အမရပူရလမင်းသာ တိရစ္ဆာန်ဆေးကုခန်း

  • Home
  • Myanmar
  • Mandalay
  • အမရပူရလမင်းသာ တိရစ္ဆာန်ဆေးကုခန်း

အမရပူရလမင်းသာ တိရစ္ဆာန်ဆေးကုခန်း 🐱 မင်္ဂလာပါ 🐶

မိတ်လိုက်ထားပြီးချိန် တားဆေးထိုးမိကြပြန်ပြီ ဗိုက်ထဲမှာ ကလေးတွေနဲ့ ဗိုက်ကြီးက တင်းကားနေတော့ ကြောင်မလေး မှာ အသက်တောင် မနည်...
18/11/2024

မိတ်လိုက်ထားပြီးချိန် တားဆေးထိုးမိကြပြန်ပြီ
ဗိုက်ထဲမှာ ကလေးတွေနဲ့ ဗိုက်ကြီးက တင်းကားနေတော့ ကြောင်မလေး မှာ အသက်တောင် မနည်းရှူနေရတယ်
Emergency အနေအထားမို့ risk ယူပြီး ချက်ချင်းကို ခွဲစိတ်ပေးလိုက်တော့ ကြောင်မလေး နေကောင်းသွားပါပြီ။
လမင်းသာဆေးခန်းတွေမှာ ခွဲစိတ်ခတွေကို ဒီနှစ်ကုန်ထိ promotion ချပေးထားပါသေးတယ်နော်

Clinic address & phone:
ဆေးခန်း(၁)- ၆၂(A) ၊၂၈ နှင့် ၂၉ ကြား။ ၀၉ ၇၉၄ ၆၁၉ ၂၈၉
ဆေးခန်း(၂)- ၆၃(B) ၊ လမ်း ၂၀ ထောင့်။ ၀၉ ၉၅၀ ၄၄၅ ၃၄၃
ဆေးခန်း(၃)- ၈၄လမ်း၊ စစ်ကိုင်း-မန္တလေး လမ်း၊ ကန်တော်ကြီး မီးပွိုင့် အနီး၊ တဝမေတ္တာ လူမှုကူညီရေးရုံးဘေး။ ၀၉ ၇၈၉ ၂၈၉ ၇၄၄

BamBamလေးကို ဒီနေ့ blood transfusion လုပ်ခဲ့ပါပြီ 🩸သွေးရဖို့အတွက် အကြာကြီး စောင့်လိုက်ရတဲ့ ကလေး အမြန် သက်သာပါစေ 🍀သွေးလှူ...
16/11/2024

BamBamလေးကို ဒီနေ့ blood transfusion လုပ်ခဲ့ပါပြီ 🩸

သွေးရဖို့အတွက် အကြာကြီး စောင့်လိုက်ရတဲ့ ကလေး အမြန် သက်သာပါစေ 🍀

သွေးလှူပေးပါသော Amazon pet shop မှ Donor Captain နှင့် ပိုင်ရှင်အကိုအမတို့ကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ် 🙏🏻

အရမ်းလိမ္မာတဲ့ ကလေးပါတဲ့ ဓားနဲ့ ခုတ်သွားလို့ အသက်ကလဲ အရမ်းကြီးနေပြီး bleeding လဲ မရှိတော့တာနဲ့ risk နည်းနည်းနဲ့ အနာကျက်မ...
15/11/2024

အရမ်းလိမ္မာတဲ့ ကလေးပါတဲ့ ဓားနဲ့ ခုတ်သွားလို့
အသက်ကလဲ အရမ်းကြီးနေပြီး bleeding လဲ မရှိတော့တာနဲ့
risk နည်းနည်းနဲ့ အနာကျက်မြန်မယ့် နည်းကိုပဲ သုံးပြီး ထိန်းပေးထားပါတယ်
မြန်မြန်သက်သာပါစေ။

What's the difference?
14/11/2024

What's the difference?

"မပြောမပြီး မတီးမမြည်" ဆိုတဲ့အတိုင်းဒီရက်ပိုင်း တစ်နေ့ကို ‌4 or 5 ကောင်လောက် positive တွေ့နေရတဲ့ Virus ရောဂါပါ။နှစ်တိုင်...
14/11/2024

"မပြောမပြီး မတီးမမြည်" ဆိုတဲ့အတိုင်း

ဒီရက်ပိုင်း တစ်နေ့ကို ‌4 or 5 ကောင်လောက် positive တွေ့နေရတဲ့ Virus ရောဂါပါ။
နှစ်တိုင်း ဒီလိုအချိန်ဆို အရမ်းအဖြစ်များပါတယ်။ကူးစက်နှုန်းမြန်ပြီး အသေအပျောက်များပါတယ်။လူအများသိတဲ့ သွေးဝမ်းရောဂါပါ။

ရောဂါလက္ခဏာတွေက-အန်ခြင်း၊ဝမ်းလျောခြင်း၊နုန်းခြင်း၊‌မောပန်းနွမ်းနယ်ခြင်း၊ဖျားခြင်း၊ဗိုက်နာခြင်း၊သွေးအားနည်းခြင်း စတာတွေ ရှိပါမယ်။

ကာကွယ်လို့ရပါတယ် စနစ်တကျ သန်ချပြီး စနစ်တကျ ကာကွယ်ဆေး ထိုးရမှာပါ။

ကာကွယ်ဆေး တစ်ခါမှ မထိုးရသေးတဲ့ အခုမှ စထိုးရမယ့် ကလေးတွေ အတွက် အောက်မှာ Vaccination and Deworming program ထည့်ပေးထားပါတယ်။

ထိုးပြီးသား ကလေးများ booster ပြန်ထိုးကြပါ။သန်ပြန်ချကြပါ။

Clinic Address: ၈၄ လမ်း၊ စစ်ကိုင်းမန္တလေး လမ်းမကြီးပေါ်၊ တဝမေတ္တာ လူမူကူညီရေးအသင်းအနီး၊ ကန်တော်ကြီး မီးပွိုင့်အကျော်
Ph no: 09 789 289 744

ငယ်ငယ်က ခြင်ဆေးခွေ စားမိလို့ ဆေးခန်း ခဏခဏ လာရတဲ့ Angel လေးတောင် ကလေးမေမေ ဖြစ်သွားပြီ 👏🏻ကိုယ်ဝန်ရှိမှန်း စသိချိန်မှ စပြီး...
13/11/2024

ငယ်ငယ်က ခြင်ဆေးခွေ စားမိလို့ ဆေးခန်း ခဏခဏ လာရတဲ့ Angel လေးတောင် ကလေးမေမေ ဖြစ်သွားပြီ 👏🏻

ကိုယ်ဝန်ရှိမှန်း စသိချိန်မှ စပြီး မွေးဖွားပြီးချိန်အထိ ကျွန်တော်တို့ လမင်းသာမှ လိုအပ်တဲ့ စစ်ဆေးမှုများ၊ကျန်းမာ‌ရေး စောင့်ရှောက်မှုများ ပေးထားခဲ့ပါတယ်

Clinic Address: ၈၄ လမ်း၊ စစ်ကိုင်းမန္တလေး လမ်းမကြီးပေါ်၊ တဝမေတ္တာ လူမူကူညီရေးအသင်းအနီး၊ ကန်တော်ကြီး မီးပွိုင့်အကျော်
Ph no: 09 789 289 744

ကိုယ်ဝန်စရကတည်းက ခွေးမလေးက behavior နည်းနည်းလေး ပြောင်းလို့ဆိုပြီး အိမ်မှာလဲ အထီးလေးရှိတယ်ဆိုတော့ ultrasound စစ်ကြည့်တယ်...
13/11/2024

ကိုယ်ဝန်စရကတည်းက ခွေးမလေးက behavior နည်းနည်းလေး ပြောင်းလို့ဆိုပြီး အိမ်မှာလဲ အထီးလေးရှိတယ်ဆိုတော့ ultrasound စစ်ကြည့်တယ်

Pregnancy confirmed ပါ ဒါမဲ့ ကိုယ်ဝန်နုသေးတာပေါ့
အဲ့ချိန်ကစပြီး ကိုယ်ဝန်ဆောင် အားဆေးတွေပေးထားတယ်
USG ကို မမွေးခင်အထိ အမြဲ check up လုပ်ပေးဖြစ်တယ်

မွေးမယ့်နေ့ မနက်မှာ check up ထပ်လုပ်ကြည့်ပြီး အထဲက ကလေးတွေ အခြေအနေကောင်းတာကြောင့် မွေးဖို့ စောင့်ခိုင်းထားလိုက်တော့ နေ့လည်ပိုင်းလောက်ကျ မွေးပါရော

အောက်က ပုံလေးတွေက‌ ဆရာရေ ကလေးမွေးလက်စ တန်းလန်းကြီး ဖြစ်နေတယ် ဆိုလို့ အိမ်ထိ သွားကြည့်ပေးထားပေးတဲ့ ပုံလေးတွေပါ

ကလေးတွေရဲ့ အခြေအနေကတော့ အရမ်းကောင်းပါပဲ

အဆစ်အတွက် ဘာလိုအပ်သလဲ?တိချစ်သူတော်တော်များများက  အရိုးအဆစ်နှင့် ပက်သက်လာရင် calcium ကိုပဲ အဓိက တိုက်ကြတာ တွေ့ရပါတယ် ။တကယ...
12/11/2024

အဆစ်အတွက် ဘာလိုအပ်သလဲ?

တိချစ်သူတော်တော်များများက အရိုးအဆစ်နှင့် ပက်သက်လာရင် calcium ကိုပဲ အဓိက တိုက်ကြတာ တွေ့ရပါတယ် ။

တကယ်က calcium ဟာ အရိုးသန်မာဖို့ ကြီးထွားဖို့အတွက် လိုအပ်တာမှန်ပေမဲ့ အဆစ်နှင့်ပက်သက်တဲ့ အခါ calcium ကို တိုက်လို့ မရပါ ။

အဆစ်အတွက် သီးသန့်လာတဲ့ ဆေးတွေကိုပဲ ရွေးချယ်တိုက်ရပါတယ် ။

အဆစ်ရယ်လို့ပြောလိုက်ရင်

အရိုးအဆစ်ပျော့တာ
အရိုးအဆစ် ခွင်တာ
အရိုးအဆစ် လွဲတာ
အကြောလျှော်တာ
အရိုးအဆစ် အားနည်းပြီး မတပ်တပ်မရပ်နိုင်တာ စတဲ့ အခြေ အနေမျိုးတွေရှိတတ်ပါတယ် ။

ဒါတွေ အတွက် အဓိက အခြေခံလိုအပ်ချက်ဖြစ်တဲ့ type II collagen ဟာ ဓန္ဓာကိုယ်ကနေ လိုအပ်သလောက် မထုတ်လုပ်နိုင်တဲ့အခါ ပြင်ပဖြည့်ဆွက်စာကို အားကိုးရပါတယ် ။

ဒါတွေအားလုံးအတွက်အကောင်းတုံး အဖြေက SCII ပါပဲ တစ်လလောက်တိုက်ရင်ကို အရမ်း သိသာစေပါတယ်။

Clinic Address: ၈၄ လမ်း၊ စစ်ကိုင်းမန္တလေး လမ်းမကြီးပေါ်၊ တဝမေတ္တာ လူမူကူညီရေးအသင်းအနီး၊ ကန်တော်ကြီး မီးပွိုင့်အကျော်

Ph no: 09 789 289 744

FIV,FeLV,FIP,FPV စသဖြင့် ညောင်လေးတွေမှာ အဖြစ်များတဲ့သွားဖုံးရောင်ပြီး အစာမစားနိုင်တာ၊ကိုယ်ခံအားကျဆင်းမူရောဂါ၊တုတ်ကွေးနှင...
11/11/2024

FIV,FeLV,FIP,FPV စသဖြင့် ညောင်လေးတွေမှာ အဖြစ်များတဲ့
သွားဖုံးရောင်ပြီး အစာမစားနိုင်တာ၊
ကိုယ်ခံအားကျဆင်းမူရောဂါ၊
တုတ်ကွေးနှင့်
သွေးကင်ဆာရောဂါ ကုသဆေးတွေဖြစ်တဲ့ RetroMAD1 ဟာ လမင်းသာမှာ ပြန်လည် ရရှိနေပါပြီ။

အရမ်းကိုထိရောက်တဲ့ ကုသဆေးမလို့ မိမိတို့ပတ်ဝန်းကျင်က အစာအစားပဲ အော်နေတဲ့ ညောင်လေးတွေ ဆေးကုရခက်နေတဲ့ ညောင်လေးတွေအတွက် အဆင်ပြေမှာပါခင်ဗျ။

Clinic Address: ၈၄ လမ်း၊ စစ်ကိုင်းမန္တလေး လမ်းမကြီးပေါ်၊ တဝမေတ္တာ လူမူကူညီရေးအသင်းအနီး၊ ကန်တော်ကြီး မီးပွိုင့်အကျော်
Ph no: 09 789 289 744

တစ်ဦးတည်းသော သားလေးမို့ အရမ်းဆိုးတယ် နော်
05/11/2024

တစ်ဦးတည်းသော သားလေးမို့ အရမ်းဆိုးတယ် နော်

တားဆေးကို အားဆေးထက် လစဉ်ပုံမှန် မှီဝဲ‌ကြသောအခါ......
05/11/2024

တားဆေးကို အားဆေးထက် လစဉ်ပုံမှန် မှီဝဲ‌ကြသောအခါ......

ညဘက် Emergency ဆိုတော့လဲ အတတ်နိုင်ဆုံး လုပ်ပေးရတာပေါ့Endotracheal intubation and fluid therapy for emergency situation
03/11/2024

ညဘက် Emergency ဆိုတော့လဲ အတတ်နိုင်ဆုံး လုပ်ပေးရတာပေါ့

Endotracheal intubation and fluid therapy for emergency situation

ဖြူမလေးက တားဆေးထိုးဖူးပါတယ်ဒီကြားထဲ မထင်မှတ်ထားပဲ Dogo ခွေးထီးလေးနှင့် မိတ်လိုက်မိသွားတဲ့ နေ့ကနေစပြီး အစားအသောက်ပျက်တာ မ...
02/11/2024

ဖြူမလေးက တားဆေးထိုးဖူးပါတယ်

ဒီကြားထဲ မထင်မှတ်ထားပဲ Dogo ခွေးထီးလေးနှင့် မိတ်လိုက်မိသွားတဲ့ နေ့ကနေစပြီး အစားအသောက်ပျက်တာ မအင်္ဂါကနေ အရည်တွေ ခပ်စိပ်စိပ် ကျလို့ ဆေးခန်းလာပြပါတယ် ။

ဆရာတို့က ကိုယ်ဝန်လား သားအိမ်ပြည်တည်နာလားသေချာအောင် Ultrasound ချက်ချင်းရိုက်ကြည့်တော့ သားအိမ်ပြည်တည်နာ ဖြစ်နေတာ တွေ့ခဲ့ရပါတယ်

လမင်းသာ ဆေးခန်း ၂ နှင့် အမရပူရလမင်းသာတိို့ အချိန်မရွေး ultrasound ရိုက်လို့ ရလို့တော်ပါသေးတယ် ။

ဖြူမလေးကတော့ ဒီနေ့ လိုအပ်တဲ့ treatment တွေယူပြီး မကြာမှီ ခွဲစိတ်ရအုန်းမှာ ဖြစ်ပါတယ်

ကြောင်မလေးတွေမှာ ခဏခဏ တွေ့ရတဲ့ ပြဿနာပေါ့မိတ်လိုက်ထားတာ မသိပဲ တားဆေးထိုးကြတော့ မအင်္ဂါကနေ အရည်တွေ ဆင်းနေတယ်။  Ultrasound ...
02/11/2024

ကြောင်မလေးတွေမှာ ခဏခဏ တွေ့ရတဲ့ ပြဿနာပေါ့

မိတ်လိုက်ထားတာ မသိပဲ တားဆေးထိုးကြတော့ မအင်္ဂါကနေ အရည်တွေ ဆင်းနေတယ်။

Ultrasound ရိုက်ကြည့်တော့ သားအိမ်ထဲမှာ ကလေးပုံစံလဲ မဟုတ် abnormal ပုံစံမျိုးတွေနဲ့ တွေ့ရတယ်၊ Pyometra ဖြစ်နေတာလဲ တွေ့ရတယ်၊ vaginal discharge တွေက အနံလဲ ဆိုးတယ်ဆိုတော့ ခွဲစိတ်ပြီး သားအိမ်ထုတ်ဖို့ အကြံပေးပြီး ညနေ ခွဲစိတ်ဖို့ စီစဉ်လိုက်တယ်။

ခွဲလိုက်တော့ သားအိမ်ပြည်တည်နာ(pyometra) ဖြစ်နေတဲ့အပြင် အထဲမှာ ကလေးတွေက အရွယ်မရောက်သေးဘူး ပုံစံလဲမမှန် သေနေကြတယ်။

မခွဲစိတ်ပဲ ဒီတိုင်းသာ ထားမယ်ဆို အတွင်းထဲက သားအိမ်ပုပ်ပြီး တခြားသော internal organs တွေပါ ပိုးဝင်ပြီး သေနိုင်ပါတယ်။

ဒါကြောင့် တားဆေးထိုးပြီး ကယ်တင်တာလား၊ တာဆေးထိုးပြီး ဒုက္ခပေးတာလားဆိုတာ ကွဲကွဲပြားပြား သိစေချင်ပါတယ်။

Clinic Address: ၈၄ လမ်း၊ စစ်ကိုင်းမန္တလေး လမ်းမကြီးပေါ်၊ တဝမေတ္တာ လူမူကူညီရေးအသင်းအနီး၊ ကန်တော်ကြီး မီးပွိုင့်အကျော်
Ph no: 09 789 289 744

မနက်ဖြန် 1.11.24 ရက်နေ့ဟာ ကျွန်တော်တို့ အမရပူရလမင်းသာ ဆေးခန်းကို ဖွင့်ခဲ့တာ တစ်နှစ်တိတိ ပြည့်သောနေ့‌လေးပဲ ဖြစ်ပါတယ်ခင်ဗျ...
31/10/2024

မနက်ဖြန် 1.11.24 ရက်နေ့ဟာ ကျွန်တော်တို့ အမရပူရလမင်းသာ ဆေးခန်းကို ဖွင့်ခဲ့တာ တစ်နှစ်တိတိ ပြည့်သောနေ့‌လေးပဲ ဖြစ်ပါတယ်ခင်ဗျာ...

ဒါကြောင့် မနက်ဖြန် ဆေးခန်းလာပြတဲ့ ကလေးတွေအတွက် မေတ္တာလက်ဆောင်လေးများ မဲဖောက်ပေးမည် ဖြစ်ပါတယ်။

တခြားသော promotion အစီအစဉ်များလဲ ရှိပါသေးတယ်။

ဒီနေ့ ဒီချိန်ထိ ယုံကြည်စိတ်ချပေးကြသော pawrents များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 🙏🏻

ကဲ မနက်ဖြန် ဘယ်သူတွေ ဘာတွေ ကံကောင်းကြမလဲ စောင့်ကြည့်ကြတာပေါ့ 👀

အသက်က 15 နှစ်ပါ။ငယ်ငယ်က တားဆေး သုံးကြိမ်လောက် ထိုးခဲ့ဖူးတော့ နို့ကင်ဆာ လို့ခေါ်တဲ့ mammary tumors ဖြစ်လာတယ်။ဒါကြောင့် ခွ...
31/10/2024

အသက်က 15 နှစ်ပါ။

ငယ်ငယ်က တားဆေး သုံးကြိမ်လောက် ထိုးခဲ့ဖူးတော့ နို့ကင်ဆာ လို့ခေါ်တဲ့ mammary tumors ဖြစ်လာတယ်။

ဒါကြောင့် ခွဲစိတ်ဖို့အတွက် မခွဲခင် သွေးအရင် စစ်‌ဆေးကြည့်ပါတယ်။

သွေးအဖြေက သွေးအား အနည်းငယ် နည်းနေတာကြောင့် မခွဲသေးပဲ liver supplements & iron supplements တွေ တစ်လလောက် တိုက်ခိုင်းပြီးမှ ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သွေးအားပမာဏ စိတ်ချရတဲ့ အနေအထား ရောက်မှသာ diathermy machine & GA machine တွေသုံးပြီး ခွဲစိတ်ခဲ့ပါတယ်။

ဒါကြောင့် တားဆေး ထိုးသင့်/မထိုးသင့် သေချာ စဉ်းစားကြပါလို့ အကြံပြုပါတယ် ကျေးဇူးပါ။

Clinic Address: ၈၄ လမ်း၊ စစ်ကိုင်းမန္တလေး လမ်းမကြီးပေါ်၊ တဝမေတ္တာ လူမူကူညီရေးအသင်းအနီး၊ ကန်တော်ကြီး မီးပွိုင့်အကျော်

Ph no: 09 789 289 744

သွေးအားပမာဏ 13%. နှုန်းပဲ ရှိပါသဖြင့် သွေးသွင်းရန် အတွက် သွေးအလှူခံပါရစေ။🙏🏻ဆက်သွယ်ရန်:09 789 289 74409 950 445 343ပိုင်ရ...
30/10/2024

သွေးအားပမာဏ 13%. နှုန်းပဲ ရှိပါသဖြင့် သွေးသွင်းရန် အတွက် သွေးအလှူခံပါရစေ။🙏🏻

ဆက်သွယ်ရန်:
09 789 289 744
09 950 445 343

ပိုင်ရှင်ဖုန်းနံပါတ် -09 776 504 567

သမီးနာမည်က တုံတုံပါရှင့်...အခုဆို အသက် လေးလကျော်ပါပြီလွန်ခဲ့တဲ့ နှစ်လလောက်က သွေးအားအရမ်းနည်းပြီး အသက်ဆုံးရှုံးနိုင်သည်အထ...
29/10/2024

သမီးနာမည်က တုံတုံပါရှင့်...

အခုဆို အသက် လေးလကျော်ပါပြီ

လွန်ခဲ့တဲ့ နှစ်လလောက်က သွေးအားအရမ်းနည်းပြီး အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ခဲ့ရပါတယ်။

ဆေးတွေ လေးရက်လောက် ချိတ်ရသော်လဲ မတိုးတက်လာတဲ့အတွက် လေးရက်မြောက်နေ့မှာ အရေးပေါ် သွေးသွင်းခဲ့ရပါတယ်။ အဲ့တုန်းက ကာကွယ်ဆေးလဲ တစ်ကြိမ်မှ မထိုးရသေးပါဘူး။

ကောက်ရိုးလေး တစ်မျှင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လိုအပ်တဲ့ သွေးစစ်‌ဆေးမှုတွေ ချက်ချင်း လုပ်ပြီး risk များစွာယူကာ blood transfusion လုပ်ခဲ့ရပါတယ်။

လုပ်ပြီး နောက် ရက်တွေမှာတော့ တဖြည်းဖြည်း တိုးတက်လာပြီး အခုဆို သမီး ကာကွယ်ဆေး စုံပြီး နေကောင်း ကျန်းမာနေတာ နှစ်လရှိပါပြီ။

ငယ်ရွယ်စဉ်မှာ သန် စနစ်တကျချရမယ်၊ ကာကွယ်ဆေး စနစ်တကျ ထိုးရမယ်၊ သန်းမွှားတွေကို သေချာ ထိန်းချုပ်ကြပါလို့ အကြံပြုပါတယ် ကျေးဇူးပါ။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when အမရပူရလမင်းသာ တိရစ္ဆာန်ဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Pet Services in Mandalay

Show All