခြမ်းအလုပ်လုပ်နှေးခြင်း နဲ့ အသည်းပျက်စီးခြင်းစတာတွေနဲ့ဒွန်တွဲဖြစ်နေတတ်တာကိုတွေ့ရတတ်ပါတယ်။ထို့အတူ ကျောက်ကပ်ပျက်စီးခြင်း၊နှလုံးအလုပ်လုပ်မှုနည်းခြင်း၊နာတာရှည် အသည်းအလုပ်လုပ်မှုနည်းခြင်း၊အစာအာဟာရချို့တဲ့ခြင်း၊ပရိုတင်းဓာတ်နည်းသောအစာ သို့မဟုတ် များသော အစာများကျွေးမိခြင်း ၊ပြန်ရည်‌ ကြောက်ကျိတ်ဖုကင်ဆာကြောင့်ဖြစ်ခြင်း၊ကိုယ်တွင်းအမြှေးပါးရောင်ခြင်း၊ချိတ်သန်ကောင်များကြောင့်ဖြစ်စေခြင်းစတာတွေကတော့ရေဖျင်းကိုဖြစ်စေနိုင်တဲ့အဓိကအကြောင်းရင်းတွေပါ။

ရေဖျင်းဖြစ်ပါကတွေ့နိုင်သောလက္ခဏာများ

-ဝမ်းဗိုက်အဆမတန်ဖောင်းလာခြင်း
-ဆီးသွားနည်းခြင်း
-အစာမစားခြင်း
-ပိန်ချုံးချိနဲ့လာခြင်း
-အသက်ရှူခက်ခဲခြင်း
-ဗိုက်နာခြင်း
-ချောင်းဆိုးခြင်း
-အော့အန်ခြင်း
-ဝမ်းသွားနည်းခြင်း
-ရေငတ်ခြင်း

ရေဖျင်းဖြစ်စေတဲ့အကြောင်းရင်းတွေကိုသိပြီဆိုတော့ ရေဖျင်းရောဂါဖြစ်ပြီလို့ တိကျသေချာတဲ့အဖြေကိုကျွန်တော်တို့ဘယ်လိုသိနိုင်မလဲဆိုရင်တော့ဖြင့် ဓာတ်မှန်ရိုက်ကြည့်ခြင်း၊သွေးစစ်ကြည့်ခြင်း၊ အာထရာစောင်းရိုက်ကြည့်ခြင်းစတာတွေနဲ့သိနိုင်ပါတယ်။အခြားနည်းတွေကတော့ဆီးစစ်ဆေးခြင်း၊MRI စစ်ခြင်း နှင့် CT ဖြင့်စစ်ဆေးခြင်းတို့ဖြစ်ပါတယ်။

အဲ့တော့ရေဖျင်းရောဂါအကြောင်းသိပြီဆို‌ရင်တော့ ရေဖျင်းလက္ခဏာလို့သံသယဖြစ်ရင် နီးစပ်ရာတိရစ္ဆာန်ဆေးကုဆရာဝန်များနဲ့တိုင်ပင်ဆွေးနွေးပြီး မိမိမွေးမြူထားတဲ့တိရစ္ဆာန်လေးများရဲ့အသက်ကိုကယ်တပါ။

28/02/2022

သန္ဓေတားဆေးနှင့်အိမ်မွေးတိရစ္ဆာန်(Contraceptic and pet animals)

Medroxyprogesterone acetate
(MPA),Depo Provera

သန္ဓေတားဆေးကို တိရစ္ဆာန်အမတွေမှာ ရာသီစက်ဝန်းဟန့်တားဆေး၊ကိုယ်ဝန်တားဆေးအနေဖြင့်အသုံးပြုကြပေမယ့် အထီးတွေမှာတော့
ရန်လိုခြင်းကိုလျော့ချဖို့အတွက်အသုံးပြုကြပါ
တယ်။ထို့ပြင်ဆီးပန်း၍သွားခြင်း(urine marking or spraying)၊အမအချင်း
ချင်းတက်ခွခြင်း၊အထီးမှ အမပေါ်မိတ်လိုက်ရန်
တက်ခွခြင်း(humping or mounting)
တို့ကိုတားဆီးရန်လည်းအသုံးပြုနိုင်သည်။

ဆေးပုံစံအနေနဲ့တော့သုံးမျိုးရှိပါတယ်။
-သောက်ဆေး
-အသားထဲထိုးဆေးနှင့်
-အရေပြားထဲထိုးတဲ့ဆေး စသည်ဖြင့်ရှိသည်။

အိမ်မွေးတိရစ္ဆာန် အများစုမှာတော့ သန္ဓေတား
ဆေးကို အသားဆေးနဲ့ အရေပြားအောက်ထိုး
ဆေးနှစ်မျိုးကိုအသုံးများကြပါတယ်။သောက်ဆေး
ကိုတော့အသုံးနည်းတာကိုတွေ့ရပါတယ်။

အိမ်မွေးတိရစ္ဆာန်ကိုသန္ဓေတားထိုးဆေး/သောက်ဆေးပေးတော့မယ်ဆိုရင်တော့
ရှောင်ရမယ့်အချက်တွေကအောက်ပါအတိုင်း
ဖြစ်ပါတယ်။

-အရွယ်မရောက်ခင်မှာသန္ဓေတားဆေးမထိုး
သင့်ပါ။
-ကိုယ်ဝန်ရှိနေလျှင်လည်းတားဆေးမထိုးသင့်ပါ။
-ရာသီလာနေတဲ့အချိန်မှာလည်းတားဆေးမ
ထိုးသင့်ပါ။
-ရာသီလာချိန်ဟာသာမန်ထက်ပိုကြာနေတဲ့အချိန်
မျိုးမှာလည်းမထိုးသင့်ပါဘူး။
-အထီးနဲ့မိတ်လိုက်ပြီးလျှင်လည်းမထိုးသင့်ပါဘူး။
-ကိုယ်ဝန်အတု(pseudopregnancy)ရှိ
နေတဲ့အချိန်မှာလည်းမထိုးသင့်ပါဘူး။
-သားအိမ်ကနေသွေးဆင်းနေတဲ့အချိန်မျိုးမှာ
လည်းသန္ဓေတားဆေးမထိုးသင့်ပါဘူး။

သန္ဓေတားဆေးကို မိမိရဲ့အိမ်မွေးတိရစ္ဆာန်
အမ အရွယ်ရောက်ပြီးချိန်တွင်စတင်ထိုးပေး
သင့်ပါတယ်။သန္ဓေတားဆေး ကိုသုံးလတစ်ကြိမ်
သာထိုးပေးသင့်ပါတယ်။ထိုးမည်ဆိုပါကအထက်တွင်ဖော်ပြထားသောအချက်များရှိမရှိသေချာ
စစ်ဆေးပြီးမှသာထိုးပေးသင့်ပါတယ်။

သန္ဓေတားဆေး၏ဘေးထွက်ဆိုးကျိုးများ
-အစာစားချင်စိတ်ပိုဖြစ်ခြင်း
-ကိုယ်အလေးချိန်တက်ခြင်း
-သွေးချိုဆီးချိုဖြစ်နိုင်ခြင်း
-သားအိမ်ပြည်တည်နာဖြစ်ခြင်း
-ခန္ဓာကိုယ်အတွင်းဟော်မုန်းမညီမျှမှုဖြစ်ခြင်း
-အရေပြားထိုးဆေးကြောင့်မွေးကျွတ်နာဖြစ်ခြင်း
-အဝလွန်ခြင်း

Ref;
- Pet Place
(MPA,provera or Depo provera
for dog and cat)
-Wedgewood
(Medroxyprogesterone acetate)

26/02/2022

Leptospirosis in dog(ခွေးကျောက်ကပ်
ရောဂါ သို့မဟုတ် ဆီးထဲတွင်သွေးပါခြင်းရောဂါ)

ဒီရောဂါကတော့အဏုဇီဝပိုး အုပ်စုဝင်ဖြစ်တဲ့ Leptospira bacteriaကြောင့်ဖြစ်စေ
တာဖြစ်ပြီး Weil 's diseaseလို့လည်းခေါ်
ပါတယ်။ရောဂါဖြစ်တဲ့တိရစ္ဆာန်အမျိုးအစားပေါ်
မူတည်ပြီး မျိုးစိတ်ကွဲပေါင်း ၂၁ မျိုးကျော်ရှိတာ
ကိုလည်းတွေ့ရပါတယ်။

နို့တိုက်သတ္တဝါအားလုံးမှာ ဖြစ်ပွားနိုင်တဲ့ကူး
စက်ရောဂါတစ်ခုဖြစ်ပေမယ့် ကြောင်တွေမှာ ဖြစ်တာကိုတော့တွေ့ရခဲပါတယ်။လူအပါအဝင်
ခွေး၊သိုး၊ဆိတ်၊ဝက်၊ကျွဲ၊နွားနှင့်ကြွက်တွေမှာအ
ဖြစ်များတာလည်းတွေ့ရပါတယ်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း(Transmission)

ရောဂါကူးစက်ပုံဟာဆိုရင် ရောဂါဖြစ်နေတဲ့ အကောင်ကနေ လူနှင့်အခြားတိရစ္ဆာန်တွေကို
တိုက်ရိုက်ကူးစက်စေနိုင်သလို ပတ်ဝန်းကျင်က
နေသွယ်ဝိုက်၍လည်း ကူးစက်ပျံ့ပွားစေနိုင်ပါ
တယ်။ရောဂါပိုးပါဝင်တဲ့ အစာ၊ရေ၊ဆီး ကနေ
လည်းကူးစက်နိုင်ပါတယ်။ရောဂါပိုးပါဝင်တဲ့
ဆီးမှုန်၊ရေမှုန် တွေကိုရှူသွင်းမိရင်လည်းကူး
စက်စေနိုင်ပါတယ်။ရောဂါပိုးပါဝင်တဲ့ ပစ္စည်းနဲ့
အညစ်အကြေးတွေကိုကိုင်တွယ်မိ၊ထိမိလျှင်
လည်းကူးစက်စေနိုင်ပါတယ်။မိတ်လိုက်ခြင်း
ကနေလည်းကူးစက်စေနိုင်သလိုleptospira
ရောဂါကြောင့်သားလျှောထားတဲ့ကလေးအ
သေ၊ရေမွှာအရည်စတာတွေကနေလည်းကူးစက်နိုင်ပါတယ်။

Leptospira sppတွေဟာရောဂါရုတ်တ
ရက်ကူးစက်ခံရတဲ့ဆီးကနေကူးစက်ပျံ့ပွားစေ
နိုင်ပါသေးတယ်။နာတာရှည်ကူးစက်ခံနေရတဲ့ တိရစ္ဆာန်ဟာဆိုရင် ရောဂါပိုးကို လချီ သို့မဟုတ်
နှစ်ချီသည်အထိ စွန့်ထုတ်နိုင်ပါတယ်။

ရောဂါပိုးပျိုးချိန်(incubation period)

ခွေးတွေမှာဆိုရင် ၄-၁၂ရက်ထိကြာနိုင်ပါ
တယ်။ကျွဲနှင့်နွားမှာတော့ ရောဂါဝင်ပြီး ၃-၁၀ ပတ်အတွင်းသားလျှောတာဖြစ်စေပြီးဝက်တွေ
မှာတော့ရောဂါဝင်ပြီး၁၃-၃၀ရက်မှာသားလျှောတာဖြစ်စေပါတယ်။

ရောဂါလက္ခဏာများ(signs and symptoms)

Leptospirosis ရောဂါကရောဂါလက္ခဏာ
မပြပဲလည်းဖြစ်တတ်သလို ပြလျှင်လည်းအ
ပျော့စား သို့မဟုတ် အပြင်းစားကွာခြားတတ်
ပါတယ်။တခါတစ်ရံ မှာ ရောဂါပြင်းထန်တတ်
ပြီး တစ်ခါတရံ နာတာရှည်အဖြစ်လည်းရှိနေ
တတ်ပါတယ်။

ကနဦးရောဂါလက္ခဏာအနေနဲ့ အဖျားတက်ခြင်း၊
စိတ်ကျခြင်း၊မအီမသာဖြစ်ခြင်း၊ကြွက်သားတောင့်တင်းခြင်းနာကျင်ခြင်း၊တုန်ခြင်း၊ အားနည်းခြင်း
စတာတွေကိုတွေ့ရပါမယ်။

ကျောက်ကပ်ရောဂါလက္ခဏာတွေဖြစ်တဲ့ ဆီး
မသွားခြင်း၊ဆီးထဲသွေးပါခြင်း၊ဆီးသွားတဲ့အကြိမ်
ရေတွက်များခြင်း၊အန်ခြင်း၊ရေဓာတ်ဆုံးရှုံးခြင်း၊
ခံတွင်း အတွင်း၌အနာများဖြစ်ခြင်းစတာတွေ
တွေ့ရပါမယ်။

အခြားလက္ခဏာတွေကတော့သားလျှောခြင်း၊ဝမ်းလျှောခြင်း၊မီးခိုးရောင်ဝမ်းသွားခြင်း၊ချောင်းဆိုး
ခြင်း၊အသက်ရှူကြပ်ခြင်း၊ခန္ဓာကိုယ်အလေးချိန်
ကျခြင်း၊အသားဝါခြင်းစတဲ့လက္ခဏာတွေတွေ့ရ
တတ်ပါတယ်။

ရောဂါစစ်ဆေးခြင်း(Diagnosis)

-ကျောက်ကပ်လုပ်ငန်းဆောင်တာစစ်ဆေးခြင်း
(Kidney function tests (BUN and Creatinine) )

-အသည်းလုပ်ငန်းဆောင်တာစစ်ဆေးခြင်း
(Liver Function tests)

-ELISA,PCR
-Serological test(gold standard)

Leptospirosisရောဂါသည် သွေးလွန်တုတ်
ကွေး၊အူရောင်ငန်းဖျားရောဂါ၊ဦးနှောက်အမှေး
ရောင်ရောဂါ၊ငှက်ဖျားရောဂါ၊အသည်းရောင်
ရောဂါ၊တုတ်ကွေးရောဂါနှင့် အခြားသော
ကျောက်ကပ်နှင့်အသည်းရောဂါများနှင့်မှား
ယွင်းတတ်ပါတယ်။

ရောဂါကြိုတင်ကာကွယ်ခြင်း(Prevention)

ရောဂါဖြစ်ပွားလေ့ရှိသောဒေသများတွင်
Doxycyclineကို တစ်ပတ်တစ်ကြိမ်
ပေးခြင်းဖြင့်ကြိုတင်ကာကွယ်နိုင်ပေ
မယ့်ဆေးယဉ်ပါးမှုပြဿနာများလည်းရှိ
နေတဲ့အတွက်ထိရောက်မှုနည်းပါတယ်။
ဒီရောဂါကတော့ ကြွက်ကနေအဓိက
ကူးစက်တာဖြစ်တဲ့အတွက် ကြွက်တွေကို
ထိန်းချုပ်ခြင်းသည်အထိရောက်ဆုံးဖြစ်ပါတယ်။
ထို့ပြင် ဆီးပါတဲ့ရေအရင်းမြစ်ကိုထိန်းချုပ်ခြင်း
သည်လည်းအထိရောက်ဆုံးဖြစ်တယ်ဆိုတာ
လေ့လာတွေ့ရှိထားပါတယ်။ခွေး၊ဝက်၊ကျွဲ၊နွား
တွေမှာကာကွယ်ဆေးထိုး၍လည်းကာကွယ်နိုင်
ပါတယ်။ခွေးတွေမှာအဖြစ်များတဲ့Leptospira မျိုးစိတ် ၂ ခုဖြစ်တဲ့ L. canicola နဲ့
L. icterohaemorrhagiae အတွက် ကာကွယ်ဆေးကိုတော့ 6 in 1 သို့မဟုတ်
5 in 1 ထဲမှာရောစပ်ထုတ်လုပ်ထားတာတွေ့
ရပါတယ်။

ရောဂါကုသခြင်း(Treatment)

သင့်တော်သောပဋိဇီဝဆေး-
Penicillin G
Amoxicillin
Ampicillin
Doxycycline စတဲ့ဆေးတွေကသင့်
တော်သလို ပြင်းထန်တဲ့အခြေအနေမှာ
ဆိုရင်တော့ Cetriazone သို့မဟုတ်
Cefotaxime စတဲ့ပဋိဇီဝဆေးတွေကို
အသုံးပြုနိုင်ပါတယ်။

အရည်ကုထုံး(Fluid therapy)၊လိုအပ်ပါ
ကသွေးသွင်းခြင်း(blood transfusion)၊
အထူးကြပ်မတ်ပြုစုခြင်း(supportive care)
စတာတွေကိုလည်းပြုလုပ်သင့်ပါတယ်။

Ref; Wikipaedia(Leptospirosis)
Fifth year Veterinary
Notebook(Leptospirosis in
dog)

"ခွေးရူးရောဂါကင်းစင်ရေး၊ ရင်ဆိုင်လက်တွဲ ပူးပေါင်းပေး"RABIES: FACTSNOT FEARကာကွယ်ဆေး ထိုးပေးဖို့ မမေ့ကြနဲ့နော် 🤗
01/02/2022

"ခွေးရူးရောဂါကင်းစင်ရေး၊ ရင်ဆိုင်လက်တွဲ ပူးပေါင်းပေး"

RABIES: FACTS
NOT FEAR

ကာကွယ်ဆေး ထိုးပေးဖို့ မမေ့ကြနဲ့နော် 🤗

အမဲလိုက်ရန်အသုံးပြုသည့် ခွေးအမျိုးအစားများ
01/02/2022

အမဲလိုက်ရန်အသုံးပြုသည့် ခွေးအမျိုးအစားများ

🐕‍🦺🦮🐕🐩 အခြားသောခွေးများထက် သွက်လက်ပြီး ကာယလုပ်အားပိုမိုအသုံးပြုသည့် ခွေးအမျိုးအစားများဖြစ်ပါသည်။
01/02/2022

🐕‍🦺🦮🐕🐩 အခြားသောခွေးများထက် သွက်လက်ပြီး ကာယလုပ်အားပိုမိုအသုံးပြုသည့် ခွေးအမျိုးအစားများဖြစ်ပါသည်။

မင်မင် ဒီနေ့အားဝူအမျိုးအစားလေးတွေအကြောင်းပြောပြပေးမယ်နော်☑️ သန်မာဖျတ်လတ်ပြီး စွတ်ဖားခွေး/အခြားမွေးမြူရေးတိရစ္ဆာန်အုပ်အား...
01/02/2022

မင်မင် ဒီနေ့အားဝူအမျိုးအစားလေးတွေအကြောင်းပြောပြပေးမယ်နော်

☑️ သန်မာဖျတ်လတ်ပြီး စွတ်ဖားခွေး/အခြားမွေးမြူရေးတိရစ္ဆာန်အုပ်အား ထိန်းသိမ်းရန်အနေဖြင့်အသုံးပြုကြသည့် ခွေးအမျိုးအစားများဖြစ်ကြပါသည်။

10/01/2022

Address

School Street
Ahlone

Website

Alerts

Be the first to know and let us send you an email when ZU’Pet Food &Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ZU’Pet Food &Accessories:

Share

Category

Nearby pet stores & pet services


Other Pet Supplies in Ahlone

Show All