Tha Zin Pet Clinic

Tha Zin Pet Clinic Pet Clinic / Veterinary Surgery & General Treatment Please make an appointment if you are coming to the clinic

ကားကြိတ်မိပီး ခြေဆစ်နဲ့ခြေချောင်းအရိုးပါကြေသွားတဲ့ကလေးလေးပါ။ဖြစ်တဲ့ရက်လဲကြာပီးအချို့အရိုးတွေကကြေသွားတဲ့အတွက် Toe Amputat...
26/01/2024

ကားကြိတ်မိပီး ခြေဆစ်နဲ့ခြေချောင်းအရိုးပါကြေသွားတဲ့ကလေးလေးပါ။
ဖြစ်တဲ့ရက်လဲကြာပီးအချို့အရိုးတွေကကြေသွားတဲ့အတွက် Toe Amputation လို့ခေါ်တဲ့ ခြေချောင်းဖြတ်ရတဲ့ခွဲစိတ်မှုကိုပဲရွေးချယ်ခဲ့ရပါတယ်။
ခြေချောင်းနှစ်ချောင်းမရှိတော့ပေမယ့် လမ်းတော့အရင်လိုပြန်လျှောက်နိုင်ဦးမှာပါ။
Get Well Soon Mikey

Feline Pyometraထုံးစံအတိုင်းတားဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပေါ့ သားဆက်ခြားမယ်ဆိုရင်မှန်ကန်တဲ့နည်းလမ်းနဲ့သားဆက်ခြားတာအကေ...
20/01/2024

Feline Pyometra
ထုံးစံအတိုင်းတားဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပေါ့ သားဆက်ခြားမယ်ဆိုရင်မှန်ကန်တဲ့နည်းလမ်းနဲ့သားဆက်ခြားတာအကောင်းဆုံးပါ
သောက်ဆေးတွေထိုးဆေးတွေဟာအချိန်တစ်ခုအထိအဆင်ပြေတယ်ဆိုပေမယ့် ကြာလာတဲ့အခါ hormonal imbalance ဖြစ်တာတွေ ၊ mating(မိတ်လိုက်)ထားတာမသိပဲတားဆေးထိုးမိတာတွေ၊သောက်ဆေးတွေဝယ်ပီးအလွယ်တိုက်မိတာတွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်မလို့သားဆက်ခြားတော့မယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပီးမှန်ကန်တဲ့နည်းလမ်းနဲ့သားဆက်ခြားစေလိုပါတယ်ခင်ဗျာ။

Dogo croppingAural  Haematoma မနက်ပိုင်း appointment ယူထားတဲ့အိမ်တွေနေ့လည်ဘက် လာပေးပါမယ်ခင်ဗျာ။
07/01/2024

Dogo cropping
Aural Haematoma
မနက်ပိုင်း appointment ယူထားတဲ့အိမ်တွေနေ့လည်ဘက် လာပေးပါမယ်ခင်ဗျာ။

မနေ့ညနေက ခွေးကြီးတွေဝိုင်းအကိုက်ခံရတဲ့ဒဏ်ရာနဲ့ဗိုက်ပေါက်ပီးရောက်လာတဲ့ကလေးလေးပါ ။ အထဲကဝမ်းဗိုက်ကြွက်သားအထိပေါက်ပီးအူတွေပါ...
05/01/2024

မနေ့ညနေက ခွေးကြီးတွေဝိုင်းအကိုက်ခံရတဲ့ဒဏ်ရာနဲ့ဗိုက်ပေါက်ပီးရောက်လာတဲ့ကလေးလေးပါ ။ အထဲကဝမ်းဗိုက်ကြွက်သားအထိပေါက်ပီးအူတွေပါကျလာတာကြောင့်မဖြစ်မနေခွဲခန်းဝင်ရပါတယ်။မေ့ဆေးပေးပီးဆရာဝန် တွေခွဲခန်းဝင်နေတုန်းမှာ ပိုင်ရှင်ကပြန်လာခေါ်မယ်ခဏဆိုပီး ပြန်လာမခေါ်တော့တာပါ ။ကလေးကမနေ့ကခွဲခန်းဝင်ပီးဒီနေ့လန်းလန်းဆန်းဆန်းနဲ့အစားလဲပြန်စားနေပါပီ။အကယ်၍ပိုင်ရှင်ပြန်လာမခေါ်ဖူးဆိုရင်ကလေးအတွက်မွေးစားမယ့်သခင်ရှာပေးမှာပါခင်ဗျာ။ဆေးကုသစရိတ်အကုန်လုံးကိုဆေးခန်းကပဲကျခံမှာဖြစ်ပီးလိုအပ်တဲ့ Vaccine နဲ့ Dewormingအတွက်လဲဆေးခန်းကပဲအကုန်လုပ်ပေးမှာပါ။ပိုင်ရှင်အနေနဲ့အခု Post ကိုမြင်မယ်ဆိုရင် 7.1.2024 နောက်ဆုံးထားပီး ဆေးခန်းဖုန်းကိုဆက်သွယ်ပေးပါခင်ဗျာ။ထိုရက်မှအဆက်အသွယ်မရရင်ကလေး သက်သာပီဆိုတာနဲ့မွေးစားမယ့်သခင်လက်ထဲထည့်ပေးတော့မှာပါခင်ဗျာ။

နှစ်သစ်ကူးပိတ်ရက်အဖြစ် Dec29-Dec31 ရက်အထိ ဆေးခန်းပိတ်ပါမယ်ခင်ဗျာ။online consultation အတွက်ကတော့ Clinic ph နဲ့ Page messe...
30/12/2023

နှစ်သစ်ကူးပိတ်ရက်အဖြစ် Dec29-Dec31 ရက်အထိ ဆေးခန်းပိတ်ပါမယ်ခင်ဗျာ။
online consultation အတွက်ကတော့ Clinic ph နဲ့ Page messenger မှာ အချိန်မရွေးလာပြောလို့ရပါတယ်ခင်ဗျာ။
အားလုံးပဲမိမိတို့ရဲ့အချစ်တော်လေးတွေနဲ့အတူပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ 🥰 🥰

Earcropping Doberman
19/12/2023

Earcropping Doberman

Elbow Hygroma(Cyst removal)8 months old Malinois
16/12/2023

Elbow Hygroma(Cyst removal)
8 months old Malinois

Re**al Prolapse (အူ သို့မဟုတ် အစာဟောင်းအိမ်ခန္ဓာကိုယ်ပြင်ပသို့ကျွံထွက်ခြင်း)(50 days old local feline)
29/11/2023

Re**al Prolapse (အူ သို့မဟုတ် အစာဟောင်း
အိမ်ခန္ဓာကိုယ်ပြင်ပသို့ကျွံထွက်ခြင်း)
(50 days old local feline)

(27.11.2023)တန်ဆောင်တိုင်လပြည့်နေ့တစ်ရက်ဆေးခန်းပိတ်ပါတယ်ခင်ဗျာ။
27/11/2023

(27.11.2023)တန်ဆောင်တိုင်လပြည့်နေ့တစ်ရက်ဆေးခန်းပိတ်ပါတယ်ခင်ဗျာ။

Page messenger မှာမျက်လုံးနဲ့ပက်သက်လို့ဘာမျက်စဉ်းခပ်ရမလဲလို့မေးရင် ကျနော့်မှာအဖြေမရှိပါ။မျက်လုံးမှာဖြစ်တဲ့ရောဂါတွေကတစ်ခု...
19/11/2023

Page messenger မှာမျက်လုံးနဲ့ပက်သက်လို့ဘာမျက်စဉ်းခပ်ရမလဲလို့မေးရင် ကျနော့်မှာအဖြေမရှိပါ။မျက်လုံးမှာဖြစ်တဲ့ရောဂါတွေကတစ်ခုနဲ့တစ်ခုလဲမတူသလိုပေးရတဲ့မျက်စဉ်းအမျိုးအစားတွေလဲသူ့ဟာနဲ့သူရှိတဲ့အတွက်
ကြောင့်ပါခင်ဗျာ။

Canine Pyometra Surgery(6years old Pug)တားဆေးတွေမထိုးလဲခွေးမလေးတွေမှာအသက်အရွယ်ရလာတာနဲ့ခန္ဓာကိုယ်မှာရှိတဲ့ hormone အပြောင...
15/11/2023

Canine Pyometra Surgery(6years old Pug)
တားဆေးတွေမထိုးလဲခွေးမလေးတွေမှာအသက်အရွယ်ရလာတာနဲ့ခန္ဓာကိုယ်မှာရှိတဲ့ hormone အပြောင်းအလဲတွေကြောင့်သားအိမ်ပြည်တည်တာဖြစ်နိုင်ပါတယ်။ဒီနေ့
OT ကတော့ Pi Si ရဲ့ဒုတိယအကြိမ်ဗိုက်ခွဲရတာပါ။First time ကလဲညှပ်ရိုးကျဉ်းပီး normal labor မမွေးနိုင်တာကြောင့်မလို့ခွဲမွေးခဲ့ရတာဖြစ်ပါတယ်။ခုတစ်ခါကတော့သားအိမ်ပြည်တာနာဖြစ်တာကြောင့်သားအိမ်ပါထုတ်ပေးလိုက်ပါတယ်ခင်ဗျာ။

တစ်နေ့ကရှဉ့်လေးတစ်ကောင်အိမ်မှာမွေးထားတဲ့Puppyလေးတွေကကိုက်လိုက်လို့ဆေးခန်းလာပြတယ်။ ရှေ့သွားနှစ်ချောင်းကျိုးသွားပီးအမြီးကလ...
14/11/2023

တစ်နေ့ကရှဉ့်လေးတစ်ကောင်အိမ်မှာမွေးထားတဲ့Puppyလေးတွေကကိုက်လိုက်လို့ဆေးခန်းလာပြတယ်။ ရှေ့သွားနှစ်ချောင်းကျိုးသွားပီးအမြီးကလဲအပေါ်ပိုင်းအကိုက်ခံရလို့ဖြတ်ပစ်လိုက်ရတယ်။စိတ်တိုင်းကျတော့မဟုတ်ပေမယ့်အကောင်ဆုံးလုပ်ပေးထားပါတယ်။

Dystocia in Canineမွေးရက်ရောက်ခါနီး ရက်အနည်းငယ်အလိုမှစောပီးမွေးတဲ့ Rottweiler လေးပါ။ကလေးတွေကတော့မွေးကတည်းကexpired ဖြစ်နေ...
05/11/2023

Dystocia in Canine
မွေးရက်ရောက်ခါနီး ရက်အနည်းငယ်အလိုမှ
စောပီးမွေးတဲ့ Rottweiler လေးပါ။
ကလေးတွေကတော့မွေးကတည်းကexpired ဖြစ်နေပါပီ။အမေကြီးကတော့ကျန်းမာရေးကောင်းပါတယ်။အရေးပေါ်ခွဲခန်းဝင်လိုက်ရလို့ နေ့လည်ဘက် ချိန်းထားပေးတာလေးတွေအချိန်ရွှေ့လိုက်ရလို့အားနာရပါတယ်ခင်ဗျာ။

Cystotomy Surgery in dog Alice ဆိုတဲ့ တစ်နှစ်ခွဲအရွယ် Terrior အမလေးရဲ့ ဆီးကျောက်(bladder stone) ခွဲစိတ်မှုမှတ်တမ်းပါ။
03/11/2023

Cystotomy Surgery in dog
Alice ဆိုတဲ့ တစ်နှစ်ခွဲအရွယ် Terrior အမလေးရဲ့ ဆီးကျောက်(bladder stone) ခွဲစိတ်
မှုမှတ်တမ်းပါ။

Teeth trimming Guinea pigအိမ်မှာမွေးထားတဲ့ ပူးလေး တွေရဲ့သွားနဲ့ပက်သက်တဲ့ကျန်းမာရေးကိုပုံမှန်လေး check up လုပ်သင့်ပါတယ်။ပ...
02/11/2023

Teeth trimming Guinea pig
အိမ်မှာမွေးထားတဲ့ ပူးလေး တွေရဲ့သွားနဲ့ပက်သက်တဲ့ကျန်းမာရေးကိုပုံမှန်လေး check up လုပ်သင့်ပါတယ်။
ပူးလေးတွေရဲ့ incisors (ရှေ့သွား) တွေကရှည်လာတဲ့အခါမှာ အစားမစားနိုင်တာနဲ့ သွားနှင့်ခံတွင်းရောဂါတွေဖြစ်လာတတ်ပါတယ်။

ဆေးခန်းပြန်ဖွင့်ပါပီခင်ဗျာ။🔺House call service -  မနက် (၉)နာရီမှ              နေ့လည်(၁၂)နာရီ🔺Clinic Time - နေ့လည်(၁၂)နာရ...
31/10/2023

ဆေးခန်းပြန်ဖွင့်ပါပီခင်ဗျာ။
🔺House call service - မနက် (၉)နာရီမှ
နေ့လည်(၁၂)နာရီ
🔺Clinic Time - နေ့လည်(၁၂)နာရီမှ
ညနေ(၆)နာရီ
ခွဲစိတ်ကုသမှုများအတွက် တစ်ရက်ကြိုပီး appointment ယူပေးပါခင်ဗျာ။
Emergency Case များအတွက် ဆေးခန်းဖုန်းကို အချိန်မရွေးဆက်သွယ်လို့ရပါတယ်။
ပုံကတော့နေမကောင်းလို့ခြံသွားကြည့်ပေးရတဲ့ Goat Goat ပါ 😁

29.10.2023(သီတင်းကျွတ်လပြည့်နေ့) နှင့်30.10.2023 (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်) နေ့ ဆေးခန်းပိတ်ပါမယ်ခင်ဗျာ။မိတ်အဟောင်းမိ...
25/10/2023

29.10.2023(သီတင်းကျွတ်လပြည့်နေ့) နှင့်
30.10.2023 (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်) နေ့ ဆေးခန်းပိတ်ပါမယ်ခင်ဗျာ။

မိတ်အဟောင်းမိတ်အသစ်များအားလုံးစိတ်​၏ချမ်းသာခြင်းကိုယ်​၏ကျန်းမာခြင်းနှင့်ပြည့်စုံပီး ပျော်ရွှင်စရာသီတင်း ကျွတ်အားလပ်ရက်လေးဖြစ်ပါစေလို့
သဇင်အထွေထွေတိရစ္ဆာန်ရောဂါကုဆေးခန်းမှဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Elbow Hygroma Hygroma ဆိုတာကတော့ large breed (ခွေးကြီးမျိုး) မွေးထားတဲ့အိမ်တွေမှာ ကြုံရများတဲ့ ပြသာနာတစ်ခုဖြစ်ပါတယ်။၎င်း...
20/10/2023

Elbow Hygroma
Hygroma ဆိုတာကတော့ large breed (ခွေးကြီးမျိုး) မွေးထားတဲ့အိမ်တွေမှာ ကြုံရများတဲ့ ပြသာနာတစ်ခုဖြစ်ပါတယ်။၎င်းဟာ အရေပြားအောက်မှာရှိတဲ့ထူထဲသောFiber tisse များကိုအရည်များဖြင့်ဝန်းရံထားသော
ရောင်းရမ်းခြင်းတစ်ခုဖြစ်ပါတယ်။
Hygroma ဖြစ်တဲ့ခွေးများဟာပုံမှန်အားဖြင့်နာကျင်မှုကိုမခံစားရပါ။ ၎င်းသည်(ခြေကျင်းဝတ်)အဆစ် သို့မဟုတ်
တင်ပါးအပေါ်ဖက်အခြမ်းကဲ့သို့ ခန္ဓာကိုယ်ပေါ်ရှိမည်သည့်အရိုးပေါ်တွင်မဆိုထင်ရှားပေါ်လွင်နိုင်သော်လည်း ၎င်းတို့ကိုတံတောင်ဆစ်အောက်ပိုင်းတွင်အများဆုံးတွေ့ရပါတယ်။

Hygromaဖြစ်ရတဲ့အကြောင်းအရင်းကတော့ရိုးရှင်းပါတယ်။ခွေးများဟာသူတို့အနားယူချိန်မှာမာကျောတဲ့မျက်နှာပြင် ဒါမှမဟုတ် မညီညာသောမာသောစတဲ့နေရာတွေမှာ ဝမ်းလျားမှောက်ပီးနေတဲ့အခါမှာ၎င်းတို့ရဲ့တံတောင်ဆစ်(elbow)အရိုးတွေပေါ်ကtissue တွေကိုပျက်စီးစေပါတယ်။ထိုသို့
damage ဖြစ်သွားသောနေရာတစ်ဝိုက်မှtissueများဟာ healing(ပျောက်ကင်းရန်)အချိန်ကြာတတ်ပါတယ်။အဘယ်ကြောင့်ဆိုသော် ခွေးဟာတံတောင်ဆစ်ကိုအသုံးပြုပီးဝမ်းလျားနေတာဖြစ်တဲ့အတွက် ထိုနေရာမှtissueများဟာထပ်ခါထပ်ခါထိခိုက်နေတာကြောင့်ဖြစ်ပါတယ်။တစ်ခါတစ်ရံ Hygroma အဆင့်ကနေ Lipomas (အဆီအကြိတ်)
ကဲသို့ mass tumor ပုံစံမျိုးဖြစ်လာနိုင်တာကြောင့်လဲ မပေါ့ဆဖို့လိုအပ်ပါတယ်။
ပုံထဲက ခွေးလေးကတော့ တံတောင်ဆစ်အောက်မှာ(Hygroma)အရည်အိတ်တည်တာဖြစ်လို့ Surgucal drainage လုပ်ထားရတဲ့ပုံဖြစ်ပါတယ်။

လေးစားစွာဖြင့်
Dr.Hein Thu Htet (D.V.M)
Tha Zin Pet Clinic

ရာသီဥတုအကူးအပြောင်း သွေးဝမ်းရောဂါများစနေပီဖြစ်သောကြောင့် ဂရုစိုက်စေချင်ပါတယ်ခင်ဗျာ။
17/10/2023

ရာသီဥတုအကူးအပြောင်း သွေးဝမ်းရောဂါများစနေပီဖြစ်သောကြောင့် ဂရုစိုက်စေချင်ပါတယ်ခင်ဗျာ။

Earcropping PitBullအကောင်းဆုံးတွေပဲဖန်တီးပေးထားပါတယ်။
07/10/2023

Earcropping PitBull
အကောင်းဆုံးတွေပဲဖန်တီးပေးထားပါတယ်။

Pseudopregnancy in dogs(ကိုယ်ဝန်အတုဆောင်ခြင်း)Pseudopregnancy သည် မှားယွင်းသောကိုယ်ဝန်သို့မဟုတ် ခွေးမသည် ကိုယ်ဝန်မဆောင်သ...
01/10/2023

Pseudopregnancy in dogs
(ကိုယ်ဝန်အတုဆောင်ခြင်း)
Pseudopregnancy သည် မှားယွင်းသောကိုယ်ဝန်သို့မဟုတ် ခွေးမသည် ကိုယ်ဝန်မဆောင်သော်လည်းကိုယ်ဝန်လက္ခဏာပြသည့်အခြေအနေတစ်ခုဖြစ်ပါတယ်။
လက္ခဏာတွေကတော့ကိုယ်အလေးချိန်တိုးလာခြင်း၊သားအိမ်ဂလင်းများကျယ်လာခြင်း၊နို့အုံများဖောင်းလာခြင်းနဲ့ နို့တိုက်ခြင်းတို့ပင်ပါဝင်ပါတယ်။

ခွေးမများတွင်ကိုယ်ဝန်တုဆောင်ခြင်းဟာဟော်မုန်းတုံ့ပြန်မှု၊ဟော်မုန်းအတက်အကျ အထူးသဖြင့် Progesterone နဲ့
Prolactin level ပြောင်းလဲမှုများကြောင့်ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်ဟော်မုန်းတုံ့ပြန်မှုများသည် ခွေးမများ​၏ heat (ဟိ) Cycle ပီးနောက် ၆ ပတ် ကနေ ၁၂ ပတ် အတွင်းတွေ့ရပါတယ်။ခန္ဓာကိုယ်​၏ဟော်မုန်းအတက်အကျတုံ့ပြန်မှုများသည် ကိုယ်ဝန်မရှိသော်လည်း ကိုယ်ဝန်ရှိသကဲ့သို့လက္ခဏာများပြသတတ်သည်။

ကိုယ်ဝန်အတုဆောင်ခြင်းအဖြစ်များရတဲ့အကြောင်းအရင်းများမှာ-

ဟော်မုန်းပြောင်းလဲမှုအပေါ်အာရုံခံစားနိုင်မှု- အချို့သောခွေးများဟာဟော်မုန်းပြောင်းလဲမှုကိုပိုမိုခံစားလွယ်တတ်ပီးကိုယ်ဝန်အတုဆောင်တတ်ပါတယ်။

မိတ်မလိုက်ပဲမျိုးဥထွက်ခြင်း - ခွေးမတစ်ကောင်သည် မိတ်မလိုက်ပဲ မျိုးဥထွက်ပါက ၊ ၎င်းသည် ကိုယ်ဝန်အတုကိုဖြစ်စေနိုင်ပါတယ် ။

Hormone မညီမျှခြင်း - အထူးသဖြင့်
Progesterone နှင့် Prolactin hormone အတက်အကျများဟာ မှားယွင်းသောကိုယ်ဝန်ဖွံ့ဖြိုးမှုကို ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုနှုင့်ပတ်ဝန်းကျင်လွှမ်းမိုးမှုများ - စိတ်ဖိစီးမှုသို့မဟုတ် ခွေး​၏ ပတ်ဝန်းကျင်အခြေအနေပြောင်းလဲမှုများဟာလဲခွေး​၏ ဟော်မုန်းဟန်ချက်ညီမှုကိုထိခိုက်စေနိုင်ပီး ကိုယ်ဝန်အတုဆောင်ခြင်းကိုအထောက်အကူဖြစ်စေနိုင်ပါတယ် ။

Pseudopregnancy Case အများစု
တွင် ခွေးမများ​၏ ကိုယ်ဝန်ရှိသောလက္ခာအများစုသည် သူ့အလိုလိုပျောက်သွားတတ်ကြသည်။သို့သော်လည်း
ထိုလက္ခဏာများပြင်းထန်နေပါက သို့မဟုတ် ဆက်လက်ရှိနေပါက တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်တိုင်ပင်ဆွေးနွှေးသင့်ပါတယ်။
လေးစားစွာဖြင့် -
Dr .Hein Thu Htet (D.V.M)
သဇင် အထွေအထွေတိရစ္ဆာန်ရောဂါကုဆေးခန်း

Feline OHE
27/09/2023

Feline OHE

Earcropping PitBull ၄လသားအရွယ်PitBullမလေးနှစ်ကောင်နားသ  မနက်ပိုင်း Home call မပတ်ဖြစ်ပါခင်ဗျာ။
22/09/2023

Earcropping PitBull
၄လသားအရွယ်PitBullမလေးနှစ်ကောင်
နားသ မနက်ပိုင်း Home call မပတ်ဖြစ်ပါခင်ဗျာ။

ဗိုက်အပ်ထားတဲ့ Rot လေးမွေးပါပီ Total-၈ကောင်ပါခင်ဗျာ။
19/09/2023

ဗိုက်အပ်ထားတဲ့ Rot လေးမွေးပါပီ
Total-၈ကောင်ပါခင်ဗျာ။

Hepatic Jaundice in Catဆေးခန်းရောက်တော့ BP တွေကျ IV ပေးဖို့တောင် သွေးကြောရှာမရ weight loss ဖြစ်တာကလဲ နံရိုးတောင်မြင်နေရပ...
15/09/2023

Hepatic Jaundice in Cat
ဆေးခန်းရောက်တော့ BP တွေကျ IV ပေးဖို့တောင် သွေးကြောရှာမရ
weight loss ဖြစ်တာကလဲ နံရိုးတောင်မြင်နေရပီ
History လိုက်တော့ ငယ်ငယ်တည်းက ပဠိဇီဝဆေးတွေဆက်တိုက် ထိုးရလွန်းလို့ ဂုတ်မှာတောင်အသားမာတက်ပီးအမာရွတ်ဖြစ်နေပီ

နှစ်ပတ်ကြာပီးတဲ့နောက်မှာတော့အစားလဲပုံမှန်စားပီး stableပြန်ဖြစ်နေပါပီ weight ပြန်တက်ဖို့ပဲလိုတော့တယ်။
ပြောရင်ပြောတဲ့အတိုင်းသေချာလေးဂရုစိုက်ပေးတဲ့ ownerအမ ကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Earcropping Bully
13/09/2023

Earcropping Bully

Cloudy eyes before and after treatment
02/09/2023

Cloudy eyes before and after treatment

မွေးခါစ puppy လေးတွေ Cage နဲ့ထားတဲ့အခါဂရုစိုက်ဖို့လိုပါတယ် Cageရဲ့အောက်အခင်းကကျဲနေရင် ကလေးတွေရဲ့လက်တွေခြေထောက်တွေကိုညှပ်...
02/09/2023

မွေးခါစ puppy လေးတွေ Cage နဲ့ထားတဲ့အခါဂရုစိုက်ဖို့လိုပါတယ် Cageရဲ့အောက်အခင်းကကျဲနေရင် ကလေးတွေရဲ့လက်တွေခြေထောက်တွေကိုညှပ်နိုင်ပါတယ်။
ပုံထဲကကလေးက Cage ရဲ့အောက်ခြေအခင်းနဲ့ညှပ်မိပီး ရှေ့လက်ကျိုးသွားတာပါ။

Canine Castration ( 2years old Dalmatian)
27/08/2023

Canine Castration ( 2years old Dalmatian)

Edit- ကုန်သွားပါပီဗျ။Hind leg injury ဖြစ်နေတဲ့ Pawrant တစ်ယောက်ရဲ့ ခွေးလေးအတွက်မှာပေးရင်းနဲ့ပိုမှာဖြစ်ထားလို့ Adjustable...
26/08/2023

Edit- ကုန်သွားပါပီဗျ။
Hind leg injury ဖြစ်နေတဲ့ Pawrant တစ်ယောက်ရဲ့ ခွေးလေးအတွက်မှာပေးရင်းနဲ့ပိုမှာဖြစ်ထားလို့ Adjustable Knee and Leg Brace လေး stock အနည်းငယ်ရပါဦးမယ်ဗျ။
ခြေထောက်ဒဏ်ရာ ဒါမှမဟုတ် ခွဲစိတ်ပီးတဲ့နောက်နာကျင်မှုကိုလဲသက်သာစေပါတယ်။
HD ရှိနေတဲ့ ကလေးတွေအတွက်လဲ အတော် အသုံးဝင်ပါတယ်။
နောက်ခြေထောက်မသန်တာနဲ့ Paralysis ဖြစ်နေတဲ့ကလေးတွေကို training ပေးတာမှာလဲ used to ဖြစ်ပါတယ်ဗျ။

Address

Corner Of 62nd Street And 115th Street , Pyigyitagon Township
Mandalay
05051

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959977371940

Website

Alerts

Be the first to know and let us send you an email when Tha Zin Pet Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tha Zin Pet Clinic:

Videos

Share

Category


Other Veterinarians in Mandalay

Show All