High 5 - Pet Food and Accessories - Kungyangon

High 5 - Pet Food and Accessories - Kungyangon � Best of your choice �

Sleeky Calcium-အာဝုပေါက်စတို့ အရွယ်ရောက်တာနဲ့ စတိုက်သင့်တဲ့ဆေးထဲမှာအရိုးအားဆေးလဲပါတယ်ရှင့်🐾အငြိမ်မနေ အရမ်းဆော့အာဝုတို့ ထ...
03/03/2023

Sleeky Calcium

-အာဝုပေါက်စတို့ အရွယ်ရောက်တာနဲ့ စတိုက်သင့်တဲ့ဆေးထဲမှာ
အရိုးအားဆေးလဲပါတယ်ရှင့်
🐾အငြိမ်မနေ အရမ်းဆော့အာဝုတို့ ထိခိုက်မိတာလား?
🐾အာဝုအချင်းချင်းကိုက်လို့ jointလေးတွေနာနေလား?
🐾စက်ဘီး၊ဆိုင်ကယ်၊ကားတခုခုနဲ့ accidentအသေးစားဖြစ်သွားလား

👉အာဝုတို့ကို Calciumတိုက်ထားရင် တော်ရုံအရိုးနဲ့ပတ်သက်တဲ့
အနာတရဖြစ်စရာလောက်က ၉၀%ကာကွယ်ပြီးသားပါ၊
👉အမြန်ပြန်ကောင်းဖို့ ၉၀% သေချာပြီးသားပါ
👉ကြိုတင်ကာကွယ်တဲ့အနေနဲ့၊မဖြစ်မနေတိုက်သင့်တဲ့အထဲမှာ
Calciumအားဆေးပါတယ်ရှင့်

👉စျေးအသင့်အတင့်၊အရည်အသွေးကောင်း၊jointတွေကိုတကယ်
ကောင်းစေတဲ့ Calciumအားဆေးကိုရှာနေတယ်ဆိုရင်
🐾အာဝုမိဘတို့က Sleeky calciumကိုရွေးလိုက်ပါနော်😍
-အမဲသားအရသာ
-ကြက်သားအရသာ ရပါမယ်
Price=6500

👉Calciumလဲမတိုက်ထားဘူး၊အရိုးနဲ့ပတ်သက်တာ၊အာရုံကြောနဲ့ပတ်သက်တာတခုခုဖြစ်လို့ ဘာလုပ်ရမလဲဆိုတဲ့ အာဝုမိဘတိူ့အတွက်ဆိုရင်တော့ High-5 Pet shopက ဆေးနည်းလေးမျှဝေပေးမှာမို့
ယုံကြည်ပြီး
⛩️တောင်ဘက်ပိုင်း၊စိတ္တသုခလမ်း၊ငွေအိုးစတိုးကို လာခဲ့ပါ
09796250725၊09792478874

တိမိဘတို့ကလေးတွေကို သန်ချပေးပြီးပြီလား?👉သန်ပြသနာက အာဝု၊မြောင်တို့ကျန်းမာရေးကို သွယ်ဝိုက်ဆက်နွယ်နေတဲ့အရာပါ-အရေပြားပြသနာကလ...
03/03/2023

တိမိဘတို့ကလေးတွေကို သန်ချပေးပြီးပြီလား?

👉သန်ပြသနာက အာဝု၊မြောင်တို့ကျန်းမာရေးကို သွယ်ဝိုက်ဆက်နွယ်
နေတဲ့အရာပါ
-အရေပြားပြသနာကလဲ သန်ကြောင့်
-အစာမစား၊မှိုင်နေတာကလဲ သန်ကြောင့်
-သွေးအားနည်းတာကလဲ သန်ကြောင့်
-ဝမ်းသွား၊အန်တာကလဲ သန်ကြောင့်
-နေမကောင်းတာကလဲ သန်ကြောင့်
👉သန်အန္တရာယ်ကလဲ ​တိလေးတွေအတွက် ကြောက်စရာကောင်းတဲ့ထဲမှာပါတယ်နော်
👉ဒါကြောင့် တိလေးတွေမွေးပြီး
-၁၄ရက်
-၄၅ရက်ပြည့်
-နောက်ပိုင်း တစ်လတခါပုံမှန်သန်ချပေးဖို့လဲလိုပါတယ်

👉သန်ချဆေးတိုက်ရုံနဲ့လဲမပြီးသေးဘူးနော်၊
-သန်ချဆေးအောင်ဖို့လိုပါတယ်၊
-တိမိဘတို့တိုက်လိုက်တဲ့သန်ချဆေးက တိလေးတွေကိုအနိုင်ယူလိုက်မှာလဲစိုးရိမ်ရတယ်နော်😔
ပြောချင်တာက သန်ချဆေးတိုက်တာများသွားရင်၊
နည်းလမ်းမမှန်ရင်

👉ဒါ့ကြောင့် သန်ချဆေးနဲ့ပတ်သက်လို့သိချင်တာရှိရင်
High-5 Pet shopဆိုင်လာခဲ့ပါ
Price=1200

Nova-Pink Shampoo👉လူတွေသုံးတဲ့shampooနဲ့တိသုံးတဲ့shampoo ကPH balanceမတူပါဘူး👉တိလေးတွေရဲ့ ဆဲလ်အလွှာကလူတွေထက်ပါးပါတယ်👉ဘာမှ...
03/03/2023

Nova-Pink Shampoo

👉လူတွေသုံးတဲ့shampooနဲ့တိသုံးတဲ့shampoo က
PH balanceမတူပါဘူး
👉တိလေးတွေရဲ့ ဆဲလ်အလွှာကလူတွေထက်ပါးပါတယ်
👉ဘာမှမဖြစ်ဘူးဆိုပြီးသုံးပေးနေပေမဲ့ကြာလာတဲ့အခါ
တိလေးတွေရဲ့အရေပြားပျက်စီးလာပါလိမ့်မယ်
👉အရေပြားထိလာပြီဆို အရေပြားနီရဲပြီးယားလာမယ်
👉ဗောက်လိုအဖက်တွေဖြစ်မယ် အမွှေးကျွတ်မယ်
👉အနီစက်တွေထွက်မယ် နောက်ဆုံးအနာတွေနဲ့တကိုယ်လုံးတောင်
ဖြစ်သွားနိုင်တဲ့အတွက် တိလေးတွေကိုရေချိုးရင်
Shampooရွေးချယ်တာမမှားသင့်ပါဘူးနော်

👉Nova-pink Shampooက အရေပြားပြသနာဖြစ်နေတဲ့
အာဝုတို့သုံးပေးသင့်တဲ့ Shampooပါ

😈သတိထားရမဲ့အချက်လဲရှိပါတယ်နော်😈
❌ကိုယ်ဝန်ဆောင်တိ(ရေချိုးပေးလို့မရပါ)
❌မွေးခါစ ၊လသားတိ၊ နေမကောင်းဖြစ်နေတဲ့တိလေးတွေကိုသုံးပေးလို့မရပါဘူး
Price=6500

AGနို့မှုန့်ထုတ်👉မိခင်မရှိတော့တဲ့ ၂လအောက်ကြောင်၊ခွေးပိစိတို့အတွက်👉မိခင်က နို့ထွက်နည်းလို့ နို့မှုန့်အကူသောက်ရမဲ့ပိစိတို့...
08/02/2023

AGနို့မှုန့်ထုတ်

👉မိခင်မရှိတော့တဲ့ ၂လအောက်ကြောင်၊ခွေးပိစိတို့အတွက်
👉မိခင်က နို့ထွက်နည်းလို့ နို့မှုန့်အကူသောက်ရမဲ့ပိစိတို့အတွက်
AGနို့မှုန့်အထုတ်sizeလာပါပြီ😍
Price=2200
❌နွားနို့၊လူသောက်တဲ့နို့မှုန့်တွေမှာပါတဲ့Lactoseဓာတ်က
တိလေးတွေရဲ့အစာအိမ်၊အူလမ်းကြောင်းကို ထိခိုက်စေတဲ့အတွက်
တိမိဘတို့ မတိုက်ကြပါနဲ့ရှင့်

တောင်ဘက်ပိုင်း၊စိတ္တသုခလမ်း၊ငွေအိုးစတိုး

Elevet အားဆေး 👉Iron၊Folic acidဓာတ်တွေပါဝင်လို့ ကိုယ်ဝန်ဆောင်ကာလနဲ့သားဖွားပြီးခါစခွေး၊ကြောင်လေးတွေအတွက်၊သန်း၊မွှား၊သန်ကော...
02/02/2023

Elevet အားဆေး

👉Iron၊Folic acidဓာတ်တွေပါဝင်လို့ ကိုယ်ဝန်ဆောင်ကာလနဲ့
သားဖွားပြီးခါစခွေး၊ကြောင်လေးတွေအတွက်၊သန်း၊မွှား၊သန်ကောင်များကြောင့်သွေးအားနည်းနေသောခွေး၊ကြောင်လေးတွေအတွက်
👉Vitaminဓာတ်များစွာပါဝင်လို့အားနည်းနေသောခွေး၊ကြောင်လေးတွေအတွက် တိုက်ပေးသင့်တဲ့ အလုံး၃၀ပါအားဆေးလေးပါ

Price=11000

🐾ခွေးပေါက်၊ကြောင်ပေါက်လေးတွေနဲ့ သန်းပြသနာ🐾👉အမြဲမေးလေ့ရှိတဲ့မေးခွန်းတခုရှိပါတယ်👉`ခွေး၊ကြောင်ပေါက်လေးတွေမှာ သန်းတွေအရမ်းမျ...
02/02/2023

🐾ခွေးပေါက်၊ကြောင်ပေါက်လေးတွေနဲ့ သန်းပြသနာ🐾

👉အမြဲမေးလေ့ရှိတဲ့မေးခွန်းတခုရှိပါတယ်
👉`ခွေး၊ကြောင်ပေါက်လေးတွေမှာ သန်းတွေအရမ်းများနေလို့
ဘယ်လိုလုပ်ရမလဲ?´
အဖြေ=သန်း၊မွှားပျောက်တဲ့ သောက်ဆေး၊လည်ပတ်၊အစက်ချ၊ပေါင်ဒါတွေသည် တိလေးတွေအသက်၃လပြည့်မှသုံးပေးရတာတွေဖြစ်ပါတယ်
=အဲ့ထဲကတခုခုသုံးပေးလိုက်မိရင် အရေပြားနဲ့အမွှေးကိုထိခိုက်စေနိုင်ပြီး ပမာဏများများသုံးပေးမိရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်

🐾ဒီပြသနာတွေမဖြစ်အောင်ဘယ်လိုလုပ်ရမလဲ🐾
👉သားမစပ်ခင်ထဲက တိမိခင်ကို သန်း၊မွှားပျောက်ဆေးသုံးပေးတာမျိုး၊
👉ကိုယ်ဝန်ဆောင်စဥ်ကာလမှာ တိမိခင်သုံးလို့ရတဲ့ပေါင်ဒါ၊Lotionသုံးပေးတာမျိုး၊လုပ်ပေးခြင်းဖြင့်ကာကွယ်နိုင်ပါတယ်

🐾၃လမပြည့်ခင်းတိလေးတွေမှာ သန်းတွေအရမ်းများနေရင်တော့
ဘီးစိပ်လေးနဲ့တိုက်ချပေးတာ၊သန်းရှာပေးတာမျိုးကိုပဲ တိမိဘတို့ကလုပ်ပေးလိုက်ပါနော်🐾

🐾၃လပြည့်တော့မှ သန်းတွေရှိနေသေးတယ်ဆို High-5 Pet Shop
ဆိုင်ကိုလာခဲ့ပါနော်၊
👉၃လပြည့်တိလေးတွေအတွက်
-သန်း၊မွှားအစက်ချဆေး Price=1500
-သန်း၊မွှားပြေးပေါင်ဒါ Price=4000/6000

👉၆လပြည့်အာဝုတို့အတွက် ၆လအတွင်းသန်း၊မွှား၊အရေပြားပြသနာတွေအကုန်ပျောက်၊ခြင်လဲမကိုက်တဲ့
-သောက်ဆေး Puppy Price=22000
Adult Price=27000
⛩️တောင်ဘက်ပိုင်း၊စိတ္တသုခလမ်း၊ငွေအိုးစတိုး
09792478874၊09796250725

Nekko Jelly👉ရနံ့၊အရသာ၅မျိုးနဲ့Nekko Jellyပြန်ရပါပြီ😍Price=1700
02/02/2023

Nekko Jelly
👉ရနံ့၊အရသာ၅မျိုးနဲ့Nekko Jellyပြန်ရပါပြီ😍
Price=1700

Ostech cat food👉ကြက်သားလဲစားတယ်၊ငါးလဲစားတယ်ဆိုတဲ့မြောင်တို့အတွက်Price=3300👉Ostechဗူးလေးတွေ စျေးအနည်းငယ်တက်ပါမယ်နော်😍
02/02/2023

Ostech cat food
👉ကြက်သားလဲစားတယ်၊ငါးလဲစားတယ်ဆိုတဲ့မြောင်တို့အတွက်
Price=3300
👉Ostechဗူးလေးတွေ စျေးအနည်းငယ်တက်ပါမယ်နော်😍

`သရေစာsnackမှာဆို ထန်းလျက်´👉သူတို့အတွက်ထုတ်ထားတဲ့ snackတွေကဘယ်လောက်ပဲသင့်တော်တယ်ပြောပြောပါ ဒီထန်းလျက်snackကိုမှီပါ့မလား?...
10/01/2023

`သရေစာsnackမှာဆို ထန်းလျက်´

👉သူတို့အတွက်ထုတ်ထားတဲ့ snackတွေကဘယ်လောက်ပဲ
သင့်တော်တယ်ပြောပြောပါ ဒီထန်းလျက်snackကိုမှီပါ့မလား?
👉အစာကြေလွယ်လို့ဝမ်းမှန်စေတယ်၊ဝမ်းချုပ်တတ်တဲ့တိလေးတွေအတွက်အကောင်းဆုံးပေါ့
👉တိမိဘတွေပြောနေကြ၊`အိမ်က ကလေးတွေကနွားနို့အရမ်းကြိုက်တာ´❌ မတိုက်ရဘူးနော်❌
👉နွားနို့မှာပါတဲ့ lactoseဓာတ်က ကလေးတွေခန္ဓာကိုယ်အတွင်းက
သွေးဖြူဥ၊သွေးနီဥဆဲလ်တွေကို တဖြည်းဖြည်းတိုက်ခိုက်ပါတယ်
ကြာလာရင် ကိုယ်ခံအားနည်းလာပြီး သွေးအားနည်းတဲ့ပြသနာတွေ
ဖြစ်လာမှာပါ
👉ဒါ့ကြောင့် အချိုကြိုက်တဲ့တိလေးကို ထန်းလျက်ခဲလေးကျွေးကြည့်ပါ
👉အစာအဆိပ်မိတာ၊ကင်းဆိပ်၊​တက်ရင် ထန်းလျက်ခဲ၊ကြက်ဥ၊
ကန်စွန်းရွက်ကိုထောင်းပြီးတိုက်ရင် အချိန်မှီရင် ကလေးအတွက်
အန္တရာယ်မရှိပါဘူးရှင့်
👉သူတို့ကိုကျွေးနေကြ snackတွေလို တစ်နေ့မှာ ထန်းလျက်
၂ခဲမှ ၃ခဲထိကျွေးနိုင်ပါတယ်
😍တခါတလေကျရင်လဲ သဘာဝတရားကြီးကို လွန်ဆန်လို့မရပါဘူး😍

Omega3 Fish Oil👉Shampooရွေးချယ်မှူမှားလို့အရေပြားပြသနာဖြစ်ခြင်း👉အစားအစာ(ပုဇွန်၊ဝက်သား)လိုမျိုးကျွေးမိလို့ အမွှေးကျွတ်၊အရ...
09/01/2023

Omega3 Fish Oil

👉Shampooရွေးချယ်မှူမှားလို့အရေပြားပြသနာဖြစ်ခြင်း
👉အစားအစာ(ပုဇွန်၊ဝက်သား)လိုမျိုးကျွေးမိလို့ အမွှေးကျွတ်၊
အရေပြားပြသနာဖြစ်ခြင်း
👉အရေပြားယားယံ၊ဗောက်ထ၊ခြောက်သွေ့ခြင်းစတဲ့
အရေပြားပြသနာမှန်ရင် ငါးကြီးဆီကျွေးရပါမယ်
👉အဲ့တော့ ငါးကြီးဆီကျွေးရုံနဲ့အရေပြားပြသနာ​ပျောက်မှာလား???

😎မပျောက်ပါဘူးနော်
-ဆေးshampooသုံးပေးရပါမယ်
-အရေပြားပြသနာပေါ်မူတည်ပြီး creamရွေးချယ်လိမ်းပေးရပါမယ်
-အစားအစာချင့်ချိန်ကျွေးပေးရပါမယ်
အဲ့ဒါတွေနဲ့အတူ ငါးကြီးဆီပါကျွေးလိုက်ရင်အရေပြားပြသနာတွေ
ပျောက်ကင်းမှာ အမှန်တရားပါရှင့်
Price=12000
👉စျေးကြီးလို့ကျွေးဖို့အဆင်မပြေဘူးဆိုရင်
-လူကလေးတွေစားတဲ့ငါးကြီးဆီတိုက်ပေးလို့ရသလို
-မုန်လာဥနီ၊ရွှေဖရုံသီးတို့ကိုပြုတ်ကျွေးလို့လဲရပါတယ်ရှင့်

😍လက်ဆောင်ယူပါရှင့်😍👉ပြီးခဲ့တဲ့၂၀၂၂၊ဒီဇင်ဘာလအတွင်း တိလေးတွေနဲ့ပတ်သက်ပြီးတင်သမျှPostတွေမှာ Likeပေးခဲ့သူများစွာရှိပါတယ်၊👉အဲ...
07/01/2023

😍လက်ဆောင်ယူပါရှင့်😍

👉ပြီးခဲ့တဲ့၂၀၂၂၊ဒီဇင်ဘာလအတွင်း တိလေးတွေနဲ့ပတ်သက်ပြီး
တင်သမျှPostတွေမှာ Likeပေးခဲ့သူများစွာရှိပါတယ်၊
👉အဲ့ထဲကမှ Likeအရေအတွက်အများဆုံးနဲ့လက်ဆောင်ရသူတွေက

-Soe Lwin
-Ye Htut
-Kyaw Myat Thu
-Ko Wunana
-Woutt Phyo
Con Conပါရှင့်😍🥳
👉မြောင်မိဘဆိုရင် ၃၀၀၀တန် ကြောင်စာ၁ထုပ်
👉အာဝုမိဘဆိုရင် ၃၀၀၀တန် စည်သွပ်ဗူး၁ဗူး
လက်ဆောင်လေးယူပါရှင့်😍😍😍

High-5 Pet Shopကိုအားပေးကြတဲ့တိမိဘတယောက်ချင်းစီတိုင်းကို
ကျေးဇူးတင်ရှိပါတယ်ရှင့်🙏🙏🙏
တောင်ဘက်ပိုင်း၊စိတ္တသုခလမ်း၊ငွေအိုးစတိုး

31/12/2022

Jun Jun😍
တစ်နှစ်ပြည့် အမှတ်တရ

Pet 8 Dog Food 400g-အမဲသားအရသာ(အမဲသားအတုံးလေးတွေ၊gravy type)-အမဲသား၊ဟင်းသီးဟင်းရွက်အရောအရသာ-BBQကြက်သားကင်အရသာ-ကြက်သားအသဲ...
30/12/2022

Pet 8 Dog Food 400g
-အမဲသားအရသာ(အမဲသားအတုံးလေးတွေ၊gravy type)
-အမဲသား၊ဟင်းသီးဟင်းရွက်အရောအရသာ
-BBQကြက်သားကင်အရသာ
-ကြက်သားအသဲကင်၊ဟင်းသီးဟင်းရွက်အရောအရသာ
အရသာ၄မျိုးကို ဗူးပုံစံအသစ်လေးနဲ့ရပါမယ်
👉အစာဗူးထဲမှာ ပထမအစားအများဆုံးတံဆိပ်လေးပါ
👉အစာဗူးစကျွေးမယ်ဆိုရင် Pet 8တံဆိပ်လေးကိုညွှန်းပါရစေ
Price=3300/

Jerhigh Pouch Dog Food🍗ကြက်သားကင်အရသာ(အပြာရောင်)-Vitamin D3ပါဝင်လို့ အရိုးတွေကိုသန်မာစေပါတယ်၊အနာရောင်ရမ်းမှုတွေရှိနေရင် ...
28/12/2022

Jerhigh Pouch Dog Food

🍗ကြက်သားကင်အရသာ(အပြာရောင်)
-Vitamin D3ပါဝင်လို့ အရိုးတွေကိုသန်မာစေပါတယ်၊အနာရောင်ရမ်းမှုတွေရှိနေရင် လျော့ကျစေပါတယ်
-Vitamin B1ကြောင့် အာရုံကြောအားကောင်းစေပါတယ်

🍖ဘဲသားကင်အရသာ(အနီရောင်)
-Vitamin Aက မျက်လုံးကျန်းမာရေးအတွက်ပါ
-Folic acidပါဝင်တာကြောင့်သွေးအားနည်းခြင်းကိုကာကွယ်ပေးပါတယ်
-Vitamin Eလဲပါဝင်သေးတာမို့ ဦးနှောက်၊အာရုံကြောကိုအထောက်အကူပြုပေးပါတယ်

Price=1700/

Meow Meow Cat Food 400g-Vitaminများစွာပါဝင်တာကြောင့် စားသမျှအားဖြစ်စေပါတယ်-Taurineဓာတ်ကြောင့် မျက်စိအားကောင်းစေပါတယ်-Fis...
28/12/2022

Meow Meow Cat Food 400g
-Vitaminများစွာပါဝင်တာကြောင့် စားသမျှအားဖြစ်စေပါတယ်
-Taurineဓာတ်ကြောင့် မျက်စိအားကောင်းစေပါတယ်
-Fish oilလေးလဲပါသေးတာမို့ အမွှေးနဲ့အရေပြားကိုအားဖြည့်ပေးပါတယ်
👉ပင်လယ်စာအစုံအရသာ
👉တူနာ၊ပုဇွန်အရောအရသာ
👉တူနာ၊ကြက်သားအရောအရသာ ၃မျိုးရွေးချယ်နိုင်ပါတယ်
Price=3000/

High-5 Pet Shopကပါ😍-၄၅ရက်ပြည့်ပြီး-သန်၂ခါချပြီး-5 in 1ကာကွယ်ဆေး ၁ကြိမ်ထိုးပြီး-ကျန်းမာဝဖြိုး ရောဂါကင်းတဲ့GRလေးတွေရောင်းခ...
27/12/2022

High-5 Pet Shopကပါ😍
-၄၅ရက်ပြည့်ပြီး
-သန်၂ခါချပြီး
-5 in 1ကာကွယ်ဆေး ၁ကြိမ်ထိုးပြီး
-ကျန်းမာဝဖြိုး ရောဂါကင်းတဲ့GRလေးတွေရောင်းချင်လို့ပါ😊
👉မိဘပုံ(အဖေ၊အမေ)ပြနိုင်ပါတယ်။GRမျိုးအစစ်လေးတွေပါ
👉အထီး၄ကောင်၊အမ၂ကောင်
👉ကလေးလေးတွေကိုသေချာမွေးမဲ့ တိမိဘတို့ဆီကိုသေချာအပ်ချင်ပါတယ်ရှင့်😌😌😌

Price=550000/
cbကနေဆက်သွယ်လို့ရပါတယ်၊
09796250725သို့ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်

ရာသီဥတုက အေးလာပြီ❄️☃️တုပ်ကွေးကလဲ စလာပြန်ပြီ👉အစာမစား၊မှိူင်၊အမြှုပ်အရည်အန်၊နှာခေါင်းခြောက်၊ချမ်းတုန်၊ဝမ်းသွား 👉အဓိက ချမ်း...
21/12/2022

ရာသီဥတုက အေးလာပြီ❄️☃️
တုပ်ကွေးကလဲ စလာပြန်ပြီ
👉အစာမစား၊မှိူင်၊အမြှုပ်အရည်အန်၊နှာခေါင်းခြောက်၊
ချမ်းတုန်၊ဝမ်းသွား
👉အဓိက ချမ်းပြီးတစ်ကိုယ်လုံးတဆက်ဆက်တုန်နေတာ
👉ကိုယ်ခံအားကောင်းတဲ့ကလေးတွေက တုပ်ကွေးဒဏ်ခံနိုင်ပေမဲ့
အားမရှိတဲ့ကလေးအများစုက အဆင်မပြေဖြစ်ပါလိမ့်မယ်
👉ဒါ့ကြောင့် တုပ်ကွေးစဝင်ပြီဆိုတာနဲ့ ဆေးခန်းသွားပြီးတိဆရာဝန်နဲ့
ဆေးကုသမှူခံယူပါ၊ထိုးဆေးသည်သာအကောင်းဆုံးပါ
👉ကွမ်းခြံကုန်းကတိလေးတွေအတွက်ဆို ထန်းတော-တိမွေးကုမှာ
ဆရာဝန်မလေးရှိပါတယ်ရှင့်☺️၊အမြန်ဆုံးသွားရောက်ကုသမှုခံယူပါ

ဒါဆိုရွာဘက်တွေကတိလေးအတွက် ဆေးထိုးဖို့အဆင်မပြေလို့၊
သောက်ဆေးနဲ့ကုချင်တယ်ဆိုရင်👇👇👇

ASHIENRO-50
-ဒီဆေးလေးသည် တုပ်ကွေးပိုးကိုတိုက်ပေးပါလိမ့်မယ်
-ချောင်းဆိုး၊နှာချေခြင်း၊ဝမ်းရောဂါပိုးဝင်ရောက်ခြင်းစတဲ့တုပ်ကွေး
နောက်ဆက်တွဲဝေဒနာတွေကိုသက်သာစေပါတယ်

PETBACဓာတ်ဆား
-ဘယ်လိုရောဂါပဲဖြစ်ဖြစ်ဓာတ်ဆားကတော့တိုက်ပေးရမှာပါ
-ဝမ်းသွားခြငိး၊အန်ခြငိး၊အားနည်းနေခြင်းတွေကိုအဓိကထားတိုက်ပေးပါတယ်၊Guardizen၊Pet me lyteတို့ထက် ဒီဓာတ်ဆားလေးကိုပိုညွှန်းပါရစေ

Gut boost
-အစာအိမ်၊အူလမ်းကြောင်းဆေးလို့ပြောလို့ရပါတယ်
-လူတွေသောက်တဲ့ air-x,digeneတို့နဲ့အတူတူပါပဲ၊ဆေးဒဏ်ခံနိုင်အောင်တိုက်ပေးသင့်တဲ့ဆေးပါ
-ဝမ်းချုပ်၊လေထ၊ဝမ်းသွား၊အန်နေတာမျိူးတွေအတွက်လဲ
အကောင်းဆုံးပါ

✅အရေးကြီးဆုံးက အားဆေးတမျိုးမျိုးတော့တိုက်ပေးမှဖြစ်မှာပါ
No,1
Multivitamins
No.2
Pet glow
No.3
Pet me gel
No.4
O3 vit
ဒီအားဆေးလေးမျိုးသည်အတိုက်သင့်ဆုံး၊အားအမြန်အပြည့်ဆုံး၊
အစာအစားဆုံးသော တွေပါရှင့်

`ကလေးနဲ့ခွေးအတူတူပဲတဲ့´ဒီစကားကလဲဖယ်ရှားလို့မရတာအမှန်ပါ
-သူတို့နေရတာသက်သာအောင် ထက်လင်းရင်လူးဆေးလိမ်းပေးတာ၊
အင်္ကျီလေးတွေဝတ်ပေးတာ၊အစားအသောက်ကိုဂရုစိုက်ကျွေးတာ၊
အိပ်တဲ့နေရာဂရုတစိုက်ခင်းပေးတာမျိူးလုပ်ပေးရင် ၉၀%ပြန်ကောင်းလာမှာ အသေချာဆုံးပါ

ဒါဆိုလမ်းဘေးတိလေးတွေရော😔
👉မြို့တစ်မြို့မှာရှိတဲ့ လမ်းတစ်လမ်းစီမှာ တိချစ်သူ၃ယောက်ပဲရှိစေအုန်း
👉တိချစ်သူ၃ယောက်က တာဝန်ယူလိုက်ရင် လမ်းဘေးတိလေးတွေရဲ့ဘဝမှာ ဒုက္ခနည်းပါးသွားမယ်လို့ သေချာပြောနိုင်ပါတယ်☺️

တောင်ဘက်ပိုင်း၊စိတ္တသုခလမ်း၊ငွေအိုးစတိုး
09796250725၊09792478874
၂၃သောကြာ၊၂၄စနေ၊၂၅တနင်္ဂနွေ ဆိုင်၃ရက်ပိတ်ပါမယ်ရှင့်

Pet 8 dog food400g-အမဲသားအရသာ-အမဲအသဲအရသာ-အမဲသားနဲ့ဟင်းသီးဟင်းရွက်အရောအရသာ-ကြက်သားအရသာ-ကြက်အသဲအရသာ-ကြက်သားနဲ့မုန်လာဥအရောအ...
17/12/2022

Pet 8 dog food400g
-အမဲသားအရသာ
-အမဲအသဲအရသာ
-အမဲသားနဲ့ဟင်းသီးဟင်းရွက်အရောအရသာ
-ကြက်သားအရသာ
-ကြက်အသဲအရသာ
-ကြက်သားနဲ့မုန်လာဥအရောအရသာ
-ဟင်းသီးဟင်းရွက်အရသာ
အရသာ(၇)မျိုးရပါမယ်
👉ဘယ်လိုအရသာလဲလို့တော့ မမေးပါနဲ့😁
မစားဘူးလို့မသိပေမဲ့
👉အစားရွေးတဲ့ အာဝုလေးတွေတောင် အရမ်းစားကြတဲ့တံဆိပ်ပါ
Price=3300

O3 Vit Dog/Cat အားဆေးအရည်-အားဆေးဆိုတာအမြဲတိုက်ပေးသင့်တဲ့အရာပါ-ကိုယ့်ကလေးနေမကောင်းဖြစ်နေတဲ့အချိန်မှတိုက်တာထက်နေကောင်း၊ကျန...
16/12/2022

O3 Vit Dog/Cat အားဆေးအရည်
-အားဆေးဆိုတာအမြဲတိုက်ပေးသင့်တဲ့အရာပါ
-ကိုယ့်ကလေးနေမကောင်းဖြစ်နေတဲ့အချိန်မှတိုက်တာထက်
နေကောင်း၊ကျန်းမာနေလဲတိုက်သင့်ပါတယ်
-`ထမင်းနေ့တိုင်းစားသောက်နေတာပဲဆိုလဲ´တိုက်ဖို့လိုအပ်ပါတယ်
အားဆေးလေးတိုက်ချင်လို့ ရှာနေတယ်ဆိုရင်
💪O3 vitအားဆေးလေးကိုညွှန်းပေးပါရစေရှင့်😍
👉Vitamin A,B1,B2,B6,C,D3,E
vitamin ဓာတ်များစွာပါဝင်တာကြောင့် အားဆေးလို့ခေါ်လို့ရပြီနော်
👉Cod liver oilငါးကြီးဆီကလဲပါသေးတော့ အမွှေးအတွက်လဲပါသေးတာ
👉Calcium ဓာတ်ကလဲအနည်းငယ်ပါဝင်သေး
အဓိကတော့ အားဆေးပေါ့၊အစားအရမ်းစားမယ်နော်
Price=4000

Ostech Pouch Jelly👉Omegaပါဝင်လို့ အမွှေးနဲ့အရေပြားကိုအားဖြည့်ပေးပါတယ်👉Taurineဓာတ်က အမြင်အာရုံကိုကောင်းမွန်စေပါတယ်👉Prebio...
16/12/2022

Ostech Pouch Jelly
👉Omegaပါဝင်လို့ အမွှေးနဲ့အရေပြားကိုအားဖြည့်ပေးပါတယ်
👉Taurineဓာတ်က အမြင်အာရုံကိုကောင်းမွန်စေပါတယ်
👉Prebioticကြောင့်အစာအိမ်၊အူလမ်းကြောင်းပြသနာကိုဖြေရှင်းပေးပါတယ်၊၊အန်နေသော၊ဝမ်းသွားနေသောအချိန်တွေမှာကျွေးသင့်တဲ့အစာ
စိုထုတ်လေးပါ
👉Vitaminလဲပါဝင်သေးတာမို့ အားဖြစ်စေတာပေါ့
-တူနာ၊ကြက်ဥ၊ဟင်းသီးဟင်းရွက်အရသာ
-တူနာ၊ပုဇွန်အရသာ
-တူနာ၊ကမာအရသာ
အဲ့အရသာ၃မျိုးစလုံးက အရောင်းရဆုံးFlavour ပါပဲ
Price=1600

Regalos Jelly-Omega 3ပါဝင်လို့ အရေပြားနဲ့အမွှေးကိုအားဖြည့်ပေးပါတယ်-Taurineပါဝင်လို့ မျက်စိအားကောင်းစေပါတယ်-ဆားလုံးဝမပါဝင...
13/12/2022

Regalos Jelly
-Omega 3ပါဝင်လို့ အရေပြားနဲ့အမွှေးကိုအားဖြည့်ပေးပါတယ်
-Taurineပါဝင်လို့ မျက်စိအားကောင်းစေပါတယ်
-ဆားလုံးဝမပါဝင်လို့ ကျောက်ကပ်ထိမှာမပူရပါဘူးရှင့်
👉ငါးရနံ့တွေပဲမလို့ ငါးကြိုက်တဲ့ချစ်မြောင်တို့အတွက်
Price=1800

Nekko Senior 7+👉မြောင်ဖိုးဖိုး၊မြောင်ဖွားဖွားတို့အတွက်လာပါပြီ👉အသက်၁နှစ်ကနေစကျွေးလို့ရပါတယ်-Glucosamineဓာတ်ကြောင့် မြောင်...
13/12/2022

Nekko Senior 7+
👉မြောင်ဖိုးဖိုး၊မြောင်ဖွားဖွားတို့အတွက်လာပါပြီ
👉အသက်၁နှစ်ကနေစကျွေးလို့ရပါတယ်
-Glucosamineဓာတ်ကြောင့် မြောင်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့
အရိုး၊အဆစ်တွေကို ကောင်းမွန်အောင်အားဖြည့်ပေးပါတယ်
-Taurineဓာတ်ကြောင့် အမြင်အာရုံကောင်းမွန်စေပါတယ်
-VitaminB ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်၊Vitaminဓာတ်များစွာပါဝင်မှုကြောင့် အားဆေးပါတဲ့အစာစိုလို့ပြောလို့ရပါတယ်၊နေမကောင်းနေတဲ့အခြေအနေမျိုးမှာရွေးချယ်ကျွေးသင့်တဲ့ Cat Foodလေးပါ
Price=1800

Cherry Eyeအကြောင်း👁👁-အာဝုတို့၊မြောင်တို့ရဲ့မျက်လုံးမှာ မျက်ခွံ၃ခုရှိပါတယ်-တတိယမျက်ခွံမှာ မျက်ရည်ထုတ်တဲ့အိတ်၂ခုစီရှိပြန်တ...
11/12/2022

Cherry Eyeအကြောင်း👁👁

-အာဝုတို့၊မြောင်တို့ရဲ့မျက်လုံးမှာ မျက်ခွံ၃ခုရှိပါတယ်
-တတိယမျက်ခွံမှာ မျက်ရည်ထုတ်တဲ့အိတ်၂ခုစီရှိပြန်တယ်
အဲ့အိတ်လေးက လေတိုက်တာ၊ဖုန်ဝင်တာကိုကာကွယ်ပေးပါတယ်

👉အဲ့တော့Cherry Eyeဆိုတာဘာလဲပေါ့?
👁ဂလင်းကိုထိန်းပေးတဲ့ tissueအားနည်းလာလို့၊ပျက်စီးလာလို့၊
တတိယမျက်ခွံ မျက်ရည်ထုတ်တဲ့ဂရင်းကျွံကြလာတာပါ
(အာဝုတို့၊မြောင်တို့ရဲ့မျက်လုံးထောင့်မှာအနီရောင် အသားလုံး
အပြင်သို့ထွက်လာတာပါ)

👉Cherry Eyeဖြစ်စေတဲ့အကြောင်းအရင်း
👁မျိုးရိုးဗီဇ၊ရုတ်တရက်ထိခိုက်မှု၊ယားယံကုတ်မိ၊မျက်တောင်စူး
👉လက္ခဏာ
👁ပန်းရောင်(သို့)အနီရောင်အစိုင်အခဲထွက်ခြင်း
👁မျက်လုံးပိတ်ရန်ခက်ခဲခြင်း
👁မျက်ရည်ကျခြင်း
👁မျက်စိယားယံ၍ပွတ်သပ်ခြင်း

👉ကုသခြင်း
👁မျက်လုံးတစ်ဝိုက်အမွှေးရှင်းပေးထားခြင်း
👁ခွဲစိတ်ကုသပေးခြင်း
✅မျက်စဥ်းသုံးပေးလို့ရပါသလား?
👁Cherry Eyeသည် မျက်စဥ်းတော်တော်များများနဲ့သုံးပေးလို့မရပါ
👁မျက်စဥ်းကြောင့် ပိုဆိုးရွားသွားနိုင်ပါတယ်
ဒါကြောင့် Cherry Eyeဆိုတာနဲ့ တိရစ္ဆာန်ဆေးကုခန်းသို့
အမြန်ဆုံးသွားရောက်ပြသပါ
Model by Ko Pandar😍

နှလုံးသန် သန်ချဆေးတိုက်ရင်????-တိမိဘတို့သတိထားမိကြလား?👉High-5 Pet Shopမှာ တိမိဘတို့နှလုံးသန်ဆေးလာဝယ်ရင်တော်ရုံမရောင်းလို...
10/12/2022

နှလုံးသန် သန်ချဆေးတိုက်ရင်????
-တိမိဘတို့သတိထားမိကြလား?
👉High-5 Pet Shopမှာ တိမိဘတို့နှလုံးသန်ဆေးလာဝယ်ရင်
တော်ရုံမရောင်းလိုက်တဲ့အကြောင်း
🤎နှလုံးသန်ရောဂါက တိလေးတွေကိုခြင်ကိုက်ခံရတာက
စတင်ပါတယ်
🤎မွေးပြီး ၁၄ရက်၊၁လပြည့်၊၄၅ရက်ပြည့်နေ့တွေမှာရိုးရိုးသန်ချဆေးကို
တာဝန်ကျေစွာတိုက်ပေးရမဲ့အပြင်
🤎၄၅ရက်ပြည့်ပြီး တစ်လတစ်ခါရိုးရိုးသန်ချဆေးကိုတိုက်ပေးရပါမယ်

👉နှလုံးသန်ချဆေးကို ဘယ်အရွယ်ကစတိုက်ကမလဲ?
🤎တိလေးတွေ ၆လပြည့်တာနဲ့တိုက်ပေးရပါ့မယ်
🤎၆လပြည့်တာနဲ့နှလုံးသန်ချဆေးတိုက်ပါပြီ
ဒါပေမဲ့ ဆေးအောင်ဖို့လိုပါသေးတယ်။
👉ဆေးအောင်ဖို့ဆိုရင် ၆လပြည့်စတိုက်တဲ့နေ့မှာ
-ကလေးက ကျန်းမာနေရပါမယ်
-ဆေးပမာဏ၊အညွှန်း၊ဘယ်လိုတံဆိပ်က ဘာနဲ့မတည့်ဘူးလဲ
(ဥပမာ အစာနဲ့တိုက်ရမဲ့ဟာလား၊အစာရှောင်ရမဲ့ဟာလား)
-သန်ချဆေးမျိုးစုတွေက နို့နဲ့မတည့်တာကြောင့်သတိထားပေးရပါမယ်

👉အသက်၆လကျော် ၊တစ်နှစ်မှတိုက်ရင်ရော?
🤎နှလုံးသန်စစ်တဲ့ Test Kitနဲ့စစ်ပါ

👉Test Kitနဲ့မစစ်ဘဲ နှလုံးသန်ဆေးတိုက်မိရင်?
အရမ်းအရေးကြီးတဲ့မေးခွန်းပါ
🤎ကလေးမှာ သန်ရှိနေလို့ကတော့ နှလုံးကိုဆေးအရှိန်ကြောင့်
သန်တွေကသွားထိုးပါလိမ့်မယ်
🤎လက္ခဏာအရ ချွဲကျပ်သလို၊ချောင်းဆိုးသလို သလိပ်တွေခပ်ထုတ်တာ၊အရမ်းမောဟိုက်နေတာ၊အကြောဆွဲပြီးရုတ်တရက်လှဲကျသွားတာမျ်ုးစတဲ့ လက္ခဏာတွေပြပါလိမ့်မယ်
🤎ကိုယ်ခံအားမကောင်းတဲ့ တိလေးတွေဆို အသက်အန္တရာယ်ရှိနိုင်ပါတယ်
ဒါကြောင့် တိမိဘတို့ရဲ့အချစ်တော်တွေကို နှလုံးသန်ချဆေးတိုက်မယ်ဆိုရင် Test Kitနဲ့စစ်မှတိုက်ပြီး တာဝန်ကျေကြပါရှင့်😍

MOOCHIEကြောင်စာအနှစ်ထုပ်👉Adultအတွက်ထုတ်ထားတာမို့ ၃လသားအရွယ်ကနေစကျွေးလို့ရပါတယ်👉L-carnitineပါဝင်လို့ခန္ဓာကိုယ်အလေးချိန်ကိ...
10/12/2022

MOOCHIEကြောင်စာအနှစ်ထုပ်
👉Adultအတွက်ထုတ်ထားတာမို့ ၃လသားအရွယ်ကနေစကျွေးလို့
ရပါတယ်
👉L-carnitineပါဝင်လို့ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်
👉Taurineပါဝင်လို့ နှလုံးကြွက်သားနဲ့အမြင်အာရုံကိုကောင်းမွန်စေပါတယ်
👉Prebioticsဓာတ်ကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်
👉Coconut oilလဲပါသေးတာမို့အမွှေးနဲ့အရေပြားကိုအားဖြည့်ပေးပါတယ်
👉ဆားလုံးဝပါဝင်ခြင်းမရှိတဲ့အတွက်ကျောက်ကပ်ထိမှာလဲမပူရပါဘူး
Price=1400

Felix ကြောင်အစာစိုထုတ် 85g-ဆလမွန်၊ခရမ်းချဥ်သီးအရသာ-တူနာ၊ဟင်းနုနွယ်ရွက်အရသာ-ငါးသတျတောငါးအရသာ👉ဘယ်လိုtypeပဲဖြစ်ဖြစ် အမဲသားရ...
10/12/2022

Felix ကြောင်အစာစိုထုတ် 85g
-ဆလမွန်၊ခရမ်းချဥ်သီးအရသာ
-တူနာ၊ဟင်းနုနွယ်ရွက်အရသာ
-ငါးသတျတောငါးအရသာ
👉ဘယ်လိုtypeပဲဖြစ်ဖြစ် အမဲသားရနံ့ပါတဲ့အစာစိုထုတ်လေးပါ😍
👉Ostech၊Nekkoတို့တောင် ရှုံးတယ်နော်
👉reviewလေးနဲ့တကွ တင်ထားပေးတာမို့
`ရွေးချယ်ပြီးမှစားတယ်´ဆိုတဲ့😁မြောင်ချေချေတို့အတွက်
Price=1600

👉ရေချိုးပေးခြင်းနှင့်Shampooရွေးချယ်မှု👈👉ခွေးလေးတွေကိုဘယ်အရွယ်မှာရေချိုးပေးသင့်လဲ?-၄၅ရက်သား ၅မျိုးစပ်ကာကွယ်ဆေးစထိုးပြီးအ...
07/12/2022

👉ရေချိုးပေးခြင်းနှင့်Shampooရွေးချယ်မှု👈

👉ခွေးလေးတွေကိုဘယ်အရွယ်မှာရေချိုးပေးသင့်လဲ?
-၄၅ရက်သား ၅မျိုးစပ်ကာကွယ်ဆေးစထိုးပြီး
အသက် ၃လပြည့်ရင် ချိုးပေးသင့်ပါတယ်
👉လသားထဲကရေချိုးပေးရင်ဘာဖြစ်လဲ?
-သူတို့လေးတွေ အားနည်းနေချိန်၊ဖျားနေချိန် မသိလိုက်ရင်
အဆင်မပြေဖြစ်နိုင်ပါတယ်
-ရေချိုးပြီးပြီ အခုမဖြစ်ပေမဲ့ ကလေးကကြာလာရင် ခဏခဏဖျားတာ၊ဝမ်းပျက်တာ၊အာရုံကြောရောဂါ၊အရေပြားရောဂါတွေအဖြစ်များတတ်ပါတယ်
-ညစ်ပေနေတဲ့အခြေအနေတခု(ရွံ့လူး)မျိုးမှသာ
မြန်မြန်ချိုး၊ရေခြောက်ပေးအောင်သုတ်ပေးပါ

👉အရေးကြီးဆုံးကတော့ရေချိုးဆပ်ပြာပါ👈
-တိလေးတွေအတွက်ရေချိူးဆပ်ပြာတံဆိပ်၊အမျိုးအစားပေါင်းများစွာ
ရှိပါတယ်
-သန်း၊မွှား ပျောက်shampoo
-အမွှေးနု shampoo
-Baby shampoo
-ဆေးshampoo ဒီ၄မျိုးကအဓိက

👉သန်း၊မွှားshampooကိုရွေးချယ်မယ်ဆိုရင်
❌အရေပြားပြသနာရှိတဲ့ကလေးကို ပေးမသုံးသင့်ပါဘူး❌
👉အရေပြားအတွက်သုံးပေးရမဲ့ Shampooကရှိပြီးသားပါ

👉တိမိဘတို့အနေနဲ့ Shampooဝယ်မယ်ဆို ကိုယ့်ကလေးအရေပြားနဲ့
သင့်တော်တဲ့Productမျိုးကို သေချာမေးဝယ်ပါ
👉တိမိဘတို့ရဲ့အမေးကို သေချာလေးရှင်းပြပြီး ဖြေပေးမှာမို့
အရေပြားပြသနာကြုံနေခဲ့ရင် အချိန်မရွေးလာမေးပါရှင့်😍
Model by Arrno and Joli

Lucky Cat ကြောင်အစာခြောက်500g-Taurineပါဝင်လို့ အမြင်အာရုံကိုကောင်းမွန်စေပါတယ်-Vitamin Cပါလို့ ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအ...
07/12/2022

Lucky Cat ကြောင်အစာခြောက်500g

-Taurineပါဝင်လို့ အမြင်အာရုံကိုကောင်းမွန်စေပါတယ်
-Vitamin Cပါလို့ ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး
စိတ်ဖိစီးမှုကိုလဲလျော့ချပေးပါတယ်
-Calciumနဲ့Vitamin Dပါဝင်လို့ အရိုးနဲ့သွားများကိုကြံ့ခိုင်စေပါတယ်
-Omegaပါဝင်လို့ အရေပြား၊အမွှေးတွေကိုတောက်ပြောင်စေပါတယ်
-ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ မြောင်လေးတွေပါကျွေးလို့ရသလို
-(Low Sodium) ဆားပါဝင်မှု့နည်းတာကြောင့်ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ နည်းပါတယ်
☺️ဘယ်အစာခြောက်ကိုရွေးချယ်ကျွေးကျွေး☺️
👉Sodiumပါဝင်မှု့ကိုကြည့်ပါ
👉အစာခြောက်ကျွေးတဲ့ မြောင်တို့အိမ်တိုင်းသန့်စင်တဲ့ရေတစ်ခွက်ထားပေးပါ
Price=4600

Friskiesကြောင်စာခြောက် 400g-Proteinဓာတ်ပါဝင်လို့ အစာစားနဲ၊ပိန်ပိန်းပါးပါးမြောင်တို့ကိုခန္ဓာကိုယ်ပြည့်လာစေမှာပါ-ကိုယ်ခံစွ...
07/12/2022

Friskiesကြောင်စာခြောက် 400g

-Proteinဓာတ်ပါဝင်လို့ အစာစားနဲ၊ပိန်ပိန်းပါးပါးမြောင်တို့ကို
ခန္ဓာကိုယ်ပြည့်လာစေမှာပါ
-ကိုယ်ခံစွမ်းအားကိုလဲမြှင့်တင်ပေးပါတယ်
-အမြင်အာရုံကိုကောင်းမွန်စေပြီး စိတ်ဖိစီးမှူ့ကိုလျော့ချပေးပါတယ်
-အမွှေးနဲ့အရေပြားကို အားကောင်းစေပါတယ်
Price=6000
😍၂ထုပ်သာကျန်တော့သည်😍
ယူမဲ့သူလေးတွေ Cbမှာလာပြောပေးထားပါရှင့်

Vetzyme -မနက်ပိုင်းအစာကျွေးပြီးတာနဲ့ လမ်းထဲတပတ်ကိုဖွန်ကြောင်ပြီးပြန်လာရင် နှာခေါင်းကွဲပြီးပြန်လာရတာနဲ့၊နားရွက်ပြဲလာရတာနဲ...
05/12/2022

Vetzyme
-မနက်ပိုင်းအစာကျွေးပြီးတာနဲ့ လမ်းထဲတပတ်ကိုဖွန်ကြောင်ပြီး
ပြန်လာရင် နှာခေါင်းကွဲပြီးပြန်လာရတာနဲ့၊နားရွက်ပြဲလာရတာနဲ့၊
ဂုတ်ပေါက်လာရတာနဲ့ အနာတရနဲ့ပြန်ပြန်လာတဲ့ ကိုဖိုးစိုင်း
-အနာရလာရင် အပြင်မထွက်တော့ဘူး☺️သူက😎
အိမ်မှာ ၄၊၅ရက်လောက် ကုသမှုခံယူတာ😁
-သူဒဏ်ရာဖြစ်လာတိုင်း လိမ်းပေးရတဲ့ ဆေးဗူးလေးပါ👍
👉ထိခိုက်ရှနာအမျိုးမျိုး
👉အရေပြားယားနာအမျိုးမျ်ိုးတွေ လက်တွေ့ပျောက်တဲ့ဆေးဗူးလေးပါ
-တခြားအနာအတွက် လိမ်းဆေးတွေအမျိုးမျိုးရှိပါလိမ့်မယ်
ဒါပေမဲ့ကိုယ့်ကလေးတုန်းက လက်တွေ့ကောင်းတဲ့ဆေးလေးမို့
အာမခံစွာနဲ့ မျှဝေပေးတာပါ
❌မျက်လုံးထဲတော့မဝင်စေနဲ့နော်❌
ပြန်လျက်လဲ ဘာမှမဖြစ်ပါဘူးနော်
Price=7000

Address

Kungyangon
137130

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959792478874

Website

Alerts

Be the first to know and let us send you an email when High 5 - Pet Food and Accessories - Kungyangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to High 5 - Pet Food and Accessories - Kungyangon:

Videos

Share


Other Kungyangon pet stores & pet services

Show All