Royal Myat Vet Clinic and Pet Accessories

Royal Myat Vet Clinic and Pet Accessories Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Royal Myat Vet Clinic and Pet Accessories, Veterinarian, No. 6& Kan Khaw Street, Bagan.

  Group & two Parvo infected puppies🐶Day(1)   First day,I said that mortality rate is high.Day (2)  ---They tell "Still ...
14/02/2024

Group & two Parvo infected puppies🐶

Day(1) First day,
I said that mortality rate is high.

Day (2) ---They tell "Still alive,doctor." 😊
Day (3) ---They tell again,"Still alive"😊

be still alive every day!!!

Jame🐶ကို Annual Vaccines 💉 ထိုးပေးတဲ့နေ့လေး🐼ကျောက်၊သွေးဝမ်းရောဂါ အဖြစ်များတဲ့ ရာသီ ရောက်နေပြီမို့ Pawrents တို့လည်း အာဝု...
25/01/2024

Jame🐶ကို Annual Vaccines 💉 ထိုးပေးတဲ့နေ့လေး🐼
ကျောက်၊သွေးဝမ်းရောဂါ အဖြစ်များတဲ့ ရာသီ ရောက်နေပြီမို့ Pawrents တို့လည်း အာဝုလေးတွေကို
ကာကွယ်ဆေးစုံအောင် ထိုးပေးဖို့ မမေ့ကြပါနဲ့နော်

  American Mastiff (pure breed)Location -New Bagan
21/12/2023

American Mastiff (pure breed)

Location -New Bagan

Sell with love🐶❤️Care with heart🐶❤️Available now🐶   Bagan
09/12/2023

Sell with love🐶
❤️
Care with heart🐶
❤️
Available now🐶


Bagan

🐶ခွေးရူးပြန်ရောဂါ ဘယ်ကစဖြစ်သလဲ❓🐶ခွေးရူးရောဂါကိုဘယ်လိုကြိုတင်ကာကွယ်ရမလဲ ❓ #ကမ္ဘာပေါ်မှာ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါထဲမှာခွေ...
02/09/2023

🐶ခွေးရူးပြန်ရောဂါ ဘယ်ကစဖြစ်သလဲ❓
🐶ခွေးရူးရောဂါကိုဘယ်လိုကြိုတင်ကာကွယ်ရမလဲ ❓

#ကမ္ဘာပေါ်မှာ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါထဲမှာခွေးရူးပြန်ရောဂါ (Rabies) ပါ၀င်ပါတယ်။ခွေးရူးပြန် ရောဂါဟာ မတော်တဆ ကူးစက်ခံခဲ့ရလျှင် ကုသရတဲ့ ဆေးမရှိသေးတာကြောင့် ရောဂါလက္ခဏာစပြချိန်မှ သိရင်တော့ သေနိုင်တဲ့ရာခိုင်နှုန်းက ၁၀၀% ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၅၉,၀၀၀ ခန့် ခွေးရူးရောဂါကြောင့်သေဆုံးနေကြရပါတယ်။ကာကွယ်ဆေး ဖြင့်ကာကွယ်နိုင်ပါတယ်။

🐶ခွေးရူးပြန်ရောဂါက ဘယ်ကစဖြစ်သလဲ❓
-ခွေးရူးပြန်ရောဂါဖြစ်စေတဲ့ Virus ( Rabies virus) ကို လင်းနို့မျိုးကွဲ တချို့ တွေက အဓိက သယ်ဆောင်ပြီး အိမ်မွေး တိိရိစ္ဆာန် ခွေး၊ ကြောင် လေးများကို ကိုက်ရာမှ တဆင့် ကူးစက်စေနိုင်ပါတယ်။ ကူးစက်ခံထားရတဲ့ ခွေး၊ ကြောင်လေးများရဲ့ သွားရည် နဲ့ ထိတွေခြင်း၊ အကိုက်ခံရခြင်း ဖြင့် လူကို ထပ်မံကူးစက်စေနိုင်ပါတယ်။ ရောဂါလက္ခဏာပြချိန်ကတော့ ထိတွေ့တဲ့ နေရာပေါ်မူတည်ပြီး လပိုင်းကနေ နှစ် နဲ့ ချီပြီးကြာနိုင်ပါတယ်။ တချို့ဆို အကိုက်ခံခဲ့ရချိန်တောင် မမှတ်မိကြပါဘူး ။

-ဒါကြောင့် အိမ်မွေးတိရိစ္ဆာန်လေးများနဲ့ အထိအတွေ့များတဲ့သူ၊ ကလေးသူငယ်များ၊ အနီးအနားဝန်းကျင်မှာ ပိုင်ရှင်မဲ့ တိလေးများ ရှိခဲ့ရင်တော့ ခွေးရူးရောဂါ အတွက် ကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။
ပုံမှန် အိမ်မွေး တိလေးများကို ပိုင်ရှင်များက ခွေးရူးကာကွယ်ဆေး ထိုးပေးလေ့ရှိကြပေမယ့် မိမိ ကိုယ်တိုင်တော့ ကြိုတင်ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

-အကိုက်ခံရတဲ့ အခါမှပဲ အရေးပေါ်ခွေးရူးရောဂါကာကွယ်ဆေးကို အနောက်ကလိုက်ပြီး ထိုးရတာများကြပါတယ်။
ဒါပေမဲ့ ဒီလိုပိုးဝင်ပြီးမှ နောက်ကလိုက်ထိုးရတာကြောင့် ကာကွယ်ဆေးက ရောဂါမဖြစ်အောင် ၁၀၀% ကာကွယ်နိုင်စွမ်းမရှိတော့ပါဘူး။ ကြိုတင်ပြီး ထိုးထားတာကတော့ အကောင်းဆုံးပါပဲ။

🐶 ခွေးရူးရောဂါကို ဘယ်လို ကြိုတင်ကာကွယ်ရမလဲ❓
အမေရိကန် မှ ရောဂါထိန်းချုပ်ရေးဗဟို CDC ကတော့ နောက်ဆုံး Guidelines မှာ ခွေးရူးရောဂါ ကာကွယ်ဆေးကို (0-7 days Schedule) အနည်းဆုံး တစ်ပါတ်ခြားပြီး နှစ်ကြိမ်ထိုး ဖို့ ညွှန်ကြားထားပါတယ််။
Booster ကိုတော့ ဒုတိယ အကြိမ် ထိုးထားတဲ့ နေ့ကနေ ၃ ပါတ်နဲ့ ၃ နှစ် အတွင်း တစ်ကြိမ်ထိုးရင် လုံလောက်ပါတယ်။ ဒါ့အပြင် အိမ်မွေးတိလေးများကိုလည်း ခွေးရူးကာကွယ်ဆေး ထိုးသင့်ပါတယ်

အကိုက်ခံရတဲ့သူဟာ တခါမှ ကာကွယ်ဆေး မထိုးထားဖူးရင်တော့ ပုံမှန် ခွေးရူးရောဂါကာကွယ်ဆေးကို ၄ ကြိမ် အနည်းဆုံးထိုးရမှာ ဖြစ်တဲ့ အပြင် အရေးပေါ် ခွေးရူးရောဂါကာကွယ်ဆေးကိုပါ ထပ်မံထိုးရမှာ ဖြစ်ပါတယ်။
===============================

🐨ခွေးရူးရောဂါက ခွေးတွေ၌သာမကပဲ ကြောင်တွေမှာပါဖြစ်နိုင်ပါသလား ?

ဖြစ်နိုင်ပါတယ်။ ခွေးရူးရောဂါလို့အလွယ်တစ်ကူခေါ်တွင်လို့သာ ခွေးတွေမှာသာ ဖြစ်မယ်ထင်ကြတာပါ။ သွေးနွေးသတ္တဝါတွေ အားလုံး ခွေးရူးရောဂါဖြစ်နိုင်ပါတယ်။ ( အဖြစ်များဆုံးကတော့ ခွေးနှင့်ကြာင်ပဲဖြစ်ပါတယ်။)

🦊ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားပြီးသားခွေးက လူကိုကိုက်လျှင် အကိုက်ခံရသည့်လူနာတွင်ကာကွယ်ဆေးထိုးရန် လို / မလို ?

လိုအပ်ပါတယ်။ ဆေးပညာအရဆိုလျှင် ခုခံအား (Immunity) နှင့်ပတ်သတ်သောကိစ္စဖြစ်သည်။ အလွယ်တကူရှင်းပြရမည်ဆိုလျှင် တိကုဆရာဝန်များ၊ တခြားသောတိရစ္ဆာန်များနှင့်အမြဲထိတွေ့နေရသော သူများသည် ခွေးရူးရောဂါကိုကာကွယ်သည့်အနေဖြင့် ခွေးရူးရောဂါ ကြိုတင်ကာကွယ်ဆေးများကိုထိုးထားကြသည်။ ကာကွယ်ဆေးတစ်မျိုးမျိုးကို ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ကာကွယ်ဆေးရဲ့ Antibody Titreဆိုတာ တတ်လာပါတယ်။ Antibody Titre တတ်လာမှသာ ကာကွယ်ဆေးထိုးခြင်းအလုပ် ပြီးမြောက်အောင်မြင်တယ်လို့ဆိုရပါမယ်။ ဖွံဖြိုးတိုးတတ်တဲ့ USA လိုနိုင်ငံမျိုးမှာများသာ Antibody Titre တတ် မတတ် ဆိုတာစစ်ဆေးလို့ရပါတယ်။ မြန်မာနိုင်ငံမှာတာ့ ယခုတိုင်စစ်ဆေးမှုပြုလုပ်လို့မရသေးပါဘူး။ ထို့ကြောင့် အရေးကြီးဆုံးဖြစ်တဲ့ လူတွေတွင်မှပဲ မိမိထိုးထားတဲ့ကာကွယ်ဆေး အောင် / မအောင်၊ Effective ဖြစ်/မဖြစ် စစ်ဆေးလို့မရသေးသည့်ကာလတွင် ခွေး၊ကြောင်များကို စစ်ဆေးဖို့ဆိုတာ အဝေးကြီးမှာရှိနေပါသေးတယ် (ကာကွယ်ဆေးပုံမှန်ထိုးဖို့ကိုပင် အတော်အတန်စည်းရုံးနေရပါသည် ) ။ အလွန်အန္တရယ်များသည့် ကိစ္စဖြစ်သည့်အတွက် ကာကွယ်ဆေးကိုထိုးစေလိုပါတယ်။

🐱 ဘယ်နေရာမှာအကိုက်ခံရသလဲ? ဒဏ်ရာအနေအထားကဘယ်လိုလဲ?

-ခွေးအကိုက်ခံရသည့်နေရာက ခန္ဓာကိုယ်အောက်ပိုင်းလဲဖြစ်မယ်၊ ခွေးကလဲဆရာဝန်နဲ့ ကာကွယ်ဆေး သေချာထိုးထားမယ်၊ ဒဏ်ရာကလဲ မပေါက်မပြဲ၊ မနက်ရှိုင်း ၊သွေးလဲမထွက် အနည်းငယ် ခြစ်မိယုံသာ ဖြစ်မယ်ဆိုလျှင် ဆပ်ပြာ သို့ အရက်ပြန် Septidine တို့ဖြင့် အချိန်ကြာကြာ နာနာဆေးကြောပေးပြီး ကာကွယ်ဆေးမထိုးပဲ စောင့်ကြည့်လိုတော့ရနိုင်ပါတယ်။
ဒါမှမဟုတ်ပဲ ခန္ဓာကိုယ် အပေါ်ပိုင်း ဦးခေါင်းနှင့်နီးသောနေရာများတွင် အကိုက်ခံရပါက၊ ဒဏ်ရာကလဲ နက်ပါက ခွေးရူးပြန်ကာကွယ်ဆေးထိုးကိုထိုးရပါမယ်။
လူ့အသက် အန္တရာယ်ပါ ထိပါးသည့်ကိစ္စဖြစ်သည့်အတွက် လုံးဝမပေါ့ဆသင့်လို့ပါ။ ယခုဆိုလျှင်အစိုးရဆေးရုံကြီးတွေမှာ ကာကွယ်ဆေးများ အလွယ်တကူထိုးနိုင်နေပြီဖြစ်သည့်အတွက် ပိုတိုးလို့တောင်ထိုးသင့်နေပါသေးတယ်။

🐼မိမိခွေးကို ခွေးရူးပြန်ကာကွယ်ဆေးထိုးတာ အလကားဖြစ်မနေဘူးလား?

-အလကား မဖြစ်ပါဘူး။ ထိုးထားရင် ထိုးထားတဲ့အလျောက်အကျိုးကျေးဇူးတွေကတော့ ရှိပါတယ်။ မိမိခွေးမှာ ကာကွယ်ဆေးသေချာထိုးထားသည့် အတွက် တခြား ခွေးမှ လာကိုက်စေကာမူ မိမိခွေးမှာ ခွေးရူးရောဂါကိုခုခံနိုင်ပြီး ခွေးရူးရောဂါမဖြစ်ပဲခံနိုင်ရည်ရှိနေမှာဖြစ်ပါတယ်။ သူ့အတွက်(ခွေး)တော့ စိတ်ချရဖို့များပါတယ်။ လူတွေအတွက်သာ လူ့အသက်တစ်ချောင်းကို ရင်းရမည့်ကိစ္စဖြစ်သည့်အတွက် အကိုက်ခံရသည့်လူကိူကာကွယ်ဆေးထိုးခိုင်းရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် မိမခွေးကိုလဲ ကာကွယ်ဆေးထိုး မထားသည့် အခြားခွေးများနှင့် အတူမထားဖို့၊ မနေဖို့ကလဲအရေးကြီးပါတယ်။

-အကယ်၍သင်သာ ခွေးရူးကာကွယ်ဆေးထိုးမထားသည့် ခွေးနှင့်အကိုက်ခံရပါက ဆေးရုံကိုသာ ၂၄နာရီအတွင်း အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူပါ။

မိမိခွေး(ကာကွယ်ဆေးထိုးပြီးသား) ကို အခြားကာကွယ်ဆေးမထိုးထားသည့်လမ်းဘေးခွေးက အကိုက်ခံရလျှင် .

တိရစ္ဆာန်ဆေးကုခန်းကို အမြန်ဆုံးသွားပြီး ကာကွယ်ဆေးတစ်ကြိမ်ထပ်ထိုးပါ။ သို့သော် မိမိခွေးလည်း ကာကွယ်ဆေးထိုးမထား (သို့) ကာကွယ်ဆေးထိုးရမည့်ရက်ကျော်လွန်ပါက AntiRabies Vaccine နှင့်အတူ Vaccine Immunoglobulin ပါတွဲထိုးမှသာစိတ်ချရမည်ဖြစ်ပါသည်။ ထို့ကြောင့် ခွေးရူးပြန်ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် မပျက်မကွက်ထိုးပေးရန်လိုအပ်ပါသည်။

🐶မိမိခွေးတွင် ခွေးရူးရောဂါပိုး ရှိ /မရှိကို သယ်လိုနည်းအားဖြင့်သိနိုင်မလဲ?

မိမိခွေးတွင် ခွေးရူးရောဂါပိုးရှိနေပါက အများအားဖြင့်ပြသောလက္ခဏာတွေကတော့ ရေကြောက်ခြင်း၊ အမူအကျင့်များပုံမှန်မဟုတ်ခြင်း၊ သွားရည်ကျခြင်း၊ အမြဲရန်လိုနေခြင်း၊ ပါးစပ်တစ်ဝိုက်နီရဲရောင်ရမ်းနေခြင်းစသည်တို့ပဲဖြစ်ပါတယ်။ သို့သော် ရောဂါပိုးရှိနေသော်လည်း ရောဂါလက္ခဏာကား မပြပဲရှိနေတတ်ပါသေးတယ်။ အဘယ့်ကြောင့်ဆိုသော် ရောဂါပိုးပျိုးချိန် (Incubation Period) ဟာ တစ်ပါတ်ကနေ တစ်နှစ်ကျော်အထိကြာနိုင်လို့ပါပဲ။

🐶တိရစ္ဆာန်ဆေးကုဆရာဝန်များ (သို့) တိရစ္ဆာန်များနှင့် အမြဲထိတွေ့နေကြသော လူများတွင် ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးထိုးခြင်း။

တိရစ္ဆာန်များနှင့် အမြဲထိတွေ့နေကြသော လူများတွင် ခွေးရူးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ကာကွယ်ဆေးများကိုထိုးနိုင်ပါတယ်။ လူကိူကာကွယ်ဆေးထိုးခြင်းကိစ္စများနှင့် ပတ်သတ်ပါက လူဆရာဝန်များနှင့် တိုင်ပင်ပြီးထိုးနိုင်ပါတယ်။


Bagan, Near Market

       Ovariohysterectomy  pyrometra
12/08/2023



Ovariohysterectomy
pyrometra

  test (+)   Bagan
24/04/2023

test (+)

Bagan

Available now❤️Care with heart ,sell with love❤️  ကြက်ပေါင်းရည်  Myat vet clinic  Bagan
24/04/2023

Available now
❤️Care with heart ,sell with love❤️
ကြက်ပေါင်းရည်
Myat vet clinic
Bagan

 #အေးမြမေတ္တာ ဆရာတော်ရဲ့ blue- eyed Huskies လေးတွေ🐼🐼jacky &jackmaVaccineထိုးလို့ ငိုသွား
21/04/2023

#အေးမြမေတ္တာ ဆရာတော်ရဲ့ blue- eyed Huskies လေးတွေ
🐼🐼jacky &jackma
Vaccineထိုးလို့ ငိုသွား

  vaccination    Myat vet clinic🎋  Bagan ,near market🌿🍃🌿
29/03/2023

vaccination
Myat vet clinic🎋
Bagan ,near market🌿🍃🌿

  River ,Myinkabar  sale
15/03/2023

River
,Myinkabar
sale

🐶Husky puppies🐶 from Chauk
27/02/2023

🐶Husky puppies🐶 from Chauk

🐶What is the best time to deworm a dog?🐶🐶It always advised to give them deworming before they go to sleep in the night. ...
13/02/2023

🐶What is the best time to deworm a dog?🐶

🐶It always advised to give them deworming before they go to sleep in the night. 🐶

Vaccination 🐹 Bruno & Rosy🐹  Myat vet clinic   Bagan
30/01/2023

Vaccination 🐹 Bruno & Rosy🐹
Myat vet clinic
Bagan

Pregnancy test for dogsA blood test detects pregnancy in the pregnant dog by measuring levels of a hormone called relaxi...
24/01/2023

Pregnancy test for dogs

A blood test detects pregnancy in the pregnant dog by measuring levels of a hormone called relaxin. This hormone is produced by the developing placenta .

  photos of ear cropping
23/01/2023

photos of ear cropping

   Myat vet clinic
15/01/2023



Myat vet clinic

 #15-1-2023   test (+)  River ,Myin Kabar
15/01/2023

#15-1-2023

test (+)

River
,Myin Kabar

ခွေး/​ကြောင်များတွင် ကိုယ်ဝန်အတု​ဆောင်ခြင်း( False/pseudo pregnancy or pseudocyesis)         ကိုယ်ဝန်တု​ဆောင်ခြင်းဟာ ပုံ...
30/12/2022

ခွေး/​ကြောင်များတွင် ကိုယ်ဝန်အတု​ဆောင်ခြင်း
( False/pseudo pregnancy or pseudocyesis)

ကိုယ်ဝန်တု​ဆောင်ခြင်းဟာ ပုံမှန်ဇီဝကမ္မဖြစ်စဥ်တခုမှ ​ဟော်မုန်း​ပြောင်းလဲမှု​ကြောင့် ဖြစ်ပါတယ်။ အမမျိုးပွားအင်္ဂါများ ပုံမမှန်ခြင်းနဲ့ ဆက်စပ်မှု မရှိပါဘူး။ ပုံမှန် heatလာသား​တောင်းပြီး​နောက် ၄၅-၆၀ ရက်ခန့်မှာ ​တွေ့ရတတ်ပါတယ်။ အသက်အရွယ်မ​ရွေး ဖြစ်ပွားတတ်ပြီး သား​ကြောဖြတ်မထားတဲ့ ​​ခွေးမ​​လေးတွေမှာ ပို၍ ဖြစ်ပွားပါတယ်။ ​ကြောင်မ​လေး​တွေမှာ​တော့ ဖြစ်ပွားမှုနည်းပါတယ်။

၁။ ဘာ​ကြောင့် ဖြစ်ရတာလဲ ?

မျိုးဥ​ကျွေပြီး​ ပရိုဂျက်စတီရုန်း​ဟော်မုန်း ပမာဏမြင့်တက်လာပြီး စတင်ပြန်ကျချိန်မှာ ဖြစ်ပွားတာ များပါတယ်။ ပရိုဂျက်စတီရုန်း​ဟော်မုန်း ကျလာခြင်း​ကြောင့် ပရိုလတ်တင်​ဟော်မုန်း မြင့်တက်လာပါတယ်။ ပရိုလတ်တင်​ဟော်မုန်းက ကိုယ်ဝန်တကယ်မရှိဘဲ ကိုယ်ဝန်ရှိ​နေသည့် လက္ခဏာများကို ​တွေ့ရ​စေသည်။ ဟိလာ​သား​တောင်း​နေချိန် သား​ကြောဖြတ်ခြင်းကလည်း ပရိုဂျက်စတီရုန်း​ဟော်မုန်းကျလာပြီး ပရိုလတ်တင်​ဟော်မုန်းမြင့်တက်လာကာ ကိုယ်ဝန်တု​ဆောင်ခြင်း ကို ဖြစ်​စေနိုင်ပါတယ်။

၂။ ဘယ်လိုလက္ခဏာ​တွေ ​တွေ့ရတတ်လဲ ?

ကိုယ်ဝန်တုဖြစ်​နေသည့် ​ခွေး/​ကြောင်မှာ . . .
- ပုံမှန်ထက် အစားနည်းလာခြင်း/အစာပိုစားလာခြင်း(ရံဖန်ရံခါ)
- ခန္ဒာကိုယ်အ​လေးချိန်ကျလာခြင်း/တိုးလာခြင်း
- ထိုင်းမှိုင်း​နေခြင်း၊ မကြာခဏအန်ခြင်း
- အရုပ်​တွေကို ကိုက်ချီစု​ဆောင်း​နေခြင်း
- အသိုက်လုပ်ခြင်း/​မွေး​မည့်နေရာ ပြင်ဆင်ခြင်း
- အခြားတိရစ္ဆာန်များ/ အရုပ်များ/အရာဝတ္ထုများကို မိခင်ကဲ့သို့ ပြုမူလာခြင်း
- စိတ်လှုပ်ရှား​နေခြင်း
- ရန်မူတတ်လာခြင်း
- နို့သီးနီရဲလာခြင်း၊ နို့အုံ​ရောင်ရမ်း​လာခြင်း
- နို့ရည်ထွက်လာခြင်း စသည့်လက္ခဏာများ ​တွေ့ရပါတယ်။

၃။ ဘယ်လိုအ​ခြေအ​​နေ​တွေမှာ ဒီလို ဆင်တူတဲ့ လက္ခဏာ​တွေ ​တွေ့ရတတ်လဲ ?

- အမှန်တကယ် ကိုယ်ဝန်ရှိ​နေခြင်း၊ နို့အုံ ကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်​ရောဂါပိုးဝင်ခြင်း စသည့် အ​ခြေအ​နေ​တွေ မှာ ဆင်တူတဲ့ လက္ခဏာ​တွေ ​ ​တွေ့ရတတ်ပါ​သေးတယ်။

၄။ ကိုယ်ဝန်တု​ဆောင်ခြင်း ဟုတ်/ မဟုတ် ဘယ်လိုခွဲခြားစစ်​ဆေးလို့ ရနိုင်လဲ ?

- ​ရောဂါဖြစ်စဥ်​မေးမြန်းစစ်​ဆေးခြင်း နှင့် ဝမ်းဗိုက်ကို လက်ဖြင့်စမ်းသပ်စသ်​ဆေးခြင်း၊ ​သွေးနမူနာယူ စစ်​ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း ၊ X-ray ရိုက်ခြင်းများဖြင့် ခွဲခြားနိုင်ပါတယ်။

၅။ ဘယ်​လောက်ကြာကြာဖြစ်​နေတတ်လဲ ?

​- ခွေးမ​လေး​တွေမှာ ၂ ပတ် မှ ၃ ပတ်ထိ ကြာတတ်ပါတယ်။
- ​ကြောင်မ​လေး​တွေမှာ​တော့ ၁ လမှ ၂ လထိ ကြာတတ်တယ်လို့ သိရပါတယ်။

၆။ ကာကွယ်လို့ ရသလား ?

- သင့်​တော်သည့် အချိန်မှာ သား​ကြောဖြတ်​ပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်

၇။ ကုသလို့ ရနိုင်လား ?

- ပုံမှန်အားဖြင့် အချိန်တခု ကြာပြီး​နောက် ပြန်လည်​ပျောက်ကင်းသွားတတ်ပြီး ကုသဖို့မလိုအပ်ပါဘူး။
- သို့​သော် ထိုကဲ့သို့မဟုတ်ဘဲ အချိန်ကြာဖြစ်​နေလျှင်/ တခြားကျန်းမာ​ရေးချို့ယွင့်ချက်များဖြစ်​နေလျှင် ​လိုအပ်သည့်ကု​ဆေးဖြင့် ကုသ​ပေးခြင်း၊ သင့်​တော်သည့် အချိန်တွင် သား​ကြောဖြတ်​ပေးခြင်း၊ နို့အုံ​ရောင်ရမ်းမှုသက်သာ​စေရန် ​ရေ​နွေးအိတ် / ​ရေခဲ အိတ်ကပ်​ပေးခြင်းများ ​ဆောင်ရွက်ရပါမယ်။

Dr.Aung Thu Myo (B.V.Sc)-Royal Myat page admin team (tasama - 3827)

🐶🐶30 days old babies🐶🐶  Myat vet clinic  Bagan
30/11/2022

🐶🐶30 days old babies🐶🐶
Myat vet clinic
Bagan

-E.canis  test kit-Pregnancy test kit-Heart worm test kit-Canine parvo plus corona   test kitများကို   Myat vet clinic တ...
23/11/2022

-E.canis test kit
-Pregnancy test kit
-Heart worm test kit
-Canine parvo plus corona test kit
များကို Myat vet clinic တွင် စစ်ပေးနိုင်ပါသည်

-New Bagan

🦊ခုတလော ဖြစ်နေကြတဲ့ ကြောင်လေးတွေမှာ အဖြစ်များတဲ့ ကြောင်တစ်ကောင်နဲ့ တစ်ကောင်ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးအကြောင်း ပြောပြပေးခ...
01/11/2022

🦊ခုတလော ဖြစ်နေကြတဲ့ ကြောင်လေးတွေမှာ အဖြစ်များတဲ့ ကြောင်တစ်ကောင်နဲ့ တစ်ကောင်ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။ 🦊

🦊ရောဂါ အမည်ကတော့ Feline Panleukopenia လို့ခေါ်တဲ့ ကြောင်နာ/ကြောင်တုပ်ကွေး(cat fever, Feline infectious enteritis, cat distemper, Feline parvovirus infection ) လို့လဲ ခေါ်ကြပါတယ်။

🦊 Feline panleukopenia ဟာ ကြောင်တွေမှာ ကူးစက်တတ်တဲ့ virus ရောဂါတစ်မျိုးဖြစ်ပြီး Parvo virusကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ် အသက်အရွယ်မရွေး ကြောင်တွေဟာ Feline panleukopenia ကိုဖြစ်စေသော feline parvovirus ပိုးကူးစက်နိုင်သော်လည်း၊ ကြောင်ငယ်လေးများ 3-6လအရွယ်လေးများမှာ အဖြစ်အများဆုံးဖြစ်ပြီးကာကွယ်ဆေးမထိုးရသေးသောကြောင်တွေ ဟာ အများဆုံးဖြစ်နိုင်ချေရှိပါတယ်

🦊ရောဂါဘယ်လိုကူးစက်တာလဲ?

🦊ကြောင်လေးတွေဟာ ဆီး၊ ဝမ်းနှင့် နှာခေါင်းအတွင်းမှ ဗိုင်းရပ်စ်ကို စွန့်ထုတ်နိုင်ပါတယ်
🦊ကူးစက်ခံထားရသောကြောင်ဟာ အချိန်တိုအတွင်း (၁-၂ ရက်) ဗိုင်းရပ်စ်ကို စွန့်ထုတ်လေ့ရှိသော်လည်း ဗိုင်းရပ်စ်က ပတ်ဝန်းကျင်တွင် တစ်နှစ်အထိ ရှင်သန်နိုင်တဲ့အတွက်ကြောင့် ရောဂါပိုးရှိတဲ့ကြောင်တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမရှိဘဲ ကူးစက်သွားနိုင်ပါတယ်။
🦊 ကြောင် အိပ်ယာ၊ လှောင်အိမ်များ၊ အစားအသောက်ပန်းကန်များနှင့် ရောဂါပိုးရှိသောကြောင်ကို ကိုင်တွယ်သည့်လူများ၏ လက် သို့မဟုတ် အဝတ်အစားများဟာဗိုင်းရပ်စ်ပိုးကို ခိုအောင်းစေပြီး အခြားကြောင်များကို ကူးစက်နိုင်ပါတယ်။
🦊ဒါကြောင့် ရောဂါပိုးရှိတဲ့ကြောင်များကို သီးခြားခွဲထားရန် အလွန်အရေးကြီးပါတယ်။
🦊ရောဂါပိုးရှိသောကြောင်များတွင် အသုံးပြုသည့်ပစ္စည်းများကို အခြားကြောင်များနှင့် မထိတွေ့သင့်ပါဘူး

🦊ရောဂါ လက္ခာတွေက ဘာတွေလဲ?

🦊ရောဂါပိုးဟာ အူလမ်းကြောင်းရှိ ဆဲလ်များကို ပျက်စီးစေပါတယ်။ ရိုးတွင်းခြင်ဆီနှင့် lymph node များကို တိုက်ခိုက်သောကြောင့် သွေးဖြူဥအမျိုးအစားများ လျော့နည်းခြင်း(panleukopenia) နှင့် သွေးနီဥများ (သွေးအားနည်းခြင်း) တို့ဖြစ်နိုင်ပါတယ် ။
🦊အစားအသောက်ပျက်ခြင်း၊ အဖျားကြီးခြင်း၊ ထုံထိုင်းခြင်း၊ အော့အန်ခြင်း၊ ပြင်းထန်စွာဝမ်းလျှောခြင်း၊ နှာရည်ယိုခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ ဖြစ်တက်ပါတယ်။
🦊 ကြောင်ငယ်များတွင် ဗိုင်းရပ်စ်ပိုးဟာ ဦးနှောက်နှင့် မျက်လုံးများကို ထိခိုက်စေနိုင်ပါတယ်။ကိုယ်၀န်ဆောင်ထားတဲ့ မိခင်ကြီးတွေမှာတော့ အသေလေးတွေမွေးတာ ၊ အချိန်မတိုင်မှီမွေးဖွားတာ အပြင် ကလေးလေးတွေမှာပါရောဂါ ကူးစက်နိုင်ပါတယ်။
🦊အသက်ငယ်တဲ့ကြောင်လေးတွေမှာ ဖြစ်ပီဆိုရင် သေနှုန်းများပီး တစ်အိမ်လုံးမှာရှိတဲ့ကြောင်တွေအားလုံး သေဆုံးနိုင်တဲ့ထိဖြစ်နိုငိပါတယ်

💊💉ဘယ်လိုကြိုတင်ကာကွယ်မလဲ?

🦊 Feline parvovirus ကူးစက်မှုမှအကောင်းဆုံးကာကွယ်ပေးတဲ့ကာကွယ်ဆေးတွေရှိပါတယ်။ ကြောင်ငယ်လေးတွေကို အသက် ၆ ပတ်မှ ၈ ပတ်ကြားမှာ ပထမဆုံး ကာကွယ်ဆေးထိုးပေးသင့်ပါတယ်။
🦊 ဒုတိယအကြိမ်ကိုတော့ ၃ပတ်ခြားထိုးပေးသင့်ပါတယ် (တခြား protocol တွေလဲရှိပါတယ်) ပြီးတော့ တစ်နှစ်တကြိမ် ကာကွယ်ဆေးပုံမှန်ထိုးသင့်ပါတယ်

💉ကုသခြင်း
ရောဂါ ဝင်လာပီဆိုရင် ဒီ virus ကိုတိုက်ရိုက်ကုသနိုင်တဲ့ဆေးမရှိပါဘူး။
🦊ဒါ့အပြင် ဒီရောဂါ ဝင်လာပီဆိုရင် တခြား bacteria ရောဂါတွေပါ ဝင်ရောက်လာနိုင်ပါတယ်။ ပီးတော့ အခြား virus ရောဂါတွေပါ ဆက်လက်ဝင်ရောက်ပီး ပွားများနိုင်တာကြောင့်အရမ်းကို ကြောက်စရာ ကောင်းပါတယ်။
🦊ဒါကြောင့်ဆရာဝန်ဆီကို အမြန်ဆုံးသွားပြသင့်ပါတယ်။secondary bacterial infection နောက်ဆက်တွဲရောဂါပိုး ၀င်တက်တဲ့အတွက် သင့်တော်သော Antibiotic ပဋိဇီ၀ဆေးများပေးခြင်း၊ရေဓါတ်ဆုံးရှုံးခြင်းဖြစ်တဲ့အတွက်ကြောင့် သွေးကြောထဲသို့ဓါတ်ဆားရည်များသွင်းခြင်း၊အအန်ပျောက်ဆေးများပေးခြင်းဖြင့် ကုသနိုင်ပါတယ်။

🐻Drug indications and uses for pet🐻တစ်ပုံချင်းစီးအောက်မှာ ဆေးတွေရဲ့အသုံး၀င်ပုံလေးတွေ ရေးထားပါတယ်💙Sell with love ,care wi...
28/10/2022

🐻Drug indications and uses for pet🐻
တစ်ပုံချင်းစီးအောက်မှာ ဆေးတွေရဲ့အသုံး၀င်ပုံလေးတွေ ရေးထားပါ
တယ်
💙Sell with love ,care with heart💙

Myat vet clinic

ဒီဆေးရည်လေးက ကျနော်လက်ရှိ Jack ကိုတိုက်နေတဲ့ဆေးရည်လေးပါ 🐶အရွယ်ငယ်သေးတဲ့ Puppy လေးတွေ Kitten လေးတွေအတွက် အရိုး အဆစ်တွေ ကျ...
01/10/2022

ဒီဆေးရည်လေးက ကျနော်လက်ရှိ Jack ကိုတိုက်နေတဲ့ဆေးရည်လေးပါ

🐶အရွယ်ငယ်သေးတဲ့ Puppy လေးတွေ Kitten လေးတွေအတွက် အရိုး အဆစ်တွေ ကျန်းမာသန်စွမ်းဖို့ Calcium ဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် တစ်ခြားလိုအပ်သော ဓါတ်များစွာလည်းပါဝင်ပါတယ်
ဆေးရည်လေးက Chicken flavour နဲ့မို့ တိုက်ရတာလည်း လွယ်ကူပါတယ်ဗျာ

Biocal Pet Syrup

🐶Sell with love , Care with heart❤️.

👉You can consult with vet doctors about your pet health problems in this page from 9:00AM to 10:00PM. 👉Some of available...
16/09/2022

👉You can consult with vet doctors about your pet health problems in this page from 9:00AM to 10:00PM.
👉Some of available items from this clinic are shown below.👇Thank you!!!!!

Myat vet clinic
Bagan

Item တစ်ခုခြင်းစီးမှာ အသုံးပြုပုံနဲ့ အကျိုးကျေးဇူးလေးတွေ ရေးထားပါတယ်  Myat   clinic
29/07/2022

Item တစ်ခုခြင်းစီးမှာ အသုံးပြုပုံနဲ့ အကျိုးကျေးဇူးလေးတွေ ရေးထားပါတယ်
Myat
clinic

21/06/2022
ခွေး ကြောင်လေးတွေ သက်တမ်းစေ့ မနေရအောင် ဒုက္ခပေးနေတဲ့ ရောဂါထဲမှာ Parvovirus က ထိပ်ဆုံးမှာ ရှိနေပါတယ်။ Feline Infectious E...
18/06/2022

ခွေး ကြောင်လေးတွေ သက်တမ်းစေ့ မနေရအောင် ဒုက္ခပေးနေတဲ့ ရောဂါထဲမှာ Parvovirus က ထိပ်ဆုံးမှာ ရှိနေပါတယ်။
Feline Infectious Enteritis ဒါမှမဟုတ်
Panleukopenia Virus လို့ခေါ်ပါတယ်။ ကြောင်တုပ်ကွေးလို့လည်း ခေါ်ကြပါတယ်။
Feline Penဆိုရင် ကြောင်မွေးသူ၊ခွေးမွေးသူတို့
သိကြပါတယ်။
ဗိုင်းရပ်စ်ဝင်ရင် သွေးဖြူဥတွေ ထိုးကျ၊ကိုယ်ခံအားနည်းပြီး
တခြားပိုးတွေဝင်ကာ ဖျားနာ၊
​အစာအိမ်နဲ့ အူရောင်ပြီး သွေးရောင်တွေအန်၊
သွေးဝမ်းတွေသွား ပြီး ရေဓာတ်ဆုံးရှုံးကာ အသက်အန္တရာယ် ရှိတတ်ပါတယ်။

Nil Parvo Pet Syrup ဟာ
Parvovirus ကြောင့် အစာအိမ်နဲ့ အူရောင်တာကို အလျင်အမြန် သက်သာစေပါတယ်။
Antiviral စွမ်းအင်ရှိတာမို့ virus ကို တိုက်ထုတ်ပြီး
အလျင်အမြန် နာလန်ထစေဖို့ ကူညီနိုင်ပါတယ်။
Coneflower Extract ၊လေးညှင်းစတာတွေ အခြေခံထုတ်ထားလို့ ဓာတ်တိုး ဆန့်ကျင် အာနိသင် ပေးစွမ်းကာ ခံစားရတဲ့ လက္ခဏာတွေ သက်သာဖို့ ကူညီပေးပါတယ်။

ခွေး၊ကြောင် မွေးသူတိုင်း ဆောင်ထားသင့်ပါတယ်။

100ml - ၉၅၀၀ကျပ်

canine parvovirus( သွေးဝမ်းရောဂါ) ☑️-Cannine parvovirus သည် ခွေးများကိုသေစေနိုင်ပြီ အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်တစ်မျို...
03/06/2022

canine parvovirus( သွေးဝမ်းရောဂါ)

☑️-Cannine parvovirus သည် ခွေးများကိုသေစေနိုင်ပြီ အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။ကာကွယ်ဆေးမထိုးရသေးသော ခွေးများနှင့် လေးလအောက် ခွေးပေါက်များက အန္တရာယ်အများဆုံးဖြစ်ပါတယ်။ ဗိုင်းရပ်စ်က ခွေး၏အစာအိမ်နှင့် အူလမ်းကြောင်းကို ထိခိုက်စေပါတယ်။သေဆုံးမှုအများစုက canine parvovirus ရောဂါခံစားရပြီး ၄၈နာရီ မှ 72နာရီအတွင်း အဖြစ်များပါတယ်။ canine parvovirus( သွေးဝမ်းရောဂါ) ခံစားနေရတဲ့ခွေးများကို အစောတလျင်ကုသမှုမလုပ်ဘဲ ပြန်သက်သာလာမလားဆိုပြီ စောင့်ကြည့်နေမယ်ဆိုရင် အဖြေက ၉၀ ရာခိုင်နှုန်းကျော်က သေဖို့များပါတယ်။


ဘယ်လိုကူးစက်တက်သလဲ❓
☑️ရောဂါပိုးရှိသောခွေးနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ ( သို့မဟုတ်)ရောဂါပိုးရှိသောခွေး ထိတွေ့ထားသော ပတ်ဝန်းကျင် ၊ အစားအစာ၊ ရေဇလုံး၊ လည်ဆွဲများ၊ နှင့် ရောဂါပိုးရှိသော ခွေးများကို ကိုင်တွယ်ထားသည့်သူများ၏ လက်မှလည်းရောဂါပိုးကို ကူးစက်နိုင်ပါတယ်။ ရောဂါပိုးဟာ အပူ၊ အအေး၊ စိုထိုင်းဆ၊ ခြောက်သွေ့မှုကို ခံနိုင်ရည်ရှိပြီး ပတ်ဝန်းကျင်တွင် ကြာရှည်စွာ ရှင်သန်နိုင်ပါတယ်။ ရောဂါပိုးရှိသော ခွေး၏ မစင်များထဲတွင် ဗိုင်းရပ်စ်ပိုးက ခိုအောင်းနိုင်ပြီး
မစင်၏ ပတ်ဝန်းကျင်သို့ ရောက်ရှိလာသော အခြားခွေးများကိုပါ ရောဂါကူးစက်စေနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးက ခွေးများ၏ အမွှေးများ၊ ညစ်ညမ်းနေသော လှောင်အိမ်များ၊ ဖိနပ်များ (သို့မဟုတ်)အခြားအရာဝတ္ထုများမှ တစ်ဆင့် အလွယ်တကူ ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေကဘာတွေလဲ❓
☑️ ရောဂါလက္ခဏာတွေကတော့ အစာစားချင်စိတ်မရှိခြင်း၊ ထိုင်းမှိုင်းခြင်း၊အော့အန်ခြင်း၊ဖျားခြင်း၊​ဝမ်းလျောခြင်းနှင့်သွေးဝမ်းသွားခြင်း တို့ဖြစ်ပါတယ်။နောက်ဆက်တွဲအနေနဲ့ ကိုယ်အလေးချိန်လျော့ခြင်း၊ခန္ဓာကိုယ်ရေဓါတ်ခမ်းခြောက်ခြင်းနှင့်သွေးအားနည်းခြင်းတို့ဖြစ်တက်ပါတယ်။

ရောဂါကာကွယ်မှုနဲ ကုသမှုကဘာတွေလဲ❓
☑️ကာကွယ်ဆေးထိုးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုကောင်းမွန်ခြင်းက ရောဂါကာကွယ်
ရေးအတွက် အရေးကြီးပါတယ်။ ခွေးပေါက်
​များကို အသက်၆ပတ်သားမှာကာကွယ်ဆေးထိုးပေးတာကအကောင်းဆုံးဖြစ်ပါတယ်။ ဖျားနေသောခွေးများနှင့် ထိတွေ့မှုမရှိအောင်ဂရုစိုက်ဖို့လိုပါတယ်။ သွေးဝမ်းရောဂါ ခံစားနေရတယ်လိုသံသယရှိရင် (သို့မဟုတ်) သွေးဝမ်းရောဂါခံစားရတဲ့လက္ခဏာ တွေ့ရှိတယ်ဆိုရင် နီးစပ်ရာဆေးခန်းများကိုသွားရောက်ပြသပြီ ကုသမှုခံယူသင့်ပါတယ်။ သွေးဝမ်းရောဂါကို တိုက်ရိုက်ကုသနိုင်တဲ့ဆေးမရှိသေးတဲ့အတွက် ခွေး၏ ကိုယ်ခံအားစနစ်မှ ဗိုင်းရပ်စ်ကိုတိုက်ထုတ်နိုင်သည်အထိကုသရပါတယ်။ ရောဂါပိုးဟာ အူလမ်းကြောင်း အတွင်းအလွှာများကွာကျမှု့ကြောင့်secondary bacterial infection နောက်ဆက်တွဲရောဂါပိုး မ၀င်အောင် သင့်တော်သော Antibiotic ပဋိဇီ၀ဆေးများပေးခြင်း၊ရေဓါတ်ဆုံးရှုံးခြင်းဖြစ်တဲ့အတွက်ကြောင့် သွေးကြောထဲသို့ဓါတ်ဆားရည်များသွင်းခြင်း၊
အအန်ပျောက်ဆေးများပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ရောဂါကို စောစောသိပြီး ဆရာဝန်ပြောတဲ့အတိုင်းစနစ်တကျလိုက်နာ​ပြီကုသမယ်ဆိုရင် ရောဂါပြန်သက်သာလာဖို့ရာခိုင်နှုန်းများပါတယ်။

🐶 Royal Myatတိရိစ္ဆာန်ဆေးကုခန်း
🐶ပုဂံမြို့သစ်စျေးအရှေ့ဘက်
🐶 အမှတ်(6)လမ်းထိပ်
🐶ဆေးခန်းဖွင့်ချိန် မနက်9:00AM to 5:00PM
🐶တနင်္ဂနွေ နေ့တိုင်းဆေးခန်းပိတ်ပါတယ်
Dr. Myat Thida

1::'SmartHeart Power Pack'Adult Medium to Large Breedအရွယ်ရောက် ခွေးနှင့် ခွေးကြီးများ အတွက်20kg =69000ks1kg =7500ks☑ဆေး...
01/06/2022

1::'SmartHeart Power Pack'
Adult Medium to Large Breed
အရွယ်ရောက် ခွေးနှင့် ခွေးကြီးများ အတွက်

20kg =69000ks
1kg =7500ks

☑ဆေးခန်းတွင်ဝယ်ယူရရှိနိုင်ပါပြီ☑

Royal Myat တိရစ္ဆာန် ဆေးကုခန်း
ပုဂံမြို့သစ်စျေးအရှေ့ဘက်/အမှတ်(6)လမ်းထိပ်
ပုဂံမြို့
📞09-989668321

Myat
and pet food

ဆေးခန်းဖွင့်ချိန် 8:30AM to 5:30PM

Address

No. 6& Kan Khaw Street
Bagan

Telephone

+959973287307

Website

Alerts

Be the first to know and let us send you an email when Royal Myat Vet Clinic and Pet Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Myat Vet Clinic and Pet Accessories:

Share

Category


Other Bagan pet stores & pet services

Show All