Lush Harvest indoor plants

Lush Harvest indoor plants Planting

ပုသိမ် / မြိတ် / ကော့သောင်း / ရန်ကုန် အပို့လေးတွေပါရှင့်Thanks for planting with Lush Harvest 💚
22/09/2022

ပုသိမ် / မြိတ် / ကော့သောင်း / ရန်ကုန် အပို့လေးတွေပါရှင့်

Thanks for planting with Lush Harvest 💚

Hoya လေး အပွင့်ပါ အရောင်သိတစ်ပင်ရှိပါ့မယ်ရှင့်8500 ပါရှင့် အူယားပြီး ညှစ်ချလိုက်ချင်တာ 🫠
10/09/2022

Hoya လေး အပွင့်ပါ အရောင်သိတစ်ပင်ရှိပါ့မယ်ရှင့်

8500 ပါရှင့်

အူယားပြီး ညှစ်ချလိုက်ချင်တာ 🫠

အကျော့လေးရေးပေးထားတဲ့ spider နဲ့ Bichetii နှစ်မျိုးလုံး မင့်မင့်ဆီရှိပါတယ်ရှင့် 💚
08/09/2022

အကျော့လေးရေးပေးထားတဲ့ spider နဲ့ Bichetii နှစ်မျိုးလုံး မင့်မင့်ဆီရှိပါတယ်ရှင့် 💚

ဒီနေ့မှာတော့ အပင်ချစ်သူအချို့ မှားလေ့ရှိတဲ့
ပင့်ကူဂမုန်း(spider plant) နဲ့ သဇင်မင်း(Bichetii Grass) ၂မျိုးကြားက ကွာခြားချက်​လေး​တွေကို မျှ​ဝေ​ပေးပါမယ်ရှင် ❤

ဒီ၂မျိုးက မျိုးနွယ်ဝင်တူပေမဲ့ မတူညီတဲ့အပင်လေးတွေဖြစ်ပါတယ်။ ဘယ်လိုတွေ ​ယေဘုယျကွာခြားလဲဆိုတာ ဆက်​လေ့လာရ​အောင် .....

✅ ပင့်ကူဂမုန်း(Spider Plant )
-အမြစ်မွှား‌နဲ့ဖြစ်ပြီး အရွက်တံပိုရှည်ပါတယ်
-ရိုးတံက​နေပွားနိုင်ပြီး​တော့ အချိန်ခဏနဲ့ပဲပွားမြန်ပါတယ်
-အရွက်က သဇင်ဂမုန်းထက် ပိုတောင့်ပါတယ်
-လက်တံရှည်ထွက်အပွင့်ပွင့်ပြီး အပွင့်ညိုးရင် အပင်သစ်ပေါက်ပါတယ်
-ပန်းပွင့်ဝတ်ဆံ အဝါရောင်ဖြစ်ပါတယ်
-အရွက်ရဲ့အ​ရောင်​ဖျော့​တော့​တော့ရှိပါတယ်

✅ သဇင်မင်း (Bichetii Grass)
-သဇင်ဂမုန်းက အမြစ်နဲ့မဟုတ်ဘဲ ဥလေးတွေနဲ့ဖြစ်ပါတယ်
-အပင်ပွားတဲ့အခါအုံက​နေပဲအပင်သစ်ထွက်ပွားပါတယ်
-အရွက်သည် ပျော့​ပျောင်းပြီး‌သေးသွယ်ပါတယ်
-ပန်းပွင့်ဝတ်ဆံက အဖြူရောင်ဖြစ်ပါတယ်
-အရွက်ရဲ့​အ​ရောင်တောက်​တောက်ပပပိုရှိပါတယ်

ဒီအချက်လေးတွေက​ ​ယေဘုယျကွာခြားချက်​တွေဖြစ်ပြီး​တော့ သိပ်ပြီးလဲ ထူးထူးခြားခြားကွဲပြားတာမျိုးမ​တွေ့ရတာမို့ ရင်းနှီးပြီးသားသူဆိုရင်​တော့ တန်းခွဲခြားနိုင်ပါတယ်​နော် ❤

Content by Mi
Design by Phoo Pyae Pyae Kyaw

(My Greeneryမှ မည်သည့်ပုံ မည်သည့်စာကိုမျှ ခွင့်ပြုချက်မရပဲ ကူးယူ​ဖော်ပြခွင့်မပြုပါ)

My Greeneryက​နေ ​နောက်ထပ်အပင်နဲ့ပတ်သက်တဲ့ ဗဟုသုတ​တွေသိချင်ရင်​တော့
https://www.facebook.com/113566204325281/posts/125122993169602/


ကချင်ကိုပို့ရမယ့် ခမောက်လေး15စည်း💜 တုံးကပ်ပေးထားတာလေးခမောက်ကြိုးလေးတွေက ကုန်ပါပြီရှင့် နော် Thanks for planting with Lus...
05/09/2022

ကချင်ကိုပို့ရမယ့် ခမောက်လေး15စည်း💜 တုံးကပ်ပေးထားတာလေး

ခမောက်ကြိုးလေးတွေက ကုန်ပါပြီရှင့် နော်

Thanks for planting with Lush Harvest 💚

အပင်တွေလှလိုက်တာဆိုတာ 💚
03/09/2022

အပင်တွေလှလိုက်တာဆိုတာ 💚

ဒီ 12မျိုးလုံး မင်မင့်ဆီ stock ရှိပါတယ်ရှင့်စာကလေးကတိုး-၂၅၀၀ဝါးသစ်ခွ-၃၀၀၀(မြေစိုက်သစ်ခွ)ကြောင်မြီးတူ -၃၀၀၀ဂနိုင်နဘေးပေါက...
03/09/2022

ဒီ 12မျိုးလုံး မင်မင့်ဆီ stock ရှိပါတယ်ရှင့်

စာကလေးကတိုး-၂၅၀၀
ဝါးသစ်ခွ-၃၀၀၀(မြေစိုက်သစ်ခွ)
ကြောင်မြီးတူ -၃၀၀၀
ဂနိုင်နဘေးပေါက်-၃၅၀၀
ဇလပ်ထော်-၃၅၀၀
မောက်ခမ်းဝါ-၃၀၀၀
လေးထောင့်ရွှေတူ-၄၅၀၀
ရတနာရွှေခက်-၃၀၀၀
မောက်ခမ်းဝါ-၃၅၀၀
ပုတီးဆင့်-၄၀၀၀ (အဖူးအပွင့်ပါ)
ခမောက်ကြိုး-၃၅၀၀
ခရမ်းမွှေး-၈၅၀၀ ( အသင့်စိုက်ပြီးသား တုံးကပ် )

တစ်စီးစီရဲ့ ရနိုင်တဲ့ ပမာဏကို မင်မင် comment မှာပြပေးမယ်နော်

မုံရွာကဆို အိမ်လာကြည့်လို့ရပါတယ်ရှင့်

09-968968961

ပုတီးဆင့်လေးတွေက အဖူးတွေထိုးနေပါပြီရှင့်တစ်စည်း-၄၀၀၀ပါရှင့်ဥတွေများပြီး အုံကြီးပါတယ်နော် 💚
01/09/2022

ပုတီးဆင့်လေးတွေက အဖူးတွေထိုးနေပါပြီရှင့်

တစ်စည်း-၄၀၀၀ပါရှင့်

ဥတွေများပြီး အုံကြီးပါတယ်နော် 💚

နရိန္ဒာ ဒေါင်းဖိုဂမုန်း (ခေါ်) Calathea makoyana (ခေါ်) Peacock plantတစ်ပင် -4500 ပါရှင့်အကွက်လေးတွေကိုက အရမ်းလှ 🦚ခြံပင်...
27/08/2022

နရိန္ဒာ ဒေါင်းဖိုဂမုန်း (ခေါ်) Calathea makoyana (ခေါ်) Peacock plant

တစ်ပင် -4500 ပါရှင့်

အကွက်လေးတွေကိုက အရမ်းလှ 🦚

ခြံပင်လေးမို့ စျေးလည်းလေးချို 💚

Indoor ထားလို့ရပါတယ်ရှင့်

Card လှလှလေးတွေ ရလာပြီဆိုတော့ မင်မင် ပေးချင်နေပါပြီ 💚
27/08/2022

Card လှလှလေးတွေ ရလာပြီဆိုတော့ မင်မင် ပေးချင်နေပါပြီ 💚

ကန္တာရ နှင်းဆီ အထပ်မျိုး အရောင်ကအဖြူကို ပန်းရစ်လေးကွပ်ထားတာပါရှင့်🤍💗အပင်အမြင့် တစ်ပေကျော် အကိုင်းနှစ်ခုပါ 8” ဆိုဒ်အိုးကြ...
27/08/2022

ကန္တာရ နှင်းဆီ အထပ်မျိုး အရောင်ကအဖြူကို ပန်းရစ်လေးကွပ်ထားတာပါရှင့်🤍💗

အပင်အမြင့် တစ်ပေကျော် အကိုင်းနှစ်ခုပါ 8” ဆိုဒ်အိုးကြီးနဲ့ပါရှင့်

9500mmk

မုံရွာမြို့တွင်းပဲ ရပါဦးမယ်ရှင်

ရန်ကုန် / စကု / မင်းဘူး နဲ့ မြို့တွင်းအပို့လေးတွေ 🍀Thanks for planting with Lush Harvest 💚
27/08/2022

ရန်ကုန် / စကု / မင်းဘူး နဲ့ မြို့တွင်းအပို့လေးတွေ 🍀

Thanks for planting with Lush Harvest 💚

ဒေသသစ်ခွကို ပိဿာလိုက်လည်း မယူချင်ဘူး နည်းနည်းပဲစမ်းစိုက်ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် စျေးချိုချိုလေးနဲ့ရပါ့မယ်ရှင်ဂနိုင်...
26/08/2022

ဒေသသစ်ခွကို ပိဿာလိုက်လည်း မယူချင်ဘူး
နည်းနည်းပဲစမ်းစိုက်ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် စျေးချိုချိုလေးနဲ့ရပါ့မယ်ရှင်

ဂနိုင်နဘေးပေါက် -၃၀၀၀
ခမောက်ကြိုး-၃၅၀၀
စတစ် -၃၀၀၀
မောက်ခမ်းဝါ -၄၀၀၀
ဇလပ်ထော် ပန်းရောင်-၄၀၀၀
ကြောင်မြီးတူ-၃၀၀၀
ရွှေတူလက်တံရှည်-၄၅၀၀

တစ်စည်းစီကို အုံလှလှ အပင်သန်သန်လေးရပါမယ်ရှင်

ဒေသ သစ်ခွ များက အကြမ်းခံပြီး နှစ်သက်ဖွယ်ရာ ကောင်းပါတယ် ရှင့်😍

ဒေသသစ်ခွ စိုက်ပျိုနည်း
~ Orchid
( 1 ) ဒေသသစ်ခွပင်ကို ဝယ်တဲ့အခါမှာ အချို့အပင်များကအရွက်ပါသလို အချို့ကလည်း အရွက်များ မပါတတ်ကြပါဘူး ... ဒါပေမယ့် အရိုးချည်းပါလို့လဲ စိုးရိမ်စိတ်မရှိဘဲ စိုက်ပျိုးပါ ... အများစုက မကြာခင်အဖူးထွက်လာကြတော့မှာဘဲ ဖြစ်ပါတယ် ...

( 2 ) ဒေသသစ်ခွတွေကို မစိုက်ပျိုးခင် အမြစ်ကို ညှပ်ပါ ... အမြစ်ဟောင်းကိုညှပ်မှသာ အမြစ်သစ်ထပ်ထွက်ပါမယ် ... အမြစ်ဟောင်းမညှပ်ပါက ရေဝင်ပြီးပုတ်တတ်ပါတယ် ...

( 3 ) အမြစ်ဟောင်းကိုညှပ်တဲ့အခါမှာ သန့်ရှင်းသောကတ်ကြေးကိုသာ အသုံးပြုစေလိုပါတယ် ... အမြစ်ပိုး မ၀င်စေရန်အတွက်ပါ ... အပင်ကို အမြစ်ညှပ်ပြီးစိုက်ပျိုးပါက အပင်သေနှုန်းနည်းပါး ပါတယ်တဲ့ ခင်ဗျာ ...

( 4 ) ဒေသသစ်ခွပင်များကို အလင်းရောင် လုံလောက်စွာရရှိတဲ့နေရာမှာထားစိုက်ပါ ... ထိုမှသာအပွင့်ပွင့်မှာဖြစ်ပါတယ် ...

( 5 ) ဒေသသစ်ခွပင်များဟာ တစ်နှစ်တစ်ကြိမ်သာပွင့်ကြပါတယ် ... ဒါပေမယ့်ဒေသသစ်ခွများဟာ အကြမ်းခံကြပါတယ် ခင်ဗျာ ...

( 6 ) ဒေသသစ်ခွများဟာ နိုင်ငံခြားသစ်ခွများလို ဆေးမကျွေးလည်းရပါတယ် ... ရေကိုသာ တစ်နေ့ ( ၂ ) ကြိမ် ပုံမှန်လောင်းပေးပါ ...

( 7 ) အားဆေးကျွေးလိုပါက ( B1 )လောက်သာကျွေးပေးပါ ... ဒါကလည်း အမြဲကျွေးစရာမလိုပါဘူး ခင်ဗျာ ... နှစ်ပတ်မှ ( ၁ ) ကြိမ်လောက်ကျွေးရင် လုံလောက်ပါပြီခင်ဗျာ .....

# Zin Zin Oo ( ဗဟုသုတကျေးရွာ ) ၏ ပို့စ်မှ ထုတ်နုတ်ဖော်ပြပါသည် ....
~ တော်ဝင်ပန်း မြေယာရှုခင်း
~ Photo : : Internet.

ဒေသ သစ်ခွ ပန်းမျိုးများမှာ
အကြမ်းခံပြီး ပန်းမျိုးအလိုက် ပန်းပွင့်ရာသီချိန်ရောက်တာနဲ့ အစီအရီ ဖူးပွင့်လာတာမို့
စိုက်ပျိုးသူ နှစ်သက်စိတ်ချမ်းမြေ့စေမှာပါရှင့်🙏🙏

ဒေသ သစ်ခွ တွေ အများကြီးရောက်ထားပါတယ်ရှင့်စျေးချိုချိုလေးနဲ့အပင်လှလှလေးတွေ ရောင်းပေးပါ့မယ်ရှင့် 🍀💚
26/08/2022

ဒေသ သစ်ခွ တွေ အများကြီးရောက်ထားပါတယ်ရှင့်

စျေးချိုချိုလေးနဲ့အပင်လှလှလေးတွေ ရောင်းပေးပါ့မယ်ရှင့် 🍀💚

Edited-ကုန်ပါပြီရှင့် ❣️ကတ္တီပါရွက်လှတွေ မြို့သစ်အကြုံရှိလို့လာယူနိုင်ရင်လက်ဆောင်ပေးချင်ပါတယ် အုံတွေကအကြီးကြီးတွေပါရှင့်...
23/08/2022

Edited-ကုန်ပါပြီရှင့် ❣️

ကတ္တီပါရွက်လှတွေ မြို့သစ်အကြုံရှိလို့လာယူနိုင်ရင်လက်ဆောင်ပေးချင်ပါတယ် အုံတွေကအကြီးကြီးတွေပါရှင့်

ကိုင်းဖြတ်စိုက်လည်းရှင်တော့ ကိုင်းတွေလည်းအများကြီးရှိပါတယ်ရှင့်

ကလော vibe လေး 🌲Decoration လှလှဆင်မယ့် ကလေးတွေအတွက်ထင်းရှူးသီးလေးတွေ ရှိပါတယ်ရှင့် တစ်လုံး - 800 ပါရှင့် 💚
19/08/2022

ကလော vibe လေး 🌲

Decoration လှလှဆင်မယ့် ကလေးတွေအတွက်

ထင်းရှူးသီးလေးတွေ ရှိပါတယ်ရှင့်

တစ်လုံး - 800 ပါရှင့် 💚

04/08/2022

(ဦး/ဒေါ်/ကို/မ) မတပ်ထားခြင်းအတွက် တောင်းပန်ပါတယ်ရှင့်

မင်မင် တပ်လိုက်ရင် မင်မင့်အနေနဲ့ ကြီးတာ/ငယ်တာဖြစ်သွားရင် အားနာရမှာမို့ပါရှင့် ပြီးတော့ loyalty card လေးထွက်လာရင်လည်း ဒီတိုင်းနာမည်သီးသန့်လေးပဲ ထွက်လာမှာဆိုတော့လေ

နာမည်မပါတဲ့သူလေးတွေ မင်မင့်ကိုစိတ်မဆိုးဘဲ လာပြောပေးပါဦးနော်

Arkar Wint
Nway Oo Ywat War
Thant Hsu Myat
Aung Myint Myat
Myat Su
Nay Phyo Thit
Win Pyae Phyo
Lynn Pa Pa Aung
Hnin Shwe Sin
Bhone Pyae
Naychi Lin Latt
May Pwint Phyu Hlaing
Phyu Hnin Aye
Su Myat Htet
Phyu Zin Moe Htet
Aye Chan Myat
Khaing Nwe Win
Chaw Eaindra Tun Win
Puitei Tahan
Shwe Yi Han
Swan Htet Kyaw
Thuya Min Htet
Wai Mon Oo
Hsu Mon Khin
Yee Mon Phyoe
Ei Mon Soe
Myat Theingi Khaing
Hnin Yu
Noon Kham Lay
Khant Nyar Moe
Shoon Lei
Lynn Thant Thant Naing
Aye Mya Mya
May Kyi
Zin Phyo
Theingi
Myat Naing
May Thu Ko Oo
Khin Jue
Hsu Thinzar Htet
Thu Ta Naing
Miee Miee
Han Don Kyu
Aung Myat Thu
Su Myat Phyu
Han Zaw Tun

🍀💚

မွှေးလွန်း လှလွန်း စိုက်ရလွယ်လွန်းတဲ့Freesia ရေမွှေးပန်းဥလေးကိုရောင်းပေးပါဦးမယ်🥰စိုက်ရလွယ်သလောက်တစ်ခါစိုက်ရင်မွှေးကြူနေ...
04/08/2022

မွှေးလွန်း လှလွန်း စိုက်ရလွယ်လွန်းတဲ့
Freesia ရေမွှေးပန်းဥလေးကိုရောင်းပေးပါဦးမယ်🥰

စိုက်ရလွယ်သလောက်တစ်ခါစိုက်ရင်
မွှေးကြူနေအောင် မွှေးလွန်းပါတယ်

သူ့ရဲ့ အနံ့မွှေးမွှေးလေးရယ် စိုက်ရလွယ်ပြီး လှလွန်းတာရယ်ကြောင့် အချစ်ခံ
ရတဲ့ ပန်းလှလှလေးပါ ❤️

တစ်ဥ-200ကျပ်ပါရှင့်(ဥ-25) 5000ဖိုးတော့အနည်းဆုံးယူပေးပါနော်

အရောင်အနေနဲ့ အဖြူရယ် အဝါရယ် ရပါတယ်

ရောမယူဘဲ သက်သက်ပဲယူပေးပါနော်

ကြက်သွန်ဖြူဥ တစ်လုံးဆိုဒ်ပါရှင့်ဒီsizeလေးတွေစိုက်ထားတဲ့အခင်းလေးတွေနောက်ဆုံးမှာထည့်ပေးထားပါတယ်ရှင့်

တော်သလင်းလ စတင်စိုက်ပျိုးနိုင်ပြီး
တပေါင်လဆို ဖူးပွင့်ပါပြီ

မြေဘောင်အသင့်ပြီး မြေဘောင်ပေါ်
ပန်းမျိုးဥ အသင့် စိုက်ပျိုးပေးရပါတယ်
နေ့စဉ်ရေဖြန်းပေးရုံပါပဲရှင့်

မျိုးဥ တစ်ခါရင်းယုံနဲ့ မျိုးဥ ပွါးလာတာပါတယ်ရှင့်

လက်ကားစျေးသီးသန့်ရှိပါတယ်ရှင့်

“ကောက်စိန်လေးကိုလာဘ်လေးနည်းနည်းထိုးလိုက်ပါတယ် 😝😝😝 စတာပါ Anni တုန်းက လက်ဆောင်ပေးဖို့စိတ်ကူးရှိပေမယ့် ဘာပေးရမယ်မသိလို့ ခုမ...
02/08/2022

“ကောက်စိန်လေးကိုလာဘ်လေးနည်းနည်းထိုးလိုက်ပါတယ် 😝😝😝 စတာပါ Anni တုန်းက လက်ဆောင်ပေးဖို့စိတ်ကူးရှိပေမယ့် ဘာပေးရမယ်မသိလို့ ခုမှပေးလိုက်ပါတယ် လို့” ဆိုတဲ့စကားလေးနဲ့အတူ အသန့်လေးအတွက် surprise gift လေးရထားပါတယ်ရှင် 💚

အသန့်လေးက ကံကောင်းတဲ့ ကလေးပါပဲ 💕 မင်မင့်ကို အပင်အလဲအလှယ်လေးလုပ်ချင်ရင် လာပြောပါ အသန့်လေးရေ မနက်ဖြန်မင်မင်ပို့ပေးပါ့မယ်နော် ❣️

Edited-All sold out ✨🌧မင်မင် ပျက်ကွက်တာတွေများနေလို့ အရင်ဆုံးတောင်းပန်ချင်ပါတယ်ရှင့်မင်မင်ရဲ့အရောင်းpostတွေ စိတ်မသက်မသာဖ...
02/08/2022

Edited-All sold out ✨🌧

မင်မင် ပျက်ကွက်တာတွေများနေလို့ အရင်ဆုံးတောင်းပန်ချင်ပါတယ်ရှင့်

မင်မင်ရဲ့အရောင်းpostတွေ စိတ်မသက်မသာဖြစ်နေတဲ့ကြားရောက်သွားရင် ရောင်းနိုင်တယ်လို့ထင်မှာစိုးတာရယ် မင်မင်ကိုယ်တိုင်လည်း ဘယ်လိုမှ စိတ်ထဲ ရောင်းဖို့ကို အားမရှိနေတာရယ် အကြောင်းကြောင်းကြောင့် တစ်ပတ်လောက် မင်မင် နားလိုက်ပါတယ် 😢

ဆိုင်လေးတစ်နှစ်ပြည့်တဲ့ 1st anniversary မှာ ဘာမှကို လုပ်မပေးရသေးတာမို့ Giveaway ကျလည်း ကံကောင်းတဲ့သူပဲရမှာမို့ အောက်မှာပြထားတဲ့ အပင်(10)မျိုးကို ဘာပဲယူယူ (3000) ကျပ်နဲ့ တစ်မျိုးကို ငါးပင်စီမင်မင်ရောင်းပေးပါ့မယ်ရှင့် ဆယ်မျိုးဆိုတော့ အပင် (50) တိတိ ကုန်ရင် ရပ်ပါ့မယ်ရှင်
ဘယ်ကနေကြည့်ကြည့် တန်တဲ့အပင်လေးတွေပဲမို့

ပြီးတော့ (3)ပင်နဲ့အထက် ဝယ်တဲ့ 15ယောက်ကို
စိန်ခြယ်ပန်းမျိူးစေ့/အမ်မာပုစွန်ဆီရောင်ဥ/Cypress Vineမျိုးစေ့ (နီ/ပန်း)/dendrobiumသစ်ခွ/မောင်ကြီးပက်လက်လန်ဥ/Neon Pothos/ သဇင်မင်း /Turtle Vine
လေးတွေကို မဲနှိုက်ပြီးလက်ဆောင်ထပ်ထည့်ပေးပါ့မယ်နော် 🍀 (အိမ်မှာကိုယ်တိုင်လာနှိုက်လည်းရပါတယ်ရှင့်)

အမြဲတမ်း loyalty customers လေးတွေကတော့ VVIP ကတ်လေးတွေစီစဉ်ထားတာမို့ မကြာခင် မင်မင် လက်ထဲအရောက် ပို့ပေးပါ့မယ်ရှင်

စိတ်ပင်ပန်းညစ်ညူးမှုတွေ အပင်စိုက်ရင်းနဲ့ပဲဖြေသာနိုင်အောင် မင်မင်ဆုတောင်းပေးလိုက်ပါတယ်ရှင့် 💚

မင်မင့်ဆီဒါလေးရောက်ပါမယ်ရှင့် မောင်ကြီးပက်လက်လန် သစ်ခွ=====================- ဒီသစ်ခွပန်းပင်ကို ချစ်သူပက်လက်လန် ၊ သဖွတ်ပန...
19/07/2022

မင်မင့်ဆီဒါလေးရောက်ပါမယ်ရှင့်

မောင်ကြီးပက်လက်လန် သစ်ခွ
=====================

- ဒီသစ်ခွပန်းပင်ကို ချစ်သူပက်လက်လန် ၊ သဖွတ်ပန်း ၊ မြေစိုက်သစ်ခွမွှေး ၊ သွေးတိတ်ပင် ၊ စိမ့်ခွာညို ၊ စိမ့်သစ်ခွဆိုပြီး အမည်အမျိုးမျိုးခေါ်ကြပါတယ်ခင်ဗျာ ...

- သူဟာ မြေစိုက်သစ်ခွ အမျိုးအစားဖြစ်ပြီး ရေငွေ့ များသောနေရာများနှင့် မြစ်ချောင်းဘေး ၊ ရေအိုင်ကြီးများ ၊စိမ့်တောများ ၊ နွံတောများက်ို နှစ်သက်ကြပါတယ် ...

- စိုက်ပျိုးမည်ဆိုပါက မြေတွင်ချစိုက်နိုင်သလို အိုးနဲ့လဲ စိုက်ပျိုးနိုင်ပါတယ် ... ပန်းဟာရနံ့မွှေးပြီး ပန်းပွင့်သက်တမ်းက နှစ်ပတ်ခန့် ကြာရှည်ပါတယ် ...

- မြန်မာနိုင်ငံမှာတော့ အင်းလေးဒေသ ၊ ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသ များမှာ တွေ့ရှိနိုင်သော မြန်မာ့မျိုးရင်းသစ်ခွ
တမျိုးလည်းဖြစ်ပါတယ် ...

- စိုက်ပျိုးကြရာမှာတော့ နောက်ချေးဆွေးကို မြေကြီးနဲ့ဆတူရောပြီး အုန်းခွံများအသုံးပြုကာ စိုက်ကြပါတယ်ခင်ဗျာ ... တောနယ်များမှာတော့
မြေမှာဒီအတိုင်းအလွယ်ချစိုက်လို့ကောင်းကောင်းဖြစ်ထွန်းတာလည်းမြင်ဖူးပါတယ်

- သူဟာ ရေအစိုဓာတ်အမြဲရနေတာကို ကြိုက်နှစ်သက်ပြီး ရေဝပ်တာကိုလဲ အတော်အသင့် ခံနိုင်ပေမယ့် ရေငတ်တာတော့ မခံနိုင်ပါဘူးခင်ဗျာ ...

- ဒါ့ကြောင့် အုန်းခွံများထည့်ပေးထားနိုင်ရင် အစိုဓာတ်များများထိမ်းနိုင်ပါတယ် .. နေရောင်ရရင် အကောင်းဆုံးဖြစ်ပေမယ့် နေ့ခင်းနေပြင်းကို တိုက်ရိုက်မခံနိုင်ပါဘူး ...

- နေအရမ်းပူပြင်းပြီး ရေမလုံလောက်ရင် အရွက်များ ခြောက်ကုန်တတ်ပါတယ် ... အပင်သေတဲ့အထိ ဖြစ်ခဲပေမယ့် သန်စွမ်းမှုကိုထိခိုက်နိုင်တာကြောင့်
နေပူလျော့အောင် အရိပ်လုပ်ပေးတာ အကောင်းဆုံးပါ ...

- သူ့ရဲ့အမြစ်များဟာ အပေါ်ယံမြေလွှာမှာပဲ ဖြန့်ပြီးလျှောက်သွားတတ်တဲ့ အကျင့်ရှိတာမို့ အိုးအောက်ခြေမြေထဲကို သိပ်အနက်ကြီး ဆင်းလေ့မရှိပါဘူး ...

- ဒါကြောင့် အိုးနဲ့စိုက်မယ်ဆိုရင် အဝကျယ်တဲ့အိုးမျိုးကို အိုးအောက်ခြေမှာ အုန်းခွံကြမ်းခံပြီး အပေါ်ယံကိုသာ စပ်မြေတင်စိုက်ရင် အဆင်ပြေပါပြီ ...

- သစ်ခွပွင့်ချိန်မှာ ပန်းခိုင်ပိုကြီးအောင်ဆိုပြီး အပွင့်ဆေး စ,သောဆေးများ မပေးမိပါစေနဲ့ ... ထွက်လာတဲ့အဖူးစို့ဟာ အပင်ဖြစ်သွားတတ်လို့ပါ ... မိုးတွင်းကာလ အပင်ကြီးထွားချိန်မှာတော့ အပင်ဆေးပေးနိုင်ပါတယ် ...

- မောင်ကြီးပက်လက်လန် သစ်ခွပန်းရဲ့ ပင်စည်ခေါင်းဥဟာ အလွန်ဆေးဖက်ဝင်သောကြောင့် တိုင်းရင်းဆေးများတွင် အသုံးပြုကြပါတယ် ...

- ပင်စည်ခေါင်ဥကို အစိမ်း ( သို့ ) အခြောက်လှမ်းပြီး အသုံးပြုကြပါတယ် ... သူဟာရနံ့ရှိပြီး အအေးဓာတ်ပါဝင်တယ်လို့ ဆိုကြပါတယ်ခင်ဗျာ ...

- ဒီသစ်ခွပန်းကို ချောင်းဆိုးရောဂါ ၊ ချောင်းဆိုးရင်ကျပ် ၊ ချောင်းဆိုးသွေးပါ ရောဂါများတွင် အသုံးပြုကြပါတယ် ...

- ဒါ့အပြင် သူဟာ သွေးထွက်ခြင်း ၊ သွေးယိုစီးခြင်း ၊ ဆံချည်မျှင်သွေးကြောပေါက်ခြင်း တို့ကိုလဲ သက်သာစေတယ်လို့ သိရပါတယ်ခင်ဗျာ ....
Crd မေနွယ်အေး.

Price-4500mmk ပါရှင့်

မင်မင့်ဘဝ သာယာလှပ 🍀ပြောမပြတတ်အောင် ကျေးဇူးလည်းတင်ပြီးပျော်လည်းပျော်ရပါတယ်ရန်ကုန်မှာဒီလောက် indoor ဆိုင်တွေပေါတဲ့ကြားထဲက ...
14/07/2022

မင်မင့်ဘဝ သာယာလှပ 🍀

ပြောမပြတတ်အောင် ကျေးဇူးလည်းတင်ပြီးပျော်လည်းပျော်ရပါတယ်

ရန်ကုန်မှာဒီလောက် indoor ဆိုင်တွေပေါတဲ့ကြားထဲက နယ်ဆိုင်ပိစိလေးကို အမြဲတမ်းမှာပြီး ဒီလိုအားတွေပေးတာ မင်မင်ဟာတကယ် ကံကောင်းသောပါ 🥹🍀

မင်မင့် အချစ်ကလေးတစ်ယောက်ရဲ့ အခန်းလေးတစ်ဖြတ် 🍀Thanks for planting with Lush Harvest 💚
14/07/2022

မင်မင့် အချစ်ကလေးတစ်ယောက်ရဲ့ အခန်းလေးတစ်ဖြတ် 🍀

Thanks for planting with Lush Harvest 💚

မင်မင် ပြန်ရောက်ပါပြီ ချစ်ကလေးတို့ရေ 😍Lily of the valley လေးတွေ ဥလေးရာ အထုပ်တစ်ရာကျော် ထုပ်ပိုးနေရတာနဲ့ မလှုပ်နိုင်ဖြစ်သ...
11/07/2022

မင်မင် ပြန်ရောက်ပါပြီ ချစ်ကလေးတို့ရေ 😍

Lily of the valley လေးတွေ ဥလေးရာ အထုပ်တစ်ရာကျော် ထုပ်ပိုးနေရတာနဲ့ မလှုပ်နိုင်ဖြစ်သွားလို့ပါနော် 🍀

Thanks for planting with Lush Harvest 💚

မင်မင် သဘက်ခါ ခရီးလေးထွက်စရာရှိလို့ပါရှင့် တူတော်မောင် ပေါက်စလေးကို တားမရ ဆီးမရ အရမ်းတွေ့ချင်နေလို့ အလစ်တဲလေး မင််မင့်ကိ...
01/07/2022

မင်မင် သဘက်ခါ ခရီးလေးထွက်စရာရှိလို့ပါရှင့် တူတော်မောင် ပေါက်စလေးကို တားမရ ဆီးမရ အရမ်းတွေ့ချင်နေလို့ အလစ်တဲလေး မင််မင့်ကိုခွင့်ပေးကြပါနော် ဟီး 💚

အရမ်းတော့မကြာပါဘူးရှင် လေးငါးရက်ပါပဲ ဒီရက်ပိုင်းက အိမ်အလာလေးတွေစိပ်တော့ မင်မင်အားနာနေတာကွယ်

Online ကနေတော့ လိုချင်တာလေးတွေမေးပြီးorder ထားလို့ရပါတယ်ရှင် မင်မင်ပြန်ရောက်တာနဲ့ တန်းပြီးပို့ပေးပါ့မယ်

ပြန်ရောက်ရင်လည်းpost လေးထပ်တင်ပေးပါ့မယ်ရှင်

1st anniversaryလေးတောင် Lush Harvest လေးကပြည့်တော့မှာမို့ အမိုက်စား Promotion တွေအတွက်လည်း stay tuned ပါ အချစ်ကလေးတို့ရေ

မင်မင်ပြောလို့မဝတဲ့စကားလေးပဲ ထပ်ပြောပါဦးမယ် ဒီနေ့အထိအားပေးလာကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🍀

01/07/2022
ဒေသလီလီ ဥ လေးတွေ မင်မင့်ဆီရှိပါတယ်ရှင့်5ဥကို 2000 ပါရှင့် စိုက်ပျိုးနည်း လီလီပန်း(Lily)လီလီပန်း အမျိုးပေါင်း တစ်ရာကျော်လ...
25/06/2022

ဒေသလီလီ ဥ လေးတွေ မင်မင့်ဆီရှိပါတယ်ရှင့်

5ဥကို 2000 ပါရှင့်

စိုက်ပျိုးနည်း လီလီပန်း(Lily)

လီလီပန်း အမျိုးပေါင်း
တစ်ရာကျော်လောက်ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့ ဒေသမျိုးခေါ် ပင်ပုမျိုးနဲ့ တရုတ်မျိုးခေါ် ပင်မြင့်မျိုး ......ဒီနှစ်မျိုးကိုသာ တွင်ကျင်စွာစိုက်ပျိုးကြပါတယ်။

ဘာကွာလဲဆိုတော့
#ဒေသမျိုး #တရုတ်မျိုး
၁။အပွင့်သေး ၁။အပွင့်အနည်းငယ်ကြီး
၂။စောပြီးပွင့် ၂။ဒေသမျိုးတုံးမှ စပွင့်
ပွင့်ခက်အရေအတွက်များ
၃။၇လပိုင်းမှာ ဥရင့် ၃။၉လပိုင်းမှ ပန်းဥရင့်

#စိုက်ဘောင်ပြင်ခြင်း
တမန်းရဖို့ ထည်ထိုးပါ။မြေကို ညှက်ညှက်ကျေတဲ့အထိ
ထွန်နဲ့ မွှေပါ။ကြမ်းရိုက်ပါ။(တအိမ်စာ စိုက်မယ်ဆို ပေါက်ပြားလေးနဲ့ ပေါက်လဲ ရပါတယ်။)နွားချေးအဟောင်းထည့်ပြီး ထပ်မွှေပါ။ပန်းဥ သန်ဖို့အတွက် ဖွဲပြာကိုလည်း ထည့်သုံးကြပါတယ်။ပြီးရင် ရေလောင်းပြီး မြေကို အချိန်ရသလို နပ်ထားရပါတယ်။

စိုက်ဘောင်အမြင့်..... ၆လက်မ။
အနံ(အကျယ်).......... ၄ ပေ။
အရှည်ကတော့......... စိတ်ကြိုက်ထားလို့ရပါတယ်။
အကျယ် လေး ပေ ဆိုတာက လီလီပန်းပင်ဟာ အမြစ်တိုတယ်။ စိုက်ဘောင်နဲ့စိုက်ပြီးရင် ပန်းပင်တွေကြားထဲက ပေါင်းပင်တွေကို နှုတ်ဖို့ ဘောင်ပေါ်တက်မရဘူး။ဒါကြောင့် အကျယ်လေးပေဆို ဘောင်ဘေးကနေ ပေါင်းပင်တွေရှင်းလို့ရတာပေါ့။

✅နေရာဒေသ မရွေး စိုက်ပျိုးနိုင်တယ်။
✅အလင်းရောင်ကို နှစ်သက်တယ်။
✅အထူးသဖြင့် နံနက်နေရောင် ကောင်းစွာရဖို့လိုတယ်။
❌ရေ၀ပ်ဒဏ် ခံနိုင်ခြင်း မရှိပါ။❌မြေစီးမကြိုက်❌
✅လောင်းရိပ်ကျလွန်းပါက ကောင်းစွာကြီးထွားမှုမရှိပါ။
✅အပူချိန်များလျှင် အစိမ်းစမိုးတာ ပိုကောင်းတယ်။

❗ #တစ်ပင်နဲ့တစ်ပင်ဘယ်လောက်ခွါပြီးစိုက်မလဲ❓

ကျဉ်းလွန်းရင် အပင်ကြပ်ပြီး ကျယ်လွန်းရင် အမြစ်ကတိုတော့ အပင်ယိုင်တတ်တာမို့ ၆လက်မ မှ ၉လက်မ အတွင်း ခွါပြီး စိုက်ပျိုးကြပါတယ်။ဒါက စိုက်ဘောင်သမားတွေအတွက်ပါ။
ပန်းအိုးငယ်လေး‌တွေ ၊ပျိုးအိတ်အကြီးတွေနဲ့လည်း စိုက်လို့ ရပါတယ်။

❗ #ဘယ်အချိန်မှာအပင်စ‌ပေါက်သလဲ❓

ပန်းဥ အနုအရင့်ပေါ် မူတည်ပြီး၊
ပန်းဥ ဖော်ထားတဲ့ကြာချိန်ပေါ် မူတည်ပြီး...
အပင်ပေါက်ချိန် ကွာခြားပါတယ်။
ပုံမှန်အားဖြင့် ၁၅ရက်မှ ၂လကျော်အထိ ကြာတတ်ပါတယ်။

❗ #ဘယ်အချိန်မှာပန်းစပွင့်သလဲ❓
ဒေသမျိုးနဲ့ တရုတ်မျိုးဟာ ၆လ ကြာပါတယ်။
နိုင်ငံခြားမျိုးတွေကတော့ ၃လခွဲလောက် ကြာပါတယ်။

❗ #ပန်းပွင့်ပြီးရင်အပင်ကိုသတ်ပြစ်ရမှာလား❓

အပင်ကို ကောင်းမွန်စွာ ဆက်ပြီး ရှင်သန်‌စေရပါမယ်။
ဒါမှ ပန်းမျိုးဥအရင့်ကို ရနိုင်မှာပါ။ ပြီးတော့ မူလရှိတဲ့
ပန်းဥအရေအတွက်ထက် သုံးဆ ပိုပွားကြပါတယ်။
*************************************************
💜ပန်းပွင့်ပြီးတဲ့အခါ အပင်ပုမျိုးက ၇လပိုင်းမှာ ဥရင့်ပြီး
အဲ့ဒီလမှာပဲ မျိုးဥအဖြစ် တူးပြီးယူကြပါတယ်။တရုတ်မျိုးက ၉လပိုင်းမှ ဥရင့်တယ်။

💜ချက်ချင်း တူးယူထားတဲ့ဥကို စိုက်ရင် အပင်ပေါက်ဖို့ကြာပါတယ်။

💜တချို့က အရိပ်ရတဲ့မြေပြင်မှာ ဖြန့်ထားပြီး
တစ်လလောက်ကြာမှ စိုက်ပျိုးကြတယ်။

💜တချို့ကတော့ အစို့ထွက်၊အပင်ပြန်ပေါက်တဲ့အထိ မူလ စိုက်မြေပါပဲ ထားလိုက်ပါတယ်။ဒီလိုလုပ်ဖို့ စိုက်မြေကို ဖွဲစာ၊ဖွဲ၊လွှာစာတို့နဲ့ စိုက်ပျိုးကြတယ်။

ဒီလောက်ဆို အကြမ်းဖျင်းပြည့်စုံပြီလို့ ထင်ပါတယ်။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

မူရင်းရေးသားသူအားလေးစားစွာဖြင့် crd ပေးပါတယ်ရှင့်

အိမ်ထိလာအားပေးသွားတဲ့ ဘုန်ဘုန်းတို့ကို ကျေးဇူးများကြီးတင်ပါတယ်ရှင့် 💚Thanks for planting with Lush Harvest 🍀
23/06/2022

အိမ်ထိလာအားပေးသွားတဲ့ ဘုန်ဘုန်းတို့ကို ကျေးဇူးများကြီးတင်ပါတယ်ရှင့် 💚

Thanks for planting with Lush Harvest 🍀

Coreopsis (စိန်ခြယ်ပန်း) 🌼           ဆိုတဲ့ဒီပန်းလေးက ဂရိစကားကနေ ဆင်းသက်လာတာပါတဲ့ရှင်       တစ်ယောက်ယောက်ကိုစိန်ခြယ်ပန်း...
22/06/2022

Coreopsis (စိန်ခြယ်ပန်း) 🌼


ဆိုတဲ့ဒီပန်းလေးက ဂရိစကားကနေ ဆင်းသက်လာတာပါတဲ့ရှင်

တစ်ယောက်ယောက်ကိုစိန်ခြယ်ပန်းလေးလက်ဆောင်ပေးမယ်ဆို ဒါဟာ မြင်မြင်ခြင်းချစ်မိတယ်လို့သွယ်ဝိုက်ပြောလိုက်ခြင်းပါပဲ

သူ့ရဲ့အဓိပ္ပါယ်လေးက " Love at first sight " ဖြစ်သလို "အမြဲရွှင်လန်း ပျော်ရွှင်နေပါစေ" လို့လည်းဆိုသတဲ့

ချစ်ခြင်းမေတ္တာနဲ့ပျော်ရွှင်ခြင်းကိုညီမျှခြင်းချပေးမယ့်ပန်းလေးပေါ့

ကိုယ့်ရဲ့အချစ်ဆုံးသူတွေကို မွေးနေ့တွေ နှစ်ပတ်လည်နေ့တွေလို ပျော်စရာအချိန်တွေမှာ အပေးသင့်ဆုံးလက်ဆောင်ပန်းလေးပါတဲ့ရှင်

စိန်ခြယ်လေးကပြောတယ် " မင်း ဘဝမှာအမြဲတမ်း ရွှင်လန်းပျော်ရွှင်နိုင်ပါစေ " တဲ့

မူရင်းရေးသားသူကို လေးစားစွာဖြင့် crd ပေးပါတယ်ရှင့် 💛

မင့်ဆီအစေ့ 30 ကို 1000 နဲ့ ဝယ်လို့ရပါတယ်ရှင့်

အပွင့် 60 ကျော်နဲ့ သုံးခိုင် ရှားပါးပက်စီရောင်စိုတောက်လေးမင်မင့်မေမေ လက်ရာလေး ❣️ဆေးကမေမေက ထွေထူးမကျွေးဘူးရယ် သူက dendrob...
21/06/2022

အပွင့် 60 ကျော်နဲ့ သုံးခိုင် ရှားပါးပက်စီရောင်စိုတောက်လေး

မင်မင့်မေမေ လက်ရာလေး ❣️

ဆေးကမေမေက ထွေထူးမကျွေးဘူးရယ် သူက dendrobium ကို ဘယ်ကစမ်းစမ်း ညာက စမ်းစမ်း ကျွမ်းစိန်ကြီး

သစ်ခွလေးတွေ ရောင်းဖို့လည်းရှိပါတယ်ရှင့်

Air plant လေးတွေ ရောက်ပါတယ်ရှင့်ဘဲပြစ်မလေးတွေ/စော်ပြစ်ကောင်လေးတွေကတော့ air plant လို ကျင့်ကြံပါနော်Be like air plant 😂 ဘ...
21/06/2022

Air plant လေးတွေ ရောက်ပါတယ်ရှင့်

ဘဲပြစ်မလေးတွေ/စော်ပြစ်ကောင်လေးတွေကတော့ air plant လို ကျင့်ကြံပါနော်

Be like air plant 😂

ဘယ်လောက်ပြစ်ထားပြစ်ထား မသေပါဘူးရှင် 🍀

မြေလည်းမလို ရေလည်းမလို လေရှုတဲ့ကောင်လေးတွေဆိုတော့

အပင်ပွါး 7/8 ပင်လောက်ပါတဲ့အုံကြီးကိုမှ 6500ထဲပါရှင့်

ခွဲစိုက်ရဲရင် တစ်ပင်ကို 1000 တောင် မကျဘူးဆိုတော့ အရမ်းကိုတန်ပါတယ်

အောက်ကပုံတွေက Pinterest က မင်မင်သဘောကျလို့သိမ်းထားတဲ့ပုံတွေပါရှင့်

မင်မင့်အုံတွေ Comment မှာ တစ်ချက်ကြည့်ပေးပါနော်

09968968961 🍀

June bone လေးတွေကံကောင်းလိုက်ကြတာ အနားမှာ ချစ်ပေးမယ့်သူတွေကြီး 💚🍀မင်မင့်ဆီ ဒီလ မွေးနေ့လေးတွေအတွက် အမှာအများဆုံးလလေးပါရှင...
21/06/2022

June bone လေးတွေကံကောင်းလိုက်ကြတာ အနားမှာ ချစ်ပေးမယ့်သူတွေကြီး 💚🍀

မင်မင့်ဆီ ဒီလ မွေးနေ့လေးတွေအတွက် အမှာအများဆုံးလလေးပါရှင် 🌧💓

ပိန်းရွက်နဲ့ မင်မင့်လက်ကို ကြည့်ပါဦး 💚 3500 တန်လို့တောင်ထင်ရက်စရာမရှိ ❣️လူတစ်ရပ်နီးပါးတွေမို့ ပျော်နေရပါပြီ အဖူးတွေရောပါ...
17/06/2022

ပိန်းရွက်နဲ့ မင်မင့်လက်ကို ကြည့်ပါဦး 💚 3500 တန်လို့တောင်ထင်ရက်စရာမရှိ ❣️

လူတစ်ရပ်နီးပါးတွေမို့ ပျော်နေရပါပြီ အဖူးတွေရောပါလာပါတယ်ရှင့်

မင်မင် ခဏနေတန်းပြီးပို့ပေးပါ့မယ်ရှင့်🍀

Bunny ear cactus လေးတွေ 4500mmk ပါရှင့် 🍀❣️
15/06/2022

Bunny ear cactus လေးတွေ 4500mmk ပါရှင့် 🍀❣️

သစ္စာပန်းဥ ရဲစိုတောက်လေးတွေလည်း တစ်ပြည် 6500နဲ့ရပါမယ်ရှင့် ❣️Edited 🍀အစမ်းဆယ်ပြည်မှာထားတာလေး ကုန်သွားလို့ ထပ်မှာပေးပါ့မယ...
14/06/2022

သစ္စာပန်းဥ ရဲစိုတောက်လေးတွေလည်း တစ်ပြည်
6500နဲ့ရပါမယ်ရှင့် ❣️

Edited 🍀အစမ်းဆယ်ပြည်မှာထားတာလေး ကုန်သွားလို့ ထပ်မှာပေးပါ့မယ်ရှင် နောက်ထပ် order လေးတွေက ငါးရက် တစ်ပတ်လောက် စောင့်ပေးပါနော် ရေစကြိုက ပို့မှာမို့ လမ်းခရီးက မသာလို့ပါရှင့် 🍀

Edited- မရောက်ခင်ကိုကုန်နေတာ 😁🫶🏻 မရတော့ပါဘူးရှင် ကျေးဇူးပါပဲရှင် ဘာလေးပဲတင်တင် ရောက်ကုန်တောင်မဟုတ်ဘဲ မရောက်ကုန်ဖြစ်အောင်...
14/06/2022

Edited- မရောက်ခင်ကိုကုန်နေတာ 😁🫶🏻 မရတော့ပါဘူးရှင် ကျေးဇူးပါပဲရှင် ဘာလေးပဲတင်တင် ရောက်ကုန်တောင်မဟုတ်ဘဲ မရောက်ကုန်ဖြစ်အောင်ကို အားပေးကြမ်းကြတာ🤭💚

ဒေသစွန်နီပိန်းလေးတွေ သဘက်ခါလောက်ရောက်ပါ့မယ်ရှင် နှစ်ပင်လောက်စိုက်ထားရင် ဘုရားပန်းအိုးထိုးပါလေ့ ပွါးက လာဦးမှာ ❣️

တစ်ပင်ကို 3500 ပါရှင့် 🍀

နာမည်ကြီးLily of the valley လေးတွေ 7 လပိုင်းကုန်လောက် မင်မင့်ဆီရောက်ပါမယ်ရှင် 🌧💚 နည်းနည်းလေးတော့စောင့်ပေးပါနော် မင်မင် 1...
10/06/2022

နာမည်ကြီးLily of the valley လေးတွေ 7 လပိုင်းကုန်လောက် မင်မင့်ဆီရောက်ပါမယ်ရှင် 🌧💚 နည်းနည်းလေးတော့စောင့်ပေးပါနော်

မင်မင် 15 ရက်နေ့ orderလေး ပိတ်မယ်နော် 🍀

အေးတဲ့ရာသီမှ ရှင်တာဆိုတော့ မိုးလေးလည်းရှိတုန်း အဆင်သင့်စိုက်ရုံပါပဲရှင့်

တစ်ဥကို 3800 ပါရှင့် 🍀

စိုက်ပျိုးနည်းတွေ သူ့အကြောင်းလေးတွေ comment မှာ မင်မင် link လေးတင်ပေးထားပါ့မယ်နော်

ကြယ်သီးနွယ်လေး တစ်ပင်ကို 2500 ပါရှင့် 🍀💚
03/06/2022

ကြယ်သီးနွယ်လေး တစ်ပင်ကို 2500 ပါရှင့် 🍀💚

I brought some flower for you 🍀💚🌸Pic&Cap - crd (ချစ်လို့)
01/06/2022

I brought some flower for you 🍀💚🌸

Pic&Cap - crd
(ချစ်လို့)

Address

Monywa-Yeu Road, Myanmar, Burma (Myanmar)
Budalin

Telephone

+959968968961

Website

Alerts

Be the first to know and let us send you an email when Lush Harvest indoor plants posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category