Taysamon Yamanya

Taysamon Yamanya မွန်အရေးနဲ့ပက်သက်လာရင် အမြဲတမ်းမွန်လူမျိုးဘက်မှာ
ရပ်တည်ပေးနေတဲ့ TaysaMon Yamanya Media

20/10/2023

🌻ဒွက်ဨကရာဇ်စဵဍုင်အမာတ်ဒုင်ဖျဵဏာ🌻👏👏👏👏👏👏👏👏👏👏👏

30/09/2023

Mon Thu Lay (ဝုတ်ကညာမန်) Music Video
Starring - Sar Ra , Thazin Moe ,Yu Wathi Mon
Composer - Tin Khar & Aie like
Voical - Sar Ra
Music_ Gita Mon Music Band
Studio - Gita Mon Music Studio
Mixing & Mastering - Ngwe Zar
Camera,Edited,Director - D.N.A TEAM

29/09/2023
ပန်းလေးတွေတို့ ၁yokeမ ပုံလေးတို့လုပ်ကြတာ ချစ်စရာကောင်းတော့ တော်တော်များများလုပ်တာတွေ့တယ်။တကယ်လို့အဲ့လိုပုံမျိုးဆော့ထားမိ...
12/09/2023

ပန်းလေးတွေတို့ ၁yokeမ ပုံလေးတို့
လုပ်ကြတာ ချစ်စရာကောင်းတော့
တော်တော်များများလုပ်တာတွေ့တယ်။
တကယ်လို့အဲ့လိုပုံမျိုးဆော့ထားမိရင်
ပြထားတဲ့ပုံအတိုင်း settingထဲကနေဝင်ပြီး
ဖျက်လိုက်အုံးနော်။
saveမဖြစ်ဘူးလို့ သူများတင်ထားတာတွေ့လို့ အောက်ကစာက ကူးလာတာပါ။
အဲ့ Filter သုံးမယ်ဆိုရင် ဖုန်း ထဲကို ဝင်ခွင့်ပြုဖို့ Permission ပေးရပါတယ်တဲ့။

Permission ရပြီဆိုတာနဲ့ Dataတွေ အကုန် Download ချပြီး အထဲက ကိုယ်ရေးအချက်အလက်တွေနဲ့ E money တွေကို ခိုးတာပါ။ တ ရုတ်ဆိုက်တွေမှာကြေညာထားပါတယ် ။

(ကိုယ့်ရဲ့ Facebook နဲ့ Messenger မှာ ကိုယ့်လုပ်သမျှ အားလုံးကိုလည်း သိနိုင်တယ် )

Password တွေချိန်းလိုက်ကြဦး။ဒါသုံးထားရင် ။

(Password ပြောင်းထားရင် လုံခြုံစိတ်ချရတာပေါ့)

28/08/2023

ပြန်မရတဲ့အတိတ်တစ်ခုမှာ ကြည့်မိ
ကိုယ့်ကိုယ်ကို ဝမ်းနည်းရင်
သင့်တို့တတွေ သတိရမိပါတယ်

25/08/2023

အဝ်...အာဇာနဲ
ချူ-ရတ်ရတ်
အခိုက်/ဒယှ်ေ-အဗ္ဘဏ်
Band &Studio -Gitamon
Mixing-Stoo
ဒွက်ဝွံတြးဗ္တိတ်နၚ်နူဂကောံဂဳတမန် မဒှ်ရ။

13/06/2023

ပ္ရဲကဵုဒေသမန်ပိုဲ မွဲတ္ရဲကဵုမွဲ ပြံင်လှဲမံင်
ဂွံဆဵုဂွံဥာဏ်ကေတ် သၟဟ်မန်
#ဂစာန်ညိ Cover by ကွးဘာဂီတ AT

ရည်းစားနဲ့ စိတ်ဆိုးနေချိန်  အတွင်းခံမဝတ်ပဲ အပေါ်အင်္ကျီပါးပါးလေးနဲ့အပြင်ထွက်အရွဲ့တိုက်တာphotoရိုက်ပြီး လိုင်ပေါ်တင်တော့သ...
13/06/2023

ရည်းစားနဲ့ စိတ်ဆိုးနေချိန် အတွင်းခံမဝတ်ပဲ အပေါ်အင်္ကျီပါးပါးလေးနဲ့အပြင်ထွက်အရွဲ့တိုက်တာ
photoရိုက်ပြီး လိုင်ပေါ်တင်တော့
သူ့အကြာင်း လူတွေပြောများနေ😱😱😱

Edit:https://www.youtube.com/

05/06/2023

ရးမန် ပိ(၃)ရးမန်
ကောဏံ အာကေတ်ရ ဒေံ ဆာန်
(အိမ်ကမိန်မလဲသိမ့်လှတော့ စိတ်မချနိိင်ဘူး😁😂)

26/05/2023

ပ္ရဲက်ု သုသုမန် ပိုဲ အ္စာကှေဟ် ချူလဝ်နက်ုသွက်
#ပိပိဝါ တၠရုဏ်အ္စာ သုမန
စုတိစဴအာသွဝ်တုဲ ဒွက်ညးမွဲပိုဒ် ဂျိုင်တဴမံင်ဏီ
ဌာန်ခိုဟ် ဘုံပြဲ ကု်ဂွံအာစိုပ်ညိကျာ်🙏

25/05/2023

သေၞတ်တြေဴဟွံစိုပ်ဏီ Cover Song
ရမျောင် - Rock Hero
Guitar - AK
Editor - ZND Taranar

တိုင်းရင်းသား(၁၃၅)မျိုး၁။ ဗမာ - ၉မျိုး၂။ ကချင် - ၁၂မျိုး၃။ ကယား - ၉မျိုး၄။ ကရင် - ၁၁မျိုး၅၊ ချင်း - ၅၃မျိုး၆။ မွန် - ၁မျ...
24/05/2023

တိုင်းရင်းသား(၁၃၅)မျိုး

၁။ ဗမာ - ၉မျိုး
၂။ ကချင် - ၁၂မျိုး
၃။ ကယား - ၉မျိုး
၄။ ကရင် - ၁၁မျိုး
၅၊ ချင်း - ၅၃မျိုး
၆။ မွန် - ၁မျိုး
၇။ ရခိုင် - ၇မျိုး
၈။ ရှမ်း - ၃၃မျိုး
စုစုပေါင်း - ၁၃၅မျိုး

ဗမာ - ၉မျိုး
**********
၁။ ဗမာစု - ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊
ရဘိန်း၊ ကဒူး (ခုံးကူး) ၊ ဂဏန်း၊ ဆလုံ၊ ဖုန်း (ဖွန်)။

ကချင် - ၁၂မျိုး
*************
၂။ ကချင်စု - လူမျိုး(၁၂) မျိုးမှာ ကချင်၊ ကရို၊ ဒလောင်၊ ဂျိန်းဖော၊ဂေါ်ရစ်၊ခခု၊ဒုရင်၊မရု(လော်ဂေါ်)၊ ရဝမ်၊ လရှီ(လာချစ်)၊ အဇီး၊ လီဆူးတို့မှာ အဓိကချင်မျိုးဖြစ်သည်။ ထို့ပြင်ဖခင်ကြီးဝချက်ဝဆိုသူ၏ညီ အငယ်(၇) ဦးမှ ဆင်းသက်ပေါက်ဖွားလာသူများလည်းရှိသည်။

ကယား - ၉မျိုး
*************
၃။ ကယားစု - ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ဂေခို၊ ဂေဘား၊ပရဲ(ကယော)၊မနူမနော်၊ ယင်းတလဲ၊ ယင်းတော်။

ကရင် - ၁၁မျိုး
**************
၄။ ကရင်စု - ကရင်၊ ကရင်ဖြူ၊ ပလေကီး (ပလေချီ) ၊ မွန်ကရင်၊ စကော(ကရင်)၊တလှေပွာ၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွာ၊ ပိုး(ကရင်)။

ချင်း - ၅၃မျိုး
************
၅။ ချင်းစု - ချင်း၊ မယ်တိုင် (ကသဲ)၊ ဆလိုင်း၊ ကလင်တော(လူရှေ)၊ ခမီ၊အောဝခမီ၊ခေါနှိုး၊ ခေါင်စို၊ ခေါင်ဆိုင်ချင်း၊ ခွာဆင်းမ်၊ ခွန်လီ (ခေဧ) ဆင်မ်၊ ဂန်ဘဲ၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆင်ထန်၊ ဆိုင်းတန်၊ ဇာတောင်၊ ဇိုထုံး၊ ဇိုဖေ၊ ဇို၊ ဇန်ညှပ်(ဇန်နိယပ်)၊ တပေါင်၊ တီးတိန် (တဲဒင်မ်)၊ တေဇန်၊တိုင်ချွန်း၊တာ့ ဒိုး၊ တောရ်၊ ဒင်မ်၊ ဒိုင်(ယင်ဒူး)၊ နာဂ၊ တန်ဒူး၊ မာရင်၊ ပနမ်း၊ မကန်း၊ မဟူ၊ မီရမ် (ခေါ်) မရာ၊ မီအဲ၊ မွင်း၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို၊လေးမြို၊ လင်တဲ့၊ လောက်ထူ၊ လိုင်၊လိုင်ဇို၊ ပါကင်းမ်(ခေါ်)မရို၊ အနူး၊ အနန်၊ အူပူ၊ လျင်းတု၊ အရှိုချင်း (မြေပြန့်)၊ ရောင်ထု။

မွန် - ၁မျိုး
*********
၆။ မွန်စု - မွန်။

ရခိုင် - ၇မျိုး
**********
၇။ ရခိုင်စု - ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက်။

ရှမ်း - ၃၃မျိုး
***********
၈။ ရှမ်း - ရှမ်း၊ ယွန်း (လအို)၊ ကွီ၊ ဖျင်၊ သအို၊ စနော၊ ပလေး၊ အင်၊ စုံ (ဆံ) ၊ ခမူ၊ ကော် ( အခါအိ
ကော)၊ ကိုးကန့်၊ ခန္တီးရှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနူ၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ ရှမ်း
ကလေး၊ ရှမ်းကြီး၊ လားဟူ၊ လွယ်လ၊ အင်းသား၊ အိုက်တွယ် ၊ ပအိုဝ့် (တောင်သူ)၊ တိုင်းလွယ်၊တိုင်း
လျမ်၊ တိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောရှမ်း။

အမျိုးတွေပါ..🙏

credit Nay Min Khai
ပြန်လည်မျှဝေသည်

နစ်စဥ်နစ်တိုင်မွန်လူငယ်တွေကိုမွန်စာပေနဲ့မွန်ယဥ်ကျေးမူတတ်မြောက်စေဖို့ မွေးထုတ်ပေးတဲ့ကျောင်းတွေထဲမှာမွန်ပြည်နယ် ကျိုက္မရော...
17/05/2023

နစ်စဥ်နစ်တိုင်မွန်လူငယ်တွေကို
မွန်စာပေနဲ့မွန်ယဥ်ကျေးမူတတ်မြောက်စေဖို့
မွေးထုတ်ပေးတဲ့ကျောင်းတွေထဲမှာ
မွန်ပြည်နယ် ကျိုက္မရောမြို့နယ် တရနာရွာ
ကျောင်တော်ကြီးလဲ ပါဝင်သည်

24နာရီ လျှပ်စစ်မီးရတော့မည့် မြို့ရွာအမည်စာရင်းများ
10/05/2023

24နာရီ လျှပ်စစ်မီးရတော့မည့်
မြို့ရွာအမည်စာရင်းများ

06/05/2023

အမေရိကန် နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ One Championship MMA ပြိုင်ပွဲကြီးမှာ မြန်မာ့ဂုဏ်ဆောင် MMA ဖိုက်တာကြီး အောင်လအန်ဆန်က တရုတ်နိိုင်ငံရဲ့ MMA ဖိုက်တာ ဖန်ယောင်ကို ဒုတိယအချီမှာပဲ ချုပ်ကွက်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။

Congratulations Aung La Nsang(Burmese Python) 😍😍😍


01/04/2023

လွတ်လပ်ရေးရပြီးခေတ်
မြန်မာနိင်ငံတော်အလံဘယ်နစ်မျိုးရှိလဲ
ဘယ်အလံကို နစ်သက်လဲ
အလံတိုင်းမှာ သူအဓိပ္ပါယ်နဲ့သူ့ရှိပါသည်

မွန်လူမျိုးတို့၏ ပုသိမ်မြို့(ဧရာဝတီတိုင်းဒေသကြီး)= ဍုင် ဖာသီမွန်လူမျိုးတိုင်း သိထားသင့်တဲ့ ဗဟုသုတပါနော်မွန်နိင်ငံတော်လို...
16/03/2023

မွန်လူမျိုးတို့၏ ပုသိမ်မြို့(ဧရာဝတီတိုင်းဒေသကြီး)= ဍုင် ဖာသီ

မွန်လူမျိုးတိုင်း သိထားသင့်တဲ့ ဗဟုသုတပါနော်

မွန်နိင်ငံတော်လို့ ပြောလိုက်ရင် မွန်လူမျိုး နားထဲမှာရှိနေကြတာက ဟံသာဝတီ ဟံသာဝတီဆိုပြီး မွန်လူမျိုးတိုင်းသိကြပါတယ် ပြီးတော့ မုတ္တမမြို့ ကိုပေါ့လေ
မွန်လူမျိုး ရင်ထဲမှာ ပျောက်ကွယ်လုနီးပါးရှိတဲ့
မွန်လို ( ဍုင်ဖာသီ ) ဧရာဝတီတိုင်း ပုသိမ့်မြို့ ပေါ့
ယခုဆို ပုသိမ့်ထီးလေးနဲ့ မြန်မာနိင်ငံမှာ သမိုင်းထွင်ကျယ်ခဲ့တဲ့မြို့ပေါ့လေ

ပုသိမ်မြို့ (မွန်: ဖာသီ)သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်။ လူဦးရေ ၃၀ဝ၀ဝ၀ကျော် နေထိုင်ပြီး ရန်ကုန်မြို့၏ အနောက်ဘက် ၁၁၈မိုင် အကွာတွင် တည် ရှိသည်။ ငဝန်မြစ်ကမ်းပေါ်တွင် တည်ထားသော မြို့ဖြစ်ပြီး ပင်လယ်ဝမှ ၇၅မိုင် ကွာဝေးသော်လည်း ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ရောက်နိုင်သဖြင့် မြန်မာနိုင်ငံတွင် ကုန်းတွင်းအကျဆုံး ပင်လယ်ဆိပ်ကမ်းမြို့ကြီးဖြစ် သည်။ပုသိမ်မြို့သည် ရှေးမွန်မြို့ဟောင်းကြီး တစ်မြို့ဖြစ်ခဲ့လေသည်။
မွန်တို့၏ မဂဒူးမင်းဆက် ဘုရင်မကြီး ရှင်စောပု ပြီးနောက် နန်းတက်သည့် ဟံသာဝတီ မွန်နိုင်ငံဘုရင် ဓမ္မစေတီမင်းကြီး သာသနာသက္ကရာဇ် ၂၀၂၃၊ ကောဇာ သက္ကရာဇ် ၈၄၀၊ ခရစ်သက္ကရာဇ် (အေဒီ) ၁၄၇၉ ခုနှစ်တွင် ရေးထိုးခဲ့သော ကလျာဏီကျောက်စာ အရ ပုသိမ်အား "ကုသိမရဋ္ဌ" ဟုခေါ်တွင်ခဲ့သည် ဟုသိရသည်။ "ကုသိမရဋ္ဌ" ကို မွန်လို အတိုကျုံ့
"ကုသိမ်" ဟုခေါ်ကြရာမှ ကာလရှည်လျားသောအခါ ပုသိမ် အခေါ်သို့ ပြောင်းလဲလာခဲ့လေသည်။

ပုသိမ်မြို့သည် အလွန်ရှေးကျသော သင်္ဘောဆိပ်မြို့ကြီး ဖြစ်သည်။

ပုသိမ်မြို့သည်အမည်များစွာရှိခဲ့သည်။
၁.အတိသဉ်ဇာနဂရ
၂.ကုသိမ၊ ကုသိမ်၊ ကော့သမိန်၊ ကော့စမင် (ကုသိန)
၃.ပသိမြို့၊ ဒုံးပသီ၊ ဝေပသီ (ဗမာ-ကရင်)၊ ဝိန့်ပသိန် (မွန်-ကရင်)
၄.နဂရဝပေုလ်လ
၅.ပုသိန်၊ ပုသိမ် တို့ဖြစ်သည်။

အထက်ပါအမည်များတွင် အတိသဉ္ဇာနဂရ ဟူသော အမည်မှာ ရှေးအကျဆုံးဖြစ်သည်ဟု ရှေးမှတ်တမ်းများတွင် တွေ့ရသည်။ သာသနာနှစ် ၂၁၈-ခု သီရိဓမ္မာသောကမင်း လက်ထက်ခန့်ကပင် ခေါ်ဝေါ်သောအမည် ဖြစ်သည်ဟု ဆိုသည်။ အဓိပ္ပါယ်မှာ ရှေးလွန်လေပြီးသောအခါ၌ ဘုရားရှင်အလောင်း သူတော်ကောင်းတို့ မွေ့လျော်ဖူး၏ ဟု ဆိုသည်။

ပုသိမ်၏ နောက်အမည်တစ်ခုမှာ ကုသိမ သို့မဟုတ် ကုသိမ်ဖြစ်သည်။ ကလျာဏီကျောက်စာ၌ ကုသိမ မဏ္ဍလဟု ပါရှိသည်။ ခရစ်နှစ် ၁၅၈၆-ခုနှစ်တွင် ပုသိမ်သို့ ရောက်ရှိခဲ့သော နိုင်ငံခြားသားတစ်ဦးဖြစ်သူ ရပ်(ဖ်)ဖိုက်(ချ်)၏ မှတ်တမ်း၌ ပုသိမ်ကို ကော့စမင်း (Cosmin) ဟု ခေါ်တွင်ခဲ့သည်ဟု သိရှိရသည်။

မွန်အခေါ်အဝေါ်အရ ကအ်သမိင်ဟု ခေါ်သည်။ အဓိပ္ပါယ်မှာ (ကအ်=ကျွန်း+သမိင်=မင်းသား) မင်းသားကျွန်းဟု ဆိုသည်။
ကုသုမ ဟူသောအမည်ကို ဟံသာဝတီ ဓမ္မစေတီမင်း လက်ထက်အထိ ခေါ်တွင်နေဟန်ရှိသည်။ ထိုမင်း၏ ကလျာဏီကျောက်စာတွင် ကုသိမ ဟု အထင်အရှား ခေါ်ဝေါ်ထားသည်။ ထို့အပြင် ကောင်းမှုတော်ကျောက်စာ၊ ဘုံစံတုလွတ်ကျောင်း ကျောက်စာ စသည်တို့တွင်လည်း ကုသိမ် ဟု ရေးသားခဲ့ကြသည်။ ပုသိမ်မြို့ကို ပသီမြို့၊ ဒုံပသီ၊ ဝေပသီ ဟူ၍လည်း ခေါ်ဆိုကြသေးသည်။ မြန်မာနှစ် ၅၈၃-ခုနှစ်တွင် နန်းတက်သော ပသီမင်းကိုစွဲ၍ ဍိင်ပဆီ(ပသီ)မြို့ဟု ခေါ်တွင်ခြင်း ဖြစ်သည်ဟု ယူဆသူများလည်း ရှိသည်။ ဆရာကြီးဦးဖိုးကျား၏ ပုသိမ်ရာဇဝင် ၌လည်း ယခုခေတ်အထိ ဗမာ-ကရင်များက ဝေပသီ၊ မွန်-ကရင်များက ဝိန့်ပသိန်ဟု ခေါ်ဆိုနေဆဲပင် ဖြစ်ကြောင်း ဖော်ပြထားသည်။ ပသီမှ ပုသိမ်သို့ အသံရွေ့ရန် မခဲယဉ်းဟု ယူဆကြသည်။
ဥမ္မာဒန္တီ လက်ထက်တွင် ပုသိမ်ကို နဂရဝေပုလ္လ ဟု ခေါ်တွင်စေကြောင်းလည်း ပြဆိုထားသည်။
အဓိပ္ပာယ်မှာ နဂရ = မြို့ + ဝေပုလ္လ = စည်ပင်ပြန့်ပြောခြင်းဟု ဆိုသည်။

ပုသိမ်မြို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟံသာဝတီ မွန်နိုင်ငံ၏ ပိုင်နက်ဖြစ်ခဲ့ပြီး စတင်တည်ထောင်ခဲ့သည့် ခုနှစ်နှင့် ပတ်သက်၍ သမိုင်းအထောက်အထား မတွေ့ရပေ။ ပုသိမ်မြို့သည်အလွန်ရှေးကျသော သင်္ဘော ဆိပ်မြို့ဖြစ်ပြီး မဇ္ဈိမဒေသနှင့် သီဟိုဠ်ကျွန်းတို့ ကူးသန်း ရောင်းဝယ်ရာတွင် ကြားခံမြို့တစ်မြို့ဖြစ်သည်။ ရှေးကျသောမြို့ဖြစ်သည့်အားလျော်စွာ အမည်အများအပြား မှည့်ခေါ်ခြင်း ခံခဲ့ရသည်။ အသောကမင်း လက်ထက် သာသနာသက္ကရာဇ် ၂၁၈ခုနှစ်ဝန်းကျင်တွင် အတိသဉ္စာနဂရ ဟုခေါ်တွင်ခဲ့သည်။ပုဂံခေတ် မင်းယဉ်နရသိင်္ခလက် ထက်တွင် ရန်ဖက်ဖြစ်သော အိန္ဒိယမှ ပဋိက္ခရားမင်းနှင့် စစ်ဖြစ်ရာ ထိုမင်း၏စစ်ဦးကျသော ကုသိမရဋ္ဌဒေသကို ခံတပ်မြို့တည်စေလျက် ဗေဒင်ကျမ်းများအရ အမည်ပြောင်းစေသည်။ ကုသမ သည်ကုသိမ် ဖြစ်လျှင် လော ကဓာတ်အရ 'က'နှင့် 'သ' တို့ရန်ဂြိုဟ်ကျ သဖြင့် မိတ်ဖက်ဖြစ်သော 'ပ'နှင့်'သ' ကိုပြောင်းကာ ပုသိမ်ဟုအမည်ပြောင်းစေသည်။

ပုသိမ်အား မြို့ပြအဖြစ် ပြန်လည်တည်ထောင်သူမှာ ဟံသာဝတီပြည်ကို တည်ထောင်သူ ဝိမလမင်း၏ သားတော်ခြောက်ပါးဖြစ်ပြီး ကောဇာသက္ကရာဇ် (မြန်မာသက္ကရာဇ်) ၅၃၆ခုနှစ်တွင် စတင်စိုးစံသည် ဟုလည်း ဆိုသည်။ ပုဂံဘုရင် မင်းယဉ်နရသိင်္ခမှ ဘုရင်ခံအဖြစ် အုပ်ချုပ်စေသူမှာ ညီနောက်ခြောက်ဦးအနက် အကြီးဆုံးသူ ဝါသုဒတ္တဖြစ်သည်။ ထို့နောက် ပသီကုလားမင်းများဝင်ရောက်လာကာ စိုးစံသောကြောင့် ပသီမြို့ဟုခေါ်တွင်ပြန်သည်။ တဖန် ပသီကုလားမင်းတို့ကို ဂုဏ္ဏာသာရနှင့် ဂုဏ္ဏာသာရီ အမည်ရှိ မွန်ညီနောင်က လုပ်ကြံပြီး ဆက်လက်အုပ်ချုပ်ကြသည်။ အစောဆုံး ခိုင်မာသည့် သမိုင်း အထောက်ထားမှာ ခရစ်နှစ် ၁၅၈၆-၁၅၈၈အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် အင်္ဂလိပ်လူမျိုး ခရီးသွား Ralph Fitch ၏ မှတ်တမ်း ဖြစ်ပြီး ၎င်းက Cosmin မြို့ဟု မှတ်သားခဲ့သည်။ ထိုစဉ်က မွန်အမည် "ကောသမိန်" (ကော=ကျွန်း၊ သမိန်=မင်းသား) အားအင်္ဂလိပ် အသံထွက်ဖြင့် မှတ်သားသွားခြင်း ဖြစ်နိုင်သည် ဟုခန့်မှန်း ကြသည်။ မြန်မာတို့က ကောသမိန်မြို့အား "မင်းသားကျွန်း" ဟုခေါ်ကြသည်။

ပုသိမ် ဟူသောဝေါဟာရ၏ အစမှာ အာရပ်၊ အိန္ဒိယ ကုန်သည်များမှ အစပြုခဲ့ခြင်း ဟုလည်းဆိုသည်။ အာရပ်/ပါရှန်း ကုန်သည်များ များပြားရာ မြို့ဖြစ်သော ကြောင့် မြန်မာဘာသာဖြင့် "ပသိ" (မြန်မာမွတ်စလင်မ်မြို့) ဟု ခေါ်တွင်ရာမှ ကာလကြာသော် ပုသိမ်ဟူ၍ ဖြစ်လာခဲ့သည်ဟုဆိုသည်။

သို့သော် ဗြိတိသျှဘာသာဗေဒပညာရှင် ပါမောက္ခ Harry Leonard Shorto ၁၉၆၂ ခုနှစ်တွင်ရေးသားသော အောက်စ်ဖိုဒ် တက္ကသိုလ်ထုတ် သုတေသနစာတမ်းအရ ပုသိမ် ဟူသောဝေါဟာရမှာ မွန် ဝေါဟာရ "ဖာသီ ([pha sɛm])" က ဆင်းသက်ပြီး ပုသိမ် ပြောင်းလဲလာကြောင်း ဆိုသည်။

အင်းဝ၌ မင်းကြီးစွာစော်ကဲ၊ ဟံသာ၀တီပဲခူး၌ ရာဇာဓိရာဇ်တို့ စိုးစံသည့်ခေတ်မှစ၍ အလောင်းဘုရားလက်ထက်တိုင်အောင် နှစ်ပေါင်းရာပေါင်းများစွာ ပုသိမ်နယ်တစ် ဝိုက်သည် မွန်နှင့်မြန်မာတို့ အားပြိုင်ကြရာ ဒေသဖြစ်ခဲ့သည်။ ဗြိတိသျှတို့သည် အိန္ဒိယ၌ ခြေကုပ်ရပြီးသော အခါ၊ မြန်မာနိုင်ငံ၌လည်း ခြေကုပ်ရရန် ကြိုးစားကြသည်။

ခရစ်နှစ် ၁၆၈၇ တွင် ဗြိတိသျှတို့သည် ဟိုင်းကြီးကျွန်းတွင် အခြေခံစခန်းပြုပြီးနောက် ပုသိမ်မြို့တွင်လည်း အရှေ့အိန္ဒိယကုမ္ပဏီ ဌာနခွဲတစ်ခုဖွင့်သည်။

ပုသိမ်မြို့ (ခရစ်နှစ် ၁၈၇၈)
ပုသိမ်သို့ အင်္ဂလိပ်များ ပထမဆုံးရောက်ရှိချိန်မှာ အ လောင်းမင်းတရား လက်ထက်တွင် ဖြစ်သည်။ မွန်-မြန်မာစစ်ပွဲတွင် မြန်မာတို့အား ကူညီခဲ့သောကြောင့် ပုသိမ်မြို့ပေါ်တွင် မြေကွက်တစ်ကွက် ရရှိခဲ့သော်လည်း နောက်တွင် မွန်သူပုန်များအား ကူညီသည်ဟုဆိုကာ အ ခွင့်အရေးများ ပြန်လည်ရုပ်သိမ်း ခံခဲ့ရသည်။

အင်္ဂလိပ်-မြန်မာ ပထမစစ်တွင် အင်္ဂလိပ်တို့ ပုသိမ်မြို့ကိုသိမ်းပိုက်ထားခဲ့ပြီး၊ ၁၈၂၆တွင် ပုသိမ်ခံတပ်မြို့ကို တည်ဆောက်ခဲ့သည်။ ထို့နောက် ရန္တပိုစာချုပ်အရ မြန် မာတို့အား ပြန်လည်ပေးအပ်ခဲ့ကာ၊ ဒုတိယ အင်္ဂ လိပ် -မြန်မာ စစ်ပွဲအပြီးတွင်ဗြိတိသျှအင်ပါယာလက်အောက်
သို့ သွတ်သွင်းနိုင်ခဲ့သည်။ ပုသိမ်မြို့အားလည်း အင်္ဂလိပ်လေသံဖြင့် Bassein ဟုခေါ်တွင်စေသည်။ယခုအခါတွင်ပုသိမ်မြို့သည် အောက်မြန်မာပြည်အတွက် အရေးပါသော ကုန်သွယ်ဆိပ်ကမ်းမြို့ဖြစ်လာခဲ့သည်။

ပုသိမ်မြို့သည် ယခင်က မွန်တို့ ပိုင်နက် ဖြစ်သော်လည်း လက်ရှိတွင် မွန်လူမျိုး အနည်းငယ်သာ နေထိုင်ကြပြီး ဗမာလူမျိုးမှာ အများစုဖြစ်သည်။ ထို့အပြင် ရခိုင်လူမျိုးနှင့် ကရင်လူမျိုး အများအပြားလည်း နေထိုင်ကြသည့်အပြင် အိန္ဒိယ၊ တရုတ်အနွယ်များ လူနည်းစု အဖြစ်နေ ထိုင် ကြသည်။ ပုသိမ်မြို့၏ လူဦးရေ အများစုမှာ ဗုဒ္ဓ ဘာသာဝင်များ ဖြစ်ကြပြီး ကရင်လူမျိုး ကက်သလစ်နှင့် နှစ်ခြင်းခရစ်ယာန်များ အများအပြား ရှိသည်။ ထို့အပြင် ဟိန္ဒူ နှင့် မူဆလင်များလည်း အနည်းငယ်စီ ရှိကြသည်။

ပုသိမ်မြို့သည် ၁၂ စတုရန်းမိုင်ခန့် ကျယ်ဝန်းသည်။ မြောက်လတ္တီကျု ၁၆ဒီဂရီ ၄၆မိနစ်နှင့် အရှေ့လောင်ဂျီကျူ ၉၄ဒီဂရီ ၄၃မိနစ်တို့ ကြားတွင် တည်ရှိသည်။ မြို့သည် ပုသိမ်မြစ်၏ အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း နှစ်ခုလုံးပေါ်၌ တည်ရှိပြီး၊ မြစ်၏ အရှေ့ဘက်ကမ်းတွင် အစိုးရရုံးကြီးများနှင့် ဈေးကြီးများ ရှိသည်။
ပုသိမ်မြို့ရှိ ထင်ရှားသည့် ရပ်ကွက်များမှာ အသည်ကြီး၊ တလိုင်းချောင်း၊ ယိုးဒယားကုန်း၊ မရမ်းချိုကုန်း၊ အတီးစု စသည်တို့ ဖြစ်သည်။ မြို့၏ လမ်းမကြီးများသည် မြစ်ကမ်းနားနှင့် ယှဉ်ပြိုင်လျက် ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီး ဖြစ်သည့်အားလျော်စွာ ပုသိမ်မြို့သည် ဆန်စပါး ကြိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်သည်။ ထို့ကြောင့် ဆန်စက်နှင့် ဆန်သိုလှောင်ရာ ဂိုထောင်များ ပေါများလှသည်။ ကြိတ်ခွဲပြီး ဆန်များကို ရေကြောင်း၊ကုန်းကြောင်း
တို့ဖြင့် ရန်ကုန်မြို့နှင့်အခြားမြန်မာပြည် အနှံ့အပြားသို့ တင်ပို့သည်။ ပုသိမ်ဆိပ်ကမ်းသည် ဧရာဝတီတိုင်းဒေသကြီးအတွက် ပို့ကုန်၊ သွင်းကုန်များ မှာယူတင်ပို့ရာတွင် အရေးပါသော ဆိပ်ကမ်းလည်း ဖြစ်သည်။ ထို့အပြင် ပုသိမ်မြို့သည် အစိုးရပိုင်မှန်စက်ရုံရှိရာမြို့ဖြစ်ပြီး ပြည် တွင်းသုံးမှန်နှင့် ဖန်ထည်အမျိုးမျိုးကိုပါ ထုတ်လုပ်ဖြန့် ဖြူးသည်။ အသေးစားလုပ်ငန်းများ အနေဖြင့် ပုသိမ်ထီးလုပ်ငန်းများ၊ ငါးပိငါးခြောက်ငံပြာရည် လုပ်ငန်းများအပြင် နာမည်ကျော် ပုသိမ်ဟာလဝါလုပ်ငန်းများ ဖွံ့ဖြိုးသည်။

မြစ်၊ ချောင်း၊ အင်းအိုင် ပေါများရာ မြစ်ဝကျွန်းပေါ် ဒေသဖြစ်ခြင်းကြောင့် ရေကြောင်းခရီးမှာ များစွာအရေးပါလှသည်။ ရေကြောင်းခရီးအား အဓိက အားကိုးရခြင်း ကြောင့်လည်း မြေပြန့်ဒေသများ နှင့် နှိုင်းယှဉ်လျှင် လမ်း ပန်းဆက်သွယ်ရေး အနည်းငယ် နောက်ကျနေခဲ့သည် ဟုဆိုနိုင်သည်။ ယခင်က ဧရာဝတီတိုင်းဒေသကြီးရှိ အခြားမြို့ရွာများနှင့် ဆက်သွယ်ရန် ရထားလမ်း၊ ကားလမ်း အ ချို့ ရှိခဲ့သော်လည်း ရန်ကုန်သို့ တစ်ညအိပ် ရေလမ်းခရီးဖြင့်သာ သွားလာနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သော ၁၅ နှစ်အတွင်း လမ်း၊ တံတားအချို့ ဖောက်လုပ် ပြီးစီးခဲ့ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး နှင့် ခရီးသွားလုပ် ငန်းများ အနည်းငယ် ဦးမော့လာခဲ့သည်။ ယခုအခါတွင် ရန်ကုန်မြို့ သို့ပြေးဆွဲသော မော်တော်ယာဉ် လိုင်းပေါင်း မြောက်မြားစွာ ပေါ်ထွက်လာပြီး ခရီးသွားလာချိန်မှာ ၄ နာရီခန့်သာ ကြာမြင့်သည်။
လေကြောင်းခရီးအတွက် ပုသိမ်လေဆိပ် ရှိပြီး ပြေးလမ်း ၄၄၀ဝပေရှည် ကွန်ကရစ်ခင်း အမျိုးအစား ဖြစ်သည်။ မြန်မာ့လေကြောင်းမှ ရန်ကုန်-ပုသိမ်-သံတွဲ ခရီးစဉ် နှင့် ပုဂံလေကြောင်းမှ ရန်ကုန်-ပုသိမ်ခရီးစဉ်များ ပြေးဆွဲ ပေးနေသည်။ ထို့အပြင် ရေလမ်းခရီးမှာလည်း လူသုံးများဆဲ ဖြစ်သည်။
မြို့တွင်း ခရီးသွားလာရန် အတွက် မော်တော်ယာဉ်လိုင်း အချို့ရှိပြီး စင်းလုံးငှား မော်တော်ယာဉ်များပါ ရှိသည်။ ယခင်က မြို့တွင်း သွားလာရေး အတွက် သုံးဘီးကား များကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြ သော်လည်း နောက်ပိုင်းတွင် လေးဘီးကား၊ ဒိုင်နာ၊ ဟိုင်းလပ် စသည်တို့ဖြင့် အစားထိုးခဲ့သည်။၂၀၁၈ တွင် အိုးဝေ Taxi ဟုခေါ်‌သော သုံးဘီးဆိုင်ကယ်များ လွန်စွာ တွင်ကျယ်လာခဲ့ပြီဖြစ်သည်။

ရွှေမုဋ္ဌောဘုရား

ရွှေမုဋ္ဌောဘုရားကို သာသနာ သက္ကရာဇ် ၂၁၈ ခုနှစ် တပေါင်းလပြည့်နေ့ လငပုပ်ဖမ်းသောအခါတွင် သီရိဓမ္မာသောကမင်း တည်သည်ဟု ဆိုသည်။ သီရိဓမ္မာသောကမင်းလက်ထက် တည်စက ရွှေအာဏာစေတီဟုတွင်၍ ၄၅၇ ခုနှစ်တွင်အလောင်းစည်သူမင်းကြီး ပြန်လည် ပြုပြင်ပြီးသောအခါ ထူပါရုံစေတီဟု သမုတ်သည်။ ၆၂၅ ခုနှစ်တွင် သမုဒ္ဒဃောသမင်းနှင့် ဥမ္မာဒန္တီ မိဖုရားတို့ တိုးချဲ့တည်ပြီး သောအခါမှ ရွှေမုဋ္ဌောဟု အမည်တွင်ခဲ့ခြင်း ဖြစ်လေသည်။
ဒုတိယအင်္ဂလိပ်-မြန်မာ စစ်ပွဲပြီးဆုံးသွား၍ ပုသိမ်မြို့သည် ဗြိတိသျှတို့လက် ရောက်ရှိသွားပြီးနောက် ဗြိတိသျှအစိုးရခန့် အပ်သည့်စစ်ကဲတော်မင်းများသည်လည်း ကောင်း၊ ဗုဒ္ဓဘာသာဝင် မြို့မိမြို့ဖတို့သည်လည်း ကောင်း ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကိုးကွယ်ခဲ့သည်။ ယခုတည်ရှိသည့်အတိုင်းဖြစ်သော မြေမှခရား သီးအဆုံးထိ ၇၇ တောင်၊ ထီးရပ် ၂၃ တောင်၊ နှစ်ရပ်ပေါင်း အတောင်တစ်ရာ၊ လုံးပတ်တော် ၂ဝ၇ တောင်နှင့် ဖိနပ်တော် ၂၇၂ တောင် အသီးအသီးရှိသော ဉာဏ်တော်၊ လုံးဝန်းပမာဏတော်တို့ကို ဆောင်စေလျက် စိန်ဖူးတော်၊ ရွှေထီးတော်၊ ငွေထီးတော်အပြင် ရတနာ အပေါင်းဖြင့် စီခြယ်အပ်သော ရွှေသားငှက်မြတ်နားတို့ဖြင့် ခမ်းနားထည်ဝါ ကြည်ညိုဖွယ်ရာ တိုးမြှင့် တည်ထားနိုင်ခဲ့လေသည်။

ကန်သာယာပန်းဥယျာဉ်

ပုသိမ်တက္ကသိုလ်အနီး ကန်သုံးဆင့် ရေကန်နံဘေးတွင် တည်ဆောက်ထားသော အပန်းဖြေရန်ပန်းဥယျာဉ် ဖြစ်ပြီး ကစားကွင်းများ၊ စားသောက်ဆိုင်များ ပါဝင်သော နေရာတစ်ခုဖြစ်ပါသည်။

မော်တင်စွန်းဘုရားနှင့်ကမ်းခြေ

ငဝန်မြစ်ကြောင်းအတိုင်း သင်္ဘောနှင့် စုန်ဆင်းသွားပါက ကပ္ပလီပင်လယ်ဝရှိ မော်တင်စွန်းအငူသို့ ရောက်ရှိနိုင် သည်။ နှစ်စဉ် ရေကျချိန် ဖြစ်သည့် တပို့တွဲလ (ဖေဖော် ဝါရီ၊မတ်) ရောက်တိုင်း မော်တင်စွန်းဘုရားပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိသည်။ ကမ်းခြေတစ်လျှောက်တွင် ယာယီတဲများ ထိုးကာ ပင်လယ်ထွက် ပစ္စည်းများပါ ရောင်းချကြသည်။

ချောင်းသာကမ်းခြေ

ပုသိမ်မြို့ မှ၄၀ကီလိုမီတာ သာကွာဝေး သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်ပြီး ၁၉၉၀ခုနှစ် များတွင် စတင် လူသိများ လာခဲ့သည်။ ဈေးနှုန်းနှင့် အတန်းအစား အမျိုးမျိုးသော ဟိုတယ်နှင့် တည်းခိုခန်းများ၊ ပင်လယ်စာ စားသောက်ဆိုင်များရှိသည်။

ငွေဆောင်ကမ်းခြေ

ပုသိမ်မြို့မှ ၄၈ကီလိုမီတာ ကွာဝေးပြီး ၂၀ဝ၀ပြည့်နှစ်တွင် စတင်ဖွင့်လှစ်သော ကမ်းခြေ အပန်းဖြေစခန်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလှပဆုံးသော ကမ်းခြေများ စာရင်းတွင် ပါဝင်ပြီး ကြယ်ငါးပွင့် စံချိန်မီဟိုတယ်ကြီးများရှိရာနေရာ ဖြစ်သည်။

ကိုးကား။ ။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)၊ စာ ၃၄၉-၅၂။
မူရင်းဓါတ်ပုံဆရာများအား လေးစားစွာ Credit ပေးပါတယ်။

10/03/2023

တစ်ချို့သောအရာ ဘဝကခက်ခဲပေမယ့်လဲ
ရိုးရိုးသားသား ကိုယ့်တတ်ကျွမ်းရာ ဖြတ်ကျော်နေရ

26/02/2023

ချင်းအဆိုတော်တွေရဲ့ We Are the World ပြန်ဆိုတေး ကြည့်ရှုသူ ၁ သန်းကျော်ရှိလာ

ချင်းအဆိုတော်တွေ စုပေါင်းသီဆိုထားတဲ့ ကမ္ဘာကျော် We Are the World သီချင်းကို ပြန်လည်သီဆိုထားတဲ့ တေးသီချင်းဟာ ယူကျူ့မှာ ကြည့်ရှုသူ ၁ သန်းကျော်အထိရှိလာနေပါတယ်။

ဒီပြန်ဆိုတေးကို မြန်မာပြည်တွင်းစစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၂ ရက်မှာ Chin Tube ချယ်နယ်ကနေ ယူကျူ့ပေါ် တင်ခဲ့တာဖြစ်ပေမဲ့ နိုင်ငံတကာ ယူကျူဘာတွေနဲ့ နာမည်ကြီးသူတွေက အွန်လိုင်းပေါ်မှာ သီချင်း ဖန်တီးထားပုံကို အွန်လိုင်းပေါ်မှာ ချီးကျူးပြောဆိုခဲ့ကြအပြီးမှာ ရက်ပိုင်းအတွင်း ကြည့်ရှုသူ ၁ သန်းကျော်အထိရှိလာတာဖြစ်ပါတယ်။

အာဖရိကတိုက်မှာ အထူးသဖြင့် အီသီယိုးပီးယားနိုင်ငံမှာ ၁၉၈၀ ပြည့်နှစ်ဝန်းကျင်တွေမှာဖြစ်ခဲ့တဲ့ အငတ်ဘေးကို အကူအညီပေးနိုင်ရေး ရန်ပုံငွေရှာဖွေဖို့ ရည်ရွယ်ကာ ဒီသီချင်းကို အဆိုတော် မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်နယ်ရစ်ချီတို့က ၁၉၈၅ ခုနှစ် သီဆိုခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်ကနေ အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ခြမ်းက မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတဲ့ ချင်းအဆိုတော်တွေ အများစု ပါဝင်ထားပါတယ်။

နိုင်ငံအတွင်းမှာ စစ်တပ်က ပြည်သူလူထုကို ဘာတွေလုပ်နေတယ်ဆိုတာကို နိုင်ငံတကာကို အသိပေးလှုံ့ဆော်ဖို့၊ နယ်စပ်စည်းခြားပေမဲ့ ချင်းပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်တို့ တသားတည်းဖြစ်တယ်ဆိုတာြပသဖို့၊ တခြားသီချင်းအသစ်ကို ဖန်တီးနိုင်ပေမဲ့ ဒီသီချင်းဟာ လူတိုင်းနားယဥ်နေတာ၊ နောက် ပြည်တွင်းက လက်ရှိ အခြေအနေတွေနဲ့ ကိုက်ညီနေတာတွေကြောင့် အခုလို ပြန်လည် သီဆိုရတာဆိုပြီး ပါဝင် သီဆိုထားသူတွေက ဘီဘီစီကို ပြောထားပါတယ်။

#မြန်မာ #ချင်း #အိန္ဒိယ #မီဇိုရမ် #ပြန်ဆိုတေး #စစ်အာဏာသိမ်းမှု #ဂီတ

ယခု Taysamon Yamanya Page ကနေ ဘာသာပြန်နဲ့
တင်ပေးလိုက်ခြင်းဖြစ်ပါတယ်
link ကတော့
https://m.facebook.com/story.php?story_fbid=2581227128685543&id=100003948439270&mibextid=Nif5oz

မူရင်း ကတော့ link

https://youtu.be/2ky1Wa7qclg

Send a message to learn more

 #နာမည်ကြားရင်လူမျိုးသိ ဆိုတဲ့စကားအတိုင်းမွန်လူမျိုးလဲဖြစ် မွန်ဆိုတဲ့အမွေးလေးရအောင်မွန်နာမည်မှည့်ဖို့ ခက်ခဲနေရင် ကိုယ့်ေ...
07/02/2023

#နာမည်ကြားရင်လူမျိုးသိ ဆိုတဲ့စကားအတိုင်း

မွန်လူမျိုးလဲဖြစ် မွန်ဆိုတဲ့အမွေးလေးရအောင်
မွန်နာမည်မှည့်ဖို့ ခက်ခဲနေရင် ကိုယ့်နေ့ကိုယ့်နာမ်နဲ့
သက်ဆိုင်တဲ့နာမည် အများကြီးရှိပါတယ်

နစ်သက်ရာနေ့နာမ်ရွေးပြီး မွန်လိုထားလိုရအောင်
Page က​နေ တင်ပေးထားပါတယ်

07/02/2023

ယွံ..ဂကူမန်ပဲို မိတ်ဂွံဂွံ ဍုါ်မန်ဟာ......................................................
အရေဝ် နဲာယက္ခ ဗော်ဍုါ်မန် ဟီုတွံလဝ် နွံ (၂) သ်ာရ

၁ #ဇၟာပ္သၟတ္မန္ လုပ္ပၞာန္(၂)သၞာံမာန္ဟာ?
၂ # ဇၟာပ္မန္မၞိဟ္( ၁၀)တွ္ေ ရာန္ကဵုလြဟ္မြဲဇကုမာန္ဟာ?

27/05/2022

ကရင်လူမျိုးဖြစ်ပေမယ့်လဲ
မွန်လူမျိုးတွေရဲ့သီးချင်းကြားရင်
မနေနိင်တဲ့ကိုကိုကရင်ဖြစ်နေတဲ့အခါ
အကောက် Ban ခံထိထားလို့ Newpost
မတင်ဖြစ်တာကြာနေပြီး

10/04/2022

သင်္ကြန်လဲရောက်တော့မယ်ဆိုတော့
သင်္ကြန်ဆိုတာ ဘယ်လို့ဖြစ်လာတာလဲ
မွန်ဘာသာ မွန်စကား မွန်တရားလေးနဲ့
ရှင်ပြထားပါတယ်

23/11/2021
22/11/2021

#သဘင်ကျာ်ဇၞး
#ကျိုက်နဲ့ရေလယ်ဘုရားပွဲတော်နေ့မှာ
စိတ်ညစ်စရာအဖြစ်အပျက်လဲ တိုတတွေကြုံတွေ့ခဲ့ပြီးပြီးပဲ.......................................................................
#ရောင်စုံမီး နဲ့ ရှုခင်းအလှတွေနဲ့အတူတူ
ဓာတ်ဖမ်းခဲ့ပြီးပြီးလား...........................................................................

22/11/2021

ကျိုက်နဲရေလယ်ဘုရား ဖူးမြှော်ရင်
သဘာဝလှိုင်းကြောင့် ရေနဲ့အတူစီမျောပြီးနစ်ခဲ့ပေမယ့်
အသက်ဘေးမှလွတ်မြောက်ခဲ့တဲ့မြိုင်ကလေးကအဒေါ်
​မေးမြန်ခြင်း သူ့သမီးတော့ရေထဲ ပျောက်ကွယ်နေဆဲ

21/11/2021

ကျိုက်နဲရေလယ်ဘုရား(နတ်လမ်း)သို့ ဘုရားဖူးသွားရာ မှ ရေနစ်သေဆုံးမှု ဖြစ်စဥ်အကျဥ်း

လှေမှောက်သေဆုံးခြင်း မဟုတ်ပါ

မျောပါနေသော ရေနစ်သေဆုံးသူများ၏ အလောင်းများအား လှေဖြင့် လိုက်လံ ဆယ်ယူပေးခြင်း၌ ပါဝင်ခဲ့သော...
သံဖြူဇရပ်မြို့၊စက်စဲကျေးရွာ
''လူငယ်တံခွန်လူမှုကူညီရေးအသင်း'' ၏
အသင်း ဥက္ကထ ကိုကျော်ခိုင်၏ ပြောပြချက်အရ

ဘုရားဖူးများအား ရေတက်နေပြီဖြစ်၍ ခေတ္တစောင့်စောင်းပြီးမှ ပြန်ကြသွားကြရန် ပြောကြားသော်လည်း
နားထောင်မှုမရှိဘဲ ရင်ဘတ်ခန့်ရှိသော ရေအားဖြတ်၍
ဘုရားမှပြန်ကြ၊ဘုရားဆီသို့ သွားကြရာမှ လှိုင်းပုတ်ဒဏ်ကြောင့် ဘေးလက်ရန်း ကာထားသော ဝါးလုံးများ...
လူအုပ်၏ ဒဏ်ကိုမခံနိုင်ဘဲ ပြုတ်ထွက်ကာ
လူအယောက်(၅၀)ခန့် ရေနက်ရာဘက်သို့ လွင့်စင်
နစ်မြုပ့်ခဲ့ပါသည်။

လက်ရှိ ဆယ်ယူရရှိသော အလောင်းစုစုပေါင်း (၁၅)လောင်း ရှိပါသည်။

အမျိုးသား (၃)လောင်း
အမျိုးသမီး (၂)လောင်း ဖြစ်သည်။

အသက်(၉)နှစ်အရွယ် ယောကျာ်းလေး နှင့်
သံဃာတော်(၁)ပါးပါဝင်။
ရုပ်အလောင်း(၁၅)ဦး တို့ကို မော်လမြိုင်၊ မုဒုံနဲ့ သံဖြုူဇရပ်က rescue အဖွဲ့များက ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်
ဝေါ(၇)၊ သထုံ(၂)၊ မုတ္တမ(၁)၊ မြဝတီ(၁)၊ ကြာအင်းဆိပ်ကြီး(၁)၊ မော်လမြိုင်သရက်ကုန်(၁)၊ ရေးဓမင်းဆိပ်(၁)၊ မုဒုံ(၁) ​ေပါင်း (၁၅)ဦး ဖြစ်ပါတယ်
ပျောက်ဆုံးသူ (၃၀)ခန့်ရှိနေတယ်

လက်ရှိဖော်ယူရရှိသော အလောင်းများထဲတွင် ပဲခူးတိုင်း ဝေါမြို့မှ ၇ လောင်း၊ မွန်ပြည်နယ် သထုံမြို့မှ ၂ လောင်း၊ ကရင်ပြည်နယ် မြဝတီမြို့မှ ၁ လောင်း၊ ကြာအင်းဆိပ်ကြီးမြို့တို့မှ ၁ လောင်း၊ မော်လမြိုင်သရက်ကုန်းမှ ၁ လောင်း၊ ရေးမြို့ ဓမင်းဆိပ်မှ ၁ လောင်းနှင့် မုဒုံမြို့တို့မှ ၁ လောင်း စုစုပေါင်း ၁၅ လောင်း အတည်ပြုထားနိုင်ကြောင်း အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပရဟိတအဖွဲ့များထံက သိရသည်။

ဆက်လက်ပြီးအလောင်တွေရှာဖွေကယ်ဆယ်ရေးလုပ်နေဆဲ
အလောင်တွေ ခုဆို ၂၁ တွေ့ရှိလာတယ်

20/11/2021

တုတ်ပြီး ဓားပြီး ယုံလောက်နဲ့မဟုတ်ပဲ
သေနတ်ပါပြီး နေတဲ့အခါ 😉😘😊😟

မီးအလှတန်ဆာတွေနဲ့ ပြည့်နှက်နေတဲ့ကျနော်တို့ရဲ့မွန်ပြည်နယ် ကျိုက်နဲရေလယ်ဘုရား အံခဲရွာကိုလာရောက်ဖူး​မြော်ကြပါ... မပမတ် အတို...
20/11/2021

မီးအလှတန်ဆာတွေနဲ့ ပြည့်နှက်နေတဲ့
ကျနော်တို့ရဲ့မွန်ပြည်နယ် ကျိုက်နဲရေလယ်ဘုရား အံခဲရွာကို
လာရောက်ဖူး​မြော်ကြပါ...
မပမတ် အတိုင်ပမိက်စိုတ် လဂုဏ်ဂွံတောဲဂွံရာန်ဂှ် တင်ဂုဏ်ကဵုရဲဍုင်သေံကဵုလဝ်ဒါန်မပမတ်ဂှ်ဗွဲမလောန်ရအဴ

Address

Kyaikmaraw
12072

Alerts

Be the first to know and let us send you an email when Taysamon Yamanya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taysamon Yamanya:

Videos

Share

Category