Win Veterinary Clinic

Win Veterinary Clinic Welcome from my page

08/04/2024

(၈.၄.၂၀၂၄) မှ (၁၈.၄.၂၀၂၄)ရက်နေ့ အထိ ဆေးခန်းပိတ်ပါမည်။

18/11/2023

ပါရာစီတမောလ် နှင့် ခွေးကြောင်လေးများ

ကလေးအစာမစားလို့ နေမကောင်းဘူးထင်ပြီး ဆေးလေးတိုက်ထားတယ် ဆရာမ ပြောလို့
ဘာဆေးလဲ မေးကြည့်ရင် ပါရာစီတမောလ်တို့
လန်းဆန်းတို့လို့ ပြန်ဖြေတာကြားရပါတယ်
ပါရာစီတမောလ်နဲ့မတည့်ဘူးနော် မတိုက်ရဘူးပြောတော့ ပါရာစီတမောလ် တိုက်တာမဟုတ်ဘူး လန်းဆန်းတိုက်ထားတာတဲ့ ဒီလိုလေးတွေ ကြားရတတ်လို့ ပါရာစီတမောလ်အကြောင်းလေး ပြောချင်လာပါတယ်

ပါရာစီတမောလ်ဟာ ခွေးကြောင်လေးများနဲ့မတည့်တာကို
ခွေး‌ေကြာင်ပိုင်ရှင်အတော်များများတော့သိကြပေမယ့်
တချို့လည်း သတိမထားမိကြပါဘူး
ပါရာစီတမောလ်လို့ဆိုလိုက်ရင် ပါရာစီတမောလ်ဆိုတဲ့နာမည်နဲ့ ဝယ်လို့ရတဲ့ဆေးတွေပဲ မတည့်တာထင်ပြီး တခြားနာမည်နဲ့ထွက်ထားတဲ့ဆေးတွေ တိုက်မိကြပါတယ်
ကလေးတွေနဲ့မတည့်တာက ပါရာစီတမောလ်ထဲမှာပါဝင်တဲ့
Acetaminophen ဆိုတဲ့ compound နဲ့မတည့်တာပါ
ဒါကြောင့် Acetaminophen ပါတဲ့ဘယ်ဆေးမဆို
🐶 😺 လေးတွေကို မတိုက်သင့်ပါဘူး
ကိုယ့်ကလေးနေမကောင်းလို့ အိမ်မှာအလွယ်တကူရှိတဲ့
လူသုံးဆေးတိုက်ချင်တယ်ဆိုရင် မိမိတို့ပြသနေကြ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှ ဆေးတိုက်တာမျိုးလုပ်သင့်ပါတယ်
တစ်ခါတိုက် နည်းနည်း နည်းနည်းနဲ့ မကြာခဏ တိုက်မိမယ်ဆိုရင် သူတို့ကို အဆိပ်သင့်စေနိုင်တဲ့ ဆေးပမာဏထိရောက်သွားပြီး အသည်းပျက်စီးတဲ့အထိ
ဖြစ်စေမှာဖြစ်ပါတယ် အသည်းပျက်စီးတာအပြင် ပါရာစီတမောလ်အဆိပ်သင့်ခြင်းဟာ ကလေးတွေကို အသက်ဆုံးရှုံးစေတတ်တဲ့အထိ ပြင်းထန်ပါတယ်

ဒါကြောင့် ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန် ခွေး၊ ‌‌ကြောင်ကလေးတွေကို Acetaminophen ပါတဲ့ဆေးတွေမတိုက်မိဖို့ ဂရုပြုကြပါနော်

12/06/2023
12/04/2023

ဆေးခန်းအား (၁၃.၄.၂၀၂၃) မှ (၁၇.၄.၂၀၂၃) ထိ ပိတ်ပါမယ်ရှင်။ နှစ်သစ်မှာ စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာပါစေ။

23/12/2022
ကာကွယ်ဆေးထိုးသော်လည်း ဘာကြောင့် ရောဂါဖြစ်ရသလဲ?Crd
15/12/2022

ကာကွယ်ဆေးထိုးသော်လည်း ဘာကြောင့် ရောဂါဖြစ်ရသလဲ?

Crd

Vaccination failure in Dogs
ခွေးများတွင် ကာကွယ်ဆေးမအောင်ခြင်း

ကျမဆီကို မကြာခဏမေးတတ်ကြတဲ့မေးခွန်းတစ်ခုက ကာကွယ်ဆေးထိုးထားရက်နဲ့ သွေးဝမ်းသွားတယ်၊ ကျောက်ပေါက်တယ် ဘာဖြစ်လို့လဲ ဆရာမ...
အဲ့ဒီမေးခွန်းကို ဒီ post လေးမှာ ရှင်းပြပါ့မယ်။
‌လူအပါအဝင် ခွေး၊ ကြောင်စတဲ့ အိမ်မွေးတိရစ္ဆာန်တွေ၊ နွား၊ဝက်တို့လို မွေးမြူရေးတိရစ္ဆာန်တွေကအစ သက်ရှိသတ္တဝါတွေမှာ အဖြစ်များတဲ့ရောဂါတွေကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းဟာ ကာကွယ်ဆေးထိုးခြင်းပဲဖြစ်ပါတယ်။
ဒါပေမယ့် ကာကွယ်ဆေးထိုးထားတိုင်း ကာကွယ်ဆေးအာနိသင်ရတတ်တာမဟုတ်ပဲ ကာကွယ်ဆေးမအောင်တာမျိုးတွေရှိတတ်ပါတယ်။

၁။ Ineffective Vaccine
အရည်အသွေးနဲ့ အာနိသင်မပြည့်ဝတဲ့ကာကွယ်ဆေး

ကာကွယ်ဆေးတွေဟာ လိုင်စင်ရကုမ္ပဏီတွေကနေ စနစ်တကျထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ထုတ်လုပ်စဉ်မှာတော့ အရည်အသွေး၊ အာနိသင်ပြည့်ဝတာများပါတယ်။
သယ်ယူပို့ဆောင်တဲ့အချိန်နဲ့ သိုလှောင်သိမ်းဆည်းတဲ့နေရာတွေမှာ စနစ်တကျမရှိတာ၊သတ်မှတ် အပူချိန်မှာမထားတာတွေကြောင့် အာနိသင်ပျက်ပါတယ်။ ဒီလိုကာကွယ်ဆေးကိုထိုးရင် ရောဂါမကာကွယ်နိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့ လက်ရှိလျှပ်စီးဓာတ်အားပေးတဲ့အစီအစဉ်ကြောင့် ထားသိုမှုစနစ် ကို သေချာဂရုမပြုနိုင်ရင် ကာကွယ်ဆေးအာနိသင်မပြည့်ဝနိုင်တာကြောင့် ကျမတို့ဆေးခန်းမှာဆို မီးပျက်လျှင်မီးစက်နှိုးပြီး ရေခဲသေတ္တာကို ကာကွယ်ဆေးတွေသိုလှောင်ရမယ့်အအေးပမာဏမှာ အမြဲရှိအောင် အထူးသတိပြု ဆောင်ရွက်ထားရှိရပါတယ်။

၂။ Inherent characteristics of the vaccine ကာကွယ်ဆေးတွေ ရဲ့ ရှိရင်းစွဲသဘာဝအရ ရောဂါ ကာကွယ်နိုင်မှုစွမ်းအား

ကာကွယ်ဆေးအများစုဟာ ရောဂါကာကွယ်မှုကို ရာနှုန်းပြည့်မပေးနိုင်ကြပါဘူး။ အကောင်းဆုံးအစီအစဉ်ဆွဲပြီး ကာကွယ်ဆေးကိုစနစ်တကျထိုးတာတောင် ခွေးအကောင်တစ်ရာမှာ တစ်ရာလုံးက ကာကွယ်ဆေးအောင်ပြီး ရောဂါကိုတိုက်ထုတ်နိုင်တဲ့ ပဋိပစ္စည်းများရာနှုန်းပြည့်မထွက်နိုင်ပါဘူး။

၃။ The dog is not healthy when vaccinated ကာကွယ်ဆေးထိုးနေချိန်မှာ ခွေးနေမကောင်းဖြစ်နေခြင်း

ခွေးရဲ့ ကိုယ်ခံစွမ်းအားစနစ်ကောင်းနေမှသာ ကာကွယ်ဆေးထိုးရင် ကာကွယ်ဆေးရဲ့အာနိသင်ရပြီး ရောဂါကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေထုတ်နိုင်မှာဖြစ်ပါတယ်။ မကျန်းမာတဲ့ခွေးတွေမှာ ကိုယ်ခံစွမ်းအားစနစ်ချို့ယွင်းနေတဲ့အတွက် ကာကွယ်ဆေးရဲ့အာနိသင်ကိုမရနိုင်တဲ့အတွက် မိမိတို့ခွေးတွေကို တတ်ကျွမ်းနားလည်တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်များထံမှာ နေကောင်းမကောင်းအရင်စမ်းသပ်ပြီးမှသာ ကာကွယ်ဆေးထိုးပေးရပါမယ်။

၄။ Breed differencs
ခွေးမျိုးစိတ်များခြားနားမှု

အချို့ခွေးမျိုးစိတ်တွေဟာ အဖြစ်များတဲ့ရောဂါအချို့ကို ခံနိုင်ရည်မရှိကြပဲ တခြားခွေးတွေထက် ပိုဖြစ်လွယ်ကြပါတယ်။
ဥပမာ Rottweilers ခွေးမျိုးတွေဟာ Parvo သွေးဝမ်းရောဂါကို တခြားခွေးမျိုးများထက် ဖြစ်ဖို့ရာခိုင်နှုန်းပိုများပါတယ်။
Rottweilers ခွေး‌ငယ်လေးတွေမှာ ကာကွယ်ဆေးအပြည့်အဝထိုးထားပေမယ့် Parvo သွေးဝမ်းဖြစ်တတ်တာကို သုတေသနစာရင်းကောက်ယူသူတွေက အတိအကျဖော်ပြထားပါတယ်။

၅။ Interference due to maternal antibodies
မွေးစထဲက မိခင်မှတဆင့်ရရှိသော ကာကွယ်စွမ်းအားပဋိပစ္စည်းရဲ့တားဆီးနှောင့်ယှက်မှု

မွေးစခွေးလေးတွေမှာ မိခင်မှတဆင့်ရရှိတဲ့ ရောဂါကာကွယ်တဲ့ပဋိပစ္စည်းတွေကြောင့် မိခင်မှာ ကာကွယ်နိုင်တဲ့ရောဂါတွေကို ခွေးငယ်လေးတွေမှာပါကာကွယ်နိုင်ပါတယ်။ အဲ့ဒီ ပဋိပစ္စည်းဟာ ရက်သတ္တပတ်အနည်းငယ်သာကြာမြင့်နိုင်ပါတယ်။ မိခင်မှာရှိနေတဲ့ ပဋိပစ္စည်းပမာဏဟာ ကြာမြင့်တဲ့အချိန်ပေါ် တိုက်ရိုက်သက်ရောက်ပါတယ်။
ဥပမာ
မိခင်ခွေးမကြီးမှာ ခွေးရူးရောဂါကာကွယ်တဲ့ပဋိပစ္စည်း level ဟာ အရမ်းကောင်းနေရင် ခွေးငယ်လေးအသက်သုံးလထိ အဲ့ဒီကာကွယ်မှုကို ရရှိပါတယ်။ မိခင်မှာ အဲ့ဒီပဋိပစ္စည်း level က နိမ့်နေရင် ခွေးငယ်လေးတွေမှာ ရက်သတ္တပတ် ငါးပတ်၊ ခြောက်ပတ်သာ ရောဂါကာကွယ်မှုရပါတယ်။

မိခင်ကတဆင့်ရတဲ့ ပဋိပစ္စည်းအာနိသင်မကုန်ခင် ခွေးငယ်လေးတွေကို ကာကွယ်ဆေးထိုးမိရင် အဲ့ဒီပဋိပစ္စည်းရဲ့ဟန့်တားမှုကြောင့် ကာကွယ်ဆေးကရရှိမယ့် တာရှည်ခံမယ့်ကာကွယ်စွမ်းအားပဋိပစ္စည်းအပြည့်အဝမရခြင်း၊ လုံးဝမရခြင်းတို့ကြောင့် ကာကွယ်ဆေးမအောင်ပဲ ရောဂါကာကွယ်နိုင်စွမ်း မရှိတော့ပါ။

Parvo သွေးဝမ်းပဋိပစ္စည်းဟာ တချို့ခွေးငယ်တွေမှာ လေးလသားထိ မိခင်ကတဆင့်ရတဲ့ ပဋိပစ္စည်းကျန်ရှိနေတတ်တဲ့အတွက် ယခုအခါ အနောက်နိုင်ငံတွေမှာ Parvo သွေးဝမ်းကာကွယ်ဆေးအာနိသင်ရရှိစေဖို့ series အလိုက်ထိုးခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ၁၈ ပတ်နဲ့ ၂၀ ပတ်သားမှာ ထိုးလာကြပါတယ်။
ခွေးငယ်လေးတွေမှာ maternal antibodies ရှိမရှိက စစ်ဆေးလို့ရပေမယ့်ကုန်ကျစရိတ်အရမ်းများပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကို ခွေးအသက် ခြောက်ပတ်သားကနေ ၂၀ ပတ်သားထိ series အလိုက် သုံးပတ်၊ လေးပတ်ခြားပြီးပေးကြတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ အနောက်နိုင်ငံလက်တွေ့စမ်းသပ်ချက်တွေက အကြံပြုထားကြပါတယ်။

၆။ ကာကွယ်ဆေးထိုးနည်းစနစ်မမှန်ကန်ခြင်း၊ စနစ်တကျအကြိမ်ရေပြည့်အောင်မထိုးခြင်း

ကျမတို့နိုင်ငံမှာ ခွေးသားပေါက်ရောက်သူ၊ ခွေးအရောင်းအဝယ်လုပ်သူ၊ ခွေးပိုင်ရှင်များက မတတ်ကျွမ်းနားမလည်ပဲ ကာကွယ်ဆေးကို စနစ်တကျမထိုးခြင်း၊ တတ်ကျွမ်းသူတိရစ္ဆာန်‌ေဆးကုဆရာဝန်ဆီမှာထိုးနှံခြင်းမပြုပဲ သူတို့ဖာသာ ရမ်းသမ်းထိုးနှံတာတွေကြောင့် ကာကွယ်ဆေးမအောင်တတ်တာမျိုး အဖြစ်များလှပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့သာ စနစ်တကျ အကြိမ်ရေပြည့်အောင်ထိုးကြဖို့ အရေးကြီးပါတယ်။

Dr. Swe Mar Tun
B.V.Sc., M.V.Sc (Pathology)

01/12/2022
02/11/2022

(3.11.2022) မှစတင်ရ်ျ ‌`ဝင်း တိရစ္ဆာန်ဆေးခန်း'ကို ရပ်ကွက် (၁)၊ဗျူဟာလမ်းသွယ် ၊ သာယာလမ်း သို့ရွေ့ပြောင်းထားပါတယ်ရှင့်။
🏩ဆေးခန်းကိုမတွေ့ပါက ဖုန်းဆက်မေးမြန်းနိုင်ပါတယ်-09987060096

02/11/2022
01/11/2022
26/10/2022
26/09/2022

(၂၈.၉.၂၀၂၂)မှ (၁.၁၀.၂၀၂၂) ရက်နေ့ထိ ဆေးခန်း ပိတ်ပါသည်။

25/09/2022
21/08/2022

Lashio တိချစ်သူများအတွက် သတင်းကောင်းပါရှင့်
Rottweiler ကိုမှ နိုင်ငံခြားမျိုးစစ်စစ် လိုချင်သူများ
ဒီpage မှာ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်ရှင့်။

Pet service

01/08/2022

ခွေး​လေး​တွေဘာ​ကြောင့်​ချောင်းဆိုးလည်း???
-----‐--‐-------------------------------------------------
သင့်ရဲ့​ခွေး​ချောင်းဆိုးတာကိုကြည့်ခြင်းအားဖြင့် သင့်ခွေးလေးက ဖျား​နေတာလား? အစာ သို့မဟုတ် ​ရေသီးတာလား? ဆရာဝန်​ခေါ်ဖို့ လိုအပ်နေပြီလား? ဆိုတာ သင့်ကို အသိ​ပေးတာပဲဖြစ်ပါတယ်။
​ချောင်းဆိုးတာဟာ အ​ကြောင်းအမျိုးမျိုး​ကြောင့်ဖြစ်နိုင်ပါတယ်။
တချို့အ​ကြောင်းအရာ​တွေက​တော့ အသက်အန္တရယ်စိုးရိမ်ရပါတယ်။
တစ်ခါတစ်​လေမှာ နှာ​ခေါင်း သို့မဟုတ် ပါးစပ်ထဲ ဖုန်မှုန့်​တွေ တခြားအရာဝတ္ထုအပိုင်းအစ​လေး​တွေဝင်ရင်လည်း ​နှာ​ချေ ၊ချောင်းဆိုးတတ်ပါ​သေးတယ်။

​ချောင်းဆိုးတဲ့ပုံစံ???
-------------------------
​>ချောင်း​ခြောက်ဆိုးခြင်း
>လည်း​ချောင်းထဲတစ်ခုခုဆို့သလိုမျိုး ပျို့တက်ပြီးဆိုးခြင်း
>ချွဲ ၊ သလိပ်ပါသော​ချောင်းဆိုးခြင်း
>ဟွန်းသံနှင့်တူ​သောချောင်းဆိုးခြင်း
>အိပ်​နေစဥ် ၊ ​ဘေးတိုက်လဲ​လျောင်းစဥ်အတွင်း​ချောင်းဆိုးခြင်း

​ချောင်းဆိုးခြင်းကိုဖြစ်​စေသောအ​ကြောင်းအရင်းများ???
-----------------‐-----------------------------------------------------
(1) Kennel Cough
ဘက်တီးရီးယားပိုး(Bacteria) သို့မဟုတ် ဗိုင်းရပ်ပိုး (virus) သို့မဟုတ် နှစ်မျိုးစလုံး ​ကြောင့်ဖြစ်နိုင်ပါတယ်။
များ​သေားအားဖြင့် အုပ်စုလိုက်​နေရတဲ့အခါမှာ ​ရောဂါဝင်တာများပါတယ်။
Kennel​ တွေမှာအဖြစ်များတာ​ကြောင့် Kennel Cough လို့ ​​ခေါ်ပါတယ်။

(2) Sore Throat
အသက်ရှုလမ်း​ကြောင်း တစ်စိတ်တစ်​ဒေသပိတ်ခြင်း (partial block) ၊ irritation ရခြင်း(ဥပမာ ဓါတ်မတည့်ခြင်း) ၊ ​ရောဂါပိုးဝင်တဲ့အခါ​တွေမှာ ​ချောင်းဆိုးတာမျိုးဖြစ်တတ်ပါတယ်။

(3) Lung Problems (Pneumonia)
​​ချောင်းဆိုးတဲ့ထဲ ချွဲပါမယ် အမြှုပ်ပါမယ်ဆိုရင်​တော့ Lung problem လို့သတ်မှတ်လို့ရပါတယ်။အသက်ရှုရတာခက်ခဲပြီး ​မောတဲ့လက္ခဏာကိုပါ​တွေ့ရတတ်ပါတယ်။
ကိုယ်ခံအားနည်းတဲ့ ​ခွေး​ပေါက်လေး​တွေ အသက်ကြီးတဲ့​ခွေးတွေမှာ အဖြစ်များပါတယ်။
ဘတ်တီးရိီးယား သို့မဟုတ် ဗိုင်းရပ် သို့မဟုတ် မှို သို့မဟုတ် ခန္ဓာကိုယ်ပြင်ပမှအမှုန်အမွှားများဝင်​ရောက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

(4) Tracheal Collapse
​လေပြွန် ကို​ထောက်ပံ​ပေး​တဲ့ Cပုံစံအရိုးနု​ကွင်း​လေးတွေ ​​တောင့်တင်းခိုင်မာမှုမရှိ​တော့တာ​ကြောင့် အဆုပ်ကို ​လေ​ထောက်ပံ့မှုနည်းသွားခြင်းဖြစ်ပါတယ်။
အ​ကောင်​သေးမျိုး(Pug ,Toy Poodle ,Shizu ,Chihuahua ,Pom) ၊အဝလွန်​သော​ခွေးတွေနဲ့ အသက်ကြီးတဲ့​ခွေးတွေမှာအဖြစ်များပါတယ်။
ဝိတ်မတက်​အောင် အ​နေအထိုင် ၊ အစားအ​သောက်ပြုပြင်ဖို့ အရမ်းအ​ရေးကြီးပါတယ်။
​ချောင်းဆိုတဲ့အခါ ဟွန်းသံလိုမျိုးထွက်ရင် သတိထားသင့်ပါတယ်။

(5) Heart Problem
နှလုံးက ​သွေးကိုလုံ​လောက်စွာ မညှစ်ထုတ်နိုင်တဲ့အခါ ပုံမှန်မဟုတ်တဲ့အရည်(Fluid)တွေဟာ အဆုပ်မှာစုလာပါတယ် Congestive Heart Failure လို့​ခေါ်ပါတယ်။
​ရောဂါပိုး (Infection) ဝင်​ရောက်ခြင်း​ကြောင့်နှလုံးကြွက်သား​ရောင်ပြီးနှလုံးကြီးလာတဲ့အခါ အဆုပ်ကိုဖိမိတာမျိုး​တွေဖြစ်တတ်ပါတယ်။
ထိုအခါမျိုးမှာလည်း ​ချောင်းဆိုးခြင်းကိုဖြစ်​စေပါတယ်။
အိပ်​နေစဥ်ဆိုးခြင်း ၊ ဘေးတိုက်လှဲ​နေစဥ်​ချောင်းဆိုးခြင်းများကို အထူးသတိထားသင့်ပါတယ်။

(6) Heartworm Disease (နှလုံးသန်)
ခြင်ကိုက်ရာမှာတစ်ဆင့်ကူးစက်​သော​ရောဂါဖြစ်ပါတယ်။
ပူ​နွေးတဲ့​နေရာ​​ဒေသ​တွေမှာအဖြစ်များပါတယ်။
​ခွေးရဲ့အရွယ်အစား ၊ သန်​ကောင်အ​ရေအတွက် ၊ တိရစ္ဆာန်ကျန်းမာအ​ပေါ်မူတည်ပြီး ​ချောင်းဆိုးခြင်း ၊အ​မောမခံနိုင်ခြင်း ၊ကိုယ်အ​လေးချိန်​လျော့ခြင်း ၊အစာစားနည်းခြင်း စသည့်လက္ခဏာ​တွေကိုဖြစ်​ပေါ်​စေပါတယ်။

(7) Canine Influenza
Canine Influenza Virus ​ကြောင့်ဖြစ်ပွား​သော ကူးစက်နှုန်းမြင့်မား​သော​ရောဂါဖြစ်ပါတယ်။
သန့်ရှင်းမှာအားနည်း​သော ​ခွေးအ​ရေအတွက်များ​သော Kennel ​တွေ shelter​ တွေမှာ ပိုဖြစ်များပါတယ်။
လေထဲမှတစ်ဆင့်ကူးစက်​သော​ရောဂါဖြစ်ပြီးချောင်းဆိုးခြင်း ၊ဟောင်ခြင်း ၊နှား​ချေခြင်းတို့မှတစ်ဆင့်ကူးစက်​နိုင်ပါတယ်။

(8) Reverse Sneeze
​ချောင်ဆိုးသလို ချွဲကပ်သလို တဂူးဂူးအသံမြည်တာမျိုးဖြစ်တာကိုဆိုလိုပါတယ်။
တစ်ခါတစ်​လေ ဖုန်မှုန့် ၊ပန်းဝတ်မှုန် ၊မီးခိုး​ငွေ နှင့် အခြား​သောဓါတ်မတည့်​တာ​တွေကို အမတော်တဆရှုမိတဲ့အခါဖြစ်တတ်ပါတယ် ။
မကြာခဏဖြစ်​နေရင်​တော့ ​လေပြွန်ကျဥ်းတာ ​ကြောင့်ဖြစ်နိုင်ပါတယ်။

(9) Cancer
အဆုပ် cancer နှင့် အခြား​သောအသက်ရှုလမ်း​​ကြောင်းတစ်​​လျှောက် cancer ဖြစ်ပွား​သောအခါမှာ​လေလုံ​လောက်စွာမရနိုင်တဲ့အခါမှာလည်း ​ချောင်းဆိုးခြင်းကိုဖြစ်​စေပါတယ်။

ခွေး​ကျောက်​ရောဂါ (Distemper) ဖြစ်ပွားတဲ့အခါမှာလည်း ချောင်းဆိုးတာ​တွေ ဖြစ်ပါတယ်။

သင့်ရဲ့​ခွေး​လေး​ချောင်းဆိုးတဲ့အခါ ​​ချောင်းဆိုတဲ့ပုံစံအသံ​နေအသံထား ချွဲပါမပါကို သတိထားကြည့်ပြီး
နီးစပ်ရာတိရစ္ဆာန်​ဆေးကုဆရာဝန်နဲ့တိုင်​ပေး​ဆွေး​နွေးကုသဖို့ အ​ရေးကြီးပါတယ်။

လူကြီးမင်းတို့ရဲ့တိ​​​လေးများ၏ကျန်းမာ​ရေးနဲ့ပတ်သက်ပြီး ​ဆွေး​နွေးတိုင်ပင်လိုပါက page messenger မှဖြစ်​စေ ဖုန်း​ခေါ်ဆို၍ဖြစ်​စေ ​မေးမြန်းနိုင်ပါသည်။

Dr.Mar Lar Oo
တဆမ-၄၈၄၁
တိရစ္ဆာန်​ဆေးကုဆရာဝန်
ိရစ္ဆာန်​ဆေးကုခန်း
#မိတ္ထီလာမြို့
#09977523405

29/06/2022
မိမိတိလေးတွေကို ကိုယ်ဝန်တားဆေးထိုးပေးကြတဲ့ owner တွေအတွက် ဗဟုသုတ
21/06/2022

မိမိတိလေးတွေကို ကိုယ်ဝန်တားဆေးထိုးပေးကြတဲ့ owner တွေအတွက် ဗဟုသုတ

21/06/2022
10/06/2022
တိလေးတွေ ဘာကြောင့် အမွှေးအရမ်းကျွှတ်လည်း     သိချင်သူများအတွက်ပါCredit..
02/06/2022

တိလေးတွေ ဘာကြောင့် အမွှေးအရမ်းကျွှတ်လည်း သိချင်သူများအတွက်ပါ

Credit..

28/05/2022
12/04/2022

(၁၃.၄.၂၀၂၂) မှ (၁၇.၄.၂၀၂၂)ထိ ဆေးခန်းပိတ်ပါမည်။

အဆိပ်မိတဲ့ ခွေးကြောင်လေးတွေအတွက် အရေးပေါ်ကုသနည်းCredit...
27/03/2022

အဆိပ်မိတဲ့ ခွေးကြောင်လေးတွေအတွက် အရေးပေါ်ကုသနည်း

Credit...

Address

Lashio

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959987060096

Website

Alerts

Be the first to know and let us send you an email when Win Veterinary Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Veterinary Clinic:

Share

Category